← Chapters

ယင်ထျန်း ထွက်လာခြင်း

Vol. 61 Ch. 433.4

ယင်ထျန်း ထွက်လာခြင်း

Vol. 61 Ch. 433.4

"ဟမ့် ဒါပဲပေါ့"

ယင်ထျန်းက ဟစ်အော်လိုက်သည်။ သူ့ပတ်ဝန်းကျင်က အလင်းရောင်တွေ လင်းထိန်နေတဲ့ တံခါးပေါက်ကို ကြည့်ပြီး ပြေးထွက်သွားလိုက်၏။

ကြီးမားသော ပျော်ရွှင်ခြင်းကြောင့် ထွက်ပေါ်လာသော အသံများကိုပင် ပြတ်ပြတ်သားသား ကြား​နေရသည်။ ယင်ထျန်းသည် သူ့ခေါင်းကို မော့ကာ လှည့်ပတ်ကြည့်ရင်း နေရာတိုင်းတွင် အားပေးနေကြသော လူများကို မြင်လိုက်ရသည်။ ကျယ်လောင်ဆုံးသော သူများက သူ၏ ဂိုဏ်းဝင်များပင် ဖြစ်သည်။

"အကိုကြီး မင်းက အဆင့်ကနေ ထွက်လာတဲ့ ပထမဆုံးသူပဲ"

"ဂိုဏ်းချုပ်လေး ခင်ဗျား သေဖို့များ ရည်မှန်းထားတာလားဗျာ"

ယင်ထျန်း၏ မျက်နှာသည် ချက်ချင်းပင် နီမြန်းလာပြီး အလွန် စိတ်လှုပ်ရှားသွားသည်။ သူသည် သူ့စိတ်ထဲက မာနကို ချုပ်တည်းရန် ပြင်းပြင်းထန်ထန် ကြိုးစားထားကာ အေးစက်ဟန်ဆောင်၍ လူတိုင်းကို လက်ပြနှုတ်ဆက်ပြီး ဂိုဏ်းဝင်များရှေ့သို့ ပြန်သွားခဲ့သည်။

လူတိုင်းရဲ့ မျက်လုံးတွေအတိုင်း လိုက်ကြည့်လိုက်တော့ အထဲက မြင်ကွင်းတွေကို ပြသတဲ့ မျက်နှာပြင်များစွာ ရှိ​နေတာကို တွေ့လိုက်ရသည်။

"ဆရာ... ဆရာ့တပည့်က သူ့ကံကြမ္မာအတိုင်း အခက်အခဲတွေကြားက အသက်ရှင်ခဲ့ပါတယ်!"

သူ့စိတ်ထဲမှာ အနည်းငယ် ရှုပ်ထွေးနေတုန်းပဲ ဆိုပေမယ့် ထျန်းယင် သူ့ဆရာသခင်ဆီ ပြန်သွားပြီး သတင်းပို့လိုက်ပါ၏။

ထျန်းယိဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောက်ရွှမ်သည် ကျေနပ်စွာ ခေါင်းညိတ်ပြလာသည်။ သူ့မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလျက် ကြည့်နေလေသည်။ လုရွှမ် ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ သူ့တပည့်က ဤအဆင့်မှ ပထမဆုံး ထွက်လာသူပဲ ဖြစ်သည်။

နှစ်အတန်ကြာလို့ လူတွေ ဒီမြင်ကွင်း အကြောင်း ပြောကြတဲ့အခါ အမှတ်ရမိတဲ့ သူကတော့ ထျန်းယိဂိုဏ်းရဲ့ ၁၂၂ ဦးမြောက် ဂိုဏ်းချုပ်တောက်ရွှမ်ရဲ့ တပည့်ပဲ ဖြစ်လိမ့်မည်။

အငယ်တန်း ကျောင်းသားများနှင့် ဆက်သွယ်ပြီးနောက် ယင်ထျန်းသည် ကောင်းကင်ယံရှိ အလင်း မျက်နှာပြင်ကို လျင်မြန်စွာ ကြည့်ပြီးနောက် သူ့မျက်လုံးများသည် လုရွှမ်ကို အာရုံစိုက်လာခဲ့သည်။ တစ်ချက် ကြည့်လိုက်​ပြီးတော့ သူ သတိရှိလာ၏။

သူကိုယ်တိုင်က ပဉ္စမအဆင့် သူတော်စင်ဖြ စ်ပေမယ့် လုရွှမ်ကတော့ တတိယအဆင့် သူတော်စင်ထက်ပင် မပိုချေ။

တောက်ရွှမ် သူ့တပည့်အကြောင်း ကောင်းကောင်း သိပါသည်။ ယင်ထျန်းဆီက လူသတ်ချင်စိတ်ကို ခံစားရပြီး တိတ်တိတ်လေး ခေါင်းညိတ်ပြတာ မဆိုးပါဘူးဟုပင် မှတ်ချက်ပြုလိုက်သည်။ ရာထူးကြီးနဲ့ အသက်မွေးဝမ်းကြောင်းကို လိုချင်ရင် ရက်စက် ကြမ်းကြုတ်ဖို့ လိုသည်။

ပင်ကိုယ်စွမ်းရည် ဘယ်လောက်ပဲ မြင့်မားနေပါစေ အဲဒါက အရည်အချင်းနဲ့လည်း မဆိုင်ပါဘူး။ ပါရမီရှင်တွေ မထမြောက်ခင် ဘယ်လောက်တောင် သေခဲ့ကြလဲပဲ ကြည့်လေ။

သူသည် သူ၏ အရည်အချင်း အရှိဆုံး လက်အောက် ငယ်သားထံသို့ တိုက်ရိုက်စာတစ်စောင် ပေးပို့ခဲ့သည်။

"ခဏကြာလို့ ဂိုဏ်းချုပ်လေးက လူအင်အားစုဆောင်းဖို့ အဓိက တောင်းဆိုလာရင် မင်းလည်း လှုပ်ရှားလို့ရတယ်"

နောက်လိုက်က ခေါင်းမလှည့်လာသလို သူ့မျက်နှာက ထုတ်ဖော်မပြဘဲ ခေါင်းကိုသာ အနည်းငယ် ညိတ်လိုက်သည်။

အလင်း မျက်နှာပြင်ကြီးထဲတွင် ပါရမီရှင်များကြား တိုက်ပွဲက ပြင်းထန်လာသည်။ ယခုအချိန်တွင် ပါရမီရှင် အများစုသည် ရန်သူဖြစ်တဲ့ အလင်းလူများ၏ ခွန်အားကို နှစ်ဆတိုးပြီး​ပြီ ဖြစ်ပြီး အလင်းလူများ၏ ခွန်အားမှာလည်း အလွန်တိုးမြင့်လာသည်။

သို့သော် ပါရမီရှင်တွေဟာ ကန့်သတ်ချက်တွေကို နှစ်ကြိမ်ချိုးပြီးပြီ။ သူတို့ပြန်ပြီး တိုးတက်ချင်တယ် ဆိုရင်တော့ အရမ်း ခက်သွားလိမ့်မည်။

ပထမအကြိမ် ကန့်သတ်ချက်ကို ဖြတ်ကျော်ပြီးနောက်တွင် ပါရမီရှင်များသည် ကန့်သတ်ချက်ကို ဒုတိယအကြိမ် ဖြတ်ကျော်ရန် အချိန်ပိုကြာခဲ့ကြောင်း၊ ပထမအကြိမ်နှင့် နှိုင်းယှဉ်ပါက ပမာဏသည် အလွန်သေးငယ်ကြောင်း ထင်ရှားစွာ သိမြင်လာခဲ့သည်။

ဒါပေမဲ့ မတူကွဲပြားတဲ့ လူအနည်းငယ်လည်း ရှိပါသေးသည်။ အထင်ရှားဆုံးက လုရွှမ်ပင်။ ဒုတိယတိုးတက်မှုရဲ့ ပြင်းအားသည် ပထမအကြိမ်ထက် အဆပေါင်းများစွာ ကြီးမားပြီး မြင်သူတိုင်း ထိတ်လန့်သွားကြသည်။

