← Chapters

လောကဦးပဋိပက္ခ ဂယက်ထခြင်း

Vol. 114 Ch. 1183

လောကဦးပဋိပက္ခ ဂယက်ထခြင်း

Vol. 114 Ch. 1183

ရွှီချိုတောက်ဟာ နှစ်ရာချီကြာအောင် ထွက်ပြေးပြီးနောက် လောကဦးပဋိပက္ခရဲ့ ထောင့်တစ်နေရာမှာ ပုန်းအောင်းကာ ဆက်ပြီးတော့ အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်ပါတယ်။

ရွှီချိုတောက်ဟာ ရေစက်နည်းနည်းပဲ ရှိတဲ့အတွက် ဘယ်သူမှ သူ့ကို ပစ်မှတ်မထားကြပါဘူး။ ဒါပေမဲ့ ရွှီချိုတောက်ဟာ လောကကြီးက သူ့ရန်သူတွေနဲ့ ပြည့်နှက်နေသလိုမျိုး တော်တော်လေးကိုမှ ဂရုစိုက်ပါတယ်။

ဒီလိုနဲ့ ရွှီချိုတောက်ဟာ တံခါးပိတ်ကျင့်ကြံမှုထဲ နစ်မြောသွားပါတယ်။ ဟန်ကျွယ်ရဲ့ လက်ဆောင်ကို ရရှိပြီးကတည်းက ရွှီချိုတောက်ရဲ့ ကျင့်ကြံမှုဟာ ပိုပြီးတော့ အဆင်ပြေ ချောမွေ့လာပါတယ်။

နှစ်သန်းတစ်ရာ ကြာတဲ့အခါ ရွှီချိုတောက်ဟာ မဟာတာအိုပညာရှိချုပ် ဖြစ်သွားပြီး ထပ်မပုန်းတော့ပါဘူး။ လောကဦး စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အာရုံစိုက်မှုကို ခံရတာကြောင့် ရွှီချိုတောက်ဟာ ရွေးချယ်စရာ မရှိဘဲ သူတို့နဲ့ အလိုက်သင့် အထိုက်အလျောက် ဆက်ဆံရပါတယ်။

.....

နောက်ထပ် တစ်ဘီလီယံ ကုန်ဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ တံခါးပိတ် ကျင့်ကြံရာကနေ နိုးလာပါတယ်။ အချိန်က အေးအေးချမ်းချမ်း ကုန်ဆုံးသွားတော့ တကယ်ကို ပျင်းဖို့ ကောင်းလှပါတယ်။

ဟန်ကျွယ်ဟ ဗလာနယ်မြေကို ကြည့်လိုက်ပါတယ်။ ဟန်လင်နဲ့ လီတောက်ခုံးက အဆုံးမဲ့ခေတ်ရဲ့ နတ်ဘုရားတွေ ဖြစ်လာကြပါပြီ။ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ အဆင့်အတန်းကို ရဖို့အတွက် သူတို့ရဲ့ စွမ်းအားနဲ့ သက်သေပြခဲ့ပါတယ်။

ဒီကိစ္စကြောင့် အဆုံးမဲ့ခေတ်မှာ နောက်ထပ်လမ်းတစ်လမ်း ပေါ်လာပါတယ်။ အဆုံးမဲ့ခေတ်ရဲ့ နတ်ဘုရားလမ်းကြောင်းပါ။

အဆုံးမဲ့ခေတ်ရဲ့ နတ်ဘုရား ဘယ်လိုဖြစ်လာမလဲ။

လီတောက်ခုံးက ကုသိုလ်ကံတွေ အများကြီး စုဆောင်းရင် ဖန်တီးရှင်က မြင်လိမ့်မယ်လို့ တစ်ခါတုန်းက ပြောခဲ့ဖူးပါတယ်။ အိပ်မက်မယ်တော်ကလည်း သက်ရှိတွေကို အခွင့်အရေးပေးဖို့အတွက် ဖန်တီးရှင်က အားပေးကူညီထားတာလို့ ပြောခဲ့ပါသေးတယ်။

