← Chapters

နှစ်ဆယ်ဘီလီယံ

Vol. 114 Ch. 1185

နှစ်ဆယ်ဘီလီယံ

Vol. 114 Ch. 1185

လီယောင်ဟာ ဟန်ကျွယ်ဘေးမှာ နေပြီး ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း သူ့ရဲ့ ဖန်တီးရှင်သခင် စိတ်ဆန္ဒကို ထုတ်လွှတ်ကာ လီယောင် အခြေခံ နိယာမတွေ သုံးသပ်နားလည်နိုင်အောင် ကူညီပေးပါတယ်။

လေးငါးဆယ်နှစ် အကြာမှာတော့ ဟန်ယွင်ကျင်းဟာ လူကောင်းအတိုင်း ပြန်ဖြစ်သွားပြီး တာအိုစက်ကွင်းထဲကနေ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။ အဲဒီနောက် ဟန်မိသားစုရဲ့ တပည့်တွေဟာ သူတို့ရဲ့ ကနဦးဘိုးဘေးက တံခါးပိတ်ကျင့်ကြံပြီး အရင်ကလောက် တွေ့ဖို့ မလွယ်တော့တာကို သတိထားမိသွားကြပါတယ်။

ဒါက ထူးဆန်းပါတယ်။ အရင်တုန်းက ဟန်ယွင်ကျင်းဟာ ကျင့်ကြံအားထုတ်တာ သိပ်မရှိဘဲ သူ့မျိုးဆက်တွေဆီ လျှောက်လည်ရင်းနဲ့ အချိန်ကုန်နေခဲ့တာပါ။ သူက ဟန်မိသားစုတစ်ခုလုံးမှာ အအားဆုံးလူလို့ ပြောလို့ရပါတယ်။

ဟန်ဟွမ်နဲ့ ဟန်ယွင်ကျင်း ဖန်တီးရှင်ကို ရှုံးနိမ့်သွားတဲ့ သတင်းက အပြင်ကို မပြန့်ပါဘူး။

နှစ်ဆယ်သန်းကြာတဲ့အခါ...။

လီယောင်ဟာ သူမရဲ့ တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။ သူမရဲ့ မဟာတာအိုကမ္ဘာမှာလည်း အခွင့်အရေးတွေ ပိုများလာပြီး အဆုံးမရှိလောက်အောင် ပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ မဟာတာအိုကမ္ဘာထဲမှာရှိတဲ့ သက်ရှိတွေကတော့ ဒါကို အာရုံမခံမိကြပါဘူး။

လက်ရှိ လီယောင်ဟာ တာအိုဖန်တီးရှင် ဖြစ်လာဖို့ သူမကိုယ်သူမ ယုံကြည်ချက် ရှိနေပါပြီ။ နောက်ပြီး သူ တာအိုဖန်တီးရှင် ဖြစ်လာဖို့ကလည်း သိပ်မဝေးတော့ပါဘူး။

.....

နှစ်တစ်ဘီလီယံဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးထပ်ဖွင့်လိုက်ပါတယ်။ ဒီတစ်ကြိမ်တော့ ဟန်ကျွယ်ကို ဘယ်သူမှ လိုက်မရှာပါဘူး။

ဟန်ကျွယ်ဟာ အပြင်ကို တစ်ခဏကြည့်ပြီးနောက် သူ့အကြည့်ကို ပြန်ရုပ်သိမ်းကာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ဟန်ကျွယ်ဟာ အသက် ဆယ်ဘီလီယံ ပြည့်ခါနီးနေပါပြီ။

နှစ်သန်းလေးငါးရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရှေ့မှာ အသိပေးချက် သုံးလေးချက် ပေါ်လာပါတယ်။

[သင်သည် အသက် ၁၀ ဘီလီယံ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါ ရွေးချယ်မှုများ ရှိသည်။]

[၁။ မဟာတာအိုကမ္ဘာ အားလုံးကို ချက်ချင်း ဖျက်ဆီးပစ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ လောကဦး အပိုင်းအစ တစ်စနှင့် အန္တိမမူလ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ရရှိမည်။]

