ပါရမီ နှိုင်းယှဉ်မှု
Vol. 61 Ch. 427.4
လုရွှမ်သည် သူ့ရှေ့တွင် အလင်းရောင် တစ်ခု လင်းလတ်လာတာကို ခံစားလိုက်ရပြီး အာကာသ တစ်ခုဆီသို့ ရောက်သွားခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ အရာဝတ္ထု အစစ်အမှန်များကို ခံစားလိုက်ရသဖြင့် လုရွှမ် အစောက ထင်ယောင်ထင်မှား ပုံရိပ်ယောင်ကို အောင်မြင်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
အပြင်ဘက်တွင် အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး အလင်းမြင်ကွင်း အပြင်ဘက်ကနေ ကြည့်နေသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"မြန်လိုက်တာ!"
အလင်းမြင်ကွင်းက ရုတ်တရက် ပိုကြီးလာပြီး လုရွှမ်ရဲ့ ရုပ်သွင် ပေါ်လွင်လာခဲ့သည်။ အိမ်တော်ထိန်းကြီးက ပြုံးကာ ပြောလိုက်သည်။
"ဒီလူငယ်လေးကို လုရွှမ်လို့ ခေါ်တယ်.. သူက နည်းဥပဒေသတွေ မပြည့်စုံတဲ့ တိမ်ပင်လယ်နယ်မြေက ဆင်းသက်လာသူပဲ... အခုသူရဲ့ ကျင့်ကြံမှုက သူတော်စင် တတိယအဆင့်... မင်းတို့ အာရုံစိုက်နိုင်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ ရွှမ်ခုန်းတောင်က ပါရမီရှင် သခင်လူငယ်ငါးဦးကို လူတစ်ဦးကတည်းက နှိမ်နှင်းခဲ့တဲ့အကြောင်း သိကြမှာပါ... အဲဒီလူက လက်ရှိ ဒီသခင်လေး လုရွှမ်ပဲ!"
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်လျက်။ လုရွှမ်က သူတော်စင် အဆင့်ဖြင့်ပင် လေထဲတွင် ပျံသန်းသွားနိုင်တာကို မြင်လိုက်ရသဖြင့် ဤလူသည် ထူးထူးခြားခြား အရည်အချင်းရှိသူ ဖြစ်ရမည်ကို သူတို့ သိလိုက်ကြသည်။
ရွှမ်ခုန်းတောင်မှာတုန်းက ပါရမီရှင် ငါးယောက်ကို ကျော်တက်သွားခဲ့တဲ့ လုရွှမ်ပါ ဖြစ်နေပြန်၏။
"ဟေး တစ်ယောက်ယောက်က ပထမအဆင့်ကို ကျော်သွားပြန်ပြီ ဘယ်သူလဲဆိုတာ ကြည့်ရအောင်"
အလင်းမြင်ကွင်းက ထိုလူ၏ ရုပ်သဏ္ဌာန်ကို ထွက်ပေါ်လာစေသည်။
နတ်သမီးအောင့်ယွဲ့ကလွဲလို့ တခြားသူ မဟုတ်ချေ။
လူအုပ်ထဲက လူတော်တော်များများက ဝမ်းနည်းစွာ ခေါင်းခါယမ်းကြသည်။ သူတို့မှာ နာမည်ကောင်း ရှိပြီးသား။ သူတို့ နှစ်ယောက်က ပထမနဲ့ ဒုတိယနေရာကို အပြေးအလွှား ထွက်သွားတာကို မြင်လိုက်ရုံနဲ့ သူတို့ရဲ့ အရည်အချင်းက တခြားသူတွေထက် သာလွန်နေပြီ ဆိုတာ တကယ်ကို သိသာသွားပါပြီ။
တစ်စုံတစ်ဦးသည် ပထမအဆင့်မှ အလျင်စလို ပြေးထွက်လာခဲ့သည်။ အိမ်တော်ထိန်းသည် ၎င်းတို့၏ ရုပ်ပုံများကို အလင်း မျက်နှာပြင်ကြီးဖြင့် အစားထိုးလိုက်ခြင်း မရှိသော်လည်း သူ့တွင် အကြံတစ်ခု ရှိထားကာ အလင်း မျက်နှာပြင်ပေါ်တွင် ထိုနာမည်များစွာ ရေးထိုးလိုက်သည်။
ကျားဖြူဖြူလေး၊ ယင်ထျန်း၊ ကျန်းယဲ့နဲ့ ထျန်းချုံတို့ရဲ့ နာမည်တွေက တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာသည်။ လူတော်တော်များများက ရယ်မောတာတောင် မလုပ်နိုင်တော့ပေ။ ကျားဖြူလေးက ဘယ်သူလဲ ဆိုတာ အားလုံးသိကြပါ၏။ လုရွှမ်နဲ့ လိုက်လာခဲ့တဲ့ ကျားငယ်လေးပဲ မဟုတ်လား?
သခင်က တန်ခိုးကြီးပြီး သူတော်စင် သားရဲသည်လည်း ကြမ်းတမ်းပေ၏။
ယွင်ယင်နှင့် သူ့အဖွဲ့သည် ပုံစံလေးခုကို ထိတ်လန့်စွာ ကြည့်နေကြသည်။ လုရွှမ်၊ ကျားဖြူလေး၊ အောင်ရှင်းနှင့် ကျင်းဟုန်တို့သည် လျင်မြန်စွာ ဖြတ်ကျော်လာခဲ့ကြပြီး ကောင်းကင်အရိပ် ဂိုဏ်းရှိ လူတိုင်းကို ပြုံးရယ်စေခဲ့သည်။
ယွင်ယင်ဟာ စိတ်လျှော့စေဖို့ လုံးဝ မရည်ရွယ်ခဲ့ပါဘူး။ ပထမအဆင့်ဟာ လှည့်စားမှု တစ်ခုသာ ဖြစ်ပြီး စိတ်အပေါ် စမ်းသပ်မှု ဖြစ်တဲ့အတွက် လွယ်ကူသွားမယ် ဆိုတာ သူမ ကောင်းကောင်းသိပါသည်။ အောင်ရှင်းနဲ့ ကျင်းဟုန်တို့သည် ပေါ့ပေါ့ဆဆ ယှဉ်ပြိုင်နေကြပြီး ကျားဖြူလေးသည်လည်း နတ်ဆိုးအဖြစ်သို့ မပြောင်းလဲသေးပေ။
အရည်အချင်း ကွာဟမှုက အနာဂတ်တွင်သာ ကျယ်ပြန့်လာမည် ဖြစ်သည်။
"ဒုတိယ အဆင့်ကတော့ ခန္ဓာကြံ့ခိုင်မှုကို စမ်းသပ်ခြင်းပါပဲ"
အိမ်တော်ထိန်းကြီးရဲ့ အသံက တိုးညှင်းစွာ ထွက်ပေါ်လာပါ၏။
လုရွှမ် သူ့လမ်းကြောင်းမှာ ခဏလောက် စောင့်နေပြီး ခေါင်းယမ်းလိုက်သည်။ လမ်းက လုံးဝမတူညီတာ ဖြစ်နိုင်သည်။ နောက်ထပ် နေရာတွေမှာ အောင့်ယွဲ့နဲ့ တွေ့နိုင်သလို အပြင်ပြန်ရောက်ရင်လည်း တွေ့နိုင်သေး၏။
အောင့်ယွဲ့ ထွက်သွားနိုင်ပါ့မလား ဆိုပြီး သူသိပ် စိုးရိမ်မနေပါဘူး။ ဒါတွေကို မကျော်နိုင်ဘူး ဆိုရင် သူမလိုချင်တဲ့ အရာကိုလည်း လွဲချော်သွားလိမ့်မည်။
ဝုန်း!
လုရွှမ်၏ ခြေထောက်များ ရုတ်တရက် နစ်ဝင်သွားပြီး သူ့ခါးအထိ အလိုအလျောက် နစ်မြုပ်သွားခဲ့သည်။ ဒါပေမဲ့ သူ အမြန်ထပြန်ပြီး သူ့ခါးကို တည့်တည့်မတ်မတ် ထားလိုက်သည်။
"ဆွဲငင်အား?"
သူသည် ဧရိယာအတွင်း ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ခုန်ချကာ သူ့ခြေဖဝါးအောက်ရှိ လေကို နင်းလိုက်ကာ သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း လွင့်ပျံလာသည်။
အပြင်လောကမှာ ကြည့်ရှုနေသူတိုင်း အံ့အားသင့်သွားကြသည်။ လူကြီးမင်းဟော်ရှန်းနဲ့ ပွဲကြည့်သူ အိမ်တော်ထိန်းကြီးက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခါးသက်စွာ ရယ်လိုက်ကြ၏။
အချိန်အတော် ကြာအောင် စောင့်နေခဲ့ရင်း ဆွဲငင်အား ဧရိယာထဲကို ပြေးဝင်ခဲ့တဲ့ ပထမဆုံးလူက လုရွှမ် မဟုတ်ဘဲ ထျန်းယိဂိုဏ်းရဲ့ သခင်လူငယ်လေး ယင်ထျန်းပဲ ဖြစ်လေသည်။
ယခုအချိန်တွင် လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။ ယင်ထျန်း၏ ခန္ဓာကိုယ် နစ်မြုပ်သွားပြီးနောက် သူသည် ခါးကို ဖြည်းညှင်းစွာ ဖြောင့်ဖြောင့် ရှူသွင်းလိုက်ပြီး သူ့မျက်နှာသည် ခဏတာ နီရဲသွားလေသည်။
အချိန်တန်တော့ အိမ်တော်ထိန်းရဲ့ အသံက ထွက်ပေါ်လာသည်။
"ဒါက ဝင်ခွင့်စမ်းသပ်မှုပါ ဒါကြောင့် စမ်းသပ်နည်းက အရမ်းကို ရိုးရှင်းပါတယ် ဒါပေမဲ့ စမ်းသပ်မှုရဲ့ ပြင်းထန်မှုကတော့ အရမ်း ပြင်းထန်ပါတယ်... ဆွဲငင်အား ဧရိယာမှာတော့ လက်နက်တွေ မှော်စွမ်းအားတွေကို အသုံးမပြုနိုင်ပါဘူး.... သူတို့ဟာ သူတို့ရဲ့ ကိုယ်ခန္ဓာကို လုံးလုံးလျားလျား မှီခိုထားရပြီး ခန္ဓာကိုယ်ထဲ ပေါင်းစပ်ထားတဲ့ လက်နက်တွေတောင် အဲဒီကို ရောက်သွားရင်တော့ အလုပ် မဖြစ်တော့ဘူး.... စမ်းသပ်တဲ့ အရာက သန့်စင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားပဲ"
"ခိုင်ခံ့တဲ့ ကိုယ်ခန္ဓာကသာ အစွမ်းထက်တဲ့ စွမ်းအားတွေကို စွမ်းဆောင်နိုင်တယ်... ယင်ထျန်းရဲ့ မျက်နှာက နီရဲလာတယ် ဆိုတာကို လူတိုင်းမြင်လိုက်ကြတယ်မလား? ဘာကြောင့်လဲ ဒီမှာ ဆွဲငင်အားက သာမန် မဟာသူတော်စင် တစ်ယောက်ရဲ့ ကန့်သတ်ချက်ထက် ဆယ်ဆ ပိုများနေလို့ပါပဲ"
လူတွေမှာ ဆယ်ခါပြန် ထိတ်လန့်သွားတော့သည်။ သာမာန် ကျင့်ကြံသူတွေနဲ့ ယှဉ်ရင် သာမာန် ပါရမီရှင်တွေဟာ ခွန်အား ကန့်သတ်ချက်ထက် သုံးဆကနေ ငါးဆအထိ ထူးထူးခြားခြား ဖြစ်နေတတ်ပါ၏။
သာမာန်ထက် ဆယ်ဆ ကျော်နေရင်တော့ အဲဒါက ပါရမီရှင်တွေကြားက ပါရမီရှင်ပဲ ဖြစ်ချေသည်။
"ယင်ထျန်းရဲ့ အလားအလာက ဒီ့ထက် ပိုပါတယ်... သူ ငယ်ငယ်တုန်းက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်ကို အပြည့်အဝ မချထားခဲ့တာ ဒါမှမဟုတ် အခုအချိန်မှာ သူ့ရဲ့ လေ့ကျင့်မှုဟာ ရုပ်ခန္ဓာကို လိုက်မမှီတော့တာမျိုး ဖြစ်နေနိုင်တယ်.... ဒါပေမဲ့ တခြား ကဏ္ဍတွေကို လိုက်ဖို့ စတင်ခဲ့တာ ထင်ရှားတယ်... ဟူး... ထျန်းယိဂိုဏ်းက မိတ်ဆွေရေ မင်းတို့ရဲ့ ဂိုဏ်းခေါင်းဆောင်လေး ထွက်လာရင် သူ့ကို စကားနည်းနည်းပြောဖို့ သတိရလိုက်ပါ... "
ထျန်းယိဂိုဏ်းမှ ကောင်းကင်ဘုံသခင်သည် လျင်မြန်စွာ ကျေးဇူးတင်စကား ဆိုသော်လည်း သူ့မျက်နှာတွင် ရွှင်လန်းမှု အရိပ်အမြွက်တစ်ခု ရှိနေခဲ့သည်။ သူတို့ရဲ့ ဂိုဏ်းချုပ်ငယ်လေး ယင်ထျန်းက အသက်ကယ် တံဆိပ်ပြားကို အသုံးမချခဲ့သဖြင့် ထိုအဆင့်များကို ကျော်ဖြတ်နိုင်ခဲ့တာလို့ ဆိုလိုခြင်း ဖြစ်သည်။
အိမ်တော်ထိန်း အဘိုးကြီးသည် သူတို့၏ စိတ်လှုပ်ရှားမှုကို မြင်ပြီး ပြုံးမပြနိုင်ဘဲ
"ဂိုဏ်းချုပ်ငယ်လေး အတွက် ဒီစစ်ဆေးမှု အဆင့်တွေကို ဖြတ်ရတာ ဘာပြဿနာမှ မရှိလောက်ပါဘူး... နောက်ဆုံးတော့ သူက ဂိုဏ်းကြီးတစ်ခုရဲ့ ငယ်ရွယ်တဲ့ ဂိုဏ်းချုပ် တစ်ယောက်ပဲလေ... သူ့မှာ ဒီအလားအလာတွေ သေချာပေါက် ရှိနေမှာပါ"
သူက လူတိုင်းကို လှည့်ကြည့်လိုက်သည်။
"အားလုံး နားလည်မှုလွဲမှားပြီး အခက်အခဲ အဆင့်တွေ တိုးလာတယ်လို့ မသိစိတ်က ပြောနေကြမယ် ထင်တယ်.... တကယ်တော့ အခက်အခဲက မမြင့်ပါဘူး သတိထားပြီး လှည့်စားမခံရရင် အထဲက သွေးဆောင်မှုတွေကို ဖြတ်ကျော်ဖို့ ဖြစ်နိုင်ပါသေးတယ်... အထူးသဖြင့် ဒီအချိန်ကို ဖြတ်ကျော်နိုင်မယ့် သူရဲကောင်းတွေက ထက်မြက်ပြီး အစွမ်းထက်မယ် အရင်ကထက် အများကြီး ပိုသန်မာလာကြလိမ့်မယ်"
လူတွေက အဲဒါကို တွေးနေကြတာပါပဲ။ ရှေးယခင်က သူတို့သည် ကျင့်ကြံမှု စွမ်းရည်အမျိုးမျိုးဖြင့် ရန်မြို့ကို ရောက်လာခဲ့ဖူးသော ကျင့်ကြံသူများသာ ဖြစ်သည်။
ယခုမူကား နှစ်ပေါင်းများစွာ ဝါဒဖြန့်ပြီး လုံလုံလောက်လောက် ထက်မြက်မှု မရှိသော ကျင့်ကြံသူများ မပါဝင်ဝံ့ကြပေ။ ဤနေရာသို့ ရောက်လာသူများတွင် ပါရမီမရှိသူ ပါသလို ပါရမီရှင်များ အကြားက တချို့သော ပါရမီရှင်များလည်း ရှိပါသည်။
