← Chapters

အခန်း (၃၀၀)

Vol. 26 Ch. 300

အခန်း (၃၀၀)

Vol. 26 Ch. 300

သစ်ပင်မိစ္ဆာမှာ လုချောင်းချောင်း၏ အရှေ့မှရပ်ကာ တောင်ကြီးတစ်တောင်အလား တုပ်တုပ်မျှမလှုပ်ကာ ကာကွယ်ပေးနေခဲ့ပါ၏။ ထိုအခိုက်တွင် လှုပ်ရှားနေသောအရာအားလုံးက ရပ်တန့်သွားခဲ့ပါ၏။  ပုံစံမှာ အချိန်ကာလနှင့် နေရာလွတ်များအားလုံးကို ပိတ်လှောင်လိုက်သည့်အလားပင်ဖြစ်၏။

ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်ပင် ဖြစ်ပါစေ မူလအဆင့် အထွတ်အထိပ်ပင် ဖြစ်ပါစေ အားလုံးမှာ လေထုထဲတွင် ရပ်တန့်နေခဲ့၏။ အချိန်ပင်လျှင် ရုတ်တရတ်တန့်သွားသည့်အလားပင်ဖြစ်သည်။

ရှောင်ကျီဝုကလဲ လန့်ဖျန့်သွား၏။

သူကအပေါ်ကိုမော့ကြည့်လိုက်ရာ ကောင်းကင်ထက်မှ ပုံရိပ်နှစ်ခုက ဆင်းလာသည်ကိုတွေ့လိုက်ရ၏။ အချိန်ကာလနှင့် နေရာလွတ်များကို ရပ်တန့်ကာပိတ်လှောင်လိုက်သည်မှာ ထိုသူနှစ်ဦးပင်ဖြစ်နိုင်သည်။ သူတို့နှစ်ဦးအနက် တစ်ဦးမှာ အရောင်အဆင်းကင်းမဲ့သော ဝတ်စုံပြောင်ကို ဝတ်ထားပြီး သာမန်လူတစ်ဦးနှင့်တူပါသည်။ သို့သော် ထိုသူကမရိုးရှင်းပေ။ ထိုသူ၏ခန္ဓာကိုယ်မှ မဟာတာအို အငွေ့အသက်များရနေခဲ့ပါ၏။ နောက်တစ်ဦးမှာတော့ သူ၏ပုခုံးထက်တွင် ခွေးသေးသေးလေးတစ်ကောင်ကို တင်ထားပါ၏။ သူ၏ပုံစံမှာ သာမန်လူများနှင့်မခြားဖြစ်၏။

သူ့ကို သာမန်လူအုပ်ထဲ၌ ရောထည့်လိုက်ပါက ချက်ချင်းရှာတွေ့မည်မဟုတ်လောက်အောင်ကို သာမန်ဆန်လွန်းနေပါသည်။ ဒါပေမဲ့ အဲ့ဒီသာမန်လူနဲ့တူတဲ့သူနှစ်ယောက်က ကောင်းကင်ထက်မှာ အေးအေးဆေးဆေးလမ်းလျှောက်နေကြတယ်။

အဲ့ဒီလူနှစ်ယောက်က သာမန်လူဖြစ်နိုင်ပါ့မလား။

“လောရှောင်ချွမ်” ရှောင်ကျီဝုက ထို့သူနှစ်ဦးအနက် တစ်ဦးအားချက်ချင်းသတိပြုမိလိုက်သည်။ လောရှောင်ချွမ်က အခုလိုပေါ်လာမည်ဟု သူက မမျှော်လင့်မိပါချေ။  ယခုလိုမျိုး အရာအားလုံးက ရပ်တန့်သွားခြင်းမှာ လောရှောင်ချွမ်၏နာမည်ကျော် စည်းတံဆိပ်ငါးချက်သိုင်းပညာအကွက်ဖြစ်ရမည်။

သို့သော် လောရှောင်ချွမ်၏ စည်းတံဆိပ်ငါးချက်မှာ ယခုမျှလောက်ထိ အင်အားကြီးမားလောက်သည်ဟု ရှောင်ကျီဝုက မထင်ထားခဲ့မိပါချေ။

နောက်တစ်ဦးကိုတော့ သူမသိပါ။ သို့သော်ထိုသူက သူ့အား ဂရုမစိုက်သည်ကိုတော့ ရှောင်ကျီဝုသိပါသည်။ ထိုသူ၏အကြည့်မှာ လုချောင်းချောင်းကိုသာ အသည်းအသန်သတ်ဖြတ်လိုသောစိတ်နှင့် စိုက်ကြည့်နေခဲ့ပါ၏။ ထိုသူ၏မျက်ဝန်းမှာ လုချောင်းချောင်းကို ဖော်ပြ၍မရနိုင်လောက်သော အေးစက်မှုနှင့် ထွင်းဖောက်လုမတတ်ကြည့်နေခဲ့၏။

ထိုအကြည့်မှာ အဝေးမှပင်ခံစား၍ရသော အကြည့်ဖြစ်ပါသည်။ လုချောင်းချောင်းကလဲ မော့ကြည့်လိုက်ပြီးနောက် လီချန်ချင်းကိုတွေ့သောအခါတွင်လွန်စွာထိတ်လန့်သွားခဲ့၏။ သူမက လီချန်ချင်းက ဤနေရာကိုရောက်လာမည်ဟု လုံးဝကိုမမျှော်လင့်ထားသောကြောင့်ဖြစ်ပါသည်။

လီချန်ချင်းနှင့် ရင်ဆိုင်ရသောအခါတွင် လုချောင်းချောင်းက တစ်ခဏကြာအောင်အထိ စိတ်ရှုပ်ထွေးနေခဲ့ပါသည်။ လီချန်ချင်းက လောရှောင်ချွမ်နှင့်အတူလာသည်ကို မြင်ရသောအခိုက်တွင် ပို၍ပင်အံ့သြသွားခဲ့၏။

လီချန်ချင်းထံမှ တလူလူထွက်ပေါ်နေသော အေးစက်လိုမှုနှင့် သတ်ဖြတ်လိုစိတ်မှာ လုချောင်းချောင်းအား ကျောရိုးထဲထိပင် စိမ့်သွားစေခဲ့ပါ၏။

“ ဒီတော့ ရှောင်မိသားစုက ထာဝရရှင်သန်ခြင်းဂိုဏ်းက ကိုး”

လောရှောင်ချွမ်က ရှောင်ကျီဝုအားကြည့်ကာပြောလိုက်၏။ ရှောင်ကျီဝု၏မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့ပြီး သူက လောရှောင်ချွမ်အား ယှဥ်မတိုက်နိုင်ဘူးဟု ကောင်းမွန်စွာသိခဲ့ပါ၏။

လောရှောင်ချွမ်မှာ ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက မဟာသိုင်းဂိုဏ်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသူက ယခုလောက်ဆိုလျှင် မြေလျှောက်အင်မော်တယ်မဖြစ်သေးဘူးဆိုရင်တောင်မှ မြေလျှောက်အင်မော်တယ်အဆင့်ကို ခြေလှမ်းဝက်ခန့်ရောက်နေလောက်ပြီဖြစ်ပါသည်။

ထို့ကြောင့် ရှောင်ကျီဝုက ဘာတစ်ခွန်းမှမပြောဘဲနဲ့ အနောက်သို့လှည့်ကာ ထွက်ပြေးသွားပါတော့သည်။ သို့သော်သူထွက်မပြေးနိုင်ခင်မှာပင် ရှောင်ကျီဝုက လုံးဝလှုပ်ရှား၍မရတော့သည်ကို သိလိုက်ပါ၏။

သူ၏ခန္ဓာကိုယ်တွင်ရှိသော မူလအဆင့်အတွင်းအားများပင်လျှင် မရှိတော့သည်ကိုခံစားလိုက်ရပါတော့သည်။ သူက ယခုအခါတွင် သာမန်လူတစ်ဦးကဲ့သို့ဖြစ်နေခဲ့ပါပြီ။

“ပျောက်ကွယ်သွားလိုက်စမ်း” လောရှောင်ချွမ်၏ လက်တစ်ချက်အဝှေ့မှာပင် ရပ်တန့်နေသော အချိန်နှင့်နေရာလွတ်များအားလုံးက ဖန်ကွဲစများကဲ့သို့ တစ်စစီ ကွဲကျေသွား၏။ ထို့နောက်တွင် အရာအားလုံးက အငွေ့ပျံသွားခဲ့ပါသည်။ ရပ်တန့်နေသောသူများအားလုံးကလည်း လေထုထဲသို့ တဖြေးဖြေးနှင့် အငွေ့ပျံသွားပြီး ပြာအဖြစ်သို့ရောက်ရှိသွားခဲ့ပါသည်။

ထိုသူများမှာ အဝတ်အစားပင်မကျန်ပြာအဖြစ်သို့ရောက်ရှိသွားပြီး ကောင်းကင်နှင့် မြေကြီး၏ကြားသို့ လွင့်ပျံသွားခဲ့ပါ၏။ ထို့နောက် လီချန်ချင်းနှင့် လောရှောင်ချွမ်ကလဲ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပါ၏။ သူတို့နှစ်ဦးက လုချောင်းချောင်း၏ အနားသို့တိုးကပ်လိုက်ပါသည်။

လုချောင်းချောင်းကလဲလောရှောင်ချွမ်ကို စိုက်ကြည့်လိုက်၏။ သို့သော် သူမကဘာတစ်ခွန်းမှ မပြောပါချေ။

သူမက လီချန်ချင်းကိုလှည့်ကြည့်လိုက်၏။ တစ်ခဏကြာအောင်တိတ်ဆိတ်နေပြီးနောက်တွင် သစ်ပင်မိစ္ဆာကိုကျော်ကာလီချန်ချင်း၏ဘေးသို့သွားလိုက်၏။သူမကစကားပြောရန်ဟန်ပြင်လိုက်စဉ်မှာပင် လီချန်ချင်းက သူမအားအေးစက်စွာစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရပါသည်။

လီချန်ချင်းက လီဟမ်ရှန်းကိုသတ်ဖြတ်လိုက်သည့် ဝတ်ရုံနီကိုဝတ်ဆင်ကာ နတ်ဘုရားဓါးကိုကိုင်ဆောင်ထားသည့်လုချောင်းချောင်းကိုကြည့်လိုက်ပါ၏။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း လောရှောင်ချွမ်းကလဲ ထိုမြင်ကွင်းကိုခံစားချက်ကင်းမဲ့စွာကြည့်နေခဲ့ပါသည်။ လီချန်ချင်း၏ ရင်ထဲတွင်တော့ သတ်ဖြတ်လိုစိတ်အပြည့်နဲ့ဖြစ်နေခဲ့ပါ၏။

“တစ်ယောက်က ငါ့သားကိုသတ်နေစဉ်မှာ တစ်ယောက်ကငါ့ကိုအချိန်ဆွဲနေတယ်”

“အစ်ကိုလီ ကျုပ်တို့ရဲ့ သဘောတူညီချက်ကိုသတိရပါ”

နံဘေးမှ လောရွှမ်ချွမ်းကသတိပေးလိုက်၏။

သို့သော် လီချန်ချင်းကမကြားတော့သည့်အလားပင်သူ၏မျက်ဝန်းများမှာ မူလအနက်ရောင်ကပင် ရွှေရောင်သို့တမဟုတ်ချင်းပြောင်းလဲသွားပါ၏။

လီချန်ချင်း၏အတွင်းအားများမှာရုန်းကြွလာပြီး

သူ့ကိုဗဟိုပြုပြီးရွှေရောင်နဂါးခေါင်းတစ်ခုကဟိန်းသံတစ်သံနှင့်အတူထွက်လာခဲ့ပါ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လီချန်ချင်း၏ဖိအားနဲ့ ပြင်းထန်သောလေထုကြောင့် အပင်များစွာတို့က လွင့်ထွက်သွားခဲ့ပါသည်။

လေပြင်းများမှာ ရွှေနဂါးခေါင်းကြီးလွှမ်းခြုံထားသည့် သူကိုဗဟိုပြုပြီး ထွက်ပေါ်လာခဲ့ပါ၏။

လောရှောင်ချွမ်းနဲ့လုချောင်းချောင်းတို့၏ ဝတ်ရုံများမှာလဲလှုပ်ခတ်ကုန်ပါသည်။

“ အစ်ကိုလီ စိတ်ကိုထိန်းပါဦး” လီချန်ချင်း၏ ရွှေမျက်ဝန်းများက မျက်လုံး၏ထောင်စွန်းသို့ကပ်ကာ လောရှောင်ချွမ်း အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်စိုက်ကြည့်လိုက်ပါ၏။ လီချန်ချင်း၏ ကိုယ်ပေါ်မှ ထွက်နေသောနဂါးခေါင်းမှာလဲ သူ၏သခင်နှင့် ထပ်တူညီသော အကြည့်တစ်ချက်ကိုပေးလိုက်ပါသည်။

ယခုအချိန်တွင် လီချန်ချင်းကလဲနဂါး ၊နဂါးကလဲလီချန်ချင်းဖြစ်နေခဲ့ပြီ။ လီချန်ချင်း၏အကြည့်ရောက်လာသည်နှင့် မြေလျှောက်အင်မော်တယ်ဖြစ်သော လောရှောင်ချွမ်း ပင်လျှင် ကြီးစွာသောဖိအားကိုခံစားလိုက်ရပြီး နှလုံးသားပင်လျှင် တစ်ဆတ်ဆတ် တုန်ယင်လာခဲ့ပေ၏။

ထိုအခိုက်တွင်လီချန်ချင်းရော ပုံရိပ်ယောင်နဂါးကြီးရောအတူ ကြောက်မက်ဖွယ်အသံကြီးနဲ့ပြောလိုက်ပါ၏။

“နဂါးနိုင်လက်ဝါးသိုင်း အန္တိမတိုက်ကွက်”

“ မာန နဂါးရဲ့နောင်တ”

“ဂရားးးးး”

“ဝုန်း...”

လျင်မြန်လှစွာဖြင့် နဂါးကြီးမှာ လီချန်ချင်း၏ခန္ဓာကိုယ်မှကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပါ၏။ မိုးကြိုးပစ်ချလိုက်သလိုပင် နားကွဲမတက်အသံကြီးထွက်ပေါ်လာခဲ့ပြီး နဂါးကြီးမှာ ကောင်းကင်တွင်တစ်ပတ်ပတ်ပြီး လောရှောင်ချွမ်နှင့် လုချောင်းချောင်းတို့အား အမြှီးနှင့်ရိုက်ခတ်လိုက်ပါ၏။ လောရှောင်ချွမ်မှာ နေရာတွင် ပျောက်ကွယ်သွားပြီး လုချောင်းချောင်း၏ အရှေ့တွင် ပေါ်လာပါ၏။

“စည်းတံဆိပ်ငါးချက် အရာအားလုံးကိုပိတ်လှောင်ခြင်း”

နဂါးအမြီးမှာ လျင်မြန်စွာကျဆင်းနေရာမှ လောရှောင်ချွမ်း၏ ပိတ်ဆို့မှုကြောင့် လေထုထဲတွင် နှေးကွေးသွားပါ၏။ အရာရာအားလုံးကို စည်းတံဆိပ်ငါးချက်နှင့်ပိတ်လှောင်ခဲ့သည့်တိုင် လီချန်းချင်း၏

ရှိသမျှ နတ်ဘုရားဝိဉာဉ်၊ အတွင်းအားအကုန် ထုတ်ထားသည့် နဂါးနိုင်လက်ဝါး၏အမြီး ရိုက်ချက်ကိုတော့ မပိတ်လှောင်နိုင်ခဲ့ပါချေ။

အနည်းငယ်သာအရှိန်လျော့သွားအောင်ပြုလုပ်နိုင်ခဲ့ပါသည်။ အမြီးရိုက်ချက်မှာလောရှောင်ချွမ်းအား ကျဆင်းသွားစေခဲ့ပါ၏။

“အုန်း.... အမြီးရိုက်ချက်၏ ရိုက်ခတ်မှုကြောင့် လောရှောင်ချွမ်း၏အကာအကွယ်ကိုပင်ချိုးဖောက်သွားပြီး လောရှောင်ချွမ်းရော လုချောင်းချောင်းကိုပါ လွင့်ထွက်သွားစေပါ၏။

လောရှောင်ချွမ်းမှာသွေးတစ်လုတ် အန်လိုက်ရပြီး၊လုချောင်းချောင်းကိုတော့သစ်ပင်မိစ္ဆာကအသည်းအသန် ကာကွယ်ပေးခဲ့ပါ၏။

မြေလျှောက်အင်မော်တယ်ဖြစ်သည့် လောရှောင်ချွမ်း၏ကာကွယ်မှုနှင့် သစ်ပင်မိစ္ဆာ၏ကာကွယ်မှုကြောင့် လုချောင်းချောင်းမှာ အဝေးသို့လွင့်ထွက်သွားသော်လည်း သေလောက်အောင်တော့ မဖြစ်ခဲ့ပါ။

လောရှောင်ချွမ်းက သွေးတစ်လုတ်ထပ်အန်ပြီးနောက် ကွဲအက်နေသည့်အသံနှင့်

“အစ်ကိုလီစိတ်ထိန်းပါဦး။ အစ်ကိုလီတွေးထားပြီးပြီပဲလေ။စိတ်ထိန်းပါဦး အစ်ကိုလီရာ စိတ်ထိန်းပါဦး”

လီချန်ချင်းကသတ်ဖြတ်လိုစိတ်အပြည့်နှင့် ကြည့်နေပြီးတော့ ဘာတစ်ခွန်းမှထပ်မပြောပါချေ။

လောရှောင်ချွမ်းမှာ ဒယိမ်းဒယိုင်ဖြင့်သူ၏ကိုယ်ကို မတ်မတ်ရပ်ပြီး ကြိုးစားပြီးမတ်တပ် ထရပ်လိုက်ပါ၏။

သို့သော် လီချန်ချင်းကနေရာတွင်ပျောက်ကွယ်သွားပြီး လုချောင်းချောင်း၏ရှေ့တွင် မိုးကြိုးပစ်လိုက်သလိုမျိုးရောက်ရှိလာပါ၏။

“ဖြန်း...”

လုချောင်းချောင်းက မလှုပ်ရှားနိုင်ခင်မှာပင် နောက်ထပ် ပါးရိုက်သံတစ်ချက်ကြားလိုက်ရပါ၏။ နီရဲနေသော လက်ဝါးရာက လုချောင်းချောင်း၏ပါးထက်တွင် ထွက်ပေါ်လာခဲ့ပါသည်။

လုချောင်းချောင်းက ရိုက်ချက်ကြောင့်ထပ်မံ၍အဝေးသို့လွင့်ထွက်သွားပါ၏။ထိုဖြစ်ရပ်ကိုမြင်သော လောရှောင်ချွမ်းက ဝင်မတားဘဲနဲ့ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပါ၏။

သူက ဘာတစ်ခွန်းမှ ထပ်မပြောတော့ပါ။ လီဟမ်ရှန်း က လုချောင်းချောင်း၏လက်ထဲတွင်သေခဲ့သည်မဟုတ်ပါလား။

သူကိုယ်တိုင်ရှိနေပြီး လီချန်ချင်းနှင့် သဘောတူညီမှုမလုပ်ထားပါက လီချန်ချင်းက လုချောင်းချောင်းအား ဒီနေရာတွင်ပင်သတ်ဖြတ်ပစ်လိုက်မည်ဖြစ်သည်။

“ငါနင့်ကိုအခုရိုက်တာက ငါ့သားအစားရိုက်ပေးတာပဲ”

လီချန်ချင်းက လုချောင်းချောင်းအားအေးစက်စွာဖြင့်ပြောလိုက်ပါ၏။

လီဟမ်ရှန်းကိုအသေချစ်သော လီချန်ချင်း၏အဖြစ်ကိုတော့ လောရှောင်ချွမ်းက

နံဘေးမှပြုံးရင်းသာကြည့်နေခဲ့ပါသည်။

လီချန်ချင်းကသဘောတူညီမှုလုပ်ထားသည့်အတိုင်းစိတ်မထိန်းနိုင်ဘဲနဲ့နဂါးနိုင်လက်ဝါးသိုင်းကိုအစွမ်းကုန်ထုတ်သုံးခဲ့သေးသည်မဟုတ်ပါလား။သူက မြေလျှောက်အင်မော်တယ်ဖြစ်ပြီး သူ၏ကာကွယ်မှုကြောင့်သာမဟုတ်လျှင် လုချောင်းချောင်းမှာ 

ယခုနေတွင်ပင်အသက်သေဆုံးနေပြီဖြစ်၏။

ထိုနဂါးနိုင်လက်ဝါးသိုင်း၏ရိုက်ချက်ကြောင့် သူပင်လျှင် အသည်းနဲ့ကျောက်ကပ်ကိုအနည်းငယ် ဒဏ်ရာ ရသွားစေပါသည်။လုချောင်းချောင်းသာဆိုလျင်တော့ အလောင်းပင်ကျန်မည်မဟုတ်ပါချေ။

လုချောင်းချောင်းက တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီး 

အတွင်းအင်္ဂါများပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့်တိုင် လီချန်ချင်း၏လက်ဝါးရိုက်ချက်ကို တစ်လုံးမျှမပြောဘဲနဲ့ ငြိမ်ခံခဲ့ပါ၏။

လီချန်ချင်းက လုချောင်းချောင်းအား နောက်တစ်ကြိမ် ထပ်မကြည့်တော့ဘဲ သူမကိုကျော်ပြီးနောက် တောင်ကြားထဲသို့ဝင်ကာ ပျက်စီးယိုယွင်းလုနီးပါးဖြစ်နေသော တဲအိမ်လေးထဲသို့ဝင်သွားခဲ့ပါ၏။လီချန်ချင်းထွက်သွားသည်ကိုကြည့်ပြီးနောက်တွင် လုချောင်းချောင်းက အားနည်းစွာပြောလိုက်ပါ၏။

“လောရှောင်ချွမ်း.. လီချန်ချင်းနဲ့ ရှင်ဘာတွေ သဘောတူညီမှုလုပ်ထားတာလဲ။ကျွန်မက လီဟမ်ရှန်းကိုသတ်တာတောင်မှသူကကျွန်မကိုအသက်ချမ်းသာပေးခဲ့တယ်”

ထိုဖြစ်ရပ်မှာ လုချောင်းချောင်း၏ထင်မြင်ချက်နှင့် ကွာခြားနေခဲ့ပါ၏။လီချန်ချင်းက လီဟမ်ရှန်းကို မည်မျှချစ်မြတ်နိုးသည်ကို သူမသိပါသည်။

လီဟမ်ရှန်း၏သေဆုံးမှုက လီချန်ချင်းကို အရူးတစ်ယောက်လိုဖြစ်သွားပြီးမြင်မြင်သမျှ သတ်ဖြတ် သွားသည့်မကောင်းဆိုးဝါးတစ်ပါးအဖြစ်သို့ပြောင်းလဲသွားမည်ဟုသူမသိပါ၏။

သို့သော် လီချန်ချင်းက စိတ်တစ်ချက်လွတ်ပြီး သူမနှင့်လောရှောင်ချွမ်းအား နဂါးနိုင်လက်ဝါးသိုင်းတစ်ကွက်ကို ထုတ်သုံးပြီးနောက်တွင် ပါးတစ်ချက်သာရိုက်ခဲ့ပါ၏။ ထိုဖြစ်ရပ်မှာ လုချောင်းချောင်းအတွက် အလွန်ကိုထူးဆန်းနေခဲ့ပြီးလီချန်ချင်း၏ ပုံစံမဟုတ်သည်ကိုသတိပြုမိခဲ့ပါသည်။

“ဘာလို့လဲဆိုတော့ ဟိုအရင်တုန်းကတည်းက လီချန်ချင်းက လီဟမ်ရှန်းရဲ့ ကံကြမ္မာကို ကောင်းကင်ကိုဆန့်ကျင်ပြီးပြောင်းလဲခဲ့တယ်လေ။လီဟမ်ရှန်းက သေမှာမဟုတ်ဘူး ။ လီချန်ချင်းက လီဟမ်ရှန်းကို ဒုတိယအသက်တစ်ခုပေးခဲ့ပြီးသား။ လီဟမ်ရှန်းက တစ်ကယ်သာသေသွားခဲ့ရင်တော့အခုချိန်မှာ မင်းလဲသေမှာ ငါတောင်မှ သူ့ရဲ့ လက်ကနေ လွတ်မှာမဟုတ်ဘူး။ ဒီလူက ကြောက်ဖို့ကောင်းတဲ့လူပဲ။”

လောရှောင်ချွမ်းက ခံစားချက်ကင်းမဲ့စွာဖြင့်ပြောလိုက်ပါ၏။

“လီချန်ချင်းနဲ့ငါ လုပ်ခဲ့တဲ့သဘောတူညီချက်ကတော့ မင်းအလုပ်မဟုတ်ဘူး။ ငါတို့နှစ်ယောက်ရဲ့သဘောတူညီချက်ကလဲ အခု ဒီနေရာမှာပဲ အဆုံးသတ်ပြီ။ အခုချိန်ကစပြီး မင်းလဲ မင်းလမ်းသွားတော့။ ငါလဲလည်းငါ့လမ်းငါသွားတော့မယ်။ အနာဂတ်မှာကတော့ ငါတို့နှစ်ယောက်စလုံး ပြန်တွေ့နိုင်ဖို့က ကံကြမ္မာကနေပြီးတော့ရှောင်ပြေးနိုင်မလားဆိုတာ အများကြီးမူတည်သွားပြီ”

လောရှောင်ချွမ်းက အားရပါးရ ရယ်ပြီးနောက်တွင် ကောင်းကင်ထက်သို့ပျံသန်းထွက်ခွာသွားခဲ့ပါ၏

။လုချောင်းချောင်းကလဲပြောလိုက်ပါသည်။

“သစ်ပင်ဝိဉာဉ် ငါတို့လဲသွားရအောင်။ သူမက သွေးတစ်လုတ်ထပ်အန်လိုက်ပြီး သူမ၏နတ်ဘုရားဓါးကို အားပြုပြီး ခက်ခက်ခဲခဲ ပြန်လည်ထလိုက်ပါသည်”

ထို့နောက်တွင် သစ်ပင်မိစ္ဆာကိုမှီခို၍ဖြေးဖြေးချင်းနှင့်တောင်ကြားထဲမှ ထွက်သွားခဲ့ပါ၏။

လီချန်ချင်းက တောင်ကြားလမ်းပေါ်မှတက်သွားခဲ့ပါသည်။သူက လီဟမ်ရှန်းသေဆုံးသွားသည့်အခါတွင် အာရုံခံမိလိုက်ပါ၏။ ထိုအချိန်ကျမှာသာ လောရှောင်ချွမ်းက သူ့အားလွှတ်ပေးခဲ့ခြင်းလည်းဖြစ်ပါသည်။ လောရှောင်ချွမ်းက သူ့အားလှောင်ပိတ်ထားသည့်ကာလအတွင်း တွင် လီချန်ချင်းက လောရှောင်ချွမ်း ထံမှ များစွာသော လျို့ဝှက်ချက်များကိုသိခဲ့ရပါ၏။

ဒီလောကကြီးနှင့်ပတ်သက်သော ထူးခြားဆန်းကြယ်သော အကြောင်းအရာမျိုးစုံတို့ဖြစ်ပါသည်။ထိုအကြောင်းအရာမျမှာစာအုပ်များတွင်ဖတ်ရှုခြင်းနှင့်သိရှိနိုင်မည့် အရာများမဟုတ်ပါချေ။

စန်းယွမ်ယ်မြေ၏ လျို့ဝှက်ချက်များ ၊ထန်းဟိုင်မြို့၏လျို့ဝှက်ချက်များ ထိုအရာများကိုသိရှိပြီးသည့်နောက်တွင် စန်းယွမ်နယ်မြေကြီးမှာ အပြင်ပိုင်းကတည်ငြိမ်နေသည့်တိုင် အတွင်းပိုင်းတွင်လုံးဝ မတည်ငြိမ်သည်ကို သူကသိလိုက်ရပါ၏။

ယခင်ကတည်းက အစီအစဉ်ချထားသောသူများက စန်းယွမ်နယ်မြေကြီးတွင် ကောင်းမွန်စွာ အသက်ရှင်နိုင်မည်ဖြစ်သည်။

လီချန်ချင်းလိုမျိုး နေ့ရက်များကို တစ်နေ့တစ်နေ့ အေးအေးဆေးဆေး အရူးတစ်ယောက်လိုမျိုးကုန်ဆုံးနေသော သူများအတွက်တွင်မှု တစ်ခြားသူများ၏ ခြေနင်းကျောက်တုံးအဖြစ် ခံလိုက်ရပြီး

မသိလိုက်မသိဘာသာဖြင့်သေဆုံးသွားရမည်ဖြစ်သည်။ သူနှင့် သူသားတို့၏အနာဂတ်အတွက် လီချန်ချင်းက လောရှောင်ချွမ်းနှင့်ပူးပေါင်းရန်ရွေးချယ်ခဲ့ပါသည်။

ထိုသို့ရွေးချယ်ခဲ့သည့်တိုင် လီချန်ချင်းက လောရှောင်ချွမ်းကို ယုံကြည်မည်မဟုတ် ပါ။ ထိုအင်မော်တယ်တစ်ပိုင်းပြောသည့် အကြောင်းအရာများတွင် မည်သည့်အရာက မှန်သည် မည်သည့်အရာကမှားသည်ကို လီချန်ချင်းက သေချာမသိခဲ့ပါချေ။

လောရှောင်ချွမ်း၏ကြင်နာတတ်သောမျက်နှာဖုံး၏အောက်တွင် မည်ကဲ့သို့သော ရည်မှန်းချက်များရှိနေမည်ဟုလည်း လီချန်ချင်းက သေချာမသိပါ။

လီချန်ချင်းလက်ရှိလုပ်နိုင်သည်မှာ စန်းယွမ်နယ်မြေကြီး၏ပြောင်းလဲမှုကို လျင်မြန်စွာ နေသားကျအောင် လုပ်ရန်သာဖြစ်ပါ၏။ လီချန်ချင်းက ဖြေးညင်းစွာပင်တဲ အိမ်လေးထဲသို့ဝင်လာခဲ့ပါသည်။

အဝေးမှပင် လီဟမ်ရှန်း၏ အုတ်ဂူကို လီချန်ချင်းတွေ့လိုက်ပါ၏။ လွန်စွာရိုးရှင်းလှပြီး ကမ္ပည်းတိုင်ပင်မပါပါချေ။ ယခုအချိန်တွင် လီချန်ချင်းက ဖော်ပြ၍မရသော ဝမ်းနည်းမှုကို ခံစားနေခဲ့ရပါ၏။

ယခုအဖြစ်အပျက်မှာ လူအိုကြီးက မျိုးဆက်သစ်များ၏ အလောင်းကို အသုဘ လိုက်ပို့နေသည့်အဖြစ်အပျက်နဲ့တူနေသည်မဟုတ်ပါလား။သားဖြစ်သူ၏ အုတ်ဂူရှေ့တွင် မတ်တပ်ရပ်နေရမည်ဟု လီချန်ချင်း လုံးဝကို မမျှော်လင့်ထားခဲ့မိပါချေ။

သူ၏ပခုံးထက်တွင်ရှိသောဖေးက မြေပြင်ပေါ်သို့ ခုန်ချလိုက်ပြီးနောက်တွင် အုတ်ဂူကို စတင်၍တူးပါတော့သည်။ ထိုအဖြစ်ကိုကြည့်ရင်းနဲ့လီချန်ချင်းက လက်တစ်ချက်ဝှေ့လိုက်ရာ အုတ်ဂူမှာချက်ချင်းပင် မြေကြီးများမရှိတော့ပါ။လီဟမ်ရှန်း၏အလောင်းသာ အေးစက်စွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရပါတော့သည်။

လီချန်ချင်းက သူ၏လက်ကိုမြှောက်လိုက်ရာ လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှာ လေထဲသို့မြောက်တက်လာခဲ့ပါ၏။ ထိုအခိုက်တွင် လီဟမ်ရှန်း၏အဝတ်စားထဲမှ တစ်စုံတစ်ခုပြုတ်ကျလာသည်ကို လီချန်ချင်းကတွေ့လိုက်ရပါသည်။

ထိုအရာမှာ ချီရှန်းအမိန့်ပြားပင်ဖြစ်ပါ၏။လီချန်ချင်းက ချီရှန်းအမိန့်ပြားကို သူ၏လက်ထဲတွင်ကိုင်လိုက်၏။

ထို့နောက်တစ်ခဏတွေးပြီးနောက်တွင် ထိုအမိန့်ပြားကို သိုလှောင်လက်စွပ်ထဲသို့ပစ်ထည့်လိုက်ပါသည်။

ထိုအရာကို လီဟမ်ရှန်းနှင့် အတူထားခြင်းသည် လီဟမ်ရှန်းအား အန္တရာယ်ကျရောက်နိုင်သောကြောင့် သူက သိုလှောင်လက်စွပ်၏ သီးသန့်အာကာသနယ်မြေ၌ သိမ်းထားလိုက်ခြင်း ဖြစ်ပါသည်။

ထို့နောက် လီချန်ချင်းက လီဟမ်ရှန်း၏ ခန္ဓာကိုယ်ကို သူ၏ပုခုံးထက်တွင်သယ်ဆောင်ပြီး ဖေးကိုစီးနင်းပြီးနောက်တွင် ဤနေရာမှ ထွက်ခွာသွားခဲ့ပါတော့သည်။

All Chapters