[၂။ သင်၏ မူလရည်ရွယ်ချက်အတိုင်း သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ လောကဦး အပိုင်းအစ တစ်စနှင့် အန္တိမမူလ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ရရှိမည်။]

[သင်သည် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ် ရရှိပါသည်။]

ဘာမှ ပြောင်းလဲမှု မရှိပါဘူး။ အန္တိမမူလ စိတ်ဝိညာဉ်ကျောက်တုံးက သူ့အတွက် အသုံးမဝင်တော့တဲ့အတွက် ဟန်ကျွယ်ဟာ စုဆောင်းတယ်လို့ သဘောထားပြီး သိမ်းထားလိုက်ပါတယ်။

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ရဲ့ ခေါင်းထဲကို အကြံတစ်ခု ဝင်လာပါတယ် ‘ငါ ဒီထက်ကြာကြာ တံခါးပိတ် ကျင့်ကြံသင့်လား... ဘာပဲဖြစ်ဖြစ် အချိန်က ငါ့အတွက် တော်တော်လေး ပျင်းစရာကောင်းနေပြီ’

ဟန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ် ဆံဖြူအမျိုးသားက ဘယ်တော့ မွေးဖွားလာမလဲဆိုတာ မသိပါဘူး။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဆံဖြူအမျိုးသား မွေးဖွားလာတာကို ထိုင်စောင့်ကြည့် မနေချင်ပါဘူး။ ဆံဖြူအမျိုးသားက မွေးဖွားလာချင်းချင်း အသတ်ခံရရင်တောင် အနာဂတ်မှာ ဒုတိယ ဆံဖြူအမျိုးသား မမွေးဖွားလာဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။

ဟန်ကျွယ်ဟာ ဆံဖြူအမျိုးသား ပေါ်လာတာကို တားမရမဲ့အတူတူ သူ့ကိုယ်သူပဲ တတ်နိုင်သလောက် စွမ်းအားကြီးလာအောင် ကြိုးစားပါတယ်။

ဟန်ကျွယ်ဟာ သူ့တာအိုလက်တွဲဖော်တွေဆီ အသံလွှင့်ပြီး သူ အချိန်အကြာကြီး တံခါးပိတ်ကျင့်ကြံမဲ့အကြောင်း ပြောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ တံခါးပိတ်ကျင့်ကြံပါတယ်။

ဟန်ကျွယ်ဟာ နှစ်ဆယ်ဘီလီယံကြာအောင် တံခါးပိတ် ကျင့်ကြံပါတယ်။

ဒီအတောအတွင်း ဗလာနယ်မြေဟာ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာပါတယ်။ တာအိုဖန်တီးရှင် လေးငါးပါးလည်း ပေါ်ထွန်းလာပါတယ်။

သာလွန်နတ်ခန်းမရဲ့ တံခါးရှေ့က လှေကားထစ်တွေ ခြေရင်းမှာ လူတချို့ဟာ ခေါင်းနဲ့ကြမ်းပြင်ထိအောင် ဒူးထောက်နေကြပါတယ်။

“မင်းတို့တွေ ပြန်ကြတော့... တာအိုဖန်တီးရှင်တွေ လှုပ်ရှားမှာ မဟုတ်ဘူး” သဏ္ဍာန်မဲ့နတ်မင်းရဲ့ အသံဟာ အေးစက်နေပါတယ်။

နဂါးဝတ်ရုံနဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားက မော့ကြည့်ပြီး အသံနှိမ့်နှိမ့်နဲ့ မေးလိုက်ပါတယ် “မဟာနတ်မင်းကို တစ်ခုလောက် မေးပါရစေ... မဟာနတ်မင်းက သူ့လုပ်ရပ်တွေကို နားလည်မှုနဲ့ သဘောတူထားတာလား”

သာလွန်နတ်ခန်းမကနေ ဘာအသံမှ ထွက်မလာတော့ပါဘူး။

နဂါးဝတ်ရုံနဲ့ အမျိုးသားဟာ အတန်ကြာအောင် ဆက်ဒူးထောက်ပြီးမှ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပါတယ်။ တခြားလူတွေလည်း မတ်တတ်ရပ်ပြီး သူနဲ့အတူ ထွက်ခွာသွားပါတယ်။

