ပထမပွဲစဥ်
Vol. 61 Ch. 426.4
ကောင်းကင်ဘုံသခင်များ အားလုံး၏ အတွေးအမြင်မှာ အလွန်ရိုးရှင်းပါသည်။ ဘယ်သူမှ နောက်ဆုံး စမ်းသပ်မှုကို မကျော်ဖြတ်နိုင်ပါက လူကြီးမင်းဟော်ရှန်းက ယင်းအတွက် စိုးရိမ်စရာ ဖြစ်မည် မဟုတ်ပေ။ နောက်ဆုံးတွင် ဤတစ်ကြိမ်တွင် အရှိန်အဟုန်က အလွန်ကြီးမားပြီး ၎င်းတို့ပင် အကဲဖြတ်အဖွဲ့ အဖြစ် လူကိုယ်တိုင် ထွက်လာလို့ပါပဲ။
ကျရှုံးသူများကြားတွင် ထူးချွန်သော လူတစ်ဦးကို တပည့်တစ်ဦး အဖြစ် ရွေးချယ်ခံရပေမည်။ ဂရုတစိုက် ဆုံးမသြဝါဒပေးပြီး သင်ကြားပြီးတဲ့နောက် နတ်မီးနယ်ပယ်က တန်ခိုးကြီးသူ တစ်ဦး ဖြစ်လာနိုင်မည် မဟုတ်ပေလော။
ပြီးနောက် လူကြီးမင်းဟော်ရှန်းကလည်း စိမ်းပြာကောင်းကင်ဂိုဏ်းသည် ဝမ့်ရှန်းကမ္ဘာတွင် နံပါတ်တစ်ဂိုဏ်း ဖြစ်ကြောင်း ပြောခဲ့သည်။ နံပါတ်တစ် ဂိုဏ်းအတွက် စစ်ဆေးမှုများက သဘာဝအားဖြင့် ပိုခက်ခဲသော်လည်း သူတို့သည် တခြားဂိုဏ်းများသို့ အမြဲ ဝင်ရောက်နိုင်သေးသည်။
ကောင်းကင်ဘုံသခင်များ စကားစမြည် ပြောနေကြစဉ် အောက်ဘက်ရှိ ထက်မြက်သော ကျင့်ကြံသူ အုပ်စုတစ်စုသည် မုခ်ပေါက်ထဲသို့ ပြေးဝင်သွားကြသည်။ ခဏအတွင်း အပြင်ဘက်တွင် ဘယ်သူမှ မရှိတော့ချေ။
လူကြီးမင်းဟော်ရှန်းက သူ့လက်ကို ထပ်ခါယမ်းလိုက်ပြီး တံခါးကို ပိတ်လိုက်သည်။ လက်ဝေ့ယမ်းလိုက်စဥ် လေထုအလယ်က ကောင်းကင်၌ အလင်းတန်းဆယ့်ခြောက်ခု ထွန်းညှိလာ ပထမနေရာအတွက် ယှဥ်ပြိုင်ကြသော ကျင့်ကြံသူများ၏ မြင်ကွင်းကို ပြသလာသည်။
၎င်းတို့ထဲတွင် လုရွှမ်၊ နတ်သမီးအောင့်ယွဲ့၊ ထျန်းယိဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေး ယင်ထျန်း၊ လုဖုန်းနဲ့ တခြားပါရမီရှင် လူငယ်များသည် လူတိုင်းကြည့်ရှုရန် အလင်းတန်း တစ်ခုစီကို သိမ်းပိုက်ထားသး၏။
တစ်ချိန်တည်းမှာပင် နောက်ဆုံး အလင်းမြင်ကွင်းပေါ်တွင် နံပါတ်တစ်ခု ပေါ်လာသည်။ ထိုနံပါတ်သည် ၂၀၁၃ ဖြစ်သည်။ ဤတစ်ကြိမ်တွင် စိန်ခေါ်မှုအဆင့်သို့ ဝင်ရောက်ခဲ့သူ အရေအတွက်မှာ ထင်ရှားလာပါ၏။
ဒီလိုအခိုက်အတန့်မျိုး တစ်ခါမှ မဖြစ်ဖူးချေ။ လူတိုင်းဟာ သူတို့ရဲ့ တပည့်လေးများ အလုပ်ကြိုးစားပြီး ဘေးကင်းစွာ နေထိုင်နိုင်မယ် ဆိုတာကို မျှော်လင့်လျက် အလင်းမြင်ကွင်းပေါ်က အရာအားလုံးကို အတူတူ ကြည့်နေကြသည်။
ကောင်းကင်ဘုံသခင်များတွင် အခွင့်ထူးငယ်များ ရှိသည်။ လူကြီးမင်းဟော်ရှန်းက သူတို့အား အခင်းအကျင်း တံဆိပ်ပြားများကို ပေးထားသည်။
ကောင်းကင်အရိပ်ဂိုဏ်း ရှေ့တွင် ယွင်ယင်နှင့် တခြားသူများသည် ကျင်းဟုန်၊ အောင်ရှင်း၊ လုရွှမ်နဲ့ ကျားဖြူလေးတို့ ဖြစ်ကြသော တံဆိပ်ပြား လေးခုကို ကြည့်ရှုနေကြသည်။
ဘယ်သူကမှ စကားမပြောကြဘဲ အားလုံးက လေထုထဲမှ မြင်ကွင်းကိုသာ ဂရုတစိုက် ကြည့်နေကြ၏။
ရုတ်တရက် အလင်းနှင့် အရိပ်တစ်ခု တောက်ပလာကာ လူတစ်ယောက် ရုတ်တရက် နေရာလွတ်ထဲမှ ပေါ်လာသည်။
သူမသည် မဟာသူတော်စင် ပထမအဆင့်က မိန်းကလေးတစ်ဦး ဖြစ်သော်လည်း သူမ၏မျက်နှာတွင် အလွန် ထိတ်လန့်နေသည့် အကြည့်မျိုး ရှိနေသေးသည်။ ကျိုးပဲ့နေသော ခန္ဓာကိုယ်ကို ကြည့်ပြီးနောက် သူမ မသေသေးကြောင်း သိလိုက်ရရှာ၏။
လူတိုင်း၏ မျက်လုံးများကို ခံစားရင်း သူမသည် ကောင်းကင်ရှိ အလင်းတန်းကို ကြည့်လိုက်ပြီးနောက် ၂၀၁၃ မှ ၂၀၁၂ သို့ ပြောင်းလဲသွားသော နံပါတ်ကို မြင်လိုက်ရသည်။ တစ်နည်းဆိုရသော် သူမသည် ပထမဆုံး ဖယ်ရှားခံခဲ့ရသူ ဖြစ်ပေသည်။
မကျေမနပ် ခံစားချက်ကြီးတစ်ခု သူ့အပေါ်ရောက်လာပြီး မိန်းကလေးက မကူညီနိုင်ဘဲ ကိုယ့်ခြေထောက်တွေကို ပွေ့ဖက်ပြီး ငိုလိုက်တော့သည်။
ဤနေရာကို လာဝံ့သူသည် မာနကြီးသူ မဟုတ်သော်လည်း ပထမဆုံး ထွက်လာလူကို လုံးဝ ငြင်းပယ်တတ်ကြသည်။
လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ထွက်လာပြီး ကောင်မလေးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
သက်လတ်ပိုင်း အမျိုးသမီးကလည်း မိန်းကလေး၏ မျက်လုံးများထဲကလို မျက်ရည်များ ပြည့်နှက်နေသည်။ သူမသည် ထိုအမျိုးသမီးကို ရုတ်တရက် ပွေ့ဖက်ကာ ပို၍ပင် ငိုနေမိတော့သည်။
“မေမေ.... သမီး”
သက်လတ်ပိုင်း အမျိုးသမီးကြီး ငိုနေသော်လည်း သူမ၏ မျက်လုံးများတွင် အပြုံးတစ်ခု ရှိနေသည်။ သူမသည် မိန်းကလေးရဲ့ ကျောကို ညင်သာစွာ ပွတ်သပ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"အသက်ရှင်နေတာပဲ ကောင်းပါတယ်.. အသက်ရှင်နေရင် တော်ပါပြီ"
လူကြီးမင်းဟော်ရှန်းက ရုတ်တရက် ဝမ်းသာအားရ ရောက်ရှိလာပြီး မိန်းကလေး၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
"သမီးလေး အသက်ရှင်နေရင် ရပါပြီ... မအောင်မြင်တာက ကျရှုံးမှုလို့ မဆိုလိုပါဘူး... မင်း ဇွဲရှိရှိနဲ့ ကြိုးစားနေသမျှ မင်းသေချာပေါက် လုပ်နိုင်မှာပါ"
"မင်း ပြက်လုံးတွေကို မကြောက်ရဘူး... ငါစစဝင်တုန်းကတော့ အရိုက်ခံရပြီး အကဲဖြတ်ကွင်းတစ်ခုလုံးရဲ့ ရယ်မောစရာ ဖြစ်လာခဲ့ဖူးတယ်... ဒါပေမယ့် ဆက်ပြီးသည်းခံရင်းနဲ့ နောက်ဆုံးတော့ ဖောက်ထွက်ပြီး ဒီနေ့ ငါဖြစ်လာခဲ့တာပဲလေ"
သက်လတ်ပိုင်း အမျိုးသမီးသည် အလွန် ကျေးဇူးတင်ကြောင်း ထပ်ခါတလဲလဲ ပြောလိုက်သည်။
"ကျေးဇူးပါ အကြီးအကဲ... ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ကောင်မလေးကလည်း ကျေးဇူးတင်ကြောင်း ပြောပြီးနောက် အမေနှင့်သမီးတို့ ထွက်သွားကြသည်။
ဝုန်း ဝုန်း!
အသံတွေ ဆက်တိုက် မြည်လာပြီး ကျင့်ကြံသူတွေ တစ်နေရာပြီး တစ်နေရာမှ ထွက်ပေါ်လာကြသည်။ တချို့က ဝမ်းနည်းပူဆွေးနေပြီး တချို့ကလည်း တိတ်ဆိတ်နေကြသည်။
ထို့နောက် သူတို့ ဖြည်းညှင်းစွာ ထွက်ခွာသွားကာ အလင်းမျက်နှာပေါ်က နံပါတ်များကို ပြန်ကြည့်ရုံ ကြည့်လိုက်သည်။ မိသားစုဝင်များ တစ့ယောက်ပြီး တစ်ယောက် ထွက်လာကြပြီး ပွေ့ဖက်ကာ တိုးတိုးလေး နှစ်သိမ့်ပေးကြသော်လည်း ဘယ်သူမှ အသံမထွက်လာခဲ့ပေ။
ကျယ်လောင်သော ဟစ်အော်သံများ ထွက်ပေါ်လာပြီး နောက်ဆုံး အလင်းမျက်နှာပြင်ပေါ်ရှိ နံပါတ်သည် လျင်မြန်စွာ ကျဆင်းသွားကာ ရုတ်တရက် ငါးရာအထိ ကျဆင်းသွားခဲ့သည်။ ထိုအရေအတွက်သည် လူတိုင်း၏နှလုံးသားကို ထိမိသော်လည်း ပွင့်လင်းသော နေရာ၌ လူ ၄၀၀ ကျော်သာ ပေါ်လာပြီး လူ ၁၀၀ ခန့် တိုက်ရိုက်သေဆုံးသွားပုံရသည်။
ရုတ်တရက် ငိုကြွေးသံတွေ ပေါ်ထွက်လာခဲ့ပြန်သည်။
ဆွေမျိုးများရဲ့ သွေးကြားက ဆက်နွှယ်မှု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့၏ နှလုံးသားများသည် နားမလည်နိုင်စွာ နာကျင် ခံစားခဲ့ရပြီး ၎င်းတို့၏ ကလေးနှင့် ညီအစ်ကိုဖြစ်သူ သေဆုံးသွားကြောင်း ရုတ်တရက် သိလိုက်ရသည်။
လုရွှမ် နောက်မှ လိုက်လာရင်း ရှေ့က အောင့်ယွဲ့ ပျောက်ကွယ်သွားတာကို သူသိလိုက်သည်။ အထီးကျန် ကမ္ဘာထဲရောက်နေသလို သူတစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့သည်။
ဆိုလိုတာက ဝင်လာတဲ့ သူတိုင်းဟာ ထင်ယောင်ထင်မှား ပုံရိပ်ယောင်ကမ္ဘာထဲ ဝင်ရောက်နေပြီ ဆိုတာပါပဲ။
လုရွှမ် မသိသောအရာမှာ မြို့သခင်စံအိမ် အပြင်ဘက်ရှိ အိမ်စောင့် အဖိုးကြီးသည် ၎င်း၏ အထောက်အထားကို ထုတ်ဖော် ပြသလိုက်သောအခါ ထိုအဘိုးအိုသည် အမှန်တကယ် ကောင်းကင်ဘုံရှင်သခင် ဖြစ်ကြောင်း လူအများကို သိရှိသွားစေခြင်းပဲ ဖြစ်သည်။
"အတိုချုံး ပြောရမယ်... ဒီပွဲစဥ်ကို ကျော်ချင်ရင် အဆင့်ငါးဆင့်ကို ကျော်ဖြတ်ရမယ်... ပထမအဆင့်က ထင်ယောင်ထင်မှား အဆင့်ပဲ...ကောင်းကင်ဘုံသခင်တို့ မင်းတို့အားလုံး မြင်ဖူးကြမယ်လို့ ငါယုံကြည်တယ် မင်းတို့ရဲ့တူလေးတွေက လေထဲမှာ တိုက်နေတာ ဒါမှမဟုတ် ငြိမ်ငြိမ်ထိုင်နေရင်လည်း ဒါက ပထမအဆင့်ပဲ... အောင်ချက်က သူတို့ရဲ့ စိတ်အခြေအနေကို စမ်းသပ်ဖို့ပဲ"
