ခန္ဓာကိုယ်ထဲကို ပေါင်းစည်းလိုက်ပြီ
Vol. 62 Ch. 440.4
အရည်များ လုံးဝ ပျောက်ကွယ်သွားတဲ့အခါ ဖီးစ်အမွေး ရုပ်ကြွင်း တစ်ခုလုံးသည် ၎င်းအရွယ်အစား၏ ဆယ်ပုံတစ်ပုံ အထိသာ ပြန်လည် ရောက်ရှိသွားခဲ့သည်။
သို့သော် အရင်ကလို အသက်ရောင်ဝါ မရှိတော့ပေမယ့် တောက်ပမှုတော့ ရှိသေးသည်။ ထို့အပြင် အရေးကြီးသော အစိတ်အပိုင်းသည် တခြားရုပ်ကြွင်း အစိတ်အပိုင်းများထဲ အဆက်မပြတ် စိမ့်ဝင်နေပါ၏။ ဖြစ်ကောင်းဖြစ်နိုင်တာက အချိန်ကြာလို့ တဖြည်းဖြည်း အာဟာရ ပြည့်ဝလာသည်နှင့်အမျှ ရုပ်ကြွင်းသည် မူလဖီးနစ်အမွေး အဖြစ်သို့ လုံးဝ ပြောင်းလဲသွားနိုင်မည် ဖြစ်သည်။
လုရွှမ် ၎င်းကို သူ့လက်ချောင်းများဖြင့် ဂရုတစိုက် ထိတွေ့ စူးစမ်းကြည့်လိုက်သည်။
ခရမ်းရောင် မီးတောက်အုပ်စု တိတ်တဆိတ် ထွက်ပေါ်လာပြီး လုရွှမ်ရဲ့ လက်ချောင်းများကို တွန်းလှန်နိုင်စွမ်း အားမနည်းသော အလွှာဖြင့် ပိတ်ဆို့ထားသည်။
လုရွှမ် သူ့စိတ်ထဲတွင် ထိတ်လန့်သွားသလို ကြောက်စရာ ကောင်းတယ်လို့လည်း တိတ်တိတ်လေး ဝန်ခံမိလေသည်။ အမြတ်အစွန်း အတွက် အချိန်အတော်ကြာ စိတ်ပူပြီးနောက် လုရွှမ် ပထမဆုံးအကြိမ် ချွေးပြန်လာတာကို တွေ့လိုက်ရသည်။
တကယ်လို့သာ ဒါကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းစည်း မသန့်စင်နိုင်ပါက တော်တော်လေး နှမြောစရာကောင်းလိမ့်မည်။
လုရွှမ် ချွေးတွေကို သုတ်လိုက်ပြီး သူ့လက်ထဲက စိတ်ဝိညာဉ် မီးတောက်ကို ကြည့်လိုက်ရင်း နှလုံးတစ်ချက် ဆောင့်ခုန်သွားသည်။ ဒီမီးတောက်နှစ်ခုက တစ်ခုနဲ့တစ်ခု တွန်းထုတ်နေတာကြောင့်တော့ မဖြစ်နိုင်ဘူးမလား။ အစောက ဖီးနစ်နတ်မီးက သူ့လက်ချောင်းများကို ဖျက်ဆီးပစ်မှာ ကြောက်သောကြောင့် လက်ချောင်းများကို စိတ်ဝိညာဥ် မီးတောက်ဖြင့် ရစ်ပတ်ထားခဲ့တာ ဖြစ်လေသည်။
သို့သော် သူ့စိတ်ထဲတွင် အတွေးတစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။ ဤစိတ်ဝိညာဉ် မီးသည် ဖီးနစ်အမွေးများမှ ဆွဲထုတ်ထားသော ဖီးနစ်ကောင်းကင်မီးကို မျိုချလိုက်ကြောင်း သိထားရဦးမည်။
လုရွှမ် သူ့လက်ဖဝါးမှာ ထုတ်ထားတဲ့ စိတ်ဝိညာဉ်မီးကို ဖြန့်ခွဲပြီး ဖီးနစ်နတ်မီးကို ထိလိုက်ပြန်၏။
ကျားတွင်းထဲ မဝင်ရင် ကျားသားပေါက်တွေကို ဘယ်လိုလုပ် ဖမ်းနိုငိမလဲ။
သူ့လက်ချောင်းတွေက ခရမ်းရောင် မီးတောက်ရဲ့ထိပ်ကို ထိသွားသည်။ လုရွှမ် သူစိတ်ကူးထားတဲ့ လောင်မြိုက်တဲ့ အပူရှိန်က ပေါ်မလာတာ မဟုတ်ပေမယ့် နွေးထွေးတဲ့ အရသာမျိုးကို ခံစားလိုက်ရတော့ အံ့သြသွားခဲ့သည်။