“ဒီလိုဆိုမှတော့ ငါတို့တွေ အရာအားလုံး စွန့်စားတာကို အပြစ်မတင်နဲ့” နဂါးဝတ်ရုံနဲ့ အမျိုးသားဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။

နဂါးဝတ်ရုံနဲ့ အမျိုးသားဟာ ခြေလှမ်း လေးငါးလှမ်း လှမ်းပြီးနောက် မိုင်ပေါင်း သန်းရာချီ ရှည်လျားတဲ့ ရွှေနဂါးအဖြစ် အသွင်ပြောင်းလဲကာ ဗလာနယ်မြေရဲ့ အဆုံးသတ်ဆီ ပျံသန်းသွားပါတယ်။ တခြားလူတွေလည်း နဂါးအသွင် ပြောင်းလဲပြီး သူ့နောက် လိုက်ပါတယ်။

သာလွန်နတ်ခန်းမထဲက သဏ္ဍာန်မဲ့နတ်မင်းဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

“ခေတ်ပြောင်းသွားပြီပဲ၊ တာအိုဖန်တီးရှင်တွေတောင် ကပ်ဘေးထဲ ဝင်လာတယ်၊ ငါလည်း လွှတ်ပေးသင့်ပြီ”

ဒီအချိန်မှာထဲ အမှောင်ထုထဲကနေ လူတစ်ယောက် လမ်းလျှောက် ထွက်လာပါတယ်။ နဝမပဋိပက္ခပါ။ နဝမပဋိပက္ခက မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။

“ဖန်တီးရှင်က တံခါးပိတ်ကျင့်ကြံနေတယ်၊ လွန်ခဲ့တဲ့ နှစ် ၁၀ ဘီလီယံမှာ တာအိုဖန်တီးရှင်လေးငါးပါး မွေးဖွားလာတယ်၊ အဆုံးမဲ့ခေတ်ထဲမှာလည်း မသိကိန်းတွေ ပေါ်လာတယ်၊ ဒါက အဆုံးမဲ့ခေတ်ပဲ၊ တာအိုဖန်တီးရှင်တွေ စိုးမိုးတဲ့ခေတ်က ကုန်တော့မယ်၊ ငါနဲ့ ပူးပေါင်းပါ၊ ရှေးတာအိုဖန်တီးရှင် ငါးပါးက စည်းလုံးသင့်တယ်”

သဏ္ဍာန်မဲ့နတ်မင်းက မေးလိုက်ပါတယ် “ဖန်တီးရှင် သိရင်...”

“ငါတို့က ဖန်တီးရှင်ကို ဆန့်ကျင်တာ မဟုတ်ဘူး၊ ငါတို့တွေ ပူးပေါင်းတာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ၊ ထိုးဖောက် မမြင်နိုင်တဲ့ ကံတရားတွေ ဗလာနယ်မြေမှာ ပေါ်မလာတာကို မင်း သတိမထားဘူးလား၊ ငါတို့တွေ ပူးပေါင်းပြီး ဖွဲ့စည်းပုံအသစ်ကို တည်ထောင်မှ ဖန်တီးရှင်ကို ကူညီပြီး အဆုံးမဲ့ခေတ်ကို ဆက်ထိန်းသိမ်းထားနိုင်မှာ”

နဝမပဋိပက္ခဟာ သဏ္ဍာန်မဲ့နတ်မင်းရဲ့ စကားကို ဖြတ်ပြောလိုက်ပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းဟာ တိတ်ဆိတ်သွားပါတယ်။

“ဝုန်း...”

သာလွန်နတ်ခန်းမဟာ ပြိုကျတော့မလိုမျိုး တုန်ခါသွားပါတယ်။ ဒီလိုတုန်ခါတာ အသက်ရှူကြိမ် လေးငါးကြိမ် ကြာပါတယ်။

နဝမပဋိပက္ခဟာ သက်ပြင်းချလိုက်ပါတယ် “ဒီကလေးက တာအိုဖန်တီးရှင် ဖြစ်လာဖို့ ပိုပိုနီးလာပြီ၊ အသက် နှစ်ဘီလီယံပဲ ရှိသေးပေမဲ့ ဒီလို အခွင့်အရေးမျိုးကို ရနေပြီ၊ တကယ်ကို အထင်ကြီးဖို့ကောင်းတယ်”

