အခန်း (၅၈၉)
Vol. 43 Ch. 589
အကယ်၍ စုမင်က ဖယောင်းနဂါး၏ မသေနိုင်ပြီးမပျက်စီးနိုင်သောလောကထဲသို့ မရောက်သွားခဲ့ပါက ခံနိုင်ရည်မရှိဘဲ သူ၏အမှတ်တရအားလုံးဖျက်စီးခံရမည်ဖြစ်သည်။. သူနိုးလာသောအခါတွင် သူသည် အကျွမ်းတဝင်မရှိသော နက်မှောင်တောင် အကြောင်းကို ကြားရမည်။ နက်မှောင်တောင်ဟုပင် မသိနိုင်တော့ဘဲ အိပ်ရာမှထရန် စောင့်ဆိုင်းရမည့်နေရာအချို့ ရှိလိမ့်မည်။
ထို့နောက် သူက ဆက်လက်အရွယ် ရောက်လာခဲ့သည်။ ကိုယ်တိုင်ပျက်စီးခြင်းကိုလည်း တွေ့ကြုံရပြီး အခြားအရာများစွာကို ဖြတ်သန်းရပေမည်။ အမှောင်ထဲမှာ သူ့ကို စိုက်ကြည့်နေသော မျက်လုံးများကိုလည်း သူတွေ့နိုင်လေသည်။
ယခု သူရောက်နေသော နေရာကို နောက်တစ်ကြိမ် ထပ်ရောက်နိုင်တော့မှာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။သူ့အတွက် တခြားသူများ ညွှန်ကြားထားသော လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ကံကြမ္မာ ဖြစ်လာပြန်သည်။
သို့သော်… ဟုန်လော့၏တည်ရှိမှုက ပြီးပြည့်စုံသော အစီအစဉ်တစ်ခုနှင့်တူသည်။ ရုတ်တရက် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ မည်သူကမှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ပေ။ ထို့ကြောင့် တိထျန်း၏ ပထမဆုံးကိုယ်ပွား ပေါ်လာသောအခါ နာကျင်မှုကို သက်သာစေခဲ့သည်။ အရာအားလုံးကို ၎င်းတို့၏ မူလဇာတ်မြစ်သို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
စုမင်က ဟုန်လော့နှင့်တိထျန်းတို့၏ထိန်းချုပ်မှုမှ လွတ်ကင်းသွားခဲ့သည်။နိုးထလာသော စုမင်က တိထျန်း ၏ ထိန်းချုပ်မှုမှ လုံးလုံးလျားလျား ကွဲထွက်သွားသည်။ ထိုအချိန်မှစ၍ သူတွေ့ကြုံခဲ့ရသမျှအရာအားလုံးက
သူတပါး၏အစီစဥ်ကြောင့်မဟုတ်၊ သူ့ကံကြမ္မာကြောင့်သာဖြစ်သည်။
အထူးသဖြင့် မသေနိုင်ပြီးမပျက်စီးနိုင်သောလောကတွင်ရှိခဲ့ရခြင်းက သူ့အတွက်အကျိုးကျေးဇူးများစွာရရှိနိုင်ခဲ့သည်။ တိထျန်း၏ ကိုယ်ပွားလုပ်ခဲ့သော လုပ်ရပ်များက လိမ္မာပါးနပ်သည်။ သို့သော် ပြန်လည်မွေးဖွားခြင်းသံသရာမှ ရုန်းထွက်၍ စိတ်ဓါတ်ပြင်းထန်သော စုမင်၏စိတ်ဆန္ဒက မယုံနိုင်လောက်အောင် ရှားပါးသည်။
စုမင် သတိပြန်ရလာသောအခါ တိထျန်း၏နှလုံးသားအတွင်းမှ ထိတ်လန့်တုန်လှုပ်သွားလေသည်။စုမင်ကို မယုံနိုင်လောက်အောင် လေးနက်သောအမူအရာဖြင့်ကြည့်လိုက်သည်။ ဤလူငယ်က ဤအကြိမ်တွေ့ဆုံမှုအတွင်း အံ့အားသင့်ဖွယ်ရာများစွာကို ပေးစွမ်းခဲ့သည်။
ပထမက တိထျန်း သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။ မေ့မြောသွားပြီးနောက် သတိပြန်လည်လာခဲ့သည်။ ဤအရာများအားလုံးက တိထျန်း ၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာကိုဖြစ်ပေါ်စေပြီး တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှာ အတွေးတစ်ခုက ပိုအားကောင်းလာသည်။
“ဘာပဲဖြစ်ဖြစ် ငါ ဒီနေ့ သူ့ကို ပြောင်းလဲအောင် လုပ်ရလိမ့်မယ် ဒါမှမဟုတ် သူ့မှာ အချိန်ပိုရသွားရင် ငါ့သရုပ်မှန်ပေါ်လာလိမ့်မယ်.. နှစ်နည်းနည်းလေးကြာတာတောင် သူအရမ်းပြောင်းလဲသွားတယ်..”
‘ကံကြမ္မာ…ငါထင်သလို.. မဟာကံကြမ္မာဖန်ဆင်းရှင်.. “
အေးစက်နေသော အလင်းတန်းတစ်ခုက တိထျန်း၏မျက်လုံးများတွင် ဖျတ်ခနဲ ထွန်းလင်းသွားသည်။ စုမင်က သတိပြန်ဝင်လာသည်နှင့်တစ်ပြိုင်နက် သူ၏ညာလက်ကို အမြန် မြှောက်ကာ စုမင်ကိုချိန်ရွယ်လိုက်သည်။
“အိမ်ပြန်ခရီးကို လျှောက်လှမ်းသူ
မြူခိုးတွေက သင့်ရဲ့မျက်စိဖြစ်ပြီး ကောင်းကင်က သင်ရဲ့လမ်းပြဖြစ်လိမ့်မယ်..အရာအားလုံးက ကောင်းကင်ဝင်္ကပါဖြစ်လိမ့်မယ်..”
တိထျန်း၏ အသံသည် ထူးဆန်းသော စည်းချက်ဖြင့် ပြည့်နေသည်။ သူ့လက်ညှိုးကို လေထဲမှာ လွှဲယမ်းလိုက်သည့်အခါ အစိမ်းရောင်ဘောလုံးက သူ့ပတ်ဝန်းကျင်မှာ ပေါ်လာလေသည်။
အစိမ်းရောင် ချည်မျှင်များက လျင်မြန်စွာ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းက ကြီးမားသော ချည်မျှင်ဘောလုံးကြီးတစ်ခုသဖွယ်ဖြစ်ပြီး ၎င်းတို့က ဧရိယာတစ်ခုလုံးကို ဖုံးအုပ်ကာ လောကကြီးကို ပြည့်စေသည်။
သူတို့က ဖြည်းညင်းစွာ ဝေ့ဝိုက်သွားနေပုံရသော်လည်း အမှန်မှာ စုမင်ဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံ့နှံ့သွားပြီး သူ့ကို အထပ်ထပ် ခြုံထားလိုပုံရသည်။
စုမင်က သူ့ရှေ့ရှိတိထျန်းကို မမြင်နိုင်တော့ပေ။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး အစိမ်းရောင်ချည်မျှင်များဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ထံမှ မထွကိပြေးနိုင်၊ ၎င်းတို့ကို မဖုံးကွယ်နိုင်ပေ။
စုမင်၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ ညာလက်က ပြင်းထန်စွာ နာကျင်နေသေးသည် ။ သူ့အသက်ရှူသံက ပြင်းထန်နေသော်လည်း သူ့မျက်လုံးထဲမှာ စိတ်ပျက်အားငယ်စရာအရိပ်အမြွက်မျှမရှိပေ။
၎င်းအတွင်းမှ တောက်ပသောအလင်းရောင်က ကြယ်ရောင်ကဲ့သို့ဖြစ်ပြီး သူ၏ တိုက်ခိုက်လိုစိတ်က တောက်ပစွာ တောက်လောင်နေလေသည်။ သူသေသွားလျှင်တောင် ဒူးထောက်အရှုံးမပေးဘဲ မားမားမတ်မတ်ရပ်ပြီး သေဆုံးလိမ့်မည်။ နောင်တရစရာ လုံးဝမရှိ ကြောင်းပြ နေသောအပြုအမူတစ်ခုပင်..
“ငါသေချင်သေသွားမှာပဲ.. ဒါပေမဲ့ ငါသေသွားရင် မင်းလည်း တန်ရာတန်ကြေးပေးဆပ်ရမယ်... ငါသေရင် မင်းရဲ့သွေးတွေက ကောင်းကင်ထိတက်လာတဲ့သွေးပင်လယ်ဖြစ်အောင်လုပ်မှာ... ငါသေရင် ဒီကောင်းကင်ကြီးမှာ ငါရဲ့ အတွေးတွေကို
ပိတ်လောင်ထားမှာ..”
စုမင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ အစိမ်းရောင်ချည်မျှင်များက လျင်မြန်စွာ ပြန့်နှံ့သွားပြီး သူ့နှင့် ပေတစ်ရာအောက် ဝေးကွာသည့်နေရာတွင် ပေါ်လာသည်။ သူ့ညာလက်ကို မြှောက်ပြီး ပါးစပ်ကိုဖွင့်ကာ တစ်ခုခုကို ထွေးထုတ်လိုက်သည်။ သူ့လက်ထဲမှာ ယပ်တောင်ကြီးတစ်ခု ချက်ချင်းပေါ်လာသည်။
၎င်းက အဆုံးမရှိသော အမွေးအတောင်များမှ ဖြစ်ပေါ်လာပုံရပြီး ၎င်းမှ အလင်းတန်းများ လျှံထွက်လာသည်။ လွှဲယမ်းလိုက်သည်နှင့် ယပ်တောင်က ချက်ချင်းကြီးမားလာသည်။စုမင်က ၎င်းကိုကိုင်လိုက်ကာ သူ့ရှေ့တည့်တည့်သို့ လွှဲယမ်းလိုက်သည်။
ထိုယပ်တောင်က စစ်မာရှင်းထံမှ လုယူခဲ့သော ရတနာဖြစ်ပြီး ၎င်းကဒုတိယဘုရားသခင်က ကိုယ်တိုင်ဖန်တီးထားသည့် ရတနာဖြစ်သည်။ ထိုအရာက စုမင် ပိုင်သော ပစ္စည်းတစ်ခုလည်း ဖြစ်ပါသည်။
“ကောင်းကင်၊ မြေကြီးနှင့် လူသား..အနိဌာရုံစွမ်းရည်...”
ထိုယပ်တောင်၏ တစ်ချက်ခပ်သံနှင့်အတူ တိမ်တိုက်များဖုံးလွှမ်းနေသော ကောင်းကင်မှ စူးရှသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ကြီးက တစ်လက်မစီချင်းကွဲအက်သွားပြီး မည်းမှောင်သွားသည်။ ယပ်တောင်ကြောင့်ဖြစ်ပေါ်လာသောဝဲဂယက်ကို ကြေမွကွဲအက်သွားစေသည်။ ယပ်တစ်ချက်ခပ်ရုံဖြင့် ကျိုးပဲ့နေသော အပိုင်းအစများက ကောင်းကင်၏ စွမ်းအားဖြင့် ရောနှောကာ အားလုံးက အစိမ်းရောင်ချည်များဆီသို့ ဦးတည်သွားကြသည်။
ကျယ်လောင်သော အသံက လေထုထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ကောင်းကင်အနိဌာရုံ စွမ်းအားက ကန့်လန့်ကာတစ်ခုလို ကောင်းကင်ကို ကာထားပြီး အစိမ်းရောင် ချည်မျှင်များကို ဆွဲယူထားသည်။ အော်ဟစ်သံများကြား စုမင် တစ်ဝိုက်တွင် ပျံ့နှံ့နေသော အစိမ်းရောင်ချည်မျှင်များသည် တစ်ပြိုင်နက် တုန်လှုပ်သွားသည်။
“ကောင်းကင်၊ မြေကြီးနဲ့ လူသား...အနိဌာရုံစွမ်းရည်သုံးသွယ်..”
စုမင်က ယပ်တောင်ကို တစ်ချက်ခပ်လိုက်သော် သူ့ခန္ဓာကိုယ်အောက်က ကျွန်းမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။... ပင်လယ်ရေက ဝတဝေါဝေါ ဟစ်အော်ပြီး မြင့်တက်လာလေသည်။
ကျွန်းက ကျုံ့သွားသော်လည်း ကျွန်းတစ်ကျွန်းနှင့် သေးငယ်သော မြေထုကြီးသာ ရှိသေးသည်။ ကျယ်လောင်သောအသံများ ကောင်းကင်သို့ ပျံ့လွင့်သွားကာ ကျွန်းက ပင်လယ်မျက်နှာပြင်မှ ချက်ချင်း မြင့်တက်လာသည်။
မိုးကာတစ်ခုကဲ့သို့ အဆုံးမရှိသော ပင်လယ်ရေများကို သယ်ဆောင်လာကာ စီးဆင်းသွားခဲ့သည်။
ခဏအကြာတွင် ကျွန်းပေါ်ရှိ မြေပြင်က ကွဲအက်သွားကာ အစိမ်းရောင် ချည်မျှင်များထဲသို့ အရှိန်တင်နေသော ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။ အပြင်းထန်ဆုံးသော ပေါက်ကွဲသံက ကောင်းကင်အောက်နှင့် မြေကြီးအထက်မှ ထွက်ပေါ်လာသည်။
အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော တည်ရှိမှုတစ်ခုကို ထုတ်ပေးခဲ့ပြီး ထိုတည်ရှိမှုအလယ်တွင် စုမင်ရှိနေပြီး နေရာအားလုံးကို ဖြတ်ကျော်သွားခဲ့သည်။
စုမင်၏ မျက်နှာက များစွာ ဖြူဖျော့သွားသော်လည်း သူ့လက်များကို မရပ်မနား လှုပ်ရှားလိုက်သည်။ ယင်းအစား... ယပ်တောင်ကို နောက်တစ်ကြိမ် ခပ်လိုက်သည်။ ယခုတစ်ကြိမ်မှာတော့ စစ်မာရှင်းတောင် အသက်မသွင်းနိုင်ခဲ့သော လက်နက်၏စွမ်းရည်များကိုဖော်ထုတ်ပြလိုက်သည်။
“ကောင်းကင်..မြေကြီး..လူသား အနိဌာရုံစွမ်းရည် သုံးသွယ်...”
ထိုစွမ်းရည်ကို အသက်သွင်းလိုက်သည့်အခိုက်မှာ ကွဲအက်နေသော လောကကြီးမှ ဗုန်းခနဲပေါက်ကွဲသံများ ကျယ်လောင်လာသည်။ ကြေမွနေသော ကျောက်တုံးများက အစိမ်းရောင်ချည်မျှင်များကို ဖြတ်၍ စုမင်ဆီသို့ ဦးတည်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး စုမင်၏ အလယ်ဗဟိုမှာ ဧရာမဦးခေါင်းတစ်ခုအဖြစ် စုစည်းလာသည်
၎င်းမျက်နှာက သူနှင့် အတူတူပင်။ ကွဲအက်နေသော ကောင်းကင်ကြီးက အလွန်ကြီးမားသော ကျောက်တုံးဦးခေါင်း၏ မျက်လုံးများထဲသို့ ရောနှောသွားပြီး တောက်ပသော အလင်းရောင်များဖြင့် လင်းလက်သွားစေသည်။
ဦးခေါင်းပုံစံပေါ် လာသည်နှင့် စုမင်က
သူ့ပါးစပ်ကို ဖွင့်ကာ သူ့နှင့် မဝေးလှသော နေရာတွင် ရပ်နေသော တိထျန်းဆီသို့ လေကို မှုတ်ထုတ်လိုက်သည်။ ထိုလေထုက အနက်ရောင်လေအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက ကောင်းကင်ကို ချိုးဖျက်ကာ မြေကြီးကို ဖျက်ဆီးကာ အသက်စွမ်းအား၏ မီးတောက်များကို ငြိမ်းသတ်နိုင်သည်။
“ ဒုတိယမာန်ဘုရားရဲ့မြင့်မြတ်တဲ့စွမ်းရည်.. “
တိထျန်းက စုမင်ကို မှောင်မဲစွာ ကြည့်နေသည် ။ စုမင်၏ အနက်ရောင်လေပြင်းများကို ကြည့်ရင်း အေးစက်စွာနှာမှုတ်ထုတ်လိုက်သည်။
“သနားစရာပဲ..မင်းကဒီလိုစွမ်းရည်ကို ခုမှအသက်သွင်းဖူးတော့ အရမ်းအားနည်းသေးတယ်...လိုသေးတယ်.. ဒါပေမဲ့ ဒုတိယအကြိမ်လုပ်ဖူးမယ်ဆိုရင်တော့ ငါတောင်ခံနိုင်ရည်ရှိမှာမဟုတ်ဘူး...”
တိထျန်းက ပြောနေချိန်မှာ သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး သူ့ဆီ ဦးတည်လာသော အနက်ရောင် မြူခိုးများကို ဖြိုခွဲလိုက်သည်။
ထိုတစ်ချက်တည်းဖြိုခွဲခြင်းဖြင့် အနက်ရောင် မြူခိုးများက လျင်မြန်စွာ တုန်လှုပ်သွားတော့သည်။ မမြင်နိုင်သောဖြိုခွဲမှုကြောင့် မြူခိုထုအလယ်က ကျိုးပျက်သွားလေသည်။ တစ်ချိန်တည်းမှာပင် တိထျန်းက ထိုမြူများဆီသို့ ခြေတစ်လှမ်း လှမ်းခဲ့ပြီး သူက အလွန်လျင်မြန်စွာ ဖြတ်ကျော်သွားလေသည်။ထို့နောက် စုမင်ထုတ်ခဲ့သော ဧရာမ မြေကြီးဦးခေါင်းရှေ့မှ ပေါ်လာသည်။ သူ့ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးကို စုမင်မျက်ခုံးအလယ်တည့်တည့်သို့ ချိန်ရွယ်လိုက်သည်။
“တိမ်လွှာဖြိုခွဲခြင်း
တိထျန်းက ပြတ်ပြတ်သားသားပြောလိုက်သည်။ သူ့လက်က ဧရာမဦးခေါင်းကို ထိလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး နစ်မြုပ်သွားသည်။ ထို့နောက် သူဖြတ်သွားပြီး ဦးခေါင်း၏ ပိုနက်သော အစိတ်အပိုင်းများဆီသို့ ရွေ့လျားသွားသည်။
ထိုအချိန်တွင် ဦးခေါင်းမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများက ၎င်း၏မျက်နှာပြင်ကို အက်ကြောင်းထင်သွားသည်။ နောက်ဆုံးတော့ အပိုင်းပိုင်းကွဲပြီး ပေါက်ကွဲသွားသည်။
ပေါက်ကွဲသွားသည့်အခိုက်တွင်
တိထျန်း၏ ညာလက်ချောင်းများက အလင်းငါးလွှာရှိသော ရွှေရောင်မျက်နှာပြင်ကို ထိလိုက်သည် ။ ဆက်တိုက်ဆိုသလို ကွဲအက်လာသော်လည်း တိထျန်းကို နောက်ပြန်ဆုတ်သွားစေခဲ့သည်။
ကြေမွနေသော ကျောက်တုံး အများအပြား ကောင်းကင်မှ ကျလာသည်။ စုမင်ကိုယ်မှ ရွှေရောင်အလင်းတန်းများက လေထဲတွင်ပြည့်နေပြီး ဒုတိယမာန်နတ်ဘုရားသခင်၏တည်ရှိမှုကို သူ့ထံမှရှင်းလင်းစွာခံစားနိုင်သည် ။
ထိုသို့ကျဉ်းထဲကျပ်ထဲရောက်နေချိန်တွင် စုမင်က နတ်မင်းကြိုဆိုဆေးလုံးနှင့် ပေါင်းစပ်ပြီး သူ၏တည်ရှိမှုနှင့် ခန္ဓာကိုယ်ကို ပြောင်းလဲသွားစေခဲ့သည်။ ယခု သူက… ဒုတိယမာန်နတ်ဘုရားသခင်နှင့်တူလေသည်။
တိထျန်း နောက်ဆုတ်လိုက်သည်နှင့် သူ့မျက်နှာအမူအရာက မယုံနိုင်လောက်အောင် မှောင်သွားသည်။ စုမင်၏ဘုရားငါးဆူချိပ်စည်းက သူ့အတွက် ခေါင်းခဲစရာဖြစ်နေခဲ့သည်။ ဤအချက်ကြောင့် စုမင်က သူ့ကို မာန်နတ်ဘုရားဆူးတင်းပုတ်နှင့် ဒါဏ်ရာရအောင်လုပ်နိုင်ခဲ့သည်။ တကယ်တော့ ထိုဒဏ်ရာက မပျောက်သေးဘဲ ဆက်တိုက် ပိုဆိုးလာနေသည်။ သူ့၏ စွမ်းအားကို ထုတ်လွှတ်နိုင်သေယ စွမ်းရည်ကို ထိခိုက်နေပြီ ဖြစ်သည့်အထိပင်...
“ဒီချိပ်စည်းကို ငါမချိုးဖျက်နိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား.. လွန်ခဲ့တဲ့နှစ်တွေတုန်းက အကြီးအကဲသော်ချန်း တံဆိပ်ခတ်ထားခဲ့တာဆိုရင်တော့ ငါ ချိုးဖျက်လို့ မရတော့ဘူး.. ဒါပေမဲ့ အခု... ဒီမှာရှိတဲ့ ဝိညာဉ်၊ ပစ္စည်းတွေ ပျောက်ကွယ်သွားတာ ကြာပါပြီ..ငါ့အတွက်ဖွင့်ဖို့ မခက်တော့ဘူး...”
“မိုးကောင်ကင်က မင်းကိုအကာကွယ်ပေးပြီး သန်မာအောင်လုပ်ပေးလိမ့်မယ်...မင်းအတွက်ကောင်းချီးပေးမှုတွေက အမြဲတည်ရှိနေတဲ့...တောင်တန်းကြီးတွေ..ထာဝရအမြင့်ဆုံးတောင်ထိပ်တွေကလာလိမ့်မယ်... အမြဲစီးဆင်းနေတဲ့ ရေစီးကြောင်းတွေကဆီကရောလာလိမ့်မယ်...ပြီးတော့ အဲ့ဒီကောင်းချီးတွေက ကောင်းကင်မှာရှိတဲ့လလိုမျိုး ဘယ်တော့မှမှိန်ဖျော့သွားမှာမဟုတ်ဘူး... နေက ဘယ်တော့မှ အနောက်အရပ်ကထွက်မှာမဟုတ်ဘူး..တောင်ဘက်က တောင်တန်းကြီးတွေလို ဘယ်တော့မှာဖျက်စီးခံရမှာမဟုတ်ဘူး...”
“ပြောထားတဲ့အတိုင်းကောင်းကင်ရဲ့ တူညီတဲ့ အကာအကွယ်ကိုးပါးက မင်းကို ငါပေးမယ့်အရာပဲ...”
တိထျန်းက လက်နှစ်ဘက်ဖြင့် ချိပ်တံဆိပ်ဖန်တီးလိုက်သည်။ ‘တူညီ’ ဟူသော စကားလုံးကို သူပြောတိုင်း တံဆိပ်တစ်ခုကို လျင်မြန်စွာ ဖန်တီးနိုင်ခဲ့သည်။တူညီချိပ်တံဆိပ်ကိုးခုကိုဖန်တီးခြင်း ပြီးဆုံးသွားလေသည်။ သူက ထိုစွမ်းရည်ကို အသက်သွင်းလိုက်သောအခါ
တူညီချပ်တံဆိပ်ကိုးခုက ကြီးမားစွာထွက်ပေါ်လာလေသည်။
ဤစကားလုံးကိုးလုံးက ရှေးခေတ်လေထုကို ဆောင်ကျဥ်းလေသည်၊၊ တစ်ချိန်တည်းမှာပင် တိထျန်း၏ ကိုယ်ပွားက အနည်းငယ်အိုမင်းသွားသည် ။ ဤသည်မှာ ကောင်းကင်အကာကွယ်ကိုးပါးကြောင့်ဖြစ်သည်။
စုမင်၏လျှပ်စီးစွမ်းအားကိုချိုးဖြတ်ရန် ယခင်ကအသက်သွင်းခဲ့သောစွမ်းရည်ကို အသုံးချမည်မဟုတ်ပေ။
တိထျန်းက ရှေ့ကို သွားရင်း စကားလုံးကိုးလုံးက စုမင် ဆီသို့ ရွေ့လျားလာသည်။စုမင်က မရှောင်တိမ်းပေ။ ယင်းအစား သူ့မျက်လုံးများက ဖျတ်ခနဲလင်းလက်လာသည်။ထိုစကားလုံးကိုးလုံးကို ဘုရားငါးဆူချိပ်စည်း၏ အလင်းမျက်နှာပြင်ပေါ် ပြိုကျသွားစေခဲ့သည်။
ထိုစကားလုံးကိုးလုံး ထိလိုက်သည်နှင့် အလင်း၏ ဖန်သားပြင်က မတောက်ပတော့ဘဲ စုမင်၏ ခန္ဓာကိုယ်ကနေ လျင်မြန်စွာ ပျောက်သွားသည်။
ပျောက်ကွယ်ခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းကို သူ နားမလည်သော်လည်း ထိုစကားလုံး ကိုးလုံးမှ အသက်၏ တည်ရှိမှုကို သူ ခံစားခဲ့ရသည်။
ဘုရားငါးဆူချိပ်စည်း၏ အလင်းမျက်နှာပြင်က ချက်ချင်းပျောက်ကွယ်သွားပြီးနောက် တိထျန်းကို ရှေ့ကိုလျှောက်လာသည်။ စုမင်က သူ့ခေါင်းကို အမြန်မော့လိုက်သည် ။ သူ့နှုတ်ခမ်းထောင့်က သွေးများက မခြောက်သေးသော်လည်း ထိုအလင်းရောင် ပျောက်ကွယ်သွားမယ့်အချိန်ကို သူ စောင့်နေခဲ့သည် ။
ထိုတံဆိပ်ကို ကာကွယ်ရန်အတွက် သုံးနိုင်သော်လည်း။စုမင်က တိုက်ခိုက်ရန်သုံးချင်ခဲ့လေသည်။
ထို့ကြောင့် တိထျန်းကို အလင်း၏ဖန်သားပြင်ကို တိုက်ခိုက်ရန် ခွင့်ပြုခဲ့သည်။ ထိုအလင်းလွှာ ပျောက်ကွယ်သွားပြီးနောက် စုမင်ခေါင်းမော့လိုက်သည်။သူက ဒုတိယဘုရားသခင်အဖြစ်သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်မှ ဟိန်းဟောက်သံကြီးထွက်ပေါ်လာသည်။
“မာန်နတ်ဘုရားရဲ့ဟိန်းဟောက်သံ...”