← Chapters

ဖီးနစ် အမွေးရုပ်ကြွင်း

Vol. 62 Ch. 439.4

ဖီးနစ် အမွေးရုပ်ကြွင်း

Vol. 62 Ch. 439.4

တကယ်တော့ ဖီးနစ်မီးဟာ ထူးဆန်းတဲ့ မီးတောက်လို မဟုတ်တော့ဘဲ နတ်မီးနဲ့တူတဲ့ တည်ရှိမှုတစ်ခု ဖြစ်ပေသည်။

မူလဖီးနစ် ပိုင်ဆိုင်ထားသော ဖီးနစ်အမွေးနှင့် တွဲဖက်ထားသည့် ဤဖီးနစ်အမွေး ရုပ်ကြွင်းကို ရနိုင်လျှင် သင်သည် ဖီးနစ်အမွေး အစစ်ကို လင်းစေပြီး နတ်မီး​တောက်ကိုပင် ရရှိနိုင်​လောက်သည်။

"ဒီဖီးနစ်အမွေး ရုပ်ကြွင်းက ကျွန်မတို့ရဲ့ လေလံပွဲရဲ့ ပေါ်လွင်ချက်တွေထဲက တစ်ခုပါပဲ... ဘာကိုမှ မပြောဘဲ ဖီးနစ်မီးတောက်ရဲ့ သဲလွန်စ တစ်ခုတည်းကတင် သူတော်စင် ယွမ်သလင်းကျောက်ပေါင်း သန်း ၂၀ ကျော် ကုန်ကျနိုင်ပါတယ်.... ဒါပေမဲ့ ဒီဖီးနစ်အမွေး ရုပ်ကြွင်း အတွက်ကတော့ နှမြောစရာကောင်းပါတယ် အချိန်အတော် ကြာသွားပြီမလို့ အတွင်းက ကျက်သရေတွေ ပျောက်ကွယ်သွားတော့ ဒီတစ်ခါ လေလံတင်မယ် ဆိုရင် အခွင့်အရေးရတုန်း ရည်မှန်းထားတဲ့ သူတစ်ယောက်က ၀ယ်သွားနိုင်ရင် အကောင်းဆုံးပါပဲ"

အားလုံးက အံ့သြစရာမဟုတ်မှန်း ရုတ်တရက် သိလိုက်ကြပေမယ့် ချန်ချောင်ရှောင်းဟွေ့ ကုန်သည်အဖွဲ့ရဲ့ ခမ်းနားမှုကိုတော့ မချီးကျူးဘဲ မနေနိုင်ကြပါဘူး။ သာမန် ကုန်သည်ကြီးများသာ ဖြစ်ရင် ဒီလိုလုပ်နိုင်ဖို့ မလွယ်တာတော့ အသေအချာပင်။

ဤလေလံပွဲအတွက် လူတိုင်း၏ စိတ်အားထက်သန်မှုဟာ အချိန်အတော် ကြာသွားခဲ့သည်။

ဖီးနစ်နတ်မီးသည် အစွမ်းထက်သော်လည်း ၎င်းသည် ထူးဆန်းမီး​တောက်များထက် သာလွန်သော နတ်မီးများထဲမှ တစ်ခုဖြစ်ရာ အစွမ်းသတ္တိမရှိဘဲ ၎င်းကို ကိုယ်တိုင် မအောင်နိုင်လျှင် ကြက်ခိုးစားသော်လည်း ထမင်းကို ဆုံးရှုံးရလိမ့်မည်။ အောင်နိုင်လျှင်ဖြင့် အသက်ဆုံးရှုံးစရာ မလိုပါဘဲ အထက်ကို တက်လှမ်းနိုင်လိမ့်မည်။

ဒါပေမဲ့ နောက်ဆုံးတော့ အဖိုးတန်ပြီး လျှို့ဝှက်ဆန်းကြယ်လွန်းတာကြောင့် လူတွေက သတိကြီးကြီးနဲ့ လေလံဆွဲလာကြ​တော့သည်။ သူတော်စင် ယွမ်သလင်းကျောက် သန်းနှစ်ဆယ် ဒါမှမဟုတ် သန်းတစ်ရာလောက် အထိ ဆိုရင်တောင် ကြီးကျယ်ခမ်းနားတဲ့ အခွင့်အရေးကို ဝယ်ဖို့က ထိုက်တန်ပါ၏။

ယခင်မြို့တော်သခင် စံအိမ်၏ အကဲဖြတ်မှုတွင် အသုံးပြုခဲ့သော အသက်ကယ် တံဆိပ်ပြားဟာလည်း သန်း ၁၀၀ တန်ခဲ့ပြီး ဝယ်သူတဲ့လူတွေ များခဲ့တယ် မဟုတ်ပါလား။

အကြိမ်ကြိမ် လေလံဆွဲပြီးနောက်၊ စျေးနှုန်းသည် သူတော်စင် ယွမ်သလင်းကျောက် သန်း ၁၀၀ ကျော်သွားခဲ့ပြီး သန်း ၂၀၀ နားအထိ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။

လုရွှမ် သူ့သွားများကို အံကြိတ်ကာ လက်သီးတင်းတင်း ဆုပ်ထားမိ၏။ ဤဖီးနစ်အမွေးရုပ်ကြွင်းကို သူရကို ရနိုင်ရမည်။

"လုရွှမ်.... ငါ့မှာ သူတော်စင် ယွမ်သလင်းကျောက် သန်း ၂၀၀ ရှိတယ် အားလုံး နင့်အတွက်ပဲ!"

နတ်သမီးအောင့်ယွဲ့က ဆိုလိုက်သည်။ လုရွှမ် ဤဖီးနစ် အမွေးရုပ်ကြွင်းကို လိုချင်တဲ့ ဆန္ဒရှိနေတာကို သူ့မျက်လုံးတွေထဲကနေ ထင်ထင်ရှားရှားကို မြင်နေရပါ၏။

အောင်ယွဲ့ရဲ့ ရည်ရွယ်ချက်ကို သိတာကြောင့် သူမကို ငြင်းလိုက်ရင် ဝမ်းနည်းသွားလိမ့်မယ် ဆိုတာလည်း နားလည်တဲ့အတွက် လုရွှမ် ယဉ်ကျေးမ​နေဘဲ ကျေးဇူးတင်ကြောင်း ပြောလိုက်တဲ့အခါ အောင့်ယွဲ့လည်း ကျေကျေနပ်နပ် ပြုံးလိုက်မိသည်။

ယွင်ယင်ကလည်း ပြုံးပြီး

"လုရွှမ်... စိတ်မပူပါနဲ့ ကောင်းကင်အရိပ် ဂိုဏ်းတစ်ခုလုံးက မင်းရဲ့နောက်မှာ ရှိတယ်... ဒီရုပ်ကြွင်းတစ်ခုကို မင်းသေချာပေါက် ရနိုင်စေရမယ်"

လူတွေရဲ့ စိတ်ပညာကို လှုံ့ဆော်ပေးတဲ့ စျေးနှုန်းတွေက ဆက်လက် မြင့်တက်နေပြီး လူတွေက စျေးနှုန်းတွေကို အဆက်မပြတ် ခေါ်နေကြသည်။

မကြာမီတွင် စျေးနှုန်းသည် သန်း ၅၀၀သို့ အမှန်တကယ် ရောက်ရှိသွားခဲ့ပြီး ၎င်းမှာ နယ်စပ်ဖြတ်ဆေးလုံးထက် သာလွန်သွားခဲ့သည်။

ကျန်လူများ တဖြည်းဖြည်း ဆုတ်ခွာသွားကာ တိုက်ပွဲက အဓိက ပါတီသုံးရပ်ကို အာရုံစိုက်လာကြသည်။ ၎င်းတို့အားလုံးသည် ကြီးမားသောဂိုဏ်းများ ဖြစ်ကြတာကြောင့် ချမ်းသာတဲ့ လေလွင့် ကျင့်ကြံသူများပင် မပါဝင်နိုင်ကြပေ။

ပါရမီရှင် မျိုးဆက်တစ်ခု ဖြစ်သည့် နတ်သမီးအောင့်ယွဲ့၌ပင် ယွမ်သလင်းကျောက်များ သန်း ၂၀၀ သာရှိပြီး ကျန်လူများမှာ ပိုဆိုးပါ၏။ လုရွှမ်သည် ထိုလူရှုပ် လုဖုန်းတစ်ယောက် အလွန်စိတ်ဝင်စားဖွယ် ဈေးနှုန်း ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့ဆာကို သတိပြုမိခဲ့သည်။ ဈေးနှုန်းက သန်း ၄၀၀ ကျော်သွားပြီးနောက် ဒေါသတကြီး ပြုံးကာ လက်လွှတ်လိုက်လေသည်။

