သခင်လေးယင်ထျန်း
Vol. 61 Ch. 424.4
ယွင်ယန်သည် သူ့မျက်နှာကို တမ်းတသော အကြည့်များ ပြုလုပ်ထားလျက် ဖြည်းညင်းစွာ ပြောလာသည်။
"အကြီးအကဲက စကားပြောရတာ အရမ်း လွယ်တယ် သူ့နယ်ပယ်ကလည်း ငါတို့နဲ့ ဝေးတယ်။ ဒါပေမဲ့ သူက အရမ်းနှိမ့်ချတတ်တယ်... ကံမကောင်းစွာပဲ သူရှေ့ကို ဆက်မတိုးတော့တာကြောင့် သူမွေးတဲ့အရပ်ကို ပြန်လာပြီး ဒီနေရာက ခေတ္တမြို့သခင်ကြီး ဖြစ်လာခဲ့တာ"
"စကားမစပ်... အဲဒီစစ်ဆေးမှု တံဆိပ်ပြားက မှန်ကန်တယ်မလား? အကြီးအကဲက တပည့်ကို တကယ် ရွေးချင်နေတာဆို ကံဆိုးစွာနဲ့ အခုထိ ဘယ်သူမှ အဆုံးထိအောင် မလုပ်နိုင်သေးဘူးလို့ ကြားမိတယ်"
လုရွှမ် တွေးလိုက်သည်။ အဲဒီအဆင့်ရဲ့ ဒဏ္ဍာရီက အမှန်ပဲ ဖြစ်သွားခဲ့ပုံရ၏။
"ဘာလဲ? နတ်မီးနယ်ပယ်က အကြီးတန်း တစ်ယောက်ရဲ့ တပည့်ဖြစ်ဖို့ စိတ်လှုပ်ရှားနေတာလား?"
ယွင်ယင်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။ ယွင်ယင်ဟာ လုရွှမ်ကို ရှုထောင့်တိုင်းကို အလွန်ကျေနပ်ခဲ့သူ ဖြစ်သည်။ ရိုးရိုးသားသား ပြောရလျှင် သူမလုရွှမ်ကို သမီးနဲ့ပင် လက်ဆတ်ပေးချင်မိသည်။
သမီးဖြစ်သူကလည်း လုရွှမ်အပေါ် ချစ်ခြင်းမေတ္တာ ရှိကြောင်းကို မြင်ခဲ့ရသော်လည်း သူမကို စိတ်အားသွားငယ်စေသည့် အချက်မှာ သမီးဖြစ်သူမှာ အလွန်တုံးအပြီး လုရွှမ်ကို အစ်ကိုကြီးအဖြစ် မှတ်ယူနေခဲ့သည်။ မူလက ပွဲတစ်ပွဲ လုပ်ချင်ပေမယ့် နောက်ပိုင်းမှာ လက်လျှော့လိုက်ရ၏။
လုရွှမ်လိုလူက ကောင်းကင်ဘုံသခင် အဆင့်မှာပဲ ရပ်တန့်လိမ့်မည် မဟုတ်ချေ။ အနာဂတ်တွင် မိန်းမ ဘယ်လောက် သူ့ကိုဝိုင်းနေမလဲ ဆိုတာကိုလည်း မသိနိုင်ချေ။ သူသည် ထူးချွန်သော်လည်း သမီးကတော့ သူနဲ့ လိုက်ဖက်သောလူ မဟုတ်ပေ။
သူမ နှလုံးသားထဲက တင်းမာမှုများ လွတ်မြောက်သွားပြီး ယွင်ယင်သည် သူတို့ကြားက ဆက်ဆံရေးကို ပိုမိုခိုင်မာစေလို၏။ သူမ၏သမီးသည် အနာဂတ်တွင် ပံ့ပိုးကူညီသူ ဖြစ်လာစေနိုင်သည်။
လုရွှမ်က ပြုံးပြီး ခေါင်းခါလိုက်သည်။
"ကျွန်တော်က နတ်မီးနယ်ပယ်က အကြီးအကဲကို တွေ့ချင်ရုံပဲ.... ကျွန်တော့်မှာ ကိုယ်ပိုင် အမွေတွေ ရှိပြီးသားပါ"
ယွင်ယင်လည်း ညည်းညူလိုက်၏။ လုရွှမ်ရဲ့ ကျွမ်းကျင်မှု အမွေကိုတော့ သူမ သဘောကျပါသည်။ ဒီလိုကောင်လေးမျိုးဟာ ဝေးလံခေါင်သီတဲ့ ကမ္ဘာငယ်လေးကနေ ထွက်လာနိုင်တယ်ဆိုတာ တကယ့်ကို မထင်မှတ်ထားစရာပါပဲ။
ဒါကို ကောင်းကင်က ပံ့ပိုးမှုလို့ ခေါ်တာ ဖြစ်နိုင်တယ်!
"သူတော်စင် ယွမ်သလင်းကျောက် သန်းတစ်ရာ အတွက် စိတ်ပူစရာ မလိုဘူး... ငါ"
"ကျေးဇူးပါ အဒေါ်ယွင်... ဒါပေမဲ့ ကျွန်တော် အဲဒီအသက်ကယ် တံဆိပ်ပြားကို ဝယ်ဖို့ မစီစဉ်ထားဘူး.... အဲဒါနဲ့တော့ ကျွန်တော့်အသက်ကို စွန့်ဖို့ လှုံ့ဆော်မှု မရှိဘူး။ သေချင်စိတ် မရှိရင် တိုးတက်ဖို့ မျှော်လင့်ချက် မရှိနိုင်ဘူး ပြင်ပကမ္ဘာက အန္တရာယ်ရှိတယ် ဒါပေမဲ့ အသက်ကယ်တဲ့ တံဆိပ်ပြားကတော့ မရှိနိုင်ဘူး"
"ကောင်းတယ်!"
ယွင်ယင် ခေါင်းညိတ်လိုက်သည်။ နတ်သမီးကျင်းဟုန် နှင့် အောင်ရှင်းတို့သည် အမှန်တကယ် အသက်ကယ် တံဆိပ်ပြားကို မစွန့်လွှတ်ဝံ့ကြပေ။
ဒုတိယနေ့မှာတော့ သတင်းက တောမီးလို ပျံ့သွားတော့သည်။
လုရွှမ်၊ နတ်သမီးကျင်းဟုန်နဲ့ အောင်ရှင်းတို့သည် မြို့သခင်စံအိမ် ရှေ့သို့ရောက်လာသောအခါ ဤအချိန်ကာလရဲ့ အောင်မြင်မှုများက ဘယ်လို ကွာခြားသွားမယ် ဆိုတာကို မြင်ရန် စိတ်အားထက်သန်စွာ ကြည့်နေကြသူ များပြားနေပြီ ဖြစ်သည်။
ကောင်းကင်ယံ၌ ကောင်းကင်ဘုံသခင် အုပ်စုတစ်စု ပျံဝဲလာကြသည်။ ယွင်ယင် ရောက်လာပြီး အကြီးအကဲ ရှစ်ဦးလည်း ရောက်လာကာ အောက်ဖက်က အခမ်းအနားကြီးအား ကြည့်ရှုရန် တခြား ကောင်းကင်ဘုံရှင်များလည်း ပျံသန်းလာကြသည်။
ထူးကဲသော အရည်အချင်း ရှိသူ လူငယ်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ သူတို့သည် ယမန်နေ့က အဖြစ်အပျက်များကြောင့် စိတ်အား ထက်သန်လာကြပြီး ဒီအဆင့်က ဘယ်လောက်တောင် ခက်ခဲမလဲ ဆိုတာ စမ်းကြည့်ချင်ကြ၏။
သူတော်စင် ယွမ်သလင်းကျောက် သန်းတစ်ရာ ရှိသော အလောင်းအစားကို ကစားတာကလည်း အခွင့်အရေးနဲ့ ထိုက်တန်လေသည်။
သခင်မလေးယွမ်သည် သူမရဲ့ ဝမ်းကွဲတော်စပ်သူနှင့် သူမရဲ့ မိဘများအပါအဝင် တခြားလူ များစွာတို့နှင့်အတူ ရောက်ရှိလာပြီး နှစ်ဦးစလုံးမှာ ကောင်းကင်ဘုံသခင်များ ဖြစ်ကြသည်။
မြို့သခင်စံအိမ်ရဲ့ တင်းကျပ်စွာ ပိတ်ထားသော မြို့တံခါးသည် ရုတ်တရတ် တွန့်ခနဲ ပွင့်သွား၏။ လူတိုင်းက မြို့သခင်စံအိမ် အတွင်းသို့ တအံ့တသြနှင့် နားမလည်နိုင်စွာ ကြည့်နေကြသည်။
မုတ်ဆိတ်မွေး အဖြူ၊ နှင်းဆီရောင့ မျက်နှာနှင့် အဘိုးကြီးတစ်ဦး ထွက်လာသည်။ ခန္ဓာကိုယ်တွင် ကျင့်ကြံမှုအဆင့်က သဲလွန်စ မရှိသလောက် ဖြစ်နေကာ သူသည် အလွန်ရိုးရှင်းပြီး သေတော့မယ့်ပုံလည်း ပေါ်သည်။
ယွင်ယင်နှင့် တခြား ကောင်းကင်ဘုံသခင်များ အားလုံး ယခုအခိုက်တွင် ကောင်းကင်မှ ဆင်းသက်လာကြပြီး အားလုံးက ခြေထောက်တစ်ဖက်ကို မြေကြီးပေါ်တွင် ထောက်ချလိုက်ကာ တစ်ပြိုင်တည်း အော်လိုက်သည်။
"လူကြီးမင်းဟော်ရှန်းကို နှုတ်ခွန်းဆက်သပါတယ်"
သေတော့မယ့် လူနှင့်တူသော ဤအဘိုးအိုသည် နတ်မီးနယ်ပယ်တွင် ကျွမ်းကျင်သူ ဆရာကြီးဟော်ရှန်း ဖြစ်သော ရန်မြို့ရဲ့ မြို့သခင် ဖြစ်ကြောင်း တခြားသူများက မသိကြပေ။
မှောင်မိုက်နေသော လူအုပ်ကြီးသည်လည်း တညီတညွတ်တည်း ဦးညွှတ်ကြပြီး “လူကြီးမင်းဟော်ရှန်းကို နှုတ်ခွန်းဆက်သပါတယ်” ဟူသော ကျယ်လောင်သည့် အသံတစ်ခုကို ထုတ်လွှတ်လိုက်၏။
လူကြီးမင်းဟော်ရှန်းကလည်း အသံကျယ်ကျယ် ရယ်မောပြီး လက်ဝေ့ယမ်းလိုက်သည်။
"လူငယ်တို့ မြန်မြန်ထပါ... ငါက အသက်နည်းနည်း ကြီးနေပြီ အားလုံးက အရမ်းလေးစားတဲ့ ကျင့်ကြံသူတွေပဲလေ မြန်မြန်ထကြ..."
လုရွှမ်သည် မြေပြင်မှ ငြိမ်းချမ်းသော စွမ်းအားတစ်ခု တက်လာပြီး သူ့ကို မြှောက်လိုက်သလို ခံစားလိုက်ရသည်။ တန်ခိုးက အလွန်ကြီးကျယ်ခမ်းနားပြီး ကြီးမားလှသလို အနည်းငယ်မျှပင် အစွန်းမရောက်ဘဲ အေးချမ်းပြီး နွေးထွေးသည်။
ကမ္ဘာမြေကြီးပေါ် ထွန်းလင်းနေသည့် နေရောင်ကဲ့သို့ပင် ပူလောင်သော မီးအပူ မရှိသော်လည်း ထိုစွမ်းအား၏ အနွေးဓာတ်သည် ဘယ်သူနဲ့မှ တူညီသော အဆင့်တွင် ရှိနေ၏။
"ဟား ဟား ဒီနေ့တော့ အားလုံး ရောက်နေကြပြီဆိုတော့ ဒီနေ့ ငါတို့ မြို့တော်သခင်ရဲ့ နန်းတော်ကို ရိုးရိုးရှင်းရှင်း ဖွင့်လိုက်ပါပြီ... စိတ်ပါဝင်စားတဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေ အားလုံး စမ်းသပ်ကြည့်လို့ ရတယ်..."
"သူရဲကောင်း တစ်ယောက်ယောက်က အဆုံးထိအောင်နိုင်ခဲ့ရင် သူ့ကို တပည့်အဖြစ် လက်ခံပြီး ဘဝမှာ သင်ယူခဲ့သမျှကို သင်ပေးမှာပါ... ဟုတ်ပါတယ် မင်းက ငါ့လို အဘိုးကြီးနဲ့ တပည့်အဖြစ် မပေါင်းချင်ဘူး ဆိုရင်တော့ ဟဲဟဲ တောင်းဆိုချက် တစ်ခုက ငါ့လို အရည်အချင်းနဲ့ ပြည့်စုံနေသရွေ့ ကျေနပ်ပါတယ်"
တပည့်အဖြစ် လက်ခံနေမှတော့ ဘယ်သူက သဘောမတူဘဲ နေမလဲ?
လူငယ်များစွာသည် အိမ်ထိန်းထံမှ အသက်ကယ် တံဆိပ်ပြားများကို ဝယ်ယူရန် ခြေလှမ်းပြင်လာခဲ့ကြသော်လည်း မထင်မှတ်ဘဲ ၎င်းတို့ထဲမှ သုံးပုံတစ်ပုံသည် ရှေ့သို့ ထွက်မလာခဲ့ကြပေ။
လူအချို့သည် ဆင်းရဲနွမ်းပါးသော မိသားစုမှဖြစ်ပြီး အမှန်တကယ် သူတော်စင် ယွမ်သလင်းကျောက် မပါရှိကြောင်း လူအများက သတိပြုမိကြပြီး တချို့မှာလည်း သူတို့ရဲ့ အသက်အန္တရာယ် အတွက် ပြင်ဆင်ထားကြတာ ရှိပါသည်။
လုရွှမ်သည် လူအုပ်ထဲတွင် လုဖုန်းကို တွေ့လိုက်ရသည်။ အနောက်တွင် လှပသော အမျိုးသမီးတစ်ဦး ဝန်းရံထားပြီး သူမရဲ့ ကိုယ်သင်းရနံ့သည် လေထဲတွင် ပျံ့လွင့်နေကာ ဖော်မပြနိုင်လောက်အောင် လန်းဆန်းနေပါသည်။ အဝေးကနေ သူတို့ဘက်ကို မျက်နှာမူထားပြီး လက်နှစ်ဖက်လုံးမှာ ဓားတစ်ချောင်းစီ ကိုင်ထားတဲ့ အမျိုးသမီး တစ်ယောက်လည်း ရှိ၏။ ထိုသူမှာ လျန်ရှင်းပဲ ဖြစ်ကာ လုဖုန်းကို ချည်နှောင်ထားချင်ဟန်ဖြင့် အနီးကပ် စိုက်ကြည့်နေသည်။
လုရွှမ် မထိန်းနိုင်ဘဲ ပြုံးမိသွားသည်။ ဒီကောင်လေးက အေးစက်နေပုံ ရပေမယ့် သူ့မျက်လုံးတွေက စိုးရိမ်မှုအပြည့်နဲ့။ လျန်ရှင်းဆိုတဲ့ မိန်းကလေးက တကယ်ကို ကြောက်စရာ ကောင်းနေပုံရ၏။
"ဟေ့ သခင်လေးကျန်းယဲ့က တကယ် ပါဝင်ချင်နေတာလား?"
"ဘာမလို့လဲ? အနီးနားက အဓိကဂိုဏ်းကြီး လေးခု... ရန်မြို့ အနောက် မြောက်ဘက်မှာရှိတဲ့ ဖန်းမိသားစုနဲ့ လီမိသားစုကပါ ရောက်နေကြတာ မင်းမတွေ့ဘူးလား?"
လူစုလူဝေးထဲက ပါရမီရှင်တွေ အကြောင်း ကြားဖူးနားဝရှိသော လူတွေက အဝေးမှ နောက်ထပ် ကျင့်ကြံသူတွေ ဤစိန်ခေါ်မှုမှာ ပါဝင်လိုစိတ်ဖြင့် သူတို့ဘက်သို့ ပြေးလာနေကြတာကို ကြည့်ကာ ပြောနေကြ၏။
လူကြီးမင်းဟော်ရှန်းလည်း ရုတ်တရက် ရှက်ရွံ့သွားပြီး လူတိုင်းကို လက်ဝှေ့ယမ်းကာ
"ချစ်လှစွာသော ပါရမီရှင်တွေ ဒီတစ်ကြိမ် အများကြီး လာကြမယ်လို့ ကျုပ် တကယ်ကို မမျှော်လင့်ထားပါဘူး.... တံဆိပ်ပြား တစ်ထောင်လောက် ပြင်ဆင်ထားပေမယ့် မလုံလောက်တော့ဘူး"
"အကြီးအကဲရဲ့ တပည့် ဖြစ်ချင်ရင် ဘဝမှာ လောဘဇောကြီးပြီး သေရမှာ ကြောက်နေလို ဘယ်လိုလုပ် ဖြစ်မှာလဲ? လူ့လောကကြီးထဲက ကျင့်ကြံခြင်း လမ်းစဥ်မှာ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ အများကြီး ရှိတယ်... ဘာမှ မလုပ်ခင် အသက်ကယ် အဆောင်တစ်ဆောင်တော့ လိုအပ်ကြတာပါပဲ"
လူအုပ်ထဲတွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာပြီး လူအများ၏ ကြည်ညိုမှုကို စွဲဆောင်သွားခဲ့သည်။
"ထျန်းယိဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်လေး သခင်လေးယင်ထျန်းပဲ!"
လူတွေ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ထျန်းယိဂိုဏ်းဟာ အနီးနားက အကျော်ကြားဆုံး ဂိုဏ်းတစ်ခု ဖြစ်ပါသည်။ အလွန် အင်အားကြီးပြီး ရန်မြို့အောက်မှာ တည်ရှိနေကာ ထျန်းယိဂိုဏ်းရဲ့ လူငယ် ဂိုဏ်းခေါင်းဆောင်လည်း ဒီစိန်ခေါ်မှုမှာ ပါဝင်လာမယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ဘူး။
ယင်ထျန်းရဲ့ စကားများသည် တစ်ဖက်သားရဲ့ သဘောကျမှုကို နှိုးဆွ ပေးနိုင်ခဲ့သော်လည်း လူများ၏ မျက်နှာများကတော့ မည်းမှောင်သွားခဲ့သည်။ ဘဝမှာ လောဘကြီးပြီး သေမှာကို ကြောက်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။
စိန်ခေါ်မှုမှာ ပါဝင်တဲ့ လူငယ်တိုင်း သူတို့ မျက်နှာတွင် မည်းမှောင်သော အမူအရာများ ရှိလာသည်။ ထျန်းယိဂိုဏ်းရဲ့ တန်ခိုးကို ခန့်မှန်းမိလို့သာ မဟုတ်ပါက ကောင်းကင်ဘုံသခင် များစွာပင် ဤခွေးလေးကို အပိုင်းပိုင်း ဖြတ်ပစ်ရန် ဆန္ဒရှိပေလိမ့်မည်။
သူတို့ စိုးရိမ်တာက မမှားပါဘူး။ အားလုံးက ယင်ထျန်းရဲ့ စကားကို လိုက်နာကြသည်။ ထင်ရှားကျော်ကြားသော အမျိုးသားငယ် အမျိုးသမီးငယ် များစွာသည် ၎င်းတို့ လက်ထဲက အသက်ကယ် တံဆိပ်ပြားများကို ပြန်ပေးကာ လုရွှမ်နှင့် တခြားသူများ၏ ဘေးတွင် ရပ်နေခဲ့သည်။