← Chapters

နဝမမြောက်လက်ဆောင်

Vol. 43 Ch. 587

နဝမမြောက်လက်ဆောင်

Vol. 43 Ch. 587

ဟန်တောင်တန်းခေါင်းလောင်းကို ပျောက်ကွယ်သွားသည်။ ခေါင်းကိုးလုံးနဂါးသည်လည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွား၏။

ဖယောင်းနဂါးငယ်က ၎င်း၏ဦးခေါင်းသာ ကျန်ရှိပြီး အသက်စွမ်းအားများစွာ မကျန်တော့ပေ။ ထိုအချိန်တွင် အဝေးကို ဖယ်လိုက်သည်။

တိထျန်း၏ မျက်နှာပေါ်တွင် ဒေါသများ ပေါ်လာသည်။ ထိုသ်ို့ဖယိုဖရဲဖြစ်သည့် အခြေနေမျိုးသည် စိတ်အနှောက်အယှက်ဖြစ်ရသော သူ့အပေါ် မယုံနိုင်လောက်အောင် ရှားရှားပါးပါး တွေ့ရသည့်အရာဖြစ်သည်။

“မင်းက ကြီးမားတဲ့အရှေ့မြေရိုင်း နယ် မြေကို တုပနေတာပဲ၊ မင်းငါ့ကို ကြီးစားပြီး တံဆိပ်ခတ်ရဲလို့လား”

တိထျန်း ၏ဆံပင်မှာ ရှုပ်ပွနေသည်။ သူ၏ ဘယ်ဘက်လက်က မူလက အနက်ရောင်ဖြစ်သော်လည်း ၎င်း၏ အသားအရေအရောင်ကို အမှန်တကယ် လျင်မြန်စွာ ပြန်လည်ရရှိခဲ့သည်။ အနက်ရောင်အရည်များက မြွေငယ်၏ ဒဏ်ရာနှစ်ခုမှ ကျဆင်းလာကာ မကြာမီမှာပင် လုံးလုံး သက်သာလာပေလိမ့်မည်။

ထိုအချိန်တွင် တိထျန်းက ကြီးမားသော ခြေလှမ်းတစ်ခုကို လှမ်းခဲ့ပြီး သူယုံကြည်သည့်အရာကို အဆုံးသတ်ရန် စုမင်၏ မျက်လုံးများတွင် အေးစက်နေသော အလင်းတန်းတစ်ခု ပေါ်လာသည်။ ချက်ချင်းပင် ကောင်းကင်မှ တိမ်တိုက်များပြန့်ကျဲပြီး တုန်လှုပ်ခြောက်ခြားစရာကောင်းသော မိုးခြိမ်းသံက အပြင်သို့ထွက်လာသည်။

ထိုအသံထွက်ပေါ်လာသည်နှင့် အလွန်ကြီးမားသောလျှပ်စီးကြောင်းကြီးတစ်ခုသည် မယုံနိုင်စရာအရှိန်နှင့် ကျယ်လောင်သော အသံများနှင့်အတူ တိထျန်းပေါ်တွင် ဝုန်းခနဲပြုတ်ကျသွားလေသည်။

စုမင်၏ မျက်ခုံးမှာတွန့်သွားပြီး ချက်ချင်းပင်ပျောက်ကွယ်သွားသည်။ အလွန်ကျယ်လောင်သော မိုးကြိုးလက်ခုပ်သံသည် လေထဲမှမြင့်တက်လာကာ တိထျန်းရပ်နေသောနေရာက လုံးဝပျက်စီးသွား၏။

စုမင်က လေထုကိုညာလက်ဖြင့်ဆုပ်က်ိုင်လိုက်သော်လည်း ထိုအချိန်တွင် ကြီးမားသောအန္တာရယ်အငွေ့အသက်က လျင်မြန်စွာမြင့်တက်လာသည်။ ခဏလေးပင်တုန့်ဆိုင်းခြင်းမရှိဘဲ နတ်မင်းကြိုဆိုဆေးလုံးက သူ့လက်ထဲတွင်ပေါ်လာကာ မျိုချလိုက်လေသည်။

