← Chapters

ခက်ခဲမှု

Vol. 43 Ch. 588

ခက်ခဲမှု

Vol. 43 Ch. 588

မာန်နတ်ဘုရား၏ဆူးတင်းပုတ်က လုံးဝအနက်ရောင်ဖြစ်သည်။ အေးစက်သောလေက ၎င်းကိုယ်မှပျံ့နှံ့လာပြီး ချမ်းစိမ့်သောရေတစ်ပေါက်သည်လည်း ၎င်းတွင်းမှထိုးထွက်လာသည်။ ခါးသီးမှုနှင့် ရူးသွပ်မှုလှိုင်းလုံးများသည် ကောင်းကင်မှတရှိန်ထိုးထွက်လာကြသည်။ မာန်ဒုတိယနတ်ဘုရားထံမှဆင်းသက်လာသောခါးသီးမှု၊ သေလိုသောဆန္ဒနှင့် ရူးသွပ်မှုများက နာကျင်မှုထံမှဆင်းသက်လာ၏။

ထိုဆူးတင်းပုတ်တွင် မာန်ဒုတိယနတ်ဘုရား၏ရူးသွပ်မှုနှင့်ခါးသီးမှု တို့ပါဝင်ပြီး ၎င်း၏အင်အားသည် အံ့သြစရာဖြစ်သည်။ ထိုအချိန်သည် စုမင်က လေထဲမှတစ်စုံတစ်ခုကိုသတိထားရင်း တိထျန်း၏ရင်ဘတ်ထဲသို့တင်းပုတ်ကို ရိုက်လိုက်သည်။

ဆူးတင်းပုတ်က တိထျန်းကိုယ်ပေါ်ရှိအင်ပါယာ၏ဝတ်ရုံကို ဖောက်ထွင်းဝင်ရောက်ပြီး သူ့အထဲသို့ သုံးလက်မခန့် ထိုးဖောက်ဝင်ရောက်ကာ သူ့အသွေးအသားထဲသို့ ဝင်ရောက်သွားသည် ။

ထိုအချိန်တွင် နာကြည်းမှုနှင့် ရူးသွပ်မှုတို့၏ မာန်နတ်ဘုရားက တိထျန်း၏ ခန္ဓာကိုယ်ထဲသို့ ပေါက်ကွဲသံနှင့်အတူဝင်ရောက်သွားပြီး အစိတ်စိတ်အမြွှာမြွာကွဲသွား စေသည်။ တစ်ချိန်တည်းမှာပင် သဲကွဲစွာမကြားရသော ညည်းတွားသံက လွတ်ထွက်သွားပြီး သူ့မျက်နှာမှာ ဖြူဖျော့သွားသည် ။

ထိုအရာကို သာမန်မျက်စိနှင့် မမြင်နိုင်သော်လည်း မြင့်မြတ်သော အာရုံဖြင့် စုမင်သည် တိထျန်း၏ ခန္ဓာကိုယ်ဘေးတွင် အရိပ်တစ်ခု ပေါ်လာသည်ကို အာရုံခံနိုင်သည်။ အသွင်အပြင်မှာ မထင်ရှားသေးသော်လည်း ထိုအချိန်တွင်၎င်းက ကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝိုင်းရံထားသည်။ တိထျန်းသည် သူ့ဝိညာဉ်ကို ဖမ်းဆုပ်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ဆောင့်ဆွဲလိုက်သကဲ့သို့ သူ့လက်မောင်းများဖြင့် တိထျန်းကို ရစ်ပတ်ထားသည်။

ထိုအရိပ်သည် မာန်ဒုတိယနတ်ဘုရား၏ခါးသီးမှုမှဖွဲ့စည်းထားခြင်းဖြစ်သည်။ သူ့တွင် ဘာဆန္ဒမှမရှိသော်လည်း မမေ့နိုင်အောင်စွဲနေသော တိထျန်းအပေါ်ထားသည့်အမုန်းမှာတော့ထင်ရှားသည်။ သူ့အား ဝန်းရံထားသောအခါ မြင့်မြတ်သောအာရုံသာကြားနိုင်သော ဟိန်းသံများထွက်လာ၏။

မာန်နတ်ဘုရား၏တင်းပုတ်က လျင်မြန်စွာပျော်ဝင်သွားပြီး တိထျန်းရင်ဘတ်ရှိဒဏ်ရာထဲသို့ စိမ့်ဝင်သွားကာ တိထျန်း၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများလျင်မြန်စွာ လင်းလက်လာလေသည်။

ထို့ကြောင့် စုမင်သည် တိထျန်း၏ရင်ဘက်တွင် တွဲလောင်းကျနေသော ကျောက်စိမ်းလည်ဆွဲကိုမြင်သည်။ ထိုကျောက်စိမ်းက ရွှေရောင်အလင်းတန်းများထုတ်ပေးနေသော အရာဖြစ်၏။ ၎င်းတို့ပျံ့နှံ့သွားကာ စုမင်က်ိုအပြင်းအထန်ပေါက်ကွဲစေန်ိုင်သော စွမ်းအားလှိုင်းများဖြစ်စေသည်။

ရွှေရောင်အလင်းတန်းအောက်တွင် အရည်ပျော်နေသော မာန်နတ်ဘုရားဆူးတင်းပုတ်သည် နောက်ပြန်ထိုးကျသွားကာထွက်သွားလေသည်။ ၎င်းသည်စုမင်ပေါ်သို့တောက်ပသွားသောအခါ စုမင်ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခုထွက်သွားသည်။

သူသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ သူ့လျှာဖျားကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ပြီး သူ့ကိုယ်သူ ချက်ချင်းသတိဝင်အောင်လုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက လေထုကိုဖမ်းဆုပ်လိုက်ပြီး ဆူး တင်းပုတ်က သူ့အလိုလို ပေါ်လာသည်။ သူသည် ၎င်းကို ဖမ်းဆုပ်ကာ မြှောက်လိုက်ပြီးနောက် တိထျန်းပေါ်သို့ တိုက်မိလေသည်။

ထိုအချိန်တွင် သူ့မျက်လုံးများသည် အနီရောင်များဖြင့်ပြည့်နေပြီး မယုံနိုင်လောက်အောင် သနားစရာကောင်းသည့်ပုံပေါက်နေသော်လည်း အရှုံးမပေးလိုသည့် ဆန္ဒဖြင့် အော်ဟစ်နေသည်။နားကိုထိုးဖောက်သွားသည့် စူးရှသောလေချွန်သံနှင့်အတူ ဆူးတင်းပုတ်ကို တိထျန်းထံ တည့်တည့်လွှတ်လိုက်သည် ။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ဆူးတင်းပုတ်က တိထျန်းကို ထိမှန်ခဲ့သော်လည်း သူဘယ်ဘက်လက်ကို မြှောက်လိုက်သောအခါ ကိုယ်ပွားကဖမ်းယူသွားသည်။

စုမင်က မတွန့်ဆုတ်ပေ။ တိထျန်းကချွန်တက်နေသည့်တင်းပုတ်ကို ဖမ်းကိုင်လိုက်သည့်အချိန်တွင် စုမင်၏ နှုတ်ခမ်းမှ တိုးလျသော အော်သံတစ်ခု ထွက်ပေါ်လာသည်။

“ပေါက်ကွဲပြီ”

စုမင်သည် ထိုကဲ့သို့ပြုလုပ်လိုက်ရခြင်းအတွက် သူနှလုံးသားထဲတွင် နာကျင်မှုကို ခံနိုင်ရည်ရှိပြီး ကျယ်လောင်သောပေါက်ကွဲမှုဖြစ်သညံ ချွန်တက်နေသောတင်းပုတ်ကိုထားခဲ့သည့် မြင့်မြတ်သောအာရုံက်ိုအသက်သွင်းပြီး ဖြစ်ပေါ်လာသောအကျိုးသက်ရောက်မှုသည် တိထျန်းထံသို့ဦးတည်သွားလေသည်။

ထိုအကျိုးသက်ရောက်မှုသည် ပြိုင်ဖက်ဆီသို့ဖယ်ရှားသွားသောကြောင့်

စုမင်သည် ရှေ့ကိုမတိုးနိုင်ပေ။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းရန်တွန်းအားပေးခြင်းခံလိုက်ရသည်။ သူထိုသ်ို့လုပ်လိုက်သောအခါ တိထျန်းလည်း ဖရိုဖရဲအခြေအနေသို့ ရောက်သွားသည်။

သူသည် ပေါက်ကွဲသံက်ိုအပြည့်အဝ ခံနိုင်ရည်ရှိသော်လည်း ရွှေရောင်အလင်းတန်းများ ဧရိယာတလျှောက် ပျံ့နှံ့သွားပြီး မည်သည့်အရာကမှသူ့အပေါ် တိုက်ရိုက်မတောက်ပခဲ့ပေ။ ထိုအချိန်တွင် သူသည် လေထဲတွင် မတ်တပ်ရပ်နေသော်လည်း သူ့ရင်ဘတ်တွင် နက်ရှိုင်းသော အပေါက်အပြဲများ ရှိနေပြီး သူ့မျက်နှာဖြူဖျော့သွားသည်ကို မြင်တွေ့နိုင်သည်။

“အဲ့ဒီအတွက် မင်းတောင်းဆိုနေတာလား”

တိထျန်းက အော်လိုက်သည်။ သူ့အပေါ်ကျရောက်နေသော ရွှေရောင်အလင်းတန်းများဖြင့် စုမင်ရှိရာသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ခြေဖဝါးခြေချမိသည်နှင့်တပြိုင်နက် စုမင်၏ နှလုံးသည် တဒိတ်ဒိတ်ခုန်ပြီး ပြိုလဲလုနီးပါး ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ကို ယဇ်ကောင်အနေဖြင့်မပူဇော်လျှင် ထိုခြေတစ်လှမ်းသည် သူ့နုလုံးသားကိုပေါက်ကွဲစေလိမ့်မည်။

ထိုအချိန်အထိပင် စုမင်က ဒယိမ်းဒယိုင်ဖြစ်နေသည်။ သူနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သောအခါ တိထျန်းသည် စုမင်ကိုဝ်ိုင်းပြီးသားဖြစ်၏။ ကိုယ်ပွားသည် မြင့်မြတ်သောစွမ်ရည်ကိုမကြည့်သော်လည်း ထိုအစား သူ့ညာလက်ကိုမြှောက်၍ စုမင်လည်ပင်းကိုဖမ်းဆုတ်လိုက်လေသည်။

ချက်ခြင်းပင် သူ့လက်များသည်လျင်မြန်စွာ သူ့ကိုဝိုင်းထားသည်။ သို့သော် သူ့လည်ပင်းကို ကိုင်ခါနီးချိန်တွင် စုမင်၏ညာဘက်လက်သည် လျင်မြန်စွာ တိုက်ခိုက်လေသည်။ ထိုပိတ်ဆို့မှုတစ်ခုကြောင့် တိထျန်းသည် စုမင်၏ညာလက်ကိုဆွဲယူပြီး ထိုလက်ထဲရှိအရိုးအားလုံးသည်ကြေမွသွား၏။ ထို့နောက် တိထျန်းက သူ့ကိုဆွဲယမ်း၍ ကျွန်းအောက်ခြေသို့ပစ်ချလိုက်လေသည်။

စုမင်၏ခန္ဓာကိုယ်သည် ကြယ်ပျံကဲ့သို့ ပစ်ချခြင်းခံလိုက်ရပြီး ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ကျွန်းသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ပြီး ၎င်း၏အစွန်းများ လုံးဝကွဲအက်သွားကာ ပင်လယ်ထဲသို့တိမ်မြုပ်သွားခဲ့သည်။

“မင်းကို ငါမသတ်ဘူးလို့ တကယ်တွေးနေတာလား”

တိထျန်းသည် သူ့ရင်ဘတ်သို့စိုက်ကြည့်သည်။ ချွန်ထက်သောနာကျင်မှုက ထိုနေရာတွင်ရှိပြီး သူ့ခေါင်းပေါ်ရှိသေဆုံးခြင်းအရိပ်ကို အမှန်ပင်စီမံနိုင်ခဲ့သည်။

အကယ်၍ သူ့ကိုယ်တိုင်မဆင်းသပ်မီ သူ့ခန္ဓာကိုယ်ကိုကာကွယ်ရန် ရတနာတစ်ခု သူ့ကိုယ်သူပေးမထားခဲ့ပါက မာန်နတ်ဘုရား၏ဆူးတင်းပုတ်ကြောင့် သူမသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရလိမ့်မည်။

စုမင်၏ ကနဦးကျင့်ကြံဆင့်က သူ့အားခြိမ်းခြောက်မှု မဖြစ်စေသော်လည်း သူလိုက်နာဆောင်ရွက်သော

တိုက်ခိုက်မှုများနှင့် သူယူဆောင်သောအရာသည် တိထျန်းကို ထိတ်လန့်စေခဲ့သည်။

စုမင်ခန္ဓာကိုယ်မြေကြီးပေါ်သို့ထိသည်နှင့် သူ့ဘယ်လက်ကိုမြှောက်ကာ မြေကြီးဆီသို့တွန်းလိုက်၏။ တုန်ခါသံများမြေကြီးပေါ်တွင်ပဲ့တင်ထပ်လာသောအခါ သူ့ပါးစပ်မှသွေးများစီးကျလာပြီး တိထျန်း၏ပစ်ချက်အားကို အခက်ခဲများဖြင့်ခုခံ၏။ သူ့လက်တစ်ခုလုံးက တွန့်လိမ်ကောက်ကွေးနေပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သောနာကျင်မှုကြောင့် သူ့နဖူးပေါ်မှချွေးစေးများစီးကျလာသည်။ တိထျန်း၏ပစ်ချက်အားကို ပျံ့နှံ့စေသောအခါ နောက်တစ်ကြိမ်သွေးတလုတ်ကြီးဆိုးပြန်၍ သူ့မျက်နှာသည် လူသေကဲ့သို့ပို၍ဖျော့တော့လာလေသည်။

သူတို့စွမ်းအားကြားရှိကြီးမားသောခြားနားချက်သည် တိထျန်း၏ကိုယ်ပွားကိုဆန့်ကျင်၍အနိုင်ယူရန် စုမင်အတွက်လုံဝမဖြစ်န်ိုင်ပေ။ သူနောက်ဆုတ်သွားသောအခါ တိထျန်းသည် နက်မှောင်သောအမူအရာဖြင့် နောက်တစ်ကြိမ် သူ့ကိုလွှမ်းခြုံလိုက်သည်။ သူ့မျက်လုံးတွေက အေးစက်ပြီး အကြင်နာကင်းမဲ့နေသည်။

သို့သော် စုမင်၏မျက်နှာတွင် စိတ်ပျက်ခြင်းမရှိခဲ့ပေ။ ထိုအစား သူ့တွင် ပိုမိုပြင်းထန်သောတိုက်ခိုက်လိုစိတ်ပေါ်လာပြီး သူ့မျက်လုံးများသည် ၎င်းတို့အတွင်း၌ မီးခိုးလုံးများနှိုးဆွသကဲ့သို့ ဖြစ်နေသည်။ တိထျန်းဝန်းရံထားသည့်အချိန်တွင် စုမင်က သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး ရှေ့သို့လွှဲယမ်းလိုက်၏။ ထိုရွေ့လျားမှုနှင့်အတူ သူ၏ညာလက်တစ်ဝိုက်ရှိအချိန်သည် ပြောင်းပြန်ဖြစ်ပြီး ရှုပ်ထွေးနေသောအခြေအနေမှသူ၏မူလအခြေအနေမှသို့ စတင်ပြောင်းလဲသွားသည်။

သူသည် သူ့ကိုယ်သူ မကုစားဘဲ အဆစ်လွဲနေသော၊ အရိုးကျိုးနေသော အစိတ်အပိုင်းများကို ရိုးရေစတေးခြင်းအစွမ်းဖြင့် သူတို့ပိုင်သောနေရာပြန်ရောက်ရန်တွန်းအားပေးရုံမျှသာဖြစ်သည်။ ထိုနာကျင်မှုမျိုးသည် သူဒဏ်ရာရသောနာကျင်မှုဝေဒနာထက် ပိုပြင်းထန်သည်။

“မင်း ငါ့ဘဝကို လိုချင်ရင် မင်းမပေးနိုင်တဲ့ တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်..”

ပြင်းထန်သောဝေဒနာကို သည်းခံရင်းစုမင် သည် သူ၏ညာဖက်လက်ကို ကောင်းကင်ပေါ်သို့ လွှဲယမ်းလိုက်သည်။

“မူလဘူတနေမင်းအတက်”

ထိုတစ်ချက်လွဲဲဖြင့်အတူ လေသည် ချက်ချင်းပင် ကောင်းကင်ရှိ တိမ်တိုက်များကြားတွင် စတင်တိုက်ခတ်လာသည်။ လေတဟူးဟူးတိုက်သောကြောင့် တိထျန်းဆီသို့ဦးတည်လာနေသော ကြီးမားသည့်လေပွေမဖြစ်မီ ဧရိယာတစ်ခုလုံးပြည့်သွားသည်။

“လကိုမြှုပ်နှံခြင်း”

စုမင်ဘယ်လက်က မြေပြင်ကို ဖမ်းဆုပ်လိုက်သည်နှင့် သူ့လက်ကို အပေါ်ကို ဆန့်ထုတ်လိုက်သည်။ ၎င်းနှင့်အတူ ဒုတိယလေပွေက ပတ်ပတ်လည်ရှိအရာများကိုဖယ်ရှားကာ ကျွန်းပတ်ပတ်လည်ရှိ ပင်လယ်ရေများကို

နောက်တွန်းပို့ကာ ပြင်းထန်သော လေပြင်းများက ရှေ့သို့ရောက်လာသည်။

မြေပြင်ကလေပွေနှင် ကောင်းကင်ရှိလေပွေကြားတွင် အလယ်ဗဟိုမှာ တိထျန်းဖြစ်သည်။ လေပွေနှစ်ခုသည် လေထဲတွင် မြည်ဟိန်းလာသောအခါ အချင်းချင်း အရှိန်ဖြင့်လျင်မြန်စွာ တိုက်မိသွားကြသည်။

သူတို့ ထိုသို့လုပ်လိုက်သည်နှင့်

တိထျန်းသည် အေးစက်သောအသံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

“ငါ့ရဲ့အမိန့်အရ တခြားဦးတည်ရာကိုမရွေ့လျားရဘူး.. မြေမှုန့်နဲ့ မြေကြီး၊ လေနဲ့တိမ်တိုက်အားလုံး၊ ဟင်းလင်းပြင်နဲ့ လေထုအားလုံး၊ ငါ့အမိန့်ကို နားထောင်ကြလော့”

တိထျန်းစကားပြောနေစဥ် သူ့ညာလက်ဖြင့် ချိတ်တံဆိပ်ဖွဲ့စည်းပြီး ရှေ့ကိုညွှန်ပြသည်။ ချက်ခြင်းပင် ကောင်းကင်မှကျယ်လောင်သောအသံထွက်လာသည်။

အသံက နားကွဲမတတ်ကျယ်လောင်ပြီး ထိုအသံက ကောင်းကင်ကြီးဟိန်းသံကဲ့သို့ လောကရှိသက်ရှိအားလုံး ဟစ်ကြွေးသကဲ့သို့ ကြားရကာ ထိုအသံအတွင်း “လူစုခွဲ”ဟူသောအသံသာကြားရသည်။

ထိုစကားသည် ကောင်းကင်ဘုံတစ်ခုလုံး၏ အလိုဆန္ဒနှင့်တူပြီး သူ့အလိုကို မည်သူမှမေးခွန်းထုတ်ခွင့်မရှိသောဧကရာဇ်မင်း၏ အမိန့်နှင့်လည်းတူသည်။ တစ်ချိန်တည်းမှာပင် လောကရှိသက်ရှိအားလုံးအော်ဟစ်သံနှင့်တူပြီး ထိုအသံထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကောင်းကင်နှင့် မြေကြီးမှလေပွေများ အချင်းချင်း တိုက်ခတ်သွားသော်လည်း ၎င်းတို့ပွတ်တိုက်ခြင်းမှ မည်သည့်အသံမှ မထွက်ပေါ်လာမီ လေပြင်းနှစ်ခုက ဗလာနတ္ထဖြစ်သွားပြီး စုမင်၏မျက်လုံးရှေ့မှာပင်ပျောက်ကွယ်သွားလေသည်။

စုမင်ရပ်နေသောကျွန်းလည်း ကွယ်ပျောက်သွားပြီး ဗလာအဖြစ်ပြောင်းလဲသွား၏။ ထိုအချိန်တွင် ကောင်းကင်တစ်ခုလုံးလည်းပျောက်ကွယ်သွားလေသည်။

စုမင်သည် တတိယမြောက်လေခွဲခြားခြင်းကို လုပ်ဆောင်ရန်အခွင့်အရေးမရှိခဲ့ပေ။ ပထမပုံစံနှစ်ခုသည် ကျိုးပဲ့ပြီးသေဆုံးခြင်းသို့ပြောင်းလဲသွားသောအခါ တိထျန်းသည် ထိုဗလာမှဝန်းရံထားပြီး စုမင်၏ခေါင်းထိပ်သို့လက်ဖြင့်ဖိထား၏။

တင်းမာအက်ကွဲနေသောအသံသည် လုံးဝမရှိသောလောကတွင်ပဲ့တင်ထပ်နေသည်။

“ပြောင်းလဲမှုသမျှအားလုံး အခုဖျောက်ဖျက်ပစ်ရမယ်”

စုမင်သည် ခုခံရန်အခွင့်အရေးမရခဲ့ပေ။ သူ့ခန္ဓာကိုယ်သည် လေထဲတွင်အေးခဲပုံရပြီး မြင့်မြတ်သောစွမ်းရည်ကို ပ်ိုပိုင်ဆိုင်လျှင်ပင် ခုခံနိုင်မည်မဟုတ်ပေ။ လက်သည် သူ့ဦးခေါင်းထိပ်ကို ဖိထားပြီးသားဖြစ်၏။

“မင်းရဲ့လမ်းကြောင်းမှာရှိတဲ့ အမှားအားလုံးကို ပြုပြင်ပေးလိမ့်မယ်”

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ များပြားသောစွမ်းအားများရောက်ရှိလာပြီး အရာအားလုံးကိုရှင်းလင်းရန်၊ ပရမ်းပတာဟုခေါ်ဆ်ိုသော အမိန့်အားလုံးက်ိုယူသွားရန်ဖြစ်သည်။

“ဒီဘဝမှာရှိတဲ့မင်းရဲ့မှတ်ဉာဏ်အားလုံး ပျောက်ကွယ်သွားလိမ့်မယ်”

ထိုစွမ်းအားသည် အရာအားလုံးကို ပရမ်းပတာဖြစ်ရန် တွန်းပို့နေသကဲ့သို့ မှတ်ဉာဏ်အားလုံး တဖြည်းဖြည်း ရောထွေးလာသည်။ စုမင်၏အလိုဆန္ဒကို

ပရမ်းပတာအခြေအနေတွင်ထားခဲ့ပြီး တံဆိပ်အလွှာများသူ့အပေါ်တွင်နေရာယူပြီးနောက် သူ့စိတ်သည်နောက်တစ်ကြိမ်ဗလာဖြစ်သွားပြန်သည်။

“အခု ငါမင်းကို ခွင့်ပြုမယ်...အမ်”

တိထျန်းစကားမဆုံးမီ အံ့အားသင့်စရာ ငိုသံက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုသို့ဖြစ်ရခြင်းမှာ စုမင်၏မှတ်ဥာဏ်များကိုဖျက်စီးနေစဉ် သူမြင်ခဲ့သည့် မသေနိုင်သောဖယောင်းနဂါးနှင့် နှင့် မပျက်စီးနိုင်သောကမ္ဘာမှမြင်ကွင်းများကြောင့်ဖြစ်သည်။

မသေနိုင်သောနှင့် မပျက်စီးနိုင်သောကမ္ဘာ၊ သူ့အလိုဆန္ဒကြောင့်ဖြစ်ပေါ်လာသောခုခံမှု၊ အသက်ဆက်ရှင်လိုစိတ်၊

သူမည်သူဖြစ်ကြောင်းမမေ့ရန် သတိပေးသည့်အော်သံများနှင့် ထပ်ခါတလဲလဲပြောသည့် ‘ငါက စုမင်’ကို အလွန်ကြီးမားသောဖယောင်းနဂါးကြီးပေါ်သို့ ထွင်းထုထားလေသည်။ တိထျန်းက သူ့မှတ်ဥာဏ်များကို ဖျောက်ဖျက်ရန် ဆက်လက်ကြိုးစားနေသောကြောင့် စုမင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်သောခုခံမှုများကိုဖြစ်စေသည်။

ထိုခုခံမှုသည် စုမင်၏ဆန္ဒ၊ ဝန်ခံရန်စိတ်မပါခြင်းနှင့် ရုန်းကန်မှုများအတွင်းမိမိစိတ်ဆန္ဒကိုမေ့ခြင်းနှင့် သူ့ဒေါသနှုန်းသည် ကံကြမ္မာသို့ဦးတည်နေသည်။

‘ငါက စုမင်ပဲ...ငါ့ရဲ့မှတ်ဥာဏ်တွေကို ဘယ်သူမှ ဖျက်လို့မရဘူး..ဘယ်သူကမှငါ့ကို အဲ့ဒီဗလာထဲနောက်တစ်ကြိမ် နစ်မြုပ်အောင်မလုပ်နိုင်ဘူး...ဘယ်သူကမှ ငါပိုင်သမျှကို လုယူလို့မရဘူး”

စုမင်၏ ခေါင်းထဲတွင်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ထိုအချိန်တွင် သူ သတိပြန်ဝင်လာသည်။ သူ့မျက်စိရှေ့မှာပင် လောကကြီးက ကွဲအက်သွားပြီး ဗလာကောင်းကင်ကြီးဟာ တိမ်တွေအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားသည့် ကျွန်းမှာလည်း သူ့ခြေဖဝါးအောက်တွင် နောက်တစ်ကြိမ်ပေါ်လာပြန်သည်။ လှိုင်းသံများကသူ့နားထဲမှာ တဖန်ပဲ့တင်ထပ်လာပြီး လေပွေမှလွဲလျှင် အရာအားလုံးပုံမှန်ပြန်ဖြစ်သွားလေသည်။

................

All Chapters