← Chapters

ရလေ လိုလေ အိုတစ္ဆေ

Vol. 113 Ch. 1177

ရလေ လိုလေ အိုတစ္ဆေ

Vol. 113 Ch. 1177

ဟန်ကျွယ်ဟာ သူ့တာအိုလက်တွဲဖော်တွေကို တာအိုဟောကြားပေးပါတယ်။ သူ့မိန်းမတိုင်း အကျိုးကိုယ်စီ ရသွားကြပါတယ်။ အကျိုးအမြတ် အရဆုံးကတော့ လီယောင်ပါ။ လီယောင်ရဲ့ မဟာတာအိုကမ္ဘာက ခိုင်ခံ့သွားပြီမလို့ တာအိုဖန်တီးရှင် ဖြစ်လာမဲ့ လမ်းစဉ်ပေါ်ကို ရောက်သွားပြီလို့ ပြောလို့ရပါတယ်။

လီယောင်ဟာ တံခါးပိတ်ကျင့်ကြံဖို့အတွက် သူမတာအိုဘုံကျောင်းဆီ မြန်မြန် ပြန်သွားပါတယ်။ ဟန်ကျွယ်ကတော့ သူ့ရဲ့ တခြား တာအိုလက်တွဲဖော်တွေကို အန္တိမမူလကမ္ဘာဆီ ပျော်ပွဲစားထွက်ဖို့ ဖိတ်ခေါ်ပါတယ်။

ရှင်းဟုန်ရွှမ်တို့ဟာ ဒါကိုတော့ မငြင်းပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မမြင်ရတာ တစ်ဘီလီယံ ရှိသွားပြီဆိုတော့ အတူတူ ခရီးထွက်ရတာက ပျော်ဖို့ကောင်းတဲ့ ကိစ္စပါ။

ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး သူတို့ကို အန္တိမမူလကမ္ဘာဆီ ခေါ်ဆောင်သွားပါတယ်။

လက်ရှိ အန္တိမမူလကမ္ဘာက အများကြီး ပြောင်းလဲသွားပါပြီ။ အရွယ်အစားပဲ ပြောရင်တောင် အရင်ကထက် အဆပေါင်း တစ်ဘီလီယံလောက် ပိုကြီးသွားပါပြီ။ မဟာတာအိုပညာရှိတွေလည်း ပိုပိုပေါ်လာပါတယ်။ စွမ်းအားအကြီးဆုံး အသက်ဓာတ် နတ်ဘီလူးဆိုရင် ပထမ အထွတ်အထိပ် နိယာမကိုတောင် ခဲပြီးသွားပါပြီ။

အန္တိမမူလကမ္ဘာရဲ့ ပထမဆုံး နတ်ဘီလူး ဖြစ်သလို ဟန်ကျွယ်ရဲ့ လမ်းညွှန်မှုကိုလည်း ရရှိခဲ့တာကြောင့် အသက်ဓာတ် နတ်ဘီလူးရဲ့ ကျင့်ကြံမှုဟာ အန္တိမမူလကမ္ဘာမှာ အမြင့်ဆုံးပါ။ သူ့နောက်မှာတော့ တုကူးဝူ၊ ဟန်ယို၊ အန္တိမမူလ ဝိညာဉ်မျိုးနွယ်စုရဲ့ ခေါင်းဆောင်နဲ့ တခြား ပြိုင်ဘက်ကင်း စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိနေကြပါတယ်။ သူတို့ကြားက ကွာခြားချက်ဟာ ထပ်ပြီးတော့ တိုးမလာပါဘူး။

ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာကို စစ်ဆေးကြည့်လိုက်တဲ့အခါ အဆုံးမဲ့ခေတ် တစ်ခုလုံးကို တိုက်ခိုက်ဖို့ အုတ်မြစ်ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဘုံတိုင်းမှာရှိတဲ့ ကျင့်ကြံသူအရေအတွက်က အဆုံးမဲ့ခေတ်ထက် မနည်းပါဘူး။

