← Chapters

ဇီဝိန်ခြွေ မဟာမူလအရှင်

Vol. 114 Ch. 1191

ဇီဝိန်ခြွေ မဟာမူလအရှင်

Vol. 114 Ch. 1191

ဟန်ကျွယ်ဟာ အခြေခံနိယာမ နယ်မြေမှာ ဆက်ပြီးတော့ ခရီးနှင်ပါတယ်။ ဟန်လျန်ရဲ့ လက်ရှိ အခြေအနေက ထူးခြား အခြေခံနိယာမကြောင့် ဖြစ်သွားတာပါ။ ဟန်ကျွယ်ဟာ ထူးခြား အခြေခံနိယာမကို သုံးသပ်နားလည်ထားတာမလို့ ထူးခြား အခြေခံနိယာမကို ပိုပိုပြီးတော့ နက်နက်နဲနဲ နားလည်လာပါတယ်။

ထူးခြား အခြေခံနိယာမဆိုတာက အခြေခံနိယာမတွေထဲမှာ ထူးချွန်ထက်မြက်တဲ့ နိယာမလို့ ပြောလို့ရပါတယ်။ သူတို့မှာ ဗလာနယ်မြေက မဟုတ်တဲ့ နိယာမဒြပ်စင်တွေ ရှိပါတယ်။

ဟန်ကျွယ်ဟာ ဗလာနယ်မြေကနေ ခုန်ထွက်နိုင်မဲ့ နည်းလမ်းတစ်ခုကို တွေးမိလိုက်ပါတယ်။

ဗလာနယ်မြေက အရာအားလုံး ဖြစ်နိုင်ပါတယ်။ အပြင်ဘက်မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဗလာနယ်မြေက ကျယ်ပြန့်နိုင်ပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်သာ အခြေခံနိယာမ အကုန်လုံးကို ဆုပ်ကိုင်နိုင်ရင် အပြင်ဘက်ကို ဖန်တီးပြီး ဗလာနယ်မြေထဲက ခုန်ထွက်လို့ရပါတယ်။

ဟန်ကျွယ်ဟာ ဦးတည်ရာကို ရှာတွေ့ပြီးနောက် ပိုပြီးတော့ ပြတ်သားလာပါတယ်။

လက်တွေ့လောကကိုတော့ ဟန်ကျွယ်ဟာ လုံးဝ မစိုးရိမ်ပါဘူး။ သူ့တာအိုစက်ကွင်း သုံးခုစလုံးမှာ ကိုယ်ပွားတွေ ရှိပါတယ်။ မူလ ကာလဒေသဆီ ဦးတည်သွားနေတဲ့ ကိုယ်ပွားတွေလည်း အများကြီးပါ။ နောက်ပြီး စိတ်ဆန္ဒအမြောက်အမြားက ဗလာနယ်မြေရဲ့ ထောင့်တိုင်း နေရာတိုင်းမှာ ပြန့်ကျဲနေပါတယ်။

အခုအချိန်မှာ နဝမပဋိပက္ခ တိတ်ဆိတ်ဂိုဏ်းသားတွေကို သတ်ပစ်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ သုံးသပ်နားလည်တာကိုပဲ အာရုံစိုက်ပါတယ်။

ဟန်လျန်ဟာ ဟိုကြည့်ဒီကြည့်နဲ့ ဟန်ကျွယ်နောက်ကို လိုက်ပါတယ်။ ဟန်လျန်ဟာ ဟန်ကျွယ်ကို မနှောင့်ယှက်ရဲပါဘူး။ တဖြည်းဖြည်းနဲ့ ဟန်လျန်ဟာ ဘေးပတ်ဝန်းကျင်က အလင်းရောင်တွေကို စမြင်လာပြီး ဒီအလင်းရောင်တွေကို စုပ်ယူလို့ ရသလိုမျိုး ခံစားလာရပါတယ်။

.....

သာလွန်နတ်ခန်းမ။

တာအိုဖန်တီးရှင်တွေဟာ ဟင်းလင်းပြင်မှာ ပေါလောမျောနေတဲ့ ဆံဖြူအမျိုးသားကို ဒေါသတကြီး ကြည့်နေပါတယ်။ ဆံဖြူအမျိုးသားရဲ့ နောက်မှာ နတ်ဆိုးရုပ်တု သုံးခု ရှိနေပါတယ်။ သေချာကြည့်ရင် ဒီနတ်ဆိုးရုပ်တုသုံးခုက လောကဦးနတ်ဘီလူး သုံးပါးနဲ့ ဆင်တူသလို ရှိပေမဲ့ မတူကွဲပြားနေပါတယ်။

ဒီဆံဖြူအမျိုးသားက ဟန်ကျွယ်နဲ့ နဝမပဋိပက္ခ ခန့်မှန်းထားတဲ့လူပါ။

ဖန်တီးရှင်က နှစ်ဆယ်ဘီလီယံချီအောင် ပုန်းအောင်းသွားပြီး အဆုံးမဲ့ခေတ်က အလွန်တရာမှ စည်ကားသိုက်မြိုက်လာပါတယ်။ ပါရမီရှင်တွေကလည်း နှစ်ဆယ်သန်းတိုင်း အများကြီး ပေါ်လာပါတယ်။

အဲဒါကြောင့် တာအိုဖန်တီးရှင်တွေဟာ ဆံဖြူအမျိုးသားက ဘယ်လိုနည်းနဲ့ စွမ်းအားကြီးလာလဲဆိုတာကို သတိမထားမိကြပါဘူး။ သူတို့တွေ ဆံဖြူအမျိုးသားရဲ့ ခြိမ်းခြောက်မှုကို သတိထားမိတဲ့အခါမှာတော့ တော်တော် နောက်ကျသွားပါပြီ။

ဆယ်ဘီလီယံအတွင်းမှာပဲ ဆံဖြူအမျိုးသားဟာ တာအိုဖန်တီးရှင် ဖြစ်လာပြီး သူ့ကိုယ်သူ ဇီဝိန်ခြွေ မဟာမူလအရှင်လို့ ခေါ်ပါတယ်။

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ တာအိုဖန်တီးရှင် ဖြစ်မလာခင်တုန်းက သိမ်မွေ့ညင်သာပါတယ်။ ဒီလို မဟုတ်ပါဘူး။ တာအိုဖန်တီးရှင် ဖြစ်လာပြီးမှ လောကဦးနတ်ဘီလူးသုံးပါးကို ပစ်မှတ်ထားလာပါတယ်။ အကြောင်းရင်းကတော့ သူ့အရည်အချင်းတိုးအောင် လောကဦးနတ်ဘီလူး သုံးပါးကို စုပ်ယူချင်တာပါ။

နောက်ဆုံးမှာတော့ ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ ဒီလိုမျိုး နတ်ဆိုးနဲ့တူတဲ့လူ ဖြစ်လာပါတယ်။ သူ့မှာ တာအိုဖန်တီးရှင်ရဲ့ မြင့်မြတ်တဲ့ရောင်ဝါ တစ်စက်မှကို မရှိပါဘူး။

“မင်းတို့က တကယ်တုံးတာပဲ၊ သာလွန်နတ်ခန်းမရဲ့ အထက်မှာ နောက်ထပ်ကမ္ဘာတစ်ခု ကွယ်ဝှက်နေတာကို မသိဘူးမလား”

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ တာအိုဖန်တီးရှင်တွေကို ငုံ့ကြည့်ပြီး အထင်အမြင်သေးစွာ ပြောလိုက်ပါတယ်။ သူတို့တွေဟာ အခုလေးတင်မှ အပြင်းအထန် တိုက်ခိုက်ထားတာပါ။ တာအိုဖန်တီးရှင်တွေ အကုန်လုံး ပူးပေါင်းတာတောင် ဇီဝိန်ခြွေ မဟာမူလအရှင်ကို မယှဉ်နိုင်ပါဘူး။

လောကဦးနတ်ဘီလူးသုံးပါးနဲ့ ပေါင်းစပ်ပြီးနောက် ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ တော်တော်ကို စွမ်းအားကြီးလာပါတယ်။

နဝမပဋိပက္ခက အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “ငါ မင်းကို နောက်ပြန်လှည့်ဖို့ အကြံပေးချင်တယ်၊ မင်း ဟန်ဟွမ်ကို ဝါးမျိုထားတာ၊ ဖန်တီးရှင်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”

ဟန်ထော်၊ ဟန်လင်၊ လီယောင်နဲ့ တိတ်ဆိတ်ဂိုဏ်းက တခြား တာအိုဖန်တီးရှင်တွေဟာ ဇီဝိန်ခြွေ မဟာမူလအရှင်ကို သတ်ဖြတ်ငွေ့နဲ့ ကြည့်လိုက်ပါတယ်။ သူတို့တွေ ဒီလိုမျိုး ကူကယ်ရာမဲ့တာကို မခံစားရတာ အတော် ကြာခဲ့ပါပြီ။

“ဟွန်း... ဖန်တီးရှင် ဟုတ်လား... ငါ မွေးကတည်းက သူ့ကို တစ်ခါမှ မမြင်ဖူးဘူး၊ သူ တကယ်ရော တည်ရှိရဲ့လား”

