ဘယ်သူမှ မျက်နှာသာမပေး
Vol. 114 Ch. 1184
လောကဦးခန်းမ။
ဟန်ဟွမ်ဟာ သူ့ကြာပလ္လင်ပေါ်မှာ မှောင်မည်းတဲ့ မျက်နှာနဲ့ ထိုင်နေပါတယ်။ လက်တွေကလည်း တုန်နေပါတယ်။
မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ဟာ ဟန်ဟွမ်ရှေ့မှာ ပေါ်လာပါတယ်။
“ဘာတွေ ဖြစ်ကုန်တာလဲ၊ မင်းရဲ့ တာအိုနှလုံးသားက ဘာဖြစ်လို့ ဒီလောက်တောင် ယောက်ယက်ခတ်နေတာလဲ” မူလလောကဦးက အသံနှိမ့်ပြီး မေးလိုက်ပါတယ်။ ဟန်ဟွမ် အဆင်ပြေတာကို တွေ့ရတဲ့အတွက် မူလလောကဦးဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
‘တော်သေးတယ်... ဖန်တီးရှင်က မရူးသေးဘူးပဲ’
ဟွမ်ဇွမ်တျန်လည်း ဟန်ဟွမ်ကို စိုက်ကြည့်ပြီး ဟန်ဟွမ်ဆီက စကားကို စောင့်ပါတယ်။
ဟန်ဟွမ်ဟာ တိတ်ဆိတ်နေပါတယ်။ အတော်ကြာမှ “ငါ အဖေနဲ့ လက်ရည်စမ်းခဲ့တယ်”
မူလလောကဦးဟာ မျက်မှောင်ကြုတ်သွားပါတယ် “မနိုင်တာနဲ့ပဲ ဒီလောက်ထိ စိတ်မချမ်းမသာ ဖြစ်ရလား၊ တန်လို့လား၊ မင်း သူ့ကို မယှဉ်နိုင်တာ အသိသာကြီးကို”
မူလလောကဦးရဲ့ လေသံဟာ စောဒကတက်မှုတွေနဲ့ ပြည့်နှက်နေပါတယ် ‘လက်စသတ်တော့ လက်ရည်စမ်းတာကိုး... ဒီဟန်ဟွမ်က တာအိုဖန်တီးရှင် အဆင့်အောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ်သာ ဖြစ်ခဲ့ဖူးတာ၊ စိတ်က တော်တော်ပျော့တာပဲ၊ မင်းကိုယ်မင်း ဖန်တီးရှင်ကို အနိုင်ယူနိုင်လိမ့်မယ်လို့ တကယ်ကြီး ထင်နေတာလား’
“ငါ မနိုင်နိုင်ဘူးဆိုတာကို သိတယ်၊ ဒါပေမဲ့ ကွာခြားချက်က ဒီလောက်ထိ ကြီးနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး၊ အဖေက တာအိုဖန်တီးရှင်ကို သတ်နိုင်လောက်တယ်လို့တောင် သံသယဝင်မိတယ်” ဟန်ဟွမ်က ခပ်တိုးတိုး ပြောလိုက်ပါတယ်။
“ဘာ...”
မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ဟာ နှလုံးလှုပ်သွားပါတယ်။
သူတို့ရဲ့ အကြီးမားဆုံး အားထားရာက တာအိုဖန်တီးရှင်ရဲ့ မသေနိုင် မပျက်စီးနိုင်တဲ့ တည်ရှိမှုပါ။ အမှောင်သခင်ကြီး သတ်လိုက်တဲ့ တာအိုဖန်တီးရှင်တောင် ပြန်ရှင်လာပါတယ်။ အဲဒါကြောင့် သူတို့တွေဟာ သေတာကို မကြောက်ပါဘူး။
သူတို့အမြင်မှာ ဖန်တီးရှင်က တာအိုဖန်တီးရှင်ထက်ပဲ စွမ်းအားကြီးပြီး ဖန်တီးရှင်တွေကို မသတ်နိုင်ဘူးလို့ ထင်ထားတာပါ။ ဒါပေမဲ့ ဟန်ဟွမ်ရဲ့ စကားက သူတို့ကို တုန်လှုပ် ချောက်ချားသွားစေပါတယ်။
‘တာအိုဖန်တီးရှင်တွေက မသေနိုင်တာ မဟုတ်ဘူး’
