ပြိုင်ပွဲ
Vol. 61 Ch. 421.4
“ဝူးဝူး!”
ကျားဖြူလေးသည် ရုတ်တရက် နှစ်ကြိမ်ဆက်တိုက် ဟောက်လိုက်သည်။
ဆိုင်သေးသေးလေးထဲက လူတိုင်းဟာ သခင်မလေးယွမ်ကို စွဲလမ်းနေမှုကနေ ရုတ်တရက် လန့်နိုးလာကြပါ၏။ လူတိုင်းသည် အစွဲအလမ်း မရှိကြတော့ဘဲ သခင်မလေးယွမ်အား ကြောက်ရွံ့မှု အနည်းနှင့် အများဖြင့် ကြည့်နေကြသည်။
သခင်မလေးယွမ်သည် ကျားဖြူဖြူလေးအား အံ့သြစွာ ကြည့်ရင်း ရုတ်တရက် ပါးစပ်အဟောင်းသားဖြင့် မျက်လုံးများလည်း ကျဉ်းမြောင်းသွားသည်။ သူမက အသံကျယ်ကျယ်နဲ့ ပြောလိုက်၏။
"ဒါက တကယ်ကို အကျင့်စာရိတ္တ ကောင်းပြီး ထက်မြက်လွန်းတာပဲ.... နင်တို့နှစ်ယောက် လေလံဆွဲလိုက် ငါဝယ်ချင်မယ်"
အောင်ရှင်း ချက်ချင်းပင် ဒေါသထွက်သွားသည်။ ရှောင်ပိုင်သည် ကျားဖြူသွေးနွယ် ဖြစ်ပြီး သူမသည် စိမ်းပြာနဂါးရဲ့ သွေးနွယ်ဝင် ဖြစ်သည်။ သူတို့ဟာ မျိုးနွယ်တူ မဟုတ်သော်လည်း ညီအစ်မများ ဖြစ်နေပြီ။ ထို့အပြင် သူတို့သည် ဒဏ္ဍာရီလာ နဂါးနှင့် ကျားမျိုးနွယ်များ ဖြစ်နေဆဲ ဖြစ်တာကြောင့် ၎င်းတို့၏ အသွေးအသားသည် လူသားမျိုးနွယ်ထက် များစွာ သာလွန်ကောင်းမွန်ပါ၏။
ဒီကလေးမလေးက သူတို့ကို ဘာမှ နားမလည်တဲ့ သားရဲတွေလို့ ထင်နေတာလား?
"ငါလည်း နင့်ကိုစျေးတစ်ခု ပေးလိုက်ပါမယ်... နင်ဘယ်လောက်တန်လဲ ပြောကြည့်... ရှောင်ပိုင် အတွက် အိမ်အကူတစ်ယောက် ဝယ်ဖို့ လိုနေတာ အတော်ပဲ"
အောင်ရှင်းကလည်း ခနဲ့သံဖြင့် အော်လိုက်သည်။
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် သခင်မလေးယွမ်သည် ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့်လိုက်ကာ
"နင်ဘာပြောလိုက်တယ်?!"
"ငါပြောတာက နင်ဘယ်လောက် တန်ဖိုးရှိလဲလို့? သိပ်မများဘူး ထင်တယ်နော် ငါဝယ်မယ်!!"
