← Chapters

တံခါးပိတ်နေခြင်း

Vol. 62 Ch. 436.4

တံခါးပိတ်နေခြင်း

Vol. 62 Ch. 436.4

အောင်ရှင်းသည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ အနိုင်ယူပြီးနောက် အတိုင်းအတာ တစ်ခုအထိ ခက်ခဲနေသေးကြောင်းကိုလည်း သိခဲ့သည်။ သခင်မလေးယွမ်ဟာလည်း တစ်ကျော့ပြန် ပြန်လာနိုင်ခဲ့သည်။ အထူးသဖြင့် နောက်ဆုံး အဆင့်အကြောင်းကို ကြားပြီးတဲ့ နောက်မှာတော့ သူမဟာ ဒီမိုက်မဲတဲ့ မိန်းမငယ်လေးကို အထင်ကြီးတုန်းပါပဲ။

အခု သူတို့ဒီကို ရောက်လာတော့ သူမရဲ့ စွမ်းအားကို ပြသတာထက် သူငယ်ချင်းတွေ ဖွဲ့ဖို့က ပိုအရေးကြီးတယ်လေ။ ရောက်ပြီးချင်းမှာ သခင်မလေးယွမ်ရဲ့ ဒေါသကို ကြုံတွေ့ရမယ်လို့ မမျှော်လင့်ထားဘဲနဲ့ ချက်ချင်းပဲ စိတ်မချမ်းသာ ဖြစ်မိပြန်သည်။

"ကောင်းပြီ နင့်အကြွေးကို မကျေမနပ် ဖြစ်နိုင်တဲ့ သတ္တိရှိမယ်လို့ ထင်တာပဲ အခု နင့်နာမည်ကို အရင် ပြောကြည့်ပါဦး..."

"ယွမ်ရှူး..."

"ငါ့ကို ရှုံးတာ မဆန်းပါဘူး.... နာမည်မှာကိုက ရှုံးဆို​တဲ့ စကားလုံး ပါလာတာပဲ"

အောင်ရှင်းက အော်လိုက်သည်။ သခင်မလေးယွမ်က လည်ပင်းကို ဆန့်တန်းလိုက်သလို အောင်ရှင်းကလည်း လည်ပင်းကို ဆန့်ထုတ်လိုက်သည်။

(ဘာသာပြန် - ယွမ်ရှုး (舒 ရှူး)သက်တောင့်သက်သာ ဖြစ်ခြင်း ၊ အောင်ရှင်း ပြောတဲ့ ရှူး က (输) ရှုံးနိမ့်ခြင်း အသံထွက်တူပါတယ်)

လုရွှမ် ပေါ့ပေါ့တန်တန် ချောင်းဆိုးလိုက်ပြီး အောင်ရှင်းကို အရမ်း မလွန်သွားရန် အချက်ပြလိုက်သည်။ ပထမတစ်ချက် အနေနဲ့ လုရွှမ် ဒီမိန်းမငယ်လေး အတွက် စိတ်မချမ်းသာသလို အမြင်မျိုး ရှိနေလေသည်။

သူ့အမြင်အရ ဤလူများသည် လေနှင့်မိုးကို ခံနိုင်ရည်မရှိသော ဖန်လုံအိမ်ထဲရှိ ပန်းပင်များသာ ဖြစ်သော်လည်း ဆိုးရွားသော အခြေအနေများတွင် သူမ၏စွမ်းဆောင်မှုသည် လုရွှမ်၏ မျက်လုံးများကို လင်းစေခဲ့သည်။

ဒီအလှလေးယွမ်ဟာ မောက်မာစွာ မစော်ကားနိုင်တဲ့သူတွေကို မစော်ကားမိထားသရွေ့ သူမဟာ အနာဂတ်မှာ ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရရှိမှာ သေချာပါ၏။

အောင်ရှင်းက ရယ်ပြီး သူမ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

သူမက ရှေ့ကို လှမ်းပြီး သခင်မလေးယွမ်ရဲ့ ခေါင်းကို ရုတ်တရက် ပွေ့ဖက်ကာ သူမ နှုတ်ခမ်းကို နမ်းလိုက်သည်။ ယွမ်ရှုး အကြီးအကျယ် အံ့ဩသွားတော့သည်။ သူဘာလုပ်နေတာလဲ။

တခြားသူများသာမက လုရွှမ်ပင် အံသြသွား၏။

ဒါပေမဲ့ အောင်ရှင်းက ပြုံးပြီး

"ငါ လူသားတစ်ယောက်လို ခံစားရတာကို အမြဲတမ်း မြည်းစမ်းကြည့်ချင်နေတာ... အရသာက တော်တော် ကောင်းပါတယ်... မွှေးနေတာပဲ.... ကောင်းပြီ ငါတို့ရဲ့ ငွေတောင်းခံလွှာကို လျှော့ပေါ့ပေးတာပေါ့"

ထိုစကားကို ပြောပြီးနောက် အောင်ရှင်းသည် နတ်သမီးကျင်းဟုန်နဲ့ အောင့်ယွဲ့တို့ဘက်ကို အပြုံးကြီးဖြင့် လှည့်ကြည့်လိုက်သည်။ နှစ်ယောက်သား ခြေတစ်လှမ်း ဆုတ်ကာ လုရွှမ် အနောက်သို့ ဝင်ပုန်းအောင်းနေလိုက်သည်။ ကျားဖြူလေးပင် နောက်ပြန်ဆုတ်ကာ အောင်ရှင်းကို ထိတ်လန့်စွာ ကြည့်နေလေသည်။

အောင်ရှင်း ရုတ်တရက် အံသြသွားပြီး တခြားသူများ မရယ်မောနိုင်ဘဲ သူမကို ကောင်းကင်အရိပ်ဂိုဏ်းသို့ ပြန်ပို့လိုက်သည်။ လုရွှမ်ကတော့ ခြေတစ်လှမ်း အသာ ဆုတ်သွားခဲ့သည်။ ယွမ်ရှူးရဲ့ မျက်နှာပေါ်က အရှက်နှင့် ဒေါသကို မြင်လိုက်ရတော့ အောင်ရှင်းရဲ့ ပြက်လုံးလေး ဖြစ်တာကို သိသွားသည်။ သူမက တကယ်ရန်သူ ဖြစ်အောင် လုပ်တော့မှာပဲ။

ဒါပေမဲ့ အောင်ရှင်းဟာ အနာဂတ်မှာ ဒီလိုရန်သူအတွက်တော့ စိတ်ပူရပါလိမ့်မယ်။

"ဒီဝမ်းကွဲအစ်မကရော မင်းကို ဘယ်လို ခေါ်ရမလဲ?"

လုရွှမ် ယွမ်ရှူးရဲ့ ဝမ်းကွဲအစ်မကို ကြည့်ရင်း မေးလိုက်သည်။ ဖြစ်စဉ်တစ်ခုလုံးမှာ ထိုမိန်းကလေးက ပြောင်မြောက်တဲ့ပုံစံနဲ့ ပြုမူနေတယ်လို့ ကြားလိုက်သလို စစ်ဆေးမှု လမ်းတစ်လျှောက်မှာလည်း လွယ်လွယ်ကူကူ ဖြတ်ကျော်သွားကြောင်း ကြားလိုက်ရ၏။ တခြားသူတွေက အလွန်ကြောက်စရာ ကောင်းပုံရတဲ့ အဆင့်က ဒီမိန်းကလေးရဲ့ အလားအလာကို တွန်းမထုတ်နိုင်ဘူး ဆိုတာ သိသာထင်ရှားလှသည်။

"အာမခံချက်က ဝေးလံခေါင်သီတဲ့ နေရာလေးတစ်ခုကနေ လာတဲ့ ပိုင်လင်ပါ... အစ်ကိုလုက အဲဒါကို တစ်ခါမှ မကြားဖူးမှာတော့ သေချာပါတယ်"

မိန်းကလေးက ပြုံးပြလိုက်သည်။

"နောက်မှတွေ့မယ်"

လုရွှမ်လည်း ပြုံးပြီး ခေါင်းညိတ်ကာ လှည့်ထွက်သွားခဲ့သည်။

မြို့သခင်စံအိမ်ရှိ လူကြီးမင်းဟော်ရှန်း၏ စိတ်အား ထက်သန်သော တပည့် ရွေးချယ်မှုမှာ နောက်ဆုံးတွင် ပြီးဆုံးသွားကာ မြို့သခင်စံအိမ်ရှေ့မှ လူများလည်း တဖြည်းဖြည်း ကွဲထွက်သွားသည်။ ဒါပေမဲ့ နှစ်ယောက် သုံးယောက် အုပ်စုဖွဲ့ပြီး ပါရမီရှင်တွေ အကြောင်း ပြောနေကြတုန်းပင်။ တချို့ကလည်း ခံစားချက်တွေ မျှော်လင့်ချက်တွေ ပြည့်နှက်လျက်။

လူငယ်များ၏ အလောင်းကို မရယူနိုင်ဘဲ ငိုကြွေးကျန်ခဲ့သော လူများ ပိုများလာကာ တဖြည်းဖြည်း နာကြည်းခြင်း၊ ကြောက်ရွံ့ခြင်းနှင့် နောင်တရခြင်းတို့ဖြင့် ကျန်ရစ်ခဲ့သည်။

လူကြီးမင်းဟော်ရှန်းရဲ့ စစ်ဆေးမှုဟာ ရှေးဟောင်း လျှပ်စီး ကမ္ဘာတစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ယနေ့မှစ၍ နောက်၁၀နှစ်လောက်အထိ ခမ်းနားသော ဤမြင်ကွင်းကို လူများက ပြန်လည်ဖန်တီးနိုင်မည်ဟု ခန့်မှန်းနိုင်သော်လည်း ကမ္ဘာကို အံ့အားသင့်စေသော လုရွှမ်နှင့် နတ်သမီးအောင့်ယွဲ့တို့ ကဲ့သို့သော ကျော်ကြားသော ပါရမီရှင်များ ရှိလာဦးမည်လား ဆိုတာကို မသိကြပေ။

လုရွှမ်နှင့် သူ့အဖွဲ့သည် သူတို့နေထိုင်ရာ အိမ်သို့ပြန်လာကြပြီး နောက်ဆုံးတွင် အောင့်ယွဲ့လည်း လုရွှမ်နဲ့ စကားပြောခွင့် ရလာခဲ့သည်။

နတ်သမီးဝမ်ယွဲ့ သူ့ကလေးကို ဆွဲထုတ်ဖို့ ကူညီပေးတဲ့သူက လုရွှမ်ပဲဆိုတာ သိလိုက်တဲ့အတွက် အောင့်ယွဲ့လည်း ဝမ်သားနေသလို သူမလည်း ကလေးကို လေ့ကျင့်​ပေးဖို့ အပြင်ကို ဆွဲထုတ်နိုင်ခဲ့ပါ၏။

မူလက သူတို့နှစ်ယောက် စောစောကတည်းက တွေ့ခဲ့ရမှာ ဖြစ်သည်။ အောင့်ယွဲ့သည် ရေဒြပ်စင် နတ်ပုတီးစေ့ကို အတူရှာဖို့ ဝမ်ယွဲ့ကို ပြောခဲ့သော်လည်း နတ်သမီးဝမ်ယွဲ့က ငြင်းဆိုခဲ့သည်။ ဒါက သူမရဲ့ကိုယ်ပိုင် ကိစ္စဖြစ်ပြီး အောင့်ယွဲ့ကို ဒုက္ခမဖြစ်စေလိုပေ။ နောက်ပိုင်းမှာတော့ သူမ လုရွှမ်ဆီက အကူအညီ ရလာခဲ့သည်။

နတ်သမီးအောင့်ယွဲ့ အရင်က လိုက်ဖမ်းတဲ့လူက ပန်းကောက်သူခိုး ဖြစ်ပြီး သူမ တောက်လျှောက်လိုက်နေခဲ့တာ ဖြစ်သည်။ နောက်တစ်ခုက သူ့ကံဆိုးမှုနဲ့ ထိုက်တန်ပါ၏။ သူတကယ်ပဲ စစ်ဆေးရေးဂိတ်ထဲကို အမြန်ပြေးသွားပြီး သူသေရမယ့် ကံကြမ္မာကို လက်ခံလိုက်သည်။

"ညီမအောင့်ယွဲ့ ကျွန်မတို့ဒါပြီးရင် အနောက်ဘက်ကို သွားပြီး လေ့ကျင့်ကြမှာ... ဒါမှမဟုတ် ညီမလည်း ကျွန်မတို့နဲ့ လိုက်ခဲ့မလား? ဘယ်လိုလဲ?"

နတ်သမီးကျင်းဟုန်နဲ့ အောင်ရှင်းက အောင့်ယွဲ့အား အရမ်းကို ကြိုဆိုနေကြသည်။

သူမသည် သူတော်စင် စတုတ္ထအဆင့်သာ ရှိသော်လည်း သူမတို့နှင့် ယှဉ်ပြိုင်နိုင်ခဲ့တာကြောင့် ထိုမိန်ကလေး နှစ်ဦးသည် အလွန်အံ့သြ ချီးကျူးခဲ့ကြသည်။ အောင်ရှင်း အခုထိ အရွယ်မရောက်သေးချေ။ အသက် ကြီးလာသည်နှင့်အမျှ အောင်ရှင်း၏ စွမ်းရည်များ တဖြည်းဖြည်း ထင်ရှားလာပြီး ပိုမိုအားကောင်းလာမှာပဲ ဖြစ်သည်။

"ကောင်းပြီ!"

လုရွှမ်ကို ကြည့်ပြီးနောက် နတ်သမီးအောင့်ယွဲ့က ပြုံးပြီး သဘောတူလိုက်သည်။ လုရွှမ်ကတော့ သူ့နှာခေါင်းကို ပွတ်သပ်ရင်း ဘာမှ မပြောလာခဲ့ပေ။

နောက်ရက် အနည်းငယ်တွင် လူအုပ်စုသည် ရန်မြို့တစ်ခွင့် ပေါ့ပေါ့ပါးပါး လမ်းလျှောက် ထွက်လာခဲ့ကြပြီး ဤမြို့၏ ခမ်းနားမှုကို စေ့စေ့စပ်စပ် နားလည်ကာ အခင်းအကျင်း တည်ဆောက်မှု၏ အမျိုးမျိုးသော လေထုကို ခံစားခဲ့ကြသည်။

လူလေးယောက်နှင့် ကျားတစ်ကောင်တို့သည် အရည်အချင်း ရှိသူများ ဖြစ်ကြတာကြောင့် အချင်းချင်း ဆွေးနွေးမှုများမှ တချို့အရာများကို သင်ယူခဲ့ကြသည်။

ယခုအချိန်တွင် လူပေါင်းများစွာက လုံး၀ ကျော်ကြားနေပါ၏။ လူလေးဦးနှင့် ကျားတို့သည် ပါရမီရှင်များ ကြားတွင် ပါရမီရှင်များဖြစ်ကြတာကို မသိသူ မရှိကြသော်လည်း ရှေးဟောင်းလျှပ်စီးကမ္ဘာက ၎င်းတို့နေထိုင်ရန်နေရာ မဟုတ်ပေ။ ယခုအချိန်သည် သူတို့ကြားက ဆက်ဆံရေး ကောင်းမှုတစ်ခုကို ထူထောင်ရမည့်အချိန် ဖြစ်သည်။

ရံဖန်ရံခါ လူများသည် သူတို့အဖွဲ့အား ဂုဏ်ပြုရန် အပြေးအလွှား တက်လာကြပြီး အကြံဉာဏ်တောင်းရန်ပင် ထွက်လာကြသည်။

ယခုအခါ လူကြီးမင်းဟော်ရှန်းရဲ့ စကားကို နားထောင်ပြီးနောက် လုရွှမ်နှင့် အောင့်ယွဲ့တို့သည် သူတော်စင် နယ်ပယ်တွင်သာ ရှိကြသော်လည်း ၎င်းတို့သည် တူညီသော နယ်ပယ်မှ မဟာ သူတော်စင်များကဲ့သို့ပင် အားကောင်းနေပြီ ဖြစ်တာကို လူတိုင်း သိကြသည်။

သူတို့က လူတိုင်း ထင်ထားတဲ့ နယ်ပယ်တစ်ခုကို လုံးလုံးလျားလျား ဖြတ်ကျော်သွားပြီ။ သာမန်ပါရမီရှင်များသည် တူညီသော နယ်ပယ်တွင် လွှမ်းမိုးနိုင်သည်မှာလည်း မှတ်သားဖွယ် ကောင်းလှသည်။

လုရွှမ်နှင့် တခြားသူများသည် သဘာဝအတိုင်း အစွမ်းကုန် ကြိုးစားကြပြီး ကြင်နာတတ်သော စိတ်ထားလည်းရှိသည်။ ၎င်းတို့သည် အကြံဉာဏ်တောင်းရန် ရောက်ရှိလာသူများနှင့် ၎င်းတို့၏ အားနည်းချက်များကို သင့်လျော်စွာ ထောက်ပြကာ သူတို့ အမြင်ကိုလည်း တိုးတက်စေခဲ့သည်။

ရလဒ်အနေနဲ့ အကြံဉာဏ်တောင်းသူတွေ ပိုများလာသလို သူတို့ရဲ့ နာမည် ဂုဏ်သတင်းကလည်း ပိုကျယ်ပြန့်လာကာ လူတိုင်းက ချီးကျူးစရာ ဖြစ်လာခဲ့ကြသည်။

နာကျင်မှုနှင့် ပျော်ရွှင်မှုတို့ ရောယှက်နေသော ရန်မြို့ရဲ့ လေလံပွဲက နောက်ဆုံးတွင် စတင်တော့မည် ဖြစ်သည်။

လူတွေကလည်း အဲဒါကို ရှင်းရှင်းလင်းလင်း သတင်းရထားတာကြောင့် အနယ်နယ် အရပ်ရပ်ကနေ လာတဲ့လူတွေလည်း ပေါများလာ၏။ တချို့က မြို့ပြင်မှ ဝင်လာကြပြီး အချို့က တချို့ကလည်း နေရာပြောင်း အစီအရင်ကနေ တိုက်ရိုက် ထွက်လာသူတွေလည်း ရှိပေသည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ သူရဲကောင်း ဖြစ်လာသူ များစွာလည်း ဒီနေရာကို ရောက်လာကြ၏။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးကို လွတ်သွားရတယ်လို့ ကြားရပါက လွန်စွာဝမ်းနည်းမိကြလိမ့်မည်။ ဒီလိုအခွင့်အရေးမျိုးက အရမ်းရှားကာ နောက်ဆယ်နှစ်လောက် စောင့်ရင်တောင် အဆင့်တူ ပါရမီရှင်တွေကို တွေ့ရဖို့က ခက်ခဲသွားနိုင်သည်။

ထို့ကြောင့် ၎င်းတို့၏ အရည်အချင်းများကို စိစစ်ပြီး လူကြီးမင်းဟော်ရှန်းရဲ့ တံခါးဝတွင် ပါဝင်ခဲ့သော ပါရမီရှင်များနှင့် ယှဉ်ပြိုင်လိုသလို အသစ်အဆန်းများကို ပျော်ပျော်ရွှင်ရွှင် ဖန်တီးချင်ကြသည်။

လုရွှမ်နှင့် တခြားသူများသည် လွန်ခဲ့သော ရက်အနည်းငယ်က အိမ်တွင် နေ၍ တစ်အိမ်တက် တစ်အိမ်ဆင်း ပြိုင်ပွဲများ ဆက်တိုက် ကျင်းပရခြင်းကို ငြီးငွေ့နေကြပါပြီ။ အထူးသဖြင့် လူအတော်များများသည် သာမန်စွမ်းရည်နှင့် ညံ့ဖျင်းသောစွမ်းအား ရှိသော်လည်း ၎င်းတို့မှာ ထူးထူးခြားခြား ဇွဲမလျှော့ကြချေ။

လုရွှမ်ကို ပို၍ပင် စကားမပြောနိုင်စေသည့် အချက်မှာ သူ့ကို အနည်းဆုံး မဟာသူတော်စင် အဆင့်ရှိသူများက လာရောက် စိန်ခေါ်နေကြခြင်းပဲ ဖြစ်သည်။

အကြောင်းပြချက်က အလွန် ရိုးရှင်းပါ၏။ သူတို့သည် မဟာသူတော်စင် နယ်ပယ်တွင် ရှိသော်လည်း လုရွှမ်နှင့် ယှဉ်ပြိုင်နိုင်လျှင် သူတို့ရဲ့ အရည်အချင်းက အလွန်မြင့်မားသည်ဟု အဓိပ္ပာယ် ရှိစေလိုခြင်းသာ ဖြစ်ပေ၏။

လုရွှမ်သည် ဒါကို အခက်တွေ့သွားသလို ခံစားရပေမယ့် နတ်သမီးအောင့်ယွဲ့ကတော့ ပျော်ရွှင်စွာ ကြည့်နေကာ သူမရဲ့ လက်စားချေမှု အောင်မြင်သွားသလို ခံစား​နေရရှာသည်။ သူမက နာမည်ကြီးနေတာ ကြာပြီမို့ ဘယ်သူကမှ သူမကို ဒုက္ခလာမပေးရဲချေ။

All Chapters