← Chapters

၁၀%

Vol. 61 Ch. 430.4

၁၀%

Vol. 61 Ch. 430.4

တောက်လက်သီး အတွက် လိုအပ်ချက်များက မြင့်မားခြင်း မရှိသည့်အပြင် အချိန်တိုလေးအတွင်း လိုအပ်သော အရည်အချင်းများ အမှန်တကယ် ဖွံ့ဖြိုးလာသည်ဟု ဆိုရသော်လည်း မဆိုစလောက်သာ ထူးကဲသော အရည်အချင်း ရှိသူများလည်း နားလည်ရန် လိုအပ်ပါသည်။

သာမာန်လူတွေရဲ့ အရည်အချင်းထက် အနည်းဆုံး ဆယ်ဆလို့ မဟုတ်ဘဲ အနည်းဆုံး ငါးဆ ရှိထားဖို့ လိုအပ်ပေ၏။

ပို၍ အရေးကြီးသည်မှာ လက်သီးချက် သုံးချက် ဆင့်ကဲ ပြောင်းလဲသွားပြီးနောက် ၎င်းသိုင်းကွက်များ ပျောက်ကွယ်သွားသည်နှင့် ကျောက်ပြားကို စတင်တိုက်ခိုက်ရခြင်းကဲ ဖြစ်သည်။

ဤနေရာသို့ ရောက်လာနိုင်ခြင်းကြောင့် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုသည် သာမန်လူများထက် ဆယ်ဆပိုမို များပြားသော်လည်း ကျောက်ပြားရဲ့ သက်ရောက်မှုကို အများဆုံး သုံးဆအထိသာ ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။ ကျောက်ပြားကို သုံးကြိမ်တိုင်တိုင် ရိုက်ခွဲပစ်ရမည်။

ယခုအချိန်တွင် ကြည့်ရှုသူများ၏ မျက်လုံးများသည်လည်း လေးနက်နေပါ၏။

ရင်ဘတ်ပေါ် လက်တင်လျက် ကျောက်ပြားကို တွန်းလှန်ရန် ကြိုးစားနေသော လူငယ်များကို စောင့်ကြည့်နေကြသည်။ ထို့နောက် ခေါင်းကို မော့ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ အံ့အားသင့်နေမှု၊ လှောင်ပြောင်မှုနှင့် စိုးရိမ်နေသော မျက်လုံးများကို သူတို့ပတ်ဝန်းကျင်တွင် မြင်လိုက်ရတဲ့အခါ ခါးသက်သက်ပဲ ပြုံးလိုက်ရ၏။

စိုးရိမ်နေသော မျက်လုံးများကတော့ ရှိုက်ကြီးတငင် ပြုံးပြပြီး လျှောက်​ပြန်သွား​ကြသည်။

ဤအခိုက်အတန့်တွင် သူတို့၏ သားသမီးများနှင့် ဆွေမျိုးများက အသက်ကယ် တံဆိပ်ပြားများ ဝယ်ယူပေးခဲ့​သည့် အတွက် အလွန်ကျေးဇူးတင်မိလာသည်။ ဒါက မြန်မြန်ဆန်ဆန် ပြေးလွှားနိုင်တဲ့ အရာမဟုတ်ဘဲ အသက်ကို တကယ် ထိခိုက်စေတဲ့ အရာပဲ ဖြစ်လေ၏။

အိမ်တော်ထိန်းကြီးက အလင်း မျက်နှာပြင်ပေါ်မှ အသံကို ပိတ်လိုက်သည်။ မဟုတ်ပါက လောက တစ်ခွင်လုံးရှိ ကျင့်​ကြံသူကြီးများ၏ အော်ဟစ်ညည်းတွားသံများဖြင့် ပြည့်နှက် နေပေလိမ့်မည်။

အလင်း မျက်နှာပြင်ပေါ်၌ဝယ် ကျင့်ကြံသူများဟာ ကျောက်ပြားများဖြင့် အဆက်မပြတ် အရိုက်ခံနေရသည်။ အစပထမတွင် ရှက်ရွံ့ခြင်း၊ သွေးအန်ခြင်း၊ သတိလစ်ခြင်းမှ အပိုင်းပိုင်း အရိုက်ခံရခြင်းအထိ ဖြစ်သွား၏။

ထူးထူးခြားခြား စိတ်လှုပ်ရှားစွာ အားပေးကြည့်ရှုနေသူများပင်လျှင် စိတ်မသက်မသာ ခံစားလာရပြီး ကူကယ်ရာမဲ့စွာ ပါးစပ်ကို ပိတ်လိုက်ရသည်။ ဒါပေါ့ သူတို့ ပါးစပ်မပိတ်ရင် တခြားသူတွေနဲ့ သဘောထား ကွဲရလိမ့်မယ်။

လူများသည် ၁၂၀၀ မှ ၈၀၀၊ ထို့နောက် ၆၀၀ နှင့် ၄၀၀ များအထိ ရုတ်ခြည်း ထိုးကျသွားတာကို အလင်းမျက်နှာပြင် အောက်ရှိ နံပါတ်များကို ကြည့်ရှု​ခြင်းဖြင့် သိကြရသည်။ အရှိန်သည် တဖြည်းဖြည်း နှေးကွေးသွားသော်လည်း တစ်နာရီ၏ လေးပုံတစ်ပုံ အတွင်းတွင် ပါရမီရှင် ၈၀၀ ကျော် ပျောက်ဆုံးသွားခဲ့သည်။

အသက်ကယ် တံဆိပ်ပြား ရှိထားတဲ့ လူတစ်ရာကျော်သာ ရှိသေးပြီး အဲဒီအဆင့်မှာလည်ူ လူခုနစ်ရာကျော် သေဆုံးခဲ့သည်။

အရမ်း ဝမ်းနည်းရတဲ့ ငိုသံက ထပ်ပြီး တိုးတိုးလေးသာ ထွက်ပေါ်လာနိုင်လေ၏။

ကောင်းကင်ဘုံသခင် အုပ်စုတစ်စုသည် ဇာတ်ခင်းကို ကြည့်ကာ ရံဖန်ရံခါ စိတ်မကောင်း ဖြစ်ရသည်။ တကယ်တော့ စတုတ္ထအဆင့်သို့ ရောက်နိုင်သူများသည်လည်း တကယ့် ပါရမီရှင်များ ဖြစ်​ကြ​လေသည်။

ထို​လူများသာ အချိန်ပိုပေးနိုင်ရင် တောက်လက်သီး သိုင်းကွက်ကိုကို နားလည်ပြီး တစ်ရှိန်ထိုး ကျော်လွှားနိုင်မယ်လို့ ယုံကြည်ရ၏။ ဒါပေမဲ့ သူတို့မှာ အချိန်မရှိသွားတာ နှမြောစရာပါပဲ။

နောက်ဆုံး အခိုက်အတန့်မှာ တောက်လက်သီးကို ကျွမ်းကျင်ပြီး တစ်ရှိန်ထိုး ဖြတ်ကျော်သွားတဲ့ သူတွေလည်း အများကြီးပါပဲ။ ကျောက်ပြားနဲ့ ရိုက်နှက်တဲ့လူက ပိုများနေသည်။ ကံမကောင်းစွာပဲအရမ်းပြင်းထန်တဲ့ ဒဏ်ရာတွေရပြီး စိတ်ပျက်လက်ပျက်နဲ့ သေဆုံးသွားခဲ့ရသည်။

ကောင်းကင်အရိပ်ဂိုဏ်း၏ ကောင်းကင်ဘုံသခင်များသည် အောင်ရှင်း နှင့် ကျင်းဟုန်တို့ကို ပြသ​နေသည့် တံဆိပ်ပြားကို ထိတ်လန့်စွာ ကြည့်နေ​ကြသည်။ ကျားငယ်ကတော့ ဖြတ်သွားခဲ့ပြီးပြီ။

သူအရင်က တတိယအဆင့်ကို ကျော်သွားတဲ့အခါ အောင်ရှင်း နဲ့ နတ်သမီးကျင်းဟုန်က နည်းနည်း နှေးကွေးသွားခဲ့ပြီး အခုမှ စတုတ္ထအဆင့်ကို ရောက်နေတာပဲ ​ဖြစ်လေသည်။

ယွင်ယင်မှာ အရမ်း စိတ်လှုပ်ရှားနေ၏။

ကျောက်ပြားပေါ်မှ လက်သီး လှုပ်ရှားမှုများ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားတာကို မြင်လိုက်ရသောအခါ ယွင်ယင်သည် သူမရင်ဘတ်ကို ဆုပ်လျက် တိတ်တဆိတ် ဆုတောင်းပေး​နေခဲ့သည်။

နတ်သမီးကျင်းဟုန်သည် ကျောက်တုံးကြီး ပြေးလာတော့မယ့် အချိန်အထိ မစောင့်ဘဲ ထိုးကြိတ်သည်။ ကျောက်တုံးမှာ ပေါ့ပါးသော လက်သီးအောက်မှာ အပိုင်းပိုင်း ကွဲထွက်သွားတော့သည်။

ထိုအခါမှ ယွင်ယင်လည်း သက်ပြင်းချနိုင်သွား၏။

"အောင်ရှင်းရော?"