သဏ္ဍာန်မဲ့နတ်မင်း “သူ တာအိုဖန်တီးရှင် ဖြစ်လာရင် သက်ရှိတွေ ဒုက္ခရောက်လိမ့်မယ်”

“အင်း... ထင်တာပဲ”

“ငါ မင်းနဲ့ ပူးပေါင်းဖို့ ကတိပေးတယ်”

“အင်း... နည်းနည်း ထပ်စောင့်ဦး၊ ငါ မင်းကို အံ့ဩစရာတစ်ခု ပြမယ်”

စကားဆုံးတာနဲ့ နဝမပဋိပက္ခဟာ ကွယ်ပျောက်သွားပါတယ်။ သာလွန်နတ်ခန်းမလည်း ပြန်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။

.....

တတိယ တာအိုစက်ကွင်း။

ဟန်ယွင်ကျင်းဟာ သူ့အမေတွေဆီ လာလည်ပါတယ်။ သူတို့တွေဟာ လီယောင်ရဲ့ တာအိုဘုံကျောင်းမှာ စုဝေးပြီး အဆုံးမဲ့ခေတ်အကြောင်း ပြောဆိုနေကြပါတယ်။

“ကျွတ်..ကျွတ်... အမေ... ဧကရာဇ်ချန်နီက ဘယ်ကနေ လာတာလဲ၊ သူ ဒီလောက် မဟာတာအိုကမ္ဘာတွေ အများကြီးမှာ လူမျိုးတုံး သတ်ဖြတ်ထားတာတောင် မဟာတာအိုပညာရှိချုပ်တွေက သူ့ကို ဘာမှမလုပ်နိုင်ဘူး၊ တာအိုဖန်တီးရှင်တွေတောင် မလှုပ်ရှားကြဘူး” ဟန်ယွင်ကျင်းက နားမလည်နိုင်ဘဲ မေးလိုက်ပါတယ်။

လီယောင် “သူက အဆုံးမဲ့ခေတ်ရဲ့ ကံတရားအထောက်အပံ့ သက်ရှိတစ်မျိုးပဲ၊ သူ့ကို ကာကွယ်နေတာက တာအိုဖန်တီးရှင်တွေ မဟုတ်ဘူး၊ ဗလာနယ်မြေရဲ့ ဗဟိုနိယာမ၊ အဲဒါကို တာအိုဖန်တီးရှင်တွေတောင် နားမလည်နိုင်ဘူး၊ သားအဖေပဲ သူ့ကို သတ်နိုင်လိမ့်မယ်”

ရှင်းဟုန်ရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... အရင်တုန်းက ငါ သူ့ကို အခွင့်အရေးပေးခဲ့တာက အဆုံးမဲ့ခေတ်ရဲ့ အန္တရာယ် ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ဝူတောက်ကျန့်ဟာ ခေါင်းခါလိုက်ပါတယ် “အဲဒါက ဘယ်လိုလုပ်ပြီး အစ်မရဲ့ အမှား ဖြစ်နိုင်မှာလဲ၊ အစ်မကြောင့်သာ မဟုတ်ရင် သူ အ‌စောကြီးကတည်းက သေသွားပြီ၊ ပြောရရင် သူက အစ်မကို အမေအဖြစ် အသိအမှတ်ပြုတယ်မလား၊ အစ်မတောင် သူ့ကို မဖျောင်းဖျနိုင်ဘူးလား”

“မဖျောင်းဖျနိုင်ဘူး၊ သူ ငါ့ကို လေးစားပေမဲ့ သူ့ရဲ့ စွဲလမ်းမှုက နက်ရှိုင်းလွန်းတယ်၊ ငါ သူ့ကို မထိန်းချုပ်နိုင်ဘူး” ရှင်းဟုန်ရွှမ်ဟာ ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ်။

အိပ်မက်မယ်တော် ဒဏ္ဍာရီက ဗလာနယ်မြေထဲမှာ ပျံ့နှံ့နေတုန်းပါ။ အခုလက်ရှိ အိပ်မက်မယ်တော်က သက်ရှိအားလုံး အလေးစားဆုံး တည်ရှိမှုတစ်ခုပါ။ သူမက မဟာနတ်မင်းနဲ့ တာအိုဖန်တီးရှင်တွေထက် သက်ဝင်ယုံကြည်သူ ပိုများပါတယ်။