အောင်ရှင်းမှ အပြိုင်အဆိုင် အသံနဲ့ ပြန်အော်သည်။ တခြားဘာကိုမှ ဂရုမစိုက်ပေမယ့် ဒီအခြေအနေ ရောက်လာတဲ့ အခါမှာတော့ သူမဟာ ပျော့ညံ့မှု မရှိတော့ပါဘူး။
နတ်သမီးကျင်းဟုန်သည် အောင်ရှင်း ဘာလို့ဒီလောက် ဒေါသထွက်နေမှန်း မသိသော်လည်း အောင်ရှင်းက သူမရဲ့ညီမဖြစ်ပြီး ယခင်က အဖြစ်အပျက်ကြောင့် အောင်ရှင်း အတွက် အပြစ်ရှိစိတ် အပြည့်ရှိနေဆဲပင်။
သူမကလည်း မတ်တပ်ထရပ်ပြီး
"သူပြောတဲ့ အတိုင်းပဲ... မင်းဘယ်လောက်တန်လဲ ငါဝယ်မယ်"
လုရွှမ် ရွှင်မြူးစွာ ကြည့်နေသော်လည်း အလွန်ဒေါသ မထွက်လာသေးချေ။
ရိုးသားသူ တစ်ယောက် ဟာသလုပ်တဲ့အခါ ရယ်စရာ ကောင်းပေမယ့် နတ်သမီးကျင်းဟုန်ရဲ့ စကားတွေက မီးထဲကို လောင်စာ ထပ်ထည့်လိုက်တာနဲ့ တူပါ၏။ ဒါပေမယ့် သူမရဲ့ လေးနက်တဲ့ အကြည့်က သခင်မလေးယွမ်ကို ဒေါသ အရမ်းထွက်သွားစေသည်။
ဒါသူမကို လုံးဝ အရှက်ခွဲလိုက်တာပဲ!
"ဟမ့် နင်တို့နှစ်ယောက်က တော်တော်လေး သတ္တိရှိသားပဲ... နင်ကငါ့ကို ဝယ်ချင်တာလား? ဟမ့် ဒါဆိုလည်း အလောင်းအစား လုပ်ကြည့်ရအောင်... ငါနိုင်ရင် အဲဒီသားရဲကို ငါပိုင်တယ်.... ငါရှုံးရင်တော့ နင်တို့ လုပ်ချင်တာကို လုပ်ခွင့်ပေးမယ်"
လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သူတို့က သခင်မလေးယွမ်နဲ့ အရမ်း ရင်းနှီးတာကြောင့် သူမ ဒီဆိုင်ကို မကြာခဏ လာတတ်တာကို သိကြသည်။ သူမက ဒေါသကြီးပြီး သူမဒေါသကို ဘယ်သူမှ မခံနိုင်ပေ။ မထင်မှတ်ဘဲ ဒီနေ့ စိတ်ငြိမ်သွားပြီး အလောင်းအစား လုပ်ဖို့တောင့ ဆုံးဖြတ်လိုက်သည်။
သူမက တစ်ဖက်က သားရဲကို အရယူဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာ သိသာပါ၏။
သူတို့မျက်လုံးတွေက နတ်သမီးကျင်းဟုန်နဲ့ အောင်ရှင်းကို ကြည့်ပြီး အပြင်လူ နှစ်ယောက် အလှည့်စား ခံနေရတာကို မြင်ရတော့ ဝမ်းသာသွားကြသည်။
အောင်ရှင်းက အသည်းအသန် ပြန်လည် အော်ဟစ်လိုက်ပြီး စိန်ခေါ်မှုကို ပြတ်ပြတ်သားသားပဲ လက်ခံလိုက်သည်။
"ကောင်းပြီ မင်း ဘာလောင်းအစား လုပ်ချင်တာလဲ? ဟေး ငါ့ညီမအတွက်များ အိမ်အကူ ဖြစ်ချင်နေတာလား?"