မူလလောကဦးဟာ အံကြိတ်ပြီး မေးလိုက်ပါတယ် “မင်း မှားတာတော့ မဟုတ်ပါဘူးနော်”
ဟန်ဟွမ် “မဟုတ်ဘူး၊ အဲဒီဖိအားက ကြောက်ဖို့ကောင်းလွန်းတယ်၊ ငါ ဘယ်လိုပြောရမလဲ မသိဘူး၊ အဖေရဲ့ရှေ့မှာ တာအိုဖန်တီးရှင်တောင် သေမျိုးနဲ့ခြားမှာ မဟုတ်ဘူး”
ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒါပေမဲ့ ချူရှောင်ချီပြောတော့ ဖန်တီးရှင်က သူ တာအိုဖန်တီးရှင်ကို မသတ်နိုင်ဘူး၊ ချိပ်ပဲပိတ်ထားနိုင်တယ်လို့ ပြောခဲ့တာဆို”
ဟန်ဟွမ်က မေးလိုက်ပါတယ် “ဘယ်နေရာမှာ ချိပ်ပိတ်ထားတာလဲ၊ ဘယ်သူမြင်လဲ၊ အမှန်တရားက အမှောင်သခင်ကြီး ပြန်ပေါ်မလာတော့ဘူး၊ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးလည်း တစ်ခါတည်း ပျောက်သွားတာပဲ၊ သူတို့တွေကို ဘယ်နေရာမှာ ချိပ်ပိတ်ထားလဲဆိုတာ ငါတို့ ရှာလို့ ရလို့လား”
လောကဦးနတ်ဘီလူး နှစ်ပါးဟာ တိတ်ဆိတ်သွားပါတယ်။ ဟုတ်ပါတယ်။ သူတို သိထားတာတွေက ဖန်တီးရှင် ပြောတာပါ။ ဘယ်သူမှ မြင်တာ မဟုတ်ပါဘူး။
‘ဒါဆို ဖန်တီးရှင်က တာအိုဖန်တီးရှင်ကို သတ်နိုင်ရဲ့သားနဲ့ ဘာလို့ ဝန်မခံတာလဲ၊ ဖန်တီးရှင်က တာအိုဖန်တီးရှင်အဆင့်ကို အမြင့်ဆုံးအဆင့်လို့ သတ်မှတ်ပြီး သူက အကြွင်းမဲ့ ပြိုင်ဘက်ကင်းတဲ့နေရာမှာ ပုန်းနေချင်တာလား... ဒါ ဖြစ်နိုင်တယ်’
မူလလောကဦးဟာ တွေးလေလေ ကြောက်လေလေပါပဲ။ သူတို့တွေ အန္တိမမူလကမ္ဘာကို တစ်ခါတည်း မတိုက်ခိုက်တာ ကံကောင်းသွားတယ်လို့ ခံစားလိုက်ရပါတယ်။
ဟွမ်ဇွမ်တျန် “ငါတို့ အစီအစဉ်ကို ဖျက်လိုက်ကြရအောင်၊ ငါတို့တွေ အန္တိမမူလကမ္ဘာထဲ မဝင်ဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ကြမယ်၊ ဒါပေမဲ့ အန္တိမမူလကမ္ဘာက လောကဦးပဋိပက္ခရှေ့ထိ ကျယ်ပြန့်လာရင်တော့ ငါတို့တွေ ဝါးမျိုခံမယ်၊ အဲဒီမတိုင်ခင် ငါတို့တွေ ဒီထက်မြင့်မားတဲ့အဆင့်ကို ရောက်နိုင်ရင်တော့ အကောင်းဆုံးပေါ့”
ဟန်ဟွမ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ မူလလောကဦးကလည်း မကန့်ကွက်ပါဘူး။
သူတို့သုံးယောက်က ပေါင်းစပ်သွားပြီဆိုပေမဲ့ ဟန်ဟွမ်က အစွမ်းအထက်ဆုံးပါ။ ဟန်ဟွမ်တောင် ဒီလောက် ကြောက်လန့်ပြီး တာအိုနှလုံးသား ကွဲကြေလုနီး ဖြစ်သွားတဲ့အတွက် မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ဟာ ဖန်တီးရှင်ကို ထပ်ပြီးတော့ မဆန့်ကျင်ရဲတော့ပါဘူး။
‘ဖန်တီးရှင်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ’
.....