ဟန်ယွင်ကျင်းက မပျော်မရွှင် ပြောလိုက်ပါတယ် “အဲဒီကောင်က ကောင်းကင်တာအိုကို ဖျက်ဆီးပြီး နဂါးမျိုးနွယ်စုကို သတ်ဖြတ်သွားတယ်၊ ကျွန်တော် သူနဲ့ တကယ်ကို တိုက်ချင်တာ၊ ကျွန်တော် စွမ်းအားက မကောင်းလို့ ငြိမ်နေရတာ”

ဟန်ကျွယ်ရဲ့ နှိပ်စက်မှုကို ခံရပြီးကတည်းက ဟန်ယွင်ကျင်းဟာ စွမ်းအားကြီးလာဖို့ ကြိုးစား အားထုတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလောက်နှစ်တွေ ကြာတာတောင် ဟန်ယွင်ကျင်းဟာ မဟာတာအိုပညာရှိချုပ် အဆင့်မှာပဲ ရှိနေပါသေးတယ်။ သူ့ကျင့်ကြံမှုက ထိပ်ဆုံးကို ရောက်သွားသလိုမျိုး ထပ်မတိုးတော့ပါဘူး။

ဟန်ယွင်ကျင်းဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “အဖေ ဘယ်တော့ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာမှာလဲ၊ ဗလာနယ်မြေတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်တော့မှာကို အဖေက အေးဆေး ကျင့်ကြံနိုင်နေသေးတယ်”

ရွှမ်ချင်းကျွင်းဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “ငါတို့အတွက်ပဲ ဝရုန်းသုန်းကား ဖြစ်တာ၊ သူ့မျက်လုံးထဲမှာ ဘာမှ မဟုတ်လောက်ဘူး”

ဟန်ယွင်ကျင်းဟာ ရွှမ်ချင်းကျွင်းရဲ့ စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာကြောင့် ခေါင်းညိတ်လိုက်ပါတယ်။

ဒီအချိန်မှာပဲ သူတို့တွေဟာ ကျယ်ပြောလှတဲ့ ဖိအားတစ်ခုကို ခံစားမိလိုက်တာကြောင့် ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်ပါတယ်။

.....

ဗလာနယ်မြေနက်ထဲမှာ လူနှစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ရောင်ဝါတွေကလည်း အဆုံးစွန်ထိကို ရောက်နေပါတယ်။

တစ်ယောက်ကတော့ လောကဦးနတ်ဘီလူး ဟန်ဟွမ်ပါ။ ဟန်ဟွမ်ဟာ တန်ခိုးစွမ်းအား ကြီးမားလှပြီး တစ်ဖက်လူကို ငုံ့ကြည့်နေပါတယ်။

ဟန်ဟွမ်နဲ့ ရင်ဆိုင်နေတဲ့လူကတော့ ချပ်ဝတ်တန်ဆာနဲ့ ဆံဖြူအမျိုးသားပါ။ ဆံဖြူအမျိုးသားရဲ့ ချပ်ဝတ်ကာ အရိုးတွေမြုပ်နေပြီး သူ့မျက်နှာက နတ်ဆိုးတစ်ကောင်ရဲ့ မျက်နှာလိုပါပဲ။ သူ့ရဲ့ သွေးလို နီရဲတဲ့ရောင်ဝါကလည်း တော်တော်လေးကိုမှ ကြောက်စရာ ကောင်းပါတယ်။

‘တာအိုဖန်တီးရှင်အောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ခဲ့တယ်လို့ မပြောရဘူး၊ တကယ်ကို စွမ်းအားကြီးတာပဲ’ ဧကရာဇ်ချန်နီဟာ ဟန်ဟွမ်ကို မော့ကြည့်ပြီး အရူးပမာ ပြုံးလိုက်ပါတယ်။

ဧကရာဇ်ချန်နီဟာ နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး ညာလက်ကို မြှောက်လိုက်တဲ့အခါ သူ့လက်ထဲမှာ အရိုးဓားတစ်ချောင်း ပေါ်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters