← Chapters

လေလံပွဲ

Vol. 62 Ch. 437.4

လေလံပွဲ

Vol. 62 Ch. 437.4

နောက်ဆုံးတော့ လေလံတင်မယ့်​နေ့ကို ရောက်လာခဲ့ပြီ။ လေလံပွဲပြီးရင် မြန်မြန် ထွက်သွားရမည်ဟု လုရွှမ် တွေးထားသည်။ ဒီလို အချိန်ကုန်သွားရတာက သူ့နှလုံးသားထဲက အပြင်းထန်ဆုံး နာကြည်းမှုပဲလေ။

တစ်လအတွင်းက ကောင်းကင်အရိပ်ဂိုဏ်း ကျော်ကြားလာချိန်လည်း ဖြစ်သည်။ မရေမတွက်နိုင်သော မျိုးရိုးမြင့် မိသားစုများနှင့် ဂိုဏ်းခေါင်းဆောင်များက ဂိုဏ်းချုပ်ယွင်ထံသို့ လာရောက် ဂါဝရပြုကြ​လေသည်။

ထို့ကြောင့် ဂိုဏ်းချုပ်ယွင်လည်း အရေးကြီးဧည့်သည် ဖိတ်စာတစ်စောင်ကို လက်ခံရရှိပြီး လူတိုင်းကို လေလံအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။

လေလံပွဲ နေရာသည် အလွန်ကျယ်ဝန်းပြီး လေဟာပြင်နေရာ ဖြစ်သည်။ သို့သော်လည်း အလွှာလိုက် ဖွဲ့စည်းထားပြီး အပြင်ဘက်က အပြာရောင် ကောင်းကင်ပြာနှင့် တိမ်ဖြူများကို မြင်တွေ့နိုင်သော်လည်း အပြင်က လူတွေကတော့ အထဲကအရာကို မြင်တွေ့နိုင်လိမ့်မည် မဟုတ်ချေ။

အကျယ်ဆုံး နေရာကို သိမ်းပိုက်ထားတဲ့ ထိုင်ခုံတွေက သာမန်လူတွေထိုင်တဲ့ ထိုင်ခုံတွေပဲ ဖြစ်လေသည်။ တချို့ကျင့်ကြံသူတွေ တစ်ဖက်ကနေ ညစ်ပတ်တဲ့ လှည့်ကွက်လေးတွေ သုံးပြီး လှည့်စားမှာကို စိုးရိမ်တာကြောင့် လေလံအိမ်က ဒီအချက်ကို စီစဥ်ထားခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ကျင့်ကြံသူများကြား အကွာအဝေးသည် အနည်းငယ်ကျဲပုံ မပေါ်သော်လည်း တစ်ချက် ကြည့်လိုက်လျှင်ပင် ပတ်ဝန်းကျင်၌ အမျိုးမျိုးသော ရောင်ဝါများ တက်လာပြီး အရှိန်အဟုန်မှာ အလွန်ထူးခြားတာကို တွေ့ရပေမည်။

လုရွှမ်သည် အခန်းအကန့်ထဲတွင် မတ်တပ်ရပ်ကာ အောက်ကို ငုံ့ကြည့်လိုက်ရင်း သက်ပြင်းမချဘဲ မနေနိုင်လိုက်ချေ။ ရန်မြို့ကတော့ ယခုအချိန်မှာ ဘယ်လောက် ခံစားချက် ကောင်းနေပါစေ အရာရာတိုင်းထက် ကြီးကျယ်ခမ်းနားသော ဘုန်းတန်ခိုးကို လိုက်ရှာချင်နေပုံရသည်။

လုရွှမ် ဒီနေရာက အခင်းအကျင်း အစီအရင်တွေကို တွေ့ကြုံခံစားကြည့်တော့ တချို့ကို နားလည်နိုင်ခဲ့သော်လည်း တခြားအရာများနှင့် ပတ်သက်ကာ လုံးဝ စိတ်ရှုပ်သွားခဲ့သည်။ အောင့်ယွဲ့ကပဲ သူ့ရဲ့ စိတ်ရှုပ်ထွေးမှုကို ရှင်းရန် ကူညီပေးခဲ့သည်။

သူမ ပြောသည့်စကားအရ သူမသည်လည်း အနည်းငယ် သိပေမယ့် စူးစမ်း​လေ့လာရန် အလွန်များနေသေးသည်။ လုရွှမ်ဘက်ကလည်း ထိုအချက်ကို အထူးသဘောတူပါ၏။

လက်ရှိနေရာမှာ ကျင့်ကြံသူတွေ များလွန်းသလို တူညီသောအဆင့်ရှိ လူများပင် ထူးထူးခြားခြား အရည်အချင်းနှင့် အဆင့်အတန်းတွေ ရှိကြတာကြောင့် မိမိဘာသာလည်း သတိကပ်ထားကြရမည်။

ခန်းမထဲဝင်ပြီး သိပ်မကြာခင်မှာပဲ အားလုံးက လေလံပွဲစမယ့် အချိန်ကို စောင့်နေကြသည်။

အလင်းတန်းများ ထွန်းလင်းပြီး လေလံအိမ်ထဲ၌ လူအနည်းငယ် ရုတ်တရက် ပေါ်လာသည်။ သူတို့ကိုယ်ခန္ဓာရှိ ​ရောင်ဝါများသည် အလွန်တန်ခိုးကြီးသဖြင့် ၎င်းတို့အားလုံး ကောင်းကင်ဘုံသခင်များ ဖြစ်ကြောင်း ကောင်းကင်ဘုံရှင်သခင်များကြားတွင် ၎င်းတို့၏ နယ်ပယ်များသည် အလွန်ကြီးမားလှကြောင်း ခံစားနိုင်လေ၏။

အခွင့်အလမ်းတချို့ သို့မဟုတ် အသိဉာဏ်တချို့ရှိသရွေ့ ထိုထဲက အနည်းဆုံး လူသုံးဦးသည် နတ်မီးနယ်ပယ်ကို ရောက်ရှိနိုင်သည့် အကြီးအကဲများ ဖြစ်လာနိုင်သည်။

ယွင်ယင်သည် အောင့်ယွဲ့၊ လုရွှမ်၊ အောင်ရှင်းတို့နှင့် ပိုမို ရင်းနှီးလာခဲ့သည်။ သူတို့လေးယောက်နှင့် ကျားလေးတစ်ကောင်သည် ထူးခြားသောလေလံပွဲအကြောင်း ပြော​ပြသည်ကို နားထောင်ရင်း သူ့ဘေးတွင် ရှိနေသည်။

“ဒါက ရန်မြို့ရဲ့ နယ်စပ်ဖြတ်ကျော် ရန်ချကုန်သွယ်မှုအသင်းလို့ ကြားတယ်... ချန်ချောင်ရှောင်းဟွေ့လို့ ခေါ်တယ်... ဆိုလိုတာကတော့ ဒီကုန်သွယ်မှုအသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေသရွေ့တော့ အဲဒီလူက ဘယ်သူပဲဖြစ်ဖြစ် တောက်ပတဲ့ အနာဂတ် ရှိလာမှာပဲ"

ထိုအခါ နတ်သမီးအောင့်ယွဲ့က

"အတော်လေး လွှမ်းမိုးချုပ်ကိုင် ထားတာပဲ.. အဖေပြောဖူးတယ်.. ချန်ချောင်ရှောင်းဟွေ့က ဝမ့်ကျစ်ကမ္ဘာရဲ့ ကူးသန်းရောင်းဝယ်ရေး ကုန်သည်ကြီးတွေ ဖြစ်ပြီး သူတို့ရဲ့ ရုံးချုပ်ကတော့ ဝမ့်ကျစ်ကမ္ဘာပဲ... ကျွန်မတို့ရဲ့ ရှေးဟောင်း လျှပ်စီးကမ္ဘာမှာ ရှိတဲ့ ကုန်သည်ကြီး အသင်းတွေ အများကြီး ရှိတယ်.. အဲဒါတွေကိုလည်း ချန်ချောင်ရှောင်းဟွေ့ ရုံးချုပ်က ထောက်ပံ့ပေးထားတာ"

"ဟုတ်တယ်... ဒီတစ်ခါ ချန်ချောင်ရှောင်းဟွေ့ ကုန်သည်အဖွဲ့က ဒီမှာလေလံပွဲ ကျင်းပတော့မှာ.... ဒါက သိသာထင်ရှားတဲ့ အခွင့်အလမ်းကြီးပဲ သူတို့က ကမ္ဘာသေးသေးလေးတွေကို ခရီးထွက်ပြီး မှော်ဆန်တဲ့အရာတွေ အများကြီးကို စုဆောင်းထားနိုင်ကြတဲ့ လူတွေ.. ဝယ်နိုင်ရင် ကျင့်ကြံမှုမှာ ပိုအားကောင်းလာလိမ့်မယ်.... မဝယ်နိုင်ရင်တောင် ကြီးမားတဲ့ ခြားနားချက်တစ်ခုကို ဖန်တီးနိုင်မှာ.... အဲဒါကိုကြောင့် ဒီလေလံပွဲက တွေ့ကြုံခံစားဖို့ အခွင့်အရေးကောင်း တစ်ခုလို့ ပြောလို့ရတယ်"

လုရွှမ် ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး ဂိုဏ်းချုပ်ယွင် ပြောတာ မှန်ကြောင်း သိနားလည်လိုက်သည်။ ဒါက တကယ့်အမှန်တရား ပါပဲ။

သူသည် ​လေလံစင်​မြင့်ဘက်ကို လှမ်းကြည့်လိုက်ရာ လူကိုးယောက် ဝေးရာသို့ ထွက်ခွာသွားကာ အလယ်က အနေအထားကို ချန်ထားခဲ့သည်။ ထိုအခိုက် အလင်းတန်းတစ်ခု ထွန်းလင်းလာပြီးနောက် အမျိုးသမီးတစ်ဦး တိတ်တဆိတ် ပေါ်လာခဲ့သည်။

ထိုအမျိုးသမီး၏ ၀တ်စားဆင်ယင်မှုသည် အလွန်ရိုးရှင်းပြီး သူမရဲ့ စိတ်နေစိတ်ထားက တိတ်ဆိတ် တည်ငြိမ်နေသော်လည်း သူမ ထို​နေရာတွင် မတ်တပ်တွင် ရပ်နေသောအခါတွင် ဘယ်သူကမှ သူမကို မော့မကြည့်ဝံ့ပေ။

လုရွှမ် ထိုအမျိုးသမီးကို ရင်းရင်းနှီးနှီး မြင်ဖူးသောကြောင့် မျက်လုံး အပြူးသား ဖြစ်သွားခဲ့သည်။ သူမသည် ယွမ်ရှူးရဲ့ အစ်မဝမ်းကွဲပဲ ဖြစ်လေ၏။ အကဲဖြတ်မှု အတွင်း ငါးကြီးတစ်ကောင် ရှိနေမယ်လို့ မမျှော်လင့်ထားပေ။

တခြားသူတွေ မပြောပါနဲ့ သခင်မလေးယွမ်ရှူးပင် ဒီအချိန်မှာ သူမမိဘတွေကို ထိတ်လန့်တကြားနဲ့ ကြည့်နေရသည်။

"အဖေ... အမေ ဘာဖြစ်နေကြတာလဲ? ဟမ် အစ်မက ဘာလို့ သမီးတို့နဲ့ မလိုက်ချင်တာလဲလို့ တွေးနေတာ လတ်စသတ်တော့ သူမက.... ဒါနဲ့ တကယ်ပဲ သမီးရဲ့ အစ်မဝမ်းကွဲလား"

ယွမ်မိသားစုရဲ့ အိမ်တော်သခင် ယွမ်တက ခါးခါးသီးသီး ပြုံးပြီး

"သေချာပေါက် သူက သမီးရဲ့ဝမ်းကွဲ မဟုတ်ဘူး... ချန်ချောင်ရှောင်းဟွေ့ ကုန်သည်အဖွဲ့ရဲ့ သခင်မလေးသုံးပဲ... မင်းအဖေငါ့ သူဌေးရဲ့အထက်က သူဌေးပဲ... သခင်မလေးသုံးက သူ့အထောက်အထားကို ထုတ်ဖော် မပြချင်ဘူး ဒါကြောင့် သူက ငါတို့အိမ်မှာပဲနေတာ... ငါက မင်းကို ကောင်းကောင်း ဆက်ဆံဖို့ ပြောနေခဲ့တာပဲ မဟုတ်ဘူးလား?"

ယွမ်ရှူးရဲ့ မျက်နှာသည် နီမြန်းနေပါ​ပြီ။ သူမသည် ၎င်းထက်အလွန်ပင် အရည်အချင်း ရှိသည်ဟုထင်ကာ သန်မာသောကြောင့် ဤကျေးလက်ကလာတဲ့ အစ်မဝမ်းကွဲကို အာရုံစိုက်ရန် ​ပြင်းလွန်းခဲ့သည်။

ခဏလောက်​​​ကြာတော့ ယွမ်ရှူးရဲ့ မျက်နှာဟာ အရမ်းဆိုးလာတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူတွေ့တဲ့ ယောက်ျားတိုင်းက ပါရမီရှင် ဖြစ်မယ်လို့ ထင်ခဲ့သော်လည်း မိန်းကလေးကပါ ဖြစ်နေမယ်လို့ မထင်ထားခဲ့ချေ။

ဤအကဲဖြတ်မှုတွင် စုစုပေါင်း ရှစ်ဆယ့်သုံးဦးရှိခဲ့ပြီး တချို့မှာ ဒဏ်ရာ ရရှိခဲ့ကြပါသည်။ သို့သော် သူမသည်လည်း အလွန်ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ သို့သော် လေလံစင်မြင့်ပေါ်က မိန်းကလေးကသာ ဘာမှမဖြစ်ခဲ့ချေ။

တစ်နည်းဆိုရသော် သူမသည် ဤပါရမီရှင်များထဲတွင် အညံ့ဆုံး ဖြစ်သွားလေ၏။

"ဖေဖေ မေမေ သမီး နားလည်ပါပြီ.... ဒီလေလံပွဲပြီးရင် သမီးအပြင်ထွက်ပြီး အတွေ့အကြုံကောင်းတစ်ခု ရှာပြီး သေချာ လေ့ကျင့်ပါ့မယ်"

ယွမ်ရှူးက တိုးတိုးလေး ပြောပြီး တစ်ချိန်က မာနကြီးပြီး ထိန်းထားသည့် ဒေါသသည် အနည်းငယ် ပိုမိုတင်းမာလာပြီး တည်ငြိမ်လာခဲ့သည်။

ယွမ်တနဲ့ သူ့မိန်းမက တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း မျက်လုံးထဲကတစ်ဆင့် စိတ်သက်သာရာ ရသွားကြောင်း ပြသလာခဲ့သည်။ သူတို့သမီးလေးက နောက်ဆုံးတော့ ကြီးပြင်းလာခဲ့ပြီလေ။

လေလံစင်မြင့်ထက်တွင် ပိုင်လင်သည် သူမ၏ အထောက်အထားကို မိတ်ဆက် ချီးကျူးစကား ပြောကြားကာ ရန်မြို့ကိုလည်း အားတက်သရော ချီးကျူးပြီးနောက် လေလံပွဲ တရားဝင်စတင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

လူကြီးမင်းဟော်ရှန်းလည်း သီးသန့် အကန့်ထဲ၌ ထိုင်ကာ သူ သတိမပြုမိခဲ့သော ပိုင်လင်ကို ကြည့်ကာ တစ်ယောက်တည်း ရှိုက်ကြီးတငင် ပြုံးပြလိုက်မိ​တော့သည်။ နောက်ထပ် ငါးကြီးတစ်ကောင်ကိုလည်း သူလွတ်သွားခဲ့ပြန်ပြီ။

တစ်ဖန် ထွက်လာသည့် လူတစ်ယောက်မှာ မဟာသူတော်စင် နယ်ပယ်တွင်သာ ရှိသော လှပသော မိန်းကလေး တစ်ဦးဖြစ်သည်။ ထိုမိန်းကလေးက ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကို လူအများက စိတ်ဝင်စား​နေကြဆဲ ဖြစ်သည်။ သူမက သူမအမည်နှင့် အထောက်အထားကို ပြောပြကာ လေလံပွဲကို ဦးစီးသူ ဖြစ်လာခဲ့သည်။

ထုရိုက်သံများ ထွက်ပေါ်လာပြီး လေလံပွဲသည် တရားဝင်စတင်ပြီဟု လေလံတင်သူက ကြေညာလိုက်သည်။

ကောင်းကင်အရိပ်ဂိုဏ်း၏ အခန်းထဲက လူအများအပြားသည် ပိုင်လင်၏ ဝိသေသလက္ခဏာကို ထိတ်လန့်စွာ ဆွေးနွေးနေကြဆဲ ဖြစ်သည်။

"မင်းတို့အားလုံး ရှေးဟောင်း လျှပ်စီးကမ္ဘာကနေ ထွက်ခွာပြီး အနာဂတ်မှာ ပိုမြင့်တဲ့ကမ္ဘာငယ်လေး တစ်ခုဆီ သွားတော့မှာမို့ ဘယ်သူ့ကိုမှ လျှော့မတွက်မိ​ပါ​စေနဲ့.... သူတို့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှတ်အသားတစ်ခု ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ အရည်အချင်းတစ်ခု ဒါမှမဟုတ် အစွမ်းထက်တဲ့ အစွမ်းသတ္တိတွေ ရှိကောင်းရှိနိုင်တယ်... အ​မြဲ သတိထားနေကြပါ"

ယွင်ယင်လည်း ဒီတစ်ခု သူမ အမှားလုပ်မိကြောင်း သိသည်။ သို့သော် လုရွှမ်ကတော့ ထိုမိန်းကလေး ဘယ်လောက် ထူးကဲတယ် ဆိုတာကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။

နတ်သမီးကျင်းဟုန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြရင်း သူ့အမေက သူမကို ဒီလူတွေထဲမှာ အရည်အချင်း အနိမ့်ဆုံးဖြစ်ပြီး သတိ အထားရဆုံးလို့ ပြောနေတာ သူမသိပါ၏။

လေလံစင်မြင့်ပေါ်က လေလံတင်သူသည် လေလံတင်မည့် ပထမဆုံးပစ္စည်းကို ထုတ်လိုက်သည်။ လုရွှမ် ဘာလဲဆိုတာကို ကြည့်လိုက်ပေမယ့် ပစ္စည်းရဲ့ အရည်အသွေးကို သူမသိလိုက်ပေ။

"ချစ်ခင်ရတဲ့ မိတ်ဆွေတို့...ဒါက ရှေးဟောင်း မိုးကြိုးကမ္ဘာမှာ ရှာတွေ့ခဲ့တဲ့ ကောင်းကင် မိုးကြိုးသားရဲရဲ့ မိုးကြိုးပုတီးစေ့တစ်ခုပါ...သူ့မှာ ကောင်းကင် မိုးကြိုးနိယာမ ပါပြီး မဖွဲ့စည်းရသေးပါဘူး... ဒါပေမဲ့ မိုးကြိုးသားရဲတွေ ရှိနေတဲ့ မိတ်ဆွေတွေ အတွက်ကတော့ သူတို့ရဲ့ သားရဲတွေ တိုးတက်လာဖို့ အကောင်းဆုံး လမ်းစတစ်ခုပါပဲ..."

"ပထမလေလံပစ္စည်း အနေနဲ့ ကျွန်မတို့ဘက်က စရံစျေးနှုန်း မသတ်မှတ်ထားပါဘူး... လူတိုင်းက လေလံဆွဲထားပြီး ဈေးခေါ်နိုင်ပါတယ်"

ခဏလောက်တော့ လေလံအိမ် တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ကောင်းကင် မိုးကြိုးသားရဲရဲ့ မိုးကြိုးပုတီး​စေ့​တွေကို တခြား မိုးကြိုးသားရဲတွေ အပေါ်မှာလည်း သုံးလို့ရတယ်တဲ့လား?

All Chapters