ထိုအချိန်တွင် တိထျန်းက သူ့နောက်နေရာမှထွက်သွားပြီး ညာလက်ကိုမြှောက်လိုက်သည်။ ကြံ့ကြံ့မခိုင်နိုင်သော သာလွန်သည့်အင်အားဖြင့် စုမင်၏ဦးခေါင်းထိပ်သို့ လက်ဖဝါးဖြင့်တွန်းလ်ိုက်၏။

ထိုတ်ိုက်ခိုက်မှုကြောင့် စုမင်ပတ်ဝန်းကျင်ရှိနေရာက တံဆိပ်ခတ်ခံလိုက်ရပြီး သေစေနိုင်သောပေါက်ကွဲမှုကို ရှောင်တိမ်းရန်လုံးဝမဖြစ်နိုင်ပေ။

တိုက်ခိုက်ခံရပြီး သူ့မှတ်ဥာဏ်အားလုံးကိုဆုံးရှုံးရလိမ့်မည်။ နောက်တစ်ကြိမ်ပြန်နိုးထလာသောအခါ သူကိုယ်တိုင်ဖြစ်နိုင်သော်လည်း သူမဟုတ်နိုင်တော့ပေ။

စုမင်၏ကံကြမ္မာက တံဆိပ်ခတ်ထားပုံထင်ရသည်။ သို့သော်လည်း လောကကြီးထဲတွင်သီးခြားမရှိဘဲ သေချာသည်ဟုထင်ရသောနေရာများအပါအဝင် မတော်တဆဖြစ်ရပ်တိုင်းက အခြေနေတိုင်းတွင်ဖြစ်ပွားနိုင်သည်။ ရုတ်တရတ်ရွှေရောင်အလင်းတန်းတစ်ခုက စုမင်ခန္ဓာကိုယ်အတွင်းပျံ့နှံ့သွားသည်။

ရွှေရောင်အလင်းတန်းက အလွှာငါးလွှာပါပြီး ဖြန့်ကျက်လိုက်သောအခါ ပထမလွှာမှာ တိထျန်း၏လက်ကိုထိ၍ကွဲကြေသွားသော်လည်း စုမင်နှင့်ပိုနီးသော စက်ဝန်းအတွင်းတွင် နောက်ထပ်အလွှာတစ်ခုပေါ်လာလေသည်။

အလင်းလွှာအကာကွယ်များ ကွဲအက်လာသည်နှင့်အမျှ ပို၍ပေါ်လာပြီး ၎င်းတို့က ဆက်၍ပျံ့နှံ့သွားသည်။ ထိုခဏလေးအတွင်းမှာပင် အလွှာများက အကြိမ်ပေါင်းထောင်သောင်းများစွာကွဲကြေသွားသော်လည်း ၎င်းတို့သည် ဘယ်သောအခါမှ ပြိုကွဲမသွားပေ။ ချိပ်တံဆိပ်က အမြဲတည်ရှိနေသည်။

အဆုံးမရှိသောစက်ဝန်းတွင် ပြန်လည်ပေါ်လာသော အလွှာငါးလွှာထာဝရတည်ရှိနေသည့် ထိုရွှေရောင်အလင်းဖန်သားပြင်သည် မာန်ဒုတိယနတ်ဘုရား၏ ဘယ်ဘက်လက်ကို ကိုင်ဆောင်ထားသည့် ဦးတည်ရာချိတ်တံဆိပ်ဖြစ်လေသည်။

ထိုတံဆိပ်သည် မာန်နတ်ဘုရား၏ဘယ်လက်ကိုထိန်းချုပ်ထားလျှင် တိထျန်း၏ကိုယ်ပွားသည် အချိန်တိုအတွင်း၎င်း၏စွမ်းအားကို ချိုးဖောက်ရန်မဖြစ်နိုင်ပေ။

အလင်းမျက်နှာပြင်အတွင်း စုမင်၏ချီစွမ်းအားက အဆက်မပြတ်မြင့်တက်လာသည်။ ထိုအချိန်တွင် နတ်မင်းကြိုဆိုဆေးလုံးကိုမျိုချပြီးနောက် သူ့ခန္ဓာကိုယ်မှပျံ့နှံ့လာသောချီက ဒုတိယမာန်နတ်ဘုရားနှင့်သက်ဆိုင်သည်။ တိထျန်းက ၎င်းနှင့် မယုံကြည်နိုင်လောက်အောင်ရင်းနှီးပြီး သူ့အမူအရာမှာပြောင်းလဲသွား၏။

သို့သော် သူ့အမူအရာပြောင်းသွားသည်နှင့်တပြိုင်နက် အပေါက်ကိုးပေါက်ပါသောဒယ်ဇောက်သဏ္ဍာန်က ကောင်းကင်ရှိတိမ်များမှနောက်တစ်ကြိမ်ပေါ်လာသည်။ ပြည့်နေသောအပေါက်လေးပေါက်အနက် သုံးပေါက်မှာ အလင်းရောင်တို့ဖြင့်ပြည့်နေသည်။ တစ်ကြိမ်ပေါ်လာသည်နှင့် အနီရောင်အလင်းတန်းက ကောင်းကင်မှအက်ကွဲပြိုကျအက်ကွဲလာပြီး တိထျန်းရှိရာဦးတည်သွားသည်။

“မင်းမှာ ဆန္ဒရဲ့လျှပ်စီးစွမ်းအားရှိလိမ့်မယ်လို့မျှော်လင့်မထားဘူး..ငါတွေးထားတဲ့အတိုင်းပဲ ကံကြမ္မာကမင်းကို အခွင့်အရေးပေးမှာမဟုတ်ဘူး... ဒါပေမဲ့ ဆန္ဒရဲ့လျှပ်စီးစွမ်းအားနဲ့ ဘုရားငါးဆူးချိပ်စည်း က မင်းရဲ့နောက်ဆုံးလှည့်ကွက်ဖြစ်လာလိမ့်မယ်”

“ငါမင်းရဲ့ ဘုရားငါးဆူးချိပ်စည်းက်ိုဖျက်စီးလိုက်တဲ့အခါ မင်းငါ့က်ိုဘယ်လိုတိုက်ခိုက်မလဲဆ်ို ငါတွေ့ချင်တယ်။ ဒါဆို မာန်ဒုတိယနတ်ဘုရားရဲ့ အမွေက...အင်း...”

သူ၏နတ်ဘုရားအာရုံဖြင့် ထိုဘုရားငါးဆူချိပ်စည်းက စုမင်၏ထိန်းချုပ်မှုအောက်တွင်မရှိကြောင်း တိထျန်းကတစ်ချက်ကြည့်ရုံဖြင့်ပြောပြန်ိုင်သည်။ ထိုအချိန်တွင် မာန်ဒုတိယနတ်ဘုရား၏ချီစွမ်းအားက စုမင်ခန္ဓာကိုယ်ထဲတွင် မြင့်တက်နေသောကြောင့် သူ့ကိုကာကွယ်ရန်ပေါ်လာခြင်းဖြစ်သည်။

သူသည် အကာကွယ်တစ်ခုဖြစ်သာရည်ညွှန်းထားသော်လည်း အမှန်တွင် စုမင်ကိုထိန်းချုပ်ထားခြင်းဖြစ်သည်။

အတွင်းမှလူအပြင်မထွက်န်ိုင်သကဲ့သို့ အပြင်ကလူမှာလည်းအထဲသို့ မဝင်န်ိုင်ပေ။

တိထျန်းအတွက် ဘုရားငါးဆူချိပ်စည်း ၏တည်ရှိမှုက စုမင်ကိုကာကွယ်နေပြီး အမှန်တွင် ၎င်းသည်ချိတ်တံဆိပ်တစ်ခုသာဖြစ်ကာ ဖွင့်ဖောက်ပြီးကြိုးစားရွေးချယ်ခဲ့သေးသည်။

သူ့စွမ်းအားဖြင့် အချိန်တိုအတွင်းတွင် ထိုကဲ့သို့မလုပ်န်ိုင်တော့ဘဲ သူ့ခေါင်းကိုမော့၍ ကောင်းကင်မှအလင်းတန်းကိုတစ်ချက်ကြည့်လိုက်သောအခါ အေးစက်သောလှောင်ပြုံးက သူ့နှုတ်ခမ်းတွင်ပေါ်လာသည်။ သူ့ညာလက်ကိုမြှောက်၍ အလင်းရှိရာညွှန်ပြလိုက်ပြီး ဘယ်လက်က်ိုမြောက်ကာ ဘုရားငါးဆူချိပ်စည်းပါသောအလင်းမျက်နှာပြင်သို့တွန်းလိုက်သည်။

ကျယ်လောင်သောအသံနှင့်အတူ အနီရောင်လျှပ်စီးက တိထျန်းကိုရိုက်ခတ်သွားသည်။ သူသည် ရှေ့သို့တွန်း၍ ထိုခဏတွင် ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးဖြင့်ပြည့်နှက်သွား၏။ ၎င်းသည်သူ့က်ို ဖြတ်ပြီး သူ့ဘယ်လက်ကိုဖြတ်၍ထွက်ခွာသွားလေရာ ဘုရားငါးဆူးချိပ်စည်းပေါ်သို့ပြိုကျလေသည်။

သိပ်မကြာခင်မှာပင် နောက်ထပ်လျှပ်စီးကြောင်းတစ်ခုပြိုကျလေသည်။ သူသည် တိုးတိတ်စွာအော်လိုက်ပြီး သူ့ဘယ်လက်ဖြင့်လက်သီးဆုပ်ထားသည်။ ထိုအချိန်တွင် လျှပ်စီးကြောင်းများက သူ့ခန္ဓာကိုယ်သို့လွင့်စင်လာကာ ဘုရားငါးဆူချိပ်စည်းကိုလက်သီးဖြင့်ထိုး၏။

အစပိုင်းတွင် လျှပ်စီးကြောင့် အက်ကွဲလာကာအဆက်မပြတ်ပြိုကျပြီး အစိတ်စိတ်ပြိုကွဲလာသောကြောင့် လက်သီးများကျရောက်လာသောအခါ ပျက်စီးနှုန်းကိုမထိန်းသိမ်းနိုင်သောလက္ခဏာများပြပြီး ၎င်း၏အရှိန်နှုန်းသည် ကိုယ်တိုင်ပြုပြင်လေသည်။ အပြင်တွင်ပေါ်နေသော အလင်းငါးလွှာလည်းမရှိတော့ပေ။ သုံးလွှာသာကျန်တော့သည်။

စုမင်သည် မရှောင်တိမ်းနိုင်ပေ။ သူသည် ဘုရားငါးဆူချိပ်စည်းထဲတွင် ရှိရမည်ဖြစ်သော်လည်း သူ့ပတ်ဝန်းကျင်ရှိဧရိယာမှာအေးခဲနေပြီး ရလဒ်အနေဖြင့် မခုခံန်ိုင်၊ မရုန်းကန်နိုင်ဖြစ်ပြီး ထိုသို့လုပ်ရန်အစီစဥ်မရှိပေ။ ထိုအစား တည်ငြိမ်သောမျက်လုံးများဖြင့် တိထျန်း၏လှုပ်ရှားမှုကိုစောင့်ကြည့်နေခဲ့သည်။

သူ့လည်ပင်းရှိအနက်ရောင်ကျောက်တုံးအပိုင်းအစများက တဖျတ်ဖျတ်တောက်ပနေသည်။ ထိုဘေးကင်းမှုအချိန်တိုအတွင်း စုမင်သည်သူ့အစီစဥ်ကိုပြောင်းလဲခဲ့၏။

ထိုအချိန်တွင် နောက်ဆုံးအလင်းတန်းမှာပြိုကျလာသည်။ တိထျန်းနှင့်ထိတွေ့လိုက်သည့်တပြိုင်နက် အလင်းတန်းတစ်ခုကကိုယ်ပွား၏မျက်လုံးထဲတွင်ပေါ်လာသည်။ အလင်းတန်း၏မျက်နှာပြင်ကိုတိတွေ့ရန် သူ့ဘယ်လက်ကိုမြောက်လိုက်ပြီးတိထျန်း ဒဏ်ရာမကျန်ခဲ့စဥ် သူ့ကိုယ်ပ်ိုင်ဆေးကိုအရသာခံစေရန် စုမင်ထံသို့မပို့ဆောင်မီ သူ၏ကနဦးဖွံ့ဖြိုးခြင်းအဆင့်ကို ဆန္ဒရဲ့လျှပ်စီးစွမ်းအားတွင်ပေါင်းထည့်ကာသူ့မျှော်လင့်ချက်အတိုင်း လုံးဝမဟုတ်သော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်။

အေးစက်သောသရော်ပြုံးတစ်ခုသည့် စုမင်နှုတ်ခမ်းထောင့်စွန်းတွင်ပေါ်လာပြီး မြင့်မြတ်သောလျှပ်စစ်စွမ်းအားက်ိုခံစားလိုသောအချိန်အတွင်း မှောင်မိုက်သောအလင်းတန်းကသူ့ခန္ဓာကိုယ်ကိုဝန်းရံထားပြီး သဲလွန်စတစ်ခုပင်မရှိဘဲပျောက်ကွယ်သွားသည်။

သူပျောက်ကွယ်သွားသည်နှင့် ဘုရားငါးဆူချိပ်စည်းပါကွယ်ပျောက်သွားပြီး ထိုကြောင့် တိထျန်းသည် လျှပ်စီးစွမ်းအား မှာ စွမ်းအားပေးပို့ရမည့်နေရာလည်းမရှိတော့ပေ။

တိထျန်း၏ မျက်ခုံးမှာစုကြုံ့သွားသည်။ လျှပ်စီးကြောင်းသည် သူ့ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်ပေါ်လာပြီး တိုက်ပွဲစစဥ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် သူ့ပါးစပ်မှ သွေးများ ထွက်ကျလာသည်။

လျှပ်စီးကြောင့် သူ့တစ်ကိုယ်လုံး ထုံကျင်လာပြီး ထိုခဏအတွင်းမှာပင် သူ၏ နကဦးဖွံ့ဖြိုးမှုအခြေခံသည် တစ်ခဏမျှ အေးခဲသွားသည်။ တခြားအချိန်တွင်လည်း ထိုအရာသည် အကြောင်းမဟုတ်ပေ။

သို့သော် တိထျန်း၏အကြံအစည် ကျရှုံးကာနီးတွင် စုမင်သည် လေထဲမှပြန်ပေါ်လာသည်။

သူသည်ကျောက်တုံးအပိုင်းအစထဲရှိ ထုထည်ထဲသို့ဝင်ရောက်ခဲ့ပြီး ထိုနေရာတွင်ရောက်နေချိန် နတ်ဘုရားကြိုဆိုဆေးကိုဖယ်ရှားခဲ့ပြီး ထိုအတွက်ကြောင့် သူပြန်ပေါ်လာသောအခါ ဘုရားငါးဆူချိပ်စည်းသည် သူ့ကိုမရပ်တန့်နိုင်တော့ပေ။ တချက်လှုပ်ရှားမှုနှင့်အတူ သူသည်တိထျန်းထံသို့ဦးတည်သွားလေသည်။

“တိထျန်း...ဒါမင်းအတွက် ငါပြင်ဆင်ထားတဲ့ နဝမမြောက်လက်ဆောင်ပဲ”

စုမင်မျက်နှာသည် အေးစက်နေသည်။ မျက်လုံးထဲတွင်သတ်ဖြတ်လိုသောအကြည့်များပေါ်နေပြီး တိထျန်း၏မျက်ခုံးတည့်တည့်သို့ အနက်ရောင်မျဥ်းများနှင့်အတူ ဘယ်လက်ကိုဖ်ိလိုက်လေသည်။

ကောင်းကင်ကိုတုန်လှုပ်စေသော ကျယ်လောင်သောအသံက လေထဲတွင်ပေါ်လာသည်။ တိထျန်းက ဒေါသဖြင့်အော်လိုက်သောအခါ စုမင်သွေးအန်နေသော်လည်း သူ့ဘယ်လက်ကိုမြောက်ကာ အနက်ရောင်ဆူးတင်းပုတ်ပုံသဏ္ဍန်ပေါ်လာသည်။

ထိုအရာမှာ မာန်နတ်ဘုရား၏ဆူးတင်းပုတ်ဖြစ်သည်။ ၎င်းသည် မာန်နတ်ဘုရား၏ဆူးတင်းပုတ်၊ စစ်မာရှင်းဆုပ်ကိုင်ထားသည့် တစ်ခုတည်းသောနတ်ဘုရားဖြစ်သည်။

စုမင်ကိုပြန်ပို့လိုက်သည်နှင့် သူပုံပျက်သွားပြီး သူ့ခန္ဓာကိုယ်မှဒဏ်ရာများကိုဂရုမစိုက်နိုင်ဘဲ မာန်နတ်ဘုရား၏ဆူးတင်းပုတ်က တိထျန်း၏ရင်ဘတ်ဆီသို့ တည့်တည့်တိုးဝင်သွားလေသည်။

..................

All Chapters