“အလင်း မျက်နှာပြင်ကို ကြည့်လိုက်”
အဲဒီအချိန်မှာ လူတစ်ယောက်က ရုတ်တရက် အော်လိုက်လေ၏။
လူများသည် လျင်မြန်စွာ ကြည့်လိုက်ရာ အလင်းမျက်နှာပြင်မှာ ပေါ်လာသူက လုရွှမ် ဖြစ်နေတာကို တွေ့လိုက်ရသည်။ သူသည် ဆွဲငင်အား ဧရိယာထဲသို့ ရောက်နေပြီ ဖြစ်သည်။ အိမ်တော်ထိန်းက လုရွှမ်ရဲ့ မြင်ကွင်းကို အမြန်ထုတ်ပြပြီး အလင်းမျက်နှာပြင်ကို ချဲ့လိုက်သည်။
ထို့နောက် လူအများက သူတို့အား ထိတ်လန့်စေသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ လုရွှမ်ရဲ့ မျက်နှာက မပြောင်းလဲသွားပေ။ သူ့ခါးကို တည့်တည့်မတ်မတ် ထားလျက်။ ပေါ့ပေါ့ပါးပါး လှည့်ပတ်ကာ တဖြည်းဖြည်း ပျံသန်းသွားတာကို တွေ့လိုက်ရ၏။
လူကြီးမင်းဟော်ရှန်းက ရုတ်တရက် ပြုံးလိုက်ပြီး
"မိတ်ဆွေတို့...စစချင်းတုန်းက ဂိုဏ်းထဲက ပါရမီရှင်တွေဟာ သာမန်လူတွေထက် တန်ခိုးဘယ်နှဆလောက် သာလွန်နေတယ် ဆိုတာ သိကြလား? အဆ ၅၀ပဲ"
ကွာဟချက်က အဆ၅၀တဲ့လား?။ ကွာဟချက်က ကြီးလွန်းတာကြောင့် ကြားလိုက်ရတဲ့ လူတွေကိုပါ စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။
သူက အလင်း မျက်နှာပြင်ထဲက လုရွှမ်ကို ညွှန်ပြရင်း ခါးသီးစွာ ပြုံးကာ ဆိုလိုက်၏။
"အဲဒီသခင်လေး လုရွှမ်... သူ့ရဲ့ လက်ရှိအင်အားက သူတော်စင် အဆင့်၃... ပြီးတော့ စမ်းသပ်မှုစံနှုန်းက မဟာသူတော်စင် ပထမအဆင့်ကို အခြေခံထားတဲ့ နေရာပဲ... ဒီသခင်လေးလုရွှမ်ရဲ့ အရည်အချင်းက ဘယ်လောက်တောင် ထက်မြက်တယ် ဆိုတာ မပြောနိုင်ပါဘူး ဒါက အဆငါးဆယ်ထက် ပိုများနေတာလည်း ဖြစ်နိုင်တယ်"
လူကြီးမင်းဟော်ရှန်းရဲ့ စကားများက လူအများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြန်သည်။ အဆငါးဆယ် ကျော်သွားပါက သူက စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ ထိပ်တန်း ပါရမီရှင်ကိုတောင် ကျော်သွားပြီလို့ မဆိုလိုပေဘူးလား။
လုရွှမ်သည် ခြေလှမ်းနှစ်လှမ်း လှမ်းပြီး အဓိပ္ပာယ် မရှိဘူးလို့ ခံစားလိုက်ရသည်။ ဒါက ရွှမ်ခုန်းတောင် အတိုင်းပဲ မဟုတ်ဘူးလား။