အဲဒါကြောင့် အချိန်တစ်ခုအတွင်း အဆုံးမဲ့ခေတ်မှာ နတ်ဘုရား ဖြစ်ချင်တဲ့လူတွေ အများကြီး ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ လောလောဆယ်မှာ အဆုံးမဲ့ခေတ်အတွက် နတ်ဘုရားတွေ ရွေးချယ်ဖို့ အစီအစဉ် မရှိပါဘူး။ တကယ်လို့ ရွေးချယ်ခဲ့တယ်ဆိုရင်တောင် ကျန်းကျွယ်ရှီ၊ ကျိုးဖန်၊ ရွှင်ချန်အန်း၊ ထူလင်အာ၊ ချူရှီရန်နဲ့ တခြားတပည့်တွေထဲက ရွေးမှာပါ။

ရွှီချိုတောက်ကတော့ ဟန်ကျွယ် အပြင်လူတွေကို ပေးလိုက်တဲ့ အခွင့်အရေးလို့ ပြောလို့ရပါတယ်။ ဟန်ကျွယ်ဟာ သူနဲ့ ဘာမှ မပတ်သက်တဲ့လူတွေကို အလကားသက်သက် လိုက်ကူညီနေမှာ မဟုတ်ပါဘူး။ နောက်ပြီး နောက်ကျရင် အန္တိမမူလကမ္ဘာက ဗလာနယ်မြေကို အစားထိုးသွားမှာပါ။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ အန္တိမမူလကမ္ဘာဆီ ရောက်သွားပါတယ်။ အန္တိမမူလကမ္ဘာရဲ့ ကျယ်ပြန့်နှုန်းက ပိုပိုမြန်လာပြီး ကြောက်စရာကောင်းတဲ့ အဆင့်တစ်ခုကို ရောက်ရှိလာပါတယ်။ ဒါပေမဲ့ အဆုံးမရှိတဲ့ ဗလာနယ်မြေတစ်ခုလုံးကို အစားထိုးချင်ရင်တော့ အချိန်အကြာကြီး ယူရဦးမှာပါ။

ဟန်ကျွယ် အန္တိမမူလ မဟာဖန်တီးမှုကို ရသွားရင် ဗလာနယ်မြေရဲ့ နေရာကို ဝင်ယူနိုင်လောက်ပါတယ်။ ဗလာနယ်မြေက ကြီးမားကျယ်ပြန့်လွန်းပါတယ်။ လက်ရှိ အဆုံးမဲ့ခေတ်ထက် အဆပေါင်း နိရဗ္ဗုဒ ၁၀၀ ကျော် ရှိပါတယ်။ ဒီကွာခြားမှုက စကားလုံးနဲ့ ဖော်ပြလို့ မရပါဘူး။

(၁ နိရဗ္ဗုဒ = တစ်နောက်တွင် သုည အလုံး ၇၀)

ဟန်ကျွယ်ဟာ စွမ်းအားကြီးပုဂ္ဂိုလ်တချို့က နောက်ကျရင် အန္တိမမူလကမ္ဘာကို ဆန့်ကျင်ဖို့ အချင်းချင်း တိတ်တဆိတ် မိတ်ဆွေဖွဲ့လာတာကို သတိထားမိလိုက်ပါတယ်။ ဒီအထဲမှာ ဟန်ကျွယ်ရဲ့ တပည့်တချို့နဲ့ မျိုးဆက်တွေလည်း ပါပါတယ်။

ဟန်ကျွယ်ဟာ ဒါကို စိတ်မဆိုးပါဘူး။ စိတ်တောင် လှုပ်ရှားသွားပါသေးတယ်။

ဟန်ကျွယ်ဟာ သူ့ကို ဆန့်ကျင်တဲ့အတွက် အဲဒီလူတွေကို အပြစ်မမြင်ပါဘူး။ သူတို့နေရာမှာ ဟန်ကျွယ်ဆိုရင်လည်း တခြားမဟာတာအိုကမ္ဘာထဲကို လွယ်လွယ် ဝင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ပါရမီရှင်တွေ ဆိုရင်ပေါ့။

ပါရမီရှင်တွေဟာ သူတို့ရဲ့ အရည်အချင်းက အကန့်အသတ်မဲ့ပြီး သေချာပေါက် တာအိုဖန်တီးရှင် ဖြစ်နိုင်တယ်လို့ တွေးထားကြပါတယ်။ သူတို့အတွက် လိုအပ်တာက အချိန်တစ်ခုပဲလို့ ထင်မြင်ယူဆကြပါတယ်။

ဟန်ကျွယ်ရဲ့ တွက်ချက်မှုအရ အဲဒီလူတွေဟာ အန္တိမမူလကမ္ဘာ အဆုံးမဲ့နယ်မြေရဲ့ ဗဟိုကို မချဉ်းကပ်လာမချင်း သူ့ကို စိန်ခေါ်ရဲမှာ မဟုတ်ပါဘူး။ သူတို့မှာ ရွေးချယ်စရာမရှိမှ လှုပ်ရှားကြမှာပါ။