ဇီဝိန်ခြွေ မဟာမူလအရှင် လက်ဝှေ့ယမ်းလိုက်တဲ့အခခါ သာလွန်နတ်ခန်းမထက်မှာ ခရမ်းရောင်ချီအလွှာတစ်ခု ပေါ်လာပြီး ဗလာနယ်မြေတစ်ခုစလုံးကို နှစ်ပိုင်း ပိုင်းလိုက်ပါတယ်။

ယင်ယန်ချွမ်တုနတ်မင်းဟာ မန္တန်တစ်ခု ထုတ်သုံးလိုက်ပါတယ်။ ကြောက်မက်ဖွယ် ဓမ္မစွမ်းအား ပေါက်ကွဲထွက်လာပေမဲ့ ခရမ်းရောင်ချီအလွှာကိုတောင် လှုပ်တောင် မလှုပ်စေပါဘူး။

တခြား တာအိုဖန်တီးရှင်တွေလည်း တစ်ပါးပြီးတစ်ပါး တိုက်ခိုက်ကြပါတယ်။ ခရမ်းရောင်ချီအလွှာမှာ အလင်းရောင်ကွင်း အမြောက်အမြား ထွက်ပေါ်လာပါတယ်။ ပင်လယ်ထဲကို မိုးသဲကြီးမဲကြီး ရွာချနေသလိုပါပဲ။ ဒါပေမဲ့ သူတို့တွေ ဘယ်လိုပဲ တိုက်ခိုက် တိုက်ခိုက် ခရမ်းရောင်ချီအလွှာကို မထိုးဖောက်နိုင်ပါဘူး။

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ အပေါ်ကို မော့ကြည့်ပြီး အာကာသကို ဆုတ်ဖြဲကာ လှမ်းဝင်လိုက်ပါတယ်။ အဲဒီနောက် အာကာသ အက်ကြောင်းဟာ ကျုံ့ဝင်သွားပါတယ်။

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ ဧရာမကမ္ဘာကြီး တစ်ကမ္ဘာမှာ ပေါ်လာပါတယ်။ ကောင်းကင်ပြင်က ပြာလဲ့ပြီး မြေပြင်ကတော့ သေမျိုးကမ္ဘာလို မို့မောက်နိမ့်ဝှမ်းနေပါတယ်။ တောတောင် မြစ်ချောင်းတွေဟာ ပန်းချီကားတစ်ချပ်လို ရှုမငြီးအောင် လှပနေပါတယ်။

ဒါပေမဲ့ ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ အလှအပကို မခံစားနိုင်ဘဲ မျက်မှောင်ကြုတ်သွားပါတယ်။

‘ငါ ဘာဖြစ်လို့ နိယာမရောင်ဝါကို အာရုံမခံမိတာလဲ’

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ အံ့အားသင့်သွားပါတယ်။ ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ ဒီကမ္ဘာမြင့်မှာ ဧရာမအခွင့်အရေးတစ်ကြီးတစ်ခု ဝှက်ထားလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ သူ ဒီကမ္ဘာကို ရှာဖွေနေတာကလည်း ဆယ်ဘီလီယံ ရှိပြီမလို့ ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ လက်ဗလာနဲ့ ပြန်မသွားချင်ပါဘူး။

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ ဒီကမ္ဘာကို စပြီးတော့ ရှာဖွေပါတယ်။

မကြာခင်မှာပဲ ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ ကျောက်ရုပ်တစ်ခုရှေ့ကို ရောက်သွားပါတယ်။ ဒီကျောက်ရုပ်တုက ဟန်ကျွယ်ရဲ့ အသွင်အပြင်ကို ပုံတူယူထားတာပါ။ ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ မျက်မှောင်ကြုတ်သွားပြီး ကျောက်ရုပ်တုကို လှမ်းထိလိုက်ပါတယ်။

ချက်ချင်းဆိုသလို အရိပ်တစ်ရိပ် ပေါ်လာပါတယ်။ ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒ တစ်စွန်းတစ်စပါ။

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ အရိပ်တစ်ရိပ် ရုတ်တရက်ပေါ်လာလို့ နောက်မဆုတ်ဘဲ မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”

ဟန်ကျွယ်က အပြုံးနဲ့ ပြန်မေးပါတယ် “ငါ ဘယ်သူလို့ မင်းထင်လဲ”

“ဗလာနယ်မြေမှာ တာအိုဖန်တီးရှင်တွေအထက် ရှိတဲ့လူက ဒဏ္ဍာရီထဲက ဖန်တီးရှင်ပဲ၊ အဲဒီဖန်တီးရှင်က ခင်ဗျားလား”

“အင်း...”

