မြို့တော်သခင်ရဲ့ အကဲဖြတ်မှု
Vol. 61 Ch. 422.4
"နင်!"
သူမ စကားတစ်ခွန်းသာ ပြောနိုင်ပြီး သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်သွားကာ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာသည်လည်း လေထဲတွင် လွင့်မျောသွားသလို ခဏအတွင်း လွင့်စင်သွားလေသည်။
"နင်လည်း သိပ်မဆိုးပါဘူး အဲဒါကြောင့် ငါနင့်ကို သင်ခန်းစာတစ်ခု သင်ပေးလိုက်တာ... ပြီးတော့ ဒီအကာအကွယ် လက်နက်ကို ငါတကယ်မကြိုက်ဘူး... နင်နဲ့ မသင့်တော်ဘူးလို့ မထင်ဘူးလား? ဒါကြောင့် ငါနင့်ကို အလကား လုပ်ပေးလိုက်တာ ကျေးဇူးတင်စရာ မလိုပါဘူး"
အောင်ရှင်းက မျက်နှာတည့်တည့်ဖြင့် တမင်တကာ အော်ပြောလိုက်သည်။ သူမ ပြောပြီးသည်နှင့် မထိန်းနိုင်တော့ဘဲ တခစ်ခစ်ရယ်ကာ လုရွှမ်ဆီသို့ ပြေးသွားပြီး မရပ်မနား ရယ်မောလိုက်တော့သည်။
လုရွှမ်လည်း အောင်ရှင်းရဲ့ ခေါင်းကို ပွတ်သပ်ပေးရင်း မထိန်းစွာ ပြုံးရယ်လိုက်သည်။
"နင်"
သခင်မလေးယွမ်ကတော့ အလွန်ဒေါသ ထွက်နေပါ၏။ သူ့အတွက် လှပသော ချပ်ဝတ်တန်ဆာကို ဆရာဖြစ်သူအား သန့်စင်ပေးရန်အတွက် သူ့အမေရဲ့ မျက်နှာနဲ့အတူ ကုန်ကျစရိတ်များစွာ ကုန်ကျစေခဲ့သည်။
သူမ အရမ်းကြိုက်တာကြောင့် နေရာတိုင်းလိုလို ဝတ်ထားခဲ့ရာ ဒီအရူးကောင်မလေးရဲ့ လက်ချက်ကြောင့် ပျက်စီးသွားလိမ့်မယ်လို့ မထင်ထားမိဘူး။
"ငါကဘာလဲ? တတိယမေးခွန်းကို မြန်မြန် မေးရအောင်... ဟီးဟီး ပြိုင်ပွဲကလွဲရင် ငါနင့်ကို အနိုင်ပေးမှာ မဟုတ်ဘူး"
လူတိုင်းရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး ဒီအလှလေးက သခင်မလေးယွမ်ထက် အများကြီး ပိုပျော်စရာ ကောင်းတယ်လို့ ခံစားလာရသည်။
သခင်မလေးယွမ်က ဒေါသ ထွက်နေပေမယ့် အလောင်းအစား ပစ္စည်းတွေက ကောင်းတယ်လေ။ သူမက တစ်စုံတစ်ယောက်ကို ကျပန်းရွေးချယ်ပြီး
"ကောင်းပြီ...အဲဒါ မင်းပဲ တတိယမေးခွန်းကို ပြောပြ"
အရွေးခံရသော သူသည် မှိန်းနေသော်လည်း သူတော်စင် ဖြစ်သည်။ သူဖြစ်ရတဲ့ အကြောင်းရင်းက သူ့ရဲ့အင်အားက အရမ်းနည်းတာကြောင့် ဖြစ်ပြီး တန်ခိုးရှင်တွေ အားလုံး လူစုကွဲသွားတာကြောင့် သခင်မလေးယွမ်က သူ့ကို လက်ညှိုး ထိုးပြလိုက်တာပဲ ဖြစ်သည်။
နောက်နေတာလား? သခင်မလေးယွမ်က ဘယ်သူလဲ? သူမရဲ့မိဘတွေ အကုန်လုံးက ကောင်းကင်ဘုံသခင်တွေ ဖြစ်ပြီး ဒီမှာရှိတဲ့ လူအနည်းငယ်မှာလည်း ထူးခြားတဲ့ နောက်ခံတွေရှိတယ်ဆိုတာ သိသာပါ၏။ နှစ်ဖက်စလုံးကို စော်ကားမိတာကတော့ မကောင်းပါဘူး။
သူတော်စင်သည် မည်းမှောင်နေသော မျက်နှာထားဖြင့် နတ်ဘုရားတို့ ရန်ဖြစ်နေတဲ့ ကြားထဲ နတ်သူငယ်လေး ဒုက္ခရောက်သလို ဖြစ်နေ၏။
ဘယ်သူ့ကို စော်ကားမိပါစေ သေရမှာပဲ။
"မေးခွန်း..."
"မြန်မြန်ပြော!"
သခင်မလေးယွမ်နဲ့ အောင်ရှာင်းက တစ်ချိန်တည်းမှာ အော်ပြောလိုက်သည်။ ထိုသူတော်စင်ကို ကြည့်နေသော တခြားသူများ၏ မျက်လုံးများသည် စာနာစိတ်အပြည့်ဖြင့် "မင်းရဲ့ ကြိုးစား အားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကို" ဟု ပြောနေသလိုပင်။
"မေးခွန်းက..."
အောင်ရှင်းနဲ့ သခင်မလေးယွမ် မပြောနဲ့ စိတ်လှုပ်ရှားစွာ ကြည့်နေသူများ အားလုံး ဒေါသ ထွက်နေကြသည်။ သူသာ မေးခွန်ဆိုတဲ့ စကားလုံးကို နောက်တစ်ကြိမ် ထပ်ပြောလာရင်တော့ သူ့ခေါင်းပါ ကွဲထွကိသွားနိုင်သည်။
"အင်း!"
သူတော်စင်သည် အလွန် ထိတ်လန့်သွားပြီး လူတိုင်းက သူ့ကို တိုက်ခိုက်ချင်နေကြပြီ ဆိုတာကို သိလေ၏။ သို့သော် သူတော်စင်၏ မျက်လုံးများ တောက်ပလာကာ
"ငါစဉ်းစားမိပြီ.... မြို့သခင်ကြီးက စစ်ဆေးရေးဂိတ်တစ်ခုကို မသတ်မှတ်ထားဘူးလား? ဖြတ်ကျော်နိုင်သူက အနိုင်ရတဲ့သူပဲ"
တခဏချင်းမှာပဲ အရင်က ရှုပ်ယှက်ခတ်မှုတွေက တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားတော့သည်။ ထိုသူတော်စင်လည်း ထိတ်လန့်သွားပြီး
“ဘာလဲ? ဒီမေးခွန်းက မကောင်းဘူးလား?”
မကောင်းရုံတင် မကဘူး လူတိုင်းက သူတို့စိတ်ထဲ ခါးသက်သက်ကြီး ရယ်မောနေကြပြီး သေခြင်းတရားကို ရှာနေကြတာပဲလို့ တွေးလိုက်ရတော့သည်။
မြို့တော်သခင်က ဘယ်သူလဲ? သူက ရန်မြို့မှာရှိတဲ့ နတ်မီးနယ်ပယ်တွေထဲက တစ်ဦးတည်းသော အကြီးအကဲရှန်ဟော်ပဲ။ လူတိုင်းကို စမ်းသပ်ဖို့ဆိုပြီး အဲဒီစစ်ဆေးရေး ဂိတ်ကို ထူထောင်ခဲ့ကြပေမယ့် တကယ်တမ်းကျတော့ လူငယ်တော်တော် များများက သူ့တပည့်ဖြစ်ဖို့ လာတောင်းဆိုတာကို တားဆီးဖို့ ဖြစ်တယ်လို့ ပြောကြသည်။
ထို့နောက်တွင် ထိုအဆင့်ကို ကျော်ဖြတ်နိုင်သူသည် အကြီးအကဲ မြို့သခင်ကြီးနှင့် တွေ့ဆုံနိုင်မယ်ဟု ကောလာဟလများ တဖြည်းဖြည်း ပျံ့နှံ့လာကာ အခွင့်အရေးရပါက အကြီးအကဲ မြို့သခင်ကြီး၏ တပည့်ပင် ဖြစ်လာနိုင်သည်ဟု ဆိုကြ၏။
လွန်ခဲ့သော ဆယ်နှစ်ကျော်က မရေမတွက်နိုင်သည့် ထူးကဲသော အရည်အချင်းရှိသူ ယောက်ျားပျို မိန်းမပျိုတို့သည် လာရောက်စမ်းသပ်ကြပြီး အကြီးအကဲ မြို့သခင်ကြီး၏ တပည့် ဖြစ်လိုကြသည်။
ရလဒ်အနေဖြင့် မရေမတွက်နိုင်သော အသေအပျောက်များ ရှိလာခဲ့ပြီး အတားအဆီးကို ဖြတ်ကျော်သွားသူ တစ်ဦးမျှ အသက်ရှင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။
နောက်ပိုင်းတွင် အကြီးအကဲ မြို့သခင်ကြီးသည် အသက်ကယ် တံဆိပ်ပြားကို ထုတ်လုပ်၍ အရေးကြီးသော အခိုက်အတန့်နှင့် ကြုံလာပါက အသက်ကယ် တံဆိပ်ပြားကို အသက်သွင်းကာ အဆင့် သတ်မှတ်ပေးသွားခဲ့သည်။
ဒါပေါ့။ ဒီလိုအသက်ကယ်တဲ့ တံဆိပ်ပြားရဲ့ ဆွဲဆောင်မှုမျိုးကလည်း အလွန်စျေးကြီးပါသည်။
အသက်ကယ် တံဆိပ်ပြားမှာ သူတော်စင် ယွမ်သလင်းကျောက် သန်း 100။ သူတော်စင် ယွမ်သလင်းကျောက် တစ်လုံးသည် သူတော်စင်သလင်းကျောက် တစ်သောင်းနှင့် ညီမျှသည်။ ဒါကြောင့် စည်းစိမ်ဥစ္စာ ဘယ်လောက် သုံးစွဲရမလဲ တွေးကြည့်နိုင်သည်။
အမှန်ပင် စစ်မှန်သော မင်းမျိုးမင်းနွယ် မိသားစုတစ်စူ အတွက်၊ လူငယ်မျိုးဆက်များ အတွက် အခွင့်အရေးတစ်ခု ရှာဖွေရန် သူတော်စင် ယွမ်သလင်းကျောက် သန်း ၁၀၀ သုံးစွဲခြင်းက ထိုက်တန်သော်လည်း ဒီနှစ်များ တစ်လျှောက်လုံးတွင် ဘယ်သူမှ မအောင်မြင်ခဲ့ပေ။
တဖြည်းဖြည်းနှင့် မြို့သခင်ကြီးရဲ့ စမ်းသပ်မှုသည် ဒဏ္ဍာရီ ဖြစ်လာလုနီးပါး ဖြစ်လာခဲ့သည်။ မြို့သခင်ကြီး၏ အကြောင်းကို လူတိုင်းက ဘာမှ မပြောဝံ့သော်လည်း နှလုံးသားထဲတွင် အချက်တစ်ချက် အဖြစ် သဘောတူထားပြီးသား ဖြစ်သည်။
အဲဒါကတော့ အကြီးအကဲ မြို့သခင်ကြီးဟာ တပည့်လက်ခံဖို့ လုံးဝလုံးဝ စိတ်ကူးမထားခြင်းပဲ ဖြစ်သည်။
ယခုမူ ထိုသူတော်စင် အဲဒီတားမြစ်ချက် တစ်ခုကို သတိပေးလိုက်တာက သေခြင်းတရားကို သွားရှာခိုင်းတာပဲ မဟုတ်ဘူးလား။
သူတော်စင်လည်း နောက်ဆုံးတွင် ၎င်းကို ရုတ်တရက် သိလိုက်တာကြောင့် သူ့မျက်လုံးများ ဖြူဖျော့သွားကာ ထိတ်လန့် တုန်လှုပ်သွားသည်။
သို့သော် ဘယ်သူမှ မရယ်ဝံ့ကြချေ။
လူတိုင်းက သခင်မလေးယွမ်နဲ့ အောင်ရှင်းကို ကြည့်ပြီး သူတို့ရဲ့ ရွေးချယ်မှုတွေကို ကြည့်နေကြသည်။
သခင်မလေးယွမ်က တုံ့ဆိုင်းသွားသည်။ သူမလည်း စမ်းကြည့်ချင်ကြောင်း ဆိုခဲ့သော်လည်း မိဘများက သဘောမတူပေ။ သူတော်စင် ယွမ်သလင်းကျောက် သန်းတစ်ရာက တတ်နိုင်သော်လည်း မျှော်လင့်ချက် ကင်းမဲ့သော အဆင့်ကို ရင်ဆိုင်နေရဖို့အတွက် မဖြုန်းတီးချင်ပေ။
သူတော်စင် ယွမ်သလင်းကျောက် သန်းတစ်ရာသည် မိသားစုအတွက် နာကျင်မှုကို မဖြစ်စေသော်လည်း ၎င်းသည် အသားလှီး ဖြတ်လိုက်သကဲ့သို့ ဖြစ်နေသော်လည်း အလွန် နာကျင်လှသည်။
ရည်ရွယ်ချက်ကောင်း ရှိသူတစ်ယောက်က မြို့တော်သခင်ရဲ့ စံအိမ်ကြီး အကြောင်း ပြောပြတော့ အောင်ရှင်းလည်း စကားရပ်သွားသည်။ လူတော်တော်များများ မအောင်မြင်သေးတာက မဖြစ်နိုင်ဘူး ဆိုတာ သူမသိပါ၏။
မူလက သူမ ထွက်လာသောအခါတွင် သူမတွင် ရေဒြပ်စင် နတ်ပုတီးစေ့ ပါကြောင်း ကြွားလုံး ထုတ်ထားသောကြောင့် ဘာကိုမှ ကြောက်နေစရာ မလိုပေ။ သို့သော်လျှို့ဝှက်ဆန်းကြယ် ရန်ရွှမ်လှေကားမှာတော့ ရေဒြပ်စင် နတ်ပုတီးစေ့က အစွမ်းထက်သော်လည်း အဆင့်များစွာကို သူမကိုယ်တိုင် ကျော်ဖြတ်ရန် လိုအပ်ကြောင်း တွေ့ရှိလာခဲ့သည်။
အမျိုးသမီး နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ တိတ်ဆိတ်နေမှုကြားထဲ ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"ဟာဟားဟား ငါ ဒီကိုရောက်လာတာနဲ့ လှပတဲ့ အလှမယ်လေး နှစ်ယောက် ပြိုင်နေတာကို တွေ့လိုက်ရတယ်တဲ့... ဘာလို့ ဆက်မလျှောက်ကြတာလဲ ငါ အရမ်း သိချင်နေတာ... လတ်စသတ်တော့ စစ်ဆေးရေးဂိတ်ရဲ့ အဆင့်က အရမ်း အစွမ်းထက်လို့ပေါ့... ဒါဆို ဒီမင်းသား သွားစမ်းကြည့်မယ်"
လူတွေက တုန်လှုပ်ခြောက်ခြားစွာ ခေါင်းကိုလှည့်ပြီး အသံရဲ့ ဦးတည်ရာကို ကြည့်လိုက်ကြသည်။
ရုပ်ရည်ချောမောတဲ့ အမျိုးသား တစ်ယောက် ထွက်လာပြီး လှပတဲ့ အလှလေး ရှစ်ယောက်က သူ့အနောက်မှ လိုက်လာ၏။ လူငယ်ရဲ့ မျက်လုံးတွေက သခင်မလေးယွမ်နဲ့ အောင်ရှင်းတို့ဆီ ရောက်ရှိသွားရာ ကျင်းဟုန် ထိတ်လန့်သွားသည်။
သူတို့ ရှစ်ယောက်လုံးက ကြည်ညိုလေးစားမှုအပြည့်ဖြင့် ချောမောသော မျက်လုံးများဖြင့် လူငယ်ကို ကြည့်နေကြသည်။ ခမ်းနား ထည်ဝါသော မြင်ကွင်းကို ကြည့်လိုက်လျှင်ဖြင့် ဧည့်သည်များသည် သာမန်လူများ မဟုတ်ကြောင်းကို ချက်ချင်း ပြောနိုင်၏
"မဟုတ်ရင် ဒီမင်းသားလည်း လောင်းကစား လုပ်မယ်.... ငါအနိုင်ရရင် အလှလေး နှစ်ယောက်က ငါနဲ့တစ်နှစ် နေရမယ်... တစ်နှစ်ပြီးလို့ မင်းတို့ကို ထွက်သွားခွင့် ပေးရင်တောင် မင်းတို့ ထွက်သွားချင်မှာ မဟုတ်ဘူးလို့ ငါအာမခံတယ်"
အောင်ရှင်း သက်ပြင်းကို မချဘဲ မနေနိုင်လိုက်ချေ။ လူငယ်က ချောမောလှသော်လည်း အောင်ရှင်းရဲ့ အမြင်အရတော့ တန်ဖိုးမရှိပေ။ သူမသည် ပိုမိုအားကောင်းသော နဂါးငွေ့ရောင် ရှိသည့် တစ်စုံတစ်ယောက်ကို နှစ်သက်ခဲ့ပြီးမို့ သူမသည် လူသားတစ်ဦးအပေါ် လုံးဝ စိတ်မဝင်စားတော့ချေ။
သခင်မလေးယွမ်က မျက်ခုံးပင့်လိုက်ပြီး
"ငါအမုန်းဆုံးက လှည့်စားတတ်တဲ့ ယောက်ျားတွေပဲ"
ထိုလူက ရယ်မောရင်း
“စွမ်းရည်ပိုကြီးလေ တာဝန်ပိုကြီးလေပါပဲ... ရှေးဟောင်းလျှပ်စီး ကမ္ဘာ တစ်ခုလုံးကို ကြည့်လိုက်... ငိုကြွေး မြည်တမ်းနေတဲ့ အလှလေးတွေ ဘယ်လောက်တောင် ညှိုးနွမ်းနေလိုက်လဲ? ဘာကြောင့်လဲ ဆိုတော့ သူတို့တွေက လှလွန်းတော့ ဘယ်သူနဲ့မှ မထိုက်တန်ဘူးလေ... သူတို့ရဲ့ ပျော်ရွှင်မှု အတွက်က ဒီမင်းသားက ပိုကြိုးစားပြီး ခါးသီးမှုတွေကို ခံစားပေးသင့်တာပေါ့ အဲဒါငါမှားလို့လား? ကောင်းပါပြီ ငါမှားတယ်ဆိုလည်း နောက်တစ်ကြိမ် ထပ်မှားကြတာပေါ့ အဆုံးထိ ထပ်ခါထပ်ခါ အမှား လုပ်မိရင် ပိုကောင်းမှာပဲလေ မဟုတ်ဘူးလား?"
လုရွှမ် အကျယ်ကြီး ရယ်မောလိုက်သည်။ ဒီလူက အရည်အချင်း ရှိသူဆိုတာလည်း မှန်ပါ၏။ သူက အကြောင်းပြချက် ကောင်းကောင်း ပေးနိုင်သားပဲ။