နတ်သမီးလျန်ရှင်း
Vol. 61 Ch. 423.4
ထိုလူက လုရွှမ်ကို ကြည့်လိုက်သည်။ သူစကား ပြောသောအခါတွင် လူတိုင်းက သူ့ကို မာနကြီးလွန်းတယ်လို့ ထင်သော်လည်း မပြောရဲကြချေ။ တားရဲသော လူတစ်ယောက် ရှိနေတာကသူ့ကို အနည်းငယ် စိတ်ဝင်စားသွားစေသည်။
"ဒီက ချစ်လှစွာသော သူငယ်ချင်းကို ဖိတ်ခေါ်ပါတယ်... သူက ငါတို့မျိုးဆက်ထဲက လူတစ်ယောက်လို့ ထင်ရတယ်နော်... ငါက လုဖုန်းပါ မင်းကို ဘယ်လိုခေါ်ရမလဲ?"
လုရွှမ်လည်း အကြိမ်အနည်းငယ် ချောင်းဆိုးခြင်းလိုက်သည်။ သူ အလေးအနက် မထားချင်သော်ငြားလည်း သူတို့သည် မိသားစုဝင် တစ်ဦးတည်းက ဆင်းသက်လာသူ ဖြစ်နေသေးရာ လက်ဆုပ်လျက် နှုတ်ဆက်လိုက်၏။
"လုရွှမ်!"
လုဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"မျှော်လင့်ထားသလိုပဲ... ငါတို့က မိသားစု တစ်ခုတည်းက မဟုတ်ဘူးလား? တစ်အိမ်တည်းသာ နေလိုက်ရင် ငါတို့ ရင်းနှီးတဲ့ မိသားစုတစ်ခု ဖြစ်သွားလိမ့်မယ်!"
မိသားစု? ဘယ်သူက မင်းနဲ့ တစ်မိသားစုတည်း ဖြစ်ချင်နေလို့လဲ? ငါအဲ့လောက် ဂရုမစိုက်နေဘူး။
လုရွှမ် သူ့နှလုံးသားထဲကသာ ကျိန်ဆဲလိုက်ပြီး
"ညီအစ်ကိုဖုန်း... ဒီလိုမပြောပါနဲ့ ငါက အရမ်းကို သစ္စာရှိတတ်တဲ့သူ"
"ဒါဆိုရင်တော့ နှမြောစရာပဲ..."
လုဖုန်းက အရှက်မဲ့စွာ အော်လိုက်သည်။ လုရွှမ်ကတော့ သူ့မေးစေ့ကိုသာ ပွတ်သပ်နေ၏။ ဒီလိုလူအတွက် သူ့မှာ ပြောစရာ စကားမရှိပါဘူး။
"ဒီကညီအစ်ကို လုရွှမ် နဲ့ ခဏလောက်နေရင် သေရည်သောက်ရင်း စကားပြောကြတာပေါ့ အခုတော့ ငါ အလှမယ်နှစ်ယောက်နဲ့ အရင်ဆွေးနွေးရမယ်... မင်းတို့ ဘယ်လိုထင်ကြလဲ?"
ထိုအခါ သခင်မလေးယွမ်က
"ကောင်းပြီ ငါနင့်ကို ကတိပေးတယ်.... ငါရှုံးရင် နင်နဲ့အတူ တစ်နှစ်လောက် နေပေးမယ် ငါအနိုင်ရရင် နင်သူတို့ အကုန်လုံးကို လွှတ်ပေးရမယ် အနာဂတ်မှာ သူတို့ကို ထပ်ထိခွင့် မရှိဘူး!"
လုဖုန်းက တခစ်ခစ် ရယ်လိုက်ပြီး
"မင်းတစ်ယောက်ထဲ ရှိနေသရွေ့ ငါနားလည်ပါတယ်"
"ငါ မဟုတ်ဘူး!!"
သခင်မလေးယွမ်ရဲ့ မျက်နှာမှာ နီရဲလာပြီး အော်ဟစ် ကျိန်ဆဲလိုက်လေသည်။ လုဖုန်းကတော့ အောင်ရှင်းကို ကြည့်လိုက်ရင်း
"ဒီက နတ်ဆိုးမျိုးနွယ်ရဲ့ ညီမငယ်လေးပဲ... မင်းရော ဘယ်လိုထင်လဲ?"
လုရွှမ် မျက်လုံးများ တောက်ပလာသည်။ ဒီကောင်က တကယ်ကို အစွမ်းထက်တာပဲ။ ယွင်ယင်က သူတို့နှစ်ယောက်ကို အသက်ရှုသံ ထိန်းတဲ့နည်းကို သင်ပေးခဲ့တာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က စိမ်းပြာနဂါးရဲ့ ရောင်ဝါကို ဖုံးကွယ်ထားပြီးပြီ ဖြစ်ပေမယ့် လုဖုန်းကတော့ သူတို့ကို ရှာတွေ့သွားခဲ့သည်။
သခင်မလေးယွမ်လည်း ကျားဖြူလေးက အမှန်တကယ်ပင် အောင်ရှင်းရဲ့ ညီမဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူမ ဒေါသထွက်နေတာ အံ့သြစရာတော့ မဟုတ်ပေ။
အောင်ရှင်း လုရွှမ်ကို ပြန်ကြည့်လိုက်သည်။ လုရွှမ်ကတော့ ဖျတ်ခနဲ ပြုံးလိုက်ပြီး
"ဒီကို ရောက်လာပြီဆိုမှတော့ သွားမကြည့်ရင် နောင်တရနေလိမ့်မယ် သွားကြတာပေါ့"
သူတို့ပတ်ဝန်းကျင်က လူတွေမှာ အသက်ရှု ကြပ်လာကြတော့သည်။ ဒါဟာ အသက်နဲ့သေခြင်းရဲ့ စမ်းသပ်မှု တစ်ခုပဲ။ အခုတောင်မှ ဒါဟာ စည်းစိမ်ဥစ္စာတွေ အများကြီး အကုန်ခံရမယ့်အရာ။ အပျော်သဘော သက်သက် သွားမယ်လို့ ပြောနေကြတာလား? ပညာရှင်တွေရဲ့ လောကကို တကယ် နားမလည်တော့ဘူး။
"ခဏနေဦး!" နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြီး အမျိုးသမီးတစ်ဦး ဝင်လာသည်။
ထိုမိန်းကလေးသည် အလွန်အရပ်ရှည်ပြီး တန်ခိုး အရှိန်အဝါတွေ ပြည့်နေတဲ့ ဓားရှည်ကဲ့သို့ အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်ထားလျက် ရှိသည်။
"ငါလည်း ဒီလောင်းကြေးမှာ ပါဝင်မယ်... လုဖုန်း နင်ပြိုင်ရဲ့လား?"
ထိုမိန်းကလေးက အော်လိုက်သည်။
လုဖုန်းရဲ့ အမူအရာက ကြွက်တစ်ကောင်ကို မြင်လိုက်ရသလိုပင် ရုတ်တရက် ပြောင်းလဲသွားသည်။ သို့သော် လုရွှမ်ကို ရုတ်တရက် လှည့်ကြည့်လိုက်ရင်း သူ့မျက်လုံးတွေ တောက်ပလာပြီး ရုတ်တရက် ရယ်မောလိုက်ပြီး
"နတ်သမီးလျန်ရှင်း မင်းလူမှားပြီး ရှာနေတာလို့.. . ငါခဏခဏ ပြောရဲ့သားနဲ့ မင်းဘယ်တော့မှ မယုံဘူး... ဒီမှာ ညီအစ်ကို လုရွှမ် ရှိတယ်..သူကမှ မင်းတကယ်ရှာနေတဲ့ လူပဲ"
လုရွှမ် လုဖုန်းကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
ဘာဖြစ်နေတာလဲ?