ကျားဖြူလေးသည် နှစ်ကြိမ် ညည်းတွားပြီး သူ့အသံမှာလည်း မကျေမနပ် ဖြစ်နေပုံရသည်။
သခင်မလေးယွမ်က ပြုံးပြီး ဂုဏ်ယူစွာနဲ့
"နင့်မှာ ဘာလောင်းကြေးရှိလဲ ဟုတ်ပြီ... အလောင်းအစား သုံးမျိုး လုပ်မယ်။ ပထမက မေးခွန်းထုတ်မယ်.... ဒုတိယက မင်းမေးခွန်းထုတိ... တတိယကတော့ ဒီမှာရှိတဲ့သူ အားလုံး မေးခွန်းထုတ်ပေါ့"
အောင်ရှင်းရဲ့ စိတ်သည် လျင်မြန်စွာ လှုပ်ရှားသွားပြီး သခင်မလေးယွမ်ရဲ့ ချပ်ဝတ်တန်ဆာကို စိုက်ကြည့်ရင်း ပြန်ဖြေလိုက်ပါ၏။
"ကောင်းပြီ ဘယ်သူက ကြောက်နေလို့လဲ? နင့်လောက်ကတော့ ငါ့ညီမ ရှောင်ပိုင်ရဲ့ နောက်မှာ ရှိနေသေးတယ် ဆိုတာကို သိစေချင်တယ်"
သခင်မလေးယွမ်ကလည်း အကျယ်ကြီး ရယ်မောပြီး
"ဘာတွေ ကြွားလုံးထုတ်နေတာလဲ? နင့်ညီမကို ငါ့ဆီ ဆုံးရှုံးသွားတဲ့အခါကျမှ ဟီးဟီး... အစ်မဖြစ်တဲ့ နင်လည်း လာနိုင်တယ်နော်"
"အပိုစကားတွေ ရပ်ပြီး မေးခွန်းထုတ်စမ်းပါ!"
နတ်သမီးကျင်းဟုန်က လုရွှမ်အား စိုးရိမ်ပူပန်မှုများဖြင့် ကြည့်လိုက်သည်။ သူမနောက်ဆုံးအကြိမ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်တွေးရင်းပို၍ ဉာဏ်ကောင်းအောင် ကြည့်ခဲ့ပါသည်။ သူမပတ်ဝန်းကျင်ရှိ လူတိုင်းရဲ့ ရယ်စရာကောင်းသော အမူအရာကို ကြည့်ရင်း သူမသည် ရုတ်တရက် အရူးလုပ် ခံလိုက်ရသလို ခံစားလိုက်ရသည်။
"စိတ်မပူပါနဲ့ အောင်ရှင်းက ငတုံး မဟုတ်ပါဘူး.... နောက်ပြီး ငါဒီမှာ ရှိနေတုန်းပဲလေ... ဒီကလေးမ ဘယ်လို အရည်အချင်းတွေ ရှိလဲ ငါကြည့်ချင်သေးတယ်"
နတ်သမီးကျင်းဟုန်လည်း စိတ်သက်သာရာ ရသွားကာ နှစ်ယောက်ကြားက ပြိုင်ဆိုင်မှုကို ကြည့်လိုက်သည်။
“ပထမဆုံး ပြိုင်ပွဲက ဘယ်သူက ပိုချစ်စရာကောင်းလဲ ဆိုတာ ကြည့်ကြမယ်... ဟီးဟီး”
သူမက ဂုဏ်ယူစွာ ရယ်မောလိုက်သည်။
အောင်ရှင်း အံ့ဩသွားသည်။ ဒါက ဘယ်လို ပြိုင်ပွဲကြီးလဲ။
ရောက်လာသူ အားလုံးလည်း ပျော်ရွှင်နေကြပါ၏။ သခင်မလေးယွမ် မကြာသေးမီက ရရှိခဲ့သော နှင်းဆီချပ်ဝတ်တန်ဆာ ဂါဝန်က ဘယ်လောက် လှပပြီး ကျက်သရေ ရှိနေလဲဆိုတာ ဘယ်သူကများ မသိလို့လဲ။
"ကောင်းပြီ ငါရှုံးတယ်... နောက်ပြိုင်ပွဲက မေးခွန်းထုတ်ရမယ့် အလှည့်ပဲ မဟုတ်လား?"
"လာပါ!"
ပြိုင်ပွဲတစ်ခု အနိုင်ရပြီးနောက် သခင်မလေးယွမ်မှာ အလွန် ဂုဏ်ယူနေခဲ့သည်။ အောင်ရှင်းလည်း ဝမ်းသာအားရနဲ့
"ဒုတိယပြိုင်ပွဲ အတွက် ငါနင့်ကို အနိုင်ကျင့်တယ်လို့ ပြောနေစရာ မလိုပါဘူး ဟုတ်တယ်မလား? ဘယ်သူရဲ့ ကာကွယ်မှု စွမ်းအားက ပိုအားကောင်းလဲ ယှဉ်ပြိုင်ရုံပဲ"
ထိုစကားများ ထွက်လာသည်နှင့် လူတိုင်း မပြောနဲ့ သခင်မလေးယွမ် တောင်မှ အံ့အားသင့်သွားသည်။ သူမက အောင်ရှင်းကို မယုံနိုင်စွာ ကြည့်နေသည်။ သူမက ချပ်ဝတ်တန်ဆာ ဝတ်ထားတယ်လေ။ သူ့ကို ဘယ်လောက် အကာအကွယ် ပေးထားလဲ ကြည့်ရုံနဲ့တောင် သိနိုင်တာကို ဦးနှောက်များ မရှိတော့တာလား။
"ဘယ်လို ယှဥ်ပြိုင်မှာလဲ"
"ရှင်းပါတယ်... ငါနင့်ကိုထိုးပြီး နင်ငါ့ကိုထိုးလိုက်...ဒီလောက်ဆို ဘယ်သူက ပိုကြံ့ခိုင်တယ်ဆိုတာ သဘာဝကျကျ ပြောပြနိုင်ပါတယ်"
လုရွှမ်ကတော့ သူ့စိတ်ထဲ ကြည်နူးနေမိသည်။ ဒီအောင်ရှင်းမှာ တစ်ဖက်လူရဲ့ နှင်းဆီ ချပ်ဝတ်တန်ဆာကို မကြိုက်ကြောင်း သိသာထင်ရှားပြီး သူမရဲ့ ချပ်ဝတ်တန်ဆာကို ဖျက်ဆီးပစ်ချင်နေတာပဲ ဖြစ်လေသည်။
သို့သော် ဒါက ကျားဖြူငယ်ရဲ့ အကြံအစည် ဖြစ်ကြောင်း ၊ ဒါကိုသူမ အမှန်တကယ် လိုချင်ကြောင်း လုရွှမ် သဘာဝကျကျ ညွှန်ပြလိမ့်မည် မဟုတ်ပေ။ မောက်မာခြင်းကလည်း မမှားပေ။
အောင်ရှင်းက အလယ်မှာ ပေါ့ပေါ့ဆဆ ရပ်နေပြီး
"ကောင်းပြီ နင့်ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်နဲ့ ငါ့ကို ရိုက်နိုင်တယ်!"
"သနားမယ်လို့ မထင်နဲ့နော်... ထောင့်နားမှာ အဂ္ဂိရတ်ဆေး တစ်ခုရှိတယ်.... နင်မသေရင် ငါနင့်ကို ကုသပြီး ငါ့လက်အောက်မှာ သိမ်းထားပါ့မယ်"
"စကားအရမ်းများတယ်"
သခင်မလေးယွမ်ရဲ့ မျက်နှာလည်း မည်းမှောင်သွားပြီး
"ကောင်းပြီ... နင်ကိုယ်တိုင် သေမင်းကို ရှာနေမှတော့"
သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကောင်းကင်ပေါ်သို့ ခုန်တက်သွားကာ လေထုအလယ်တွင် လေးကြိမ်ဆက်တိုက် လှည့်လိုက်သည်။ သူမပုံရိပ်က လပေါ်မှာ လမ်းလျှောက်နေသလိုပဲ။ နေ့ခင်းဘက်တွင် ရှင်းရှင်းလင်းလင်းဖြစ်နေသော်လည်း ကောင်းကင်က မှောင်မိုက်လာပြီး သခင်မလေးယွမ်ရဲ့ ခြေရင်းမှာပဲ အလင်းတန်းတွေ ထွက်ပေါ်လာ၏။
"ကောင်းကင်နဂါး ခြေလှမ်းရှစ်လှမ်း!"
တစ်ကြိမ်လျှင် ခြေတစ်လှမ်း၊ ရှစ်လှမ်း တိတိ လှမ်းပြီးနောက် သခင်မလေး ယွမ်သည် အောင်ရှင်းအနား ရောက်လာပြီး မိုးခြိမ်းသံကဲ့သို့ မြန်သော လက်ဖဝါးဖြင့် အောင်ရှင်းရဲ့ ရင်ဘတ်ကို တိုက်ခိုက်လိုက်သည်။
လှိုင်းလုံးများကဲ့သို့ စီးဆင်းနေသော ရေလှိုင်းတွေဟာ တောက်ပနေသော ရေအစီအရင်အဖြစ် ညင်သာစွာ ရွေ့လျားသွားသည်။
အလွန် အစွမ်းထက်သော အင်အားတစ်ခုက အောင်ရှင်းရဲ့ ခန္ဓာကိုယ်ကို တိုက်ခိုက်လာသော လက်ဝါးချက်ကို ကာကွယ်ထားလိုက်ရာ ယားယံသလောက်သာ ဖြစ်ကာ တခြား သက်ရောက်မှု လုံးဝ မရှိလာပေ။
သခင်မလေးယွမ်လဘ်း သူမ မျက်နှာပေါ်တွင် ခါးသီးသော အကြည့်ဖြင့် ကြည့်နေ၏။ သူမ၏မျက်ခုံးများက မယုံနိုင်စွာ တွန့်ချိုးနေသည်။
အောင်ရှင်းရဲ့ မျက်နှာငယ်လေးက အနည်းငယ်မှိန်းနေရုံပင်။ ကောင်းကင်နဂါး ခြေလှမ်း၈လှမ်း။ နဂါးရဲ့ တိုက်ခိုက်နည်းကို အမှန်တကယ် သူမအပေါ် အသုံးပြုခဲ့တာကြောင့် အောင်ရှင်း ခါးသက်သက် ပြုံးကာ ဒေါသအနည်းငယ် ထွက်သွားသည်။ သူမ ဒီလိုသိုင်းကွက်မျိုးကို မသိခဲ့သောကြောင့်လည်း ဖြစ်၏။
ဤသည်မှာ ကောင်းကင်နဂါးရဲ့ ကိုယ်ဟန်အနေအထားကို အတုယူထားသည့် လူသား ကျင့်ကြံသူများ ဖန်တီးထားသော ခြေရာလက်ရာတစ်ခုသာ ဖြစ်သည်။
အောင်ရှင်း လုရွှမ်ကို ကြည့်လိုက်ရာ လုရွှမ်ရဲ့ မျက်လုံးများ ခဏတာလောက်အထိ တောက်ပနေတာကို တွေ့လိုက်ရသည်။ ဒီသိုင်းကွက်က အရမ်း အစွမ်းထက်သည်။ ယခင် တိုက်ခိုက်မှုက သခင်မလေးယွမ်ရဲ့ လက်ဖဝါးခွန်အားကို တခဏအတွင်း သုံးဆကျော်အထိ တိုးမြင့်လာစေခဲ့သည်။
နောက်တစ်ခုက သူမ ကျွမ်းကျင်မှု မရှိသေးကြောင်း ရှုမြင်နိုင်သည်။ သို့မဟုတ်ပါက တိုးတက်မှုက ပိုမိုမြင့်မားလာမှာပဲ ဖြစ်သည်။
"ငါ့အလှည့်လား" အောင်ရှင်း အော်လိုက်၏။
သခင်မလေးယွမ်က ခေါင်းညိတ်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
"လာပါ!"
အောင်ရှင်းက တခစ်ခစ် ရယ်လိုက်ပြီး သခင်မလေးယွမ်ကို လက်သီးနဲ့ ထိုးလိုက်သည်။ လုရွှမ်သာ သူမလက်ထဲတွင် ရေဒြပ်စင် နတ်ပုတီးစေ့ကို တိတ်တဆိတ် ကိုင်ထားတာကို မြင်လိုက်ရလေသည်။
သခင်မလေးယွမ်ကတော့ သူမရဲ့ ကံဆိုးမှုနဲ့ ထိုက်တန်တယ်လို့ သူထင်သည်။ လက်သီးထိုးပြီးနောက် သခင်မလေးယွမ်ရဲ့ ခန္ဓာကိုယ်မှာ မလှုပ်ရှားသွားဘဲ အောင်ရှင်းကိုသာ မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။