ရုပ်ဆိုးလေး
Vol. 43 Ch. 593
ပင်လယ်ရေကလီထောင်ပေါင်းများစွာခမ်း ခြောက်သွားပြီး ပင်လယ်အောက်ခြေရှိ ထောင်ပေါင်းများစွာသော လယ်မြေများသည် အမှုန့်ဖြစ်သွားသည်။ မရဏ ပင်လယ်အတွင်း ဧရာမတွင်းကြီးတစ်ခု ပေါ်လာသည်။ တွင်းတစ်ဝိုက်ရှိ ပင်လယ်ရေက ခရမ်းရောင်အလင်းတန်းများ ကျရောက်ထားသောကြောင့် မည်သူမျှ နီးနီးကပ်ကပ် မနေရဲပေ။ ထို့ကြောင့် ဤတွင်းက အချိန်အကြာကြီး တည်ရှိနေခဲ့သည်။
တိတ်တိတ်ဆိတ်ဆိတ် လေထဲ၌ ရပ်နေချိန်တွင် တိထျန်း ၏ ဆံပင်များက ရှုပ်ပွနေသည်။ သူ့ရှေ့က အရိုးပ လွေက ပျောက်ကွယ်သွားပြီး စုမင်လည်း ပါသွားသည် ။
ခဏအကြာတွင် တိထျန်းက ခေါင်းကို မော့လိုက်ပြီး ရက်စက်သော အမူအရာဖြင့် မျက်နှာကို ရှံ့မဲ့ပြလိုက်သည်။သူ့မျက်နှာတွင် ဒေါသမီးများက တဟုန်းဟုန်းတောက်လောင်နေပြီး ကောင်းကင်ကို လောင်ကျွမ်းစေနိုင်လောက်အောင်ဖြစ်ပေါ်စေသည်။ ကောင်းကင်ဆီသို့ ဟိန်းဟောက်သံထွက်လာကာ အစွမ်းထက်လှသည့် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေနိုင်သည်။
ထိုဟောက်သံက လေထုထဲတွင် ပဲ့တင်ထပ်ကာ နေရာအရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ကံကြမ္မာ၏ကောင်းကင်ဘုံပြစ်ဒဏ်က လီထောင်ပေါင်းများစွာကွာဝေးသော စက်ဝန်း နယ်မြေရှိ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။သို့သော် စုမင်၏ ခြေရာကို ရှာမတွေ့ခဲ့ပေ။ ကောင်းကင်ဘုံပြစ်ဒါဏ်စွမ်းအားက စုမင်ကို ထိခိုက်ခဲ့ကြောင်း တိထျန်းက ခံစားသိရှိနိုင်ခဲ့သော်လည်း သူ မသေခဲ့ပေ။
သတ်ဖြတ်လိုစိတ်နှင့်ရူးသွပ်မှုပြင်းထန် တောက်လောင်နေသောတိထျန်းက သူ၏ နတ်ဘုရားအာရုံကို ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကျော်ကာ လွှမ်းခြုံထားသော်လည်း စုမင်ကို မတွေ့နိုင်ပေ။
သူက တိထျန်း၏မျက်စိရှေ့မှ နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့ပြီး သူ့ကို မတွေ့နိုင်တော့ပေ။...
တိထျန်းက သူ၏ကိုယ်ပွားကို ဤနေရာသို့ စေလွှတ်ခဲ့သော်လည်း အဆုံးတွင် ရလဒ်မှာ အတူတူပင်။ ကံကြမ္မာ၏နိုးထမှုသည် အထူးသဖြင့် တိထျန်း၏နှလုံးကို တုန်လှုပ်စေခဲ့သည်။ ခရမ်းရောင်အလင်းများ ပျောက်ကွယ်သွားသည်နှင့် တွင်းထဲသို့ ပင်လယ်ရေများ တစ်ဖန်ပြန်ပြည့်လာသည်အထိ သူက လေထဲတွင် ရပ်နေခဲ့သည်။ မရဏပင်လယ်တစ်ခုလုံး ရေများပြန်ပြည့်လာသည်။
‘မင်း ထာဝရ ပုန်းနေနိုင်တယ်ဆိုတာ ငါ မယုံဘူး.. ဒီရက်ပိုင်းထဲ မင်းကိုငါသေချာပေါက်ပြန်တွေ့မှာပါ.. နောက်တစ်ခါ မင်းကိုတွေ့ရင် ငါကတိတည်မယ်… မင်းရဲ့မှတ်ဉာဏ်ကို ဖျောက်ပစ်မယ်...”
တိထျန်းက မျက်လုံးမှိတ်ထားသော်လည်း သူ့မျက်နှာက မည်းမှောင်နေလေသည်။ထို့နောက် အဝေးက ကောင်းကင်ဆီ ခြေတစ်လှမ်းလှမ်းပြီး ပျောက်ကွယ်သွားလေသည်။
....................….................
ကောင်းကင်က အပြာရောင်ရှိပြီး နေရောင်က ထွန်းလင်းစွာ တောက်ပနေပြီး အထူးသဖြင့် မွန်းတည့်ချိန်နီးနေပြီ။ နေရောင်ခြည်က လူ၏အရေပြားပေါ်သို့ကျရောက်သောအခါ နွေးထွေးမှုခံစားရပြီး လူများကို ချွေးထွက်စေသည်။ လေကြောင့် အပူဒဏ်က သိပ်မရှိတော့ပေ။
ချစ်စရာကောင်းသောကျီဟွာပန်းများ၏ မွှေးရနံ့ကို ဘယ်လိုလေပြင်းတွေမှ လွင့်မသွားစေနိုင်ပေ။ ၎င်းက မွေးရာဌာန၌သာ ရစ်ပတ်ကာ ဆက်လက် မွှေးပျံ့နေလေသည်။(ကျီဟွာ - သစ်ခွအနွယ်ဝင်ပန်းတစ်မျိုး)
မလှမ်းမကမ်းရှိ သစ်ပင်များကြားကနေ ရယ်မောသံများ ထွက်ပေါ်လာပြီး ပြန့်ကျဲနေသော အိမ်တချို့ကို ထိုလမ်းကြောင်းမှာ တွေ့နိုင်လေသည်။
ထိုနေရာမှာ မိသားစု တစ်ရာလောက်ရှိသည်။ ထိုအခိုက်တွင် မီးခိုးငွေ့များ လေထဲတွင် တက်လာသည်ကို မြင်တွေ့ရပြီး ကျီဟွာပန်း ၏ ရနံ့များကြားတွင် ထိုနေရာက ကောင်းကင်ဘုံတစ်ခုလို ဖြစ်နေသည်။
ထိုဒေသတွင် တောင်များစွာရှိသောကြောင့် အပြင်လောကမှ ခွဲထွက်ကာ သီးသီးသန့်သန့်ရှိနေလေသည်။ ရွေ့လျားနေသော လူများစွာကို မမြင်နိုင်ဘဲ အိမ်များဆီသို့ ဦးတည်သည့် တစ်ခုတည်းသော လမ်းကြောင်းပေါ်တွင် ရထားလှည်းရာများကို တွေ့နိုင်သည်။
မကြာသေးမီက မိုးရွာသောကြောင့် ဖြစ်နိုင်သည်။ နေရောင်တောက်ပနေသော်လည်း မြေပြင်က ရွှံ့များဖြင့် ပြည့်နေသေးသည်။ လမ်းပေါ်တွင် လျှောက်သွားသူများသည် ရွှံ့များပေါ်တွင် ခြေလျင်လျှောက်ရင်း တပွက်ပွက်မြည်သံများထွက်ပေါ်လာပါသည်။ လမ်းလျှောက်ခြင်းအတွက် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ဖန်တီးပေးသည်ကို တွေ့ရမည်ဖြစ်ပါသည်။
ထိုအချိန်တွင် ကျီဟွာတောအုပ်ထဲတွင် ဖာထေးထားသောအဝတ်ကို ၀တ်ဆင်ထားသော ဆယ်ကျော်သက်တစ်ဦးရှိသည်။ သစ်ပင်တစ်ပင်ကို မှီ၍ သစ်ရွက်ခြောက်များပေါ်၌ ထိုင်ကာ တိမ်မြုပ်နေသော ကောင်းကင်ကို မော့ကြည့်ရင်း သူ့အတွေးထဲတွင် နှစ်မြုပ်နေ၏။
သူမျက်နှာမှာ ခပ်ဖျော့ဖျော့ဖြစ်နေသော် လည်း ဤဖျော့ဖျော့မျက်နှာက သူ့ကို မယုံနိုင်လောက်အောင် ကြော့ရှင်းပြီး ချောမောစေသည်။ သူက အသက် ဆယ့်နှစ်နှစ်မှ ဆယ့်သုံးနှစ်ခန့်သာ ရှိသေးပြီး ဖာထေးထားသော အ၀တ်အစားများက သူ့ကို မြင်သည့်အချိန်ကပင် အခြားသူများကို ချစ်ခင်လာစေမည့် သူ၏ စိတ်နေစိတ်ထားကို မဖုံးကွယ်နိုင်ပေ။
သို့သော် သူ့ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် နွမ်းနယ်နေပုံရသည်။ သို့သော် ကျီဟွာသစ်ပင်ကို မှီ၍ ကောင်းကင်ကို မော့ကြည့်ရင်း သူ့မျက်လုံးများက အလွန်အသက်ဝင်နေလေသည်။
သူသည် ကောင်းကင်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူ့လက်ထဲတွင် မြက်ပင်အချို့ရှိ၍ ၎င်းတို့ကို ဆော့ကစား နေလေသည်။ ၎င်းတို့သည် လူသေးသေးလေး၏ ပုံသဏ္ဍာန်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ထိုအရာအားလုံးက အလိုလိုဖြစ်သွားခြင်းပင်။ သူက ကောင်းကင်ကိုကြည့်နေသော်လည်း သူကြည့် နေသည့်အရာကိုမည်သူမှ မသိပေ။ ကောင်းကင်ပြာဖြစ်နိုင်သလို တိမ်ဖြူတွေလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။။ သူ့ကလွဲ၍ မည်သူမှ သိမှာမဟုတ်ပေ။
အချိန်အတော်ကြာပြီးနောက် တောအုပ်အတွင်း ခြေသံများ ဖြတ်သွားကာ သူတို့နှင့်အတူ ကလေးတစ်ဦး၏ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်လေးရဲ့ နားထဲကို ပြုတ်ကျသွားတယ်။
“ခွေးရုပ်ဆိုးကြီး...မေမေက အိမ်ပြန်လာခဲ့တော့တဲ့...”
ထိုအသံက ကလေးမလေး၏ အသံပင်။ မာယာများပြည့်နှက်နေသည့်လောကကြီးထဲတွင် အရောင်ဆိုးခြင်းမခံရသေးသော သူမ၏ ရှင်းလင်းပြတ်သားသော အသံအတွင်းတွင် အပြစ်ကင်းစင်ခြင်း ရှိနေပါသည်။ သူမက ကလေးဆန်ပြီး အပြစ်ကင်းသော အိမ်မက်များကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
သူမက အသက် ရှစ်နှစ်မှ ကိုးနှစ်ကြား ကလေးမလေးဖြစ်ပြီး ဖာထေးထားသော အဝတ်အစားများကို ၀တ်ဆင်ထားသည်။ သူ့ခေါင်းဘေးမှာ ကျစ်ဆံမြီးနှစ်ချောင်းပါလေသည်။ သူ့မျက်နှာမှာ မွေးရာပါ အမှတ်အသားတစ်ခုရှိနေသော်လည်း သူ့မျက်လုံးတွေက တောက်ပနေလေသည်။ တစ်ယောက်ယောက်က ထိုမွေးရာပါ အမှတ်အသားကို ဖယ်ကြည့်လိုက်လျှင် သူမက တကယ့်ကို ချစ်စရာကောင်းသောကလေးတစ်ယောက်ဖြစ်ကြောင်း သိရလိမ့်မည်။
ကောင်လေးက ကောင်မလေး၏အသံကိုကြားသော် ကောင်းကင်ကနေ သူ့အကြည့်များကို ဖယ်လိုက်ပြီး သူ့မျက်နှာမှာ နှစ်လိုဖွယ် အပြုံးတစ်ခု ပေါ်လာသည်။ သူက တည့်တည့်မတ်မတ်ထိုင်ကာ သူ့ဆီသို့ ပြေးလာနေသော ကောင်မလေးဆီသို့ လှမ်းကြည့်လိုက်သည်။
“ဖြည်းဖြည်းလာ...မြေကြီးမှာ ဗွက်တွေနဲ့..”
ကောင်လေးက တိုးတိုးလေးပြောပြီး လမ်းလျှောက်သွားသည်။ ကောင်မလေးကိုကြည့်ရင်း သူ့မျက်လုံးထဲတွင် စူးရှသောအကြည့်တစ်ခုရှိသည်။
“ရုပ်ဆိုးကိုကို.. မေမေ ဒီနေ့ အစာကောင်းကောင်း လုပ်ကျွေးတယ်.. ညီမလေးကြိုက်တဲ့ ဆေးမြစ်တွေနဲ့လုပ်ကျွေးတာ..”
ကောင်မလေးက ကောင်လေးအနားကို ပြေးလာရင်း ပြုံးပြုံးလေးပြောလိုက်သည်။ သူ့လက်သေးသေးလေးမှရွှံ့များကို သ ကောင်လေး၏အဝတ်ပေါ်သို့ သုတ်လိုက်သည်။
ကောင်လေးက ကောင်မလေး၏ ခေါင်းကို ပုတ်ပြီး ပြုံးပြကာ လက်ကို ကိုင်လိုက်သည်။
“အစ်ကိုကြီး...မင်းဘာလို့ဒီကိုအမြဲလာတာလဲ ...ကျီဟွာသစ်ပင်တွေကလွဲလို့ ဒီမှာ ဘာမှမရှိဘူး”
ရုပ်ဆိုးပေါက်စ ဟုခေါ်သော မိန်းကလေးကကောင်လေး၏လက်ကို ကိုင်ထားပြီး စူးစမ်းလိုစိတ်ဖြင့် မျက်တောင်ကို တဖျပ်ဖျပ်ခတ်နေလေသည်။
ကောင်လေးက ပြုံးပြီး စကားမပြောပေ။ သူက ဘေးကို တစ်ချက် ခေါင်းမော့ကြည့်လိုက်သည်။
တောထဲမှ ထွက်လာသောအခါတွင် ထို ရှုံ့မဲ့နေသော အကြည့်က ကောင်လေး၏ မျက်လုံးထဲတွင် သူ့အလိုလို နစ်မြုပ်သွားပြီး မတွေ့နိုင်တော့ပေ။ မူလက ကြည်လင်နေသော ကောင်းကင်ကြီး အထက်တွင် တိမ်မည်းနက်များက လျင်မြန်စွာပေါ်လာသည်။ သူ့ပတ်ဝန်းကျင်ရှိ လေထုက သူ့စိတ်နှလုံးအတွင်းမှ သူထုတ်လွှတ်လိုက်သော သက်ပြင်းကို အာရုံခံစားနိုင်ပေမည်။
တောအုပ်လေးက အိမ်များနှင့် သိပ်မဝေးပေ။ ထိုနေရာကို ရောက်ရန် အချိန်အနည်းငယ်သာ လိုသည်။ ဆေးဖက်ဝင်အပင်ကို စားရန် အလျင်လိုနေသော ကောင်မလေးက သူ့လက်ကိုဆွဲကာ ကောင်လေးနှင့်အတူ အိမ်ဆီသို့ ပြေးသွားလေသည်။
အပြန်လမ်းတွင် အချင်းချင်း ဆော့ကစားနေကြသော အသက်အရွယ်ကြီးရင့်သော ကလေးအချို့ကို ပြေးမြင်မိကြသည်။ ညီအကို မောင်နှမများကို တွေ့လိုက်သည်နှင့် ကလေးအချို့က သူတို့အား ရယ်မောလိုက်ကြသည်။
“ရုပ်ဆိုးကောင်.. မင်းအမေ ဒီနေ့ ဘာလုပ်ကျွေးလဲ...”
“ ရုပ်ဆိုးကောင်..မင်းရဲ့မိဘတွေက အဝတ်အစားအပြဲတွေဝတ်ပြီးလျှောက်မသွားရဘူးလို့ မမှာဘူးလား...”
ကောင်လေးဧ။်လက်ကို ကိုင်ထားသော မိန်းကလေးက ခေါင်းကို ငုံ့ထားပြီး သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းလာသည်။ သို့သော် သူမ ခေါင်းငုံ့ထားဆဲပင်။ သူမက ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားပြီး သိပ်မဝေးလှသော သာမန်အိမ်သို့ ပြန်သွားချင်သည်။ ထိုနေရာက သူ့မအိမ်ပင်။
ဤနေရာလူများက တစ်ယောက်နှင့်တစ်ယောက်အမျိုးဆက်နွယ်ခြင်းမရှိဘဲ လူတစ်စု သက်သက်စီသာဖြစ်သည်။ထို့ကြောင့်၊ ဤနေရာကို ရွာဟုသာ ခေါ်နိုင်သည်။
ကလေးမလေးအား ပုတ်ခတ်ပုတ်ခတ် ကဲ့ရဲ့သံများကို ကောင်လေးက နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ကောင်မလေးက သူ့လက်ကို အသေဆုပ်ကိုင်ထားပြီး လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားကာ သူမ၏ မျက်နှာပေါ်တွင် သနားစရာ အကြည့်များ ရှိနေသည်။ ကောင်လေးက သူ့ရင်ထဲမှာ တစ်ဖန် သက်ပြင်းချမိသွားသည် ။ သူမနောက်သို့ တိတ်တဆိတ်သာလိုက်နိုင်ခဲ့သည်။
“ငါတို့ပြန်လာပြီ ဖေဖေ မေမေ၊ အစ်ကိုကြီးကို ပြန်ခေါ်လာပြီ.. အခုစားလို့ရပြီ..”
ကလေးမလေးက ဝမ်းသာအားရ ပြုံးပြီး အိမ်တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ပြေးဝင်လာခဲ့သည်။
ကောင်လေးက သူ့နောက်က အိမ်ထဲကို ဝင်သွား လေသည်။ ထိုအရာက ရွှံ့နှင့်လုပ်ထား သောအိမ်ပင်။ ကြီးကြီးမားမားမဟုတ်ပဲ အခန်းနှစ်ခန်းသာ ရှိသည်။ သူဝင်လာသော် အခန်းထဲက ချောင်းဆိုးသံကြားရ လေသည်။
“ ခွေးရုပ်ဆိုးလေး.. ကျီဟွာပန်းကို နောက်တစ်ခေါက် သွားကြည့်ကြသေးလား.. လအနည်းငယ်ကြာရင် ပန်းတွေတုံးသွားတော့မှာမလို့.. လိုက်ကြည့်သင့်တယ်...”
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အခြားအခန်းမှ ထွက်လာခဲ့သည်။ ကောင်လေးနှင့် စကားပြောနေ လေသည်။
ထိုလူ၏ မျက်နှာက ရှေးလေထုနှင့် ပြည့်နှက်နေသည်။ သူ့အဝတ်အစားက ရိုးရိုးရှင်းရှင်းနဲ့ မျက်နှာက ရိုးသား လေသည်။ သူ ထွက်သွားသောအခါ ကောင်လေးဆီသို့ လှမ်းကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခု ပေါ်လာသည်။ သူက အရပ်မရှည်သလို သန်သန်မာမာလည်း မဟုတ်ပေ။ သူ၏လက်များကသာ အခြားသူများကို ထူးခြားသော ခံစားမှုမျိုးကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထိုလက်များက အမာရွတ်များ ပြည့်နှက်နေပြီး အထူးသဖြင့် သူ့လက်ချောင်းနေရာများစွာကို ဖုံးအုပ်ထားသည်။
ထိုအချိန်တွင် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုယောက်ျား၏လက်တွင် ဒဏ်ရာအသစ်များဖြစ်ကြောင်း ကောင်လေးက သိနိုင်သည်။
ယောက်ျားနောက်မှာ မိန်းမတစ်ယောက်ရှိတယ်။ သူမ၏ အသားအရေက ကြမ်းတမ်းသော်လည်း သူမ၏ မူလအလှကို မြင်တွေ့နေရဆဲပင်။ သို့သော် အချိန်က သူ့အပေါ် အမှတ်အသားများစွာ ချန်ထားခဲ့ပြီး အမှန်တကယ်ထက် အသက်ပိုကြီးလာစေသည်။ ကောင်လေးကို ပြုံးပြရင်း လက်ထဲမှာ ပန်းကန်လုံးနှစ်လုံး ကိုင်ထားသည်။
“ရုပ်ဆိုးလေးတွေ...မင်းကို နေ့လည်စာစားဖို့ အိမ်ပြန်မခေါ်ခဲ့ရင် မင်းပြန်မလာတော့ဘူး..အပြင်မှာ မှောင်နေမှသာ မင်းပြန်လာမှာ.. မင်း အားနည်းနေသေးလို့အအေးမမိစေနဲ့.. အပြင်မှာ အေးတယ်”
ကောင်လေး၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။ သူက အမျိုးသမီး၏လက်မှ ပန်းကန်လုံးကို ကိုင်ကာ တိုးတိုးလေးပြောလိုက်သည်။
“ဖေဖေ မေမေ ကျွန်တော်နေကောင်းပါတယ်”
“ကောင်းပြီ..နောက်မှ ဒီတောင်ပေါ် ဆေးဖက်ပင်ကို များများစားပါ..ဒီမနက် မင်းရဲ့အဘိုးကျန်းက သူ့မြေးလေးဖို့ မင်းအဖေရဲ့ကောက်ရိုးအရုပ်တချို့နဲ့ လဲလှယ်ပြီး ပေးခဲ့တယ်.. “
အမျိုးသမီးက ချစ်စဖွယ်အကြည့်ဖြင့် စားပွဲတွင်ထိုင်နေသည့် ကောင်လေးနှင့် ကောင်မလေးကို ကြည့်နေသည်။ ခင်ပွန်းသည်နှင့်အတူ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။
ထိုအရာက အရသာရှိသော ဟင်းတစ်ခွက်တော့ မဟုတ်ပါပေ။ သူတို့မှာ ပျော့ပျောင်းပြီး တောင်ပေါ်ဆေးဖက်ဝင်အပင်များနှင့် ချိုမြိန်သော သစ်သီးဖျော်ရည်များလည်းရှိသည်။ ရုပ်ဆိုး ပေါက်လေး၏ ရွှင်မြူးရယ်မောမှုက သာမန်မိသားစုတွင် ပဲ့တင်ထပ်နေလေသည်။ အမျိုးသမီး၏ ချစ်ခြင်းမေတ္တာ၊ လူလတ်ပိုင်းအမျိုးသား၏ နူးညံ့သိမ်မွေ့သောအမူအရာကြောင့် အိမ်က နွေးထွေးသောလေထုကို ပေးစွမ်းသည်။
ကောင်လေးက သူတို့ကိုကြည့်ရင်း သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာသည်။ ထိုအပြုံးက သူ့နှလုံးသား၏ နက်နဲရာကနေ ထွက်လာသည်။ သူက ဤမိသားစုကို ကျေးဇူးတင်ခဲ့ပြီး အထူးသဖြင့် ရုပ်ဆိုးပေါက်စလေးဟုခေါ်သော ဤမိန်းကလေးကို အထူးကျေးဇူးတင် လေသည်။
လွန်ခဲ့တဲ့တစ်နှစ်လောက်က သူ ဤနေရာလေးမှာ နိုးလာခဲ့သည်။သူ့အဖေ ကောက်ရိုးအရုပ်အတွက် သုံးရန် မြက်ပင်မျိုးစုံကို တစ်ယောက်တည်းရှာရန် အပြင်ထွက်ချိန်မှာ ထို ပေါက်စလေးက သူ့ကို တွေ့ရှိခဲ့သည်။ သူမ က သူ့ကို ကျောကုန်းပေါ်တင်ပြီး အိမ်ပြန်ခဲ့ကာ ထိုအချိန်မှစ၍... သူက ဤနေရာတွင် နေထိုင်ခဲ့သည်။
ယခု သူ့တွင် ညီမလေးတစ်ယောက်ရှိနေပြီဖြစ်ပြီး သူမသည် ရုပ်ဆိုးသောကြောင့်ရုပ်ဆိုးပေါက်စလေး ဟုခေါ်သည်။ သို့သော် သူမ၏ ကြင်နာမှု၊ ချစ်စဖွယ် ရယ်မောခြင်း နှင့် တက်ကြွသော မျက်လုံးများက သူ့ကို သတိလစ်နေဆဲ အချိန်ကို အဆက်မပြတ် သတိရစေသည်။
ယခု သူ့တွင် ဖခင်တစ်ယောက်ရှိပြီး ရိုးသားပြီး သဘောကောင်းသူဖြစ်သည်။ သူက သေမျိုးဖြစ်ပြီး ဖျားနာမှုဒဏ်ကို အဆက်မပြတ်ခံနေရစဉ် ဆင်းရဲတွင်းနက်စွာ နေထိုင်ခဲ့ရသည်။ သူလုပ်ခဲ့သော ကောက်ရိုးအရုပ်များက မယုံနိုင်လောက်အောင်ပင် အသက်ဝင်ပြီး ၎င်းတို့သည် ရွာရှိကလေးများအတွက် ကစားစရာများဖြစ်သည်။
ယခုလည်း သူ့မှာ အမေရှိသည်။ သူမက ခင်ပွန်းဖြစ်သူ၊ သူ့သမီး၊ မိသားစုကို ချစ်မြတ်နိုးပြီး အလွန်ကြင်နာပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူကဲ့သို့ အပြင်လူတစ်ဦးကိုလည်း မိခင်မေတ္တာအပြည့်ဖြင့် ရေချိုးပေးခဲ့သည်။
သူကတော့ စုမင် ပင်...
လွန်ခဲ့သည့်တစ်နှစ်က သူက နွေးထွေးမှုအပြည့်ဖြင့် ဤအိမ်တွင် နိုးလာခဲ့သည်။ သူ၏ကနဦးကျင့်ကြံမှုက ပြန့်ကျဲသွားသော်လည်း ပျောက်ကွယ်သွားခြင်းမရှိပေ။ သူ၏ စွမ်းအားကို ပေါက်ကွဲစေပြီးနောက် အကြွင်းအကျန်များကို သူ့ခန္ဓာကိုယ်အတွင်း ဝှက်ထားသည်။ ထိုအချိန်က သူက တိထျန်းကို တိုက်ခိုက်ရာတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အကြွင်းအကျန်များ ပြန်လည်ကောင်းမွန်ရန် အချိန်လိုအပ်သည်။