ကျေနပ်စရာနဲ့ ကြေကွဲစရာ
Vol. 61 Ch. 428.4
လုရွှမ် အနည်းငယ် နောက်ကျသွားသော်လည်း အမြန်ဆုံး ထွက်လာနိုင်ခဲ့သည်။
အလင်းတန်း မျက်နှာပြင်ကြီးထဲကနေ တစ်ဆင့် လူတွေဟာ လုရွှမ် အနီးနားက နံရံတွေကို တို့ထိလိုက်၊ ဆွဲငင်အားကို ခံစားရပြီး စမ်းသပ်မှုတစ်ခု ကြုံနေရသလို မဟုတ်ဘဲ လျှို့ဝှက်ချက်ကို စူးစမ်းနေသလို လုပ်လိုက် လုပ်နေတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါလေသည်။
"ဟေး အားလုံးကြည့်လိုက်ကြ!"
တစ်စုံတစ်ယောက်က ထပ်အော်ပြီး အိမ်တော်ထိန်းကြီးလည်း ပုံရိပ်ကို အလင်းတန်းကြီး တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ထိုလူသည် အလွန်ချောမောသော ယောင်္ကျားတစ်ဦး ဖြစ်သော်လည်း ယခုအချိန်တွင် အလွန် ရှက်ရွံ့နေပုံရသည်။ မကြာခင်မှာပဲ လူတစ်ယောက်က ထအော်လေသည်။
"အဲဒီလူရဲ့ နာမည်က လုဖုန်းပါ.. သူအရင်က အလှလေး ၈ယောက်နဲ့အတူ လာခဲ့သေးတယ်!"
လူတိုင်းက ရယ်မောလိုက်ပြီး လူအုပ်ထဲက အလှမယ်လေး ရှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် အားလုံးက စကားမပြောဘဲ ပြန်လှည့်သွားကြသည်။
အလွန်လှပပြီး ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးရှိသူ အားလုံးသည်ပင် သူတော်စင်များ ဖြစ်ကြပြီး လုဖုန်းရဲ့ အလင်းမြင်ကွင်းကို ကြည့်နေကြတဲ့ မျက်လုံးတွေက သူတို့ နက်နက်ရှိုင်းရှိုင်း ချစ်နေမိကြတာ ထင်ရှားပါသည်။
လူဘယ်နှစ်ယောက်က ဒီဂေါ်ဖီကောင်းကို စားသွားတဲ့ ဝက်ကို ကျိန်ဆဲပြီး နာကြည်းမှုတွေ ဘယ်လောက်တောင် ပြည့်နှက်နေလိုက်မလဲ။
လုဖုန်းက ထင်ယောင်ထင်မှား ပုံရိပ်ယောင်ထဲမှ မရုန်းထွက်မီ သူ၏ အေးစက်သော ချွေးများကို သုတ်လိုက်သည်။ သူ့အား စမ်းသပ်ခဲ့သူမှာ လျန်ရှင်းဖြစ်သည်။ ခဏတာ အရှက်ရစေမည့်သူ လျန်ရှန်း ဖြစ်နေမယ်လို့ အမှန်တကယ်ပင် မမျှော်လင့်ထားဘဲ နောက်ဆုံးတွင်မှ အမြန် ထွက်လာနိုင်ခဲ့သည်။
ဆွဲငင်အား ဧရိယာထဲသို့ ရောက်သောအခါ လုဖုန်းက အေးအေးဆေးဆေး အေးအေးလူလူ လမ်းလျှောက်သွားသလိုမျိုး လျှောက်ထွက်သွားခဲ့သည်။
"ဒီအချိန်မှာတော့ ပါရမီရှင်တွေ အများကြီး လာခဲ့ပုံရတယ်"
အိမ်တော်ထိန်း အဘိုးကြီးက ခါးသီးစွာ ပြောသည်။ ကောင်းကင်ဘုံရှင် သခင်အားလုံးကလည်း အလွန် ကျွမ်းကျင်ကြသည်။ လုဖုန်းရဲ့ အသွင်အပြင်ကို ကြည့်လိုက်လျှင် အမွေကို ဆက်ခံပြီး လူကြီးမင်းဟော်ရှန်းရဲ့ တပည့်ဖြစ်ဖို့ တောင်တံခါးဝထဲသို့ ဝင်တော့မည့်လူလိုပင်။
ယွင်ယင်သည် အောင်ရှင်းနဲ့ ကျင်းဟုန်တို့ ဆွဲငင်အား ဇုန်အတွင်းမှ အေးအေးလူလူ လမ်းလျှောက် ထွက်လာတာကို ကြည့်ကာ ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယခင်က ကိန်းဂဏာန်းလှိုင်းလုံးကြီးများကို ရုတ်တရက် မြင်ခဲ့ရပြီး ၁၃၉၀ ဖြစ်လာချိန် လူတစ်ရာနီးပါး သေဆုံးခဲ့ရသည်။ ကံအားလျော်စွာ အသက်ကယ် တံဆိပ်ပြား ကိုင်ဆောင်ထားသူအား ပြန်လည် ပို့ပေးသော်လည်း အသက်ကယ် တံဆိပ်ပြား မရှိသူအတွက် မြေဆွဲအားကြောင့် အပိုင်းပိုင်း ကြေမွသွားသော လူတစ်ယောက်ကို လူများက ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
"ဟူး.. ဒီလူငယ်လေးရဲ့ ကာယဗလက သာမန်လူတွေထက် ကန့်သတ်ချက် ကိုးဆအထိပဲ သနားစရာပဲ သနားစရာပဲ"
ဝူး......!
မိန်းကလေးတစ်ယောက်ရဲ့ ငိုကြွေးမှုက အလွန်အမင်း ကျယ်လောင်သည်။ သူတို့သည် လူငယ်ချစ်သူများ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် ယခုအချိန်မှစ၍ ကောင်းကင်ရဲ့ အလိုတော်အတိုင်း သူတို့နှစ်ယောက် နောက်တဖန် မတွေ့ရတော့သလို လူသားနဲ့ သရဲတစ္ဆေတို့ကြားက ကွဲပြားသော လမ်းကို လျှောက်ခဲ့ကြရပြီ။
အိမ်တော်ထိန်း အဘိုးကြီးက ထွက်လာပြီး ကောင်မလေးရဲ့ ပုခုံးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်တော့ ကောင်မလေးက စိတ်ပျက်လက်ပျက် မတ်တပ်ရပ်လိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ပဲ ထွက်သွားခဲ့ရှာသည်။
"ဒါဆို ယုံကြည်မှု မခိုင်လုံရင် လွယ်လွယ်နဲ့ မစမ်းနဲ့.... အတားအဆီးကို ဖြတ်ကျော်ဖို့ ဆုံးဖြတ်လိုက်ရင် အလောင်းကောင်တောင်နဲ့ သွေးပင်လယ် ဆိုတာ မမြင်ဖူးတဲ့သူ မရှိဘူး"
အဘိုးကြီးသည် စိတ်ခံစားချက် တစ်ခုနဲ့အတူ သက်ပြင်းချလိုက်ပြီး
"နောက်တစ်ဆင့်က ဝိညာဉ်စွမ်းအားကို စမ်းသပ်မယ့် တတိယအဆင့်ပဲ" ဟု ဆက်ပြောသည်။