ကောင်းကင်အရိပ် ဂိုဏ်းဘက်က အဆက်မပြတ် ဈေးခေါ်နေသူကတော့ ဂိုဏ်းချုပ်ယွင်ယင်ပဲ ဖြစ်သည်။ နောက်တစ်ယောက်ကတော့ ရန်မြို့မှာရှိတဲ့ အကြီးဆုံး မိသားစုဖြစ်တဲ့ ဟွမ်မိသားစုရဲ့ အိမ်တော်သခင်ပဲ ဖြစ်ပေ၏။ သူ့သားက ပါရမီရှင်လို့ သိကြပြီး အကြီးဆုံး သားကတော့ စစ်ဆေးမှုမှာ သေဆုံးသွားခဲ့သည်။ သူကား နောက်ထပ် ပါရမီရှင်ကို အမြန်ဖန်တီးချင်နေပုံပင်။

နောက်ဆုံး အဖွဲ့သည် ပြင်ပမှ အင်အားစု တစ်ခုဖြစ်သည်။ ၎င်းတို့အားလုံးသည် သီးသန့်အခန်းထဲ ရှိနေသော်လည်း ဘယ်ကလာတယ် ဆိုတာကို မသိကြပေ။

ဈေးနှုန်းမှာ သန်း ၆၀၀ သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၎င်းသည်လည်း လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားမှ လာခဲ့ပုံရသည်။ လေလံတင်သူက စိတ်လှုပ်ရှားနေပုံရပြီး ဈေးနှုန်းအတွက်လည်း အလွန်ကျေနပ်နေပုံရ၏။

ရှေးဟောင်းလျှပ်စီးကမ္ဘာနှင့် ပတ်သက်လျှင် ၎င်းတို့၏ ကုန်သည်ကြီးများ အသင်းက လုံးဝဂရုမစိုက်ပေ။ ဒါကြောင့် နတ်မီးနယ်ပယ်က အကြီးအကဲကို စေလွှတ်ခြင်း မပြုခဲ့တာ ထင်ရှားပါသည်။ ဤလေလံပစ္စည်းများ အားလုံးကို ဝမ့်ကျစ်ကမ္ဘာတွင် လေလံတင် ရောင်းချခြင်း မရှိခဲ့ချေ။ ဝမ့်ကျစ်ကမ္ဘာက ကျင့်ကြံသူတို့ဟာ ဒီပစ္စည်းတွေကို မကြိုက်သောကြောင့် ၎င်းတို့ကိုအမှိုက်ပုံထဲ ပစ်ချရန်အတွက် ဤနေရာသို့ ယူဆောင်လာကြရာ ယခုအကျိုးသက်ရောက်မှုကို ကြည့်ရတာ အလွန်ကောင်းမွန်သည်ဟု ထင်ရ​လေသည်။

တစ်ခုတည်းသော ခြားနားချက်မှာ ဤဖီးနစ်အမွေး ရုပ်ကြွင်းကို မူလက ဤနေရာတွင် လေလံတင်ရန် မရည်ရွယ်ဘဲ ရုံးချုပ်သို့ ပြန်ပို့ဖို့ ရည်ရွယ်ထားတာ ဖြစ်သည်။ ကံမကောင်းစွာပဲ ၎င်းထံမှာ ပြင်းထန်သော ပျက်စီးမှုကို ရုတ်တရက် တွေ့ရှိခဲ့သဖြင့် ဤနေရာတွင် လေလံတင် ရောင်းချခဲ့ရခြင်း ဖြစ်လေသည်။

အခုက သန်း ၆၀၀ ရှိပြီး နောက်ဆုံးမှာတော့ သန်း ၁၀၀၀ အနား ကပ်လာခဲ့၏။

"သန်း ၇၀၀!"

အသံတစ်ခု ထွက်ပေါ်လာပြီး လေလံဆွဲသူလည်း ပြုံးလိုက်မိသည်။ ရေတွင်းထဲက ဖားတွေ ဘယ်လောက်တောင် များလိုက်လဲ? သူတို့ရဲ့ သခင်မလေသုံးတောင် ဒီရုပ်ကြွင်းကို ပုံဖော်လို့ မရခဲ့ဘူးလေ။

ပိုက်ဆံကို အလကား ပစ်ဖို့စောင့်နေကြတာပဲ။

“သန်း ၁၀၀၀”

ပေါ့ပါးသော အသံတစ်ခု ထွက်ပေါ်လာစဥ် လူတိုင်း ဘေးကို ကြည့်လိုက်ကြသည်။

လုရွှမ်ကတော့ လူကိုယ်တိုင် ဈေးခေါ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူဈေးတောင်းတာကို ကြားရင် သူ့မှာက ဘာမှ မရှိတာကြောင့် လိမ်ညာလိုက်တာ ဖြစ်သွားနိုင်ပြီး ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်သွားနိုင်သည်။

သို့သော် နတ်သမီးအောင့်ယွဲ့ကတော့ မတူချေ။ သူမ အခွင့်ကောင်းယူချင်ရင် သူမမှာ သတ္တိရှိမရှိ အရင်ကြည့်ရလိမ့်မည်။

သေချာတာပေါ့။ နတ်သမီးအောင့်ယွဲ့ ပြောပြီးတဲ့အခါ လူတွေ ငြိမ်သက်သွားပြီး အဲဒါကို ဆက်ပြီး ဆုပ်ကိုင်ထားဖို့ လိုအပ်သလား ဆိုတာကို စဉ်းစားလာကြတော့သည်။

လေလံဆွဲသူသည် အလွန်ဝမ်းမြောက်နေပါ၏။ သန်း ၁၀၀၀က လုံလောက်နေပြီလေ။ နတ်သမီးအောင့်ယွဲ့ဟာ ရှေးဟောင်းလျှပ်စီး ကမ္ဘာရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး သူမရဲ့ မိသားစုကလည်း နံပါတ်တစ် မိသားစုပဲ ဖြစ်နေသည်။

နောက်ဆုံး တစ်ဖက်က လက်လျှော့သွားပြီးနောက် အောင့်ယွဲ့သည် ဖီးနစ်အမွေး ရုပ်ကြွင်းကို သူတော်စင် ယွမ်သလင်းကျောက် သန်း ၁၀၀၀ ဖြင့် ပိုင်ဆိုင်သွားခဲ့သည်။

လုရွှမ် ဖီးနစ်အမွေး ရုပ်ကြွင်းကို ယူလိုက်စဥ် သူ့ခန္ဓာကိုယ်ထဲရှိ ဖီးနစ်အမွေးရဲ့ စွမ်းအင်အနည်းငယ် လှုပ်ရှားသွားတာကို ချက်ချင်း ခံစားလိုက်ရသည်။

တခဏအတွင်း လုရွှမ် ဝမ်းသာသွားသည်။ သူ၏ခန္ဓာကိုယ်ရှိ ဖီးနစ်အမွေးများက တစ်ဆင့် လုရွှမ်သည် ရုပ်ကြွင်းထဲတွင် ဖုံးကွယ်ထားသည့် ပါးလွှာပြီး ထောက်လှမ်း၍ မရနိုင်လုနီးပါး ရှိသော စွမ်းအင်ရှိကြောင်း ခံစား​နေရသည်။

ဆိုလိုသည်မှာ ဤကျောက်ရုပ်ကြွင်းတွင် ဖီးနစ်အမွေးက မီးများသာမက ဖီးနစ်၏ တက်ကြွမှုလည်း အနည်းငယ်လည်း ပါဝင်သည်ဟု ဆိုလို​ပေသည်။ ယခုပစ္စည်းက ဖီးနစ်မီးတောက်တွေနဲ့ နှိုင်းယှဉ်လို့ရသည်။ စိမ်းပြာနဂါးနှလုံးနှင့် နဂါးအရိုးတို့လို ရှားပါးသောကြောင့် အဆိုပါ တက်ကြွမှု အနည်းငယ်က သိသိသာသာ ပိုထူးခြားပါသည်။

တစ်ချိန်တည်းမှာပင် သူသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့​ခန့်မှန်းချက်က မှန်သွား၏။ သူသည် ဖီးနစ်နတ်မီးနှင့် ဖီးနစ်အမွေး ရုပ်ကြွင်းမှ အသက်ဝင်မှုကို အမှန်တကယ် ဆွဲထုတ်နိုင်လိမ့်မည်။

လုရွှမ် နောက်ဆက်တွဲ လေလံပွဲများကို ဂရုမစိုက်တော့ချေ။ အကယ်၍ ဤနေရာကသာ မလုံခြုံမည်ဆိုလျှင် လုရွှမ်သည် ဖီးနစ်အမွေး ရုပ်ကြွင်းကို ချက်ချင်း သန့်စင်ပစ်ချင်လေ၏။

အချိန်အတော်ကြာအောင် စောင့်ပြီးမှ လေလံပွဲက ပြီးသွားသည်။ လုရွှမ် ကောင်းကင်အရိပ်ဂိုဏ်းနဲ့ အတူ သူတို့အဖွဲ့ ခေတ္တနေထိုင်သည့် အိမ်သို့ ပြန်လာခဲ့သည်။

သူနေထိုင်တဲ့ ဝင်းငယ်လေးကို ပြန်ရောက်သည်နှင့် ချက်ချင်းဆိုသလို အကာအကွယ်၊ တားမြစ်ချက် အစီအရင် အများအပြားကို ချလိုက်သည်။ ထို့နောက် ဖီးနစ်အမွေး ရုပ်ကြွင်းကို ထုတ်ယူပြီး ရုပ်ကြွင်းထဲရှိ တက်ကြွမှုကို လှုံ့ဆော်ရန်အတွက် သူ၏ခန္ဓာကိုယ်ထဲက ဖီးနစ်မီးများကို အသုံးပြုလိုက်သည်။

ဒါက အလွန်ခက်ခဲနိုင်တာမို့ လုရွှမ် အလျင်စလို မလုပ်ခဲ့ပေ။ တစ်ကြိမ် အလုပ် မဖြစ်ပါက ၎င်းကို ဒုတိယအကြိမ် ထပ်မံကြိုးစားပြီး ထပ်ခါထပ်ခါ ကြိုးစားကာ နောက်ဆုံးအထိ ရုပ်ကြွင်းကို အသက်သွင်း သန့်စင်သွားမည် ဖြစ်သည်။

ရုပ်ကြွင်းက အလင်းခြေရာများဖြင့် ထွန်းလင်းလာပြီးနောက် ကျောက်ပြားချပ်ကြီး အထပ်ထပ် ကျိုးသွားသလို အက်ကွဲသွားပြီး ဖီးနစ်တစ်ကောင် ပျံထွက်သွားသည်။ လုရွှမ် ပါးစပ်ကို ဖွင့်ဟလိုက်စဥ် ဖီးနစ်အမွေးများ လွင့်ထွက်လာ၏။

ဖီးနစ်ကလေးသည် ဖီးနစ်အ​မွေးကို ကြိုဆိုနေသကဲ့သို့ ၎င်း၏ဝိညာဥ် အသိဖြင့် ခဏတာ လှည့်ပတ်ပျံသန်းကာ ပါးစပ်မှ မီးတောက်များကို ထွေးထုတ်လိုက်သည်။ ဖီးနစ်အမွေးများသည် ရုပ်ကြွင်း ဖြစ်သော ဖီးနစ်ငယ်​​​လေးပေါ်သို့ ရွှဲရွှဲစိုနေသော အရည်ဘောလုံး တစ်ခုအဖြစ်သို့ ပြောင်းလဲ ပေါင်းစပ်သွား​လေသည်။

ရုပ်ကြွင်း အပိုင်းအစသည် ခရမ်းရောင် အလင်းများဖြင့် ထွန်းလင်းနေပြီး ဝိညာဥ်အရည်များ ကျဆင်းလာသည်နှင့်အမျှ ၎င်းတို့၏ မူလပုံသဏ္ဌာန်သို့ တရွေ့ရွေ့ ပြန်လည် ရောက်ရှိလာကာ တက်ကြွပြီး ဝိညာဥ်ရောင်ဝါ အပြည့် ဖြစ်လာခဲ့သည်။

All Chapters