တိထျန်း၏ ကိုယ်ပွား
Vol. 43 Ch. 585
စုမင်သည် သူ့လက်ထဲရှိအစိမ်းရောင်သန်းနေသောဓားကိုအသုံးပြုပြီး မြက်ခင်းပြင်ကိုထိုးချလိုက်သည်။ မြေကြီးထဲသို့နစ်မြုစ်သွားသည့်ခဏတွင် သူ့မျက်လုံးများကိုဖြည်းညင်းစွာပိတ်၍ ခေါင်းလောင်းသံမြည်လာသောအခါ ဟန်တောင်တန်းခေါင်းလောင်းက သူ့ခန္ဓာကိုယ်အပြင်ဘက်တွင်ပေါ်လွင်ထင်ရှားလာသည်။ ၎င်းထွက်ခွာသွားသည်နှင့် ခေါင်းကိုးလုံးနဂါး၏ရုပ်ပုံက ထင်ရှားသောအစွန်းတစ်ခုတွင် ပေါ်လာကာ ၎င်း၏ဟိန်းသံမှာ လောကတစ်ခွင်ပဲ့တင်ထပ်သွားလေသည်။
“ခေါင်းကိုးလုံးနဂါး “
စုမင်က တိုးတိတ်စွာရေရွတ်လိုက်သည်။
“ဖယောင်းနဂါး”
ထိုစကားနှစ်လုံးကို ပြောပြီးသည်နှင့် သူ့ညှပ်ရိုးရှိဖယောင်းနဂါးငယ်လေးမှာ ခုန်ထွက်သွားပြီး မြက်ခင်းပြင်သို့တိုးဝင်ကာ ပျောက်ကွယ်သွားသည်။ ကောင်းကင်ရှိခေါင်းလောင်းမှာပိုကြီးလာပြီး အဆုံးမရှိကြီးထွားလာသည်နှင့်တပြိုင်နက် ထူထဲမဲနက်သောတိမ်တိုက်များတဟုန်ထိုးပျောက်ကွယ်သွားလေသည်။
ထိုအရာမှာ ကပ်ဘေးအတွက် စုမင်ပြင်ဆင်ထားသည့် ဆဋ္ဌမမြောက်လက်ဆောင်ဖြစ်သည်။
“ပြီးတော့...သတ္တမမြောက်”
စုမင်၏မျက်လုံးများအရောင်လက်နေသည်။ သူ့လက်မောင်းပေါ်ရှိ ကြက်သွေးရောင်နဂါးအမှတ်ကိုကြည့်လိုက်သည်။ ထိုအချိန်တွင် ကြက်သွေးရောင်နဂါးမှာ သူ့မျက်လုံးကိုဖွင့်၍ စုမင်ကိုကြည့်နေသည်။ ၎င်း၏အကြည့်တွင် ဆူံးဖြတ်ချက်တစ်ခုရှိ၏။
စုမင်ကိုစကားပြောစရာမလိုဘဲ ကြက်သွေးရောင်နဂါးက ပေါ်လာလာကာ သူ၏ကြီးမားသောခန္ဓာကိုယ်နှင့် ကောင်းကင်သ်ို့ပြန်မတက်ခင် ဦးခေါင်းကိုမော့၍ဟိန်းဟောက်လေသည်။ ၎င်းက တိမ်တိုက်များထဲသို့ လျင်မြန်စွာပျောက်ကွယ်သွားပြီး မြင်ကွင်းမှပျက်စီးသွားသည်။
သို့သော် ထိုနေရာတွင်ရှိနေဆဲဖြစ်သည်။ ၎င်းက သူ့ထံမှအတွေးတစ်ခုသာဖြစ်ပြီး ကြက်သွေးရောင်နဂါးသည် လောကတစ်ခုလုံးကိုဖျက်ဆီးရန် ၎င်းခန္ဓာကိုယ်မှ အပြင်းထန်ဆုံး စွမ်းအားများထွက်လာမည်ဟု စုမင်ကပြောသည်။
ထိုအရာသည်သူ၏ သတ္တမမြောက်လက်ဆောင်ဖြစ်သည်။
စုမင်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ သူ့လက်များကိုမြှောက်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်တွင်းရှိသလင်းကျောက်မှ လျှပ်စီးအလင်းတန်းများ ထွက်လာသည်။ ထိုစွမ်းအားက သူ့ခန္ဓာကိုယ်ကိုဝန်းရံထားပြီး သူ့အရေပြားပေါ်ကူးသန်းနေသည့် လျှပ်စီးလက်နေသော အဆုံးမဲ့မီးပွင့်များကြည့်ရင်း သူ့မျက်လုံးများကိုမှိတ်လိုက်ပြီး ညာလက်ဖြင့်သူ့ရင်ဘက်ကိုထုရိုက်နေလေသည်။
လျှပ်စီးကြောင်းက သူ့ခန္ဓာကိုယ်ပေါ်သို့အက်ကွဲလာလျှင် စုမင်က ပါးစပ်က်ိုဖွင့်၍ တစ်စုံတစ်ခုကိုထွေးထုတ်လိုက်လေသည်။
ထိုအရာမှာအနက်ရောင်ဖြစ်၍ အတွင်းတွင်အပေါက်ကိုးပေါက်နှင့် ဒယ်ဇောက်သဏ္ဍာန်ရှိသည်။ ထိုအရာက စုမင်ခန္ဓာကိုယ်ထဲတွင် အမြဲရှိနေပြီး ဟန်တောင်တန်းမြို့တော်တွင်သူနိုးထခဲ့စဥ် လောကကြီးမှ အလင်းကိုစုပ်ယူထားသောအခါ ဖွဲ့စည်းထားသောအရာတစ်ခုဖြစ်သည်။
မာန်အမွေအနှစ် အလင်းတန်းကိုစုပ်ယူသည့်အချိန်တိုင်အောင် ၎င်းက သူ့ခန္ဓာကိုယ်ထဲတွင်တည်ရှိနေသောကြောင့် ပြောင်းလဲမှူမရှိသေးပေ။ စုမင်က မာန်အလင်းတန်းနှင့် ထောင်ပေါင်းများစွာသောအမျှင်များချိတ်ဆက်ထားသကဲ့သို့ အတွင်းတွင် တစ်စုံတစ်ခုကွဲပြားနေကြောင်းသတိထားမိသည်။
အကြောင်းမှာ ထိုအနက်ရောင်အပိုင်းအစသည်မာန်အလင်းတန်း၏အမွေအနှစ်က်ို
ရယူနိုင်ရန် အကြီးမားဆုံးအခန်းကဏ္ဍတွင်ပါဝင်မည်ဆိုလျှင် ဒယ်ဇောက်သဏ္ဍာန်မရှိဘဲ ကျောက်တုံးအပိုင်းအစက အလင်းတန်းကိုရှာဖွေရန်လမ်းညွှန်နိုင်မည်မဟုတ်ပေ။ သူ၏မူလသွေးကြောထဲရှိ အပေါက်ကိုးပေါက်ပါသောဒယ်ဇောက်သဏ္ဍာန်အရာကိုထွေးထုတ်လိုက်လျှင် သူ့ပတ်ဝန်းကျင်ရှိအလင်းတန်းက ခြေရာမရှိဘဲပျောက်ကွယ်သွားကာ အပေါက်ကိုးပေါက်မှတစ်ခုက အလင်းတန်းဖြင့်ပြည့်လျှံနေလေသည်။
စုမင်မျက်လုံးများ မှေးစင်းသွားသည်။ လက်မောင်းတစ်ချက်လွှဲလိုက်သည်နှင့် ထိုအရာသည် ကောင်းကင်ထဲမှ တိမ်တိုက်များသို့ပြေးဝင်သွား၏။ ထိုအချိန်တွင် ၎င်းကိုယ်တိုင်နစ်မြှုပ်သွားပြီး အဆုံးအစမရှိသောအလင်းတန်းများက ကောင်းကင်တွင် ဦးတည်ချက်မျိုးစုံမှကူးသန်းလာပြီး ကိုးပေါက်ရှိသည့်ဒယ်အိုးထဲသို့ စုဝေးသွားသည်။
ထိုအရာသည်အဆုံးသတ်မဟုတ်ပေ။ စုမင်သည် သူ့လက်ဖြင့်အမျိုးမျိုးသောချိပ်တံဆိပ်များစွာကိုဖွဲ့စည်းပြီး သူ၏ကနဦးစွမ်းရည်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံထားသည်။ ထိုအချိန်တွင် ပြောင်းလဲခြင်းကိုးခုမှ ထာဝရ၏အသွင်ပြောင်းလဲခြင်းကိုးသွယ်..ဆယ်သွယ်ကို သရုပ်ဖော်ခဲ့လေသည်။
ပထမပြောင်းလဲခြင်း၊ ဒုတိယပြောင်းလဲခြင်း၊ တတိယပြောင်းလဲခြင်း ...စုမင်သည် သူ့လက်ဖြင့် စည်းတံဆိပ်တို့ကိုပြောင်းချိန်တိုင်းတွင် ထိုပြောင်းလဲခြင်းကို
ထိုချိတ်တံဆိပ်ထံသို့ ပို့ဆောင်ပေးသည်။ ပြောင်းလဲမှုတစ်ခုချင်းစီတွင် ကောင်းကင်မှအလင်းတန်းသည် ရေတွက်မရအောင်တိုးပွားသွားပြီး ရလဒ်အနေဖြင့် အပေါက်ကိုးပေါက်ပါသောဒယ်ဇောက်သဏ္ဍာန်မှ ဒုတိယအပေါက်ကို ပြည့်စေကာ တတိယအပေါက်မှာလည်း အလင်းတန်းဖြင့်ပြည့်သွားလေသည်။
စုမင်၏ ကန့်သတ်ချက်ကျင့်ကြံခြင်းအဆင့်ကြောင့် သတ္တမကြိမ်မြောက်ပြောင်းလဲခြင်းသို့ရောက်သွား၏။ ထိုအချိန်တွင် တိမ်များထဲမှ ဒယ်ဇောက်သဏ္ဍာန်အပေါက်ကိုးပေါက်တွင် အလင်းတန်းဖြင့်ပြည့်နေပြီဖြစ်သည်။
ထိုအရာသည် ဘေးဒုက္ခကိုသယ်ဆောင်လာမည့်သူအတွက်ပြင်ဆင်ထားသော အဋ္ဌမမြောက်လက်ဆောင်ဖြစ်လေသည်။
“နောက်ထပ်”
စုမင်သည် သူ့ဘယ်လက်ကိုကြည့်လိုက်သည်။ သူ့အကြည့်အောက်တွင် ၎င်းကအနက်ရောင်ပြောင်းသွားပြီး မကြာမီပင် ထိုအနက်ရောင်အရိပ်က လက်ဖဝါးတစ်ခုလုံးပြည့်သွား၏။ သို့သော်လည်း မကြာမီပင် ထိုအနက်ရောင်အရိပ်က မှေးမှိန်သွားကာ သူ့ဘယ်လက်ရှိ အရေးအကြောင်းများမှာအနက်ရောင်အဖြစ်ကျန်ရှိနေသည်။ သူ၏သာမန်အသားအရောင်နှင့်နှိုင်းယှဥ်လျှင် ထိုအနက်ရောင်အရေးကြောင်းများက အတော်လေးထိတ်လန့်စရာကောင်းသည်။
“ကျိန်စာ”
စုမင်သည် အသက်ရှူသံအောက်တွင်ရေရွတ်သောအခါ သူ့အကြည့်တို့သည် ဘယ်လက်ပေါ်သို့ရောက်သွား၏။ ထိုအချိန်တွင် စူးရှတောက်ပသောအလင်းတန်းသည် သူ့ညာလက်ပေါ်တွင်ရှိပြီး ညာလက်ပေါ်တွင်၎င်းကိုယ်တိုင် ပုန်းခိုနေသကဲ့သို့ မကြာမီပင်ပျောက်ကွယ်သွားသည်။
“ဒါက နဝမမြောက်လက်ဆောင်ပဲ တိထျန်း..မင်းက ငါ့ကို ကပ်ဆိုးကိုယူဆောင်ပေးမဲ့သူတကယ်ဖြစ်ဖို့ မျှော်လင့်ကြရအောင်...ဒီလက်ဆောင်က်ိုးခုနဲ့မင်းကို ငါဒီမှာစောင့်နေမယ်”
စုမင်က မျက်လုံးတွေကိုပိတ်လိုက်ပြီး အသက်ကိုဖြည်းညင်းစွာရှူလိုက်သည်။ သူ တိတ်ဆိတ်စွာစောင့်နေလိုက်၏။
သူသည် စစ်မြေပြင်အတွက်အစီစဥ်ချထားပြီးယခု ထိုနေရာကို လုံးဝချန်ထားခဲ့မည်မဟုတ်ပေ။ ထိုကပ်ဆိုးက အမှန်ပင် တိထျန်းဖြစ်လျှင် သူသေချာပေါက်လာလိမ့်မည်ဖြစ်သည်။
စုမင် သုံးရက်စောင့်နေခဲ့သည်။ ထိုအတောအတွင်း တစ်လက်မလေးပင်နေရာမရွေ့ဘဲ သူ့မျက်လုံးများကလည်း တရားထိုင်နေသကဲ့သို့ ပိတ်ထားပြီး ထိုသို့လုပ်ခြင်းအားဖြင့် အသန်မာဆုံးအင်ရောက်သည်တိုင်အောင် သူ့အခြေအနေသည် တိုးတက်လာခဲ့သည်။
ထိုအချိန် ထိုကပ်ဆိုးသည် မယုံကြည်နိုင်လောက်အောင်ခက်ခဲမည်ဟုသူသိသော်လည်း ထိုတိုက်ပွဲကိုနောက်မဆုတ်နိုင်သလို စွန့်ခွာရန်နေရာလည်းမရှိခဲ့ပေ။ သူတိုက်ခိုက်ရမည်သာဖြစ်သည်။
သူတိုက်ခိုက်ရလိိမ့်မည်။
သူ့ကံကြမ္မာကိုထိန်းချုပ်ရန်၊ သူကိုယ်တိုင်လမ်းကြောင်းရှင်းရန် သူ့နည်းလမ်းနှင့်သူအပြတ်အသတ်အနိုင်ယူရမည်ဖြစ်သည်။ အရာအားလုံးပြောင်းလဲသွားသည်အထိ တိုက်ခိုက်ရမည်။
“တိုက်ပွဲ..”
စုမင်၏မျက်လုံးများအောက်တွင် အနီရောင်သွေးကြောမျှင်များ ရုတ်တရတ်ပေါ်လာသည်။ ကောင်းကင်မှပေါ်ထွက်လာသော တိုက်ပွဲစိတ်ဓာတ်နှင့် သတ်ဖြတ်လိုသောစိတ်သည် သူ့ခန္ဓာကိုယ်မှနိုးထလာပြီး မုန်တိုင်းတစ်ခုကဲ့သို့ ဧရိယာတစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။
သူတိုက်ခိုက်လိုသည်။ သူသည် တိထျန်းကို ဆန့်ကျင်၍၊ သူ့ကံကြမ္မာကိုဆန့်ကျင်၍၊ သူ့ရှုပ်ထွေးမှုကိုပါဆန့်ကျင်၍၊ နောက်ဆုံးသူ့ဘဝတစ်ခုလုံးကိုပါဆန့်ကျင်၍ တိုက်ခိုက်ချင်သည်။
ငါးရက်မြောက်ကြာပြီး စုမင်၏တိုက်ခိုက်လိုစိတ်အမြင့်ဆုံးသို့ရောက်နေချိန် အဝေးရှိကောင်းကင်မှ ပုံပျက်နေသောလှိုင်းလုံးတစ်ခုပေါ်လာပြီး အထဲမှလူတစ်ယောက်လမ်းလျှောက်ထွက်လာသည်။
ထိုပုဂ္ဂိုလ်က အင်ပါယာ၏ဝတ်ရုံကိုဝတ်ဆင်ထားပြီး သရဖူကိုဆောင်းထား၏။ သူ့မျက်နှာပေါ်မှအထီးကျန်ဆန်သောအကြည့်နှင့်အတူ သူ့အောက်မှကျွန်းပေါ်တွင်ထိုင်နေသော စုမင်ကိုအေးစက်စွာကြည့်လေသည်။ အတိအကျပင် ထိုလူသည် တိထျန်းဖြစ်သည်။
ရက်ပေါင်းများစွာစောင့်ကြည့်ပြီးနောက် အရှေ့ပိုင်းမြေရိုင်းနယ်သို့ ဦးတည် နေသည်ကိုသတိထားမိသည်။ ခဏတာတွန့်ဆုတ်ပြီးနောက် နောက်ထပ်မစောင့်တော့ဘဲစုမင်ထံ ကိုယ်တိုင်လာရန်ရွေးချယ်လိုက်သည်။ သူ့အတွက် ကံကြမ္မာ၏လမ်းကြောင်းကို ပြောင်းလဲခြင်းမှာခက်ခဲမည်မဟုတ်သော်လည်း စုမင်ကိုနှစ်ပေါင်းများစွာစောင့်ကြည့်နေသည့်အတောအတွင်း ထိန်းချုပ်မှူကင်းမဲ့သောကာလကိုဖြတ်သန်းနေရ၏။
သို့သော် သူ့ကိုမတွေ့သော အကျိုးမရှိသည့်ကာလသည် သူ့အစီစဥ်ကိုကျရှုံးအောင်လုပ်နိုင်မည်မဟုတ်ဟု သူယုံကြည်သည်။
တိထျန်းက စုမင်ကိုတွေ့သောအခါ စကားတစ်လုံးမျှမပြောပေ။ သူရှိသောကျွန်းပေါ်သို့ခြေတစ်လှမ်းလှမ်းလိုက်သည်။ ထိုအချိန်တွင်သူ၏ သီးသန့်ဆန်သောသွင်ပြင်နှင့် ခံစားချက်ကင်းမဲ့နေသော အမူအရာသည် ရက်စက်ကြမ်းကြုတ်သောအမူအရာကို အသံကျယ်လောင်စွာပေးလိုက်သည်။
အင်ပါယာ၏ဝတ်ရုံနှင့် အံသြစရာကောင်းသော တည်ရှိမှုသည် တိထျန်းကိုအာဏာရှင်ဖြစ်စေသကဲ့သို့၊ ကောင်းကင်အောက်မှမြေအပိုင်းအစတစ်ခုချင်းဆီသည် သူ့အပိုင်ဖြစ်သကဲ့သို့ လောကထဲ
တွင်တည်ရှိသည့်တစ်ခုတည်းသောအာဏာသည် သူ့ခြေဖဝါးအောက်ဆင်းသက်လာခဲ့၏။သူ့အောက်မှမရဏပင်လယ်သည် သူရောက်ရှိမှူ၏ဖိအားကိုမခံနိုင်သကဲ့သို့ အနောက်ဘက်ကို အပြင်းအထန်လှုပ်ရှားကာ ဝရုန်းသုန်းကားဖြစ်နေသည်။
ထိုအချိန်တွင်တိထျန်း၏ ခန့်ညားထည်ဝါသောတည်ရှိမှုက ထိုနှစ်များအတွင်း ဟုန်လော့ ကိုဆန့်ကျင်တိုက်ခိုက်ခဲ့သည့် ကိုယ်ပွားနှင့် အတိအကျတူနေသည်။
“အဲ့ဒါကသူရဲ့ ချိတ်တံဆိပ်အစစ်မဟုတ်ဘူး”
တိထျန်း ခြေလှမ်းတစ်လှမ်းပြီး လောကကြီး ဟိန်း ဟောက်လာချိန်တွင် စုမင်၏ မျက်လုံးများ ပွင့်လာသည်။ တစ်ချက်လှုပ်ရုံဖြင့် သူ့ခန္ဓာကိုယ်က လွင့်စဥ်သွားပြီး နတ်ဆိုး၏ချပ်ဝတ်တန်ဆာက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။ ထိုသို့ဖုံးအုပ်ပြီးသည်နှင့် လှံကသူ့လက်ထဲတွင်ပေါ်လာသည်။
ထိုအရာအားလုံးသည် လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် စုမင်က နတ်ဆိုး၏ချပ်ဝတ်တန်ဆာကို တပ်ဆင်ပြီးသွားပြီဖြစ်သည်။
တိထျန်းသည် သံချပ်ကာ၏အသွင်အပြင်ကို လုံးဝဂရုမစိုက်ခဲ့ပေ။ ပထမခြေလှမ်းလှမ်းပြီးသည်နှင့် ညာလက်ကို မြှောက်လိုက်ပြီး စုမင် ဆီသို့ သူ၏လက်ကို လေထဲမှတဆင့်လွှဲယမ်းလိုက်သည်။ အံ့သြစရာကောင်းသော မြူလှိုင်းတစ်ခု ရိုက်ခတ်လှုပ်ရှားလာပြီး လောကတစ်ခုလုံးကို ဖုံးလွှမ်းသွားသကဲ့သို့ ၎င်းသည် စုမင်ရှိရာသို့ ပြေးသွားလေသည်။
စုမင်က အေးစက်သောအသံတစ်ခုကိုထုတ်လွှတ်လိုက်သည်။ ကောင်းကင်မှသူ့ခန္ဓာကိုယ်နိုးထသောအချိန်တွင် ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူ့ခြေထောက်မြေပေါ်သို့ခြေချသောအခါ လေက တဝေါဝေါ တိုက်ခတ်လာ လေသည်။ ၎င်းက သာမန်ခြေလှမ်းတစ်ခုမဟုတ်ပေ။ ထိုအရာသည် မာန်နတ်ဘုရားစုမင်၏ သတ္တမမြောက်ခြေလှမ်းပင်ဖြစ်သည်။
“ပထမဆုံးခြေလှမ်း..”
၎င်းနှင့်အတူ တိထျန်းခေါင်းပေါ်ရှိ တိမ်လွှာတို့မှာပါးလာပြီး ကြီးမားသောခြေရာပေါ်လာ၏။ စူးစူးဝါးဝါးအော်သံနှင့်အတူ တိထျန်းဆီသို့ဦးတည်သွားလေသည်။
စုမင်ထိုခြေလှမ်းကို လှမ်းလိုက်သည်နှင့် သူချက်ချင်းပင် နောက်ထပ်တစ်လှမ်းလှမ်းသည်။ သူ့ခြေထောက်တို့ကိုမရပ်တန့်ဘဲ ရှေ့သို့ခြောက်လှမ်းဆက်လျှောက်သည်။ သူပြီးဆုံးသွားသည်နှင့် နောက်ဆုံးပေါ်သော ခြေလှမ်းထက်ကြီးသော ခြေရာခြောက်ခုပေါ်လာပြီး တိထျန်းခေါင်းပေါ်ရှိကောင်းကင်တစ်ခုလုံးကိုအစားထိုးသွားလေသည်။ ကျယ်လောင်သောခပ်အုပ်အုပ်အသံနှင့်အတူ တိထျန်း သူ့လက်မောင်းကိုလွှဲယမ်းလိုက်သောအခါ ၎င်းတို့သည့်ကြီးမားသောမြူခိုးထဲသို့နစ်မြုပ်သွားသည်။
လေထဲမှတဆင့် တုန်လှုပ်ခြောက်ခြားသောအသံပဲ့တင်ထပ်လာသည်နှင့် စုမင်က သတ္တမမြောက်ခြေလှမ်းကိုလှမ်းလိုက်ပြီး ၎င်းနှင့်အတူ အကြီးမားဆုံးခြေလှမ်းသည် ရုတ်တရတ်ဆင်းသက်လာပြီး တုန်လှုပ်ခြောက်ခြားဖွယ်ရာအသံများပိုမိုကျယ်လောင်လာသည်။
စုမင်က မာန်ဝိညာဥ်နတ်ဘုရား၏ ခြေလှမ်းခုနစ်သွယ်ကိုအောင်မြင်ပြီးမြောက်သောအခါ သူ၏အရှိန်နှုန်းက မခန့်မှန်းနိုင်အောင် ပြင်းထန်သောအဆင့်သို့ရောက်ရှိသွား၏။ စူးဝါးသောအသံက လောကကိုဆက်လက်တုန်လှုပ်စေလေသည်။ ဟင်းလင်းပြင် ဆုတ်ပြဲသွားခြင်းနှင့်အတူ လက်ထဲတွင် နတ်ဆိုး၏လှံနှင့်အတူ လေထဲမှတဆင့် ဦးတည်နေပြီဖြစ်သည်။ နေရာကိုဖြတ်သန်းလာသည့် စက်ဝန်းပြတ်ကဲ့သို့ တိထျန်းရှေ့တွင်ပေါ်လာပြီး ကိုယ်ပွား၏မျက်ခုံးတည့်တည့်သို့ သူ့လှံကိုပစ်သွင်းလေသည်။
ထိုသူက စုမင်ဖြစ်လေသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက သူလုပ်ခဲ့သည့်အတိုင်း စတင်တိုက်ခိုက်ရန်ကြိုးစားခဲ့သည်။ ထိုလှံက ကံကြမ္မာကိုဆန့်ကျင်သည့် သူ့တိုက်ခိုက်မှုကိုသင်္ကေတပြုထားသည်။ ထိုလှံက သူ့နုလုံးသားထဲရှိ ဆုံးဖြတ်ချက်ကိုကိုယ်စားပြုသည်။ ထိုလှံက တ်ိထျန်းအပေါ် သူ့အမုန်းကို ထိန်းချုပ်ဟန့်တားထား၏။
ပြန်လည်တိုက်ခိုက်ရန် တွန်းအားပေးနေသောပြောင်းလဲခြင်းနောက်ကွယ်မှ အဓိပ္ပါယ်နှင့် ကိုယ်ပိုင်ပြောင်းလဲမှူသည် လောကကြီးပြိုကွဲသွားသကဲ့သို့ကြီးမားပေသည်။
ကျယ်လောင်သောပေါက်ကွဲသံက မြန်စွာ ပျံ့နှံ့သွားသော်လည်း တိထျန်း၏အကြည့်မှာ တည်ငြိမ်မြဲတည်ငြိမ်နေလေသည်။ ပြောင်းလဲမှုအသေးလေးပင် သူ၏ ထိန်းချုပ်ထားသောအမူအရာထဲတွင်မမြင်ရပေ။ အကြောင်းမှာ နောက်ပြန်ခြေလှမ်းတဝက်ပင် မဆုတ်ခဲ့သောကြောင့်ဖြစ်သည်။ သူသည် သူ၏ညာဘက်လက်ကိုသာမြှောက်၍ စုမင်၏လှံကိုပုတ်ထုတ်ခဲ့လေသည်။
လေထဲတွင်ကျယ်လောင်စွာပေါက်ကွဲသွားပြီး စုမင် သွေးတလုတ်ကြီးအန်ကာ သူလဲကျခဲ့သော စက်ဝန်းပြတ်ထံမလှည့်ခင် တယိမ်းထိုးလျှောက်သွား၏။ သူ ထိုတိုက်ခိုက်ခြင်းကို ကျရှုံးသွားခဲ့သည်။
စုမင်ကို ဒဏ်ရာရစေရန်လက်ချောင်းတစ်ချောင်းသာလိုသော တိထျန်းကိုယ်ပွား၏အင်အားက ကြီးမားလွန်းသော်လည်း ၎င်းအတွက် တစ်ခုခုပေးဆပ်ရမည်။ သေးငယ်သောဟက်တက်ကွဲဒဏ်ရာက တိထျန်းလက်ချောင်းပေါ်တွငိပေါ်လာသည်။
“မင်းက ငါ့ကိုယ်ပွားကိုဒဏ်ရာရအောင်လုပ်နိုင်ခဲ့လို့ ဒီနှစ်တွေအများကြီးမှာ တိုးတက်လာပုံရတယ်.. ဒါပေမဲ့...ငါစိတ်မပျက်ရအောင်လို့ မင်းကိုယ်တိုင်ရည်ရွယ်ထားတဲ့လမ်းကို လျှောက်ဖို့လည်းလိုသေးတယ်”
တိထျန်းစကားပြောပြီးသည်နှင့် ကျွန်းနှင့်နီးကပ်လာသည်။ သို့သော်လည်း စုမင် မြေပြင်ပေါ်သို့ကျသည်နှင့် သူ့နှုတ်ခမ်းထောင့်စွန်းတွင် ထူးဆန်းသော၊ စိတ်မပါသောအပြုံးတစ်ချက်ပေါ်လာသည်။
စုမင် သူ့တိုက်ခိုက်မှုကိုစတင်ပြီးနောက် အကြောင်းပြချက်သုံးခုရှိသည်။ တစ်ခုမှာ သူ့ဆုံးဖြတ်ချက်နှင့် သူ့သဘောထားပြောင်းလဲမှူကြောင့်ဖြစ်သည်။ နောက်တစ်ခုမှာ သူ့ခန္ဓာကိုယ်က ဘယ်လောက်ကိုင်တွယ်ထိန်းသိမ်းနိုင်သလဲစစ်ဆေးရန်ဖြစ်သည်။ နောက်ဆုံးအကြောင်းပြချက်မှာ တိထျန်းကို ထိုကျွန်းပေါ်သို့မြားခေါ်ရန်ဖြစ်သည်။
ယခု သူ့ပြိုင်ဘက်သည် ထိုနေရာမှာရှိနေ၏။
“တိထျန်း” စုမင်အော်လိုက်သည်။ သူ့ညာလက်ကိုမြှောက်၍ တတိယမာန်နတ်ဘုရားလက်ထက်အထိကျန်ရှိခဲ့သော၊
ပထမမာန်နတ်ဘုရား အမွေအနှစ်တို့ကိုချန်ရစ်ထားခဲ့သော အထိန်းအမှတ်ကျောက်တိုင်ကိုလျင်မြန်စွာ ဖိလိုက်သည်။
စုမင်လက်ဖဝါး ပျက်ဆီးသွားချိန်တွင် အထိန်းမှတ်ကျောက်တ်ိုင်မှညည်းသံတစ်ခုပေါ်လာပြီး လောကအတွင်းပုံပေါ်ခဲ့သော ပထမနတ်ဘုရား၏ဖြစ်တည်ပိုင်ဆိုင်မှုက တိထျန်း၏အမူအရာကိုပထမဆုံးအကြိမ် ပြောင်းလဲစေခဲ့သည်။
“ဒါက လီရှန်ရှို့ရဲ့ဖြစ်တည်မှုပဲ”
......................