ဟန်ကျွယ်ဟာ ဟန်ဟွမ်ရဲ့ လက်ရည်စမ်းပြီးနောက် တိုက်ခိုက်လိုစိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာပါတယ်။ အဲဒါကြောင့် ဟန်ဟွမ်ဟာ အဆုံးမဲ့ခေတ်ထဲက သက်ရှိတွေ အကုန်လုံးကို ပုံတူကူးလိုက်ပါတယ်။ ဒီအထဲမှာ တာအိုဖန်တီးရှင်တွေလည်း ပါပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး သက်ရှိအားလုံးကို စိန်ခေါ် တိုက်ခိုက်ပါတယ်။
နဝမပဋိပက္ခ၊ ယင်ယန်ချွမ်တု နတ်မင်း၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်၊ သဏ္ဍာမဲ့နတ်မင်း၊ ပဋိပက္ခသိစိတ်၊ လောကဦး နတ်ဘီလူးသုံးပါးနဲ့ တာအိုဘိုးဘေးတို့ဟာ သက်ရှိအားလုံးကို ဦးဆောင်လာပါတယ်။
ဒီထဲမှာ အန္တိမမူလကမ္ဘာက သက်ရှိတွေလည်း ပါပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို သုံးပြီး အကုန်လုံးကို တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်။ အန္တိမမူလ ဝိညာဉ်ချွေဓားကို သုံးတော့လည်း တစ်ချက်တည်း သေတာပါပဲ။
လေးငါးဆယ်ကြိမ် စမ်းပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သူ့စွမ်းအားကို သိမ်းဆည်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားကို မသုံးတော့ဘဲ ခြေလက်တွေကိုပဲ သုံးပြီး တိုက်ခိုက်ပါတယ်။ ဒါလည်း ဘယ်သူမှ ဟန်ကျွယ်ရဲ့ ခွန်အားကို မခုခံနိုင်ပါဘူး။
ဒီလိုနဲ့ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ နစ်မြုပ်သွားပါတယ်။
ဟန်ကျွယ် တာအိုဘုံကျောင်းဘေးက တာအိုဘုံကျောင်းမှာ ဟန်ယွင်ကျင်းဟာ သူ့အမေတွေကို ဂါရဝပြုနေပါတယ်။
“သားအစ်ကိုနှစ်က ဘာဖြစ်လို့ နှုတ်မဆက်ဘဲ ထွက်သွားတာလဲ” လီယောင်က ရုတ်တရက် မေးလိုက်ပါတယ်။
ဟန်ယွင်ကျင်းဟာ မှင်တက်သွားပါတယ်။ ဟန်ယွင်ကျင်းဟာ ဟန်ဟွမ်နောက်ကနေ လိုက်လာတာပါ။ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုက ကွာခြားလွန်းတော့ ဟန်ယွင်ကျင်းဟာ ဟန်ဟွမ် ထွက်သွားတာကို အာရုံမခံမိပါဘူး။
“သူ ထွက်သွားပြီလား၊ မြန်လှချည်လား... ဘယ်လောက်မှလည်း မကြာသေးဘူး” ဟန်ယွင်ကျင်းဟာ အံ့အားသင့်သွားပါတယ်။
ရှင်းဟုန်ရွှမ်က လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “စဉ်းစားမနေနဲ့၊ အဲဒီကောင်လေး သူ့အဖေနဲ့ လက်ရည်စမ်းဖို့ ရောက်လာတာ ဖြစ်လိမ့်မယ်၊ သူ ခဏလေးနဲ့ ရှုံးသွားလို့ ထွက်သွားတာ ဖြစ်လိမ့်မယ်၊ ယောက်ျားက အမြဲတမ်း ပြုံးနေပေမဲ့ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဘယ်သူ့ကိုမှ မျက်နှာသာပေးတာ မဟုတ်ဘူး”
ရှင်းဟုန်ရွှမ်ရဲ့ စကားကြောင့် ဟန်ယွင်ကျင်းဟာ ပိုပြီးတော့ အံ့အားသင့်သွားပါတယ် “အစ်ကိုနှစ်က တာအိုဖန်တီးရှင် ဖြစ်နေပြီလေ၊ ဒါတောင် အဖေ့ကို ဒီလောက်မြန်မြန် ရှုံသွားတာလား၊ နောက်ပြီး သူက ကျွန်တော်တို့ကို နှုတ်ဆက်မသွားတာ ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ရှုံးသွားလို့လဲ”
