← Chapters

အရုပ်‌တွေ...

Vol. 43 Ch. 594

အရုပ်‌တွေ...

Vol. 43 Ch. 594

ကံကောင်းထောက်မစွာနဲ့ပဲ စုမင်က လွန်ခဲ့တဲ့တစ်နှစ်လောက်က ရန်ပွဲအတွင်း မြွေငယ်အပါအဝင် သူထုတ်လာသမျှ ပစ္စည်းအားလုံးကို ပြန်ယူနိုင်ခဲ့သည်။ သို့သော်လည်း မြွေငယ်လေးက အိပ်ပျော်နေပြီး ဟန်တောင်တန်းခေါင်းလောင်းကိုလည်း ၎င်း၏ သိုလှောင်အိတ်ထဲတွင် ထည့်ထားခဲ့သည်။ သူတို့အားလုံး ဖြည်းဖြည်းချင်း ပြန်ကောင်းလာရန် အချိန်လိုအပ်သည်။

အကြောင်းတစ်ခုခုကြောင့် သူ့အသွင်အပြင်က အရွယ်ရောက်ပြီးသူအဖြစ်သို့ ပြန်မရောက်ခဲ့ပေ။ သူက ကံကြမ္မာ၏ ဆယ်ကျော်သက်ပုံစံတွင် ရှိနေခဲ့သည်။ သူ့အဖေက သူ့ဆံပင်ကြောင့် အခြားသူများက သူ့ကို မကြိုဆိုမှာကို စိုးရိမ်သောကြောင့် စုမင် ဆံပင်အတွက် ဆေးဆိုးရန် မြက်ရည်ကို အသုံးပြုခဲ့သည်။ယခုဆို မည်းနက်နေပြီ။

ပြီးခဲ့သောနှစ်တွင် သူခံစားခဲ့ရသော နွေးထွေးမှုက စုမင် မမေ့နိုင်သော အရာတစ်ခုဖြစ်သည်။ သူ့ဘဝတွင် နွေးထွေးသော အမှတ်တရတစ်ခု ဖြစ်လာခဲ့သည်။ သူက ဤနေရာကို ချစ်သည်၊ ရုပ်ဆိုးပေါက်စလေးဟုခေါ်သော သူ့ညီမလေးကို ချစ်သည်၊ ကောက်ရိုးအရုပ်လုပ်သော သူ့အဖေကို ချစ်သည်၊ နူးညံ့သော မိခင်ကို ချစ်သည်။

သို့ပေမယ့် သူ့မှာ ပိုအရေးကြီးတာတွေ လုပ်စရာရှိသည်။ သူက သူ၏ဆရာကြီးနှင့် သူ၏စီနီယာညီအကိုများကို ရှာဖွေနေရမည်။ သူ့ကိုယ်သူ သန်မာအောင် လုပ်ရမည်။၊ ထိုမှသာလျှင် နောင်အနာဂတ်မှာတိထျန်းဧ။်ကပ်ဆိုးကြီးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်မည်ဖြစ်သည်။

ဤ‌ေနရာမှာ သူ အကြာကြီးနေလို့မရပေ။ သူ နေမယ်ဆိုလျှင် တိထျန်း အချိန်မရွေးရောက်လာနိုင်တာကြောင့် ဤမိသားစုကို သေစေနိုင်သည်။

နှစ်တစ်နှစ်က အေးအေးချမ်းချမ်း ကုန်ဆုံးသွားသော်လည်း စုမင်က ဤနွေးထွေးမှုကို ထာဝရ မခံစားနိုင်ပေ။

ထိုတောင်ပေါ်‌ ဆေးဖက်ဝင်အပင်ကို စားရင်း သူ့ညီမနှင့် သူ့မိဘများကို ကြည့်လိုက်သော် အတိတ်က အကြိမ်ပေါင်းများစွာ ပေါ်လာခဲ့သော အတွေးတစ်ခု သူ့ခေါင်းထဲတွင် ပွင့်သွားသည်- တစ်နေ့တွင် သူ့ဆရာကြီးနှင့် သူ့စီနီယာအကိုများကို တွေ့နိုင်ရမည်။ အကယ်၍ သူတို့သည် လုံခြုံနေပါက၊ ပြဿနာအားလုံး ပျောက်ကွယ်သွားပါက အနာဂတ်ကို ရှာဖွေခြင်းကို ရပ်တန့်နိုင်မည်ဖြစ်သည်။ ထိုနေရာ တည်ရှိနေသရွေ့ သူပြန်လာနိုင်သရွေ့ ဒီနွေးထွေးမှုဆီကို ပြန်သွားပြီး သူ့၏ သေမျိုး မိဘများနှင့် တစ်သက်လုံး နေနိူင်မည်ဖြစ်သည်။ သူ့ညီမငယ်နဲ့လည်း တစ်သက်လုံး အတူရှိနေမှာဖြစ်သလို အရွယ်ရောက်ပြီးသူဖြစ်၊ အိမ်ထောင်ပြု၊ သားသမီး၊ မြေးတွေ ထွန်းကားလာတာကို ကြည့်ရမည် ဖြစ်သည်။

ဤသည်မှာ လှပသောဘဝတစ်ခုဖြစ်ပြီး စုမင်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

“အကိုကြီး...အကိုကြီး.. ဘာလို့ပြုံးနေတာလဲ”

ရုပ်ဆိုးပေါက်စလေးက တောင်ပေါ်ရှိ ဆေးဖက်ဝင်အပင်များကို မျိုချလိုက်ပြီး စုမင်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများ တောက်ပလာပြီး လှပသော မြင်ကွင်းတစ်ခုဖြစ်သည်။

ခွေးရုပ်ဆိုးလေးက စုမင်ကို ဤမိသားစုမှပေးသော နာမည်ဖြစ်သည်။ ထိုအချိန်တွင် သူသည် ဒဏ်ရာပြင်းထန်စွာရပြီး အချိန်မရွေးသေသွားသကဲ့သို့ နေ့တိုင်း အိပ်ရာပေါ်တွင် လှဲနေရသည်။

မိခင်၏မွေးရပ်မြေတွင် ကလေးတစ်ဦးဖျားနာပါက မိဘများက သူ့ကို အိမ်မွေးတိရစ္ဆာန်အမည်ပေးလေ့ရှိသည်။ နာမည်က နားကန့်လန့်ဖြစ်သော်လည်း မိသားစု၏ နူးညံ့သိမ်မွေ့မှုနဲ့ မိသားစုမေတ္တာ ပါဝင်သည်။ ထိုအချိန်မှစ၍ ကလေးကျန်းမာလာစေရန် ရည်ရွယ်ချက်ရှိရှိ အမည်နာမကို ပေးစေခဲ့သည်။

“ခွေးရုပ််ဆိုး..‌ ခွေးမစားတဲ့စားကျန်တွေ… ခွေးတွေတောင် မစားချင်ကြဘူး..”

ထိုအယူအဆကြောင့် နတ်ဆိုးများပင်လျှင် ကလေး၏ဝိညာဉ်ကို မယူသွားနိုင်ကြပေ။

စုမင်က ရုပ်ဆိုးပေါက်စလေး၏ ဆံပင်ကို ပွတ်သပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“မင်းကြီးလာရင် တခြားတစ်ယောက်နဲ့ လက်ထပ်တဲ့အခါ မင်းအတွက် ဘယ်လို ခန်းဝင်ပစ္စည်းတွေ ပြင်ဆင်ရမလဲ စဉ်းစားနေတယ်”

“ဟမ် နင်က ငါ့ထက် နှစ်အနည်းငယ်ပဲ အသက်ကြီးတယ်၊ ဘာလို့ အဘိုးကြီးလို အမြဲပြောနေတာလဲ..နင် လက်ထပ်ရင် ငါလည်း ငါ့‌ ယောင်းမအတွက် ဘယ်လို ပြင်ဆင်ရမလဲလို့ တွေးနေတာ...”

ရုပ်ဆိုး ပေါက်စလေးက သူမ၏နှာခေါင်းကို တရှုံ့ရှုံ့လုပ်ကာ စုမင်၏ လေသံကို တုပလိုက်သည်။

သူမ၏မိဘများက သားသမီးများကိုကြည့်ကာ နှစ်ယောက်စလုံး၏ မျက်လုံးများတွင် အပြုံးများ၊နွေးထွေးမှုတို့ ‌နေရာယူထားလေသည်။

မိသားစုတစ်ခု၏ နွေးထွေးမှုဆိုတာ ရာသီဥတုက ဘယ်လောက်ပဲအေးနေပါစေ နွေးထွေးသွားစေမည့် အရာတစ်ခု၊ လောကကြီး၏ အပူဒဏ်ကို ပျောက်ကွယ်သွားစေနိုင်မည့်အရာ၊ မိုး ၏အေးစက်မှုကို တွန်းလှန်ပေးသော အချစ်တစ်ခုပင်။ ကောင်းကင်မှာ ပြည့်လျှံနေသော တိမ်မည်းများတောင် အိမ်ထဲကို မဝင်နိုင်ပေ။

ယခုက နေ့လည်ဖြစ်နေပြီ။ ကောင်းကင်ကြီးသည် မှောင်နေပြီး မိုးသည်းထန်စွာရွာသွန်းနေသည့်အသံသည် အချိန်ကြာမြင့်စွာကြားရသူအားလုံးကို ငိုက်မျဉ်းသွားစေရန် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးပါဝင်နေပုံရသည်။

ရုပ်ဆိုးပေါက်စကို ဤနည်းက အတိအကျ သက်ရောက်မှုရှိသည်။ သူမသည် မပြည့်မချင်း စားသောက်ပြီး ဗိုက်လေးကို ပွတ်သပ်ကာ မိဘများနှင့် အစ်ကိုကြီးများကို တောက်ပစွာ ပြုံးပြလိုက်သည်။ စကားစမြည်ပြောရင်း တဖြည်းဖြည်း ခေါင်းညိတ်လာသည်။ နောက်ဆုံးတွင် သူမ၏ ခန္ဓာကိုယ်က စုမင်၏ ရင်ခွင်ထဲသို့ ကျရောက်သွားပြီး သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးချိုချိုဖြင့် အိပ်ပျော်သွားခဲ့သည်။

စုမင် သူ့ညီမငယ်ကို နူးညံ့သော အကြည့်ဖြင့် သူ့ရင်ခွင်ထဲတွင် ကြည့်နေသည် ။ ပေါ့ပေါ့ပါးပါး ပွေ့လိုက်ပြီး အခန်းထဲက ကုတင်သေးသေးလေးဆီ ခေါ်သွားလိုက်တယ်။ သူမကို စောင်တစ်ထည်နဲ့ ခြုံပြီး အိပ်ပျော်နေသော ရုပ်ဆိုးလေးနဲ့ သူမ၏ မျက်နှာပေါ်က ထူးခြားသော မွေးရာပါ အမှတ်အသားကို ကြည့်လိုက်သည်။ သူမ ကြီးပြင်းလာသည်နှင့်အမျှ လှောင်ပြောင် နှောင့်ယှက်ခံရသည့် အကြိမ်အရေအတွက်ကို ပြောပြရန်မှာ မခက်ပေ။

သို့ပေမယ့် သူမဟာ အလွန်ဉာဏ်ကောင်းသော ကလေးတစ်ယောက်ပင်။ သူနှင့်ဘယ်သူမှမကစားလျှင်တောင် သူတစ်‌ေယာက်တည်းကစားနေလေသည်။ အပြင်မှာ အနိုင်ကျင့်ခံရလျှင်တောင် အိမ်အပြန်လမ်းမှာ မျက်ရည်များသုတ်ပြီး မိဘတွေစိတ်မပူအောင် ပြုံးပြသည်။

သူမက ကြင်နာတတ်ပြီး သူမအား လှောင်ပြောင် နှောင့်ယှက်သော အဖော်များကို မုန်းတီးခြင်းမရှိပေ။ သူမက သူတို့ကို သဘောကျပြီး သူတို့ကို ကူညီပေးကာ သူမကို ထပ်ခါတလဲလဲ နာကျင်စေသောအခါတွင် စိတ်ပျက်လက်ပျက် ထွက်ပြေးရန်ပင် ရွေးချယ်ခဲ့သည်။

“အစ်ကိုကြီး…”

ရုပ်ဆိုးပေါက်စလေးက သူမ၏ အိပ်ယာထဲတွင် တိုးညှင်းစွာ ညည်းတွားရင်း အိပ်မက်ထဲတွင် စုမင်နှင့် ကစားနေသကဲ့သို့ သူမ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ ချစ်စရာကောင်းလာသည်။ ဒါဟာ မိဘတွေနဲ့ အတူရှိနေခြင်းအပြင် သူမရဲ့ နှလုံးသားထဲမှာ အပျော်ရွှင်ဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။

စုမင်က ရုပ်ဆိုးပေါက်စလေးကို ကြည့်ပြီး သူမ ကျောကို ညင်သာစွာ ပုတ်လိုက်ကာ သူမ အပြည့်အဝ အိပ်ပျော်သွားကြောင်း သေချာသည်နှင့် အခန်းပြင်မှ ထွက်လာပြီး ပိုပိုသည်းလာသော မိုးရေများကို ကြည့်လိုက်သည် ။ ကောင်းကင်မှာ လျှပ်စီးတွေ တဖွဲဖွဲကျလာသည့်အခါ မိုးခြိမ်းသံများက တအုန်းအုန်းနဲ့ ထွက် ပေါ်လာသည်။ ရုပ်ဆိုးပေါက်စလေး ၏ ဖခင်က တံစက်မြိတ်အောက်တွင် ဆောင့်ကြောင့်ထိုင်ကာ မြက်ပင်များကို တညီတညွတ်တည်း ယက်(ရက်)နေလေလေ၏။

ရုပ်ဆိုး ပေါက်စလေး၏ အမေက ပန်းကန်များကို သိမ်းပေးနေ လေသည်။ စုမင်အခန်းထဲပြန်ဝင်လာပြီးတာနဲ့ သူမ သူ့ကို ကြင်နာစွာ ပြုံးပြလိုက်သည်။

“ညီမလေး အိပ်ပျော်သွားပြီလား”

စုမင်က ခေါင်းညိတ်ပြီး ပန်းကန်များကို သိမ်းပေးလိုက်သည်။

“အိုး... မလိုပါဘူး.. သွားအိပ်လိုက်နော်.. မိုးက တစ်ညလုံး မိုးရွာနေနိုင်တယ်”

“ရတယ် မေမေ..ကျွန်တော် မပင်ပန်းပါဘူး”

စုမင်က ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

အမျိုးသမီးက သူ့ကိုကြည့်ကာ နှလုံးသားထဲတွင် သက်ပြင်းချလိုက်သည်။ သူ့သမီးက လွန်ခဲ့တဲ့တစ်နှစ်လောက်က ကောင်လေးကို ပြန်သယ်လာသည့်အခါ ထိုသို့ချောမောလှပသော ကလေးလေးကို ဘယ်မိဘက စွန့်လွှတ်နိုင်မှာလဲဟု တွေးမိသည်။

ပြီးခဲ့သောနှစ်များအတွင်းတွင် စုမင်၏ လုံ့လဝီရိယနှင့် တွယ်တာမှုတို့ကို ကြည့်ရှုသောအခါတွင် သူ့အား သူ့သားကဲ့သို့ ဆက်ဆံစေခဲ့သည်။

အပြင်မှာ မိုးက ပိုပိုသည်းလာပြီး မိုးရေက ကောင်းကင်နှင့် မြေကြီးတွင် အဆက်အပြတ်‌နေရာယူထားလေသည်။ ရုပ်ဆိုးပေါက်းလေးက မိုးခြိမ်းသံကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူ့အမေက သူ့ဆီ အမြန်သွားပြီး နှစ်သိမ့်ပေးခဲ့သည်။ ပွတ်သပ်‌ ချော့မြူးမှုနှင့်အတူ၊ ရုပ်ဆိုးလေးက တဖြည်းဖြည်း အိပ်ပျော်သွားပြန်သည်။

စုမင်က သက်လတ်ပိုင်းလူလတ်ပိုင်းဆီသို့ တိတ်တိတ်ဆိတ်ဆိတ် လျှောက်လာပြီး သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ အပြင်ဘက် မိုးရွာတာကို ကြည့်လိုက်သော် သူ့မျက်နှာမှာ အေးစက်သွားသလို ခံစားလိုက်ရသည်။ အချိန်အတော်ကြာပြီးနောက် ခေါင်းကိုလှည့်ကာ လွန်ခဲ့သည့်တစ်နှစ်က သူ့အဖေဖြစ်ခဲ့သည့် ထိုလူကို ကြည့်လိုက်သည်။ သူက သူ့အလုပ်ထဲတွင် လုံးလုံးလျားလျား ဈာန်ဝင်သွားပြီး စုမင် သူ့အနားတွင် ရှိနေသည်ကို သူ မသိလိုက်သလိုပင်။ သူ့လက်ထဲမှာရှိသော မြက်ပင်က အသက်ပြန်ရှင်လာပုံရပြီး သူ့လက်ထဲမှာ ဆက်ပြီး ယက်ပေးရင်း အရုပ်လေးတစ်ရုပ်လို ဖြစ်လာပါတော့သည်။

ကွဲပြားသော အရောင်အသွေးရှိသော မြက်ပင်များကို အရုပ်ထဲသို့ ထည့်ထားသောကြောင့် ၎င်းကို အသက်ဝင်စေခဲ့သည်။ သို့သော် မြက်အများစုက ချွန်ထက်သော အစွန်းများရှိသည်။ သာမန်အားဖြင့်တော့ ဘာမှမဟုတ်သော်လည်း လူလတ်ပိုင်းလူ၏ အာရုံစူးစိုက်မှုနဲ့ လုပ်ရပ်များက မြက်ပင်တွေရှသည့် နာကျင်မှုကို လျစ်လျူရှုလိုက်သည်။

အမာရွတ်ရှိသော လက်များက အရုပ်များကို ဖန်တီးသော အမှတ်အသားပင်။

စုမင်က စိတ်ဝင်တစား ကြည့်နေလေသည် ။ ထိုအချိန်တွင် ရုပ်ဆိုး ပေါက်စလေး၏ဖခင်က သူနားမလည်သည့်တည်ရှိမှုတစ်ခုကို ပေးစွမ်းလိုက်သည်။ သူက သေမျိုးဖြစ်သော်လည်း သူဖန်တီးခဲ့သော အရုပ်များက အသက်ဝင်နေလေသည်။

စုမင် က သူ့အဖေကို ကြည့်တာ ပထမဆုံးတော့ မဟုတ်ပေ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သူ ထိုကဲ့သို့ကြည့်ခဲ့သည်။သူနိုးလာပြီး ထိုမိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီးကတည်းက သူ့အဖေ၏ ဖန်တီးမှုများကို ချစ်မြတ်နိုးခဲ့သည်။

ပြီးသွားသည့် အရုပ်တိုင်းက စွဲမက်ဖွယ်ကောင်းသော အသက်ဝင် နေပုံရပြဖိး ၎င်းတို့၏ ဖန်တီးမှုဖြစ်စဉ်ကို ကြည့်ရှုရုံဖြင့် ကိုယ်ပိုင်အကြံတစ်ခု ရရှိသွားပုံရသည်။ အချိန်တွေကြာလာသည်နှင့်အမျှ သူ့နားလည်မှုတွေ ပိုတိုးလာသော်လည်း သူ့အမြင်အာရုံကို ဖုံးအုပ်ထားသော ကန့်လန့်ကာတစ်ခု အမြဲရှိနေသောကြောင့် အရာအားလုံးက မြူခိုးတွေဖုံးလွှမ်းနေသလိုလိုပင်။

“ဘဝဆိုတာ ဘာလဲ...”

အနက်ရောင်သစ်သားတုံးအတွင်းပါရှိသော စကားလုံးများက စုမင် ၏ခေါင်းထဲတွင် ထွက်ပေါ်လာသည်။

“အခု မင်းရဲ့ အရည်အချင်းက ဘယ်လိုလဲ..”

စုမင်က ဆက်ကြည့်နေသော် ကောင်းကင်က နည်းနည်းမှောင်လာတာကို သူ သတိမထားမိလိုက်မိပေ။ ပုံမှန်အားဖြင့်၊ ဤအချိန်တွင်၊ နေဝင်ရီတရောအချိန်သာဖြစ်သင့်သော်လည်း တိမ်မည်းများနှင့် မိုးများက ညဘက်တွင် စောစီးစွာရောက်လာသည်။

လူလတ်ပိုင်းအရွယ်က နောက်ဆုံးတွင် ခေါင်းငုံ့ကာ သူ့ဘေးတွင် ထိုင်နေသောစုမင်ကို ကြည့်လိုက်သည်။ ကောက်ရိုးအရုပ်ကို မြေပြင်ပေါ်တင်ပြီး စုမင် ကိုမေးရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

စုမင်က ထိုနေ့မွန်းလွဲပိုင်းတွင် သူဖန်တီးခဲ့သော ကျီဟွာတောအုပ်တွင် ပြုလုပ်ခဲ့သော အရုပ်လေးတစ်ရုပ်ကို ထုတ်၍ ရုပ်ဆိုးပေါက်စလေး၏ဖခင်ထံ မလွှဲပြောင်းမီ စုမင်က တခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။

“ငါ... တစ်ခုခု ချို့တဲ့နေတယ်လို့ အမြဲခံစားရတယ်”

စုမင်က မျက်မှောင်ကြုတ်လိုက်သည်။

“ဘဝက ချို့တဲ့တယ်..”

ရုပ်ဆိုးသော ကြောင်ကလေး၏ဖခင်သည် အရုပ်ကို လက်ထဲတွင်ကိုင်ကာ ကြင်နာစွာ ပြုံးပြသည်။

“တည်ရှိနေသမျှကာလပတ်လုံး..လောကကြီးထဲကအရာအားလုံး သက်ရှိတွေ အထူးသဖြင့်အပင်တွေကို ပိုင်ဆိုင်တယ်..... မြက်ကိုသုံးပြီး ဖန်တီးထားတဲ့ အရုပ်တွေဟာလည်း အသက်လိုတယ်..ငါ့ တစ်ဘဝလုံး အရုပ်တွေ လုပ်နေခဲ့တာ..”

“မင်းဖန်တီးထားတဲ့ ဒီကောင်က ဘာအသက်မှ မရှိဘူး”

ဟု ရုပ်ဆိုးသေးသေးလေး၏ ဖခင်က စုမင်ကို ပြောပြခဲ့သည်။

“ကျွန်‌ တော်အသက်ဝင်‌အောင်ဘယ်လိုလုပ်ရမလဲ..”

“ဒါကိုဖန်တီးဖို့ မင်းရဲ့နှလုံးသားကို အသုံးပြုပါ.. မင်းဘယ်လိုဖန်တီးချင်လဲ စဉ်းစားပါ..မင်းဖန်တီးမှုကို အခြေခံထားတဲ့ပုံစံကို တွေးကြည့်ပါ... အရုပ်နှစ်ရုပ်လုပ်နည်းကို ငါပဲသိတယ်.. သူတို့နှစ်ယောက်လုံးက ကလေးပုံစံနဲ့.. ကောင်မလေးက ရုပ်ဆိုးသေးသေးလေးပဲ၊ ကောင်လေးက… ဟာ… အဲဒါက ရုပ်ဆိုးသေးသေးလေးရဲ့ အစ်ကိုကြီးပဲ”

ရုပ်ဆိုးပေါက်စလေးမှာ အစ်ကိုကြီးတစ်ယောက်ရှိလေသည်။ စုမင်က ထိုအကြောင်းကို ယခင်က သူမထံမှ ကြားခဲ့ဖူးသည်။ သူက သူမထက် ဆယ်နှစ်ခန့် အသက်ကြီးပြီး လွန်ခဲ့သော ရှစ်နှစ်ခန့်က ဤနေရာနှင့် သိပ်မဝေးလှသော ဝိညာဉ်ဆိုးဂိုဏ်းမှ တပည့်အဖြစ် ခေါ်ဆောင်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးနှစ်ကြာသွားခဲ့ပြီး သူ့ဆီက ဘာသတင်းမှ မကြားရပေ။

စုမင် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူ့ဘေးနားက မြက်ပင်ကို ယက်လုပ်ခါနီးမှာ ရုတ်တရက် မျက်လုံးထဲမှာ သိသာထင်ရှားသော အရိပ်တစ်ခု ပေါ်လာသည်။ထို့ကြောင့် ခေါင်းကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် အေးစက်နေသော်လည်း ဖုံးကွယ်ထားခဲ့သည်။

ရုပ်ဆိုး ပေါက်စလေး၏ ဖခင်က မည်သည့်အရာကိုမျှ သတိမထားမိခဲ့ပေ။ သူ့အတွေးနှင့်သူ အရုပ်များ ယက်လုပ်နေသော်လည်း ခဏကြာသော် အိမ်အပြင်ဘက်မှာ မိုးက ပိုအေးလာလေသည်။ လူနှစ်ယောက်က အဝေးက ရွာဘက်ကို ဖြည်းညှင်းစွာ လျှောက်လာကြသည်။

လူနှစ်ယောက်ရောက်လာသည်နှင့် သူတို့ခန္ဓာကိုယ်ပေါ်ကျလာသော မိုးရေများက ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြိုကျလာကာ ရေခဲများအဖြစ်သို့ ပြောင်းလဲသွားသည်။ ရေခဲက မည်းနေပြီး နေ့ဘက်တွင် မည်သူမဆို မြင်လျှင် ကြောက်လန့်နေမည်မှာ သေချာသည်။

‘အင်မော်တယ်တွေ...’

စုမင်က မိုးရေထဲတွင် လမ်းလျှောက်နေသော လူနှစ်ယောက်ကို အေးအေးဆေးဆေး ကြည့်ရင်း ရုပ်ဆိုးပေါက်စလေး၏ အိမ်ဆီသို့ တည့်တည့်သွားနေပုံကို သတိပြုမိသည်။

All Chapters