← Chapters

ကံကြမ္မာရဲ့ကောင်းကင်အပြစ်ဒါဏ်

Vol. 43 Ch. 592

ကံကြမ္မာရဲ့ကောင်းကင်အပြစ်ဒါဏ်

Vol. 43 Ch. 592

ဖျက်စီးခြင်းဆိုသည်မှာ ၎င်း၏တည်ရှိမှုဖြစ်စဉ်အတွင်း လောက၏အလှဆုံးအချိန်လည်းဖြစ်သည်။ လောကကြီး ပျက်သုဥ်းသွားသည်နှင့် တပြိုင်နက် သူ့အတွင်းရှိ အရာအားလုံးက ထာဝရတည်တံ့ သောပုံသဏ္ဍန်အဖြစ် ပြောင်းလဲသွားလိမ့်မည် ။ အရည်အချင်းပြည့်မီပြီး ထိုအလှတရားများကို မြင်နိုင်သူတိုင်းက သူတို့အသက်ရှင်နေသမျှကာလပတ်လုံး သူတို့၏ခေါင်းထဲမှာ ထာဝရအမှတ်တရအဖြစ် စွဲထင်ကျန်နေခဲ့လိမ့်မည်။

ထိုအချိန်တွင် ပင်လယ်ရေက လီရာချီအကွာအဝေးရှိသောမြို့ပတ်ပတ်လည်ကို နစ်မြုပ်သွားစေခဲ့သည်။ ဤနေရာရှိ စွမ်းရည်တစ်ခု၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ရိုးရှင်းသော ပျက်စီးခြင်းဖြစ်ပြီး ၎င်းက ဝမ်းနည်းစရာအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအချိန်တွင်‌ လောကကြီးတစ်ခုလုံး ဖြူပြာသွားသည်။ မြူခိုးများ၊ နေရောင်ခြည် နှင့်‌ လောကထဲရှိ စွမ်းအားများ ပျက်ပြားသွားခြင်း တို့က ထိုအခိုက်တန့်တွင် ရှိနေကြသည်။ ပင်လယ်ရေမျက်နှာပြင် ကျဆင်းသွားသည်နှင့်အမျှအစွန်းဘက်ရှိ ပင်လယ်ရေက ၎င်းကို မဖြည့်နိုင်တော့ဘဲ တွင်းကြီးဖြစ်လာသည်။

ကောင်းကင်ရှိအမျိုးသမီး၏ မျက်နှာက ဖြူဖျော့နေသည်။ သူမက အဝါရောင်နဂါးကို မှီ၍ ထွက်လာသောအခါ အဆုံးမဲ့ အဖြူရောင် ကောင်းကင်ကို ချန်ထားရစ်ခဲ့သည်။

‘ဒါက ငါလုပ်နိုင်သလောက်ပဲ… ဒါက ယင်မရဏဒေသ.. ဒီနေရာမှာငါ့ စွမ်းအားကို ဒီအရမ်းဖိနှိပ်ထားတယ်… ငါ့ရဲ့သူငယ်ချင်း.. မင်းအသက်ရှင်နိုင်မလားဆိုတာ မင်းရဲ့ကံကြမ္မာပေါ်မှာပဲ မူတည်တယ်...’

ကောင်မလေးက မျက်လုံးများကိုမှိတ်ပြီး အဝေးက ကောင်းကင်ယံမှာ ပျောက်ကွယ်သွားပြီး ထိုအဖြူရောင်နယ်မြေကို ချန်ထားခဲ့သည်။ ယခုပင် သူမက တိထျန်း၏တိုက်ခိုက်မှု ခံနိုင်ရည်ရှိအောင် လက်တွေ့ကျကျ ကူညီပေးခဲ့သည်။ ယခုအချိန်တွင် သူမက မယုံနိုင်လောက်အောင် အားနည်းနေသည့် အခြေအနေတွင် ရှိနေလေသည်။ တတ်နိုင်သမျှ မြန်မြန်ပြန်ကောင်းရန် လိုအပ်လေသည်။

သူမထွက်သွားပြီးသည့်တိုင် အဖြူရောင်အလင်းတန်းများက နယ်မြေတစ်ဝိုက်ကို လွှမ်းခြုံထားဆဲဖြစ်သည်။ ထိုအဖြူရောင်အရိပ်အတွင်းနှင့် အဆက်မပြတ် အော်ဟစ်နေသည့် အသံများကြားတွင် တိထျန်းက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ပါးစပ်မှ သွေးများ ချောင်းဆိုးလာသည်။

သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့ခေါင်းပေါ်က သရဖူက ကွဲအက်နေလေသည်။ သူ၏ ၀တ်ရုံပေါ်တွင် မျက်ရည်များစွာကျလာပြီး ပါးစပ်ထောင့်တွင် သွေးများပင် စီးကျနေသည်။ သနားစရာ မြင်ကွင်းတစ်ခုပင်။

ထိုအခိုက်အတန့်၌ သူ့အား တွန်းလှန်နေသော စွမ်းအားက ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပြီး သူ၏ မြင့်မြတ်သော စွမ်းရည်ကို ဆန့်ကျင်သည့် နောက်ထပ် စွမ်းအားလှိုင်းတစ်ခုလည်း ရှိနေသည်။

ထိုအချိန်တွင် တိထျန်းက ကောင်းကင်မှ ဆင်းသက်လာသော နောက်ထပ် စွမ်းအားလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ စွမ်းအားသုံးရပ်ကို သူကိုယ်တိုင် တွန်းလှန်တိုက်ခိုက်တာနဲ့ ညီမျှသည်။

သူ့အတွက် ကံကောင်းထောက်မစွာဖြင့် သူ၏နတ်ဘုရားစွမ်းရည်၏နောက်ကွယ်မှ စွမ်းအားက မယုံနိုင်လောက်အောင် တုန်လှုပ်ချောက်ချားစရာဖြစ်ခဲ့သည်။ထို့ပြင် စွမ်းအားသုံးရပ်ပေါက်ကွဲခြင်းကြောင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ ၎င်းအတွက် ကြီးမားသော အဖိုးအခလည်း ပေးခဲ့ဖူးသည်။ ကျောက်စိမ်းပြား က အမှုန့်အဖြစ်သို့ ကွဲသွားသောကြောင့် သူ့ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းက သူနှင့်အတူ မရှိတော့ပေ။

“စုမင်...”

တိထျန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်နေလေသည်။ နှစ်ယောက်သား ခြေလှမ်း နောက်ပြန်ဆုတ်လိုက်သည်နှင့် သူ့လက်မောင်းကို လှုပ်လိုက်သည်နှင့် ချက်ချင်းပင် သူ့ပတ်ဝန်းကျင်က အဖြူရောင်များက လျင်မြန်စွာ မှောင်လာသည်။ ထို့နောက် သူက ရှေ့တိုးလိုက်သည်။

ထိုစွမ်းအားကို ကောင်းကင်ကနေ လွှတ်ထားခဲ့သည့်က ထွက်ခွာသွားပြီလို့ သူ ရိပ်မိသွားသည်။ သူဘယ်သူလဲဆိုတာ မသိနိုင်သော်လည်း တိထျန်းအတွက်တော့စုမင်ကို သတ်လိုက်တာက အရေးကြီးဆုံးပင်ဖြစ်သည်။ ထို့ကြောင့် သူက ထိုလူကို အနှောက်အယှက်မပြုရန် ရွေးချယ်ခဲ့သည်။ ယင်းအစား၊ သူက နတ်ဘုရားအာရုံဖြင့် ကံကြမ္မာ ကိုရှာဖွေရန် စီမံထားသည့်နေရာကို ဦးတည်အရှိန်တင်ခဲ့သည်။

ယခင်ကအဖြူရောင်လောကကြီးက ဆက်လက်မှောင်မိုက်နေလေသည်။ထို့နောက် တဖြည်းဖြည်း ပိုမိုကြည်လင်ရှလာသည်နှင့်အမျှ ပေထောင်ပေါင်းများစွာအဝေးရှိ လေထုထဲတွင်ရှိသော စုမင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ဆယ်ကျော်သက်အရွယ်တွင် ရှိနေဆဲဖြစ်ပြီး မျက်လုံးမှိတ်ကာ သတိလစ်နေသော်လည်း မြေပေါ်သို့ လဲကျသွားခြင်း မရှိပေ။ယင်းအစား၊ သူ့ခန္ဓာကိုယ်အောက်မှာ ဧရာမအရိုးတစ်ချောင်းရှိလေသည်။ ထိုသစ်သားပလွေက ပေသုံးဆယ် ကြီးမားပြီး ထိုအချိန်တွင် ထိုတူရိယာမှ ငြိမ့်ညောင်းသော သံစဉ်များ ထွက်ကျလာသည်။ တည်‌နေရာ ရွေ့ပြောင်းခြင်း၏ အလင်းရောင်သည်လည်း ၎င်းကို ဝန်းရံထားသည်။ ကုန်‌ဆုံးသွားသည့် အခိုက်အတန့်တိုင်းက ပို၍တောက်ပနေခဲ့သည်။ ရှင်းနေသည်မှာ မကြာမီ နေရာ ရွေ့ပြောင်းပါတော့မည်။

ပြောင်းရွှေ့ခြင်းကို စတင်လိုက်သည်နှင့် တစ်ဖန် စုမင်က တိထျန်း၏ မြင်ကွင်းမှ တစ်ဖန် ပျောက်ကွယ်သွားခဲ့ပြီး ဤဘေးအန္တရာယ်ကို ဖြတ်ကျော်နိုင်မည်ဟု ဆိုလိုသည်။ တကယ်တော့ တိထျန်းက အရာရာကို စီစဉ်ထားသည့်အတိုင်း လွှတ်ထားလျှင် စုမင်က ရှာတွေ့ရန် အင်မတန်ခက်ခဲသွားလိမ့်မည်။

အကယ်၍ တိထျန်းသာ စုမင်ကို မတိုက်ခိုက်ခဲ့ပါက ဤအချက်ကို အလွန်အမင်း ခေါင်းစားစရာမလိုပေ။ သူက စုမင်ကို မာန်မျိုးနွယ်စုများနယ်မြေတွင် အနှေးနှင့်အမြန် ရှာတွေ့နိုင်သေးသည်။

သို့သော်လည်း မကြာသေးမီက ၎င်းတို့၏ တိုက်ပွဲက စုမင် မည်မျှ တိုးတက်လာသည်ကို တိထျန်းမြင်စေခဲ့သည်။ ထို တိုးတက်မှုမျိုးက အချိန်ကြာလေလေ စုမင်ကို ဖိနှိပ်ရခက်သွားလိမ့်မည်။

ပို၍အရေးကြီးသည်မှာ သူက ကံကြမ္မာကို မြင်သည်။ ထိုမြင်ကွင်းက တိထျန်း၏ နှလုံးသားကို တုန်လှုပ်လုနီးပါး အထိတ်တလန့် ဖြစ်စေခဲ့သော မြင်ကွင်းပင်။ ဘာပဲဖြစ်ဖြစ် ကံကြမ္မာက သူစောစောနိူးထလာမည်ကို သူ မမျှော်လင့်ခဲ့ပေ။ ထိုအရာက သူ့အစီအစဉ်အတိုင်းမဟုတ်ပေ။ သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ လွန်ခဲ့သောနှစ်များတစ်လျှောက်လုံး စစ်မှန်သောနံနက်ခင်းတာအိုလောကတွင် ကျရောက်ခဲ့သော ကပ်ဆိုးကြီးကို သတိရသောအခါ၊ ထိုကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီကို သတိရပြီး အတိတ်၌ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို နားလည်သဘောပေါက်သည်...။ သူကြောင့်ဖြစ်ရတာကို မည်ကဲ့သို့မကြောက်ရမည်နည်း။ မကြောက်၍ မရပေ။

စုမင်က သတိလစ်မေ့မြောသွားပြီး တိုက်ခိုက်ရန် အစွမ်းအစများ ဆုံးရှုံးသွားသော်လည်း အရိုးအချို့၏ နေရာရွေ့ပြောင်းခြင်းကို ခံရတော့မည်ကို မြင်သောအခါ အေးစက်သော အလင်းတန်းတစ်ခုသည် တိထျန်း၏ မျက်လုံးများတွင် ချက်ချင်း ပေါ်လာသည်။ သူက ဤအရာအားလုံးကို တားဆီးရန် တွေးတောကာ ရှေ့သို့ လျင်မြန်စွာ လျှောက်လှမ်းခဲ့သည်။

ယခုတစ်ကြိမ် သူ စုမင်ကို ‌ထိုအခြေအနေမျိုးနှင့်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ စုမင်က သူ့ကို ကျဉ်းထဲကျပ်ထဲရောက်စေနိုင်သောအခြေအနေမျိုးစုံသို့ တွန်းပို့ခဲ့သည်။

‘ငါ သူ့ကို နောက်ထပ် အခွင့်အရေးတွေ မပေးတော့ဘူး...’

တိထျန်းက သူ့ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်သို့ လွှဲယမ်းလိုက်သည်။ ၎င်းနှင့်အတူ၊ ကောင်းကင်ဘုံ၊ အောက်ဘက်ရှိပင်လယ်နှင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ နေရာတစ်ခုလုံး အေးခဲသွားပုံရသည်။ ကျယ်လောင်သောအသံများအောက်တွင်၊ အချိန်အတိုင်းအတာတစ်ခုလုံးကို ချိပ်ပိတ်ထားပြီး ဤနေရာမှ ဝေးရာသို့ ပြောင်းရွှေ့နိုင်သည့် စွမ်းအားအားလုံးကို ဖုံးကွယ်ထားသည်။

‘မင်းဘယ်လိုလုပ်ရမလဲ ကြည့်ချင်တယ်...’

တိထျန်း၏ နှုတ်ခမ်းတွင် အေးစက်သော လှောင်ရယ်သံတစ်ခု ပေါ်လာသည်။ သူ၏ ညာခြေက လေထုထဲသို့ ဆင်းသက်သောအခါ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး စုမင်ကို တင်ထားသော အရိုး ပ လွေ၏ ရှေ့တွင် ချက်ချင်းပေါ်လာသည်။ သို့သော် သူ့ခန္ဓာကိုယ် ပေါ်လာသည့်အခိုက်တွင်၊ ကိုယ်ပွား၏မျက်လုံးများကပြူးကျယ်သွားကာ သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အကြည့်များ ပေါ်လာသည်။

ထိုအမူအရာက သူ့အတွက် မယုံနိုင်လောက်အောင် ရှားရှားပါးပါးဖြစ်သည်။နေရာတစ်ခုလုံးက ချိပ်ပိတ်ခံလိုက်ရသော်လည်း သစ်သားပလွေမှ ဖောက်ထွက်လာသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်ကို သူမြင်လိုက်ရသောကြောင့် ဖြစ်သည်။ တောက်ပနေချိန်တွင် တိထျန်းက စုမင်၏ ခန္ဓာကိုယ် တစ်ဝက်တစ်ပျက် ပြောင်းလဲသွားသည်ကို ကူကယ်ရာမဲ့ ကြည့်နေခဲ့ရသည်။

“လောကဥပဒေဿစွမ်းအား...”

တိထျန်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု ပေါ်လွင်နေသည်။ ဤနေရာကို ချိတိပိတ်ထားသော်လည်း လောကဥပဒေဿစွမ်းအားကသာ နေရာရွေ့ပြောင်းခြင်းနှင့် ဤနေရာမှ ထွက်ခွာသွားနိုင်သည်ကို ရှင်းရှင်းလင်းလင်း သိထားသည်။ ကျင့်ကြံမှု့အဆင့်က အသက်နန်းတော်ကျင့်စဉ်ထက်ကျော်လွန်ပြီး လောကနိယာမများပါရှိသော အဖြစ်အပျက်များကို နားလည်သောသူများသာ ထိုကဲ့သို့လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော်... သူ့ကိုယ်တိုင်တကယ် လုပ်နိုင်ခြင်းပင်။

သို့သော် သူ၏ တကယ့်အစစ်အမှန်က ဤနေရာကို မရောက်နိုင်ခဲ့ပေ။ထို့ပြင် ကိုယ်ပွား၏ ခန္ဓာကိုယ်ထဲမှာပါရှိသော စွမ်းအားက ထိုအရာကို မလုပ်နိုင်ပေ။ စုမင်၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် တိထျန်းက ဒေါသတကြီး အော်ဟစ်လိုက်သည် ။

သူ့အာဏာစက်ထက်သာလွန်သော ဤနေရာသို့ ပြောင်းရွှေ့ခြင်းကို တားဆီးနိုင်မည် မဟုတ်ကြောင်း သူသိသည်။စုမင်ကို ခေါ်ဆောင်သွားသော စွမ်းအားအတက်အကျများကို မာန်မျိုးနွယ်စုများပိုင်ကြောင်းကိုပင် ပြောနိုင်ခဲ့သည်။ ယင်းအစား၊ အခြားကမ္ဘာမှ ဆင်းသက်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ၏အကြံအစည်များကို ပျက်သွားစေကာ စုမင် ဆီသို့ ဤဘေးဆိုးကြီး ပျောက်ကွယ်သွားစေသည်။

သို့ပေမယ့် တိထျန်းက လက်မခံနိုင်ပေ။ သူ မခံမရပ်နိုင်အော်ဟစ်လိုက်သည်နှင့် သူ့မျက်လုံးထဲမှာ အနီရောင်အလင်းတန်းများ ပေါ်လာသည်။စုမင်က အရိုးပလွေနှင့်ထွက်ခွာသွားစဉ် တိထျန်း၏အသံက လောကကြီးကို တဟုန်ထိုး တုန်လှုပ်သွားခဲ့သည်။

သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး သူ့အလိုဆန္ဒကိုပင် ချုပ်ကိုင်ထားသည်။ ပြန့်ကျဲလာသည်နှင့်အမျှ မာန်မျိုးနွယ်စုနယ်မြေရှိကောင်းကင်ကြီးကို တုန်လှုပ်စေခဲ့သည်။

“ကျွန်ုပ်ရဲ့ဆန္ဒနဲ့ အင်မော်တယ်တွေရဲ့တည်နေရာကိုဖွင့်မယ်..ကံကြမ္မာရဲ့ကောင်းကင်အပြစ်ဒါဏ်ကိုပေးဖို့ ယင်မရဏဟင်းလင်းပြင်မှာဆင်းသက်မယ်...”

ကောင်းကင်ယံ၌ ဧရာမ လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။တစ်ချိန်တည်းတွင် ၎င်း၏ပုံသဏ္ဌာန်က တိမ်များကို အဝေးသို့ ပြန်ကျသွားစေသည်။ ထိုအချိန်တွင် ခေါင်းကို မော့ကြည့်သူတိုင်းကကောင်းကင်ယံမှာ ဆိုးရွားသော အပြောင်းအလဲတစ်ခုကို ဖြတ်သန်းနေသကဲ့သို့တွေ့လိမ့်မည်။

ကောင်းကင်ထက်အဝေးမှာ မြူမှုန်များ အုံ့ဆိုင်းနေလေသည်။ ၎င်းက အဆုံးမရှိ ဖြတ်ကျော်သွားကာ စုမင်က ရှေးကြေးဝါဓားရှည်ကို ကိုင်ဆောင်ထားစဉ် ယခင်က ၎င်းကို ဖြတ်သွားခဲ့သည်။

ထိုမြူအလွှာက ကောင်းကင်ရှိ ဝဲဂယက်နောက်တွင် ရှိနေသည်။ တကယ်တော့ ထိုဝဲဂယက်၏ အသွင်အပြင်က မြူခိုးများကြောင့်ဖြစ်သည်။ ထိုနယ်မြေတစ်ခုလုံး၏ ကောင်းကင်ကြီးက မမြင်နိုင်သလို ဖြစ်သွားသည်။ ပို၍တိကျသည်မှာကောင်းကင်ကြီးက ကြီးမားသောအပေါက်ကြီးကို ဖော်ထုတ်ရန် ရွေ့သွားခြင်းဖြစ်သည်။

အဆုံးမရှိသော မြူခိုးများ၏ နောက်ကွယ်တွင် စူးရှတောက်ပသောဟင်းလင်းပြင်ကြီးကိုလည်း စုမင် မြင်ဖူးသည် ။ တစ်စုံတစ်ယောက်က ထိုနေရာတွင်ရပ်ပြီး ယင်မရဏနယ်မြေဆီသို့ မျှော်ကြည့်မည်ဆိုလျှင်၊ အဆုံးမဲ့ မြူခိုးများဖြင့် ပြုလုပ်ထားသည့် လှိုင်းဂယက်များနှင့် ၎င်းအပြင်ဘက်တွင် လည်ပတ်နေသော ဂြိုလ်ကိုးလုံးကို မြင်တွေ့နိုင်မည်ဖြစ်သည်။

ထိုဂြိုလ်ကိုးလုံးက ဝဲဂယက်ကို ခုခံကာကွယ်နေသကဲ့သို့ ဝိုင်းရံထားသည်။ ထိုအချိန်တွင်၊ မရဏပင်လယ်အထက်လေထုတွင် တိထျန်း၏အသံသည် တုန်ခါနေသကဲ့သို့၊ မြင့်မြတ်သောစွမ်းရည်တစ်မျိုးကို အကောင်ထည်ဖော်နေပုံရသည်။ ရုတ်တရက် လည်ပတ်နေသောဂြိုလ်များထဲမှ ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏အရောင်မှာ ခရမ်းရောင်ဖြစ်ပြီး ထိုအချိန်တွင် ဟင်းလင်းပြင်တစ်ခုလုံးကို ခဏတာ လင်းလက်တောက်ပစေခဲ့သည်။

မဖော်ပြနိုင်သော ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုက ခရမ်းရောင်အလင်းတန်းအတွင်းမှ ထွက်ပေါ်လာသည်။ ထိုဂြိုဟ်ကြီးက အလွန်ကြီးမားပြီး ထူးဆန်းသော‌ မှော်စီးယာဉ်အဖြစ်သို့ ပြောင်းလဲသွားသသည်။ထို့ပြင် ခရမ်းရောင်အလင်းက ဟင်းလင်းပြင် တစ်ခုလုံးကို ကျယ်လောင်စွာ ပေါက်ကွဲထွက်စေခဲ့သည်။ ၎င်းက ဝဲဂယက်ဘက်သို့ တည့်တည့်တိုးဝင်ကာ မြူများ လှည့်ပတ်မှုကို အေးခဲသွားစေသည်။ ခရမ်းရောင်အလင်းတိုင်က ကျယ်လောင်သော ပေါက်ကွဲသံများနှင့် မြူခိုးထဲသို့ ချက်ချင်း ပစ်ဝင်ခဲ့သည်။

ဤကဲ့သို့ စွမ်းအားနှင့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိနေခြင်းမျိုးက ဤဟင်းလင်းပြင်ရှိ နေရာများနှင့် လည်ပတ် နေသောတိုက်ကြီးများမှ လူများစွာကို ချက်ချင်း လန့်နိုးစေခဲ့သည်။ သူတို့အားလုံး ထိုရောက်ရှိနေသည့်နေရာကို လှည့်ကြည့်လိုက်ကြသည်။

ယင်မရဏနယ်မြေကို ကျော်လွန်၍ လည်ပတ် နေသော ဂြိုလ်များက အလှဆင်ခြင်းမျှသာ မဟုတ်ကြောင်း ထင်ရှားသည်။ ၎င်းတို့သည် ... ယင်မရဏနယ် မြေကို သတိထားရန် အသုံးပြုခဲ့သောအင်မော်တယ်များ၏ အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။ သူတို့မှာ တာဝန်တစ်ခုသာရှိသည်။ယင်မရဏနယ်မြေမှ ထွက်သွားသူအားလုံးကို သတ်ပစ်ရမည်။

ပျက်စီးနေသော အရိပ်အယောင်များနှင့်အတူ ခရမ်းရောင်အလင်းတန်းက မယုံနိုင်လောက်အောင် အရှိန်အဟုန်ဖြင့် မြူလှိုင်းများကို ဖြတ်ကျော်ကာ တိထျန်း နှင့် စုမင် ၏ စစ်မြေပြင်အထက် ကောင်းကင်မှ ဆင်းသက်လာသည်။ ထို အစွမ်းထက်သော အလင်းရောင်က အဆုံးမဲ့ ပျံ့နှံ့သွားသည်။ တိထျန်း ဆင်းလာသော အကွာအဝေးကို လှမ်းကြည့်လိုက်လျှင် ထိုအလင်းတန်း၏အရွယ်အစားက လီထောင်ပေါင်းများစွာ ကြီးတာကို သူတွေ့လိုက်ရသည်။

တိုတောင်းသောနေရာရွှေ့ခြင်းက လူတစ်ဦးအား လုံးဝပျောက်ကွယ်သွားစေနိုင်သည်ကို သူရှင်းရှင်းလင်းလင်း သိထားသည်။ အကယ်၍ ၎င်းက တာဝေး ပြောင်းရွှေ့ခြင်းဖြစ်လျှင် လူက ပျောက်ကွယ်သွားပုံရသော်လည်း အမှန်မှာ သူ သို့မဟုတ် သူမ၏ ဖြစ်တည်မှု၏ လက္ခဏာများက အနီးအနားတွင် ရှိနေပေလိမ့်မည်။ တိထျန်း ကိုယ်တိုင်က စုမင်ကို သတိမထားမိဘဲ ဖျက်စီးပစ်နိုင်သည်။သို့သော် ... သူ အင်မော်တယ်များ၏မှော်စီးယာဉ်ကို အသက်သွင်းလိုက်သည်နှင့် အားလုံးပြောင်းလဲသွားလိမ့်မည်။

“ကံကြမ္မာ... သေစမ်း..”

တိထျန်းက ခပ်အုပ်အုပ်ဟိန်း ဟောက်‌လိုက်သော်လည်း သူ့အသံက ကောင်းကင်ကနေ ဆင်းသက်လာသောအော်ဟစ်သံများကြောင့် တိမ်မြုပ်သွားခဲ့သည်။ ပေါက်ကွဲသံနှင့်အတူ ထိုခရမ်းရောင်အလင်းတန်းက မရဏပင်လယ်ပေါ်သို့ ကျရောက်သွားသည်။ လီထောင်ပေါင်းများစွာအတွင်းမှ ရေများအားလုံးက ချက်ချင်းပင် အငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။

ပင်လယ်ထဲရှိ သက်ရှိသတ္တဝါအားလုံးလည်း ထိုခဏ၌ပင် သေဆုံးသွားကြသည်။

အလင်းတိုင် ဆင်းလာသောအခါတွင်ပင်လယ်ရေက ပျောက်ကွယ်သွားသည်။ ပင်လယ်အောက်ရှိ တိုက်ကြီးတစ်ခုလုံးက အမှုန့်ဖြစ်သွားသည်။ ဖောက်ထွင်းခံခဲ့ရသည်…

ဤသည်မှာ လောကကြီးကို ဖျက်ဆီးရန် စွမ်းအားပင် ဖြစ်သည်။

All Chapters