← Chapters

လေလံဆွဲနေဆဲ

Vol. 62 Ch. 438.4

လေလံဆွဲနေဆဲ

Vol. 62 Ch. 438.4

သူတို့သည် အလွန် အဆင့်မြင့်သော ကျင့်ကြံသူတွေ ဖြစ်ကြတာကြောင့် မိုးကြိုးသားရဲ အကြောင်းကို ကြားဖူးကြသော်လည်း ၎င်းတို့သည် မဟာသူတော်စင် အခြေခံအား အဆင့်ရှိသတ္တဝါများ ဖြစ်သည်။

မဟာသူတော်စင် သားရဲတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် အသုံးပြုနိုင်တာက ကောင်းကင်ဘုံသခင် နယ်ပယ် သို့မဟုတ် နတ်မီးနယ်ပယ်က အကြီးအကဲတစ်ဦးသာ ဖြစ်ရမည်။

လုရွှမ်၏ မျက်လုံးများသည် ရုတ်ချည်း တောက်ပလာသည်။ သဲဝါကမ္ဘာတွင် သူ မိုးကြိုးသားရဲ တစ်ကောင်ဆီက သစ္စာခံမှုကို ရရှိခဲ့သည်။ ၎င်းကို အခုထိ ကျောက်စိမ်းပြားထဲ ပစ်ထည့်ထားရာ ဒီအကြောင်းသာ မကြားလိုက်ရရင် ခုချိန်ထိ မေ့နေမိမှာ သေချာလေ၏။

ကျောက်စိမ်းတုံးထဲမှာ မိုးခြိမ်းသံက ထူးထူးခြားခြား အော်ဟစ်နေပြီး သူ့နှလုံးသားမှာ နာကြည်းမှုတွေ ပြည့်နှက်နေသလိုပင်။ နောက်ဆုံးတော့ ၎င်းဟာလည်း မဟာသူတော်စင် တစ်ယောက်ဖြစ်ပြီး လုရွှမ်ကတော့ သူ့ကို ဒီအတိုင်း မေ့သွားခဲ့ရှာသည်။

လုရွှမ် မိုးကြိုးသားရဲကို အလျင်အမြန် ထုတ်လိုက်သည်။ မိုးကြိုးသားရဲက အတော်လေး ထက်မြက်သော်လည်း နောင်တွင် သူသည် များစွာ အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်ကြောင်း ထင်ရှားပါ၏။ ၎င်းကို သိမ်းဆည်းပြီး ကောင်းကင်အရိပ် ဂိုဏ်းနှင့် ဂိုဏ်းချုပ်ယွင်အတွက် သားရဲအဖြစ် ပေးအပ်ရန် ရွေးချယ်ထားလေသည်။

ရုတ်တရက် ထူးဆန်းတဲ့ သားရဲတစ်ကောင် ပေါ်လာပေမယ့် အခန်းထဲက ဘယ်သူမှ အံ့သြမနေပေ။ လုရွှမ်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို လူတိုင်းက ကျင့်သားရနေပြီလေ။

"ဝိုး... အဲဒါ မိုးကြိုးပစ်တဲ့ သားရဲလား? မဟာသူတော်စင် နယ်ပယ်ကပဲ!"

နောက်ဆုံးတော့ နတ်သမီးအောင့်ယွဲ့က ကောင်းကောင်းသိတဲ့ လူတစ်ယောက်လို တစ်ချက်ကြည့်ပြီး အသိအမှတ် ပြုလိုက်သည်။

မိုးကြိုးသားရဲက လေကို ရှူရှိုက်လိုက်ပြီးနောက် လူအသွင်ပြောင်းကာ နာကြည်းမှု အပြည့်ရှိသော မျက်လုံးကြီး တစ်စုံဖြင့် လုရွှမ်ကို စိုက်ကြည့်နေသည်။ ရှောင်အာ့ နဲ့ သူ့အဖွဲ့ ရောက်လာကတည်းက သူ့ခမျာ ကျောက်စိမ်းပြားထဲ တိုက်ရိုက် ပစ်ထည့်ခံထားရလေသည်။

သူက ကျားဖြူလေးနှင့် တူညီသော ဆက်ဆံမှုမျိုး မရှိခဲ့ပေ။ သူသည် ကျောက်စိမ်းပြားထဲက လျှို့ဝှက် ဆန်းကြယ်သော နေရာတစ်ခုတွင် ချုပ်နှောင်ထား ခံခဲ့ရသည်။ မိုးကြိုးသားရဲသည် သူ့အား သားရဲလှောင်အိမ်ထဲ ထည့်ထားသလို ခံစားရတာကြောင့် အပြင်ဘက်ရောက်တော့ ဝမ်းနည်းနေ၏။

"ဟုတ်တယ်... သူက ငါ့အစေခံ လိန်ဟော့ မိုးကြိုးသားရဲ..."

လုရွှမ် တခြားသူတွေကို အတိုချုံး မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် ယွင်ယင်ထံ လွှဲအပ်လိုက်သည်။ ယွင်ယင်းသည် သဘာဝအတိုင်း အလွန်ကျေနပ်နေပါ၏။ ဒီသခင်နောက်သို့ လိုက်ရတာ လှည့်စားခံရလွန်းတာကြောင့် ဂိုဏ်းချုပ်ယွင်ယင် နောက်သို့ ပြတ်ပြတ်သားသား ပြေးသွားတဲ့ မိုးကြိုးသားရဲကို မြင်လိုက်ရသည်။

မိုး​ကြိုးသားရဲ မရှိတဲ့လူက လေလံဆွဲလည်း အသုံးမဝင်နိုင်ပေ။ ဒါ့အပြင် နိယာမစွမ်းအင်လိုင်းများကို မဖွဲ့စည်းရသေးကြောင်းနှင့် ၎င်းတို့အား သူတော်စင် သားရဲများထံ ယူဆောင်သွားခြင်းမှတစ်ပါး တခြားအသုံးမဝင်ကြောင်းကိုလည်း ရှင်းပြထားပါသည်။

ဂိုဏ်းချုပ်ယွင်ယင်လည်း ဖြစ်သလို လေလံဆွဲခြင်း မပြုဝံ့ပေ။ ဈေးနှုန်းအလွန်နိမ့်ပါက ကုန်သည်ကြီးများ အသင်း၏ မျက်နှာကို ပုတ်ခတ်သွားမိမည် ဖြစ်သည်။

"သူတော်စင် သလင်းကျောက် တစ်ထောင်"

စျေးနှုန်းက မြင့်​​နေတာ မဟုတ်သလို နိမ့်လည်း မနိမ့်တဲ့ ပုံမှန်ဈေးပဲ ဖြစ်သည်။

ဘယ်သူကမှ မယှဥ်ပြိုင်ရဲတာကြောင့် မိုးကြိုးပုတီးစေ့ကို ယွင်ယင်က သဘာဝကျကျ ပိုင်ဆိုင်သွားခဲ့သည်။ ၎င်းကို မိုးကြိုးသားရဲဆီ တိုက်ရိုက်ပဲ လွှဲပေးလိုက်ရာ လိန်ဟော့မှာ အလွန်ကျေးဇူးတင်ပြီး သူ့အသက်ကို ယခုမှစ၍ ဂိုဏ်းချုပ်ယွင်ယင်ထံ တိုက်ရိုက် လွှဲပြောင်းပေးခဲ့သည်။

ပထမမိုးခြိမ်းပုတီးစေ့ကို လေလံတင် ရောင်းချခြင်း အတွက် လေလံတင်သူသည် အလွန်ကျေနပ်​နေခဲ့ပြီး ဒုတိယလေလံ ပစ္စည်းကို ထုတ်ယူခဲ့သည်။

"ဒီဓားဟာ ကျွန်မတို့ရဲ့ စီးပွားရေးလောကမှာ ထိပ်တန်းလက်နက် သန့်စင်သူ ၁၀ ဦးထဲက တစ်ခုက အတုလုပ်ထားတဲ့ ဓားတစ်လက်ပါ.... ဓားနာမည်က အုံ့မှိုင်းခြင်း... ဓားကို အရင်ကြည့်ရအောင်"

ဓားတစ်လက် စင်မြင့်ပေါ်၌ တိတ်တဆိတ် ပေါ်လာခဲ့သည်။ အလျားသုံးပေ ကျယ်ဝန်း လက်ချောင်းသုံးချောင်းစာ ရှိသော ဓားတစ်လတ် ဖြစ်သည်။ ကြော့ရှင်းသော ပုံသဏ္ဌာန်ဖြင့် လေထဲတွင် ပျံဝဲ​နေကာ ရှည်လျားသော ဓားရိပ်ရှည်ကို ဆွဲထုတ်လိုက်လျှင် ရေကူးနေတဲ့ ငါးတစ်ကောင်ကဲ့သို့ သွက်လက်စွာ လှုပ်ရှား ပြေးလွှားနေတာကို တွေ့ရလေ၏။

ဓားသည် အပြာဖျော့ဖျော့ အရောင်ရှိပြီး တစ်ခါတစ်ရံတွင် တိမ်ဖြူရောင်လည်း ထွက်လာတတ်သည်။ ၎င်းသည် အခင်းအကျင်း အသွင်အပြင်နှင့် နိယာမ စွမ်းအင်များ ဖြစ်သည်။ တစ်ချက် ကြည့်လိုက်လျှင် ၎င်းမှထွက်ပေါ်လာသော သာမာန် ကျက်သရေကို အမှန်တကယ် ခံစားနိုင်သည်။

လုရွှမ် ပထမတစ်ချက်တည်းဖြင့် ထိုဓားကို သဘောကျသွားသည်။ သူသည် ဓားလေ့ကျင့်ရေးတွင် ထူးကဲသော ကျွမ်းကျင်မှုရှိတဲ့ ကိုယ့်ကိုကိုယ် ဂုဏ်ယူသော်လည်း သူ၏ လက်ရှိလက်နက် သန့်စင်ရေးစွမ်းရည်သည် ဤသခင်ထက် များစွာ ယုတ်ညံ့​​​သေးကြောင်း ကောင်းကောင်းသိသည်။

"ကြမ်းခင်းစျေး သူတော်စင် ယွမ်သလင်းကျောက် တစ်သန်းဖြစ်ပါတယ်.... လေလံပစ္စည်း တစ်ခုစီက တစ်သိန်းထက်မနည်း ရှိပါမယ်... လေလံပွဲ စတင်လိုက်ရအောင်"

လေလံတင်သူထံမှ အသံထွက်လာပြီးသည်နှင့် လူတိုင်း လေလံဆွဲကြ​တော့သည်။

သူတော်စင် ယွမ်သလင်းကျောက် တစ်သန်း။ ဘယ်လောက်တောင် ဈေးကြီးလိုက်လဲ။ ဒါတောင် အ​ခြေခံ ကြမ်းခင်းဈေးပဲ ရှိသေးသည်။ သို့သော် အုံ့မှိုင်းခြင်းဓားက ဘယ်လောက် ထူးခြားတယ် ဆိုတာကို ကြည့်လိုက်လျှင် သူတော်စင် ယွမ်သလင်းကျောက် တစ်သန်းက ဘာမှမဟုတ်တော့ချေ။ ၎င်းသည် အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းနိုင်သည့် ရတနာတစ်ခုလဘ်း ဖြစ်သည်။

သိပ်မကြာခင်မှာပဲ သူတော်စင် ယွမ်သလင်းကျောက်တွေ သန်းနဲ့ချီပြီး ရောင်းချနိုင်ခဲ့သလို လေလံဈေးလည်း တက်လာခဲ့သည်။

လုရွှမ်လည်း စျေးနှုန်းကို မြင်သောအခါ လေလံဆွဲရန် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ စျေးကြီးလွန်းသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ အများဆုံး သူတော်စင် ဝိညာဉ်သလင်းကျောက်သာ ရှိလေ၏။

ယွင်ယင်လည်း တုန်လှုပ်သွားသည်။ ဒီဓားက သူမသမီးနဲ့ အရမ်းလိုက်ဖက်ပေ၏။ သမီးက မကြာခင်မှာ ထွက်သွားရတော့မှာမို့ ဒီဓားနဲ့သာဆိုရင် လုံခြုံမှုရှိမှာ သေချာပေသည်။

နတ်သမီးအောင့်ယွဲ့ကတော့ ဂရုမစိုက်ပါဘူး။ သူမလက်ထဲမှာ ဓားရှည်ကြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်လေ။ အုံ့မှိုင်းခြင်းဓားလောက်တော့ မကောင်းနိုင်ပေမယ့် ဒီဓားက သူမအတွက် လုရွှမ် သန့်စင်ပေးထားတာ ဖြစ်တဲ့အတွက် အနာဂတ်မှာ အဆင့်မြှင့်ဖို့ လိုအပ်ရင်တောင် လုရွှမ်ကပဲ သန့်စင်ပေးသူ ဖြစ်ရပေမည်။

စျေးနှုန်းသည် တစ်ချိန်တည်းမှာ သူတော်စင် ယွမ်သလင်းကျောက် သန်း ၃၀ သို့ ရောက်ရှိသွားခဲ့သော်လည်း နောက်ဆုံးတွင် နှေးကွေးသွားကာ ယွင်ယင်နှင့် ဂိုဏ်းခွဲတစ်ခုက လေလံဆက်ဆွဲကြသည်။

တစ်ဖက်က နောက်ထပ်ကမ်းလှမ်းမှု တစ်ခုပြုလုပ်ပြီးနောက် ယွင်ယင်လည်း မဆိုင်းမတွနောက်က လိုက်သွားခဲ့ရာ တစ်ဖက်က နောက်ဆုံးတော့ စွန့်လွှတ်လိုက်သည်။ ယနေ့ ကောင်းကင်အရိပ်ဂိုဏ်းကတော့ အံ့သြဖွယ် ကောင်းလှသည်။ ကောင်းကင်ဘုံသခင် ကိုးပါးကို မပြောနှင့် ယွင်ယင်နဲ့တင် အတော်လေး ရှိန်ချင်စရာ ကောင်းနေလေပြီ။

ယွင်ယင်က နတ်သမီးကျင်းဟုန် အတွက် လုပ်နေသော်လည်း လုရွှမ်၊ အောင်ရှင်း၊ ကျားဖြူလေး၊ နတ်သမီးအောင့်ယွဲ့ တို့နှင့် ဆက်ဆံရေးသည်လည်း ကောင်းကင်အရိပ်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မြင့်တက်စေခဲ့သည်။ ဓားရှည်တစ်လတ် အတွက် တခြားသူများကို စော်ကားမိဖို့ မထိုက်တန်ချေ။

သူတော်စင် ယွမ်သလင်းကျောက် ၃၃သန်းဖြင့် အုံ့မှိုင်းခြင်းဓားကို အရယူနိုင်ခဲ့သည်။ ယွင်ယင်နဲ့ နတ်သမီးကျင်းဟုန်တို့ နှစ်ယောက်လုံး အလွန်ပျော်ရွှင်နေကြသည်။ ယွင်ယင်က စိတ်လှုပ်ရှားစွာဖြင့် လူတစ်ဦးစီကို ယွမ်သလင်းကျောက် သန်း ၃၀ ကို ရတနာတစ်ခုစီ အတွက် လေလံဆွဲနိုင်ကြောင်း ပြောခဲ့သည်။

လုရွှမ်လည်း ယွင်ယင်သည် သူ့သမီးလေး၏ လုံ​ခြုံ​ရေးကို မြှင့်တင်ရန် ကြိုးစားနေမှန်း သိသဖြင့် ကျေကျေနပ်နပ် လက်ခံခဲ့သည်။ နတ်သမီးကျင်းဟုန်ကလည်း ဖြူစင်သော စိတ်ထားရှိပြီး ရိုးရှင်းသော သဘောထား ရှိတာကြောင့် မကြိုက်တဲ့သူ မရှိလောက်ချေ။

လေလံပွဲက ဆက်လက် ကျင်းပ​နေပြီး လုရွှမ် တစ်ခါမှ မကြားဖူးသော ရတနာများကိုလည်း ပြသလာခဲ့ရာ လေလံပွဲ တစ်ခုလုံးကို ပိုမိုစိတ်လှုပ်ရှားဖွယ် ​ကောင်းလာစေခဲ့သည်။ လုရွှမ် ဝမ့်ကျစ်ကမ္ဘာကို သွားဖို့ အထူးမျှော်လင့်နေမိပြီ။ ရှေးဟောင်းလျှပ်စီးကမ္ဘာက အလွန်ထူးခြားနေပြီ ဖြစ်သော်လည်း ဝမ့်ကျစ်ကမ္ဘာနှင့် နှိုင်းယှဉ်ပါက ပိုညံ့ပုံရသည်။

အောင်ရှင်းသည် ရတနာများကို ပြသလာသော်လည်း စိတ်ဝင်စားမှု သိပ်မပြချေ။ သူမသည် နဂါးမျိုးရိုး ဖြစ်တာကြောင့် တောက်ပြောင်လှပသော အရာများကိုသာ နှစ်သက်သည်။ လက်နက်အတွက်ကတော့ သူမမှာ နဂါးလက်သည်း ရှိနေပြီ။ စိမ်းပြာနဂါးလက်သည်းကို သူမကိုယ်ထဲ လုံးလုံးပေါင်းစပ်ပြီး ကျွမ်းကျင်သည်အထိ လေ့ကျင့်ပါက ဘယ်ရတနာထက်မဆို အားကောင်းသည့် မှော်လက်နက်တစ်ခု ဖြစ်လာမှာ မလွဲမသွေပင်။

အချိန်တန်လာလို့ စိမ်းပြာနဂါး လက်သည်း ထွက်လာသည်နှင့် တစ်ပြိုင်နက် ရှေးဟောင်းလျှပ်စီးကမ္ဘာ၊ ဝမ့်ကျစ်ကမ္ဘာ သို့မဟုတ် တိကျစ်ကမ္ဘာတို့တွင် ဘယ်သူမှ သူမနှင့် ယှဉ်ပြိုင်ဝံ့​တော့မည် မဟုတ်ပေ။ ဒါပေါ့ ဒဏ္ဍာရီထဲက ထျန်းကျစ်ကမ္ဘာက မှော်ပညာက ဘာလဲဆိုတာ သိဖို့အထိ သူမမှာ နည်းလမ်း မရှိ​သေးပါဘူး။

"ဒါက ကောင်းကင်ငါးရောင်ရှိတဲ့ ကျောက်တုံးဖြစ်ပြီး... ဒြပ်စင်ငါးခုကို နားလည်ဖို့ အရမ်းကို အကျိုးရှိပါတယ်... ကြမ်းခင်းဈေးကတော့ သူတော်စင် ယွမ်သလင်းကျောက် ၁၀ သန်းပါ"

"ကမ္ဘာဖြတ်ကျော်ဆေးလုံး... ဝမ့်ကျစ်ကမ္ဘာရောက်ရင် လိုတတ်တဲ့ နယ်စပ်ဖြတ်ကူး ဆေးလုံးလို့လည်း ခေါ်တယ်... တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ မူရင်းအစွမ်း ငါးဆလောက်ရှိတယ် ကြမ်းခင်းဈေး သူတော်စင် ယွမ်သလင်းကျောက် သိန်း၁၀၀က စပါမယ်"

ရတနာများကို တစ်ခုပြီးတစ်ခု ခင်းကျင်းပြသပြီးနောက် လူများကလည်း အရူးအမူး ဝယ်ကြသည်။ လုရွှမ်သည် လေလံပွဲကို ပရိသတ်တစ်ယောက်လို ကြည့်နေခဲ့သည်။ သူတကယ်ကို ရူးနေတာပါ​ပြီ။ ဒါပေမဲ့ သူ့မှာ ပိုက်ဆံ အများကြီးသာရှိရင် အရူးလိုဝယ်မိမှာ သေချာပါ၏။

ပိုက်ဆံပြတ်သွားတာ သနားစရာ ကောင်းပါရဲ့။

"ကောင်းကောင်းမွန်မွန် တံဆိပ်ခတ်ထားပြီး ဖီးနစ်မီးပါရှိတဲ့ ဖီးနစ်အမွေး ရုပ်ကြွင်းတစ်ခုပါ... အခြေခံစျေးနှုန်းကတော့ သူတော်စင် ယွမ်သလင်းကျောက် သန်း ၂၀ပဲ ဖြစ်ပါတယ်"

လုရွှမ်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့သည်။ သူ့တွင် ဖီးနစ်အမွေး တစ်ပင် ရှိသော်လည်း အဆင့်နိမ့်လွန်းသည်။

ထို့အပြင် ၎င်းသည် ဖီးနစ်အစစ် မဟုတ်ကြောင်းကို ယခုအခါ တဖြည်းဖြည်း နားလည်လာသော်လည်း သေးငယ်သော ဖီးနစ်သွေးလိုင်းရှိသည့် သူတော်စင် သားရဲမှ ကျန်ရစ်ခဲ့သော အနှစ်သာရ ဖြစ်နိုင်၏။

ကောင်းကင်ဖီးနစ်မီး ကဲ့သို့ပင်။ ၎င်းသည် အနိမ့်ဆုံးအဆင့် ထူးဆန်းမီးနှင့် ယှဉ်နိုင်သည်။ ထိုအရာက တကယ့် ဖီးနစ်အမွေး ဆိုရင် ဘယ်လောက်ပဲ သေးငယ်သည်ဖြစ်စေ အားနည်းနေသည်ပါစေ စိတ်ဝိညာဥ် မီးတောက်ဟာ ဘယ်တော့မှ မျိုချနိုင်မှာ မဟုတ်ပါဘူး။

All Chapters