ဟန်ကျွယ်ဟာ အဲဒီအချိန်ကို မျှော်ကြည့်မိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သက်ရှိတွေနဲ့ ပျော်ပျော်ပါးပါး တိုက်ခိုက်ချင်နေပါတယ်။

ဟန်ကျွယ်ရဲ့ သက်ရှိအားလုံးအပေါ် သနားကြင်နာမှုက အန္တိမမူလကမ္ဘာ မဟာတာအိုကမ္ဘာ အသီးသီးကို ဝါးမျိုရင် အဲဒီမဟာတာအိုကမ္ဘာတွေမှာရှိတဲ့ သက်ရှိတွေကို အကောင်းဆုံး ကြိုးစားထိန်းသိမ်းပြီး အန္တိမမူလသက်ရှိအဖြစ် အသွင်ပြောင်းလဲပေးမှာပါ။

သက်ရှိတွေအတွက် သူတို့ ဘယ်နေရာမှာနေနေ အရေးမကြီးပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ ဟန်ကျွယ်ကို အမြဲတမ်း ကျော်တက်ချင်နေကြပါတယ်။

ဟန်ကျွယ်ရဲ့ အရည်အချင်းက သူတို့တွေထက် အဆင့်ကြီး လေးငါးဆင့်လောက် ပိုမြင့်ပါတယ်။ သူ့ကျင့်ကြံမှုကလည်း အမြင့်ဆုံးပါပဲ။ နောက်ပြီး ဟန်ကျွယ်က အမြဲတမ်း ဝီရိယရှိရှိ ကြိုးစားကျင့်ကြံတဲ့အတွက် သူတို့တွေ ဟန်ကျွယ်ကို ကျော်တက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

“ဟင်း... ပျင်းဖို့ကောင်းလိုက်တာ... ငါ သက်ရှိတွေကိုပဲ လျှောက်ကြည့်နိုင်တော့တယ်”

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ပန်းတိုင်မရှိရင် အသက်ရှင်နေရတာကြီးက အဓိပ္ပာယ်မရှိပါဘူး။ ကံကောင်းချင်တော့ ဟန်ကျွယ်ရဲ့ ပန်းတိုင်က အသက်ရှည်ဖို့ပါ။ အစွမ်းအထက်ဆုံး ဖြစ်ချင်တာကလည်း သူ့ကို ဘယ်သူမှ မသတ်နိုင်အောင်ပါ။

ဒီအချိန်မှာပဲ ဟန်ဟွမ် ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာက မဟာတာအိုကမ္ဘာတွေကို ဝါးမျိုနိုင်တယ်လို့ ဝန်ခံလိုက်လို့ ဟန်ဟွမ်က အချိန်အကြာကြီးနေမှ သူ့ဆီ ရောက်လာလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ အခုလိုမျိုး လျင်လျင်မြန်မြန် ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ် တွက်ချက်ကြည့်လိုက်တဲ့အခါ ဟန်ဟွမ်ရောက်လာတာက ရွှီချိုတောက်ကြောင့်ဆိုတာ သိလိုက်ပါတယ်။ ရွှီချိုတောက်ရဲ့ နတ်အခွင့်အာဏာ စနစ်က ပေါ်သွားပါပြီ။

တာအိုဖန်တီးရှင်တစ်ပါး အနေနဲ့ ဟန်ဟွမ်ဟာ သူ့ရဲ့ မဟာတာအိုကမ္ဘာကို အာရုံခံနိုင်ပါတယ်။ နတ်အာဏာရှင်စနစ်ကလည်း တာအိုစက်ကွင်းလိုမျိုး အကာအကွယ် ရှိမနေပါဘူး။

မကြာခင်မှာပဲ ဟန်ဟွမ်ဟာ တာအိုဘုံကျောင်းထဲကို ရောက်လာပါတယ်။ ဟန်ဟွမ်ဟာ ဟန်ကျွယ်ကို တရိုတသေ ဦးညွှတ်လိုက်ပါတယ်။

“မေးပါ” ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒီအပြုံးက ဟန်ဟွမ်က တော်တော်လေး မသက်မသာ ဖြစ်သွားစေပါတယ်။

ဟန်ဟွမ်ဟာ သူ့အဖေက သူ အန္တိမမူလကမ္ဘာထဲ မဝင်ချင်ဘူးဆိုတာကို အာရုံခံမိတယ်လို့ ခံစားလိုက်ရပါတယ်။ တစ်ယောက်ယောက် သူ့ရဲ့ အန္တိမမူလကမ္ဘာကို ခုခံဖို့ ကြိုးစားတာကိုလည်း အာရုံခံမိနိုင်ပါတယ်။ ဒါပေမဲ့ သူ့အဖေက ဒါတွေကို လုံးဝ ဂရုစိုက်ပုံ မပေါ်ပါဘူး။

သေချာတွေးကြည့်ရင် အဓိပ္ပာယ် မရှိတာ‌တော့ မဟုတ်ပါဘူး။ သူငယ်ငယ်လေးကတည်းက ပြဿနာ‌တွေ ဘယ်လောက်ရှာရှာ သူ့အဖေက သူ့ကို တစ်ခါမှ အပြစ်မတင်ခဲ့ဖူးပါဘူး။

ဟန်ဟွမ်ဟာ သူ့စိတ်အခြေအနေကို ပြုပြင်ပြီး သူ ဝေခွဲမရဖြစ်တာကို မေးမြန်းပါတယ်။

“ဟုတ်တယ်၊ ရွှီချိုတောက် ရထားတာက မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာပဲ၊ ဒီနတ်အခွင့်အာဏာ စနစ်က ပိုင်ရှင်တွေ အလီလီ ပြောင်းခဲ့ပြီးပြီ၊ အရင်တုန်းက ကောင်းကင်တာအို၊ တာအိုဆန်းကြယ်နယ်မြေ၊ ဖန်တီးရှင် ဧကရာဇ်ရုံးတော် စတဲ့နေရာတွေမှာ ပေါ်လာခဲ့ဖူးတယ်၊ ကံမကောင်းချင်တော့ ပြီးခဲ့တဲ့ ပိုင်ရှင်ဟောင်းတွေက လမ်းတစ်ဝက်မှာ သေသွားကြတယ်” ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ်။

ဟန်ဟွမ်ဟာ ဟန်ကျွယ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ဟန်ဟွမ်ဟာ ရွှီချိုတောက်ရဲ့ အခွင့်အရေးကို ထိုးဖောက် မမြင်နိုင်ပါဘူး။ ဒါပေမဲ့ သူက တာအိုဖန်တီးရှင်ပါ။ သူ ထိုးဖောက် မမြင်နိုင်တာက သူ့အဖေပဲ ရှိပါတယ်။ အဲဒါကြောင့် ဟန်ဟွမ်ဟာ ဟန်ကျွယ်ကို အရင်ဆုံး လာမေးတာပါ။

တကယ်လို့ ဟန်ကျွယ်က မသိဘူးလို့ ငြင်းရင် ဟန်ဟွမ်ဟာ ဟန်ကျွယ်ကို အကူအညီတောင်းမှာပါ။ ဟန်ဟွမ်ဟာ သူ့မဟာတာအိုကမ္ဘာမှာ သူ့ကို စိတ်လေးစေမဲ့ အရာတွေကို ထားမှာ မဟုတ်ပါဘူး။

ဟန်ဟွမ် “အဖေ သူ့ကို ဘယ်လိုသဘောထားလဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း သဘောအတိုင်းပဲ”

ဟန်ဟွမ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဒီစကားလုံးတွေက သေချာစဉ်းစားဖို့ တန်ပါတယ်။

ဟန်ကျွယ်က ရုတ်တရက် မေးလိုက်ပါတယ် “မင်းရဲ့ ကျင့်ကြံမှု ခိုင်ခံ့သွားပြီလား”

ဟန်ဟွမ်ဟာ မတ်မတ်ရပ်ပြီး ပြုံးလိုက်ပါတယ် “ခိုင်ခံ့သွားပြီ၊ ကျွန်တော် အနန္တဖျက်ဆီးရှင်သခင် ရှီထျန်နဲ့ လက်ရည်စမ်းတာ အသာရရုံလေးပဲ ရှိတယ်”

အဆင့်တူရင် တိုက်ခိုက်တဲ့နေရာမှာ ဟန်ဟွမ်ဟာ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိပါတယ်။ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က တာာအိုဖန်တီးရှင် ဖြစ်နေတာ နှစ်ပရိစ္ဆေဒ ကြာသွားပါပြီ။ ဒါတောင် မကြာသေးခင်ကမှ ဖန်တီးရှင်ဖြစ်လာတဲ့ သူ့ကို ရှုံးသွားပါတယ်။