လုရွှမ်သည် အလွန်လျင်မြန်စွာ လျှောက်ဝင်သွားခဲ့ပြီး ဒီအဆင့်တွေက လုံးဝ မခက်ခဲခဲ့ပုံရသည်။ ကံမကောင်းစွာဖြင့် ဘယ်သူ့ကိုမှ မမြင်ရသေးပေ။ သူသည် အနီးနားရှိ ကျောက်နံရံများကို တိုက်ခိုက်ရန် ကြိုးစားခဲ့သလို သူ့လက်များကို ထိခိုက်သွားစေတဲ့အထိ ကြိုးစားခဲ့သော်လည်း ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
လမ်းတစ်လျှောက်လုံး လျှောက်သွားပြီးနောက် လုရွှမ် မျက်နှာပေါ်က သံသယများ ပြည့်နှက်လာခဲ့သည်။
အလင်းရောင် မျက်နှာပြင်ကြီးပေါ်ကို လူတိုင်းက စိတ်ရှုပ်ထွေးစွာ ကြည့်နေကြ၏။ အိမ်တော်ထိန်းလည်း အနည်းငယ် ရှက်သွားပြီး ထပ်မေးရန် ပြေးသွားသော်လည်း အဘိုးကြီး ဟော်ရှန်းက သက်ပြင်းချလိုက်တာကို တွေ့လိုက်ရသည်။
"ဒါက အမှားတစ်ခုတော့ မဟုတ်ပါဘူး ဒါပေမဲ့ ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် သခင်လေးလုရွှမ်က ဝိညာဉ်သခင်ပဲ ဖြစ်နိုင်တယ်... သူ့စိတ်စွမ်းအား အတိုင်းအတာက အရမ်း အစွမ်းထက်တော့ ဝိညာဉ်သခင် ဖြစ်ရမယ် ဒါကြောင့် ဒီစမ်းသပ်မှုလေးက သူ့အတွက် ဘာမှမဟုတ်တဲ့ အပြင် တိုက်ခိုက်ဖို့တောင် မလိုအပ်ဘူး"
လူတိုင်း ထိတ်လန့်သွားသလို ပိုလို့တောင် အံ့သြသွားကြလေသည်။
တူညီသော အဆင့်တွင် ဝိညာဉ်သခင်၏ စိတ်စွမ်းအားသည် ကျင့်ကြံသူထက် ၃၀% မြင့်မားသည်ကို လူတိုင်း သိကြသည်။ သူသည် လုရွှမ်ရဲ့ အရည်အချင်းကို အသိအမှတ် ပြုပြီးသား ဖြစ်သော်လည်း အမှန်တကယ်ကို စိတ်ဝိညာဉ်သခင် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
အလင်းတန်း မျက်နှာပြင်ကြီးသည် နတ်သမီးအောင့်ယွဲ့ ဘက်သို့ လှည့်သွားပြီး သူမသည်လည်း ဝိညာဉ်သခင် ဖြစ်သည်။ ပါရမီရှင် ငါးဦးထဲက အဖွဲ့ဝင်တစ်ဦး အနေဖြင့် သူမသည် သဘာဝကျကျ စိတ်ဝိညာဉ်နှင့် ကိုယ်ခံပညာနှစ်ခုလုံးကို ကျွမ်းကျင်သော်လည်း လုရွှမ်ထက် သာလွန်ခြင်း မရှိပေ။ ရိုးရှင်းစွာ ကိုင်တွယ်ဖြေရှင်းပြီးနောက် တတိယအဆင့်ကိုလည်း အလွယ်တကူ ကျော်ဖြတ် သွားနိုင်ခဲ့သည်။
"ထူးဆန်းတယ် ဒီနေရာက ဘယ်နေရာလဲ? စမ်းသပ်မှု တစ်ခုလို ဘာလို့ ခံစားရနေရပါလိမ့်?"
ရှေးဟောင်းလျှပ်စီး ကမ္ဘာရဲ့ နံပါတ်တစ် ပါရမီရှင် အောင်ရှင်းက ဒီအဆင့်ကို ဘယ်လို ဖြတ်ကျော်မလဲ ပြဿနာ ဖြစ်သွားမလား လူတွေက တွေးထင်နေခဲ့ကြသည်။ အကယ်၍ နံပါတ်တစ် ပါရမီရှင်သာ ဒီအဆင့်ကို မကျော်ဖြတ်နိုင်တာကို သူတို့က ဖြတ်ကျော်ရန်ဖို့ ရုန်းကန်နေရပါက ရှေးဟောင်းလျှပ်စီးကမ္ဘာက အလွန်တန်ဖိုး မရှိတော့ဘဲ ဖြစ်သွားလိမ့်မည်။
ယင်ထျန်း၊ လုဖုန်း၊ လျန်ရှင်းနဲ့ ကျန်းယဲ့ စသူတို့သည်လည်း ပါရမီရှင် အုပ်စုတစ်စုမို့ တတိယအဆင့်ကို ကျော်လွန်သွားကြသည်။
ယင်ထျန်းသည် ဒုတိယအဆင့်နှင့် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွင် အနည်းငယ် အရှက်ရသွားသော်လည်း တတိယအဆင့်ကို လွယ်ကူစွာ ကိုင်တွယ်နိုင်ခဲ့သည်။ ထျန်းယိဂိုဏ်းက လူတွေရဲ့ မျက်နှာမှာလည်း အလင်းတွေ ပွင့်လာခဲ့၏။ အိမ်တော်ထိန်းက ဒီနေရာရဲ့ အခက်အခဲကို အရင် ပြောထားပြီးသားပင်။ သူတို့ မအောင်မြင်ရင် တကယ် ရှက်စရာ ဖြစ်သွားလိမ့်မည်။
အလင်း မျက်နှာပြင်ကို ကြည့်နေသူတွေကလည်း ကိန်းဂဏန်းတွေကို မကြာခဏ ကြည့်နေကြရ၏။ ဂဏန်းတွေက ရွေ့နေတာ ကြာပြီ။ လူပေါင်း ၁၂၀၀ ကျော် ကျန်ပါသေးသည်။ အိမ်တော်ထိန်းကြီး ပြောတာ မှန်ပေသည်။ ဒီအရာတွေရဲ့ အခက်အခဲကို ဓိဋ္ဌာန်ကျကျ ချဲ့ထွင်ခဲ့တာက ဒီလောက်လည်း မခက်ခဲ့ချေ။
ယွင်ယင်သည် ကျင်းဟုန်နှင့် အောင်ရှင်းကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ ရှောင်ပိုင် အတွက်ကတော့ သူမက ကျားဖြူ မျိုးနွယ်စုဝင် ဖြစ်ပြီး ဒဏ္ဍာရီလာ သွေးသား တစ်ဝက်နီးပါးရှိလို့ အလွန်ထက်မြက်သူ ဖြစ်သည်။ သူမအတွက် ဒီစစ်ဆေးမှုများက ကလေး ကစားနည်းလေးသာ ဖြစ်သည်။
ထိုလူလေးယောက်နှင့် ပတ်သက်၍ ယွင်ယင်မှာလည်း သူ့ကိုယ်ပိုင် သုံးသပ်ချက် ရှိနေသည်။
ထိုလေးယောက်ထဲတွင် လုရွှမ်သည် အရည်အချင်း အရှိဆုံးဖြစ်ပြီး နောက်ထပ်က ကျားဖြူလေး။ ထို့နောက် အောင်ရှင်း နှင့် နောက်ဆုံးတွင်မှ သူမ၏ အဖိုးတန် ပါရမီရှင် သမီးလေး ဖြစ်လေသည်။ သူ့သမီးက မထူးချွန်တာ မဟုတ်ပေမယ့် ကျန်တဲ့သုံးယောက်က အရမ်းကို တော်နေကြလို့ပင်။