ဖန်တီးရှင်သခင်အနေနဲ့ ဟန်ကျွယ်ရဲ့ မဟာတာအိုကမ္ဘာဟာ လက်ရှိကမ္ဘာတွေ အားလုံးထက် ကျော်လွန်ပါတယ်။ တခြား မဟာတာအိုကမ္ဘာတွေမှာထက် အန္တိမမူလကမ္ဘာထဲက သက်ရှိတွေဟာ မဟာတာအိုပညာရှိချုပ် ဖြစ်လာဖို့ ပိုလွယ်ကူပါတယ်။

အန္တိမမူလကမ္ဘာက နောက်ကျရင် သေချာပေါက် တာအိုဖန်တီးရှင်တွေ မွေးဖွားလာမှာပါ။ ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က တာအိုဖန်တီးရှင် ၄၉ ပါးထဲမှာ သူ့ရဲ့ အန္တိမမူလကမ္ဘာက ထက်ဝက် နေရာယူဖို့ပါ။ ဒါမှ အန္တိမမူလကမ္ဘာဟာ ဗလာနယ်မြေနေရာမှာ အစားထိုးဖို့ အလားအလာ ရှိမှာပါ။

ဟန်ကျွယ်ဟာ အပြင်ဘက်က ဖျော့တော့တာကို နီရဲမှောင်မိုက်စေချင်ပါတယ်။

ဟန်ကျွယ်နဲ့ သူ့တာအိုလက်တွဲဖော်တွေဟာ ဟင်းလင်းပြင်ထဲမှာ ပေါ်လာပြီး ဦးတည်ရာမဲ့ လျှောက်သွားပါတယ်။

အကဲဆုံးကတော့ ချန်ယွီအာပါ။ ချန်ယွီအာဟာ သူနားလည်ထားသမျှ အန္တိမမူလကမ္ဘာ အကြောင်းကို စပြီးတော့ ပြောပြပါတယ်။

အန္တိမမူလကမ္ဘာက အဆုံးမဲ့ခေတ်ရဲ့ ဗဟိုချက်မနဲ့ အလှမ်းဝေးပေမဲ့ အန္တိမမူလကမ္ဘာရဲ့ ဒဏ္ဍာရီတွေကို သက်ရှိတွေက မေ့မသွားကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန္တိမမူလကမ္ဘာက ကြီးလွန်းအားကြီးလို့ပါ။ အန္တိမမူလကမ္ဘာကို ရောက်ဖူးသူတိုင်း အန္တိမမူလကမ္ဘာက ဘယ်လောက် ကြောက်ဖို့ကောင်းတယ် ဆိုတာကို သိကြပါတယ်။

ဒီအဆုံးမဲ့ခေတ်မှာ အန္တိမမူလကမ္ဘာနဲ့ ကျန်တဲ့မဟာတာအိုကမ္ဘာတွေက မတူညီတဲ့ အဖွဲ့နှစ်ခုလိုပါပဲ။ အန္တိမမူလကမ္ဘာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုက သက်ရှိအမြောက်အမြားကို တမ်းတမ်းစွဲ ဖြစ်စေပါတယ်။ ဒါပေမဲ့ အန္တိမမူလသက်ရှိ ဖြစ်လာဖို့က ခက်ခဲလွန်းပါတယ်။ ငရဲပြည်မှာလည်း လူများလွန်းလို့ ပေါက်ထွက်ပါတော့မယ်။

“တုကူးဝူက ယောက်ျားရဲ့ တပည့်လား၊ လွန်ခဲ့တဲ့ နှစ်သန်းရာချီက သူ အဆုံးမဲ့ခေတ်ဆီ ဆင်းသက်လာပြီး သူ့ကိုယ်သူ သက်သေပြဖို့ စွမ်းအားကြီးရန်သူတွေကို ယှဉ်ပြိုင် အနိုင်ယူခဲ့တယ်၊ သူက မဟာတာအိုပညာရှိချုပ် ရာချီကို စိန်ခေါ်ပြီး တော်တော်လေးကိုမှ မာနကြီးခဲ့တယ်၊ ဒါပေမဲ့ တာအိုဖန်တီးရှင် အဆင့်အောက်မှာ သူ့ကို ဘယ်သူမှ အနိုင်မယူနိုင်ဘူး” ချန်ယွီအာက စိတ်လှုပ်တရှား ပြောပါတယ်။

