← Chapters

မွှေနှောက်ဖျက်ဆီးခြင်း

Vol. 43 Ch. 586

မွှေနှောက်ဖျက်ဆီးခြင်း

Vol. 43 Ch. 586

လီရှန်ရိူ့၏ဖြစ်တည်မှုက မူလအစတွင်မသန်မာသောကြောင့် အားကောင်းမှုကိုမပ်ိုင်ဆိုင်သင့်ပေ။ အမှန်တွင် အတော်လေးအားပျော့သည်။ အားလုံးပြီးနောက် မာန်တတိယဘုရားသခင်အထိသာ တည်ရှိခဲ့သောအမွေအနှစ်ဖြစ်သည်။ အများကြီးမကျန်ရစ်ခဲ့ပေ။

သို့သော်လည်း ထိုနှစ်များစွာအတွင်း လီရှန်ရိူ့၏တတ်စွမ်းမှုအောက်တွင် တုန်လှုပ်သွားစေရန် ထာဝရတရားကိုဆန့်ကျင်၍ ကြောက်ရွံ့စေသော စွမ်းအားကို မွေးမြူပေးလျှင် သူ့တည်ရှိမှု၏အကျိုးသက်ရောက်မှူက ကြောက်စရာကောင်းသောအဆင့်သ်ို့ရောက်ရှိသွားမည်ဖြစ်သည်။

ထိုအရာသည် တစ်စုံတစ်ဦး၏ကနဦးကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ခြင်းမဟုတ်ဘဲ တိထျန်း၏ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကို ဖြစ်စေမည်မဟုတ်ပေ။ ၎င်းအစား သူ့နုလုံးသားကို ထိခိုက်စေမည့်အရာဖြစ်ပြီး သူ့စိတ်ဝ်ိညာဥ်မှ ထွက်လာသည့် အင်အားကြီးသောဖိအားတစ်ခုဖြစ်သည်။

အင်းအားကြီးဖိအားက လီရှုန့်ရှို့၏အင်အားကြောင့် ပိုမိုသန်မာလာသည်။ သူတို့က မြှားတစ်ကြိမ်ထိမှန်ဖူး၍ဒဏ်ရာရသော ငှက်များကဲ့သို့ လေးသံနောက်တစ်ကြိမ်ကြုံရသည်နှင့် လဲပြိုကျမည်ဖြစ်သည်။ ချက်ချင်းပင် တ်ိထျန်းက ထိုပုံစံအတိုင်းပြုမူ၏။

ထိုအင်အားကြီးသောစွမ်းအားနှင့် အပြတ်သတ်ရှုံးခြင်းက သူ၏အဆုံးမသတ်နိုင်သော အိပ်မက်ဆိုးပင်ဖြစ်သည်။

လီရှန်ရှို့၏တည်ရှိမှုကို သတိထားမိသည်နှင့် တိထျန်း၏နှလုံးသားက တုန်လှုပ်လာပြီး သူ့အတွက်မြင်ရခဲသော မြင်ကွင်းဖြစ်သည်။ ထိုတုန်လှုပ်မှုသည် သူ့စိတ်နှင့်ခံစားချက်ကို ခဏတာကွက်လပ်ဖြစ်စေ၏။

ပြင်ဆင်မှုအားလုံးပြုလုပ်ပြီးနောက် ဗလာဖြစ်နေသောအချိန်တိုလေးက စုမင်အတွက် အခွင့်အရေးဖြစ်ပြီး တိထျန်းအတွက်လက်ဆောင်ပြင်ဆင်ရသောအကြောင်းရင်းလည်းဖြစ်သည်။

ကိုယ်ပွားက မှင်တက်မိနေသောအချိန်တွင် စုမင်က သူ့လက်မောင်းနှစ်ဖက်ဖြင့် မြေကြီးပေါ်ဖိလိုက်သည်။ အနီရောင်မြူခိုးက ကောင်းကင်သို့ပျံတက်သွားသည်ကိုလည်း တွေ့ရသည်။ အနီရောင်မြူခိုးက မြက်ခင်းပြင်မှယိုထွက်လာကာ လေထဲတွင်ပြည့်သွားပြီး စုမင်က အလံတိုင်ကိုဆွဲယူလိုက်ကာ မြေကြီးပေါ်တွင်စိုက်လိုက်သည်။

သူထိုသို့လုပ်လိုက်သောအခါ ပြန့်ကျဲနေသောမြူခိုးများ ချက်ချင်းအတူစုစည်းသွားပြီး ကြီးမားသောအရိပ်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ကျယ်လောင်သောဟိန်းသံနှင့်အတူ စုမင်ရှိရာဦးတည်သွားသည်။ ထိုအချိန်တွင် အနီရောင်မြက်ခင်းမှမြက်များအားလုံးလွင့်စဥ်သွားပြီး တိထျန်းကိုလွှမ်းခြုံသွား၏။

“ပေါက်ကွဲသွားပြီ”

စုမင်က ခပ်တိုးတိုးအော်လိုက်ပြီး မြက်ခင်းပြင်က တွေဝေနေသောတိထျန်းကိုဖုံးအုပ်သွားချိန် အလံတိုင်က ကျယ်လောင်စွာမြည်ပြီးပေါက်ကွဲသွားလေသည်။ ၎င်းမှအကျိုးသက်ရောက်မှုသည် ကိုယ်ပွားထံတိုက်ရိုက်ရောက်သွားသည်။

အနီရောင်မြက်ခင်းပြင် ပြိုလဲလုနီးပါးတွင် အနီရောင်မြူနှင်းများမှအရိပ်က တိထျန်း၏ခန္ဓာကိုယ်ကို ဆွဲယူသွားပြီး ချက်ခြင်းပင် သူ့ကိုဝါးမြိုတော့မည်သကဲ့သို့ ထူးဆန်းသောအကြည့်တစ်ချက်က တိထျန်းမျက်နှာပေါ်တွင်ပေါ်လာသည်။ အမှန်တွင် သူ့အားဖြစ်တည်စေခဲ့သော မာန်ပထမနတ်ဘုရား၏တည်ရှိမှုသည် ရုတ်တရတ်အံသြခြင်းမှ နိုးထလာတော့မည်ဖြစ်သည်။

အခက်အခဲများစွာကြုံပြီးနောက် ဖမ်းဆုပ်ထားခဲ့ရသောထိုအခွင့်အရေးကို စုမင်ဖြုန်းတီးပစ်ရန် နည်းလမ်းမရှိပေ။ သူသည် လက်နှစ်ဖက်လုံးဖြင့်စည်းတံဆိပ်ဖွဲ့စည်းလိုက်ပြီး ရှေ့သို့လျင်မြန်စွာညွှန်ပြလိုက်သည်။

“မယာယွီပြည်ထောင်ရဲ့ ပုံရိပ်ယောင်”

သူရှေ့ကို အမြန်ညွှန်ပြသောအခါ သူ၏ကနဦးစွမ်းရည်က ပျံ့နှံ့သွားပြီး မြက်ခင်းပေါ်ရှိ မဟာယွီ၏နန်းတော်များထဲမှတစ်ခုထံသို့ အပျက်အစီးများရောနှောသွားသည်။ အပျက်အစီးများက အားကောင်းသောအလင်းတစ်ခုကိုထုတ်ပေးကာ အလင်းများတောက်ပလာသောအခါ အလင်းသည် တိထျန်းကိုဖုံးလွှမ်းသွား၏။ ဗလာအကြည့်သည် တဖန်ပေါ်လာပြီး တိထျန်း၏လက္ခဏာများ ကွယ်ပျောက်နိုးထလာလေသည်။

ထိုသို့ဖြစ်ရခြင်းမှာ မဟာယွီ၏ပုံရိပ်ယောင်ထဲတွင် နစ်မြုပ်သွားသောကြောင့်ဖြစ်သည်။ ၎င်းသည် ထိုနိုင်ငံကိုသူ့မျက်စိနှင့်ကိုယ်တိုင်မြင်ပြီးနောက် သူ့ကိုယ်ပိုင်အတွေးမှ စုမင်ကိုပျိုးထောင်ခဲ့သော ယွီမင်းဆက်ဖြစ်ခဲ့သည်။ စစ်မှန်မှုအဆင့်သည် အတုမရှိပေ။

တိထျန်း နောက်တစ်ကြိမ်တွေဝေနေစဥ်

စုမင်သည် တိုးတိုးတိတ်တိတ်အော်လေသည်။ ချက်ချင်းပင် အနက်ရောင်အလင်းရုတ်တရတ်ပေါ်လာပြီး ထိုအနက်ရောင်အလင်းတန်းသည် စုမင်ပြင်ဆင်ထားသော အနက်ရောင်သေးငယ်သည့် လူဆန်ဆန်သတ္တဝါဖြစ်လေသည်။

ထိုသတ္တဝါက ဇာတ်မြစ်မသိဘဲ ရှုပ်ထွေးသော နောက်ခံအကြောင်းအရင်းရှိသည်။ ၎င်း၏အင်အားကို အဖြေမထုတ်နိုင်သော်လည်း ပေါ်လာသည့်အချိန်တွင် တိထျန်းခန္ဓာကိုယ်ထဲချက်ချင်းဝင်လာ၏။

စုမင် သူ့ခန္ဓာကိုယ်ကို လေထဲသို့ အရှိန်တင်လိုက်သည်။ သူပျံသန်းသည့် တစ်ချိန်တည်းမှာပင် ဓားရှည်တစ်ချောင်းကသူ့ထံတိုးဝင်လာကာ ၎င်းကို စုမင် ကိုင်လ်ိုက်သည်နှင့် သူသည် တိထျန်းကိုယ်ပေါ်သို့လျင်မြန်စွာလွှမ်းခြုံလာလေသည်။

သူ့လက်ထဲရှိဓားမှ လူသတ်မည့်အရိပ်အယောင်များ ကောင်းကင်သို့တက်လာပြီး ဓား၏အရောင်အဝါနှင့်ရောသွား၏။ လေထဲသို့ပျံ့နှံ့လာသောအခါ တိထျန်းခန္ဓာကိုယ်ပေါ်ရှိ ကျာပွတ်ကဲ့သို့ ဓားကိုရိုက်ချိုးသော်လည်း တချိန်တည်းမှာပင် ဓား၏တိုက်ခိုက်ခြင်းသည်သူ့ထံရောက်လာပြီး အေးစက်သောအကြည့်တို့သည် တိထျန်း၏တွေဝေနေသောမျက်လုံးများထဲတွင်ပေါ်လာပြီး ကြင်လင်ပြတ်သားမှုသည်ပေါ်လာသည်။

“မဟာယွီရဲ့ပုံရိပ်ယောင်....လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကြီးမြတ်တဲ့ယွီမင်းဆက်ကိုဖြတ်ဆီးဖို့ ငါကိုယ်တိုင်တိုက်ပွဲတွေမှာပါဝင်ခဲ့ပြီး အဲ့ဒီကနေ မင်းကိုပါအဝေးရောက်စေခဲ့တယ်.. ဒီပုံရိပ်ယောင်က အရမ်းအားနည်းလွန်းတယ်”

တိထျန်း တည်ငြိမ်စွာစကားပြောပြီး သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုဖွဲ့စည်းပြီး လာနေသောဓား၏ရောင်ဝါဆီသို့ တွန်းလိုက်လေသည်။

“ငါက ကောင်းကင်ဘုံပဲ၊ သက်ရှိအားလုံးကောင်းကင်အောက်မှာ တည်ရှိနေကြတယ်၊ ငါရဲ့စည်းမျဥ်းအောက်မှာ သက်ရှိအားလုံးကို မတူညီတဲ့စိတ်ဝိညာဥ်တွေပေးထားတယ်။ ငါသာဆန္ဒရှိရင် ကောင်းကင်ဘုံရဲ့ ပိတ်ပင်ခြင်းခံထားရတဲ့ ဝိညာဥ်တွေကို ပြန်သိမ်းနိုင်တယ်”

ထိုအချိန်တွင် တိထျန်း၏နှုတ်ခမ်းမှ ခံစားချက်အရိပ်အမြွက်ကိုပင်မဖော်ပြနိုင်သော အေးစက်သည့်စကားလုံးများထွက်ကျလာပြီး ညာလက်ဖြင့်ဓားကိုညွှန်ပြလေသည်။