လျန်ရှင်းက သူ့ကို စိုက်ကြည့်လာပြီးနောက် သူ့မျက်လုံးထဲမှာ သံသယ အရိပ်အယောင်တွေ ပေါ်လာသည်။ ထို့နောက် ရှည်လျားသော ဓားတစ်ချောင်းက သူမလက်ထဲတွင် ရုတ်တရက်ပေါ်လာကာ ဓားကိုဆွဲထုတ်ပြီး လျှပ်စီးကဲ့သို့ မြန်သောအရှိန်ဖြင့် လုရွှမ်ကို ထိုးချလိုက်သည်။
လူသတ်ချင်တဲ့ ကြံရွယ်ချက်မှာ အလွန်အားနည်းသဖြင့် မှန်းဆ၍ မရပေ။
လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ ဒီမိန်းမက အရူးပဲလား။ တွေးတောမနေတော့ဘဲ မိုးနတ်ဘုရားဓားကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ တဖျပ်ဖျပ် ခတ်နေသော ဓားအလင်းက ဓားကိုင်းစင်းသိုင်းရဲ့ တတိယ ဓားအဖြစ် ထွက်လာပြီး သူ့ခန္ဓာကိုယ်က ထွက်သွားလေသည်။
တီးတိုးသံနှင့်အတူ မိုးနတ်ဘုရားဓားက မိန်းကလေးရဲ့ ဓားကို ပိတ်ဆို့ထားလိုက်သည်။
လျန်ရှင်း ထပ်မတိုက်ခိုက်တော့ဘဲ နောက်ပြန်ဆုတ်သွားသည်။ ရင်ဘတ်နား ရောက်လာတဲ့ ဓားကိုကြည့်ကာ လုဖုန်းကို ကြည့်ရင်း ခဏတာလောက် အလွန်ချီတုံချတုံ ဖြစ်သွားခဲ့၏။
အောင်ရှင်းနဲ့ ကျင်းဟုန်တို့သည် လျင်မြန်စွာ ပြေးလာကြပြီး ကျားဖြူလေးကလည်း ထိုမိန်းကလေးဘက်ကို တဝူးဝူး အော်ညည်းတွားကာ ပြန်ပြေးသွားလေသည်။
လုဖုန်းက ရယ်လိုက်ပြီး သူ့ရယ်သံက သက်သာရာ ရသွားသလိုပင်။
"နတ်သမီးလျန်ရှင်း... မင်းမြင်တဲ့အတိုင်းပဲ မင်းမျိုးနွယ်စုရဲ့ နိမိတ်ဖတ်စာက ငါ မဟုတ်ဘူး သူကသာ မင်းရဲ့အနာဂတ် ခင်ပွန်းပဲ... မင်းသူ့ကိုပဲ အမြန် သွားရှာလိုက်ပါ"
ခင်ပွန်း? နိမိတ်ဖတ်တာ?
