ခွဲခွါခြင်း
Vol. 43 Ch. 597
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး နတ်ဆိဝိညာဉ်ဆိုးဂိုဏ်း မရောက်မီ နောက်ဆုံးနေ့ ရောက်လာသည်။
နောက်ရက်မှာတော့ ထိုလူများက စုမင် သို့မဟုတ် ရုပ်ဆိုးလေးကို လာ ခေါ်ကြလိမ့်မည်။ ထို့နောက် ၎င်းတို့က ရွေးချယ်ထားသော ကလေးများအား ဂိုဏ်းအကြီးအကဲ ကျောက်ထံသို့ စေလွှတ်မည်ဖြစ်သည်။
မနက်မိုးလင်းတော့ မိုးတိတ်သွားသည်။ စုမင်က တစ်နှစ်ပတ်လုံး သူ မကြာခဏ သွားကြည့်လေ့ရှိသော သစ်ခွတောထဲသို့ သွားကာ သစ်ရွက်ပေါ်ရှိ ရေများကို သုတ်လိုက်ပြီး ထိုင်ကာ မော့ကြည့်လိုက်သည်။
ကောင်းကင်ကြီးက ကြည်လင်နေတယ်။ တိမ်တွေမရှိခဲ့ဘူး။ အရင်နေ့တွေနဲ့ ယှဉ်ရင် လုံးဝကို ကွဲပြားပါတယ်။
နံနက်ခင်းဖြစ်သော်လည်း နေ၏အလင်းရောင်သည် ညင်သာလှသည်။ သူ့ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျလာသောအခါ၊ ၎င်းသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စုဝေးနေသော စိုထိုင်းဆများကို ဖယ်ရှားနိုင်သကဲ့သို့ ခံစားလိုက်ရကာ ၎င်းသည် သူ့နှလုံးသားထဲတွင် နွေးထွေးသောခံစားမှုကို ပေးစွမ်းနိုင်ပေသည်။
သို့သော် ဤသစ်တောရှိသစ်ခွများပေါ်တွင် ရွှံ့စေးများကပ်နေလေသည်။ ရွှံ့များပင်လျှင် ပန်းများ၏ မွှေးရနံ့ကို ပိုင်ဆိုင်စေခဲ့သည်။ မိုးရွာပြီးနောက် ရွှံ့၏မွှေးရနံ့နှင့် ရောနှောကာ အနံ့ခံသူများကို အထူးစိတ်ခံစားမှုကို လှုံ့ဆော်ပေးသည်။
စုမင်က ထိုနည်းအတိုင်းပင် ကောင်းကင်ကို စိုက်ကြည့်နေသည်။ သူဘာတွေတွေးနေမှန်း သူကိုယ်တိုင်လည်းမသိ။ သူ့မျက်လုံးများက ကောင်းကင်ဆီသို့ လေ့ကြည့် နေသော်လည်း သူ့နှလုံးသားက တိတ်ဆိတ်သွားခဲ့သည်။ သူက သူ့ခန္ဓာကိုယ်ထဲတွင် အချိန်အတော်ကြာ မြုံနေသော ချီကို စတင် ဖြန့်ကျက်လိုက်ရာ သူ့ပြန်လည်ရရှိလာသော ကျင့်ကြံမှုစွမ်းအား၏ ဆယ်ပုံတစ်ပုံကို တဖြည်းဖြည်း စီးဆင်းလာစေသည်။
သူ၏ကျင့်ကြံမှု အခြေ အနေ ပြန်လည် စီဆင်းရေးမှာ သူ ထင်ထားသည်ထက် ပိုခက်ခဲသည်။ အတိတ်က သူခံစားခဲ့ရတဲ့ ဒဏ်ရာများက ကွက်ကွက်ကင်းကင်းပင်
။ကံကြမ္မာ၏ပုံစံထဲမှာလည်း ပိတ်မိနေခဲ့သည်။ စုမင်က ဤအကြောင်းကို စဉ်းစားခဲ့ပြီး နောက် တိထျန်း သူ့ကို ဘာကြောင့် ရှာမတွေ့ခဲ့သနည်းဟူသော အဖြေကို ရရှိခဲ့သည်။
သူသည် ဤပုံစံဖြင့် ရှိနေသောကြောင့် သူ့ကို ရှာမတွေ့သေးပေ။
“ငါဘာကြောင့်ဒီလိုပုံစံနဲ့ရှိနေရတာလဲ ... အဲ့လိုပုံစံကြောင့်ပဲ တိထျန်း ငါ့ဆီရောက်လာမယ့် ဘေးဒုက္ခကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တာပဲ..”
သူ. သတိလစ်သွားချိန် သီချင်းတစ်ပုဒ်ကို မှတ်မိလေသည်။ သူ့ကို ကယ်တင်ခဲ့ သောလူကို သီချင်းကနေ မှန်းဆ၍ရသည်။ အဘိုးအိုပင် ဖြစ်သည်။
“မာန်စိတ်ဝိညာဉ်... ငါ့ရဲ့ကနဦးကျင့်ကြံစွမ်းအားကို ပြန်လည်ရရှိပြီးတာနဲ့..ငါ့အတွက် အရေးကြီးဆုံးအရာက မာန်စိတ်ဝိညာဉ်နယ်ပယ်ကိုအောင်အောင်မြင်မြင်ချိုးဖြတ်နိုင်ဖို့ပဲ.. “
စုမင်က တိုးတိုးလေးပြောလိုက်သည်။ သူ့လက်ထဲတွင် မြက်ပင်တစ်ချောင်းကို ကိုင်ထားသည်။
“ ဖေဖေက သေမျိုးဖြစ်ပေမဲ့ သူ့စိတ်ထဲက ဒီလို စွမ်းအား တွေကို စုဆောင်းပြီး ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲနိုင်တယ်..ကျင့်ကြံစွမ်းအားရှိသူတွေက ကျစ်ထုံးမှတ်တမ်းတွေကို ကျွမ်းကျင်ရင်ဒီစွမ်းအားက ပိုကြီးလိမ့်မယ်...”
ကျစ်ထုံးမှတ်တမ်းတွေက ထူးခြားတဲ့စွမ်းရည်ပဲ..အဲဒါ… ကျိန်စာတွေနဲ့ ဆက်စပ်တယ်..’
ရုပ်ဆိုးလေး ၏အဖေက မြက်ပင်များအကြောင်းပြောနေချိန်မှာ စုမင်ဧ။် ခေါင်းထဲမှာ ထိုအရာက ပထမဆုံးပေါ်လာသည်။
အကယ်၍ သူက ကျစ်ထုံးတစ်ခုပေါ်မှာ ကျိန်စာတစ်ခုအား အာရုံစူးစိုက်လိုက်မည်။ နောက်တစ်ကြိုးအတွက်ဘနောက်ထပ် အခြားသူတစ်ဦးအား ကျိန်ဆဲပါက၊ ကျစ်ထုံးများစွာပေါ်တွင် ကျိန်စာများစွာ ရှိမည်လား... ၎င်းတို့အားလုံးကို ကောက်ရိုးတစ်ရုပ်အဖြစ်သို့ ပြောင်းလဲသွားသောအခါတွင် ကျိန်စာမျိုးစုံ၏စွမ်းအားသက်ရောက်နိုင်မည်လား။
‘အချို့စိတ်ဝိညာဉ်ဖမ်းသူတွေက ကျန်စာလုပ်ဖို့ အခြားသူတွေရဲ့ဆံပင်ကို သုံးကြတယ်.. ဒါပေမဲ့ အများစုက ကောလဟာလတွေပဲ..အဲ့လိုလုပ်လို့ရရင်တောင် အဲဒီကျိန်စာတွေရဲ့ စွမ်းအားက မပြင်းထန်ပါဘူး.. တကယ်စွမ်းအားရှိတဲ့သူတွေက လျစ်လျူရှုနိုင်တယ်...”
“ဒါပေမယ့် ကျိန်စာတွေကို ဒီမြက်စည်းတွေနဲ့ ပေါင်းစပ်လိုက်ရင်…’
စုမင်၏ မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ ခေါင်းငုံ့ပြီး သူ့လက်ထဲက မြက်ပင်များကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေလေသည်။
နံနက်ခင်းက ဤအတိုင်းပင် ကုန်ဆုံးသွားသည်။ မွန်းတည့်ချိန်ရောက်သောအခါ နေပူပြင်းလာပြီး နေ၏အလင်းရောင်သည် သစ်ရွက်များကိုဖြတ်၍ စုမင်ပေါ်သို့ ကျရောက်လာသည်။ ခြေသံများက အပြင်ဘက်မှ တောအုပ်ထဲသို့ တိုးဝင်လာသည်။ စုမင် ကောင်းကင်မှ အကြည့်များကို ဖယ်လိုက်ပြီး အပေါ်ကို မော့ကြည့်လိုက်သည်။
ထိုအသံက ရုပ်ဆိုးလေးဧ။်ခြေသံပင် သူမသည် ငြိမ်သက်စွာ လျှောက်လာပြီး သူ့ရှေ့မှာ ရပ်လိုက်သည်။
“အစ်ကိုကြီး၊ မင်းမသွားရဘူး”
သူမက စုမင်ကို တည့်တည့်ကြည့်ရင်း တိုးတိုးလေးပြောသည်။
“မင်းသွားရင် မင်းသေလိမ့်မယ်..ဒါက ငါတို့မိသားစုရဲ့ ပြဿနာပဲ.. ငါပဲသွားမယ်...”
ရုပ်ဆိုးလေးက သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ၏ ဆုံးဖြတ်ချက်နှင့်အတူ သူမ၏ အသံ ထွက်ပေါ်လာသည်။
“လာလာ ငါ့အနားလာထိုင်”
စုမင်က ပြုံးပြီး သူ့ဘေးမှာ နေရာနည်းနည်း ဖယ်ပေးလိုက်သည်။ သစ်ရွက်များက သန့်ရှင်းနေလေသည်။ ရုပ်ဆိုးလေးက သစ်ရွက်များကို လှမ်းကြည့်နေလေသည်။
ကလေးမလေးက ခေါင်းကို ငုံ့ထားသည်။ စုမင် အနားထိုင်ပြီးတာနဲ့ တစ်ခုခုပြောချင်သလို ပါးစပ်ကိုဖွင့်လိုက်သည်။စုမင် ရိုးရှင်းစွာ ပြုံးပြီး သူမကို ကြည့်နေသည် ။
“ငါသွားလို့သေရင် မင်းလည်းအတူတူပဲမဟုတ်ဘူးလား”
“ မတူဘူး.. ငါက... နင့်ထက် ဉာဏ်ပို ကောင်းတယ်.. ငါသွားရင် မသေဘူး အကိုကြီး.. ဒီတစ်ခါတော့ ငါ့စကားကို နားထောင်ပေးပါ...”
“အဲဒါတွေ မပြောနဲ့တော့ ငါ့နားမှာ ခဏနေပေးပါ”
စုမင်က ရုပ်ဆိုးလေး၏ ခေါင်းကို ပုတ်ကာ သူ့နောက်မှ သစ်ပင်ကို မှီကာ ကောင်းကင်ဆီသို့ လှည့်ကြည့်လိုက်သည်။ သူ စကားမပြောတော့ပေ။
ရုပ်ဆိုးလေးက တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမက သစ်ပင်ပေါ်သို့ တက်သွားသည်။ သူမလည်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက အပြာရောင် ကောင်းကင်ကြီးကိုရှေ့ဆက်ကြည့်ရင်း လေထဲပျံတက်သွားသလို ခံစားလိုက်ရသာ်။
“အစ်ကိုကြီး ...ကောင်းကင်ကြီး ဘယ်လောက်ကြီးလဲ.....”
“အလွန်ကြီးတာပေါ့...”
“ဒါဆို ကောင်းကင်က ဘယ်လောက်မြင့်လဲ”
“အရမ်းမြင့်တယ်...
“ဟမ်.. နင် လှည့်စားနေတာ.. အကိုကြီး၊ ဒါက ကောင်းကင်နောက်မှာ ဘာရှိလဲ”
စုမင်က ခဏမျှ တိတ်ဆိတ်နေပြီး သူ့မျက်လုံးများက ကောင်းကင်ပြာပြာကို လကြည့်နေဆဲပင်။ ထို့နောက် တိုးတိုးလေးပြောလိုက်သည်။
“ကောင်းကင်နောက်ကွယ်မှာ မြူခိုးတွေရှိနေတယ်....”
“ဒါဆို မြူခိုးနောက်ကွယ်မှာ ဘာရှိလဲ”
ရုပ်ဆိုးလေး၏ စူးစမ်းလိုစိတ် ပေါ်လာသည်။ သူမ မျက်တောင်မှိတ်ချလိုက်ပြီး နောက်ထပ်မေးခွန်းတစ်ခုကို ချက်ချင်းထုတ်လိုက်သည်။
“အဲဒီမြူခိုးနောက်ကွယ်မှာ နဂါးငွေ့တန်းတစ်ခုရှိတယ်...အဲဒီမှာ ကြယ်တွေ အများကြီးရှိတယ်၊ ရေပေါ် မျောနေတဲ့တိုက်ကြီးတွေလည်း ရှိတယ်...”
စုမင်က တိုးတိုးလေးပြောသည်။ အရာအားလုံးက သူ့မျက်စိနဲ့ သူမြင်ဖူး သောအရာများပင်။
“အဲဒီနေရာက ဘာလဲ”
ထိုအကြောင်းကို ရုပ်ဆိုးလေးကြားရတာ ဒါပထမဆုံးအကြိမ်ဆိုတာ ရှင်းလေသည်။ သူမက ကလေးသာရှိသေးပြီး စုမင်က ထိုအကြောင်းအရာများကို စတင်ပြောလာသည်နှင့်တစ်ပြိုင်နက် ပို၍စိတ်ဝင်စားလာခဲ့သည်။
“ဒါက တခြားကမ္ဘာတစ်ခုပဲ...”
အေးစက်နေသော အလင်းတန်းတစ်ခုက သူ လှုပ်လှုပ်ရွရွ ပြောသောအခါတွင် သူ့မျက်လုံးများထဲတွင် တောက်ပလာသည်။
“တခြားကမ္ဘာ... သူတို့ ငါတို့နဲ့အတူတူပဲလား”
သူမ၏အသက်အရွယ်အရ စုမင် ဘာပြောနေသည်ကို ကောင်မလေးက လုံးဝမသိနိုင်တော့ပေ။
“ငါလည်းသိချင်တယ်.. အဲဒါကြောင့် တစ်နေ့ကျရင် တခြားကမ္ဘာက ဘယ်လိုပုံစံလဲဆိုတာ သွားကြည့်မယ်၊ ငါတို့နဲ့ ဘယ်လိုကွာခြားလဲဆိုတာ ငါမြင်ချင်တယ်...”
စုမင်က တည်ငြိမ်စွာပြောသည်။ သူ့မျက်နှာပေါ်ရှိ ဆုံးဖြတ်ချက်ခိုင်မာမှုက ရုပ်ဆိုးလေး နားမလည်နိုင်သော အရာတစ်ခုဖြစ်သည်။ ထိုမြင်ကွင်းကို သူမမှတ်မိနိုင်သော်လည်း နှစ်ပေါင်းများစွာကြာသည့်အခါမှာတော့ ဘာကိုဆိုလိုသလဲဆိုတာကို သူမနားလည်လာပါလိမ့်မည်။
ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်လာပြီ။ နေဝင်ရီတရောရောက်သောအခါ ကောင်းကင်က ကြေးနီရောင်သန်းနေပြီး မြေပြင်က တောက်ပသော အလင်းရောင်အလွှာဖြင့် ဆေးဆိုးထားသကဲ့သို့ ဖြစ်နေသည်။ ဤနေရာကို ရောက်လာသောသူမရည်ရွယ်ချက်ကို ရုပ်ဆိုးလေး သတိရသွားခဲ့သည်။ သူမ ချက်ချင်းထရပ်ပြီး စုမင်ကို စိုက်ကြည့်သည်။
ရုပ်ဆိုးလေးက သူမအနာဂတ်၏ ကြောက်ရွံ့မှုများကို တွန်းလှန်ပြီး ပြတ်ပြတ်သားသား ပြောခဲ့သည်။
“အစ်ကိုကြီး...ငါနင့်ကိုတကယ်ပြောနေတာ... မင်းမသွားရဘူး...ဒါ ငါ့ပြဿနာပဲ.. ဒီည သွားမယ့်သူက ငါပဲ... မင်း... မင်းအဖေနဲ့အမေကို ဂရုစိုက်ပါနော်...:”
“တကယ်လို့ အကိုကြီး မသေရင် မင်းတကယ်သွားချင်လား”
စုမင် မတ်တပ်ထရပ်ပြီး ရုပ်ဆိုးလေးကို ကြည့်ကာ တိုးတိုးလေးမေးသည်။ သူ့အသံတွင် ထူးထူးခြားခြား စည်းချက်တစ်ခုရှိ၍ ရုပ်ဆိုးလေး၏ နားထဲသို့ ရောက်သွားသောအခါ သူမ၏ မျက်နှာပေါ်တွင် တွေဝေနေသော အကြည့်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
“ငါ မသွားချင်ဘူး ဖေဖေ မေမေနဲ့ အတူနေချင်တယ် တစ်သက်လုံး အတူနေချင်ပေမယ့် မင်းကို မသွားစေချင်ဘူး... ငါတို့ မိသားစု ဖြစ်ချင်တယ်... ထာဝရအတူနေချင်တယ်...”
စုမင်က ရုပ်ဆိုးလေး၏ ခေါင်းကို ချစ်စဖွယ် နမ်းလိုက်ပြီး သူမ၏ လက်ကို ဆုပ်ကိုင်ကာ တောထဲမှ ထွက်လာခဲ့သည်။
သူတို့ထွက်သွားပြီးသည်နှင့် ကောင်မလေးက ပြန်သတိဝင်လာသည်။ စုမင်၏လက်မှ လွတ်ကင်းပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမလက်နှစ်ဖက်ကို တင်ပါးပေါ်တင်ကာ သူမ အံ့အားသင့်သွားခဲ့သည်။
“အစ်ကိုကြီး.. ထုံးစံအတိုင်းဆို ငါက သိမ်သိမ်မွေ့မွေ့ ဆက်ဆံတတ်ပေမယ့် စိတ်ဆိုးတဲ့အခါ အရမ်းကြောက်စရာကောင်းတယ် သိလား... နင်... နင်မသွားရဘူး”
ရုပ်ဆိုးလေး၏ ပါးပြင်များကို ရှက်စိတ်ကြောင့် ရဲရဲနီလာလေသည်။ သူမက အရွယ်ရောက်ပြီးသူနှင့်တူပြီး စုမင်က ၎င်းကိုမြင်သောအခါ ပြုံးမိသွားခဲ့သည်။
“ကောင်းပြီ... ငါမသွားတော့ဘူး”
“တကယ်လား”
ထိုစကားကို ရုပ်ဆိုးလေးကြားသောအခါ သူမချက်ချင်းပြောလိုက်သည်။
“တကယ်ပေါ့...”
စုမင်ကက ပြုံးပြီးဖြေလိုက်သည်။
သူ့အဖြေကိုကြားသောအခါ ကောင်မလေးက စိတ်လျှော့ပြီး စုမင် ၏လက်ကို ကိုင်ကာ အိမ်သို့ တောက်လျှောက် ပြေးသွားလေသည်။သူမ၏မျက်နှာနှင့် အနာဂတ်အတွက် ကြောက်ရွံ့ထိတ်လန့်မှုများကို ဖုံးကွယ်ထား၍မရပေ။ သူမ၏ အပြုအမူတွေမှာ ပျော်ရွှင်မှုဆိုတာ ငယ်ငယ်ကတည်းက သင်ယူခဲ့ရတဲ့ အရာဖြစ်ပြီး သဘာဝအတိုင်း ပေါ်လွင်နေလေသည်။
ထိုညက မိုးမရွာပေ။
ထိုနေ့ညတွင် သူတို့မိသားစု ညစာစားနေစဉ် အိမ်ထဲတွင် ရုပ်ဆိုးလေး၏ ရယ်မောသံကို ကြားလိုက်ရသော်လည်း ထိုရယ်မောသံကြောင့် တုန်လှုပ်သွားခဲ့သည်။ သူ့အဖေက တိတ်ဆိတ်နေပြီး သူ့မျက်နှာမှာ ဝမ်းနည်းပူဆွေးနေပြီး သူ့အမေက မျက်ရည်များကို သုတ်ရန် ခေါင်းကို ခဏခဏ လှည့်နေလေသည်။
“ခွေးရုပ်ဆိုးလေး... ဒီမှာ.ထပ်စားအုံး နော်..”
အမေက စုမင်၏ ဇလုံထဲကို အစားအစာတွေ ထပ်ထည့်လိုက်သည်။ သူ့မကို ကြည့်လိုက်သော် သူ့မမျက်လုံးထဲမှာ ရှုပ်ထွေးနေတဲ့ အကြည့်တစ်ခု ပေါ်လာဘေသည်။
သူမနှင့် သူ့ခင်ပွန်း မထိမိသော ဟင်းတမျိုး ရှိပြီး ရုပ်ဆိုးလေးကိုလည်း ရှောင်နေ လေသည်။ စုမင် တစ်ယောက်တည်းသာ စားလေသည်။
ဟင်းအရသာကို သေချာမသိသော်လည်း အိပ်ငိုက်စေသော ဂုဏ်သတ္တိရှိသော အပင်တစ်ပင်ပါ ကြောင်း သူပြောနိုင်လေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကို အလွန်အကျွံစားမိပါက ၎င်းတို့သည် ၎င်းကို သတိမပြုမိဘဲ အိပ်ပျော်သွားလိမ့်မည်။
စုမင်၏ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ထိုမိသားစု ဘာတွေ တွေးနေမှန်း သူ ဘယ်လိုမှ မသိနိုင်တော့။ အဆုံးတွင် သူတို့က သူ့ကို ရုပ်ဆိုးလေးနေရာတွင် အစားထိုး မထားရန် ဆုံးဖြတ်ခဲ့ပသည်။ယင်းအစား သူ့ကို ကောင်းကောင်းအနားယူခွင့်ပေးရန် သူတို့ရွေးချယ်ခဲ့သည်။ နောက်နေ့ရောက်လာသည့်အခါ ရုပ်ဆိုးလေးလည်း ပျောက်သွားလိမ့်မည်။
လင်မယားနှစ်ယောက် ထိုဆုံးဖြတ်ချက်အတွက် ရုန်းကန်ပြီး ငြင်းခုံမှုများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နောက်ဆုံးမှာတော့ ထိုသို့လုပ်ရန် ရွေးချယ်ခဲ့သည်။
မိသားစုနှင့် စုမင်၏ နောက်ဆုံးညစာစားပွဲပြီးသည်နှင့် သူထရပ်ပြီး သူတို့ကို လေးလေးနက်နက် ငုံ့ကြည့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ လုပ်ရပ်အပေါ် တစ်ချက်မျှ တုံ့ပြန်မှု မရှိခဲ့ပေ။
စုမင် သူ၏ကျင့်ကြံမှု၏ ဆယ်ပုံတစ်ပုံမျှသာ ပြန်လည်ထူထောင်နိုင်ခဲသည်၊ သို့သော် ဤမိသားစုကို ၎င်းတို့မသိဘဲ အိပ်ပျော်စေကာ ထိုဆေးပင်၏ဒဏ်ကို သူ့ကိုယ်သူ ခံခဲ့သည်။
သူ့အဖေနှင့်အမေကို သူတို့အခန်းထဲပြန်ခေါ်သွားပြီး စောင် ခြုံပေးပြီးသည်နှင့် ဆံပင်ဖြူနေပြီဖြစ်သော လင်မယားနှစ်ယောက်ကို ကြည့်လိုက်သည်။ သူ၏ ညာလက်ကို မြှောက်ကာ နဖူးကို ချိန်ရွယ်လိုက်သော် သူ၏ အမူအရာက မယုံနိုင်လောက်အောင် နူးညံ့သိမ်မွေ့နေလေသည်။ သူ၏ ကျန်ရှိနေသေးသောအသက်စွမ်းအင်၏ အနည်းငယ်ကို ဖြည်းညှင်းစွာ ပေးလိုက်သည်။ ဒါမှ လင်မယားနှစ်ယောက် အနာဂါတ်မှာ ပြန်ကောင်းလာနိုင်မည်။ မကြာမီ သူတို့က ဖျားနာမှုဒဏ်ကို မခံရတော့ပေ။
ထို့နောက် စုမင်က ရုပ်ဆိုးလေးကို သယ်ဆောင်သွားပြီး သူမ၏ အခန်းထဲတွင် ညင်သာစွာ ထားလိုက်သည်။ သူ့ရှေ့တွင် အိပ်ပျော်နေသော ကလေးအား ကြည့်လိုက်သောအခါ တောင်ပေါ်မှ သယ်ဆောင်သွားသော သူမ၏ ပျော့ညံ့သော အသံဖြင့် သူမပြောသော စကားများကို တစ်ဖန် ကြားလိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် စုမင်က သူ့လက်ကို ရုပ်ဆိုးလေး၏ မွေးရာပါအမှတ်ပေါ် တင်လိုက်သည်။ ခဏအကြာ သူ့လက်ကို မြှောက်လိုက်သောအခါတွင် မွေးရာပါအမှတ်က ပို၍ ပါးလာသည်။
စုမင်က သူမကို စောင်ခြုံပေးပြီး သူ့အခန်းထဲက ထွက်လာသည်။ ညစာစားချိန်မှာ စား သောပန်းကန်များကို သိမ်းလိုက်သည်။ သူ သန့်ရှင်းရေးလုပ်ပြီးသည်နှင့် သူ့လက်စွပ်တွေကို လှန်ပြီး အခန်းတွေကို သန့်ရှင်းရေးလုပ်တယ်။ မနှစ်တုန်းက သူ ကြီးပြင်းလာသော အိမ်ကြီးကို ကြည့်လိုက်ရင်း လမ်းခွဲရန် တွန့်ဆုတ်နေစိတ် သူ့မျက်နှာမှာ ပေါ်လာသည်။