နတ်ဆိုးဝိညာဉ်ဂိုဏ်း
Vol. 43 Ch. 598
‘ဖေဖေ မေမေ...ကျွန်တော်ရဲ့ နှလုံးသားထဲမှာ အမြဲ ဖေဖေနဲ့ မေမေပဲ ရှိနေမှာပါ... ကျွန်တော် အခုထွက်သွားတော့မယ်...”
‘ရုပ်ဆိုးတဲ့ချစ်ညီမလေး မင်းပျော်အောင် နေရမယ်နော်...’
စုမင်က အိမ်ကြီးကို ကြည့်ရင်း သူရခဲ့သည့် နွေးထွေးသော အမှတ်တရများ သူ့ခေါင်းထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။
ကြင်နာတတ်သော မိသားစုတစ်ခုပင်။ မိသားစုဝင်တိုင်းက အတူတူပင်၊၊ အခု သူက ထွက်ခွာတော့မယ့်သူပင်။ ဆင်းရဲပြီး သာမန်မိသားစုက သူ့ကို ဘယ်တော့မှ မမေ့နိုင်မည့် နွေးထွေးမှုကို ပေးစွမ်းသည်။
စုမင်က အိမ်ရှိအရာအားလုံးကို ကြည့်ကာ အကြာကြီးရပ်နေ၏။ ထို့နောက် တံစက်မြိတ်အောက်တွင် ထိုင်ကာ ညဘက်ရောက်လာမည့်သူများကို စောင့်နေသည်။
သန်းခေါင်ယံ နီးကပ်လာလေပြီ။ ယခုညက မိုးမရွာပေ။ လမှ အလင်းရောင်က မြေပြင်ပေါ်သို့ ထွန်းလင်းတောက်ပလာကာ ညကို လုံးဝမှောင်မသွားစေဘဲ ဤခွဲခွာခြင်း၏ လေထုထဲသို့ နောက်ထပ်အလွှာတစ်ခု ထပ်ထည့်လိုက်သကဲ့သို့ လကို လွမ်းဆွတ်ဖွယ်မြင်ယောင်စေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ ရုပ်ဆိုးလေး၏ မိဘများ၏ ဟောက်သံများသာ စုမင်၏ နားထဲသို့ ရံဖန်ရံခါ ရောက်လာသည်။ ထိုအသံက သူ့နှလုံးသားကို နွေးထွေးစေသည်။
မျက်လုံးမှိတ်ပြီး အချိန်အတော်ကြာမှ ပြန်ဖွင့်လိုက်သည်။ ထိုအချိန်တွင် ရှည်လျားသော အလင်းတန်းနှစ်ခုက အဝေးရှိ အမှောင်ထုဆီမှ ဖြတ်ပြေးလာလေသည်။ ခဏအကြာတွင် သူတို့က စုမင်ရှေ့သို့ ဆင်းလာပြီး လွန်ခဲ့သည့် ခုနစ်ရက်က သူမြင်ဖူးသည့် အနက်ရောင် ၀တ်စုံဖြင့် လူနှစ်ယောက် ဖြစ်သွားသည်။
ထိုလူနှစ်ယောက်၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားကာ ပေါ်လာသောအခါတွင် သူတို့၏ အကြည့်များသည် စုမင်အပေါ် ချက်ချင်း ကျဆင်းသွားသည် ။ သူစကားမပြောသော်လည်း သူစိမ်းများကို အေးစက်စွာကြည့်ရုံမျှကြည့်နေလေသည်။ သူထိုသို့လုပ်လိုက်သောအခါ သူတို့ထဲမှတစ်ယောက်က ရုတ်တရက် ခြေတစ်လှမ်းလှမ်းပြီး သူ့ဘက်သို့ လျှောက်လာခဲ့သည်။
စုမင်က သူ့ကို မတားခဲ့ပေ။ စုမင်၏သတ်ဖြတ်လိုစိတ်က နှစ်ယောက်သား သတိမထားမိပေ။
သူ့မိသားစုအတွက် ဘာမဆိုလုပ်ရဲလေသည်။ စုမင်က သူ့၏ကျင့်ကြံမှု ဆှယ်ပုံတစ်ပုံလောက်သာ ပြန်ကောင်းလာလျှင် သူက တိုက်ခိုက်မှာပင်။ နောက်တစ်ကြိမ် သူစွမ်းအားများ ဆုံးရှုံးသွားလျှင်တောင် ထိုလူနှစ်ယောက်ကို သတ်ပစ်နိုင်လေသည်။
ကံအားလျော်စွာ နတ်ဆိုးဝိညာဥ်ဂိုဏ်း၏တပည့်က အိမ်ထဲသို့ဝင်သွားပြီးနော ဘာမှ မလုပ်ခဲ့ပေ။ အခန်းအားလုံးကို ဖြတ်သွားသည်နှင့် မီးဖိုချောင်ရှိ ဟင်းသီးဟင်းရွက်များကို မြင်လိုက်ရသဖြင့် အနည်းငယ် ထူးဆန်းသော အမူအရာဖြင့် ထွက်လာခဲ့သည်။ သူက စုမင် ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ဖက်လူနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
လွန်ခဲ့သော ခုနစ်ရက်ခန့်က ရုပ်ဆိုး လေး၏ မိသားစုအား အေးစက်စွာ မပြောခဲ့သော မကောင်းဆိုးဝါးဝိညာဉ်ဂိုဏ်း၏ တပည့်ဖြစ်သူက ဆူမင်က စူးစမ်းလိုစိတ်အနည်းငယ်ဖြင့်
“မဆိုးပါဘူး.. မင်းအသက်နဲ့ သတ္တိအများကြီးရှိတယ်..မင်းနာမည်ဘယ်လိုခေါ်လဲ”
“ချန်စု...”
စုမင်က တည်ငြိမ်စွာပြောသည်။
“ချန်စု..မင်းမျက်လုံးတွေကိုမှိတ်ထား.. မင်းကိုဂိုဏ်းဆီခေါ်သွားမယ်...”
သူတို့နှစ်ဦးက တစ်စုံတစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြပြီး စကားအလွန်အကျွံ မပြောလိုကြပေ။ စကားပြောသောလူက လက်ကိုဝှေ့ယမ်းလိုက်ပြီး လေပြင်းတစ်ချက်တိုက်လိုက်ကာ စုမင်ကို ချက်ခြင်းယူလိုက်သည်။ သူတို့အားလုံးက ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်သို့ ပျံသန်းသွားကြသည်။
၎င်းတို့၏ ဆိုက်ရောက်မှုနှင့် ထွက်ခွာမှုက ထိုဒေသရှိ မည်သည့်အာရုံကိုမျှ စွဲဆောင်ခြင်းမရှိပေ။ ရုပ်ဆိုးလေးနှင့် သူ့မိသားစုသည် အိပ်ပျော်နေဆဲပင်။ သူတို့ဧ။်ဘေးဆိုးကြီး ပြီးဆုံးသွားသည်ကို မသိပေ။
စုမင်က နတ်ဆိုးဂိုဏ်း၏ တပည့်လက်အောက်တွင် ကောင်းကင်ယံ၌ ခရီးနှင်နေခဲ့သည်။ သူက တဖြေးဖြေး ဝေးကွာလာနေသော မြေကြီးကို လှမ်းကြည့်ရင်း၊ တစ်နှစ်တာလုံး သူနေခဲ့သည့် နေရာကို ကြည့်နေလေသည်။ သူ့သူ့အား နွေးထွေးမှုပေးသော မိသားစုကို ငေးကြည့်ရင်း သူ့အမှတ်တရများ ပျောက်ကွယ်သွားသည်အထိပင်။ ထို့နောက် သူ မျက်လုံးမှိတ်လိုက်သည်။
သူက မြေကြီးကို မမြင်နိုင်တော့ဘဲ သူ့မိသားစုကို မမြင်နိုင်တော့ဘဲ သစ်ခွ၏ အမွှေးအကြိုင်ကို အနံ့မခံနိုင်တော့ပေ။
‘နတ်ဆိုးဝိညာဥ်ဂိုဏ်း...’
စုမင်က မျက်လုံးမှိတ်လိုက်ပြီး အေးစက်နေသော အလင်းတန်းများက ၎င်းတို့ကို ကျော်ဖြတ်သွားသည်။
ဤနေရာက အရှေ့မြေရိုင်းနယ်မြေ ၏ အရှေ့ဘက်တွင် တည်ရှိသည်။
တိထျန်း စေလွှတ်လိုက်သော ကိုယ်ပွားများထဲမှ တစ်ယောက်က စုမင်ကိုလွတ်သွားလေသည်။ကျန်တစ်ယောက်မှာ
အရှေ့မြေရိုင်းနယ်မြေများတွင် အောင်မြင်ခဲ့သော
ရွက်စိမ်းအင်မော်တယ်ဂိုဏ်း ကို ခုခံကာကွယ်ရန်ဖြစ်သည်။
သို့သော်လည်း အဆုံးတွင် တိထျန်းက အရှေ့မြေရိုင်းနယ်မြေရှိနတ်ဆိုးဂိုဏ်းများ သတိထားရသူတစ်ဦးဖြစ်လာသည်။ ကျီအန်အပါအဝင် နတ်ဆိုးဂိုဏ်းနှင့် အင်မော်တယ် များကြားတွင် အစွမ်းထက်သော စစ်သည်တော်ဟု သတ်မှတ်ခံထားရသူဖြစ်သည်။
နတ်ဆိုးဝိညာဉ်ဂိုဏ်းက အရှေ့မြေရိုင်းနယ်မြေ၏ အရှေ့ဘက်တွင် တည်ရှိသည်။”နတ်ဆိုး” ဟူသော စကားလုံးကို တူညီသော နာမည်တစ်ခုအဖြစ် အသုံးပြုကာအမည်ပေးသည့် ဂိုဏ်းကြီးလေးခုရှိသည်။
ဤဂိုဏ်းကြီးလေးခုမှာ နတ်ဆိုးမြူမှုန်ဂိုဏ်း၊ နတ်ဆိုးဝိညာဉ်ဂိုဏ်.. နတ်ဆိုးရာဂဂိုဏ်းနှင့် နတ်ဆိုးအင်မော်တယ်ဂိုဏ်း ဖြစ်သည်၊၊
နတ်ဆိုးအင်မော်တယ်ဂိုဏ်းက ခေါင်းဆောင်အဖြစ်နှင့် အခြားသုံးဦးကို ၎င်း၏ တွဲဖက်များအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက်တွင် မကောင်းဆိုးဝါးအင် မော််တယ်ကျီအန်က လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ၏ကိုယ်ပွားကို ဤနေရာသို့ စေလွှတ်လိုက်သည်၊၊ ထို့နောက် ဂိုဏ်းကြီးလေးခုက အရှေ့မြေရိုင်းနယ်မြေ အရှေ့ဘက်တွင် အင်အားအကောင်းဆုံး ဖြစ်လာခဲ့သည်။
သူက ထိုတိုက်ကြီးရှိ မာန် မျိုးနွယ်အားလုံးကိုပင် ဖယ်ရှားခဲ့ပြီး မျိုးနွယ်စုပေါင်းမြောက်မြားစွာကို ဖျက်ဆီးပစ်ကာ အသက်ရှင်ကျန်ရစ်သူများကို နတ်ဆိုးဂိုဏ်းသား အဖြစ် တဖြည်းဖြည်း ရောနှောသွားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ သူတို့က မကောင်းဆိုးဝါးဂိုဏ်း၏ တပည့်များပင်ဖြစ်ပေလိမ့်မည်။
အရှေ့မြေရိုင်းနယ်မြေ၏ အရှေ့ဘက်ရှိ ကောင်းကင်ယံသို့ အနက်ရောင်မီးခိုးငွေ့လေးခု ထွက်ပေါ်လာသည်။ ဤမီးခိုးနက်လေးလုံးက ဂိုဏ်းလေးခုမှ ထွက်လာပြီး နတ်ဆိုးအင်မော်တယခယ် ဂိုဏ်းမှ အနက်ရောင်မီးခိုးများက မယုံနိုင်လောက်အောင် ထူထဲနေသည်။ ကောင်းကင်ကိုးခုအထက် လေထုကို ပြည့်လျှံစေပြီး မြင်သူတိုင်း ထိတ်လန့်စေသည့် မြင်ကွင်းတစ်ခုပင်။
ကျန်ရှိသည့်အနက်ရောင်မီးခိုးငွေ့သုံးလုံးက အနည်းငယ်ပိုပါးသော်လည်း ကြည့်ရှုသူများကို ထိတ်လန့်စေလောက်အောင်ဖြစ်နေဆဲဖြစ်သည်။
ဤအနက်ရောင်မီးခိုးက ဂိုဏ်းအတွင်းစွမ်းအားကြီးသောအင်မောတယ်များ၏ သင်္ကေတတစ်ခုဖြစ်သည်။ မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်ခမ်းနားစွာ ပြီးမြောက်အောင်မြင်ပြီးသူများသာ သို့မဟုတ် စွမ်းအားကြီးနယ်ပယ်အဆင့် သို့ရောက်ရှိသွားသော အင် မော်တယ်များသာလျှင် ဤမီးခိုးမျိုးကို ထုတ်ဆောင်နိုင်မည်ဖြစ်သည်၊၊ ၎င်းတို့၏ရောက်ရှိနေမှုသက ယင်မရဏနယ်မြေ၏အရှိန်အဝါ နှင့် ပေါင်းစပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဤမီးခိုးတစ်မျိုးကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် ရုပ်ဆိုးလေးနှင့် သူမ၏ မိသားစု တည်ရှိနေသော ရွာနှင့် ဝေးကွာသော အရပ်တွင် တိမ်တိုက်များ ဖုံးလွှမ်းနေသည့် တောင်ကြီးတစ်ခု ရှိသည်။ ဤတိမ်တိုက်များက တောင်ကြီးကို ဝိုင်းရံထားသောကြောင့် မထင်မရှားဖြစ်လာသည်။ ကောင်းကင်ကြီး ကြည်လင်နေမှ အဝေးကနေ မှုန်ဝါးဝါးသာ မြင်နိုင်မှာပင်။
အနက်ရောင်မီးခိုးငွေ့များက ပေထောင်ပေါင်းများစွာ ကျယ်ဝန်းသော တောင်ကြီးကို ကောင်းကင်နှင့် ဆက်သွယ်ထားသည်။ ၎င်းကို မြင်သူတိုင်း စိတ်နှလုံး တုန်လှုပ်စေသည့် ကြီးမားပြင်းထန်သော ဖိအားကို ဖြစ်ပေါ်စေခဲ့သည်။
ထူးဆန်းသောကျောက်တုံးများက တောင်ပေါ်တွင် ပြည့်နေပြီး ပြင်းထန်သော တည်ရှိမှုကို ထုတ်လွှတ်လိုက်ချိန်တွင် အနက်ရောင်ရေများက စမ်းချောင်းတစ်ခုကဲ့သို့ စီးဆင်းလာသည်ကို မြင်တွေ့နိုင်သည်။ တောင်ပေါ်ကနေ ကြောက်စရာကောင်းပြီး အေးစက်ဆိုးရွားသော လေထုက ပြန့်ကျဲနေလေသည်။
ဤသည်မှာ နတ်ဆိုးဝိညာဥ်ဂိုဏ်းတည်ရှိရာနေရာဖြစ်သည်။
တောင်ပေါ်ရှိ နေရာများစွာတွင် အရောင်အမျိုးမျိုးဖြင့် အလံတိုင်များ တပ်ဆင်ထားသည်။ အဆုံးမရှိသော နာကျင်မှုနှင့် အမုန်းတရားများ ပြည့်နှက်နေသော ထိုအလံများမှ ရံဖန်ရံခါ ညည်းတွားမြည်သံများ ထွက်ပေါ်လာတတ်သည်။ထိုအသံများက အကြာကြီးပဲ့တင်ထပ်နေလေသည်။
အနက်ရောင် ဟောခန်းကြီးများက တောင်ပေါ်မှာ ပြည့်နေလေသည်။ သူတို့က နေရာအနှံ့ပြန့်ကျဲနေပြီး တောင်ကြီးကို အလွှာသုံးလွှာပိုင်းခြားထားသကဲ့သို့ ဖြစ်နေလေသည်။အမြင့်ဆုံးအဆင့်ရှိ ခန်းမ၏ ပုံသဏ္ဍာန်ကို မျက်လုံးဖြင့်သာမြင်ရပြီး အခြားအစိတ်အပိုင်းအများစုကို အနက်ရောင်မီးခိုးများထဲတွင် ဝှက်ထားသည်။
ဤအနက်ရောင်ဟောခန်းများဖြင့် ပြည့်နေသော အကြီးဆုံးဧရိယာက တောင်၏အလယ်ဗဟိုတွင် တည်ရှိသည်။ လေထဲတွင် လွင့်မျောနေပြီး ခန်းမတိုင်း၏ထိပ်တွင် ခြောက်ကပ်နေသော အလောင်းတစ်လောင်း ရှိနေမည်ဖြစ်သည်။ ထိုအ လောင်းကိုစားရန် ရံဖန်ရံခါ ပျံသန်းဆင်းသက်လာသည့် ရက်စက်ကြမ်းကြုတ်သောငှက်များလည်း အများအပြားရှိခဲ့သည်။
ကောင်းကင်ယံရှိ အဆောက်အဦများတွင် ရှည်လျားသောအလင်းတန်းများက မြေလိမ်မြွေကောက်အတိုင်းသွားနေပိး ဤကြောက်စရာကောင်းသော လေထုထဲတွင် သက်ဝင်လှုပ်ရှားနေသော လေထုကို ဖန်တီးပေးသည်။ ထိုအချိန်တွင် တောင်ပေါ်၌ ရှည်လျားသောအလင်းတန်းနှစ်ခုနီးကပ်လာပြီး ၎င်းတို့အနက်မှ တစ်ခုက သူ၏လက်အောက်တွင် လူတစ်ယောက်ကို သယ် ဆောင်လာသည်။ ထိုကဲ့သို့ ဆုပ်ကိုင်ထားသူက စုမင်ဖြစ်သည်။
သူက ကြောက်မက်ဖွယ်ကောင်းသော တောင်ကြီးနှင့် ခန်းမများပေါ်တွင် ချိတ်ဆွဲထားသော အလောင်းကောင်အများအပြားကို ကြည့်လိုက်သည်။ တောင်ပေါ်မှ ဆိုးရွားပြီး ကြောက်စရာကောင်းသော လေထုက သူ့မျက်နှာပေါ်သို့ ကျရောက်လာသည်။
“ကောင်လေး၊ ဒါက နတ်ဆိုးဝိညာဥ်ဂိုဏ်းပဲ...မင်း ကိုးရက်လောက်ဇောက်ထိုးနေစရာမလိုဘူး.. တောင်ပေါ်မှာ ကိုးဆယ့်ကိုးရက်လောက် ပစ္စည်းသယ်စရာ မလိုဘူး..မသန့်ရှင်းတဲ့ရေထဲမှာလည်း ခေါင်းနှစ်ထားစရာမလိုဘူး..မင်းအနေနဲ့ချက်ချင်း နတ်ဆိုးဝိညာဉ်ဂိုဏ်းသားဖြစ်လာမှာပဲ..မင်းအောင်မြင်သွားရင် ငါတို့ကို မမေ့နဲ့...”
“ဒါပေမဲ့ နတ်ဆိုးဝိညာဉ်ဂိုဏ်း မှာ တခြားသူတွေနဲ့ ထိပ်တိုက် မတွေ့မိပါစေနဲ့လို့ သတိပေးလိုက်မယ်..ဒီနေရာက ... တပည့်တွေကြား ရန်ပွဲများကို အလွန်အားပေးတယ်.. ဒီမှာရှိတဲ့ တပည့်တွေအားလုံးက မင်းထင်တာထက် သူတို့လက်မှာ သွေးစွန်းပြီးသွားပြီ...”
တစ်ဖက်လူက အေးစက်စက် အငွေ့အသက်ဖြင့် ပြောလိုက်သည်။
စုမင်က ခါတိုင်းလို ငြိမ်သက်နေပုံရသော်လည်း သူပုံစံအရ ကြည့်ကောင်းနေသော်လည်း သူ့အသားအရည်က ဖျားနာနေသောကြောင့် ဖျော့တော့နေသည်ဟု ထင်ရသည်။ ထို့ကြောင့် မြင်သူအားလုံးက ထိတ်လန့်နေကြသည် ။
‘နတ်ဆိုးဝိညာဥ်းဂိုဏ်း...’ စုမင်၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်ကို နှစ်ယောက်သား သတိမထားမိ ပေ။ စုမင်လက်တွင်စွန်းထင်းခဲ့သော သွေးပမာဏကို ဤနေရာတွင် မည်သူမျှ မနှိုင်းယှဉ်နိုင်ပေ။
သူ ထိုနေရာကိုရောက်လာတာ နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ ကံကောင်းခြင်းလား… သို့မဟုတ် ကံဆိုးခြင်းလား…