လုရွှမ် သူ့သွေးတွေကို အန်ထုတ်မိလုနီးပါး ဖြစ်သွားသည်။ သူ နတ်သမီးလျန်ရှင်းကို ကြည့်လိုက်တော့ ထိုမိန်းကလေးက အရမ်းလှတာကို တွေ့လိုက်ရသည်။ တကယ်တော့ မလှပဘဲ သူတော်စင်အဆင့်ကို ရောက်သွားတဲ့ အမျိုးသမီးဆိုတာ မရှိသလောက်ပါပဲ။ မဟုတ်ရင် နတ်သမီး နတ်သမီးလို့ ခေါ်နေမှာ မဟုတ်ဘူးလေ။
သို့သော် ယခင်က အေးစက်စက်နှင့် သူ့ဓားကို ထုတ်လိုက်သော အနည်းငယ်မျှ သဘောထားကွဲလွဲသည့် လုပ်ရပ်ကို တွေးကြည့်ရာ လုရွှမ် ထိုမိန်းကလေးကို အမှန်တကယ် အာရုံမစိုက်ချင်တော့ပေ။ ထို့အပြင် သူ့နှလုံးသားထဲတွင် သူနှစ်သက်သည့်သူ ရှိနေပြီ ဖြစ်သည်။
ယွီရှန်က သူ့ကို အလယ်အလတ် ကမ္ဘာမှာ စောင့်နေသေးတယ်လေ။
အနှစ်သုံးရာ ကျော်စောင့်ခဲ့ရတဲ့ မိုးနတ်ဘုရား ယွီရှန်အတွက် ရှက်စရာ ဖြစ်သွားမှာ မဟုတ်ပါလား။
"ငါ့မှာ မိန်းကလေး ရှိပြီးသား... နောက်ပြီး ငါက လူသားမျိုးနွယ် မဟုတ်ဘူး ငါက နတ်ဆိုးမျိုးနွယ် ဖြစ်ပြီး မင်းရှာနေတဲ့ လူလည်း မဟုတ်ဘူး"
လုရွှမ် သူ့ဆီကနေ နတ်ဆိုးတွေရဲ့ အရိပ်အမြွက်မျိုးကို ထုတ်လွှတ်လိုက်ကာ ခပ်မြန်မြန်ပဲ ပြောလိုက်သည်။ အနီးနားရှိ လူတိုင်းလည်း သူမအား စူးစူးရှရှ မျက်လုံးများဖြင့် ကြည့်နေကြသည်။
လူတွေကြားက ကွာဟချက်က အရမ်းကြီးတာပဲ!
နတ်သမီးလျန်ရှင်း ချီတုံချတုံ ဖြစ်နေတုန်းမို့ လုရွှမ် ကျင်းဟုန်နဲ့ အောင်ရှင်းကို လက်ပြလိုက်ကာ ကျားဖြူလေးကိုပါ လေချွန်ပြီး ဖမ်းခေါ်လိုကိကာ ထွက်ပြေးသွားတော့သည်။
သူ့နောက်တွင် ရှိနေသည့် လုဖုန်းက ကျယ်လောင်စွာ ကျိန်ဆဲလိုက်ပြီး
"ညီအစ်ကို မင်းက သစ္စာမရှိဘူးကွာ"
ပြောပြီးတာနဲ့ ချက်ချင်း လှည့်ပြီး ထွက်ပြေးသွားပြန်သည်။ နတ်သမီးလျန်ရှင်းလည်း တုံ့ဆိုင်းနေပြီးမှ လုဖုန်းရဲ့နောက်ကို ပြေးလိုက်သွား၏။
"ကောင်လေး.... မပြေးနဲ့"
သခင်မလေးယွမ် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ရပ်ကျန်နေခဲ့သည်။ သူ့ဘေးနားက ကောင်မလေးက ပြုံးပြီး သခင်မလေးယွမ်ရဲ့ ပုခုံးပေါ်မှာကို အသာပုတ်လိုက်ကာ။
