အောင့်ယွဲ့နဲ့ ထပ်တွေ့ပြီ
Vol. 61 Ch. 425.4
မူလက ပိုင်းခြားခဲ့ကြသော လူအုပ်စုနှစ်စုသည် ကိန်းဂဏန်းများဖြင့် တဖြည်းဖြည်း ပြိုင်ဆိုင်လာကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။
နောက်ဆုံးတွင် မြို့သခင်စံအိမ်၏ အိမ်တော်ထိန်း လက်ထဲတွင် အသက်ကယ် တံဆိပ်ပြား သုံးချပိ ရှိနေသေးသော်လည်း စိန်ခေါ်မှုတွင် ပါဝင်လာခဲ့သည့် ထူးချွန်သော မိန်းကလေး တစ်ဦးကမှ ၎င်းတို့ကို ထပ်မံဝယ်ယူရန် ဆန္ဒမရှိလာခဲ့ပေ။
လုရွှမ် သူ့ပတ်ဝန်းကျင်က လူတွေကို အကဲခတ် ကြည့်လိုက်သည်။ တချို့လူတွေက ရဲရင့်ဟန်ဆောင်နေချိန်မှာ တချို့လူတွေက သူရဲကောင်းဆန်ပြီး စိတ်ထဲမှာ မကျေမနပ် ဖြစ်နေကြသည်။
လုရွှမ်လည်း ဒီလူတွေရဲ့ ကံကြမ္မာက သေခြင်းတရားဆိုတာ သေချာပေါက် သိတာမို့လို့ ခဏလောက် စိတ်အနှောင့်အယှက် ပေးခွင့်ပြုလိုက်သည်။
သခင်မလေးယွမ်နဲ့ အောင်ရှင်းတို့သည် လူစုလူဝေးထဲတွင် ရပ်နေကြကာ မတိုင်ခင်က သိသာထင်ရှားသော အဖြစ်အပျက်ကြောင့် ဒေါသ ထွက်ခဲ့ကြသော်လည်း ယခုအချိန်တွင်တော့ သူတို့နှင့် ဘာမှမဆိုင်သလို ဖြစ်နေသည်။
မိန်းကလေး နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် စကားစမြည် ပြောရင်း နီးနီးကပ်ကပ် ရပ်နေကြသည်။
"ဟမ့် ဒါကိုတောင် နင်ရောငါရော မဖြတ်နိုင်ဘူး ထင်တယ် ဘယ်သူနိုင်လဲ ဘယ်သူရှုံးလဲပဲ ဆုံးဖြတ်မယ် ဘယ်လိုလဲ?"
အောင်ရှင်းက ဆိုလိုက်သည်။ သခင်မလေးယွမ်ကလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း တွေးတောခဲ့သည်။
"ငါတို့ အသက်ရှင်နိုင်မလား ဆိုတာ သိဖို့ ငါတို့ပတ်ဝန်းကျင်က လူတွေကို အားကိုးရလိမ့်မယ်"
"ရပါတယ် ဒါဆို ငါ့အစ်ကိုလုရွှမ်ကို အားကိုးလိုက်မယ်"
သခင်မလေးယွမ်သည် အသက်ကယ် တံဆိပ်ပြားကို အသုံးမလိုသလိုမျိုး ရပ်နေသော လုရွှမ်ကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ ပါးစပ်ထောင့်က လှောင်ရယ်နေဟန်ဖြင့် ကွေးညွတ်သွား၏။
"သူက ဒီလူတွေ အားလုံးထဲမှာ အနိမ့်ဆုံး ကျင့်ကြံမှုအဆင့် ရှိတာကို နင်မမြင်ဘူးလား? သူတော်စင် အဆင့်၃ တစ်ယောက်ပဲ... ဒီစစ်ဆေးမှုကို ဖြတ်ကျော်ချင်နေရအောင် ကိုယ့်အဆင့်ကို အသိတဲ့ပုံပဲ"
"ဟမ့် ဘယ်သူက ကိုယ့်အဆင့်ကို မသိတာလဲ? ရလဒ်တွေ ထွက်လာတဲ့အထိ ငါတို့ စောင့်ကြည့်ရအောင် အောင်နိုင်သူ တစ်ယောက်ပဲ ရှိရင် အဲဒါက ငါ့အစ်ကိုလုရွှမ်ပဲ ဖြစ်ရမယ်လို့ ငါယုံကြည်တယ်!!"
သခင်မလေးယွမ်က ရုတ်တရက် ရယ်မောရင်း တစ်ဖက်ကို လက်ညိုး ထိုးပြလိုက်သည်။
"ဟုတ်လား? ဒါပေမဲ့ နင့်ရဲ့အစ်ကို လုရွှမ်က လူအုပ်ထဲက ထွက်လာပြီ... သူဘာလုပ်နေတာလဲ? သေမှာ မကြောက်ဘူးလား?"
အောင်ရှင်းနဲ့ နတ်သမီးကျင်းဟုန် တို့သည်လည်း လူအုပ်ထဲမှ လုရွှမ် လမ်းလျှောက်လာတာကို မြင်တော့ အံ့အားသင့်သွားခဲ့ကြသည်။ သူ့ပုံစံက လူတိုင်းရဲ့ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
ခဏကြာတော့ ကျယ်လောင်တဲ့ အော်သံတစ်ခု ထွက်လာ၏။
လုရွှမ် ထိုအသံကို အလေးအနက် မထားခဲ့ပေ။ သူသည် မြို့သခင်စံအိမ်ရဲ့ အိမ်တော်ထိန်းထံသို့ သွား၍ အသက်ကယ် တံဆိပ်ပြားကို ဝယ်ယူလိုက်သည်။ ထို့နောက် သူ့လက်ကို ဆွဲဖွာလိုက်ရာ ကျားဖြူလေး တစ်ကောင် လူအုပ်ထဲမှ ပြေးထွက်လာခဲ့သည်။
"ကလေးလေး... ဒီလိုအခွင့်အရေးမျိုးက ရှားပါတယ်နော် မင်းစမ်းကြည့်သင့်တယ်... နာခံပြီး ဟိုကို သွားလိုက်"
လုရွှမ်က ကျားဖြူလေးရဲ့ ခေါင်းကို ပုတ်ပြီး ပြန်ထွက်သွားလေ၏။
ကျားဖြူလေးကိုပါ စိန်ခေါ်မှုမှာ ပါဝင်ဖို့ ခွင့်ပြုလိုက်တာလား?
ဒါပေမဲ့ သူတို့ရှေ့ကလူဟာ သူတော်စင် တတိယအဆင့် ကျင့်ကြံမှုအဆင့်ပဲ ရှိတယ်ဆိုတာကို လူတွေက မကြာခင်မှာပဲ သဘော ပေါက်သွားကြပါတော့သည်။
"အဲဒီလူက ဘယ်သူလဲ? သူက သူတော်စင် တတိယအဆင့်မှာပဲ ရှိတယ်!"
"သူသေလမ်းကို ရှာနေတာလား?"
"အဲဒီလူနာမည်က လုရွှမ်လို့ ကြားတယ်"
"လုရွှမ်? ဘယ်သူလဲ?"
"ဘယ်သူက သိမှာလဲ?"
လူကြီးမင်းဟော်ရှန်းက အနည်းငယ် ချောင်းဆိုးလိုက်ပြီး ချက်ချင်းပင် အာရုံရဲ့ အားလုံးကို ပြန်လည် ရယူလိုက်သည်။
"ကောင်းပြီ အားလုံး သတိထားကြပါ... စိန်ခေါ်မှုက စတော့မယ်.. ဒီအချိန်က အရင်တုန်းကနဲ့ မတူဘူး... အဆင့်ကို ကျော်ဖြတ်တဲ့ လုပ်ငန်းစဉ်ကို မင်းတို့ကို ပြသဖို့ ငါနဲ့ ကောင်းကင်ဘုံသခင် အဖွဲ့က အတူတူ လုပ်မယ်... နောက်ပြီး ဒီစစ်ဆေးမှု တံဆိပ်ပြားရဲ့ အသေးစိတ် အချက်အလက်နဲ့ မူရင်းဇစ်မြစ် အမှန်ကို အားလုံးသိအောင် ပြောပြပေးမယ်..."
ဒီစစ်ဆေးမှု တံဆိပ်ပြားကို ဆရာကြီးကိုယ်တိုင် သတ်မှတ်ထားတာ မဟုတ်ဘူးလား။
လူများကို အံ့အားသင့်သွားစေတဲ့ အရာကတော့ စစ်ဆေးမှုရဲ့ မူလဇစ်မြစ် ဆိုတာကြီးပဲ ဖြစ်လေသည်။
"ဒါက ဝမ့်ရှန်းကမ္ဘာရဲ့ ပထမဆုံး ဂိုဏ်းဖြစ်တဲ့ စိမ်းပြာကောင်းကင်ဂိုဏ်းကနေ ကူးယူထားတဲ့ ဝင်ခွင့်စာမေးပွဲ အဆင့်ပဲ... အောင်မြင်ရင် ဝင်ခွင့်အဆင့် 90% ထက် ပိုတက်နိုင်တယ် တစ်နည်းဆိုရရင် အခုစစ်ဆေးမှုကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ရင် ဝမ့်ရှန်းကမ္ဘာကို သွားပြီး စိမ်းပြာကောင်းကင်ဂိုဏ်းထဲ ဝင်နိုင်တယ် အနာဂတ်မှာ နတ်မီးနယ်ပယ် တက်နိုင်ဖို့လောက်က ပြဿနာ မဟုတ်ဘူး ကျုပ်ထက် ပိုမြင့်မားတဲ့ အဆင့်ကို တက်သွားနိုင်လောက်တယ်"
လူတွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ဒီလို ကြောက်စရာ ကောင်းတဲ့ စစ်ဆေးမှုမှာ ဒီလိုမျိုး ဇာစ်မြစ်ရှိနေမယ်လို့ မမျှော်လင့်ထားကြဘူးလေ။ ဝမ့်ရှန်းကမ္ဘာက နံပါတ်တစ် ဂိုဏ်းဖြစ်နေလို့ ဝင်ခွင့်စာမေးပွဲကလည်း ခက်ခဲနေတာ အံ့သြစရာတော့ မရှိပါဘူး။
အချိန်အတိုင်းအတာ တစ်ခုအထိ လူငယ် သူရဲကောင်းများ အားလုံး အဆင်သင့် ဖြစ်နေကြပြီး သူတို့ရဲ့ ယုံကြည်မှုက အလွန်တိုးလာကာ ကျော်ဖြတ်ရန် အပြင်းအထန် ကြိုးစားကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
"ကောင်းပြီ အပိုစကားတွေ ရပ်လိုက်ရအောင် ယောက်ျားလေး မိန်းကလေးတွေ အားလုံး လာကြ..."
လူကြီးမင်းဟော်ရှန်းက ပြောပြီးသည်နှင့် လက်ကို ဝှေ့ယမ်းကာ တံခါးကို အကျယ်ကြီး ဖွင့်လိုက်တော့သည်။
ထူးဆန်းသော ရယ်မောသံက ရုတ်တရက် ထွက်ပေါ်လာပြီး လူများ ရုတ်တရက် လှည့်ကြည့်လိုက်ရာ ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦး ဖြစ်လေသည်။ သူ၏ ခြေဖဝါးသည် လေထဲတွင် အမှန်တကယ် ဝဲပျံနေတာကို တွေ့လိုက်ရ၏။
"ဘယ်သူမှ မလုပ်ရဲဘူး ဆိုမှတော့ ဒါ ငါရောင်းလိ ပထမဆုံး လာမယ်!!"
အော်ကြီး ဟစ်ကျယ် အသံဖြင့် ရောင်းလိသည် ပထမဆုံး အပြေး ဝင်သွားခဲ့သည်။
"ရောင်းလိ နင်ဘယ်ပြေးမလို့လဲ!"
နောက်ထပ် အသံတစ်ခုကပါ ထွက်လာသည်။ ဒီတစ်ခါတော့ ရောင်းလိရဲ့ တံခါးပေါက်ထဲကို လိုက်ဝင်သွားတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အသံပဲ ဖြစ်လေသည်။
လုရွှမ်ရဲ့ နားရွက်များ လှုပ်ခတ်သွား၏။ အသံကား သူနဲ့ အလွန်ရင်းနှီးတဲ့ နတ်သမီးအောင့်ယွဲ့ရဲ့ အသံပဲ။ သူမ ရောင်းလိကို လိုက်ဖမ်းဖို့ ပြေးဝင်သွားမယ်လို့ သူ မမျှော်လင့်ထားပေ။
"အောင့်ယွဲ့... သတိထား!"
လုရွှမ် အော်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က လေထဲသို့ ခုန်တက်လာပြီး သူ့ခြေဖဝါးအောက်က လေပြင်းနိယာမများ လွင့်ပျံလာကာ တံခါးဝသို့ ပြေးဝင်သွားလေသည်။
လူအုပ်ထဲတွင် ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ဆွေးနွေးမှုများစွာ ထွက်ပေါ်လာခဲ့သည်။
"အဲဒီမိန်းကလေးက ငါတို့ရှေးဟောင်း လျှပ်စီးကမ္ဘာရဲ့ နံပါတ်တစ်ပါရမီရှင် နတ်သမီးအောင့်ယွဲ့ပဲ"
"အဲဒီလူ ပျံသန်းသွားတာ မင်းမြင်လိုက်လား"
လူတိုင်းကို မပြောနဲ့ ကောင်းကင်ဘုံသခင်များနှင့် လူကြီးမင်းဟော်ရှန်းတို့ပင် ဤအခိုက်အတန့်တွင် ထိတ်လန့်သွားကြသည်။ အရှိန်အဟုန်ဖြင့် ဆက်လက် ဝင်ရောက်လာသော ပါရမီရှင်များကို ဂရုမစိုက်ဘဲ လူကြီးမင်းဟော်ရှန်းဟာ ကောင်းကင်ဘုံသခင် အုပ်စုဆီသို့ ပျံသန်းသွားခဲ့သည်။
"နတ်သမီးယွင်ယင်... ငါမှန်မှန်ကန်ကန် မှတ်မိတယ် ဆိုရင် သူတော်စင် တတိယအဆင့် ကောင်လေးက မင်းရဲ့အငယ်တန်းပဲ မဟုတ်လား"
ဟော်ရှန်းက သူ့မျက်နှာပေါ်က အပြုံးနဲ့ ပြောလိုက်သည်။
ယွင်ယင် စိတ်လှုပ်ရှားစွာဖြင့် အကြိမ်ကြိမ် ခေါင်းညိတ် ပြလိုက်သည်။ လူကြီးမင်းဟော်ရှန်းက သူမနဲ့ စကားပြောဖို့ အစပြုလာမယ်လို့ သူမ မျှော်လင့်ထားပေ။ တခြား ကောင်းကင်ဘုံသခင် အားလုံးက ဒေါသမျက်လုံးများဖြင့် သူမကို ကြည့်နေကြသည်။
လူကြီးမင်းဟော်ရှန်းမှာ လုရွှမ်ရဲ့ အလားအလာကို မြင်ပြီး သူ့ကို တပည့်အဖြစ် ခေါ်သွားချင်ကြတာ ထင်ရှားနေပြီ။
"အကြီးအကဲ သူ့နာမည်က လုရွှမ်ပါ!"
သူ့ဘေးက ကောင်းကင်ဘုံသခင် တစ်ပါးကလည်း ရုတ်တရက် ထအော်လိုက်သည်။
"လုရွှမ်နဲ့ အောင့်ယွဲ့... ရွှမ်ခုန်းတောင်မှာ ပါရမီရှင်ငါးပါးလုံးကို အနိုင်ယူသွားတဲ့ လုရွှမ်လား?"
တခြား ကောင်းကင်ဘုံသခင် အားလုံးလည်း ထိတ်လန့်သွားသည်။ ထိုပါရမီရှင်လေး ၅ယောက်ရဲ့ အဆင့် သတ်မှတ်ချက်ကြောင့်လည်း သူတို့က ထိုလူငယ်တွေအပေါ် အလွန်ယုံကြည်ကြသည်။ ထိုပါရမီရှင်များဟာ သူတို့ကမ္ဘာမှာ နံပါတ်တစ် ပါရမီရှင်ဟု ဟိုးရှေးရှေးကတည်းက သိထားကြပေသည်။
သို့သော် လုရွှမ်သည် လူငါးဦးကို လွှမ်းမိုးနိုင်ခဲ့ပြီး ၎င်းတို့ကိုပင် ဆွဲဆောင်သွားနိုင်ခဲ့သည်။
လူကြီးမင်းဟော်ရှန်းရဲ့ မျက်နှာပေါ်မှာ ပြုံးနေသော်လည်း ယွင်ယင်ကတော့ ရင်တွင်း၌ ညည်းတွားနေသည်။
"အိုး နတ်သမီးမှာ ဖုံးကွယ်ထားတာ တစ်ခုခု ရှိလို့လား?"
နောက်ဆုံးတွင် သူသည် နတ်မီးနယ်ပယ်က အကြီးအကဲ သခင် ဖြစ်သောကြောင့် ဖုံးကွယ်ထား၍ မရပေ။ သို့နှင့် ယွင်ယင်လည်း ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အမြန်ပြန်ပြောပြပြီး လူကြီးမင်းဟော်ရှန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
နောက်မှ သက်ပြင်းချလိုက်ပြီး
"ထားလိုက်ပါတော့... ဒီတစ်ခါတော့ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေထဲက တစ်ယောက် ငါ့မျက်လုံးကို တကယ် ဖမ်းစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်... နှမြောစရာပဲ"
တခြား ကောင်းကင်ဘုံသခင်များ အားလုံး သက်ပြင်းချလိုက်သည်။ လုရွှမ်က လူကြီးမင်းဟော်ရှန်းရဲ့ တပည့် မဖြစ်လိုသောကြောင့် အားလုံး စိတ်သက်သာရာ ရသွားကြသည်။ လုရွှမ် ဆန္ဒမရှိသော်လည်း ၎င်းတို့သည် ၎င်းတို့၏ တပည့်များကို ပေးစွမ်းနိုင်စေရန် အတွက် စိတ်အားထက်သန်နေကြသည်။
ကလေးတွေအတွက် အခွင့်အလမ်း မရှိလာရင် အချိန်လာဖြုန်း နေတာပဲ မဟုတ်ဘူးလား။
နတ်သမီးအောင့်ယွဲ့ အတွက်ကတော့ သူမရဲ့ အရည်အချင်းကို ဟိုးအရင်ကတည်းက သိထားခဲ့ပြီးပြီ။ သူမဟာ ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ နံပါတ်တစ် မိသားစုက ဖြစ်တာကြောင့် သူမဟာ ဒီမှာရှိတဲ့ အရင်းအမြစ်တွေကို သေချာပေါက် ရှုံ့ချမှာပဲ။
တခြားဘာကိုမှ မပြောဘဲ အောင့်ယွဲ့ရဲ့ အဘိုးကိုပဲ ကြည့်လိုက်လျှင် သူမအဘိုစသည် နတ်မီးနယ်ပယ်က တန်ခိုးကြီးသူ တစ်ဦးဖြစ်သောကြောင့် တခြား နတ်မီးနယ်ပယ်က တန်ခိုးကြီးသူထံမှ လမ်းညွှန်မှု ပေးရန် မလိုအပ်ချေ။