"အောင်နိုင်လိုစိတ် လုံလုံလောက်လောက် ရှိလား? ကျင့်ကြံခြင်း လမ်းစဉ်တလျှောက် ဆူးပင်တွေကြားက ပန်းတွေကို ကောက်ဖို့ ရည်မှန်းထားတာလား? မရေမတွက်နိုင်အောင် ခက်ခဲကြမ်းတမ်းတဲ့ လမ်းကြီးကို ဖြတ်သန်းပြီးမှ စိတ်ဆန္ဒ စမ်းသပ်မှုက အပြတ်သားဆုံး ဖြစ်သွားမှာ... ပြီးတော့ ကျရှုံးမှုကလည်း ရှောင်လွှဲလို့ မရဘူး။"
"ဒါကြောင့်မို့လို့ ပထမအဆင့်မှာ သေဆုံးသွားတဲ့ လူ ၅၀၀ ထဲမှာ သူတို့ထဲက ၉၀% နီးပါးက အသက်ကယ်တဲ့ တံဆိပ်ပြားတွေ ရှိကြတယ်... သေဖို့ မဆုံးဖြတ်ဘဲနဲ့ ဒီအဆင့်ကို ကျော်ဖြတ်ဖို့က ခက်ခဲလွန်းတယ်"
လူတိုင်းကလည်း ဒီကိစ္စကို နားလည်ကြပါသည်။
ဖယ်ထုတ်ခံရသော ပါရမီရှင်များ အားလုံးသည် တစ်ယောက်ပြီး တစ်ယောက် သက်ပြင်းချလိုက်ကြ၏။
အနိုင်ယူလိုစိတ် မရှိရင် ဒီသွေးစွန်းတဲ့ လမ်းကို ဘယ်လိုလုပ် ဖြတ်ကျော်နိုင်မလဲ?
လုရွှမ်ရဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ အလွန်အံ့သြသွားသည်။
သူထင်ယောင်ထင်မှားကို မြင်လိုက်သောအခါ သူ့အတွက် အကျပ်အတည်း တစ်ခု ရှိလာမည်ဟု မျှော်လင့်ခဲ့သော်လည်း သူအရင်က မြင်ခဲ့သော မိန်းကလေးလျန်ရှင်း ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမက သူ့ရဲ့အကြီးမားဆုံး အကျပ်အတည်းလား? လုရွှမ် ကူကယ်ရာမဲ့ အံ့အားသင့်သွားခဲ့သည်။ တစ်ခုခု မှားနေတာလား?
လျန်ရှင်း ဖြတ်လျှောက်လာခဲ့သည်။ သူမ၏ ယခင် အေးစက်မှုများ ပျောက်ကွယ်သွားကယ သူမ၏ မျက်နှာသည် နူးညံ့မှုများနှင့် ပြည့်နှက်နေပြီး ပေါ့ပေါ့ပါးပါးပင် စကားပြောလာ၏။
"ရှင်က ကျွန်မရဲ့ ရှင်ဘုရင်ဖြစ်ဖို့ ရည်မှန်းထားပြီးသား... ကျွန်မတို့ဂိုဏ်းက ရှင့်ကို နှစ်ထောင်ချီပြီး စောင့်နေခဲ့တာ... နိမိတ်ဖတ်ပြုချက်မှာ ရှင်ကျွန်မတို့ကို ရေနဲ့ မီးဘေးကနေ ကယ်တင်မယ်... ကြီးကျယ်ခမ်းနားပြီး ဒဏ္ဍာရီတွေ ဖန်တီးပေးလိမ့်မယ်"
လုရွှမ်သည် ထိုအမျိုးသမီး၏ ရှင်းပြချက်ကို အေးအေးဆေးဆေး နားထောင်ပြီး ခေါင်းခါလိုက်သည်။
"ငါ့ဘဝမှာ သင်ယူခဲ့သမျှကို ပြောရမယ်ဆိုရင် ကံတရားဆိုတာ ဘာမှမဟုတ်ဘူး... အရာအားလုံးဟာ ငါ့ရဲ့ကိုယ်ပိုင် ရုန်းကန်မှုပဲ... ကယ်တင်ခံရဖို့ စောင့်နေမယ့်အစား အခု လေ့ကျင့်ပြီး ကြိုးစားရင် မင်း ကျရှုံးမယ် ဆိုရင်တောင်မှ မင်းဘဝမှာ နောင်တရစရာ မရှိလောက်တော့ဘူး"
"ကံတရား... ရှင်က ကျွန်မရဲ့ အကြီးမားဆုံး အကျပ်အတည်းပဲ... ဟားဟား ရယ်စရာကောင်းလိုက်တာ"
လမ်းကြောင်းပေါ်မှ အသံကျလာသည်နှင့်အမျှ လျန်ရှင်း၏ ခန္ဓာကိုယ်သည် တိတ်တဆိတ် ကွဲကြေသွားပြီး ပျောက်ကွယ်သွားခဲ့သည်။