“ကောင်းတယ်”

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ ပြုံးပြီး လက်မြှောက်ကာ အရိပ်ကို ဖမ်းလိုက်ပါတယ်။ ဒါပေမဲ့ သူ့လက်ဟာ ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒကို ဖောက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒက ထိတွေ့ကိုယ်တွယ်လို့ မရတဲ့ တကယ့် အရိပ်တစ်ခုလိုပါပဲ။

ဟန်ကျွယ်ဟာ ပြုံးပြီး ဇီဝိန်ခြွေ မဟာမူလအရှင်ကို ကြည့်လိုက်ပါတယ်။

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ ညာလက်ကို လှုပ်ရှားပြီး လက်ဖဝါးပေါ်မှာ ကျိန်စာတံဆိပ်ကို ထုတ်ဖော်လိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီကျိန်စာတံဆိပ်ကို အရိပ်ကို ဖောက်ထွက်သွားပါတယ်။ ဟန်ကျွယ်ကို ဘာမှ မလုပ်နိုင်ပါဘူး။

“ဟွန်း... ကြည့်ရတာ ဖန်တီးရှင်က ဂုဏ်သတင်းနဲ့ ထိုက်တန်တာပဲ” ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ အကြံမအောင်ပေမဲ့ နောက်မဆုတ်ဘဲ ဟန်ကျွယ်ကို ဆက်ပြီးတော့ စိုက်ကြည့်ပါတယ်။

“မင်းက ငါ့စွမ်းအားကို စုပ်ယူချင်တာလား”

“ဟုတ်တယ်၊ ခင်ဗျားစွမ်းအား ကျုပ်ကို ပေးစမ်းပါ၊ ဒီဗလာနယ်မြေက မပြောင်းလဲတာ အတော်ကြာသွားပြီ၊ ပြောင်းလဲဖို့ အချိန်တန်ပြီ၊ ခင်ဗျား လမ်းညွှန်တဲ့ ဗလာနယ်မြေက အရင်တုန်းကနဲ့ ဘာမှမကွာဘူး၊ ခင်ဗျားက မဟာတာအိုကမ္ဘာ အရေအတွက်ကို တိုးတက်စေတဲ့ အကျိုးဆောင်မှု ရှိပေမဲ့ ဗလာနယ်မြေရဲ့ အနှစ်သာရကို ဘာမှ မသက်ရောက်စေဘူး၊ ကျုပ် ဗလာနယ်မြေရဲ့ နိယာမတွေကို သုံးသပ်နားလည်ပြီး ဘယ်လို ပြောင်းလဲရမလဲဆိုတာ တွေးပြီးပြီ၊ ကျုပ် မဟာဖန်တီးမှုကြီးကို အကောင်အထည်ဖော်မယ်”

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းက ဘယ်လို‌ ပြောင်းလဲချင်တာလဲ”

“အကန့်အသတ်ရှိတဲ့ ကမ္ဘာကို ဖန်တီးမယ်၊ အနန္တကမ္ဘာက မျှော်လင့်ချက်ရှိတယ်လို့ ထင်ရပေမဲ့ အဓိပ္ပာယ်မရှိဘူး၊ အမျိုးအမည် မသိတာကို စူးစမ်းရှာဖွေဖို့ ကျင့်ကြံတာကိုက မှားတာ၊ ကျင့်ကြံမှုမရှိတဲ့ကမ္ဘာက တကယ့် သုခဘုံပဲ၊ သက်ရှိအားလုံး တန်းတူညီမျှ ရှိလိမ့်မယ်၊ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် မသတ်သလို တစ်ယောက်ကို တစ်ယောက်လည်း အနိုင်ကျင့်မှာ မဟုတ်ဘူး၊ သူတို့တွေ လုပ်ချင်တာ ဘာမဆိုလုပ်လို့ ရတယ်၊ အကန့်အသတ်မရှိဘူး၊ သေခြင်လည်း မရှိသလို ရှင်ခြင်းလည်း ရှိမှာ မဟုတ်ဘူး၊ နာကျင်မှုလည်း ရှိမှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “အဲဒါဆို မင်းဘာဖြစ်လို့ လောကဦး နတ်ဘီလူး သုံးပါးကို ဝါးမျိုလိုက်တာလဲ”