တုကူးဝူက ဖန်တီးရှင်ရဲ့ တပည့်လို့ ပြောတဲ့အတွက် အဆုံးမဲ့ခေတ်က တာအိုဖန်တီးရှင်တွေနဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူ့ကို ဝိုင်းတိုက်ပြီး သင်ခန်းစာ မပေးရဲကြပါဘူး။ ဝိုင်းပြီး ပညာပြလိုက်လို့ တုကူးဝူက ဖန်တီးရှင်ရဲ့ တပည့်မဟုတ်ရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဟုတ်နေရင် ပြဿနာ အကြီးကြီး တက်မှာပါ။ ဘယ်သူမှ သူတို့အသက်နဲ့ လောင်းကြေးမထပ်ချင်ကြပါဘူး။

ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပါတယ် “ယောက်ျားက သိုသိုသိပ်သိပ် နေပေမဲ့ သူ့တပည့်တွေ ကလေးတွေက တစ်ယောက်ထက် တစ်ယောက် ပိုပြီးတော့ မောက်မာကြတယ်၊ ထူးတော့ ထူးဆန်းတယ်နော်”

ရွှမ်ချင်းကျွင်းဟာ ရယ်မောလိုက်ပါတယ် “ခစ်ခစ်... ယောက်ျားရဲ့ သင်ပုံသင်နည်းက ကလေးတွေကို ကြောက်သွားစေတာ ဖြစ်မယ်၊ ဘယ်သူက သူ့လိုမျိုး နှစ်သန်းချီအောင် တံခါးပိတ် ကျင့်ကြံနိုင်မှာလဲ၊ ဒါက နှိပ်စက်တဲ့ပုံစံ တစ်မျိုးပဲ၊ အဲဒါကြောင့် ကလေးတွေက ယောက်ျားနဲ့ ဆန့်ကျင်ဘက်ကို လိုက်လုပ်ကြတာ”

ရှင်းဟုန်ရွှမ်တို့ဟာ ဟန်ကျွယ်ကို ဝိုင်းစကြပါတယ်။

ဟန်ကျွယ်ဟာ ပြုံးရုံသာ ပြုံးပြီး ဘာမှ ပြန်မပြောပါဘူး။ ဟန်ကျွယ်ဟာ တုကူးဝူကို ကြည့်လိုက်ပါတယ်။ တုကူးဝူဟာ တံခါးပိတ် ကျင့်ကြံနေပါတယ်။ တုကူးဝူဟာ သူ့မဟာတာအိုကမ္ဘာကို တည်ထောင်ထားပြီး ဖြစ်တဲ့အတွက် အန္တိမမူလကမ္ဘာထဲမှာ စွမ်းအားကြီးပုဂ္ဂိုလ်လို့ ယူဆလို့ရပါတယ်။

အန္တိမမူလကမ္ဘာက နေရာကျယ်တဲ့အတွက် သူတို့အကုန်လုံးက ပြင်ညီတစ်ခုတည်းမှာ ရှိနေကြတာ မဟုတ်ပါဘူး။ အဲဒီမဟာတာအိုကမ္ဘာတွေက နက်ရှိုင်းတဲ့ အာကာသထဲမှာ ပုန်းအောင်းနေပြီး ကျန်တဲ့ သက်ရှိတွေကို အနှောင့်အယှက် မပေးကြပါဘူး။

တုကူးဝူရဲ့ ကျင့်ကြံမှုက မဆိုးပါဘူး။ အသက်ဓာတ် နတ်ဘီလူးကို လိုက်မီဖို့က သူ့အတွက် ဘာမှ မခက်ပါဘူး။ အသက်ဓာတ် နတ်ဘီလူးက ပဋိပက္ခ နတ်ဘီလူးကနေ အသွင်ပြောင်းလဲသွားတာ ဖြစ်ပြီး တုကူးဝူကတော့ အန္တိမမူလကမ္ဘာကနေ မွေးထုတ်ပေးလိုက်တဲ့ အရည်အချင်း အရှိဆုံးလူပါ။ သူ့သွေးစည်းက အန္တိမမူလကမ္ဘာနဲ့ ပိုပြီးတော့ လိုက်ဖက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး ကြုံတောင့်ကြုံခဲ အပန်းဖြေမှုကို စခံစားပါတယ်။ ဟန်ကျွယ်ဟာ သူ့မိန်းမတွေနဲ့ အချိန်ကြာကြာ ပျော်ပါးမြူးထူးမှာပါ။

နှစ်တစ်သောင်းက ဟန်ကျွယ်အတွက်တော့ မျက်စိတစ်မှိတ်စာပဲ ရှိပါတယ်။ နှစ်တစ်သောင်းလောက် မကျင့်ကြံလိုက်ရတာက ဟန်ကျွယ်အတွက် ဘာမှ ထူးမသွားပါဘူး။

.....

ကျယ်ပြောလှတဲ့ လောကဦး မဟာတာအိုကမ္ဘာထက်မှာ အချင်းချင်း ဆက်သွယ်ထားတဲ့ နန်းတော်သုံးဆောင် ရှိနေပါတယ်။ ဒီနန်းဆောင်တွေက လောကဦးနတ်ဘီလူး သုံးပါးရဲ့ တာအိုစက်ကွင်းတွေပါ။

ဒီအချိန်မှာ မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ဟာ ဟန်ဟွမ်ဆီ လာလည်ပါတယ်။ သူတို့သုံးယောက်က ပေါင်းစည်းသွားပြီးပြီမလို့ တစ်ယောက်က တစ်ယောက် ကိုယ်ပွားလိုပါပဲ။ အဲဒါကြောင့် အကုန်လုံးကို အတူတူ ဆွေးနွေး ဆုံးဖြတ်ကြပါတယ်။

“ဒီထက်မြင့်မားတဲ့ အဆင့်လား” ဟန်ဟွမ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။

မူလလောကဦးက တောက်လောင်တဲ့ မျက်လုံးတွေနဲ့ ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ငါတို့တွေ ဒီထက်မြင့်မားတဲ့ အဆင့်ကို ရောက်ဖို့ အစီအစဉ်ဆွဲရမယ်၊ ဖန်တီးရှင်တောင် ရောက်နိုင်သေးရင် ငါတို့တွေ ဘာလို့ မရောက်နိုင်ရမှာလဲ၊ ငါတို့တွေ တာအိုဖန်တီးရှင် ဖြစ်သွားပြီဆိုပေမဲ့ ဒါနဲ့ လုံလောက်ပြီလို့ မင်း တကယ် ထင်နေတာလား”

“အရင်တုန်းက ငါ မဟာတာအိုပညာရှိချုပ် ဖြစ်ချင်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မဟာတာအိုပညာရှိချုပ်က အမြင့်ဆုံးအဆင့်လို့ ငါ တွေးခဲ့လို့ပဲ၊ နောက်တော့ ငါ စွမ်းအားပိုကြီးချင်လို့ လောကဦးနတ်ဘီလူးအဖြစ် အသွင်ပြောင်းလဲလိုက်တယ်”

“အခု တာအိုဖန်တီးရှင်အဆင့်က အမြင့်ဆုံး မဟုတ်တော့ဘူး၊ ငါတို့တွေ နောက်ခြေလှမ်းအတွက် ပြင်ဆင်သင့်တယ်၊ ငါတို့တွေ အစွမ်းအထက်ဆုံး နေရာကို တစ်လှမ်းချင်း လျှောက်လှမ်းပြီး ဖန်တီးရှင်ကိုတောင် ကျော်တက်နိုင်အောင် ကြိုးစားရမယ်”

မူလလောကဦးရဲ့ စကားတွေက ပြတ်သားပြီး စွမ်းအားကြီးပါတယ်။ သူက ဟန်ဟွမ် လျှောက်တွေးမှာကို မကြောက်ပါဘူး။ သူတို့သုံးယောက်က တစ်ယောက်တည်း ဖြစ်နေပြီမလို့ သေအတူ ရှင်မကွာပါ။

ဟန်ဟွမ်ဟာ မူလလောကဦးရဲ့ စကားကို ငြင်းဆန်ခြင်းမရှိဘဲ သေချာ စဉ်းစားပါတယ်။ ဟန်ဟွမ်ဟာ တာအိုဖန်တီးရှင် ဖြစ်လာပြီးနောက်ပိုင်း နည်းနည်း ဝေခွဲမရ ဖြစ်လာပါတယ်။

ဟွမ်ဇွမ်တျန် “တိုက်ခိုက်လိုစိတ်က အရေးမကြီးဘူး၊ အရေးကြီးတာက ဘယ်လို အကောင်အထည် ဖော်ရမလဲဆိုတာပဲ၊ လောကဦးပဋိပက္ခက အကန့်အသတ် ရောက်နေပြီဆိုတာကို ငါ အာရုံခံမိတယ်၊ ငါတို့တွေ လောကဦးပဋိပက္ခ တစ်ခုတည်းကို မှီခိုမယ်ဆိုရင် အများဆုံး တခြား တာအိုဖန်တီးရှင်တွေထက် စွမ်းအားပိုကြီးရုံပဲ”

“ငါတို့ရဲ့ သွေးစည်းကို ဆင့်ကဲပြောင်းလဲဖို့ လိုတယ်၊ လောကဦးနတ်ဘီလူးရဲ့ အထက်မှာ ဒီထက်မြင့်မားတဲ့ သွေးစည်း ရှိနေရမယ်၊ ဒီလိုနည်းနဲ့ ဖန်တီးရှင် အောင်မြင်သွားတာ ဖြစ်ရမယ်၊ မဟာတာအို အနန္တကပ်ဘေး မတိုင်ခင်တုန်းက ပဋိပက္ခမှာ လောကဦးနတ်ဘီလူးတစ်ပါးပဲ ရှိနေနိုင်ခဲ့တယ်၊ အဲဒီတုန်းက ဟန်ဟွမ် ပေါ်လာနိုင်တော့ ဖန်တီးရှင်က ဘာလဲ၊ သူ့သွေးစည်းက လောကဦးနတ်ဘီလူးထက် မနိမ့်ကျနိုင်ဘူး”

ဟန်ဟွမ်နဲ့ ဟွမ်ဇွမ်တျန်ဟာ နှလုံးလှုပ်သွားပါတယ်။

‘လောကဦးနတ်ဘီလူးရဲ့ သွေးစည်းက ဆင့်ကဲပြောင်းလဲနိုင်တာလား’

မူလလောကဦး “ငါ ပြန်လည်မွေးဖွားပြီး အန္တိမမူလကမ္ဘာမှာ ခရီးသွားဖို့ ပြင်ဆင်ထားတယ်၊ ငါ အဲဒီမှာ အဖြေကို ရှာတွေ့နိုင်တယ်၊ ဒီကိစ္စက ဖန်တီးရှင်ကို အပြစ်ပြုမိကောင်း အပြစ်ပြုမိနိုင်တယ်၊ အဲဒီတော့ မင်း ဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးရလိမ့်မယ်”

ဟန်ဟွမ်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “မင်း အန္တိမမူလကမ္ဘာကို မနှောင့်ယှက်ဖို့ ကတိပေးရလိမ့်မယ်”

မူလလောကဦးဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ဟီးဟီး... ငါ့မှာ ဒီထက် သတ္တိဆယ်ဆ ရှိရင်တောင် အန္တိမမူလကမ္ဘာကို နှောင့်ယှက်ရဲမှာ မဟုတ်ဘူး၊ ဒီအတွက်တော့ မင်း ငါ့ကို သတိပေးစရာ မလိုပါဘူး”

ဟန်ဟွမ်ဟာ တစ်ခဏ ချီတုံချတုံ ဖြစ်သွားပြီးနောက် နောက်ဆုံးမှာ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ဟွမ်ဟာ သူ ဒီထက်မြင့်မားသင့်တဲ့ အဆင့်ကို ဦးတည်သင့်တယ်လို့ ခံစားနေရပါတယ်။

ဗလာနယ်မြေနက်ထဲက အဆုံးမဲ့နတ်သစ်ပင်အောက်မှာ နဝမပဋိပက္ခနဲ့ တာအိုဖန်တီးရှင်ဟာ ကျားထိုးနေပါတယ်။ ဒီကျားခုံက တောတောင် မြစ်ချောင်းတွေပါ။ နယ်ရုပ်တွေ ကျသွားတဲ့အခါ သူတို့တွေဟာ ဖန်တီးမှုအဖြစ် ပြောင်းလဲပြီး တောတောင်မြစ်ချောင်းတွေကို နှစ်ခြမ်းခွဲလိုက်ပါတယ်။

သူတို့နှစ်ယောက်ဟာ ကမ္ဘာကို အတူတူ တွက်ချက်ပါတယ်။ ကမ္ဘာနှစ်ခုဟာ တစ်ကမ္ဘာကို တစ်ကမ္ဘာ ဆက်တိုက် ဝါးမျိုပြီး ဂိမ်းကစားကြပါတယ်။

တာအိုဘိုးဘေး “နောက်ကျရင် တာအိုဖန်တီးရှင်တွေ ပိုပေါ်လာလိမ့်မယ်၊ ဒီအထက်မှာ မြင့်မားတဲ့အဆင့်တွေ ရှိနေသေးလား”

နဝမပဋိပက္ခက မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “မင်းက ဖန်တီးရှင်ရဲ့ သဘောထားကို သိချင်တာလား”

တာအိုဘိုးဘေးဟာ ပြုံးလိုက်ပါတယ် “သိချင်တာပေါ့၊ ငါ သိချင်ရတဲ့ အကြောင်းရင်းက ယုံကြည်ချက်ရှိလို့ပဲ၊ ဒီဖန်တီးရှင်က မင်းနဲ့ မတူဘူး၊ အရင်တုန်းက လောကဦးနတ်ဘီလူးနဲ့လည်း မတူဘူး၊ သူက ပိုပြီးတော့ သည်းခံတယ်”

“မင်းက လောလွန်းအားကြီးတယ်၊ တာအိုဖန်တီးရှင် ဖြစ်လာရုံ ရှိသေးတယ်၊ ဒီထက်မြင့်မားတဲ့အဆင့်ကို ရောက်ချင်နေပြီ၊ ငါက မအောင်မြင်ခဲ့တော့ မင်းကို အဖြေမပေးနိုင်ဘူး၊ ငါ မင်းကို ပြောနိုင်တာ တစ်ခုက မင်း ဒီထက် မြင့်မားတဲ့အဆင့်ကို ရောက်ချင်ရင် နည်းနည်း စောင့်ရလိမ့်မယ်၊ ငါ့လိုမျိုး စွမ်းအားကြီးလာတဲ့အထိ စောင့်ဦး”

တာအိုဘိုးဘေးက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ဒီထက်မြင့်မားတဲ့အဆင့်ကို ထိုးဖောက်နိုင်ဖို့က ကျင့်ကြံမှုတင် မကလောက်ဘူး၊ မဟုတ်ရင် မင်းဘာလို့ မအောင်မြင်ရမှာလဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters