← Chapters

ကိုယ့်ကိုကိုယ် စိန်ခေါ်ခြင်း

Vol. 61 Ch. 431.4

ကိုယ့်ကိုကိုယ် စိန်ခေါ်ခြင်း

Vol. 61 Ch. 431.4

ဒီနောက်ဆုံး အဆင့်ကို တစ်ချိန်တည်းတွင် လုပ်ဆောင်ရပုံပေါ်ကြောင်း အပြင်မှ ကြည့်ရှုနေသူများ တွေ့ရ​လေသည်။ လူနှစ်ရာကျော်သာ ရှိသော်လည်း အိမ်တော်ထိန်းကြီးက လက်ကို လှိုင်းလုံးများဖြင့် ဝေ့ယမ်းကာ အလင်းမျက်နှာပြင်ပေါင်း နှစ်ရာကျော်ကို ဖန်တီးကာ သဘာဝကျကျ ပြသထားသည်။

လူတွေလည်း ရုတ်တရက် စိတ်လှုပ်ရှားလာပြီး အလင်း မျက်နှာပြင်မှာ သူတို့ရဲ့ ဆွေမျိုးတွေကို ရှာချင်ကြလေသည်။

လူတချို့က သေပြီလို့ ထင်ထားကြတဲ့ သူတို့ရဲ့ ဆွေမျိုးများကို တွေ့လိုက်ရတဲ့အခါ ဝမ်းသာအားရ ဖြစ်ကုန်ကြသည်။ မမျှော်လင့်ဘဲ သူတို့မှာ ယခုအချိန်အထိ ဆက်လက် ရှင်သန်နေခဲ့သည်။ တချို့လူတွေက သေသွားတဲ့ ချစ်ရသူများကို ရှာမတွေ့တာကြောင့် ငိုယိုကြတော့သည်။

လုရွှမ်လည်း သူ့ကိုယ်သူ အမှန်တကယ် တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်း ရုတ်တရက် နားလည်သွားသည်။

သူ့စိတ်တွေ လှုပ်ရှားနေကာ ဒီအဆင့်မှာ သူ့ကို ဘယ်လောက်ထိ အတုယူနိုင်မလဲ မသိပေမယ့် ကျောက်စိမ်းပြားကိုတော့ အတုယူလို့ မရဘူးလို့ သူထင်ထားသည်။ ကျောက်စိမ်းပြားကတော့ လုရွှမ် သူ့ရဲ့ကျင့်ကြံမှုက ပိုမြင့်လေလေ သူ့ရဲ့ ကြောက်ရွံ့မှုက ပိုနက်ရှိုင်းလာလေပဲ ဆိုတာကို သိခဲ့ရ၏။

ထို​အရာသည် အကန့်အသတ်များကို ကျော်လွန်နိုင်သော အာကာသ မှော်လက်နက်တစ်ခုပဲ ဖြစ်သည်။

"မင်းတို့ရဲ့ဆန့်ကျင်ဘက် အလင်းရောင်နဲ့ အရိပ်ဟာ တကယ်တော့ မင်းတို့ကိုယ်တိုင်ပဲ... ဒါက နောက်ဆုံး စမ်းသပ်မှု တစ်ခုလည်း ဖြစ်တယ်... မင်းတို့ သတ်နိုင်သမျှတော့ ကိုယ့်ကိုကိုယ် အနိုင်ရလိမ့်မယ်"

လူကြီးမင်းဟော်ရှန်းက အော်ဟစ်လိုက်ပြီး သူ့နှလုံးသားမှာလည်း မျှော်လင့်ချက် အပြည့် ပါရမီရှင်များကို ကြည့်နေသည်။

ဒီတစ်ကြိမ်မှာ လူအများအပြားကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် ပါရမီရှင်ပေါင်း နှစ်ရာကျော်လောက် ကျန်ရှိ​နေလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါဘူး။ အဲဒီထဲက တစ်ဝက်လောက်သာ အောင်မြင်ခဲ့ရင်တောင်မှ လူတစ်ရာ ရှိဦးမှာ မဟုတ်ပါလား။

ဒီပါရမီရှင်များကို အကြံပေးသည် ဖြစ်စေ တပည့်အဖြစ် စုဆောင်းသည်ဖြစ်စေ ကြီးမားသော ကံကြမ္မာတစ်ခု ဖြစ်လာမှာတော့ အသေအချာပင်။

ကိုယ်က ဘယ်လောက်ပဲ ဆိုးရွားနေပါစေ ဒီစာမေးပွဲကို ကောင်းကင်ဘုံရှင် သခင်သည်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ပိုကြိုးစားပြီး ထက်မြက်ပါက နတ်မီးနယ်ပယ်က ကိုယ် မျှော်လင့်နိုင်တဲ့ အရာတစ်ခု ဖြစ်လာလိမ့်မည်။ အခွင့်အလမ်းများ ပိုများလာပါက ပိုမိုမြင့်မားသော နယ်ပယ်သို့ပင် ရောက်ရှိနိုင်၏။

လုရွှမ် ပြုံးလိုက်မိသည်။ ကောင်းကင်၊ မြေကြီးနဲ့ လူတွေကို တိုက်ခိုက်ဖူးပေမယ့် သူ့ကိုယ်သူတော့ ဘယ်တုန်းကမှ မတိုက်ခဲ့ဖူးဘူး။

ရုတ်တရက် တစ်ဖက်က ရှေ့သို့ အပြေးအလွှား ပြေးတက်လာပြီး လေထဲတွင် အလင်းကို ဝှေ့ယမ်းကာ နဂါးဆင်ရွှေလက်ဝါးကို ထုတ်လွှတ်လိုက်ပေ၏။

နဂါးနှင့် ဆင်ပုံရိပ်များ အများအပြား ပေါ်ထွက်လာသည်။ ၎င်းတို့၏ အရှိန်သည် အထွတ်အထိပ် အဆင့်တစ်ခုလို ဖြစ်နေရာ ပြင်းထန်သော စွမ်းအားနှင့် သက်ရောက်မှုရှိခဲ့သည်။ လုရွှမ်သည် သူ့မျက်နှာတွင် ရယ်စရာကောင်းသော အကြည့်ဖြင့် ပြန်ကြည့်နေမိ၏။ သူအခုတကယ်ပဲ နဂါးဆင်ရွှေလက်ဝါးနဲဲ့ တိုက်ခိုက်ခံနေရပြီဟုပင် ခံစားလာရသည်။

ကြီးမားသော စွမ်းအားတစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာပြီး သူ့ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားသည်။

ဒါပေမဲ့ ကံမကောင်းစွာပဲ ဆင်ကြီးရဲ့ စွမ်းအားက နည်းနည်းလေးမှ မလုံလောက်သလို စိမ်းပြာနဂါးရဲ့ စွမ်းအားကလည်း ပြန့်ကျဲလွန်းနေသည်။ နဂါးကြီးရဲ့ ဟောက်သံက ထူးထူးခြားခြား ဖြစ်နေပေမယ့် သိသိသာသာ သက်ရောက်မှု မရှိသလောက်ပါပဲ။ တန်ခိုးက ကြီးကျယ် ခမ်းနားပေမယ့် တကယ့် သတ်ဖြတ်မှု အရှိန်အဝါကတော့ မလုံလောက်ပေ။

လုရွှမ်သည် ထျန်းဝူ ကောင်းကင်ဓားကိုးစင်သိုင်းရဲ့ တတိယဓား ဖြစ်သော ခန္ဓာမပါဘဲထွက်ခွာခြင်း ဓားစွမ်းအား အားလုံးကို လှုပ်ရှားမှုတစ်ခုအဖြစ် ပေါင်းစပ်လိုက်သောအခါ ကမ္ဘာပေါ်တွင် ဓားတစ်ချောင်းတည်းသာ ကျန်တော့သည်ဟု ထင်ရသည်။

ထို့ကြောင့် ပတ်ဝန်းကျင် ပျက်စီးမှုက အလွန်အားကောင်းလှသည်။ နဂါးဆင်ရွှေလက်ဝါးက ကြီးကျယ် ခမ်းနားသော်လည်း မမြင့်မားချေ။

လုရွှမ်ကလည်း နဂါးဆင်ရွှေလက်ဝါးကို ခုခံလိုက်ရင်း နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြသည်။

လုရွှမ်သည် တိုက်ခိုက်ရန် မရည်ရွယ်ထားသလို ရန်လိုဖို့လည်း မရည်ရွယ်ခဲ့ပေ။ ဤသိုင်းကွက်များသည် သူသင်ယူခဲ့တဲ့ အရာများနှင့် သူတတ်မြောက်ခဲ့သော အရာများဖြစ်လို့ ကိုယ့်ကိုကိုယ် ပြန်စစ်ဆေးရန် အခွင့်အရေးကောင်း တစ်ခုပဲလို့ ထင်​လေသည်။

လုရွှမ်မှာ ဒီအကြံအစည် အမှန်တကယ် ရှိနေကြောင်းသာ တခြားသူများ သိပါက သူသည် မိမိကိုယ်ကို သတ်သေရန် သွေးဆောင်ခံနေကြောင်း သဘောပေါက်ကာ သွေးပါ အန်ချင်သွားနိုင်သည်။

နဂါးဆင်ရွှေလက်ဝါး၊ ယွမ်ယန်လက်ဝါး၊ ကောင်းကင်မီးတောက် လက်သီး!

လက်သီးတစ်ချက် ထိုးလိုက်သည်နှင့် လှုပ်ရှားမှုများ၏ အလင်းရောင်နှင့် အရိပ်သည် လုရွှမ်ကိုသာ ထိမှန်သွားခဲ့သည်။ လုရွှမ်လည်း ပြင်းပြင်းထန်ထန် ခုခံကာကွယ်ခဲ့ပြီး ဘယ်အရာကိုမှ တက်ကြွစွာ မတိုက်ခိုက်ခဲ့ပေ။

ဒါ့အပြင် ဒါက သူ့ရဲ့ လူသိအများဆုံး တိုက်ကွက်တွေပါပဲ။ လုရွှမ်ရဲ့ အလင်းနှင့် အရိပ်လူသားသည် အာရုံစူးစိုက်မှု အခံရဆုံးအဖြစ် ရှိနေဆဲဖြစ်သည်။ မကြာမီတွင် သူသည် တခြားသော အလင်း မျက်နှာပြင်များစွာကိုပါ ​နေရာယူသွားသည်။ တခြား လူငယ်များ အားလုံးဟာလည်း အလွန်အဆင့် မြင့်မားသော လူငယ်များဖြစ်ကြကယ အရည်အချင်း နှင့် နာမည်ကောင်းများ ရှိကြသည်။

သို့သော် အလင်းလူများကို ​ဖြိုခွဲရန်သာ ကြိုးစားနေသော တခြားလူများစွာနှင့် နှိုင်းစာလျှင် လုရွှမ်သည် အလင်းနှင့် အရိပ်တို့ကို တိုက်ခိုက်ခွင့်ပြုပြီးနောက် တူညီသော လှုပ်ရှားမှုများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။ သူ့လုပ်ရပ်က ကြည့်နေသူများကို ခဏလောက်အထိ စိတ်ရှုပ်သွားကြတာ မြင်တွေ့ရ၏။

"လုရွှမ် ဘာလုပ်နေတာလဲ"

"သူ အရမ်း ထက်မြက်တယ် ဆိုတာ သူသိတယ်... ဒါကြောင့် သူ့ကိုယ်သူ အနိုင်ယူနိုင်စွမ်း မရှိဘူး ဆိုတာလည်း သိနေတာ ဖြစ်မယ်"

"သူက သူ့ခွန်အားကို ထိန်းပြီး အလင်းနဲ့အရိပ်လူသား အလိုလို ပျောက်ကွယ်သွားမယ့် အချိန်ကို စောင့်နေတာလား?"