“ဘာဖြစ်လို့လဲဆိုတော့ ဒီလမ်းကြောင်းမှာ စတေးမှုတွေ ရှိမှာမလို့ပဲ၊ ဒီလမ်းကိုလျှောက်ဖို့ ကျုပ်ရဲ့ အရည်အချင်းက လောကဦးနတ်ဘီလူးနဲ့ တာအိုဖန်တီးရှင်တွေထက် ကျော်လွန်ဖို့လိုတယ်၊ ကျုပ် ခင်ဗျားကို စုပ်ယူလိုက်ရင် အဆင့် ထပ်ထိုးဖောက်နိုင်ပြီး ကျုပ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပြီ၊ အဲဒီအချိန်ကျရင် ခင်ဗျားနဲ့ လောကဦးနတ်ဘီလူးတွေ ကျုပ်သတ်ထားတဲ့ သက်ရှိတွေကို အသက်ပြန်ရှင်ခွင့်ပေးမယ်”

ဇီဝိန်ခြွေ မဟာမူလအရှင်က အလေးအနက် ပြောလိုက်ပါတယ်။ သူ့စကားက သူ ဘယ်လောက်ရူးလဲဆိုတာကို ပြောပြနေပါတယ်။

ဟန်ကျွယ်ဟာ ဇီဝိန်ခြွေ မဟာမူလအရှင်ကို သေချာလေး စိုက်ကြည့်လိုက်ပါတယ်။ ဇီဝိန်ခြွေ မဟာမူလအရှင်ကလည်း သူ့ကို တည်တည်ငြိမ်ငြိမ် ပြန်ကြည့်ပါတယ်။

တစ်ခဏ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်က ရုတ်တရက် မေးလိုက်ပါတယ် “မင်း သေရမှာ ကြောက်လား”

ဟန်ကျွယ်ရဲ့ မေးခွန်းက ဇီဝိန်ခြွေ မဟာမူလအရှင်ကို မှင်တက်သွားစေပါတယ်။ ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ မျက်မှောင်ကြုတ်သွားပြီး ပြန်မေးပါတယ် “ခင်ဗျားစကားက ဘာကို ဆိုလိုတာလဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းက သက်ရှိ မဟုတ်ဘူး၊ မင်းက သက်ရှိအားလုံးကနေ မွေးဖွားလာတာ မဟုတ်လား၊ ငါ မင်းကို ဗလာနယ်မြေလို့ ခေါ်သင့်တယ်”

ဒီအခါမှာတော့ ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ ရုတ်တရက် ‌နောက်ဆုတ်သွားပြီး ပထမဆုံးအကြိမ် ထိတ်လန့်တကြား ဖြစ်သွားပါတယ်။ ဇီဝိန်ခြွေ မဟာမူလအရှင်ကို ဟန်ကျွယ်ကို ဆက်ပြီးတော့ စိုက်ကြည့်နေဆဲပါ။

ဟန်ကျွယ် “အန္တိမမူလကမ္ဘာက သက်ရှိတွေကို ဝါးမျိုပြီး ဗလာနယ်မြေကို ဝါးမျိုမှာစိုးလို့ မင်း မွေးဖွားလာတာမလား၊ ဒါပေမဲ့ မင်းရဲ့စွမ်းအားကို အခြေခံနိယာမက ကန့်သတ်ထားလို့ စိတ်ဆန္ဒနဲ့ပဲ လူဝင်စားလို့ရတယ်၊ ငါ နှစ်ဆယ်ဘီလီယံချီ ပျောက်သွားမှ မင်း အခွင့်အရေး ရလာခဲ့တာမလား”

ဇီဝိန်ခြွေ မဟာမူလအရှင်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ် “မင်းက ဗလာနယ်မြေမှာ မွေးဖွားပြီး ဗလာနယ်မြေကို ဝါးမျိုချင်တယ်၊ မင်းကိုယ်မင်း မှားတယ်လို့ မထင်ဘူးလား၊ မင်းက ပြိုင်ဘက်ကင်းနေပြီ၊ အထွတ်အထိပ် အာဏာရှင် ဖြစ်နေပြီ၊ ဘာဖြစ်လို့ ရှေ့ကို ဆက်တက်ချင်ရသေးတာလဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါလည်း မင်းလိုပဲ သေရမှာ ကြောက်တယ်၊ ဒီဗလာနယ်မြေက ငါ့ကို ဝါးမျိုသွားမှာ ကြောက်တယ်၊ အရင်တုန်းက လောကဦးနတ်ဘီလူးနဲ့ နဝမပဋိပက္ခလိုမျိုးပေါ့၊ ငါ စွမ်းအားကြီးလာပေမဲ့ ဗလာနယ်မြေကလည်း စွမ်းအားကြီးလာတာပဲ မဟုတ်ဘူးလား၊ သက်ရှိအားလုံးက မင်းမျက်လုံးထဲမှာ နယ်ရုပ်ပဲမလား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters