← Chapters

အသူရာဓါး

Vol. 43 Ch. 590

အသူရာဓါး

Vol. 43 Ch. 590

ယခင်ကတည်းက စုမင်က ထွက်ပြေးရန် မစဉ်းစားဖူးခဲ့ပေ။ သို့ပေမယ့် လောကကြီး ဇောက်ထိုးမှောက်ခုံဖြစ်နေချိန်မှာ သူဘယ်ကို ပြေးနိုင်မည်နည်း။ သူ ဘယ်လောက်ကြာကြာ ပြေးနိုင်မည်နည်း။ တိထျန်းလက်ကနေ ထွက်ပြေးရန် အင်မတန်ခက်ခဲသည်ဟူသော အချက်ကို မဆိုထားဘိ။သူ ယခုကြုံနေရသော ဘေးဆိုးကြီးက သူ့အတွက် လွတ်မြောက်ရန် မဖြစ်နိုင်သော အရာတစ်ခု ဖြစ်နေပါသည်။

ထိုအရာက ဘေးအန္တရာယ်တစ်ခုပင်။ သူလည်း ထွက်မပြေးနိုင်သလို ပြေးလည်း မပြေးချင်ပေ။ ဤဘေးအန္တရာယ်ကြောင့် သေကိန်းဆိုက်ရမည် သို့မဟုတ် ပြန်လည်တိုက်ခိုက်ရန် ခွန်အားတစ်အောင်စမရှိသောကြောင့်လည်း မဟုတ်ပေ။

တကယ်တော့ သူက တိထျန်းကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။

သူ့ပြိုင်ဘက်ကို အပြင်းအထန် ထိုးနှက်ခဲ့ပြီး သူနှင့် ဆံပင်တစ်ဖျားသာသာအကွာအဝေးရှိခဲ့သည်။ထိုအခွင့်အရေးကို နှစ်ခါမရသောကြောင့် စုမင် ထပ်နောက်မဆုတ်ခဲ့ပေ။

‘ဘာလို့ သေရမှာကို ကြောက်နေရမှာလဲ.. ငါသေပြီး ငါလူဝင်စားရင် ငါရဲ့အလိုဆန္ဒက ပြန်လည်နိုးထလာလိမ့်မယ်.. ငါသေရင်တောင် ငါဒီမှာရပ်ပြီး ငါ့ကံကြမ္မာကို တိုက်နေမှာပဲ...”

အလင်းရောင် ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် စုမင်၏ ဟောက်သံသည် ကံကြမ္မာကို ဆန့်ကျင်သည့် အသံလှိုင်းအဖြစ် ပြောင်းလဲသွားသည်။ သူ့ဆန္ဒ၊ သူ့ဘဝနှင့် သူ့ဘဝတစ်လျှောက်လုံး မွေးဖွားလာသော ကံကြမ္မာကို ထိန်းချုပ်ဖိနှိပ်လိုသော ဆန္ဒအားလုံးပါရှိသည်။

“အားးးးးးးရားးးး”

တိထျန်း ကဲ့သို့ အစွမ်းထက်သော တစ်စုံတစ်ယောက်ပင်လျှင် ထိုအသံလှိုင်းအောက်တွင် ရပ်တန့်သွားခဲ့ရသည်။ သူ၏ ၀တ်ရုံများ လွင့်ပျံလာပြီး ဆံပင်များက လေထဲတွင် ကခုန်နေသည်။ သူ့အား ထိတ်လန့်တုန်လှုပ်စေသည့်အရာမှာ ထိုဟောက်သံ၏ စွမ်းအားမဟုတ်သော်လည်း ၎င်းအတွင်းတွင်ပါရှိသော ဖိနှိပ်သောဆန္ဒရှိနေခြင်းပင်ဖြစ်သည်။

“မင်း မလိုချင်ဘူးလား ဟမ်...မင်း ငါ့လက်အောက်ခံကိုဝင်လိုက်တာနဲ့ မင်းဖြစ်ချင်တာ အကုန်လုပ်ပေးမယ်...”

တိထျန်းက မျက်လုံးများကို မှိတ်ထားကာ စုမင်ဆီသို့ လျှောက်သွားခဲ့သည်။ ယခုအချိန်တွင် သူက စိတ်မရှည်တော့ဘဲ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

သူ၏အမြန်ဆုံးအရှိန်ဖြင့် စုမင်၏ မငြိမ်မသက်ဖြစ်စေမှုက ရုန်းထွက်လိုက်သည်။ သူ့ကိုယ်သူ သက်တောင့်သက်သာရှိစေအောင် စုမင်ကို အာရုံလွှဲလိုက်သည်။ သူ၏ လေးစစ်သည်‌တော်ကလန်.- အရှေ့မြေရိုင်းနယ်မြေရှိ မကောင်းဆိုးဝါးမျိုးနွယ်စုနှင့် စုမင်ကို တိုက်ခိုက်စေခဲ့သည်။

သူ့ ရှေ့သို့ လျှောက်သွားသောအခါ၊ အနက်ရောင် မီးပင်လယ်ကြီး ပေါ်လာ၏။ နေရာတစ်ခုလုံးကို ပြင်းထန်စွာလောင်ကျွမ်းပြီး ဖုံးလွှမ်းသွားခဲ့သည်။ သွားလေရာရာ၌ မီးလောင်ပြာကျလိမ့်မည်။ မရဏပင်လယ်သည်လည်း ပွက်ပွက်ဆူလာပြီး မြူခိုးများကဲ့သို့ လေထုထဲတွင် အငွေ့များစွာ ပြည့်သွားခဲ့သည်။

မယုံနိုင်လောက်အောင် ကြီးစိုးနေသော တည်ရှိမှုနှင့်အတူ တိထျန်းက မီးပင်လယ်နက်ထဲ ပျံ့နှံ့သွားသည်နှင့်အမျှ စုမင် ဆီသို့ တိုးဝင်လာခဲ့သည်။ ခြေလှမ်းတစ်ခုစီတိုင်းတွင် သူ၏တည်ရှိမှုက လှိုင်းလုံးများကဲ့သို့ တဟုန်ထိုး ခုန်တက်သွားကာ ထိုအချိန်မှာပင် သူ့ကို ရပ်တန့်သွားစေနိုင်သည့် လောကစွမ်းအားမရှိပေ။

စုမင်က ဘယ်လက်ကို မြှောက်ပြီး ကောင်းကင်ကို တွန်းဟန်ပြုလိုက်သည်။ ၎င်းနှင့်အတူ သူ့မျက်လုံးထဲတွင် ရှေးဟောင်းဆန်သေည တောက်ပမှုတစ်ခု ပေါ်လာသည်။ သူက ဒုတိယမာန်နတ်ဘုရား၏နွေးထွေးသောဘယ်လက်ကိုသတိရသည်။

“မာန်နတ်ဘုရားသခင်ရဲ့လက္ခဏာအရေးကြောင်းများ..”

စုမင်က တိုးတိုးလေးပြောလိုက်သည်။

သူ့စကားများ ထွက်လာပြီး တိထျန်းက သူနှင့် နီးကပ်လာသည်။ သူတို့နှစ်ယောက်ကြားက ကောင်းကင်မှာ မီးပင်လယ်ကြီး လျှံတက်လာတော့ အနက်ရောင် အက်ကြောင်းများ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ၎င်းတို့က အနက်ရောင်ချည်မျှင်များကဲ့သို့ ပုံသဏ္ဍာန်နှင့် ဖြတ်သန်းလာလျက် ရှိသည်။ လေထုကိုပြည့်နှက်စေပြီးနောက်က ၎င်းတို့က ကြီးမားသောလက္ခဏာ အရေးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

၎င်းတို့က ထန်းရွက်တစ်ရွက်၏အရေးကြောင်းများအသွင်ပြောင်းလဲသွားသည်။ ၎င်းမှာ မာန်နတ်ဘုရား၏လက်ဝါးဖြစ်သည်။

တိထျန်း ချဉ်းကပ်လာသည်နှင့် မီးပင်လယ်နက်ကြီး ပြန့်ကျဲလာသည်နှင့်အမျှ ကောင်းကင်မှ လက္ခဏာအရေးကြောင်းများဖြင့် ဖွဲ့စည်းထားသော လက်ကြီးက သူ့အပေါ်သို့ ဖိကပ်သွားသည်။ လက်ဝါးက လျင်မြန်လွန်းသဖြင့် ချက်ချင်းပင် သူ့အပေါ်သို့ တိုးဝင်လာသည်။

အဝေးကနေ မြင်လိုက်ရလျှင် ထိတ်လန့်စရာကောင်းသော ပုံရိပ်တစ်ခုပင်ဖြစ်သည်။တိထျန်း၏ လက်က အောက်ကို ဖိထားပြီး မီးတောက်များက ကောင်းကင်ထိအောင် တောက်လောင်နေလေသည်။

သူ့ကြည့်ရတာက ကောင်းကင်က လက္ခဏာအရေးကြောင်းများကို စိတ်မ၀င်စားပေ။သူ စုမင်ဆီသို့ လျှောက်သွားသောအခါတွင် ၎င်းတို့အား သူနား ကပ်လာစေသည်။ သို့သော် သူ့ဘေးနားရှိ မီးပင်လယ်က သူ့ပတ်ဝန်းကျင်တစ်ခုလုံးတွင် နေရာယူထားပြီး လက္ခဏာလိုင်းများတည်ရှိရာ ကောင်းကင်ဆီသို့ တည့်တည့်တိုးဝင်ကာ အရှိန်တင်လိုက်သည်။

မာန်နတ်ဘုရားသခင်၏ လက္ခဏာလိုင်းများနှင့် မီးပင်လယ်ကြား ထိတိုက်မှုကြောင့် လောကကြီးထဲတွင် နားစည်ကွဲမတက် ကျယ်လောင်သောအသံများက ပို၍ လွန်ကဲလာခဲ့သည်။ ဤသည်မှာ အင်အားကြီးနှစ်ရပ်ကြား တိုက်ပွဲဖြစ်သည်။ ကျယ်လောင်သောအသံများက နယ်‌ေမြတစ်ခုလုံးကို တုန်လှုပ်စေကာ အောက်ရှိမရဏပင်လယ်ဆီသို့ ရိုက်ခတ်သွားစေသည်။ထိုပေါက်ကွဲမှုကြောင့် စုမင် နှင့်တိထျန်းအောက်တွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်စေသည်။ .

လှိုင်းလုံးကြီးက ကျယ်လောင်သော အော်ဟစ်သံများဖြင့် ပြည့်နှက်လည်ပတ်နေပြီး နစ်မြုပ်နေသော မြေပြင်ကိုထိုးဖောက် မြင်နိုင်လေသည် ။

“မင်းရဲ့တိုးတက်မှုက ငါ့မျှော်လင့်ထားတာကို ကျော်လွန်နိုင်ပေမယ့်... မင်း အရမ်းအားနည်းနေသေးတယ်...”

တိထျန်း ခြေလှမ်းတိုင်း လှမ်းလိုက်သည်နှင့် မီးပင်လယ်၏ ရိုက်ခတ်မှုအောက်တွင် ကောင်းကင်ရှိ လက်လက္ခဏာလိုင်းများ ပြိုကျသွားသည်။ စုမင်၏ ပါးစပ်မှ သွေးများ စီးကျလာပြီး သူ နောက်ပြန်ဆုတ်သွားသည်နှင့် တိထျန်းလည်းပျောက်သွားသည်။ သူပြန်ပေါ်လာသောအခါစုမင် ၏နောက်တွင် သူရပ်နေပြီဖြစ်သည်။ သူ့ညာလက်ကို မြှောက်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် စုမင်၏ ခန္ဓာကိုယ်က သူ့ဆန္ဒကို ဆန့်ကျင်ပြီး တိထျန်းဆီသို့ ဦးတည်သွားတော့သည်။

“ဒီတိုက်ပွဲကို အဆုံးသတ်လိုက်ရအောင်...”

သို့သော် ထိုအချိန်တွင် တိထျန်း၏မျက်လုံးများက ပြူးကျယ်သွားကာ လေးလှမ်းမျှ နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ ဆုတ်ခွာလိုက်သည့် အချိန်တွင် စုမင်၏ ခန္ဓာကိုယ် တစ်လက်မ တိုင်းတွင် မီးတောက်များ ဖုံးလွှမ်းသွားသည်။ သူ လွန်ကဲစွာ ပူလောင်နေလေသည်။

သူ့ကနဉီးကျင့်ကြံခြင်းမှာသွေးများကို လောင်ကျွမ်းစေခဲ့သည်။ ယခင်က စစ်မာရှင်းမှာ စုမင်၏ဒုတိယဘုရားသခင်၏အမွေဆက်ခံမှုအတွင်း အပြင်းထန်ဆုံးစွမ်းအားကို လှုံ့ဆော်ရန်အတွက် သူ၏သွေးများကို လောင်ကျွမ်း‌ စေခဲ့သည်။ “နတ်ဘုရားအသွင်ပြောင်းလဲခြင်း” ဟု ခေါ်ဆိုနိုင်သည်။

နတ်မင်းကြိုဆိုဆေးလုံးကို ပေါင်းစပ်ခြင်းဖြင့် မာန်နတ်ဘုရားသခင့် အစွမ်းအစများကို အသုံးချနိုင်စေရန် အမွေဆက်ခံခွင့်ကို ရရှိစေခဲ့သည်။ စုမင်သာ သူတို့၏ စွမ်းရည်ကို အပြည့်အဝ ထုတ်ပြချင်လျှင် စစ်မာရှင်းကဲ့သို့ကျင့်ကြံရန် အချိန်လို လေသည်။ အကယ်၍ သူက ထိုဘုရားသခင့်စွမ်းရည်များကို ပြင်းပြင်းထန်ထန် အသက်သွင်းလိုပါက “နတ်ဘုရားအသွင်ပြောင်းလဲခြင်း” ဖြတ်ကျော်ရန် လိုအပ်ပေလိမ့်မည်။

သူ၏သွေးကို မီးဟုန်းဟုန်းတောက်စေပြီး နတ်ဘုရားအသွင်ပြောင်းလဲခဲ့သည်။

စုမင်၏ကိုယ်က မီးတောက်များ ဖုံးလွှမ်းသွားသောအခါ သူ့ဆံပင်၏ အရောင်က အဖြူနှင့် အနက်မှ စတင်ပြောင်းလဲလာသည်။ သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်ကာ ခေါင်းကို မော့လိုက်သောအခါတွင် အေးစက်သော ဒေါသနှင့် ရူးသွပ်မှုတို့နှင့်အတူ သူ့မျက်လုံးများတွင် မြင်နိုင်သည်။ ခြေတစ်လှမ်းဖြင့် သူသည် တိထျန်းရှေ့မှာ ချက်ချင်းပေါ်လာပြီး လက်သီးဖြင့် ပစ်ထိုးလိုက်သည်။

ထိုသို့လုပ်လိုက်သည်နှင့် တိထျန်းက မျက်မှောင်ကြုတ်ပြီး ခြေထောက်ကိုမြှောက်ပြီး စုမင်ခြေထောက်ကို ကန်ထုတ်လိုက်သည်။ ပေါက်ကွဲသံနှင့်အတူ စုမင် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားသော်လည်း သူ၏ လက်သီးများက တိထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီဖြစ်သည်။

သို့သော် ထိုခဏ၌ပင် ကိုယ်ပွား၏ကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းများ ထွန်းလင်းတောက်ပသွားခဲ့ပြီး သူလုံးဝ ဒဏ်ရာမရခဲ့ပေ။

တိထျန်း မျက်လုံးများကို မှိတ်ထားပြီး စုမင်ဆီသို့ လျှောက်သွားသည်။ စုမင် ၏ လက်ရှိအပြုအမူအပေါ် လွန်စွာ သဘောကျသွားသည် ။ စုမင်က လက်အောက်ခံမဖြစ်ချင်လေလေ၊ အတင်းသွတ်သွင်းရန် ဆန္ဒရှိလေလေဖြစ်သည်။

ထိုအရာက သူ့ကို မယုံနိုင်လောက်အောင်အံ့သြသွားစေသည်။ ထိုအချိန်တွင် သူက လျင်မြန်စွာ ရွေ့လျားခြင်းမရှိသော်လည်း သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် လေထုက ဆုတ်ပြဲသွားသည်။ ကောင်းကင်က လိုရာငင်နိုင်သော ရေအဖြစ်သို့ ပြောင်းလဲသွားသည်။

စုမင်နောက်ပြန်ဆုတ်သွားသည့်အခါ ညာလက်ကို မြှောက်လိုက်ပြီး လက်ဖဝါးကို ရင်ဘတ်ပေါ်သို့ ဖိလိုက်သည်။ သူ ချောင်းဆိုးလိုက်သော သွေးများက ကောင်းကင်ဆီသို့ လွှဲယမ်းပစ်လိုက်သည်။

“မာန်နတ်ဘုရားရဲ့ နေ၊လ ၊ကြယ်များအသွင်ပြောင်းလဲခြင်းစွမ်းရည်မှ ကြယ်များအသွင်ပြောင်းလဲခြင်း...”

စုမင်ပြောလိုက်သောအခါ ကြယ်အစုအ‌ ဝေးတစ်ခုလုံးရုတ်တရက် လှုပ်ရှားလာကာ မှောင်မည်းနေသောတိမ်တိုက်များရှိသော ကောင်းကင်တွင် ချက်ချင်းပေါ်လာသည်။ ဤကြယ်များက တောက်ပပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်နှင့် တစ်ပြိုင်နက် ကြွေကျသွားသကဲ့သို့ လျင်မြန်စွာ ဆင်းသက်လာသည်။နယ်မြေတစ်ခုလုံးကို လူသတ်နိုင်သော ရောင်ဝါလှိုင်းများဖြင့် လျင်မြန်စွာ လွှမ်းခြုံသွားစေသည်။

ထိုလူသတ် ရောင်ဝါနှင့်အတူ အကောင်အထည်ရှိသော ကြယ်ရောင်လည်း ရှိသည်။ မြေပြင်ပေါ်တွင် လင်းလက်နေချိန်တွင် ထူးဆန်းသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ စူးစူးရှရှ မြှားများကဲ့သို့ တိထျန်း ဆီသို့ မရောက်မီ ကြယ်အလင်းတန်းများ တရွေ့ရွေ့နှင့် ပုံပျက်သွားခဲ့သည်။

ကောင်းကင်ပြင်တစ်ခုလုံး ပြိုးပြိုးပြက်ပြက် လင်းထိန်သွားလေသည်။ပြည့်နှက်နေသော ကြယ်ရောင်မှ မြှားများကို လှမ်းကြည့်မိသူတိုင်း တွေ့ကြလိမ့်မည်။ လူသတ်ရောင်ဝါက ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ၎င်းတို့၏ ကနဦးစွမ်းရည်များကို အေးခဲသွားစေမည်ဖြစ်သည်။

တိထျန်းက မျက်မှောင်ကြုတ်မိသွားသည်။ ချက်ခြင်းဆိုသလိုပင် လူသတ်အငွေ့အသက်များနှင့် စူးရှသောမြှားများက သူနားကို နီးကပ်လာလေသည်။

“ကြယ်တွေမှာ ကိုယ်ပိုင်လမ်းကြောင်းတွေ ရှိပြီး ကြယ်ရောင်တွေတောင် မထွန်းလင်းနိုင်တဲ့ နေရာတွေ ရှိတယ်...ငါ့အမိန့်အရ ငါ တိထျန်းရှိတဲ့‌နေရာက ကြယ်ရောင်မထွန်းလင်းတဲ့ နေရာအဖြစ် ကြေငြာလိုက်တယ်... ဒါက... ငါပြောနေတဲ့ စကားလုံးတိုင်းဟာ အာဏာစက်(လောကဥပဒေသ)အဖြစ် ပြောင်းလဲသွားတာကို ဆိုလိုတယ်...”

သူပြောသည့် စကားလုံးတိုင်းက သူ့ပါးစပ်မှ လွင့်ပျံသွားပြီး ကြယ်များမှ မရှိတော့သကဲ့သို့ ပြောင်းလဲသွားသည်။ ထိုအချိန်တွင် စုမင် အသက်သွင်းခဲ့‌သောကြယ်များဘေးမှ လူသတ်အရှိန်အဝါက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။ ကြယ်ရောင်ကချက်ချင်းပင် အမှောင်အဖြစ်သို့ ပြောင်းလဲသွားကာ ကြယ်ရောင်စုံသော ကောင်းကင်ကြီးပင် မထင်မရှား ဖြစ်သွားသည်။

စုမင်၏ မြင့်မြတ်သော စွမ်းရည်ကို ရပ်တန့်သွားစေသည့် လောကဥပဒေတစ်ခု ပြောင်းလဲလိုက်သလိုပင်။

“ငါ့ရဲ့ အာဏာစက်ကို မင်းအတွက်ထုတ်သုံးပေးခဲ့လို့ မင်းဂုဏ်တောင်ယူသင့်တယ်... မင်းမှာ တခြားမြင့်မြတ်တဲ့စွမ်းရည်တွေ ရှိသလား.. အဲဒါတွေကို ထုတ်ပြစမ်း.. ငါ့ကို ကြည့်ခွင့်ပေး... မင်းကို ငါမတွေ့ရတဲ့ နေ့တွေမှာ မင်းသင်ယူခဲ့တာတွေအကုန်ထုတ်ပြစမ်းပါ.. “

တိထျန်းက စုမင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

စုမင်၏ နှလုံးသားကို ခါးသီးမှုများ၊ မခံမရပ်နိုင်ဖြစ်မှုများနှင့် ပြည့်နှက်နေသည် ။ တိထျန်းလမ်းလျှောက်နေတာကို ကြည့်ပြီး သူက အံတကြိတ်ကြိတ်ဖြစ်နေလေသည်။သူ့ညာလက်ကို မြှောက်လိုက်ပြီး နဖူးကို ရိုက်လိုက်သည်။ ၎င်းနှင့်အတူ၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ မာန် အရိုးများက အက်ကွဲသောအသံများ စတင်ထွက်လာသည်။ သူ၏စွမ်းအားက အပြင်သို့ပျံ့နှံ့သွားပြီး လ၏ပုံသဏ္ဌာန်ဖြစ်လာစေရန် သူ၏လက်များကို မြှောက်လိုက်ပါသည်။

“မာန်နတ်ဘုရားရဲ့လအသွင်ပြောင်းလဲခြင်းစွမ်းရည်နဲ့ မင်းကိုသတ်ပစ်မယ်..”

စုမင်က ထိုစကားများပြောပြီးသည့်အခါ၌ ကြယ်များနှင့် ပြည့်နှက်နေသော ကောင်းကင်ကြီးက ပုံရိပ်ယောင်မဟုတ်တော့ပေ။

ချက်ချင်းဆိုသလိုပင် လရောင်ဖြင့် ဖန်တီးထားသော လပုံရိပ် တိထျန်း တစ်ဝိုက်တွင် ပေါ်လာသည် ။

သူ့အထဲမှာ လုံးလုံးလျားလျား ဖုံးလွှမ်းသွားပြီး သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည် ။ ခေါင်းကိုမော့ပြီး ကောင်းကင်မှာ လကို မော့ကြည့်လိုက်တယ်။

“မဆိုးပါဘူး...အနည်းဆုံးတော့ ဒီစွမ်းရည်က တန်ဖိုးရှိတဲ့အရာတစ်ခုပဲ”

သူစကားပြောနေစဉ် သူ့အရေပြားမှာ အက်ကွဲကြောင်းများ ပေါ်လာသည်။ ကောင်းကင်ရှိ လမှာ ကွဲအက်နေသော အရိပ်အယောင်များ ပေါ်လာပါသည်။

တိထျန်း၏ မျက်လုံးများ တောက်ပလာသည်။ သူ့ညာလက်ကို မြှောက်လိုက်ပြီး လေထုကို ဖမ်းဆုပ်လိုက်သည်။ ခရမ်းရောင် အလင်းတန်းတစ်ခုက သူ့လက်ဖဝါးမှာ ပေါ်လာပြီး တောက်ပနေသော ရှည်လျားသည့် ခရမ်းရောင်ဓားတစ်စင်း သူ့အလိုလို ပေါ်လာလေသည်။

ဓါးအရှည် ကိုးပေ ကိုးလက်မ ရှိ၏ ၎င်း၏ ရှည်လျားကျဉ်းမြောင်းသော ကိုယ်ထည်အတွင်းမှ အေးစက်သော အရှိန်အဝါတစ်ခု ရှိနေလေသည်။ အတွင်းမှ ဧကရာဇ်မင်းမြတ်၏ ကြီးကျယ်ခမ်းနားသော တန်ခိုးအာဏာက ၎င်း၏ရှေ့မှောက်တွင်ရှိနေသည့် ဓားအားလုံးကို ဦးညွှတ်ရှိခိုးရဦးမည်။ ဓားအားလုံး၏ဘုရင်(အသူရာဓါး)

ထိုဓားပေါ်လာသည့်ခဏတွင် စုမင်က သူ့နှလုံးသားထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ မျက်လုံးပြူးပြီး ဓားကို ကြည့်လိုက်သည်။ ထိုဓားက တိထျန်း၏ ဓားမဟုတ်သော်လည်း ၎င်းမှာစွမ်းအားကြီးသောဖိနှိပ်မှုတို့ပါဝင်လေသည်။

ထိုခံစားချက်က မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော်လည်း ဓားက သူ့ဘဝ၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

ထိုအချိန်တွင် ဓားက ကိုယ်ပွားလက်ထဲတွင် ရှိနေသည်။ တိထျန်းက စုမင်ကို ကြည့်ပြီး ပြုံးလိုက်လေသည်။ သူက သူ၏ညာလက်မှာ ဓါးကို ဆုပ်ကိုင်ထားပြီး ကောင်းကင်ရှိလကို ပေါ့ပေါ့ပါးပါးပိုင်းဖြတ်လိုက်သည်။

ထိုတစ်ချက်တည်းဖြင့် ကောင်းကင်ကြီးမှ အုန်းအုန်းမြည်သံထွက်ပေါ်လာသည်။အချိန်က သူ့အလိုလို နှေးကွေးလာသည်။ ကောင်းကင်ရှိလက ချက်ချင်းပေါက်ကွဲသွားပြီး ကြယ်အစု အတေးတောင် ကွဲအက်သွား လေသည်။ ဓားက ကောင်းကင်ကို ခုတ်ပိုင်းသွားကာ ဓားရောင်ဝါ လှိုင်းလုံးများက စုမင်၏ ဦးခေါင်းဆီသို့ ချွန်ထက်သော ဝီစီသံနှင့် အတူထိုးဆင်းလာသည်။

“အသူရာဓါး..”

တိထျန်း၏ကိုယ်ပွားက သတိမထားမိသည့်ချိန်မှာ ကောင်းကင်ရှိပြိုကွဲ နေသောတိမ်တိုက်များထဲမှာ မယုံနိုင်လောက်အောင် လှပ‌သော အမျိုးသမီးတစ်ယောက်ရှိလေသည်။ သူမက အောက်ရှိတိုက်ပွဲကိုကြည့်ရင်း လှော်ထားသောအစေ့များကို အဆာပြေစားနေသော်လည်း ထိုအချိန်တွင် သူမမျက်လုံးများပြူးကာ တိထျန်း၏လက်ထဲကဓားကို ကြည့်လိုက်သည်။

သူ့ဘေးမှာ အဝါရောင် နဂါးကြီးတစ်ကောင်ရှိ လေသည်။ ၎င်းမျက်နှာတွင် ညှိုးငယ်နေသည့်ပုံသဏ္ဍာန်ရှိသော်လည်း အလွန်သွက်လက်သော အမျိုးသမီးက ပစ်ချလိုက်သော အစေ့‌ လှော်များကို မျိုချနေဆဲဖြစ်သည်။

All Chapters