“ကောင်းပါပြီ ဝမ်းကွဲညီမလေး... အခု လူတွေရဲ့ အပြင်မှာ လူတွေရှိနေပြီ ကမ္ဘာကြီးရဲ့ အပြင်ဘက်မှာ ကောင်းကင်ကြီး ရှိနေတယ်မလား? နေရာတိုင်းမှာ အဆုံးမရှိတဲ့ သခင်တွေ ရှိတယ်.... အမြင့်ဆုံး အရည်အချင်း မရှိလည်း ပိုမြင့်အောင်သာ ကြိုးစား... ပိုကြိုးစား.. အခုနင်မြင်နေရတဲ့ အရာက သေးသေးလေးပဲ ရှိသေးတယ်...နင့်ကို စောင့်နေတဲ့ အခွင့်အလမ်း အကြီးကြီးတွေ ရှိနေတယ်ဆိုတာ အနာဂတ်မှာ တွေ့ရလိမ့်မယ်"
"သွားကြစို့... မြို့သခင်စံအိမ်ရဲ့ စမ်းသပ်မှု ဘယ်လောက် ခက်ခဲလဲဆိုတာ သိနိုင်ဖို့ ပြန်သွားကြရအောင်"
သခင်မလေးယွမ်လည်း ခေါင်းညိတ်ပြပြီး သူမရဲ့ ဝမ်းကွဲအစ်မနောက်ကို လိုက်သွားခဲ့တော့သည်။
ဤနေရာမှာ ဖြစ်ပျက်ခဲ့သမျှဟာ အတိုဆုံးအချိန်အတွင်း ပျံ့နှံ့သွားသည်။ ထိုကျားဖြူလေးရဲ့ အသွင်အပြင်သည် အနာဂတ်တွင် ကြီးမားသော အပြောင်းအလဲများကို ဖြစ်ပေါ်စေပြီး မရေမတွက်နိုင်သော ပါရမီရှင်များကိုပင် ဦးညွှတ်စေခဲ့သည်။ နောက်ပိုင်းတွင်တော့ ဤတစ်ကြိမ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ကျားဖြူတစ်ကောင်ကြောင့် လူသတ်မှုဟု ခေါ်ဆိုခဲ့ကြလိမ့်မည်။
အခန်းကို ပြန်ရောက်တော့ ယွင်လင်နဲ့ သူ့အဖွဲ့လည်း ပြန်လာတာကို တွေ့လိုက်ရသည်။ အားလုံးက အရမ်း စိတ်လှုပ်ရှားနေပုံ ရ၏။
နတ်သမီးကျင်းဟုန်က သူ့အမေကို ဖြစ်ပျက်ခဲ့တာကို ပြန်ပြောပြလိုက်သည်။ ယွင်ယင်လည်း ခေါင်းညိတ်ပြီး ပြုံးရင်း ပြောလေ၏။
"ဒီလိုမျိုးက ပိုဖြစ်သင့်ပါတယ်.. ငါတို့ရှေးဟောင်း လျှပ်စီးကမ္ဘာမှာ မင်းတို့ရဲ့ အရည်အချင်းတွေက ထူးထူးခြားခြား ဖြစ်နေပြီ ဆိုပေမယ့် ဝမ့်ကျစ်ကမ္ဘာ ထျန်းကျစ်ကမ္ဘာမှာ ဆိုရင်တော့ ငါတို့တွေက သာမန်လူတွေလိုပဲ... များများစွန့်စားပြီး များများ ကြိုးစားတာကမှ မင်းတို့အတွက် အများကြီး အကျိုးရှိလိမ့်မယ်"
လုရွှမ်က
"အဒေါ်ယွင်.. အဲဒီလူကြီးက ဘယ်သူလဲ? သူ့ရဲ့ ပင်ကိုယ် စရိုက်က ဘယ်လိုလဲ?"
အသံက မထင်မှတ်ပဲ တုန်ရီသွားသည်။ လုရွှမ် အမှန်တကယ်ကိုပင် စိတ်လှုပ်ရှားနေပါ၏။ ယခင်ဘဝတွင် သူသည် ကောင်းကင်ဘုံသခင် ဖြစ်ခဲ့ဖူးသည်။ ကောင်းကင်သခင် အတုအယောင် ဖြစ်ခဲ့သော်လည်း သူသည် ကောင်းကင်ဘုံသခင်ထဲက အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်သည်။
ထုံးစံအတိုင်း သူသည် ကောင်းကင်ဘုံသခင်တွေ အပေါ် သိပ်လေးစားမှု မရှိသော်လည်း နတ်မီးနယ်ပယ်က အကြီးအကဲကတော့ သူတကယ် နှစ်သက်သော စီနီယာ ဖြစ်လေ၏။