ရွှမ်ချင်းကျွင်းဟာ ပြုံးလိုက်ပါတယ် “ယောက်ျားက တာအိုဖန်တီးရှင်အဆင့်ကို ကျော်တက်လိမ့်မယ်လို့ ကျွန်မ ပြောသားပဲ၊ ဒါပေမဲ့ ဒီထက်မြင့်မားတဲ့အဆင့်ရော ရှိရဲ့လား၊ ကြည့်ရတာ ယောက်ျားက အဆင့်သစ်တစ်ခုကို စဖန်တီးနေပြီနဲ့ တူတယ်”
ရှင်းဟုန်ရွှမ်တို့ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဟန်ကျွယ်ရဲ့ စွမ်းအားကို သက်ပြင်းချမိလိုက်ပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်က ဘာလို့ ဒီလောက်ထိ စွမ်းအားကြီးလဲဆိုတာကို နားမလည်နိုင်ကြပါဘူး။
‘ယောက်ျား ဒီလောက် စွမ်းအားကြီးတာ ယောက်ျားရဲ့ ကျင့်ကြံမှု သဘောထားကြောင့်လား’
ပြောရရင် သူတို့ရဲ့ ကျင့်ကြံမှုနှစ်တွေက ဟန်ကျွယ် တာအိုဖန်တီးရှင် ဖြစ်လာဖို့ ကျင့်ကြံတဲ့နှစ်တွေထက် ပိုများသွားပါပြီ။ အဲဒါကြောင့် သေချာပေါက် ကျင့်ကြံမှုအပေါ် ထားတဲ့ သဘောထား မဖြစ်နိုင်ပါဘူး။ ကျိန်းသေပေါက် အရည်အချင်းကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
ဟန်ကျွယ်ရဲ့ အရည်အချင်းက သူတို့ စိတ်ကူးလို့မရတဲ့ အဆင့်တစ်ခုကို ရောက်နေတာ ဖြစ်နိုင်ပါတယ်။
ဟန်ယွင်ကျင်းဟာ သဘောကျသွားပါတယ် “အဲဒါဆို ကျွန်တော်လည်း အဖေ့ကို စိန်ခေါ်မယ်၊ အဖေလည်း တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးဆိုတော့ အချိန်ကိုက်ပဲ၊ နောက်ပြီး အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဘယ်သူမှ သေမှာ မဟုတ်ဘူး”
စကားဆုံးတာနဲ့ ဟန်ယွင်ကျင်းဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဟန်ယွင်ကျင်းကို ဖျောင်းဖျချင်ပေမဲ့ လီယောင်က တားလိုက်ပါတယ်။
“ဟွန်း... အဲဒီကောင်စုတ်လေးကို စမ်းခိုင်းလိုက်၊ မဟုတ်ရင် နေ့တိုင်း လျော့တိလျော့ရဲနဲ့ ထိပ်သီးကျင့်ကြံသူလိုမျိုး ဟန်ပန်ရှိမှာ မဟုတ်ဘူး”
ချင်းလွမ်အာဟာ ပါးစပ်ကို ကာပြီး ရယ်မောလိုက်ပါတယ် “သူက ဘယ်လိုလုပ်ပြီး ထိပ်သီးကျင့်ကြံသူရဲ့ ဟန်ပန်မရှိရမှာလဲ၊ သူက ကျွန်မတို့ရှေ့မှာမလို့ အဲဒီလိုမျိုး နေတာ”
လီယောင်ဟာ မတတ်နိုင်တဲ့ အပြုံး ပြုံးလိုက်ပါတယ် “ငါ သိပါတယ်၊ ဒါပေမဲ့ ဒီအကြောင်းကြောင်းပဲ ငါစိုးရိမ်နေတာ၊ သူ့ကျင့်ကြံမှု တိုးလာအောင် ကျင့်ကြံအားထုတ်ခိုင်းတာက မမှားဘူးမလား”
လီယောင်ဟာ ထိပ်သီး ကျင့်ကြံသူရဲ့ နှလုံးသားရှိပြီး ဟန်ကျွယ်နောက်ကိုလိုက်တဲ့ နေရာမှာ တစ်ခါမှ လက်လျှော့ချင်စိတ် မဖြစ်ခဲ့ဖူးပါဘူး။ အဲဒါကြောင့် လီယောင်ဟာ သူမရဲ့ သားကိုလည်း သူမလိုမျိုး ဖြစ်စေချင်ပါတယ်။
အတော်အတန်ကြာတဲ့အထိ ဟန်ယွင်ကျင်းတစ်ယောက် ပြန်ရောက်မလာတဲ့အတွက် လီယောင်တို့တွေ စိုးရိမ်သွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “သွားကြည့်ရအောင်... အဲဒီကောင်လေး ဟွမ်အာထက်တော့ ကြာကြာမခံနိုင်ပါဘူး”
ရွှမ်ချင်းကျွင်း၊ လီယောင်နဲ့ ချင်းလွမ်အာတို့လည်း ရှင်းဟုန်ရွှမ်စကားက အဓိပ္ပာယ်ရှိတာကြောင့် ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းဆီ ဦးတည်သွားကြပါတယ်။
ဟန်ကျွယ်ဟာ သူတို့ကို အထဲဝင်ခွင့်ပြုလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်တို့ဟာ တာအိုဘုံကျောင်းထဲ ရောက်တဲ့အခါ ဟန်ကျွယ်ရှေ့မှာ လဲလျောင်းနေတဲ့ ဟန်ယွင်ကျင်းကို တွေ့လိုက်ရပါတယ်။ ဟန်ယွင်ကျင်းရဲ့ ခန္ဓာကိုယ်ဟာ ကြမ်းပြင်မှာ ကွေးကွေးလေး ဖြစ်နေပါတယ်။ မိခင်ဗိုက်ထဲက သန္ဓေသားလောင်းလေးလိုပါပဲ။
ဟန်ယွင်ကျင်းဟာ တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်လုံးတွေက ပြူးကျယ်ကာ အကြောက်ကြီး ကြောက်နေပါတယ်။ သရဲကို တွေ့လိုက်ရတဲ့ သေမျိုးတစ်ယောက်လိုပါပဲ။
“ယောက်ျား ဒီလိုလုပ်ဖို့ လိုလို့လား” ရှင်းဟုန်ရွှမ်က ဟန်ကျွယ်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်က မတတ်နိုင်တဲ့ လေသံနဲ့ ပြန်ဖြေပါတယ် “အဲဒါတောင် ငါ့စွမ်းအားကို ထိန်းထားတာ၊ ဒါပေမဲ့ ငါက ဖန်တီးရှင်သခင်လေ၊ သူက အားနည်းလွန်းတယ်၊
ရှင်းဟုန်ရွှမ်ဟာ ဟန်ယွင်ကျင်းကို ကူညီနေတဲ့ လီယောင်ကို ကြည့်လိုက်ပါတယ်။ လီယောင်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ကွက်တိပဲ... ဒီကောင်လေးက ငယ်ငယ်လေးကတည်းက ဘာအန္တရာယ်မှ မကြုံဖူးဘူး၊ ဒီတစ်ခါ သူ ဘယ်လောက်တောင် အားနည်းလဲဆိုတာ ကောင်းကောင်းကြီး ပြောပြရမယ်”
ရွှမ်ချင်းကျွင်းနဲ့ ချင်းလွမ်အာဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကူကယ်ရာမဲ့သွားပါတယ်။
ဟန်ကျွယ်ဟာ သာမန်အချိန်တွေမှာ အမြဲတမ်း ပြုံးနေတတ်ပေမဲ့ တိုက်ပွဲထဲမှာဆိုရင်တော့ ကြီးကြီးငယ်ငယ် အတည်တိုက်ပါတယ်။
“လီယောင် နေဦး... သူ့ကို ပြန်ချထားလိုက်” ဟန်ကျွယ်က ပြောလိုက်ပါတယ်။ လီယောင်လည်း ဟန်ယွင်ကျင်းကို ပြန်ချပြီး ဟန်ကျွယ်ဘေးမှာ လာထိုင်ပါတယ်။
ဟန်ကျွယ် “မင်း ငါ့ကို အပြစ်မတင်ဘူးမလား”
လီယောင်ဟာ ခေါင်းခါလိုက်ပါတယ် “အပြစ်မတင်ပါဘူး”
ဟန်ကျွယ်ဟာ ထပ်ပြီးတော့ မမေးတော့ပါဘူး။ သူတို့နှစ်ယောက်က အပိုတွေပြောဖို့ မလိုပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ လီယောင်ရဲ့ မဟာတာအိုကမ္ဘာ တည်ဆောက်မှုကို လမ်းညွှန်ပေးပါတယ်။
ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော်တွေထဲမှာ တာအိုဖန်တီးရှင်တစ်ပါး ရှိနေဖို့ လိုပါတယ်။ သူ့တာအို လက်တွဲဖော်တွေထဲမှာ လီယောင်ပဲ တာအိုဖန်တီးရှင်ဖြစ်ဖို့ အကြီးမားဆုံး မျှော်လင့်ချက် ရှိတာပါ။ လီယောင်ဟာ အထွတ်အထိပ် နိယာမ ငါးပါး ခဲပြီးပြီမလို့ တာအိုဖန်တီးရှင်အဆင့်နဲ့ တစ်စတစ်စ နီးကပ်လာပါပြီ။
ဒါပေမဲ့ နောက်ဆုံး နိယာမနှစ်ပါးက အရင် နိယာမငါးပါးထက် ခဲဖို့ ပိုခက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။