လူတွေဟာ ထိုအကြောင်းကို ခဏလောက် စကားပြောရင်း ဆွေးနွေး နေကြပေမယ့် ဘယ်သူကမှ စိတ်ချယုံကြည်ရတဲ့ အကြောင်းပြချက်ကို မထုတ်နိုင်ခဲ့ကြပါဘူး။

လူကြီးမင်းဟော်ရှန်းက ရုတ်တရက် ပြောလာခဲ့သည်။

"လုရွှမ်.. သူက ကိုယ်ခံပညာကို တကယ်လေ့ကျင့်နေတာပဲ အလင်းနဲ့အရိပ်လူသားက သူ့ရဲ့ ကိုယ်ခံပညာ အားလုံးကို နားလည်နိုင်တယ် သူ့ကိုယ်သူလည်း ပုံစံတူ ဖြစ်​​​နေတာကြောင့် သူ့မှာ အားနည်းချက်တွေ ရှိနေတာကို သိပြီး ရှာဖွေနေတာ ဖြစ်မယ်"

"မင်းတို့ တွေ့လား? အဲဒီလက်ဝါးမှာ နဂါးနဲ့ ဆင်တစ်ကောင်ရဲ့ အစွမ်း​တွေ ရှိနေသလိုပဲ ပထမအကြိမ် အသုံးပြုတာနဲ့ နှိုင်းယှဥ်လိုက်ရင် လက်ဝါး ရိုက်ချက်က မတူ​တော့ဘူးလို့ မခံစားရဘူးလား? စွမ်းအားက အနည်းဆုံးတော့ ၁၀% ထက် ပိုတိုးလာတယ်"

၁၀% ဟာ အလွန်ကြောက်စရာ ကောင်းတဲ့ ကိန်းဂဏန်းတစ်ခု ဖြစ်နေပါပြီ။ လူဘယ်နှစ်ယောက်က ဒီလိုသိုင်းကွက် ကျွမ်းကျင်မှုတစ်ခုကို လေ့ကျင့်ပြီး စွမ်းအားကို မြှင့်တင်ချင်ပေမယ့် မလွယ်ကူချေ။ သို့သော် အခု လုရွှမ်ဟာ ဆန့်ကျင်ဘက် အလင်းတန်းတစ်ယောက်ရဲ့ လှုပ်ရှားမှုကို မြင်လိုက်ရုံဖြင့် လျင်မြန်စွာ ပြုပြင် ပြောင်းလဲနိုင်ခဲ့ရာ လူကြီးမင်းဟော်ရှန်းပင် ဒီအရည်အချင်းကြောင့် အံ့အားသင့်ခဲ့ရသည်။

ကောင်းကင်ဘုံသခင် တော်တော်များများလည်း နားလည်သွားကြသည်။ တိုက်ပွဲတစ်ခုတွင် အစွမ်းကုန် ကြိုးစားလိုသော တခြားပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက လုရွှမ်ရဲ့ အဆင့်က ၎င်းတို့ထက် သာလွန်နေပါပြီ။

အချိန်တွေ မြန်မြန်ကုန်သွားတော့ လူတွေမှာလည်း တံခါးဝကို တဖြည်းဖြည်း မြင်လာရသည်။ ပါရမီရှင်တွေ တိုက်ခိုက်ပြီး ပင်ပန်းစပြုလာတဲ့အခါ အလင်းလူတွေက ပြန်တိုက်ခိုက်လာသည်။

ဒီတစ်ခါတော့ ပါရမီရှင်တွေက တစ်ခုခု မှားနေပြီဆိုတာ ခံစားလိုက်ရ၏။ အလင်းလူတွေ စွမ်းဆောင်တာက သူတို့ထက် ပိုအစွမ်းထက်ကာ ပိုမြန်လေသည်။

တစ်ယောက်ပြီး တစ်ယောက် ရိုက်ခံရပြီးတဲ့ နောက်မှာတော့ တချို့လူတွေက တရားမျှတမှု မရှိဘူးလို့ ကျယ်ကျယ်လောင်လောင် အော်ဟစ်လာကြသည်။ အကြောင်းမှာမူ အလင်းလူက သူတို့ထက် အဆင့်တစ်ဆင့် ပိုမြင့်နေလို့ပါပဲ။ အပြင်ကနေ ကြည့်နေတဲ့ လူတွေက အတွင်းထဲက ပါရမီရှင်အတွက် ရှက်သွားကြသည်။ တကယ်ကို ရှက်စရာ ကောင်းတယ် မဟုတ်လား။