လုရွှမ်က ဘယ်လိုမှန်း မသိပေမယ့် အောင်ရှင်းက နဂါးမျိုးရိုးက ဖြစ်ကာ သန်မာတဲ့ သွေးလိုင်းနဲ့ စိမ်းပြာနဂါး လက်သည်းတွေက သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားပြီ။ ကျားဖြူလေးက သန်မာသော သွေးရှိပြီး လုရွှမ်ကတော့ သူမသည် အလွန်ထက်မြက်တာကြောင့် အနာဂတ်တွင် ကြီးပြင်းလာသည်နှင့်အမျှ ပိုမိုအားကောင်းလာမည်ဟု ဆိုခဲ့သည်။
သူ့သမီးရဲ့ ဓားပညာဟာ မဟာသူတော်စင် တတိယအဆင့်မှာသာ ရှိပေမယ့် သာမာန် မဟာသူတော်စင် ပြည့်စုံမှုကာလကို ယှဉ်နိုင်ပါ၏။ အဲဒီလို ပါရမီရှင်ကပင် အလွန် အထင်ကြီးစရာ ကောင်းနေပါပြီ။
သို့သော် သူ့ရှေ့မှောက်က ထူးချွန်သူ သုံးဦးကြောင့် ယွင်ယင်သည် ယခုအချိန်တွင် အမြတ်နှင့် ဆုံးရှုံးမှုအတွက် အမှန်တကယ် စိုးရိမ်နေမိသည်။ သူတို့သုံးယောက်နှင့်အတူ အချိန်အနည်းငယ် ကြာအောင် နေနိုင်လျှင် ရှေးဟောင်း လျှပ်စီးကမ္ဘာကြီးတွင် အကန့်အသတ် မရှိနေနိုင်သလို ဝမ့်ကျစ်ကမ္ဘာထဲသို့ပင် ဝင်ရောက်နိုင်မည် ဖြစ်သည်။
"ဂိုဏ်းချုပ်... ကျင်းဟုန် ဖြတ်ကျော်သွားပါပြီ"
သူမဘေးမှ ဒုတိယအကြီးအကဲက ရွှင်လန်းသော အပြုံးများဖြင့် ပြောလာခဲ့သည်။ ယွင်ယင်လည်း လျင်မြန်စွာ သတိ ပြန်ဝင်လာပြီး ကျေနပ်စွာ ပြုံးပြလိုက်သည်။
ဤအဆင့်တွင် လူများစွာ ဆုတ်ခွာသွားခဲ့ပြီး လူအရေအတွက်သည် လျှင်မြန်စွာဖြင့် ၁၀၀၀ သို့ ကျဆင်းသွားခဲ့သည်။ ယခုအချိန်တွင် လူများ ရေတွက်ပြီးလို့ အသက်ရှင်ကျန်ခဲ့သော လူ ၁၀၀၀ အနက်မှ အသက်ကယ် တံဆိပ်ပြားကို လက်ခံကိုင်ဆောင်သူ ၂၀၀ ထက်မနည်းရှိကြောင်း တွေ့ရ၏။
ပြီးတော့ အသက်ကယ် တံဆိပ်ပြားတွေ ကိုင်ဆောင်ထားတဲ့ သူတွေက တကယ်ပဲ အစွမ်းထက်မြက်လား။ ထွက်လာရတဲ့ ပါရမီရှင်တွေတောင်မှ ဝမ်းနည်းသွားကြသည်။ ကွာခြားချက်က အနည်းငယ်သာ ရှိပြီး ကြိုးကြိုးစားစားနဲ့ ပုံမှန်တိုက်ပွဲဝင်နေသမျှ ကျော်ဖြတ် သွားနိုင်လောက်သည်။
ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ စိတ်ထဲမှာ လွတ်လမ်း ရှိခဲ့ပေမယ့် ဝမ်းနည်းစွာနဲ့ပဲ နောက်ဆုတ်သွားခဲ့ရ၏။
"စတုတ္ထအဆင့်က မင်းတို့ရဲ့ဦးနှောက်ကို စမ်းသပ်မယ့် စမ်းသပ်မှုတစ်ခုပဲ"
လုရွှမ် သူသွားနေတဲ့လမ်းကို ပိတ်ဆို့နေတဲ့ ကျောက်တုံးကြီးကို တွေ့လိုက်ရသည်။ လက်ဖြင့် တွန်းလိုက်သော်လည်း လုံးဝ မလှုပ်ရာ ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်ရာ ဓားရောင်ဝါက ပေါက်ထွက်လာတော့သည်။