သူ့လက်ချောင်းက ဓားကိုထိချိန်တွင် စုမင်သည် သူ့လက်ထဲရှိသေးငယ်သောဓားရှည်မှလာသော နာနာကျင်ကျင်စူးစူးဝါးဝါးအသံက်ိုကြားလိုက်ရသည်။ ဓားသည် ၎င်းအတွင်းမှဝိညာဥ်လျင်မြန်စွာပျောက်ကွယ်သွားသကဲ့သို့ တခဏအတွင်းမှေးမှိန်သွားသည်။

လက်ချောင်းတစ်ချောင်းက ဓား၏ရောင်ဝါကို ပစ်ပြီးစုမင်ရှိရာဦးတည်သွားလေသည်။

အကျပ်အတည်းရောက်နေသည့်အချိန်တွင် သူ့လက်ထဲရှိဓားကိုလျင်မြန်စွာမ၍ ဘယ်လက်ညိုးကို ကိုက်လိုက်သည်။ တိထျန်း၏လက်ချောင်းက်ိုဆန့်ကျင်၍ စတင်တိုက်ခိုက်သည့်အချိန်တွင် သူ့လက်ချောင်းကို တအားလွှဲယမ်းလိုက်၏။

ထိုသွေးမျဥ်းကို ဆွဲလိုက်သည့်အချိန်တွင် တိထျန်း၏လက်သည် ဓားကိုထိပြီးသားဖြစ်သွားသည်။ ရှင်းလင်းသောအသံကိုလေထုထဲမှ ကြားနေရ၍ ကြီးမားသောအက်ကြောင်းသည်လည်းဓားပေါ်တွင် ပေါ်လာသည်။ ၎င်းမှထူးဆန်းသောအင်အားထွက်လာပြီး လူတစ်ယောက်၏ခန္ဓာကိုယ်မှဝိညာဥ်ကို ခွဲခြားနိုင်သည့် အင်အားနှင့်အတူ ထိုစွမ်းအားသည်စုမင်ရှိရာ ဦးတည်သွားသည်။

တုန့်ဆိုင်းခြင်းမရှိဘဲ စုမင်က ဓားကိုလွှဲယမ်းလိုက်ပြီး ချွန်ထက်သောဓားက လေထဲမှတဆင့် ပဲ့တင်ထပ်လာလေသည်။ ဓားမှအသံလှိုင်းများက တိထျန်းရှိရာဦးတည်သွားလေသည်။

ဓားက တစ်လက်မချင်းစီ အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီး စုမင်လက်ထဲတွင် ကျိုးသွားသော်လည်း ဓားအပိုင်းအစအားလုံးက တိထျန်းထံဦးတည်သွားကာ သူ့လက်ချောင်းထဲတွင် ကျိုးကြေသွားလေသည်။

ကျယ်လောင်စူးရှသောပေါက်ကွဲသံများ လေထဲတွင် ပဲ့တင်ထပ်သွားသည်။ စုမင်သည် သွေးချောင်းဆိုး၍ ခန္ဓာကိုယ်သည် နောက်သို့လဲကျသွား၏။ တိထျန်း၏မျက်နှာသည် အေးစက်ပြီးမည်းမှောင်လာသည်။

“မင်းမှာ လှည့်ကွက်အနည်းငယ်ရှိပေမဲ့ အခုကျန်ရောကျန်သေးရဲ့လား”

တိထျန်းကအေးစက်စွာပြော၍ ဖျော့တော့နေသော စုမင်ထံသို့ခြေတစ်လှမ်းလှမ်းလိုက်သော်လည်း ဒုတိယခြေလှမ်းလှမ်းချိန်တွငိ စုမင်၏ခန္ဓာကိုယ်သည် ရုတ်တရတ်တုံ့ဆိုင်းကာ မျက်လုံးထဲတွင် အလင်းတန်းတစ်ခုပေါ်လာသည်။

တိထျန်းက မျက်မှောင်ကြုံ့ထား၏။ ထို့နောက် ကောင်းကင်ရှိတိမ်များမှ ဟိန်းဟောက်သံတစ်ချက်ထွက်လာသည်။ ၎င်းသည် ကြက်သွေးရောင်နဂါး၏ ဟိန်းသံဖြစ်သည်။ ထိုအချိန်တွင် ကောင်းကင်ရှိ ပေနှစ်သောင်းရှိသော တိမ်တိုက်များမှ ကြက်သွေးရောင်နဂါးက တိထျန်းကိုစိုက်ကြည့်နေသည်။ သူ့က်ိုမသိသော်လည်း သူ့အရင်ပိုင်ရှင်ကိုသတ်ခဲ့သောသူ၏တည်ရှိမှုကိုသတ်ိပြုမိလေသည်။

ဟိန်းဟောက်ရင်း ကြက်သွေးရောင် နဂါးက တိထျန်းရှိရာ ဦးတည်သွားသော်လည်း တည်ငြိမ်သော မျက်နှာဖြင့် ညာလက်ကို မြှောက်ကာ ရှေ့သို့ လှည့်လိုက်သည်။

“ဟုန်လော့ ရဲ့ အရှေ့ပိုင်းရောင်ဝါ မြင့်မြတ်သောစွမ်းရည် ..မြေကြီးကနေ ဖန်ဆင်းထားတဲ့ နဂါး၏ဝိညာဉ်ပဲ.. လောကကြီးထဲမှာ ငါကလွဲရင် ဒုတိယအုပ်ဆိုးသူ ရှိလာမှာမဟုတ်ဘူး”

သူ တည်ငြိမ်စွာ စကားပြောသော်လည်း သူ့စကားများ ထွက်ပေါ်လာချိန်တွင် တုန်လှုပ်ခြောက်ခြားကာ သူ့ခန္ဓာကိုယ်မှတဆင့်ဖြတ်ပြေးသွားပြီး မယုံကြည်နိုင်သော အကြည့်များ ပေါ်လာသည်။

ကြက်သွေးရောင်နဂါးက ဟိန်းဟောက်သံတိုးတ်ိုးကိုထုတ်လွှတ်လိုက်ပြီး အခွင့်အရေးကိုဆုပ်ကိုင်ကာ ပါးစပ်ကိုကျယ်ကျယ်ဖွင့်၍ တိထျန်းကိုဝိုင်းထားလိုက်သည်။ ဟိန်းဟောက်သံနှင့် ၎င်း၏ကိုယ်ခန္ဓာသည် မြေပြင်သို့ ပျံ့လွင့်သွားသည်။ စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူသည် တိထျန်း ဖြစ်ပျက်ခဲ့သမျှကို အတိအကျသိသောကြောင့် ထိုအခိုက်အတန့်မရောက်ခင် သေးငယ်သော

လူမည်းလေးများရှိနေခြင်း၏အရိပ်အမြွက်ကို သူခံစားမိသည်။ ထိုအခွင့်အရေးကို မဖြုန်းတီးနိုင်သောကြောင့် ဒီလူမည်းလေးတွေက ဘယ်လိုလုပ်ဆောင်ခဲ့သည်ကိုစဉ်းစားရန် သူ့တွင် အချိန်မရှိပေ။

အထဲတွင် စုမင်က သူ့ညာဖက်လက်ကို မြှောက်လိုက်သည်။ သူ၏ညာဘက်လက်ညိုးကို မြှောက်လိုက်ပြီး တိထျန်းက်ိုလွှမ်းခြုံလိုက်ချိန်တွင် သူ့လက်ချောင်းက ကိုယ်ပွား၏ မျက်ခုံးအလယ်ဗဟိုကို ထိသွားလေသည်။ သို့သော် သူ့လက်ချောင်းနှင့် ထိလိုက်သောအခါတွင် ပြင်းထန်သော တုံ့ပြန်မှုတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ တည့်တည့်တိုးဝင်သွားသည်။ စုမင် ၏ နှုတ်ခမ်းထောင့်မှသွေးများ စီးကျလာပြီး သူ့ခန္ဓာကိုယ်သည် နောက်သို့ ပြုတ်ကျသွား၏။

ကြက်သွေးရောင်နဂါးသည် တူညီသောဖြစ်ရပ်များကို ဖြတ်သန်းခဲ့သည်။ စွမ်းအားများ ပြိုကျပျက်စီးပြီး နောက်သို့ ပျံတက်သွားသည်နှင့် နဂါးရောင်ဝါ

သွေးကြောမှ ထွက်လာသော စွမ်းအားလှိုင်းများသည် တိထျန်း ခန္ဓာကိုယ်၏ဆံပင်တစ်ချောင်းကိုပင် ထိခိုက်အောင်မလုပ်နိုင်ပေ။ ၎င်းအစားကြက်သွေးရောင်နဂါးသည် ပြင်းထန်သောအခြေအနေကို ခံစားခဲ့ရသော်လည်း ၎င်းသည် သူ့အား ပြန်လည်အားသွင်းကာ နောက်တစ်ကြိမ် ပြင်းထန်စွာ လွင့်စဥ်သွားလေသည်။ အကြိမ်အနည်းငယ်ကြာပြီးနောက် ၎င်း၏ခန္ဓာကိုယ်သည် အလွန်ကျုံ့သွားပြီးညှိုးနွမ်းသွားသည့် လက္ခဏာများပင် ပြသခဲ့သည်။

တိထျန်း၏ မျက်နှာက မိုးတိမ်များကဲ့သို့ မည်းမှောင်လာသည်။ စုမင်နှင့် ကြက်သွေးရောင်နဂါးတို့ကို တိုက်ခိုက်ရန် ခွင့်ပြုခဲ့ပြီး ၎င်းတို့ကို အနှောက်အယှက်ဖြစ်စေသည်။ ထိုအစား ညာလက်ကို မြှောက်ပြီး ရင်ဘတ်ကို ရိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ နာကျင်စွာ

စူးစူးဝါးဝါးအော်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူ့နောက်ကျောမှ လူမည်းလေးတစ်ကောင်ကို စတင်တွန်းထုတ်လိုက်ရာ နှင်ချခံရသကဲ့သို့ ၎င်း၏ ခန္ဓာကိုယ် တစ်စစီပြိုကျသွား၏။

“ခေါင်းကိုးလုံးနဂါး”

စုမင်က အော်လိုက်ပြီး ချက်ချင်းပင်ကောင်းကင်ရှိ တိမ်တိုက်များမှအဆုံးမဲ့ ခေါင်းလောင်းသံ ထွက်ပေါ်လာတယ်။ နောက်ထပ် မြည်သံတစ်ခု မြည်လာသောအခါ ကောင်းကင်တွင် တိမ်တိုက်များ လေထဲတွင် တလိမ့်လိမ့်ကျလာသောကြောင့် ပေထောင်ပေါင်းများစွာ အရွယ်အစားရှိသော ခေါင်းလောင်းကြီးသည် လျင်မြန်စွာကျဆင်းလာပြီး တိထျန်းကို လွှမ်းမိုးသွားသည်။

တစ်ချိန်တည်းမှာပင် နဂါးခေါင်းကိုးလုံး၏ ပုံရိပ်ယောင်သည် ကောင်းကင်တွင် ထင်ရှားလာသည်။ နိုးထလာသော ဦးခေါင်းများသည် ဟိန်းဟောက်ပြီး ဟန်တောင်တန်းခေါင်းလောင်းရှိ မရေမတွက်နိုင်သောအငြိုးကြီးသည့်ဝိညာဥ်များကို ဒေါသနှင့်ဆဲရေးတိုင်းထွာကြ၏။ ဒေါသကြီးသော ဝိညာဉ်များသည် ကောင်းကင်နှင့် မြေကြီးတွင်အပြည့်ဖြစ်ပြီး ဟန်တောင်တန်း ခေါင်းလောင်းကို ဝိုင်းရံထားကာ ခေါင်းလောင်းကိုပင် ပစ်လွှတ်၍ တိထျန်းရှိရာဦးတည်သွားလေသည်။

ထိုအချိန်တွင် တိထျန်းက သူ့ခေါင်းကို မော့ပြီး အော်သံပေးလိုက်သည်။ချက်ချင်းပင် အနက်ရောင်လူသားလေးသည် ပြိုပျက်သွားပြီး သူ့ခန္ဓာကိုယ်မှ လုံးလုံးလျားလျား ဖယ်ထုတ်ခံခဲ့ရသည်။ သို့သောလည်းထိုအချိန်တွင် တိထျန်း ကိုယ်တိုင်ပင် သတိမထားမိဘဲ နီရဲနေသည့် အလင်းတန်းတစ်ခု သူ့ဆီသို့ တည့်တည့်တိုးဝင်လာသည်။

အနီရောင်အလင်းတန်းသည် မြန်ဆန်လွန်းပြီး တိထျန်းမှ သုံးပေအောက် အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။ ကိုယ်ပွားက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး တိထျန်း၏ လွှဲအားကို တွန်းလှန်ရန် သူ့ခန္ဓာကိုယ်ကို စတင်မသုံးမီ အနီရောင် အလင်းတန်းများက အနည်းငယ်ပုံပျက်သွားလေသည်။

သို့သော်… ပေါက်ကွဲသံနှင့်အတူ ထိုအနီရောင် အလင်းတန်းများ ပြိုပျက်သွားပြီး သွေးထွက်သံယို ဖြစ်သွားသည်။ ၎င်းသည် သေးငယ်သောမြွေဖြစ်သည်။

ခန္ဓာကိုယ် ပျက်စီးသွားသော်လည်း ဦးခေါင်းမှာ ကျန်နေသေးသည်။ တိထျန်း၏လက်ကို ကိုက်လိုက်ရာ သူ့ဘယ်လက်သည်ချက်ချင်းမည်းသွား၏။

တိထျန်း၏ မျက်နှာသည် ဒေါသနှင့် ပြည့်နေသည်။ သူသည် ယခုလို သနားစရာကောင်းသည့် အခြေအနေမျိုး တစ်ခါမှ မရောက်ဖူးဘဲ၊ သူ၏ ကနဦးအဆင့်သည် စုမင်၏ ကြီးမားသော ပမာဏထက်ကျော်လွန်သွားသောကြောင့် အကြီးအကျယ်အရှက်ရသွားသည်။ သို့သော် သူ့၏လှုပ်ရှားမှုများစွာကြောင့် တိထျန်းဒဏ်ရာရသွားခဲ့သည်။

“ယောကျ်ားတွေရဲ့ တော်လှန်ရေးကိုကောင်းကင်နဲ့ အစားထိုးလို့ရတယ်.. ဘာကိုပြောချင်တာလဲဆိုတော့ ကောင်းကင်ဘုံက လူတွေကို သိမ်းပိုက်ဖို့ပါပဲ”

တိထျန်း၏ အသံက လေထဲမှာပဲ့တင်ထပ်နေပြီး သူ့အတွင်းက စွမ်းအားများ ထွက်လာသည်။ ထိုအရာသည် သူ့ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်ခဲ့သော မြွေငယ်လေးကို ကွဲကြေစေခဲ့သည်။ ခေါင်းက်ိုးလုံးနဂါးမှ နိုးထလာသောခေါင်းများသည် မြွေငယ်ကိုသေစေရန်နှင့် တိထျန်းကိုဝါးမြိုရန် ပါးစပ်ကိုဟပြီးဟန်တောင်တန်းခေါင်းလောင်းဆီသို့ ပြေးဝင်သွားသည်။

ကျယ်လောင်ပြင်းထန်သော ပေါက်ကွဲသံကြီးက လောကထဲတွင် အချိန်အတော်ကြာအထိပဲ့တင်ထပ်ကာ ပျောက်ကွယ်မသွားပေ။ ၎င်းအစား ထိုအသံက ပို၍ ကျယ်လာသည်။ ပထမဆုံးအကြိမ် ဟန်တောင်တန်း ခေါင်းလောင်းတွင် အပျက်အစီးအများအပြားပေါ်လာပြီး ကွဲအက်သွားခဲ့သည်။ ၎င်း၏ကျိုးပဲ့သောအပိုင်းအစများကို တစ်ဖန်ပြန်လည်စုစည်းနိုင်သော်လည်း ၎င်းတို့က တစ်ချိန်ကပိုင်ဆိုင်ခဲ့သော လက္ခဏာများတွင် မပါဝင်တော့ကြောင်း ထင်ရှားသည်။

ခေါင်းကိုးလုံးနဂါးက နာကျင်စွာ အော်ဟစ်ငိုကြွေးကာနေရာတိုင်းသို့ လွင့်ထွက်နေသော မြူမှုန်အမျှင်များအဖြစ် ပြောင်းလဲသွားလေသည်။

........................

All Chapters