လူတချို့သည် ကျိန်ဆဲပြီးနောက် တဖြည်းဖြည်း အားနည်းချက် အဖြစ်သို့ ကျဆင်းသွားပြီးနောက် အလင်းလူများဆီမှ ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံခဲ့ရသည်။

နောက်ဆုံးတွင် ပထမလူသည် အလင်းလူ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသည်။ မသေဆုံးမီ အချိန်အထိ မတရားမှုနှင့် ပတ်သက်၍ တိုင်တန်းသွားဆဲ ဖြစ်သည်။

ကောင်းကင်ဘုံရှင် သခင်တစ်ပါးက အော်ဟစ်ကာ လှည့်ထွက်သွားသည်။ သူ့တပည့်က “ဒီလို တန်ဖိုးမရှိတဲ့ အရာအတွက် အသေခံသွားရတာ နှမြောစရာ ကောင်းကြောင်း” ဆိုရင်း တပည့်ဖြစ်သူ အတွက် လုံးလုံး ဒေါသထွက်သွားခဲ့သည်။

လူတချို့ကလည်း တဖြည်းဖြည်း အသိဝင်လာပြီး အလင်းလူကို အတုယူရန် ကြိုးစားလာကြသည်။ ထို့နောက် အလင်းလူသည် လှည့်ကွက်ကို လွယ်ကူစွာ အသုံးပြုနိုင်ကြောင်း ရှာတွေ့သွားခဲ့သည်။ ၎င်းသည် သူတို့ထက် ပိုသင့်တော်ကြောင်း၊ ၎င်းထုတ်ပေးသည့် စွမ်းအားက ပို၍ ကြီးမားကြောင်း နားလည်လာကြ၏။

အံ့အားသင့်မှုကြားတွင် သူတို့ရဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်များက မြင့်မားလာခဲ့သည်။ တိုက်ပွဲရဲ့ ရေစီးကြောင်းကို တဖြည်းဖြည်း လှည့်ပတ်ကာ အလင်းလူနှင့် အညီအမျှ တိုက်ခိုက်လာခဲ့သည်။ အပြင်မှ ကြည့်နေသော ဆွေမျိုးများနှင့် သက်ကြီးရွယ်အိုများသည်လည်း ပြုံးနေကာ မျက်နှာများ နီမြန်းနေတာကိုပင် မြင်နေရ၏။

လုရွှမ်လည်း စစ်ဆေးမှုကို ပိုမိုနားလည်လာကာ အလင်းလူကို ချက်ချင်း နှိမ်နင်းခဲ့သည်။သို့သော်လည်း အနည်းငယ် လှုပ်ရှားပြီးနောက် အလင်းလူသည် သူ၏ ထိန်းချုပ်မှုကိုပါ ကျွမ်းကျင်​နေကြောင်း တွေ့ရှိခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အားသာချက်များ ပျောက်ကွယ်သွားကာ ၎င်းတို့သည် ထပ်တူထပ်မျှ တူညီသွားခဲ့သည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ လူအားလုံးလည်း တုန်လှုပ်သွားပြီး လူကြီးမင်းဟော်ရှန်းကို မော့ ကြည့်လိုက်ကြတယ်။ အိမ်တော်ထိန်းက ပြုံး၍

"ဟုတ်တယ် အလင်းလူတွေက အချိန်မရွေး ပြောင်းလဲလာနိုင်တယ်... အလင်းလူတွေက ပါရမီရှင်တွေရဲ့ ကြီးထွားမှုကို လုံးလုံးလျားလျား လိုက်နာကြမှာမို့လို့ ဖြတ်ကျော်ချင်တယ် ဆိုရင် လိုအပ်တာက အကန့်အသတ်တွေကို အဆက်မပြတ် ကျော်​ဖြတ်ပြီး ချိုးဖျက်ဖို့ပဲ လိုတယ်.... ဒီလူတွေကသာ ဒီအချက်ကို လိုက်မမှီနိုင်ရင် သဘာဝကျကျ ရှုံးသွားလိမ့်မယ်"

All Chapters