အလင်းလူတွေရဲ့ ခွန်အားက တိုးလာပေမယ့် ပါရမီရှင်တွေရဲ့ ခွန်အားက နှေးကွေးလာပါ​ပြီ။ အသာစီးရပြီး အခြေအနေကို ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ အားနည်းချက်အဖြစ်သို့ ရောက်သွားလျှင် အလင်းလူဆီက ရိုက်နှက်ခြင်းကို ခံရနိုင်သည်။

ဤတွင် ကိုယ်ပိုင် အရည်အချင်းများကြားက ခြားနားချက်ကို ထင်ရှားစေသည်။

တချို့သော ပါရမီရှင်များမှာ တိုးတက်ဆဲ ဖြစ်သည်။ ပြင်းထန်သော ရိုက်နှက်ခြင်းကို ခံနိုင်ရည် ရှိပြီးနောက်တွင်ပင် ၎င်းတို့၏ ခံနိုင်ရည်အားက ယခုအခိုက်အတန့်တွင် ပေါ်လွင်နေပါ၏။ တိုးတက်မှုက နှေးကွေးပေမယ့် ဖြည်းဖြည်းချင်း တိုးတက်လာကြသူများလည်း ရှိပေသည်။

တချို့လူတွေက ဒုက္ခရောက်လာပြီမို့ ငြိမ်သက် မနေချင်တော့ရာ သူတို့ရဲ့ အခြေအနေတွေက ပိုဆိုးလာခဲ့သည်။

အပြင်ကလူတွေက အဲဒါကို ရှင်းရှင်းလင်းလင်းမြင်ပြီး မပြောင်းလဲသေးတဲ့ ကိန်းဂဏန်းတွေ ပြန်ကျလာ​တော့မယ်လို့ ကြိုမြင်ထားပြီးသား ဖြစ်လာ၏။

"ဟူး.... စုန့်မိသားစုရဲ့ သခင်လေး ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး"

နာမည်ကျော် လူငယ်သခင်လေး စုန့်ကျားတစ်ယောက် ယခုအခိုက်အတန့်တွင် ရူးသွပ်လုနီးပါး ဖြစ်နေတာကို လူတိုင်း မြင်နေရသည်။ သူသည် အလင်းလူ၏ ရိုက်နှက်ခြင်းကို အကြိမ်ကြိမ် ခံ​နေရသည်။ နောက်ဆုံး အခိုက်အတန့်တွင် သူ အပြင်ထွက်ချင်စိတ် ပျောက်ပြီး ခုခံရန်ပင် ငြီးငွေ့လာခဲ့သည်။

နောက်ဆုံးတွင် အလင်းလူသည် သခင်လေး စုန်ကျားရဲ့ ခေါင်းကို ကန်ထုတ်လိုက်ရာ တစ်ကိုယ်လုံး နောက်ပြန်လန်ကျသွားပြီး သတိလစ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ရပ်တော့!”

စုန့်မိသားစု၏ အကြီးအကဲက လှမ်းအော်သော်လည်း မအောင်မြင်ခဲ့ပေ။ အလင်းလူက စုန့်မိသားစု အကြီးဆုံးသားရဲ့ ဦးခေါင်းကို အသွေးအသား ဖြစ်တဲ့အထိ နင်းချသွားခဲ့ရာ လူတစ်ဦး အရေအတွက်က လျော့နည်းသွားခဲ့သည်။

နောက်ဆက်တွဲ ဖြစ်လာမယ့် အဖြစ်ဆိုးကို လူတိုင်းက ကြိုမြင်နိုင်ကြပါသည်။ သေချာသလောက်ကို ပထမလူ သေဆုံးပြီးနောက်မှာ ပါရမီရှင်တွေရဲ့ သေဆုံးမှုနှုန်းဟာ အလွန်များပြားလာ၏။

မောပန်းနွမ်းနယ်ပြီး ခွန်အားတွေ ကုန်ဆုံးသွားလို့ သည်းမခံနိုင်ရင်တော့ သေရမှာပါပဲ။

အရေအတွက်များ လျင်မြန်စွာ လျော့ကျလာပြီး တစ်ချိန်တည်းမှာပင် ပါရမီရှင်များသည် အသက်ကယ် တံဆိပ်ပြားများကို ဖိကာ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။

ကျားဖြူလေးသည် ရုတ်တရက် ရှေ့သို့ ပြေးသွားကာ အလင်းကျားကို ကိုက်လိုက်ရာ ကျားဖြူဖြူလေးကို အပိုင်းပိုင်း ဆုတ်​ဖြဲသွားခဲ့သည်။ ထို့နောက် ကျားဖြူလေးသည် ညည်းသံနှင့် အလင်းတံခါးမှ ခုန်ဆင်းသွားသည်။

အပြင်က လူတွေက ကျားဖြူလေးကို ငြူစူပြီး မနာလိုစိတ်နဲ့ ကြည့်နေကြ၏။ ဒီကျားဖြူလေးဟာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိတယ်ဆိုတာ လူတိုင်း တွေ့မြင်နိုင်ပါသည်။ သူက အသိဉာဏ်ကြီးသည်။ လူအသွင် ပြောင်းပြီးတာနဲ့ ဉာဏ်ကြီးရှင် မျိုးဆက်တစ်ခု ဖြစ်လာမှာ သေချာလေသည်။

ယွင်ယင်သည် ရုတ်တရက် နှာမှုတ်လိုက်ပြီး ကောင်းကင်ဘုံသခင် အဆင့်၄ရဲ့ အရှိန်အဝါကို ထုတ်ဖော်​ပြလိုက်သည်။

ကောင်းကင်ဘုံသခင် အဆင့်ကို တက်လှမ်းဖို့ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ။ ယွင်ယင်ရဲ့ ကောင်းကင်ဘုံသခင် အဆင့်၄ အင်အားသည် တခြားသူများကိုပါ ထိတ်လန့်သွားစေပါသည်။

လွန်ခဲ့သော နှစ်တစ်ရာခန့်က ကောင်းကင်အရိပ်ဂိုဏ်း ရုတ်တရက် ပိတ်လိုက်ကြောင်း ကြေငြာခဲ့သည်။ ဂိုဏ်းချုပ်က သေဆုံးသွားကာ ယာယီဂိုဏ်းချုပ်မှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအခါတွင် ဒဏ်ရာများအားလုံး ပြန်လည်ကောင်းမွန်လာကာ ဂိုဏ်းချုပ်ကလည်း ထွက်လာပြီမို့ ဂိုဏ်းက ပြန်လည် ထွန်းတောက်လာတော့မှာ သေချာနေပြီ။

ယခုအခါတွင် ဂိုဏ်းထဲက လူအားလုံးစုရုံးပြီး ကောင်းကင်ဘုံသခင် ကိုးယောက်ပင် အတူတကွ လျှောက်လှမ်းနေကြပြီ ဖြစ်သည်။

ကောင်းကင်အရိပ် ဂိုဏ်း၏ အထက်တွင် ကောင်းကင်ဘုံသခင် ၉ယောက်ရှိလို့ အနာဂတ်မှာ အောင်မြင်လာရန် အလားအလာ ရှိသည်။ ၎င်း၏ တိုးတက်မှုသည် ရပ်တန့်၍ မရနိုင်ပေ။ ကျားဖြူလေး တစ်ကောင်အတွက် ကောင်းကင်အရိပ်ဂိုဏ်းကို စော်ကားမိဖို့အထိ မထိုက်တန်ချေ။

ယွင်ယင်က ကျားဖြူလေးကို လက်ဝှေ့ယမ်းပြလိုက်သည်။ ကျားဖြူလေးက လူအုပ်ထဲမှာ လုရွှမ်ကို ရှာမတွေ့တော့မှ ယွင်ယင်ဆီကို အပြေးသွားပြီး သူမရဲ့ အမြီးဖြူလေးကိုပါ ဆွဲတင်လိုက်၏။

ယွင်ယင်သည် ကျားဖြူလေးရဲ့ ဦးခေါင်းကို ပွတ်သပ်ကာ နတ်သမီးကျင်းဟုန် နှင့် အောင်ရှင်းတို့ကို ပြသထားသည့် မျက်နှာပြင်ကို အနီးကပ် စိုက်ကြည့်နေသည်။ အောင်ရှင်းသည် အလင်းရောင်နှင့် အရိပ်တို့ကို ချိုးဖျက်ပြီး ထွက်ပေါက်မှ ထွက်ခွာလာခဲ့သည်။ သူမစိတ်ထဲတွင်တော့ ပြင်းထန်သော တိုက်ပွဲက စွဲမြဲနေခဲ့သည်။

သူမနှင့် အလင်းလူသည် အညီအမျှ ယှဉ်ပြိုင်နေပြီး အလင်းလူသည် ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ကျော်ဖြတ်ခဲ့သည်။ ဆိုလိုတာက အခုတိုက်ပွဲက ဆက်ဖြစ်နေပြီး နတ်သမီးကျင်းဟုန်မှာလည်း မတော်တဆမှု တစ်ခုမှ မရှိသရွေ့တော့ အောင်ပွဲက သူမ ပိုင်မှာပါပဲ။

လုရွှမ်အတွက်တော့ သူမ လုံးဝ မစိုးရိမ်ပါ။ အလင်းလူသည် ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ကျော်ဖြတ်ပြီးပြီ။ လုရွှမ် အလင်းလူသူ့ကို အမှီလိုက်ရန် ဦးဆောင်သွားခဲ့သည်။ တခြားသူများကမူ အလင်းလူရဲ့ တိုးတက်မှုအတိုင်း လိုက်နာနေကြတာ ဖြစ်လေ၏။

ထို့ကြောင့် လုရွှန်သည် သူ့အဆင့်ကို နှစ်ဆအထိ တိုက်ရိုက် တိုးတက်စေပြီး ကန့်သတ်ချက်ကို ဖြတ်ကျော်သွားသော တခြားပါရမီရှင်များကတော့ ၎င်းတို့အဆင့်ကို ၃၀ မှ ၄၀% အထိသာ တိုးတက်စေနိုင်ခဲ့သည်။ တက်ကြွမှုနှင့် စိတ်အားထက်သန်မှုသည် အးတခြားသူများကို ပို၍ပို၍ တိုးတက်စေသော်လည်း လုရွှမ်က ထို့ထက် ပို၍ပို၍ တိုးတက်လာသည်။

ကန့်သတ်ချက်ကို သုံးကြိမ်ကျော်ဖြတ်ပြီးနောက် တခြားသူများသည် ၎င်းတို့၏ ခွန်အားကို နှစ်ဆမျှသာ တိုးမြှင့်နိုင်ခဲ့သော်လည်း လုရွှမ်၏ အင်အားကတော့ အနည်းဆုံး သုံးဆ တိုးလာခဲ့သည်။

လုရွှမ်နှင့် အလင်းလူတို့၏ ပြင်းထန်သော ရန်ပွဲအား အလင်း မျက်နှာပြင်ပေါ်မှ ကြည့်ရင်း ယွင်ယင်သည် ယခင်က လုရွှမ်ကို လုံလောက်အောင် အကဲဖြတ်ထားပြီးပြီဟု ခံစားမိခဲ့သော်လည်း သူမရဲ့ အကဲဖြတ်မှုက ရေခဲတောင်၏ အစွန်အဖျားမျှသာ ဖြစ်ကြောင်း သိလိုက်ရပြီး လုရွှမ်တွင် ရှိသည့်အရာများမှာ များပြားလွန်းလှသဖြင့် လုံးဝ မတွေ့နိုင်အောင် ဖြစ်နေရှာသည်။

အောင်ရှင်း ထွက်လာပြီးနောက် ကျင်းဟုန်သည် တဖြည်းဖြည်း အသာစီးရသွားပြီး အလင်းလူကို ဖြန့်ခွဲကာ ထွက်လာခဲ့သည်။

All Chapters