သူ့စိတ်ထဲ လှုပ်ရှားသွားစဥ် သူ့အလိုဆန္ဒအတိုင်း ဖီးနစ်နတ်မီးသည် အမှန်တကယ်ပင် သူ၏လက်ဖဝါး တစ်လျှောက် အတက်အဆင်း လုပ်ရင်း သူ၏လက်ချောင်းများ အတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ သူ့ခန္ဓာကိုယ်ထဲ ပျံ့လွင့်သွားခဲ့သည်။
သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုလိုမျိုး စိတ်နှလုံးကနေ တွေးလိုက်တာနဲ့ ဖီးနစ်နတ်မီးက ထူးထူးခြားခြား လျင်မြန်စွာ လက်ခံသွားလေရာ လုရွှမ် မထိန်းနိုင်ဘဲ ပြုံးလိုက်မိသည်။ ဒီလောက် ရိုးရှင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
သူ ဘယ်လောက်တောင် ကံကောင်းနေလိုက်လဲ မသိပေ။ ဖီးနစ်နတ်မီးနှင့် စိမ်းပြာနဂါးမီးသည် မြင့်မြတ်သော နတ်မီးနှစ်ခုအဖြစ် အဆင့်သတ်မှတ် ခံထားရသည့် မီးတောက်များ ဖြစ်လေသည်။
ဖီးနစ်နတ်မီးသည် ဘယ်သောအခါမှ မငြိမ်းနိုင်ဘူးဟု ဆိုလျှင် စိမ်းပြာနဂါးမီးသည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်၏။
ဆိုလိုတာက လူတစ်ယောက် ဖီးနစ်နတ်မီးဆီက လောင်ကျွမ်းခံရပြီးတာနဲ့ နောက်ဘယ်တော့မှ မလွတ်မြောက်ချင်တော့ပေ။ ဒါ့အပြင် စိမ်းပြာနဂါးမီဟာလည်း ကောင်းကင်၊ မြေကြီးနှင့် ကမ္ဘာကြီးကိုပင် လောင်ကျွမ်းစေနိုင်တဲ့အထိ သူ့အစွမ်းကလည်း ကြောက်စရာကောင်းလှသည်။
အကယ်၍ သွေးပါးပါးဖြင့် မြင့်မြတ်သော သားရဲမှ ကျန်ရစ်ခဲ့သော ဖီးနစ်အမွေးကြောင့်သာ မဟုတ်ပါက လုရွှမ်ရဲ့ ဆွဲအားက သူ့ခန္ဓာကိုယ်ထဲသို့ ဖီးနစ်နတ်မီးကို အလိုအလျောက် ဆွဲဆောင်နိုင်ပေလိမ့်မည်။ သူ မသေပါက ၎င်းကို ဖယ်ရှားပစ်မှာ ဖြစ်ပြီး သေဖို့တော့ စောင့်ဆိုင်းနေလိမ့်မည် မဟုတ်ပေ။
ယွင်ယင် မတိုင်မီက ခံစားခဲ့ရသော အဆိပ်သည် ထူးဆန်းသောမီး၏ တုန့်ပြန်မှု တစ်ခုသာ ဖြစ်သော်လည်း ကျင့်ကြံသူတစ်ယောက် ဖီးနစ်နတ်မီးကို ဖမ်းမိလိုက်သည်နှင့် မထိန်းနိုင်ပါက နာကျင်မှုက ယွင်ယင်ထက် ဆယ်ဆ ပိုနေပေလိမ့်မည်။
လုရွှမ်သည် ဖီးနစ်အမွေး ရုပ်ကြွင်းကို လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်စဥ် ရုပ်ကြွင်းသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ ဖြည်းဖြည်းချင်း အသက်စွမ်းအင်နှင့် ဝိညာဥ်ချီ အာဟာရ ကျွေးမွေးခြင်းဖြင့် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ဤရုပ်ကြွင်းသည် အသွေးအသားဖြင့် ပြုလုပ်ထားသည့် ဖီးနစ်တစ်ကောင် အဖြစ် တစ်ဖန် ပြောင်းလဲသွားမှာပဲ ဖြစ်သည်။
ပေါင်းစည်းပြီးနောက် လုရွှမ်သည် သူ့ခန္ဓာကိုယ်က ဖီးနစ်နတ်မီးနှင့် လုံးဝ သက်တောင့်သက်သာ ရှိသွားကြောင်း ခံစားလိုက်ရသည်။ လက်ဝေ့ယမ်းကာ အခင်းအကျင်း အစီအရင်ကို ရုတ်သိမ်းကာ အပြင် ထွက်လာခဲ့သည်။
"ဝူး!"
ကျားဖြူလေးက တဝူးဝူး အော်ရင်း အရင်ဆုံး ပြေးထွက်လာသည်။
လုရွှမ်တည်ရှိရာ ဝင်းငယ်လေး နောက်ဆုံးတွင် ဖွင့်လှစ်လာခဲ့ကြောင်း လူတိုင်းလည်း ခံစားလိုက်ရတာကြောင့် အားလုံးက သူ့ကို ဂုဏ်ပြုကြိုဆိုရန် ရောက်ရှိလာကြသည်။ လုရွှမ် လုပ်နေတာတွေကို သူတို့သိတာမို့ စိတ်ထဲမှာ သံသယတွေနဲ့အတူ မျှော်လင့်ချက်တွေလည်း ရှိနေခဲ့၏။
"ဘယ်လိုလဲ? ရသွားပြီလား?"
နတ်သမီးအောင့်ယွဲ့က အော်လိုက်သည်။ လုရွှမ် ခါးသက်စွာ ပြုံးပြီး ခေါင်းခါလိုက်သည်။
"မလွယ်ဘူး... အကြံဥာဏ် နည်းနည်းလောက် လိုသေးတယ်"
တခြားသူများ အံ့အားသင့်သွားသော်လည်း နားလည်စွာ ခေါင်းညိတ်လိုက်ကြသည်။ ဒါက ဖြစ်သင့်တဲ့ အမှန်တရားပဲလို့ သူတို့လည်း ထင်ကြပါ၏။ လုရွှမ်က အံ့ဖွယ်ပါရမီရှင် ဖြစ်လျှင်ပင် ရက်အနည်းငယ် အတွင်း ဝမ့်ကျစ်ကမ္ဘာရဲ့ သခင်များပင် အဓိပ္ပာယ် မဖော်နိုင်သော ရုပ်ကြွင်းကို သန့်စင်နိုင်မည် မဟုတ်ပေ။
"ကိစ္စမရှိပါဘူး... အခွင့်အရေးက မလာသေးလို့ပဲ ဖြစ်မယ်... နောက်ပိုင်း ကြိုးစားအားထုတ်ရင် သူ့ရဲ့လျှို့ဝှက်ချက်ကို တွေ့နိုင်မယ်လို့ ငါ ယုံကြည်တယ်"
လုရွှမ် အပြုံးလေးနဲ့ ပြောလိုက်သည်။ သူ့ကိုယ်သူ အားပေးနေမိသလားပင် မပြောတတ်တော့ချေ။
အဝေးရှိ မရေမတွက်နိုင်သော လူများကလည်း ဒီသတင်းကို စောင့်မျှော်နေကြပြီး ယွင်ယင်တို့ အိမ်ကြီးဆီသို့ အာရုံစိုက်နေကြသည်။ မကြာခင်မှာပဲ လုရွှမ် ထွက်လာပြီး ရှုံးနိမ့်သွားကြောင်း သတင်းကပါ ထွက်လာသည်။
ယွမ်မိသားစုနှင့် ရန်မြို့ ကုန်သည်ကြီးများ အသင်းမှ တတိယသခင်မလေး ပိုင်လင်တို့ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူတို့က လုရွှမ်တစ်ယောက် အဖြေရှာတွေ့သွားမှာကို တကယ်ကို စိုးရိမ်နေကြခြင်း ဖြစ်လေသည်။
ကောင်းကင်အရိပ်ဂိုဏ်းက ယွင်ယင်လည်း ထိုသတင်းကို ရသွားပြီး
"ဟမ့် သူတို့ရဲ့ စွမ်းဆောင်ရည်ကို မတန်တဆတွေ တွက်ဆနေတာပဲ... အဲဒါက ရိုးရိုးသာမန်သာ မဟုတ်ဘူး ဆိုရင်တော့ ချန်ချောင်ရှောင်းဟွေ့ ကုန်သည်အဖွဲ့က ငါတို့အတွက် ဒီအခွင့်အရေးကို ထားခဲ့မှာ မဟုတ်ဘူး!"
လေလံပွဲအပြီးမှာ လူတိုင်းက ထိုသတင်းကို ကြားခဲ့ကြသည်။ ဒါပေမဲ့ ကောလာဟလတွေ အရတော့ နတ်သမီးအောင့်ယွဲ့က လုရွှမ်အတွက် ထိုအရာကို ဝယ်ပြီး ပေးခဲ့တာလို့ ထွက်ပေါ်ခဲ့လေသည်။
ဤသတင်းသည် ယင်ထျန်းအား စိတ်ဓာတ်ကျစေတဲ့ အကြောင်းလည်း ဖြစ်ပေ၏။ သို့သော်လည်း လုရွှမ်ရဲ့ ကျရှုံးမှုသတင်းကို ကြားလိုက်ရသောကြောင့် စိတ်သက်သာရာ ရသွားသည်။ လုရွှမ်အပေါ် သူ့စိတ်ထဲတွင် မကျေမနပ်မှုများက အဆပေါင်းများစွာ တိုးလာသည်။
ထိုသူသည် သူ့အတွက် ဒဏ်ရာပဲ ဖြစ်လေ၏။ လုရွှမ်ရှိရင် သူမရှိသလို သူရှိနေရင် လုရွှမ် မရှိစေရဘူး။
"ဦးလေးဖျင်... သူတို့ရည်ရွယ်ချက်က အနောက်ဘက် အစွန်ဆုံးကို သွားပြီးတော့ အရင်ဂိုဏ်းချုပ် ဟန်ရှောက်ရဲ့ အလောင်းကို ပြန်ယူဖို့လို့ ပြောတယ်... အရိုးချဖို့ နေရာရှာထားပုံပဲ လင်မယားနှစ်ယောက် ပြန်ဆုံဖို့ အချိန်တန်ပြီ"
လုရွှမ်အပေါ် ယင်ထျန်း၏ မုန်းတီးမှုသည် ကောင်းကင်အရိပ်ဂိုဏ်း ဘက်သို့ သဘာဝကျကျ ကူးပြောင်းသွားတော့သည်။ ကောင်းကင်အရိပ် ဂိုဏ်းသည် အလွန်အစွမ်းထက် သော်လည်း သူ့အမြင်အရတော့ အန္တရာယ်များနှင့် ပြည့်နှက်နေသည်။ လုရွှမ်ကိုသတ်ရန် အတွက် သူသည် ယခင်က ကောင်းကင်အရိပ် ဂိုဏ်း၏ အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း စုံစမ်းရန် လူများကို အထူးစေလွှတ်ခဲ့သည်။
မတိုင်ခင်ကမှ အတွင်းရေး ရန်ပွဲတွေ ဖြစ်လာခဲ့တဲ့ ဒီလိုဂိုဏ်းက တကယ်ကို စည်းလုံးနိုင်ပါ့မလား။
"သခင်လေး... ကျွန်တော် လူနှစ်ယောက်ကို လာဘ်ထိုး ပြီးပြီ... သူတို့မှာ အချက်အလက်တွေ အကုန်ရှိတယ်"
"အရမ်းကောင်းတယ် အရမ်းကောင်းတယ် ဦးလေးဖျင် လူတွေကို သွားစုထားလိုက်ပါ... ဒီတစ်ခါ ငါ ကောင်းကင်အရိပ် ဂိုဏ်းကို ဖျက်စီးပစ်မယ်!!"
"သခင်လေး... ကောင်းကင်အရိပ်ဂိုဏ်းက မညံ့ဘူး.... ဂိုဏ်းချုပ်က သခင်လေးကို ပိုသတိထားခိုင်းထားတယ်.... ဂိုဏ်းအင်အားရဲ့ သုံးပုံတစ်ပုံကတော့ သခင်လေး ကိုင်တွယ်ဖို့ပဲ"
ယင်ထျန်းက ကျယ်လောင်စွာ ရယ်မောပြီး
"ဒါဆို ဆရာ့ကို ကျေးဇူးတင်ရတော့မှာပေါ့!"
လုရွှမ်သည် လူတိုင်းနှင့် နှုတ်ခွန်းဆက်စကား ဖလှယ်ပြီးနောက်တွင် ဂိုဏ်းချုပ်ဟောင်း၏ ရုပ်အလောင်းကို ကြိုဆိုရန်အတွက် အနောက်ဘက်အစွန်ဆုံးသို့ သွားရန် ပြင်ဆင်နေတော့သည်။
နေရာပြောင်း အစီအရင် အတွက် ကြိုတင်မှာထားပြီးသော လူတစ်စုသည် အစီအရင်ရှိရာ နေရာသို့ ရောက်လာပြီး မင်းမျိုးမင်းနွယ်နှင့် တခြားဂိုဏ်းများက လာနှုတ်ဆက်ကြသည်။ အစီအရင်ထဲ အလင်းတန်းတစ်ခု လင်းလက်လာပြီး ကောင်းကင်အရိပ်ဂိုဏ်း၏ ရုပ်ပုံများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။
အလင်း တစ်ဖန်လင်းလာပြီး ကောင်းကင်အရိပ်ဂိုဏ်းနှင့် တခြားလူများ၏ ပုံရိပ်များက တစ်နေရာ၌ ပေါ်လာသည်။ ကောင်းကင်ဘုံသခင် မှလွဲ၍ ကျန်လူများသည် အကွာအဝေး ဝေးလွန်းသော်လည်း တုန်လှုပ်ခြောက်ခြား သွားကြသည်။
ဤသည်မှာ သေးငယ်ပြီး အတန်ငယ် ဝေးကွာသော မြို့တစ်မြို့ ဖြစ်သည်။ အတိအကျ ပြောရလျှင် နေရာပြောင်း အစီအရင်ရဲ့ လက်ရှိ အဆင့်ကြောင့် ဒီနေရာကို ရောက်လာခဲ့ခြင်း ဖြစ်သည်။
လူတစ်စုသည် နေရာပြောင်း အစီအရင်ထဲသို့ ပြန်ပြေးဝင်ကာ ကျယ်လောင်စွာ အော်ဟစ်ရင်း အမြန် ပြန်ဆုတ်သွားကြသည်။
လုရွှမ်ရဲ့ ရှုထောင့်မှ ကြည့်လျှင် ဤအလောင်းတွေရဲ့ အရည်အချင်းများသည် သူတော်စင်များ သို့မဟုတ် သူတော်စင်တစ်ပိုင်းများထက် မပိုပေ။ နောက်ဆုံးတော့ နတ်သမီးအောင့်ယွဲ့လည်း ကောင်းကောင်း သိပါ၏။ သူမ ဘယ်သွားသွား အခင်းအကျင်း ပညာကို ဦးစွာ ဖြန့်ကျက်ထားတာကြောင့် ဒီနေရာတွေရဲ့ စွမ်းအင်အဝင်အထွက် အားလုံးကို ခံစားမိပါသည်။
သူမက ပေါ့ပေါ့ပါးပါးနဲ့ ရှင်းပြလာသည်။
"ဝေးလံခေါင်သီတဲ့ မြို့ငယ်လေးတွေမှာ လူသိပ်မများလို့ သတ်ဖြတ်တဲ့ အငွေ့အသက်တွေ ဒီကိုပြန်လာတဲ့ အလေ့အထတွေ ရှိတတ်တယ်... ယေဘုယျအားဖြင့်တော့ ဒီနေရာပြောင်း အစီအရင်က တာတို နေရာပြောင်း အစီအရင်နဲ့ အလုပ်မလုပ်နိုင်တာ သေချာပါတယ်...အခု ပြန်သွားချင်ရင်တော့ နေရာပြောင်း အစီအရင်နဲ့ တခါတည်း ပြန်လို့မရတော့ဘူး ဖြည်းဖြည်းချင်းပဲ ပြန်ပို့ပေးလိမ့်မယ်"
ဒါကိုတော့ လုရွှမ်လည်း နားလည်သည်။ ထိုကဲ့သို့သော လူများစွာကို သူ့ဘဝနှစ်ခုတွင် များစွာ တွေ့ဖူးသည်။ နေရာပြောင်း အစီအရင်က သူတို့ကို ဒီနေရာအထိ ပို့လိုက်တာပဲ။ အခွင့်ကောင်း ယူချင်သော်လည်း မမျှော်လင့်ဘဲ သူတို့လိုသခင်များနှင့် လာတွေ့သွားခဲ့သည်။
ထုံးစံအတိုင်း သူတို့က အဲဒီလူတွေကို ဂရုမစိုက်ဘဲ နေဖို့တောင် မလိုဘူး။ အသက်ရှင်လျက် ချန်ထားနေလို့လည်း အသုံးမဝင်ဘူးလေ။