သူ့ဘဝရဲ့အရေးပါဆုံးလူ
Vol. 43 Ch. 591
အသူရာဓါးက နာမည်အတိုင်းပင် အသူရာချောက်နက်ထဲက ထွက်ပေါ်လာသော ဓားတစ်လက်ပင်ဖြစ်သည်။ထိုဓါးက ကောင်းကင်ကိုဖြတ်သန်းပြီး လေထုကိုဖြိုခွင်းနိုင်လေသည်။ အဆုံးမရှိသောမြူခိုးများကိုဖြတ်ကာ ၎င်းနောက်တွင် တောက်ပသောဟင်းလင်းပြင်(နဂါးငွေ့တန်း)တစ်ခုကို ပေါ်လွင်စေသည်။
ထိုဟင်းလင်းပြင်က အင်မော်တယ်များ တည်ရှိရာနေရာဖြစ်သည်။ အဆုံးမရှိသော တောက်ပသောယန်၏နေရာပင်ဖြစ်သည်။ ထိုနေရာတွင်အဆုံးမဲ့ စကြာဝဠာကြီးများ နှင့် မျောလွင့်နေသောတိုက်ကြီးများ အများအပြားရှိခဲ့သည်။ယခင်က
စုမင်မှာ ထိုနေရာကို ရောက်ဖူးသည်။သူရှေးဟောင်း ကြေးဝါဓားကို ကိုင်ထားသော အချိန်ပင်ဖြစ်သည်။
စစ်မာရှင်းကိုသတ်စဥ်က သူ့အလိုဆန္ဒနှင့် ထိုနေရာကို တစ်ခေါက်ရောက်ဖူးလေသည်။
အဆုံးမဲ့ ဟင်းလင်းပြင်တွင် ဧရာမရေဝဲကြီးတစ်ခုရှိသည်။ ထိုအချိန်တွင် အံ့ဩဖွယ်ကောင်းသော ဝီစီသံက ဝဲဂယက်အတွင်းမှ ထွက်ပေါ်လာသည်။ မကြာမီတွင် မြူခိုးများက ပြင်းထန်စွာ လောင်ကျွမ်းသွားကာ ဓားကြီး ထွက်ပေါ်လာသည်။ ထိုဓားရောင်ဝါက... အစောပိုင်းက တိထျန်း အသုံးပြုခဲ့သော အသူရာဓါးပင်ဖြစ်သည်။ထိုဓါးက ကောင်းကင်နှင့်မြူခိုးထုကို ဖြတ်သန်းကာ သူ့လမ်းကြောင်းရှိ အတားအဆီးတိုင်းကို ဖြတ်ကျော်ခဲ့သည်။ထို့နောက် ဝဲဂယက်ထဲမှ ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အရိပ်အယောင်မရှိဘဲ ပျောက်ကွယ်သွားသည်...
မာန်မျိူးနွယ်စုနယ်မြေရှိ မရဏပင်လယ် အထက်ညာဘက်ရှိ အ ရှေ့မြေရိုင်းနယ်မြေအစွန်းတွင် စုမင် ရှိနေလေသည်။ ထိုအချိန် ဟင်းလင်းပြင်ထဲသို့ ဝင်သွားသော ဓားအရှိန်အဝါက သူ့ဆီသို့ အော်ဟစ်ညည်းတွားနေ၏။ အရှိန်က အရမ်းမြန်လို့ မျက်စိတစ်မှိတ်အတွင်းမှာ အလွန်နီးကပ်လာသည်။
ထိုစဉ်တွင် စုမင်က မျက်လုံးများကိုမှိတ်လိုက်ပြီး ဘယ်ဘက်လက်ဖဝါးကို အောက်ဘက်သို့ လှည့်ကာ ညာလက်ဖဝါးကို အပေါ်သို့ လှည့်လိုက်သည်။ သူ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး သူ့ပတ်ဝန်းကျင်မှာ လေပွေတစ်ခုပေါ်လာတယ်။ ကျယ်လောင်သော အသံများနှင့်အတူ စုမင်ဧ။်ခန္ဓာကိုယ်ကိုလှည့်ပတ် ဖုံးကွယ်ထားသည်။ အပြင်က ဘယ်သူမှ မမြင်နိုင်တော့ဘဲ စုမင်၏ ခန္ဓာကိုယ်က ဆယ်ကျော်သက်အရွယ် ဖြစ်သွားသည်။ သူ့ဆံပင်များက ခရမ်းရောင်နဲ့ အဖြူရောင်ပြောင်းသွားပြီး ထိုအချိန်မှာ… ကံကြမ္မာ၏ တည်ရှိမှုက သူ့ဆီကနေ ဖြာထွက်လာသည်။
ထိုအချိန်တွင် ကောင်းကင်ယံ၌ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ဓားက လေပွေ ထဲသို့ တိုးဝင်သွားပြီး အတွင်းဘက်ရှိ စုမင်ထံသို့ အရှိန်ဟုန်ပြင်းစွာ ဦးတည်နေလေသည်။
သို့သော် တိုက်ပွဲစတင်ကတည်းက တိထျန်းက ကြီးမားသော ထိတ်လန့်မှုကို ခံစားခဲ့ရပြီးနောက် ချက်ချင်းဖြစ်ပျက်ခဲ့သော မြင်ကွင်းဖြစ်သည်။ မာန်နတ်ဘုရား၏ဆူးတင်းပုတ်ကို သူရင်ဆိုင်ရချိန်ထက် ထိုတုန်လှုပ်မှုက ပိုပြင်းထန်လေသည်။
သူ မယုံကြည်နိုင်စွာ မျက်လုံးပြူးသွား၏။ သူ့မျက်စိရှေ့တွင် ဓားအရှိန်အဝါက စုမင်ဆီသို့ တည့်တည့်တိုးဝင်ပြီး လေပွေကို ပြိုကွဲသွားအောင်လုပ်နေလေသသည်။ သို့သော် အမည်မသိအကြောင်းတစ်စုံတစ်ရာကြောင့် လေပွေက တစ်ဖန်ပြန်လည်စုစည်းလာပြီး ဓါးအရှိန်အဝါက ပြန်ထွက်လာခဲ့သည်။
ဖြစ်ပျက်ခဲ့သမျှအရာအားလုံးအပေါ် အချိန်က ပြောင်းပြန်ဖြစ်သွားသလိုပင်ဖြစ်သည်။
ထိုကဲ့သို့ဖြစ်ခဲ့လျှင်တောင် တိထျန်းက သိပ်ပြီး ထိတ်လန့်နေမှာ မဟုတ်ပေ။ သူ့ကို အမှန်တကယ် ထိတ်လန့်စေခဲ့တာကတော့… ပြန်လည်ကောင်းမွန်လာသော လေပွေကနေ ထွက်လာသော တည်ရှိမှုတစ်ခုပင်။ သူ့နှလုံးသားကို တုန်လှုပ်စေခဲ့သော အရာတစ်ခုပင်။
သူက ထိုတည်ရှိမှုကို မေ့ပျောက်ရန် နည်းလမ်းမရှိပေ။ ထိုခဏ၌ပင် သူ့စိတ်ကို မထိန်းချုပ်နိုင်လုနီးပါး ဖြစ်သွားသည် ။
“ကံကြမ္မာ....”
ရံဖန်ရံခါ သူပြောဖူးသော စကားတစ်ခွန်းက လေပွေမှထွက်လာသောစုမင်ဖြစ်နေလေသည်။ ညာလက်ကို သူ့နောက်သို့ လှန်လိုက်သည်နှင့် လေပွေက ပျောက်ကွယ်သွား၏။
တိထျန်းရှေ့မှာ ပေါ်လာခဲ့တာက ဆယ်ကျော်သက်ကောင်လေး - ကံကြမ္မာ ဖြစ်ပြီး ဦးခေါင်းတစ်ဝက်က အဖြူရောင်ဖြစ်ပြီး ကျန်တစ်ဖက်ကတော့ ခရမ်းရောင်ပင်။
“ဒါကမဖြစ်နိုင်ဘူး...နက်မှောင်တောင်မှာပဲရှိသေးတယ်.. မင်းမနိုးသေးဘူး..မင်းချိပ်တံဆိပ်ထဲမှာရှိနေတုန်းပဲ.. မင်း... မင်း ကံကြမ္မာ ဖြစ်လာအောင် အသွင်ပြောင်းမှုကို ထုတ်မပြနိုင်ဘူး..ဒါ မဟုတ်ဘူး.. မဟုတ်ဘူး...စုမင် ဒါက ငါလိုချင်တဲ့ ကံကြမ္မာ မဟုတ်ဘူး...”
အတော်ကြာအောင် ပြင်ဆင်ထားသော အစီအစဉ်တွင် တိထျန်း၏ မျက်နှာက ဆိုးရွားသော တွက်ချက်မှု မှားယွင်းစွာ ပေါ်လာသကဲ့သို့ ရူးသွပ်သွားသလို ပြင်းထန်သော အမူအရာဖြင့် လှည့်သွားသည်။သူက ထိုရုတ်တရက် ပြောင်းလဲမှုကို လက်မခံနိုင်အောင်ဖြစ်စေခဲ့သည်။
“ဒါ မင်းလမ်း ကြောင်းမဟုတ်ဘူး..”
တိထျနိး ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး လျှပ်စီးအရှိန်ဖြင့် စုမင်ဆီသို့ အရှိန်တင်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်ယံ၌ ပျံ့လွင့်လာသော သတ်ဖြတ်လိုစိတ်က သူ့အတွင်းမှ ထွက်ပေါ်လာသည်။ ယခင်က သူ တိုက်ခိုက်ခဲ့ဖူးသော်လည်း သတ်ဖြတ်လိုစိတ် တစ်ခါမျှ မပိုင်ဆိုင်ခဲ့ပေ။ သူက ရိုးရိုးရှင်းရှင်း အမိန့်ပေးချင်သည်။
ယခုတိုင် သူ၏သတ်ပစ်ရန် ရည်ရွယ်ချက်မှာ မယုံနိုင်လောက်အောင် ရှင်းနေပေပြီ။
“ဒါက မင်းလျှောက်သင့်တဲ့လမ်းမဟုတ်ဘူး...ဒါက ငါဒီလောက်ကြာအောင် လျှောက်လှမ်းခဲ့တဲ့ ကံကြမ္မာမဟုတ်ဘူး... ငါ အကြိမ်ကြိမ်ကျရှုံးခဲ့ရင်တောင်မှ ရယူဖို့ မျှော်လင့်ချက်ရှိနေတုန်းပဲ...”
“ဒါ မင်းအတွက်မဟုတ်ဘူး..”
တိထျန်းက ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က စုမင်နားသို့ နီးကပ်သွားလေသည်။ သူ့ညာလက်ကို မြှောက်လိုက်ရင်း စုမင် လည်ပင်းကို ချိန်ရွယ်လိုက်သည်။ သူ...သတ်ပစ်ချင်လေသည်။
ကံကြမ္မာအဖြစ်သို့ ပြောင်းလဲသွားသော စုမင်က တိထျန်းကို အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ကြည့်နေလေသည်။ ထိုလက်ချောင်းများ နီးကပ်လာသည်ကိုမရှောင်တိမ်းဘဲ တိထျန်း၏လက်ချောင်းက သူ့အပေါ်သို့ရောက်ရှိစေသည်။သို့သော် သူ၏ လုပ်ဆောင်ချက်များက ပြောင်းပြန်ဖြစ်သွားသည်။
ထိုပြောင်းလဲမှုက တိထျန်း၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။ တပည့်ပထမဆုံးအနေနဲ့ သူ့မျက်လုံးထဲမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
အချိန်နှောင်ကြိုးများမှ မလွတ်မြောက်နိုင်တော့မည့် အလားအလာအတွက် သူ အထိတ်တလန့် ဖြစ်ခဲ့ရသည်မှာ အင်မော်တယ်များကြားတွင် ပို၍ပင် ကြောက်စရာကောင်းသည့် ဘေးဥပဒ်ပင်ဖြစ်သည်။ မာန်မျိုးနွယ်စုမျာစ၏ပထမဆုံးဘုရားသခင်မပေါ်မီ လွန်ခဲ့သောနှစ်ပေါင်းများစွာက တစ်ခုခုဖြစ်ခဲ့သည် ။
ထိုဘေးဒုက္ခက စစ်မှန်သောနံနက်ခင်းတာအိုလောကတစ်ခုလုံးအတွက် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးတစ်ခုပင်ဖြစ်သည်... အတိအကျပြောရသော် စစ်မှန်သောနံနက်ခင်းတာအိုလောကနှင့် ၎င်းမှပြန်မထမြောက်သေးသောအင်မော်တယ်မျိုးနွယ်စုမှလူများက ပထမမာန်နတ်ဘုရားသခင်၏နင်းချေခြင်းကိုခံခဲ့ရသောကြောင့်ဖြစ်သည်။
တိထျန်း၏ လုပ်ရပ်များက နောက်ပြန်ဆုတ်သွားသည်နှင့် တပြိုင်နက်စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက သူ့ညာလက်ကို မြှောက်လိုက်ပြီး တိထျန်း၏ မျက်ခုံးအလယ်ကို ချိန်ရွယ်လိုက်သည်။ ပေါက်ကွဲသံကြီးက လေထုထဲတွင် တဟုန်ထိုး မြည်လာကာ ရွှေရောင်အလင်းတန်းများက ကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လင်းလက်နေသည်။
လက်ချောင်းထဲက စွမ်းအားတွေ ပျက်ပြယ်သွားချိန်မှာပဲ စုမင် မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ပေါ်လာသည်။အပြင်ဘက်ကို ပြန့်ကျဲနေသော ရွှေရောင်အလင်းတန်းများက ချက်ချင်း ပျောက်ကွယ်သွားသသည်။ တိထျန်းမှာ အလင်းလွှာအကာကွယ်အောက်တွင် ရှိမနေတော့ပေ။ ထိုအချိန်တွင် စုမင်က သူ့ခြေကို မြှောက်ကာ တိထျန်းကို ကန်ထုတ်လိုက်သည် ။
ပေါက်ကွဲသံနှင့်အတူ တိထျန်းက နောက်သို့ လွင့်စင်သွားသည်။ စုမင်ကသူ့ဆီသို့ တည့်တည့် လျှောက်သွားပြီး အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည် ။ သူ့ဘယ်ဘက်လက်ကို လွှဲလိုက်သည်နှင့်ပင် အချိန်ကာလက တစ်ဖန်ပြောင်းလဲလာကာ တိထျန်း၏ မျက်ခုံးအလယ်ဗဟိုကို ထိုးနှက်လိုက်သည်။ အသက်ရှ်ိုက်စာအကြိမ်အနည်းငယ်အတွင်း သူ့ပါးစပ်မှသွေးများ ချောင်းဆိုးလာပြီး သူ့အာရုံများဆီသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားခဲ့သည်။
“ဒီအစီအစဥ်ကို ငါမနှစ်သက်ဘူး..မင်းကိုဆက်ပြီးအသက်ရှင်ခွင့်မပြုနိုင်ဘူး.. မင်းရဲ့အသိစိတ်တွေကို ဒီနေရာမှာ လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်မယ်...”
တိထျန်းက သူ၏ ညာလက်ကို မြှောက်လိုက်ပြီး သူ့ရှေ့တွင် သူ့လက်ချောင်းများကို ရှေ့သို့ထားလိုပ်သည်။စုမင်က သူ့နားနီးကပ်လာချိန်တွင် ရှေ့သို့ အရှိန်တင်လိုက်သည်။
“အဖြူရောင် ကောင်းကင်ကို ပျံသန်းမယ်..”
တိထျန်းက ဖြည်းညှင်းစွာပြောလိုက်သည်။လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ၏အခြားကိုယ်ပွားက ထိုမြင့်မြတ်သောစွမ်းရည်ကို အသက်သွင်းခဲ့သည်။ယခုမူ သူက ၎င်းကို ထပ်မံထည့်သွင်းခဲ့သည်။ သူ၏ညာလက်မှ တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ထိုအဖြူရောင်အလင်းတန်းက ကောင်းကင်တစ်ခုလုံးကို စွန်းထင်းတောက်ပစေခဲ့သည်။
ထို့နောက် ညာလက်ကို ဆုပ်လိုက်ပြီး အပေါ်ကို ညွှန်ပြလိုက်သည်... ကောင်းကင်မှာ အဖြူရောင် နေမင်းကြီး ပေါ်လာသည် ။
ကြယ်တစ်စင်းက အောက်ဘက်သို့ လိမ့်ဆင်းနေသကဲ့သို့ပင်၊ အောက်ဘက်ရှိပင်လယ်ပြင်က ပေါက်ကွဲသံကြီးဖြင့် ရုတ်တရက် မြင့်တက်လာသည်။ ပင်လယ်ရေက အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး လောကကြီးတစ်ခုလုံး ဖြူစင်သွားသည် ။
နေ၏အလင်းရောင်က အပြင်းထန်ဆုံးအလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
အဖြူရောင် ကောင်းကင်ယံပြိုကျမှု..”
တိထျန်းက သူ၏ ဘယ်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အဖြူရောင် နေရောင်ကို ကိုယ်စားပြုသည့် သူ၏ ညာလက်နှင့် နီးကပ်လာစေသည်။
ထိုအချိန် မဝေးလှသော နေရာတွင် ကံကြမ္မာဖြစ်သောစုမင်က ရပ်နေလေသည်။ သူ့မျက်နှာက တည်ငြိမ်နေပြီး သူ့မျက်လုံးထဲမှာတော့ သူ့ဘဝနဲ့ ခွဲခွာရန် တွန့်ဆုတ်နေသောအရိပ်အမြွက်ပြနေဘေသည်။ သူ့အမှတ်တရများထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသော အိမ်နဲ့ နဝမမြောက်တောင်ထွဋ်အတွက် ဝမ်းနည်းမှုတစ်ခုပင်။
‘နက်မှောင်တောင်ရဲ့ လျှို့ဝှက်ချက်... နောက်ဘဝမှာ မှတ်မိနိုင်ရင် ရှာကြည့်မယ်...”
‘ဆရာကြီး..ကျွန်တော် အခု ထွက်သွားတော့မယ်... ဆရာကြီးကို ရှာမတွေ့နိုင်တာဟာ ကျုပ်ရင်ထဲမှာ နစ်မွန်းနေခဲ့တဲ့ နောင်တတစ်ခုပါပဲ..
‘စီနီယာအစ်ကို၊ ဒုတိယအစ်ကို... ကျုပ်တို့လူဝင်စားရင် နောက်တစ်ခါ ဆရာ့ဆီမှာ တပည့်ပြန် လုပ်ကြရအောင်.. ကျုပ်...ကျုပ်ကို အရင်ခွင့်လွှတ်ရပါနော်..”
‘ဟူကျီ... တတိယ စီနီယာအစ်ကို...’
စုမင်မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှ ဖျက်ဆီးမှုတစ်ခု ထွက်ပေါ်လာသည်။ သူကိုယ်တိုင်လောင်ကျွမ်း ခြင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ သူ၏ ညာဖက်လက်ညိုးပေါ်ရှိ မာန်နတ်ဘုရား၏ဆံချည်မျှင်ပင်လေးများကို အသက်သွင်းရန် သူ့ဘဝတွင် အရာအားလုံးကို အသုံးပြုလိုက်ခြင်းဖြစ်သည်။
ထိုဆံချည်မျှင်မှာ ယခင်ကတိထျန်း ၏ကိုယ်ပွားကို သတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် အရေးကြီးသည်မှာ တိထျန်းကို သတ်ရန် ဖြစ်သည်။ထို့ကြောင့် စုမင်က ယခင်က တိထျန်းအား တိုက်ခိုက်ရန် အားကုန် အသုံးပြုခဲ့သည်။ တိထျန်းကို ဒဏ်ရာရစေရန်၊ အားပျော့စေရန်အတွက် ဖြစ်သည်။
သို့ပေမယ့် အချည်းနှီးပင်… သူတို့၏စွမ်းအားကွာခြားချက်က အရမ်းကြီးလွန်းသည်။ သူ့ကို အနည်းငယ်မျှသာ နာကျင်အောင် လုပ်နိုင်သည်၊ သူ့ကို အလွန်အမင်း အားပျော့အောင်ပင် မလုပ်နိုင်ခဲ့ပါ။
“ကောင်းပြီ…”
စုမင်က သူ့ညာလက်ကို မြှောက်လိုက်သည်နှင့် မီးတောက်က လျင်မြန်စွာ ထွန်းတောက်သွားသည်။ ထိုအချိန်တွင် သူ၏ ညာဘက်လက်ညိုးပေါ်တွင် ပတ်ရစ်နေသော မာန်နတ်ဘုရားဆံချည်များကို စုစည်းထားသည်။ ဆံချည်မျှင်များသည် ချက်ချင်းပင် မီးလောင်ကျွမ်းသွားပြီး ပထမမာန်နတ်ဘုရားသခင်၏ စွမ်းအားသည် စုမင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ဆံချည်မျှင်အနည်းငယ်သာကျန်ရှိသော်ငြားလည်း စုမင် အတိတ်က ထုတ်ယူနိုင်ခဲ့သော စွမ်းအားများ ပိုမိုအားကောင်းလာကာ ယခုတစ်ကြိမ်တွင် သူ့ဘဝနှင့် ကံကြမ္မာ၏ စွမ်းအားများက ၎င်းအတွင်း၌ ရှိနေသောကြောင့်ပင်။
ကံကြမ္မာ၏ စွမ်းအားက အတိတ်နှင့် အနာဂတ်ကြားတွင် ထပ်နေလေသည်။ သူကိုယ်တိုင် လောင်ကျွမ်းမှုက အဆက်မပြတ် မြင့်တက်ပြီး လက်ချောင်းလေးများကို ရစ်ပတ်ထားသော ဆံပင်များပေါ်တွင် စုစည်းလာလေသည်။ တောက်လောင်နေသော သူ့အသက်စွမ်းအားများမှ မီးတောက်များ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများ ပိုမိုပြင်းထန်လာပါသည်။
ကောင်းကင်ကြီးက လင်းထိန်ပြီး ဖြူဖွေးနေလေသည်။ အဖြူရောင် နေမင်းကြီးက အရာအားလုံးကို တောက်ပစေပြီး အားလုံးကို ဖုံးကွယ်ထားလိုက်သည်။ တိထျန်းက ဟိန်းဟောက်ပြီး သူ့လက်များကို အချင်းချင်း ကပ်ထားလိုက်သည်။ သူ့၏ အပြင်းထန်ဆုံး စွမ်းအားက အဆုံးမဲ့ အဖြူရောင် အလင်းရောင်ကနေ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် စုမင်က သူ၏ညာဖက်လက်ညိုးတွင် စွမ်းအားစုစည်းရန် ဆုံးဖြတ်လိုက်သည်။ ယင်းအစား၊ သူက တိထျန်း၏အမိန့်ဖြင့် လောကကြီးတစ်ခုလုံးကို ပြည့်စေသော အဖြူရောင်အလင်းဆီသို့ချိန်ရွယ်ခဲ့သည်။ ထို့နောက် သူ၏လက်ချောင်းတွင် စုစည်းထားသော စွမ်းအားက သေနတ်ထဲရှိ ကျည်ဆံတစ်ပွင့်ကဲ့သို့ လျင်မြန်စွာ ထွက်ပေါ်လာသည်။
ထိုအချိန်တွင်ပင် တိမ်ထဲတွင် ပုန်းနေသည့် အမျိုးသမီး၏ သေးသွယ်သော မျက်နှာက ကြည်ကြည်လင်လင် ဖြစ်သွားသည်။ သူမသည် တစ်ခုခုကို တုံ့ဆိုင်းနေဟန်တူသော်လည်း ထို့နောက်တွင် သူမ၏ သွားများကို ကိုက်လိုက်သည်။
“ကောင်းပြီ၊ ငါ သူ့ကို ဒီတစ်ခါပဲ ကူညီမယ်...”
သူမပြောပြီးသည်နှင့် သူမလက်ကို မြှောက်လိုက်သည်။ သူမ၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားကာ သူမ၏ လက်ပေါ်တွင် အစိမ်းရောင်အလင်းတန်းများထွက်ပေါ်လာသည်သည်။ သူမ အောက်သို့ ချလိုက်သည်။
တိထျန်းက ကောင်မလေးကိုလည်း သတိမထားမိပ။ စုမင်က သူ့စွမ်းအားအကုန်လုံးကို လက်ညိုးတွင် စုစည်းစဥ် သူ့ဘေးနားက သစ်သားပလွေသံစဉ် သီချင်းတစ်ပုဒ် ပဲ့တင်ထပ်လာသည်။ သူက တစ်ဦးတည်းသော အသံကို ကြားနိုင်သူဖြစ်ပြီး တစ်ချိန်တည်းမှာပင် သီချင်းသံက လေထဲတွင် စတင်တီးခတ်လာကာ သူ့ခန္ဓာကိုယ်မှ အရိုးပလွေတစ်ခု လွင့်ပျံလာသည်။
ထိုပလွေကို ရှေးအဖိုးအိုမှ ပေးအပ်ခဲ့သည်...
“ဘဝဆိုတာ ဘာလဲ..ငါ့သား၊ ဒါက မင်းရွေးချယ်တဲ့လမ်းပဲ... မင်း... နားလည်ပြီလား..”
ထိုစကားက စုမင် သတိမေ့မသွားခင် နောက်ဆုံးကြားလိုက်ရသောစကားဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီးက မရဏပင်လယ်တွင် ကျယ်လောင်သောဟောက်သံကို ဖြစ်ပေါ်စေသည်။ အရှေ့ဘက်မြေရိုင်းနယ်မြေများဘက်သို့ နှိုးဆော်လိုက်ပြီး ထိုဟိန်းဟောက်သံက လေထဲတွင် အချိန်အတော်ကြာအောင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်...