အောင်ရှင်းဘက်ကို အလျင်အမြန် ကြည့်လိုက်သော်လည်း အောင်ရှင်းက ကျောက်တုံးနှင့် သူ့ခေါင်းနဲ့ ပြေးရိုက်ရန် အစပြုသူ ဖြစ်နေကာ နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် ပြင်းထန်သော လက်ဖဝါးနှင့် ရိုက်လိုက်သဖြင့် ကျောက်တုံးလည်း အပိုင်းပိုင်း ကွဲသွားသည်။

"ဒီကလေးမလေးက ယုတ်မာတဲ့နည်းကို သိနေပြန်ပြီ ဟားဟား!"

ထိုအချိန်မှစ၍ တိုက်ပွဲတွင် ပါဝင်သူ လေးဦးသည် စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ခဲ့သည်။ တချို့သော လူများသည် ပျော်ရွှင်ကြပြီး တချို့မှာလည်း စိုးရိမ်ပူပန်​နေကြရသည်။ နချို့ကောင်းကင်ဘုံသခင်၏ မျက်နှာများသည် အလွန် မည်းမှောင်နေပြီး သူတို့ မျက်လုံးများတွင် မျက်ရည်များပင် ရှိနေကြတာ ထင်ထင်ရှားရှား တွေ့ရသည်။

သခင်မလေးယွမ်သည် ကျောက်တုံးကို လက်သီးတစ်ချက်ဖြင့် အပိုင်းပိုင်း ခွဲကာ နောက်ဆုံးတွင် အသက်ရှု​ချောင်​သွားခဲ့သည်။ နောက်တစ်ကြိမ် ထပ်လာရင်တော့ သူမရဲ့ကံကြမ္မာက သေခြင်းတရား ဖြစ်သွားနိုင်တယ်လို့ ရေးရေးလေး ခံစားမိပြီးသားပါ။

အလင်း မျက်နှာပြင့ပေါ်ရှိ နံပါတ်များသည် နှေးကွေးစွာ ရွေ့လျား နေသေးသော်လည်း တဖြည်းဖြည်းနှင့် နောက်ဆုံး ရွေ့လျားမှု ရပ်တန့်သွားကာ နံပါတ်များက ၂၄၁ တွင် ရပ်သွားသည်။

စတုတ္ထအဆင့်ကို ကျော်ဖြတ်ပြီးနောက် ပြိုင်ပွဲဝင် ၉၀ ရာခိုင်နှုန်း လျော့ကျသွားပြီး ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်ပွားခဲ့သည်။

သို့သော် လူကြီးမင်းဟော်ရှန်းနဲ့ သူ့အိမ်တော်ထိန်းကတော့ ပျော်ရွှင်နေပုံရသည်။ ဒီထဲမှာ တကယ့် ပါရမီရှင်တွေပဲ ကျန်ခဲ့တော့မှာ မဟုတ်လား။ စိမ်းပြာကောင်းကင်ဂိုဏ်းက တပည့်တွေကို ခေါ်ယူတဲ့အခါ အောင်မြင်မှုနှုန်းက ၂၀% ပဲ ရှိတယ် ဆိုတာ သိထားရဦးမည်။

"ကြည့်စမ်း အသက်ကယ် တံဆိပ်ပြား ရှိတဲ့လူ ရှစ်ယောက်ပဲ ကျန်တော့တယ်"

လူတစ်ယောက် ရုတ်တရက် အော်လိုက်ပြီး လူတိုင်းလည်း ခပ်မြန်မြန် ကြည့်လိုက်တော့ တကယ်ကြီး ဖြစ်နေ၏။

အိမ်တော်ထိန်း အဘိုးကြီးသည် လူရှစ်ယောက်လုံးကို စေ့စေ့ငေါ့ငေါ့ ကြည့်ရအောင် လူရှစ်ယောက်ကို ပြလိုက်တော့ မျက်နှာသစ်တွေ ဖြစ်နေတာကို တွေ့လိုက်ရသည်။

လူအများသည် ပူလောင်သော မျက်လုံးများဖြင့် ကောင်းကင်အရိပ် ဂိုဏ်းဆီသို့ လှမ်းမျှော်ကြည့်ကြသည်။ ယခင်က သိပ်မကျော်ကြားခဲ့သော ကောင်းကင်အရိပ်ဂိုဏ်းသည် ယခုတစ်ကြိမ်တွင် နာမည်ကောင်း ရလာခဲ့သည်။

ပါရမီရှင် လုရွှမ် တင်မကဘဲ ကျားဖြူလေးနဲ့ အောင်ရှင်းလည်း ပဉ္စမအဆင့်ကို ရောက်နေပြီ ဖြစ်သည်။ ဤလူများစွာသာ နေရာတစ်ခုကို အခိုင်အမာ ရရှိသွားပါက အနာဂတ်တွင် မလိုအပ်ပါက ၎င်းတို့နှင့် ဘယ်တော့မှ ရှုပ်ဝံ့မည် မဟုတ်ပေ။

ယွမ်မိသားစု၏ အကြီးအကဲက ဟက်ဟက်ပက်ပက် ရယ်မောပြီး အထက်စာရင်း တွင်ပါသော လူနှစ်ဦးမှာ သူ့သမီးနှင့် တူမတို့သာ ဖြစ်​လေသည်။

ကျန်သုံးယောက်မှာ ရန်မြို့တွင် လူသိများသော လူငယ် သူရဲကောင်းများ ဖြစ်သည်။ ထိုမိသားစု ခေါင်းဆောင်များသည်လည်း ရယ်မောပြီး ဂုဏ်ယူ ဝမ်းမြောက်နေကြ၏။

"ပဉ္စမအဆင့်က ရှင်သန်နိုင်စွမ်းကို စမ်းသပ်မယ်... ဘယ်လို ရှင်သန်​ကြမလဲ? တခြားသူတွေကို အနိုင်ယူနိုင်တာက ကြီးကျယ်တဲ့ အရာတော့ မဟုတ်ဘူး... ကိုယ့်ကိုယ်ကို အနိုင်ယူနိုင်တာကမှ တကယ့် စွမ်းရည်ပဲ။ မင်းတို့ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ကိုယ့်ကိုကိုယ် ထပ်ခါထပ်ခါ ကျော်ဖြတ် ကြည့်လိုက်ပါ"

လူတွေက တိတ်တိတ်လေး ခေါင်းညိတ်ပြကြသည်။ သူပြောတာက ကျိုးကြောင်း ဆီလျော်ပေမယ့် မနေနိုင်ဘဲ စိတ်ပူနေမိဆဲပင်။

ကိုယ့်ကိုယ်ကို အနိုင်ယူဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ?

အတွင်းနတ်ဆိုးက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ?

ရန်သူဟောင်းလို့လည်း ဆိုရမည်။ ချေမှုန်းဖို့ဆို ဘယ်လိုတောင် ခက်ခဲလိုက်လဲ။ ဘာလို့လဲ ဆိုတော့ ကိုယ့်ကို အကောင်းဆုံး သိတဲ့သူက ကိုယ့်ရဲ့ရန်သူပဲလေ။

မိမိကိုယ်မိမိ လုံးလုံးလျားလျား သိထားတတ်သူ အနေဖြင့် မိမိလုပ်နိုင်တာကို မိမိသာ သိနိုင်သည်။ ကိုယ့်ရဲ့ အတွေးအမြင်၊ ခွန်အား၊ နှလုံးသားနဲ့ ကြောက်ရွံ့မှုတွေကို ကိုယ့်တိုင်ပဲ သိနိုင်တာ ဘယ်လိုလုပ် ကျော်လွှားနိုင်ပါ့မလဲ။

နည်းလမ်းကလည်း တစ်ခုပဲ ရှိကာ ထိုအရာက ကန့်သတ်ချက်တွေကို ကျော်လွှားပြီး မိမိကိုယ့်ကို အနိုင်ယူနိုင်ဖို့ပါပဲ။ အနိုင်ရချင်ရင်တော့ ဇွဲမလျှော့ဘဲ ကြိုးစားလိုက်ဖို့ လိုပေ၏။

လုရွှမ်ကတော့ ဒီအဆင့်ကို ငြီးငွေ့နေခဲ့သည်။ ရွှမ်ခုန်းတောင်ကလောက် ပျော်စရာ မကောင်းပေ။ အလင်း မျက်နှာပြင်ကြီးမှ တဆင့် လူတို့သည် လုရွှမ် မျက်နှာပေါ်က စိတ်မရှည်တဲ့ အငွေအသက်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပေသည်။ လူများစွာသည် ခါးသီးစွာ ပြုံးလိုက်သော်လည်း စကားမပြောနိုင်ခဲ့ကြပေ။ သူတို့သည် ပါရမီရှင်လောကကို အမှန်တကယ် နားမလည်သလိုပင် ဖြစ်လာ၏။

အလင်းတန်းတစ်ခု လင်းလက်လာပြီး လူပုံစံအဖြစ် ပေါင်းစပ်သွားခဲ့သည်။ လုရွှမ် ၎င်းကို အံ့အားသင့်စွာ ကြည့်နေစဥ် အလင်းနဲ့ အရိပ်က သူ့ကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။

All Chapters