“မင်း ငါနဲ့ လက်ရည်စမ်းချင်လား၊ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်ရအောင်” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။

ဟန်ဟွမ်ဟာ ပြီးခဲ့တဲ့တစ်ခေါက် လက်ရည်စမ်းပွဲကို အလိုလို ပြန်တွေးမိပြီး ကြောက်သွားပါတယ်။ ဒါပေမဲ့ အခု သူက တာအိုဖန်တီးရှင် ဖြစ်နေတာကို တွေးမိလိုက်ပါတယ်။ တာအိုဖန်တီးရှင်က မသေနိုင် မပျက်စီးနိုင်တဲ့ တည်ရှိမှုမလို့ သူ မနိုင်ဘူးဆိုရင်တောင် အရင်လိုမျိုး အခြေအနေကို မရောက်နိုင်ဘူးလို့ တွေးလိုက်ပါတယ်။

ဟန်ဟွမ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးမှ အဖြေပြန်ပေးလိုက်ပါတယ် “ကောင်းပြီ၊ လက်ရည်စမ်းတာဆိုတော့ အဖေ အစွမ်းကုန် ထုတ်တိုက်ပါ”

ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် သားအဖနှစ်ယောက်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။

တခြားတစ်ဖက်မှာတော့ လောကဦးပဋိပက္ခဟာ ပြောင်းလဲသွားပါတယ်။ မဟာတာအိုသုံးထောင် တုန်ခါပြီး အထွတ်အထိပ် နိယာမတွေရဲ့ အလင်းရောင်နဲ့ အမှောင်ထုဟာ ပြောင်းလဲသွားပါတယ်။ နိယာမတွေရဲ့ ဂယက်ထမှုကြောင့် လောကဦး အချိန်-အာကာသ ပြိုလဲ‌ပြီး ကမ္ဘာအများကြီး ပျက်သုန်းသွားစေပါတယ်။

မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ဟာ ချက်ချင်း ပေါ်လာပြီး လောကဦးနိယာမတွေကို တည်ငြိမ်စေပါတယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ” မူလလောကဦးက ခပ်တိုးတိုး မေးလိုက်ပါတယ်။

ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဟန်ဟွမ်... သူ တစ်ခုခု ဖြစ်သွားတာ၊ ဒါပေမဲ့ သူ ဖန်တီးရှင်ရဲ့ တာအိုစက်ကွင်းဆီ သွားတာ၊ ဘယ်လိုလုပ်ပြီး တစ်ခုခု ဖြစ်နိုင်မှာလဲ”

မူလလောကဦးဟာ မျက်နှာပျက်သွားပါတယ် ‘ဖန်တီးရှင်က ဟန်ဟွမ်ကို တိုက်ခိုက်လိုက်တာလား... သူတို့က သားအဖတွေလေ... ဒါပေမဲ့ ဒီအဆင့်မှာ သွေးက စကားမှ မပြောတော့တာ’

‘ငါတို့တွေက အန္တိမမူလကမ္ဘာထဲကို မဝင်ချင်လို့ ဖန်တီးရှင်က ဟန်ဟွမ်ကို ဖိအားပေးတာလား’

မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ဟာ ဝေခွဲမရ ဖြစ်သွားပါတယ်။ မူလလောကဦးလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားပါတယ်။ ဟွမ်ဇွမ်တျန်ကတော့ ဟန်ကျွယ် ပြောင်းလဲသွားမှာကို စိုးရိမ်သွားပါတယ်။ သူ ဟန်ကျွယ်အပေါ် သစ္စာရှိတာက အခြေအနေကို နားလည်တဲ့အပြင် ယုံလည်း ယုံကြည်တာကြောင့်ပါ။ ဟန်ကျွယ်က သူ တန်ဖိုးအထားဆုံး သားကိုတောင် တိုက်ခိုက်ရဲရင် သူ့လို အစေခံတစ်ယောက်ကို ဘယ်လိုလုပ် မျက်စိထဲ ထည့်မှာလဲ။

မကြာခင်မှာပဲ မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ဟာ ဟန်ဟွမ်ရဲ့ ရောင်ဝါကို အာရုံခံမိလိုက်တာကြောင့် ဟန်ဟွမ်ဆီ ချက်ချင်းသွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters