← Chapters

မျိုးဆက်သစ်

Vol. 113 Ch. 1179

မျိုးဆက်သစ်

Vol. 113 Ch. 1179

တာအိုဘိုးဘေး တာအိုဖန်တီးရှင် ဖြစ်သွားကတည်းက ပဋိပက္ခ အသစ် မွေးဖွားလာခဲ့ပါတယ်။ ပန်ကူးက သူ့ရဲ့ မဟာတာအိုကမ္ဘာကို တာအိုဘိုးဘေးရဲ့ ပဋိပက္ခနဲ့ ပေါင်းစပ်လိုက်ပါတယ်။ အဲဒါကြောင့် အချိန်တစ်ခုအတွင်း ပဋိပက္ခရဲ့ ဂုဏ်သတင်းဟာ ကျယ်ပြန့်လာပြီး လောကဦးပဋိပက္ခကို လိုက်မီလာပါတယ်။

သက်ရှိအားလုံးဟာ ပဋိပက္ခက တော်တော်လေးကိုမှ အင်အား ကြီးမားလာမယ် ဆိုတာကို သိကြပါတယ်။ သူ့အရှိန်အဟုန် က တားမရဆီးမရ မဟုတ်ပါလား။

အဲဒါကြောင့် အင်အားစုအသီးသီးဟာ ပဋိပက္ခနဲ့ မိတ်ဖွဲ့လာကြပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ ပဋိပက္ခဆီကို ဘေးအန္တရာယ်တစ်ခု ရောက်ရှိလာပါတယ်။ တာအိုကောင်းကင်မျိုးနွယ်စုက မျိုးနွယ်စုတစ်စုလုံး စတေးပြီး ကာကွယ်ခဲ့တဲ့ သွေးစည်းဟာ မဟာတာအိုပညာရှိချုပ် ဖြစ်လာပြီး ပဋိပက္ခမှာ စတင် သောင်းကျန်းပါတော့တယ်။

တာအိုဘိုးဘေးနဲ့ ပန်ကူးဟာ တာအိုကောင်းကင်မျိုးနွယ်စုအပေါ် အပြစ်ရှိသလို နည်းနည်းခံစားရတာကြောင့် ဝင်မပါကြပါဘူး။ အဲဒါကြောင့် ပဋိပက္ခရဲ့ သက်ရှိအားလုံး စိတ်အေးလက်အေး မနေနိုင်တဲ့ အခြေအနေကို ရောက်သွားပါတယ်။

တာအိုကောင်းကင်မျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့ကို အမွေဆက်ခံတဲ့လူက သူ့ကိုယ်သူ တာအိုကောင်းကင်လို့ ခေါ်ပါတယ်။ ပထမတော့ ဒါက သူ့နာမည် မဟုတ်ပါဘူး။ နောက်ပိုင်း မှတ်ဉာဏ်တွေ နိုးထလာမှ သူ့နာမည်ကို တာအိုကောင်းကင်အဖြစ် ပြောင်းလိုက်တာပါ။ အခုအချိန်မှာ တာအိုကောင်းကင်က သူ့ရဲ့ နာမည်ရင်း ဖြစ်သွားပါပြီ။

တာအိုကောင်းကင်က တစ်ယောက်တည်း မဟုတ်ပါဘူး။ သူ့မှာ ဆရာသုံးယောက် ရှိပါတယ်။ အဆုံးမဲ့ခေတ်မှာ နာမည်ကျော်ကြားတုန်း ဖြစ်တဲ့ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ပါ။ သူတို့သုံးယောက်က မဟာတာအို အနန္တကပ်ဘေးမှာ ရှင်ကျန်ရစ်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်ပြီး ကိုယ်ပိုင် မဟာတာအိုကမ္ဘာတွေကိုလည်း တည်ဆောက်နေကြပါတယ်။

သူတို့ရဲ့ အားပေးထောက်ပံ့မှုကြောင့် တာအိုဘိုးဘေးကို မျက်နှာလို မျက်နှာရလုပ်ချင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တာအိုကောင်းကင်ကို မတိုက်ခိုက်ရဲကြပါဘူး။ ဒီအကြောင်းကြောင့်ပဲ တာအိုကောင်းကင်ဟာ ရေထဲရောက်သွားတဲ့ ငါးတစ်ကောင်လို အသက်ရှူချောင်နေပါတယ်။

ဒီကိစ္စက အဆုံးမဲ့ခေတ်တစ်ခုလုံးရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။ အထူးသဖြင့် တာအိုကောင်းကင်ရဲ့ နောက်ခံကို သိပြီးတဲ့နောက် ဒီကိစ္စက ပိုပြီးတော့ ဒရာမာဆန်လာပါတယ်။

ဟန်ကျွယ်လည်း စိတ်ဝင်စားပြီး တာအိုကောင်းကင်ကို စအာရုံစိုက်ပါတယ်။

တာအိုအရှင်သခင်တို့ သုံးယောက် တာအိုကောင်းကင်ကို အားပေးကူညီတာက ကလဲ့စားချေချင်ရုံ သက်သက်ပါ။ သူတို့တွေက လောင်တန်နဲ့ ပေါင်းစပ်လိုက်လို့ လောင်ဇီကို ကလဲ့စားချေချင်ကြတာပါ။ လောင်ဇီက တာအိုဘိုးဘေးရဲ့ တပည့်ကြီးပါ။ တာအိုဘိုးဘေး ပေါ်လာပြီးနောက် သူတို့နှစ်ယောက်က တ်ေတော်နီးကပ်သွားပါတယ်။

လောင်ဇီကလည်း တာအိုအရှင်သခင်တို့သုံးယောက်ကို ရှောင်ပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏ ကြည့်ပြီးနောက် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကို တကယ် မနာလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုဘိုးဘေးဆီမှာ ရန်သူတွေ ရှိနေသေးလို့ပါ။

ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းတာရဲ့ အထီးကျန်မှုကို ခံစားနေရပါပြီ။ ဆံဖြူအမျိုးသားကလည်း အလှမ်းဝေးတဲ့ အနာဂတ်မှာပါ။ ကျင့်ကြံအားထုတ်တာကလွဲရင် ဟန်ကျွယ်မှာ စိတ်ဝင်စားစရာ သိပ်မရှိပါဘူး။

ဟန်ကျွယ်မှာ အကြံဆိုးတစ်ခုတော့ ရှိပါတယ်။ အဲဒါက အဆုံးမဲ့ခေတ်ကို ဝရုန်းသုန်းကား ဖြစ်စေဖို့ပါ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့အကြံကို ချက်ချင်း ဖျက်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အဆုံးမဲ့ခေတ်က လုံလုံလောက်လောက် စွမ်းအားမကြီးသေးလို့ပါပဲ။ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်တွေ ပိုပေါ်လာမှ အဆုံးမဲ့ခေတ်ကို ကပ်ဘေးတစ်ခု ပေးမယ်လို့ တွေးလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်မှာ သက်ရှိအားလုံးရဲ့ တည်ရှိမှုက ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ဟန်ကျွယ်ဟာ စိတ်ထဲရှိတဲ့အတိုင်း လုပ်မှာပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ တခြားလူတွေကို ကြည့်လိုက်ပါတယ်။ အဓိက ကြည့်တာကတော့ သူ့မြေးတွေဖြစ်တဲ့ ဟန်လျန်နဲ့ ချူရှောင်ချီပါ။

တာအိုဖန်တီးရှင် နှစ်ပါးရဲ့ ကူညီမှုကြောင့် ဟန်လျန်ရဲ့ ကျင့်ကြံမှုက ဆက်တိုက် တိုးတက်လာပါတယ်။ ချူရှောင်ချီကလည်း လောကဦးပဋိပက္ခရဲ့ ကူညီမှု ရှိနေတော့ သိပ်မဆိုးပါဘူး။ တာအိုဖန်တီးရှင်သုံးပါးရဲ့ ထောက်ပံ့မှု ရှိနေသလိုပါပဲ။

ဟန်လျန်နဲ့ ချူရှောင်ချီဟာ တစ်ယောက်ကို တစ်ယောက် တစ်ခါမှ မတွေ့ဖူးပေမဲ့ အဆင့်တူတွေကြားထဲမှာ နှိုင်းယှဉ်ပြောဆိုကြတဲ့လူတွေ ဖြစ်လာပါတယ်။ သူတို့ရဲ့ မျိုးဆက်မှာ သူတို့လောက် ထူးချွန်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။ နောက်ပြီး သူတို့နှစ်ယောက်စလုံးကို တာအိုဖန်တီးရှင်တွေက အမြင့်ကြီး တွေးထားကြပါတယ်။

သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက အရင်ဆုံး တာအိုဖန်တီးရှင် ဖြစ်လာမလဲဆိုတာက ကျင့်ကြံသူတွေကြားထဲမှာ ရေပန်းစားတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ ဟန်ကျွယ်ဟာ သူ့မြေးနှစ်ယောက် အဆင်ပြေနေတာကို တွေ့ရတဲ့အတွက် ကျေနပ်အားရသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

.....

ဟင်းလင်းပြင်ထဲမှာ ဝတ်ရုံနက်ဟာ ရှေ့ဆက် တက်နေပါတယ်။ ဒီဝတ်ရုံနက်က ခန္ဓာကိုယ်ထွားကြိုင်းပြီး ရှေးကျတဲ့မျက်နှာ ရှိပါတယ်။ သူ့ရဲ့ သွေးရောင်ဆံပင်တွေကလည်း မီးလျှံလို လူးလွန့် လှုပ်ရှားနေပါတယ်။

ဒီဝတ်ရုံနက်က တာအိုကောင်းကင်မျိုးနွယ်စုရဲ့ နောက်ဆုံးသွေးစည်း တာအိုကောင်းကင်ပါ။

တာအိုကောင်းကင်ဟာ ဟင်းလင်းပြင်မှာ ခုန်ပျံကျော်လွှားရင်း အထီးတည်းရှိတဲ့ တိုက်တစ်တိုက်ကို ရောက်သွားပါတယ်။ ဒီတိုက်ရဲ့ မြေမျက်နှာသွင်ပြင်က ညီညာပြန့်ပြူးပြီး ခြောက်ကပ်နေတဲ့ ကျတ်တီးမြေပါ။

တိုက်ရဲ့အလယ်မှာတော့ လူသုံးယောက်ဟာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ပြီး တရားထိုင်နေပါတယ်။ သူတို့သုံးယောက်ရဲ့ ‌ကြောက်မက်ဖွယ် ရောင်ဝါတွေက အတူစုပေါင်းပြီး ဘေးနားက အာကာသကို အချိန်မရွေး ပျက်စီးတော့မဲ့အတိုင်း မတည်မငြိမ် ဖြစ်စေပါတယ်။

တာအိုကောင်းကင်ဟာ ဒီလူသုံးယောက်ရှေ့မှာ ဆင်းသက်ပြီး ဒူးထောက်လိုက်ပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ မျက်လုံးမဖွင့်ဘဲ မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”

တာအိုကောင်းကင် “ကျွန်တော် ထပ်ပြီးတော့ လက်စားမချေချင်တော့ဘူး”

ကျောက်ရွှမ်ယွမ်ဟာ တိတ်ဆိတ်သွားပါတယ်။

တာအိုအရှင်သခင်နဲ့ ကျန်းယီဟာ ဘာမှမပြောဘဲ ဆက်ပြီးတော့ ကျင့်ကြံ အားထုတ်ကြပါတယ်။

တာအိုကောင်းကင်ဟာ အသက်အရှည်ကြီး ရှူလိုက်ပါတယ် “ကျွန်တော် ပဋိပက္ခကို သွားခဲ့တယ်၊ အဲဒီမှာ တာအိုကောင်းကင်မျိုးနွယ်စုက ဘာဖြစ်လို့ ပျောက်ကွယ်သွားရလဲဆိုတာ ရုတ်တရက် နားလည်သွားခဲ့တယ်၊ သူတို့က ပဋိပက္ခရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ခဲ့တယ်၊ အဲဒါကြောင့် တာအိုဘိုးဘေးက ရွေးချယ်စရာ မရှိဘဲ အဲဒီလို လုပ်ခဲ့ရတာ၊ တာအိုဘိုးဘေး ကျွန်တော်ကို ဆက်ထားတာကပဲ တာအိုကောင်းကင်မျိုးနွယ်စုအပေါ် အကြီးမားဆုံး ကရုဏာသက်မှုပဲ”

ကျောက်ရွှမ်ယွမ်ဟာ ပြုံးလိုက်ပါတယ် “မင်း တွေးနိုင်သွားတာ ကောင်းတယ်၊ ဒါပေမဲ့ ငါတို့တွေ မင်းကို အများကြီး ရင်းနှီးမြှုပ်နှံခဲ့တာ၊ အခုလို မင်း ရုတ်တရက် ရပ်တန့်လိုက်ရင် ငါတို့ရဲ့ ဂုဏ်သတင်းက ဘယ်လိုဖြစ်သွားမလဲ”

တာအိုကောင်းကင်ဟာ ခေါင်းနဲ့မြေကြီးထိအောင် ဦးချပြီး မော့မကြည့်ရဲပါဘူး။

ကျန်းယီ “ကလဲ့စားမချေချင်လည်း မချေနဲ့၊ မင်း ဘာဆက်လုပ်မှာလဲ”

ကျောက်ရွှမ်ယွမ်က တာအိုကောင်းကင်ကို နောက်နေတာပါ။ တကယ်တော့ သူတို့သုံးယောက်ဟာ လောင်တန်ကိစ္စနဲ့ ပတ်သက်ပြီး နားလည်ပေးနိုင်ကြပါတယ်။ ဒါပေမဲ့ တာအိုဘိုးဘေးနဲ့ လောင်ဇီကို စိတ်အနှောင့်အယှက် ပေးနိုင်မယ်ဆိုရင်တော့ အားနည်းနည်း စိုက်ထုတ်ဖို့ ဝန်မလေးကြပါဘူး။

အခုအချိန်မှာ သူတို့တွေ လောင်ဇီ၊ တာအိုဘိုးဘေးတို့နဲ့ တိုက်ခိုက်တာက ဆော့တာလို့ ပြောလို့ရပါတယ်။ နှစ်ဖက်စလုံးက ဒီဟာကို အလေးအနက် မထားကြပါဘူး။ ဒါပေမဲ့ တာအိုကောင်းကင်ကတော့ ဖိအားကြီး ခံစားခဲ့ရပါတယ်။

တာအိုကောင်းကင်ဟာ ခပ်တိုးတိုး ပြောလိုက်ပါတယ် “ဆရာတို့... ကျွန်တော်ကို အပြစ်ပေးပါ၊ ကျွန်တော် ဘာမှ မမျှော်လင့်ရဲတော့ပါဘူး”

တာအိုကောင်းကင်ဟာ ပဋိပက္ခမှာ နှစ်သန်းချီအောင် သောင်းကျန်းခဲ့ပါတယ်။ ပထမတော့ တာအိုကောင်းကင်ဟာ ဒီလိုလုပ်ရတာကို ပျော်ရွှင်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ စိတ်ကုန်လာပါတယ်။

အဲဒါကြောင့် အတိတ်ကို စပြီးတော့ စူးစမ်းရှာဖွေပါတယ်။ အမှန်တရားကို သိလိုက်ရတဲ့အခါမှာတော့ တာအိုကောင်းကင်ဟာ ဝေခွဲမရ ဖြစ်သွားပါတယ်။ သူ့ရဲ့ ဘဝပေးတာဝန်က ကလဲ့စားချေဖို့ပါ။ ကလဲ့စားမချေတော့ရင် သူ အခုအချိန်ကစပြီး ဘာဆက်လုပ်ရမလဲဆိုပြီးတော့ပေါ့။

အနည်းဆုံးတော့ တာအိုကောင်းကင်ဟာ သူ့ဆရာသုံးယောက်ရဲ့ ခွင့်လွှတ်မှုကို လိုချင်ပါတယ်။ တာအိုကောင်းကင်ဟာ သူ အခုလို စိတ်ထင်တိုင်း ကြဲနိုင်တာက တာအိုဘိုးဘေးရဲ့ သဘောထားကြီးမှုအပြင် သူ့ဆရာတွေရဲ့ လွှမ်းမိုးမှုလည်း ပါတယ်ဆိုတာကို သိပါတယ်။

မဟုတ်ရင် အဲဒီ တာအိုဘိုးဘေးကို မျက်နှာလိုမျက်နှာရ လုပ်ချင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက သူ့ကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်ပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ ထူးဆန်းသွားပါတယ် “အပြစ်ပေးရမယ်၊ ဘယ်လိုပေးရမှာလဲ၊ တာအိုဘိုးဘေးကို တောင်းပန်ပြီး ဒီကိစ္စက မင်းရဲ့ စွဲလမ်းမှု သက်သက်ပါ၊ ငါတို့သုံးယောက်နဲ့ မဆိုင်ဘူးလို့ ပြောခိုင်းရမှာလား”

တာအိုကောင်းကင်ဟာ တိတ်ဆိတ်သွားပါတယ်။ တာအိုကောင်းကင်ဟာ ကလဲ့စား မချေချင်တော့ပေမဲ့ တာအိုဘိုးဘေးကိုလည်း မကြိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် တာအိုဘိုးဘေးကြောင့် တာအိုကောင်းကင်မျိုးနွယ်စု ပျက်စီးခဲ့တယ်ဆိုတဲ့အချက်က ငြင်းမရတဲ့ အမှန်တရားတစ်ခုပါ။

အဲဒါကြောင့် တာအိုကောင်းကင်ဟာ တာအိုဘိုးဘေးနဲ့ အဆက်အဆံ မလုပ်ချင်ပါဘူး။

တာအိုအရှင်သခင်ဟာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “တော်တော့... မစတော့နဲ့”

တာအိုအရှင်သခင်ဟာ တာအိုကောင်းကင်ကို ကြည့်လိုက်ပါတယ် “မင်းနားလည်သွားရင် အကောင်းဆုံးပဲ၊ တကယ်တော့ ငါတို့တွေ ကလဲ့စားချေဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တာအိုဘိုးဘေးက တာအိုဖန်တီးရှင်၊ ငါတို့သုံးယောက် ပူးပေါင်းရင်တောင် သူ့ကို မယှဉ်နိုင်ဘူး၊ မင်း တစ်ခုခုလုပ်နိုင်ဖို့ကိုလည်း ငါတို့ မမျှော်လင့်ထားပါဘူး၊ ငါတို့တွေ မင်းကို တပည့်အဖြစ် လက်ခံခဲ့တာက မင်းရဲ့ သတ္တိနဲ့ အနိုင်မခံမရှုံးမပေးတဲ့ စိတ်ဓာတ်ကို လေးစားလို့ပဲ”

တာအိုကောင်းကင်ဟာ တာအိုအရှင်သခင်ကို မော့ကြည့်လိုက်ပါတယ်။ အရင်တုန်းက ပထမဆရာဟာ သူ့ကို အတင်းကျပ်ဆုံးပါ။ အခုလိုချိန်မှာ အသည်းခံဆုံး ဖြစ်လာလိမ့်မယ်လို့ တာအိုကောင်းကင် ထင်မထားခဲ့ပါဘူး။

ကျောက်ရွှမ်ယွမ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ဒီနေရာမှာ ကျင့်ကြံအားထုတ်ချည်... ငါ့အထင် ချူရှောင်ချီနဲ့ ဟန်လျန်ကို မီအောင် ကြိုးစားခိုင်းတာက ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး”

ကျန်းယီဟာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “ကြိုးစားကြည့်တာပေါ့၊ လိုက်မမီရင်တောင် အနည်းဆုံး ကြီးပြင်းသွားတာပေါ့”

‘ချူရှောင်ချီနဲ့ ဟန်လျန်...’ တာအိုကောင်းကင်ဟာ ဒီနာမည်နှစ်ခုက ရင်းနှီးတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒါကြောင့် သေချာတွေးကြည့်တဲ့အခါ ချက်ချင်း နှလုံးလှုပ်သွားပါတယ်။

“အဲဒီနှစ်ယောက်က တာအိုဖန်တီးရှင်အဆင့်ကို ထိုးဖောက်နေကြပြီ၊ ကျွန်တော် သူတို့ကို လိုက်မီပါ့မလား” တာအိုကောင်းကင်က တုန်တုန်ယင်ယင် မေးလိုက်ပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ ပြုံးလိုက်ပါတယ် “ဒါနဲ့ မင်း ငါတို့ ဘယ်သူဘယ်ဝါ ဆိုတာကို မသိသေးဘူး”

တာအိုကောင်းကင်ဟာ ကျောက်ရွှမ်ယွမ်တို့ သုံးယောက်ကို ကြည့်လိုက်ပါတယ် “ဆရာတို့ ဘယ်သူလဲဆိုတာကို ကျွန်တော် တကယ် မသိသေးဘူး၊ ဆရာတို့ကလည်း တာအိုဖန်တီးရှင်တွေပဲလား”

ကျောက်ရွှမ်ယွမ်ရဲ့ မျက်နှာဟာ ဆတ်ခနဲ ဖြစ်သွားပါတယ်။ ရုတ်တရက်ဆိုသလို ကျောက်ရွှမ်ယွမ်ဟာ သူ့တပည့်ကို ဒုက္ခိတဖြစ်အောင် လုပ်ချင်စိတ် ပေါက်သွားပါတယ်။

ကျန်းယီ “ငါတို့တွေက တိတ်ဆိတ်ဂိုဏ်းက... ဟန်လျန်နဲ့ ချူရှောင်ချီက ငါတို့ရဲ့ ဂျူနီယာတွေလို့ ပြောလို့ရတယ်”

တာအိုကောင်းကင်ဟာ သဘောပေါက်သွားပြီး သူ့ဆရာသုံးယောက်ကို တလေးတစား ကြည့်လိုက်ပါတယ်။ ဟန်လျန်နဲ့ ချူရှောင်ချီရဲ့ အကြီးဖြစ်နိုင်တာက သေချာပေါက် နည်းနည်းနောနော ဒဏ္ဍာရီ မဟုတ်ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters