ဖျက်စီးခြင်းနွယ်ပင် တောအုပ်
Vol. 62 Ch. 441.4
ယွင်ယင်သည် လွန်းပျံယာဉ်ကို ထုတ်၍ လမ်းကြောင်းကို ဖော်ထုတ်ပြီးနောက် အနောက်ဘက်သို့ ဆက်လက် ပျံသန်းလာခဲ့သည်။ ထိုအခါ ကျန်ခဲ့သော တချို့ကျင့်ကြံသူများ အားလုံး သက်ပြင်းအသာ ချလိုက်ကြလေသည်။
"ဟူး.... အနောက်ဘက်ကို သွားနေတဲ့ တခြားလူတွေ ထပ်ပေါ်လာပြန်ပြီ သူတို့က ကိုယ့်အစွမ်းအစကို အထင်ကြီးနေတာပဲ.. အဲဒီနေရာက နတ်ဆိုးနေရာ!"
"နည်းပြကြီးက ဘာတွေ စိတ်ပူနေတာလဲ? ခင်ဗျားက သူတော်စင်တစ်ပိုင်းပဲ ရှိသေးတယ်.... အဲဒီလူတွေရဲ့ ခွန်အားက ဘယ်လိုလဲ ခင်ဗျား သိလား? အညံ့ဆုံးက သူတော်စင်တွေ... ခေါင်းပေါ်က အမျိုးသမီးက ကောင်းကင်ဘုံသခင်ပဲ... ကောင်းကင်ဘုံသခင် နားလည်ရဲ့လား?"
နည်းပြဆရာက ဆံပင်ဖြူ အဘိုးကြီးဖြစ်ပြီး သူတောင်းစား၏ ၀တ်စုံကို ၀တ်ဆင်ထားသည်။
"ကောင်းကင်ဘုံသခင် ဆိုတော့ရော ဘာဖြစ်လဲ? ငါ ကောင်းကင်ဘုံသခင်တွေ အများကြီးကို တွေ့ဖူးတယ် သိရဲ့လား ဟမ့် နတ်ဆိုးပြည်မှာ ကောင်းကင်ဘုံသခင်တောင် သေလမ်းပဲ ရှိတယ်... ဒီလိုအဆင့်လောက်နဲ့ လွတ်မြောက်ချင်ရင် မင်းအရမ်း ကံကောင်းနေမှ ရလိမ့်မယ်! သိရဲ့လား?"
တခြားသူတွေက ရယ်ကြသည်။
"နည်းပြကြီး ကောင်းကင်ဘုံသခင်က ဘယ်လို ခွန်အားမျိုးလဲ ခင်ဗျားသိလား? အတွေး တစ်ချက်တည်းနဲ့ ခင်ဗျား သေသွားလိမ့်မယ်"
နည်းပြကြီးသည် စကားမပြောတော့ဘဲ သက်ပြင်းချကာ အနောက်ဘက်သို့ လှမ်းကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့သည်။ သူ့နောက်ကျောသည် တဆတ်ဆတ် တုန်နေသော်လည်း သူ့ထံမှာ ထူးထူးခြားခြား မှုန်မှိုင်းနေသော အရိပ်အယောင်တစ်ခု ရှိနေလေသည်။
"နည်းပြကြီး တစ်ချိန်က သခင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လို့ ကြားဖူးတယ် နောက်ပိုင်းမှာ သူ့ရဲ့အဆင့်က ကျသွားခဲ့တာတဲ့ အဲဒါ အမှန်ပဲလား"
"ငါ့ဖင်ကြီးကိုပဲ မှန်နေလိုက်... သူက ခွန်အားတွေ အများကြီးရှိချင်ယောင် ဆောင်နေတဲ့ အရူးတစ်ယောက်ပဲ"
လွန်းပျံယာဉ်သည် တစ်လလုံး ပျံသန်းနေခဲ့သည်။ ကံကောင်းထောက်မစွာပင် သူတို့အားလုံးသည် အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြတာကြောင့် လေထုပြင်းပြင်းထဲ အလျင်စလို ခရီးသွားရတာကို ကျင့်သားရခဲ့တာ ကြာပါပြီ။ ယာဥ်ပျံက ကောင်းကင်ဘုံသခင်၏ ယာဉ်လည်းဖြစ်တာကြောင့် အလွန်လျင်မြန်လှသည်။ တခြားသူတွေရဲ့ ယာဥ်သာဆို ဤနေရာတွင် တစ်နှစ်အတွင်း ပျံသန်းနိုင်လိမ့်မည် မဟုတ်ပေ။
လွန်းပျံယာဉ် ရပ်တန့်သွားစဥ် လူတိုင်း အခန်းရှေ့သို့ ပြေးထွက်လာကြသည်။
ယွင်ယင် လွန်းပျံယာဉ်ကို သိမ်းကာ အားလုံး လေထဲတွင် ပျံဝဲလိုက်သည်။ အောက်ဘက်ခမ်းနားသော မြင်ကွင်းကို ကြည့်ကာ လူတိုင်း ထိတ်လန့်သွားပြီး စကားမပြောနိုင် ဖြစ်သွားလေ၏။
အောက်ဖက်တွင် လူတွေလူတွေ ထူထပ်နေကာ ကျယ်ပြောလှသော လူပင်လယ်ကြီးလို အဝေးအထိ ဖုံးလွှမ်းလုနီးပါး ရှိနေတာကို တွေ့ရသည်။
ဒါပေမဲ့ အနီးကပ် ကြည့်လိုက်ရင်တော့ အဲဒီလူတွေအားလုံးဟာ သေဆုံးသွားပြီး အောက်ခြေအကိုင်းအခက်တွေနဲ့ စပျစ်နွယ်ပင်တွေက ထောက်ထားတာကြောင့် လေထဲမှာ လွင့်မျောနေတဲ့ လူသားပင်စည်တွေအဖြစ် ပြောင်းလဲသွားတာကို တွေ့ရမှာပဲ ဖြစ်ပေသည်။
တခြားအပင်များ၏ ထိပ်တွင် မျောပါနေသည့် အရာက ပန်းများနှင့် အသီးအနှံများ ဖြစ်သော်လည်း အောက်ခြေ ပင်စည်များ၏ထိပ်တွင် မျောပါနေသည့် အရာမှာ ကျင့်ကြံသူတို့၏ အလောင်းများပဲ ဖြစ်သည်။
သူတို့ နီးနီးကပ်ကပ် မသွားရဲတော့ဘဲ လူတိုင်းက အောက်နားက အပင်တွေကို ဂရုတစိုက် ကြည့်ရင်း အဝေးက လေထဲမှာပဲ ရပ်နေကြသည်။
"လုရွှမ် မင်းပြောနေတဲ့ ဖျက်စီးခြင်းနွယ်ပင်တွေလား?"
ယွင်ယင်က မယုံကြည်နိုင်စွာ အော်လိုက်သည်။
ဘယ်မှာလဲ နွယ်ပင်။ ဒါက သေချာပေါက် ထင်ရှားတဲ့ အပင်ပင်လယ်ကြီးပဲ ဖြစ်လေ၏။ ဧရိယာက အလွန်ကျယ်ဝန်းသဖြင့် သူတို့မျက်စိဖြင့် အဆုံးကိုပင် မမြင်နိုင်ပေ။
၎င်းတို့ကို ခွဲခြားထားသော အရာမှာ အလွန်ကျယ်ဝန်းပြီး ဖျက်စီးခြင်းနွယ်ပင်များရဲ့ ကြီးထွားမှုကို ဖြတ်တောက်ထားသည့် အဝါရောင်နှင့် အဖြူရောင် သဲအပိုင်းအစများသာ ဖြစ်သည်။
အောက်မှာတော့ စိမ်းစိုနေတဲ့ စပျစ်နွယ်ပင်တွေကြား သေဆုံးသွားသူတွေ အများကြီးပါပဲ။ ကျင့်ကြံမှု အဆင့် အမြင့်ဆုံးမှ အနိမ့်ဆုံးအထိ လူများသည် ဖျက်စီးခြင်းနွယ်ပင်များ ရှေ့တွင် အမှန်တကယ် ကိုးကွယ်နေကြတာ အလွန်ထူးဆန်းလှပြီး ကြောက်စရာ ကောင်းလှသည်။
"အားလုံး သတိထားပါ... ဒီအပျက်အစီးတွေက ကျင့်ကြံသူတွေကို ထင်ယောင်ထင်မှား ဖြစ်စေမယ့် မမြင်နိုင်တဲ့ အနံ့ဆိုးတွေ ထွက်လာတတ်တယ်....ဒါတင်မကသေးဘူး သူတို့မှာ ဝိညာဉ်အသိတွေလည်း ရှိနေသလိုပဲ...မင်းတို့လိုချင်တာ သူတို့က ခံစားရတယ် ပြီးရင်တော့ မင်းတို့နဲ့ ပိုရင်းနှီးဖို့ သွေးဆောင်လာလိမ့်မယ် ဒါကြောင့် သတိထားပါ"
လုရွှမ် လူတိုင်း အောက်ရှိ ဖျက်စီးခြင်းနွယ်ပင်တွေကြား မတော်တဆ ပြုတ်ကျသွားမည်ကို စိုးရိမ်သဖြင့် ထပ်ခါတလဲလဲ သတိပေးခဲ့သည်။
အခု ထူးဆန်းတဲ့ မီးလောင်နေရင်တောင်မှ ဒီလောက် ကြောက်စရာကောင်းတဲ့ တောထဲကို ဘယ်တော့မှ ဝင်ဝံ့မှာ မဟုတ်ပေ။ ကျင့်ကြံသူများ၏ စွမ်းအင်များကို အသက်ရှင်လျက် စုပ်နိုင်သည့် ကြောက်စရာကောင်းသော အပျက်အစီးများစွာ ရှိသည်။
ယွင်ယင်သည် အောက်ရှိ တောအုပ်ကို အိပ်မက် မက်နေသလိုမျိုး ကြည့်လိုက်သည်။ ဒီလိုအခြေအနေမျိုးမှာ ခင်ပွန်းသည်ရဲ့ အလောင်းကို ဘယ်လိုများ ပြန်ယူရပါ့မလဲ။
တခြားလူတွေလို ဖျက်စီးခြင်းနွယ်ပင်က သူ့အကိုင်းအခက်တွေ အပေါ်မှာ မျှောနေဖို့ မြှောက်ထားရင်တော့ အဆင်ပြေနိုင်ပေမယ့် မြေအောက်နက်နက်ထဲမှာ မြှုပ်ထားရင်ကော ဘယ်လိုလုပ်ကြမလဲ။
ထူးဆန်းသော မီးတောင် ဒီနေရာမှာ ရေတစ်စက်လောက်သာ ရှိသည်။ ယွင်ယင်သည် သူ့လည်ချောင်းက နည်းနည်း ခြောက်လာတယ်လို့ ခံစားမိပေမယ့် စကားပြောလာသေးသည်။
"ဖြေးဖြေးချင်း အရင်ရှာကြည့်ရအောင်.... ဆရာတူအစ်ကိုရဲ့ အလောင်းက ဒီသစ်ကိုင်းပေါ်မှာ ရှိနေမယ်လို့ မျှော်လင့်တယ်"
တခြားသူတွေက စကား မပြောရဲကြပေမယ့် သူတို့အားလုံး အလွန်စိတ်ပိုင်း ဖြတ်ထားပုံရပြီး သူတို့စိတ်တွေ လေးလံနေတာကို တွေးကြည့်ရုံနဲ့ကို သိနိုင်ပါ၏။
အကြီးအကဲ လောင်ကျိုက အသက်ပြင်းပြင်း ရှူလိုက်သည်။ ဤဖျက်စီးခြင်း နွယ်ပင်မျိုးတွင် သူကိုယ်တိုင် ပိတ်မိနေပြီး နွယ်ပင်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိနိုင်သည်။ ဒါပေမဲ့ လက်ရှိမြင်ကွင်းက သူထင်ထားတာထက် အများကြီး ပိုအန္တရာယ်များနေတာကို သိလိုက်ရသည်။
လုရွှမ်၊ အောင်ရှင်း၊ အောင့်ယွဲ့ နဲ့ တခြားသူတွေက အဲဒီကို မသွားကြဖို့ အချင်းချင်း ပြောနေကြသည်။ ကျားဖြူလေးသည်လည်း အောင့်ယွဲ့ကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထား၏။ ယခုအချိန်က အပျော်သဘော ကစားရမယ့် အချိန်မဟုတ်ပေ။
သူတို့တိုက်ခိုက်ခံရမှာ ကြောက်တာကြောင့် လုရွှမ် သူ့လက်ဖဝါးတွေကို လှုပ်ရှားလိုက်ပြီး လက်ထဲ ဝိညာဉ်မီးဘောလုံးလေး ထွက်လာစေကာ နတ်သမီးအောင့်ယွဲ့ကို ပေးလိုက်သည်။
"မင်းတို့ ဒီမှာပဲ စောင့်နေ.... ထူးဆန်းတဲ့ မီးနဲ့ဆို ဒီအနီးနားက နွယ်ပင်တွေ အပေါ်မတက်လာရဲဘူး.... ငါတို့ ပြန်ရောက်လာတာကလွဲရင် ငါတို့ဘယ်လိုပဲ ခေါ်ခေါ် အကုန်လုံး အတုအယောင်တွေပဲ နားလည်လား?"
လုရွှမ်ရဲ့ အသံသည် ပို၍ တင်းမာလာပြီး အနည်းငယ် ထိတ်လန့် တုန်လှုပ်နေကြောင်း သိသာသည်။ ဤအယုတ်တမာ နွယ်ပင်များသည် ကျင့်ကြံသူများ၏ အသံကို တုပနိုင်သည်။ အထူးသဖြင့် ထွက်ပြေးလာသောအခါ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာပြီး အကူအညီတောင်းနေလို့ နောက်ပြန်လှည့်သွားပါက သေပေလိမ့်မည်။
လုရွှမ် မျက်နှာပေါ်က လေးနက်မှုကို မြင်လိုက်ရတော့ အောင့်ယွဲ့လည်း သတိမပေါ့ဝံ့တော့ပေ။ ဒီလိုကြောက်စရာကောင်းတဲ့ အပင်ရှိတယ် ဆိုတာ သူမ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။ လွန်းပျံယာဉ်ပေါ် တက်တုန်းကလည်း ဒီနေရာကို ရောက်လာမယ်လို့ မယုံနိုင်ခဲ့ဘူး။
ယွင်ယင်က တခြား ကောင်းကင်ဘုံသခင်တွေကို အပြင်မှာစောင့်နေဖို့ စီစဉ်ခဲ့ပြီး သူမနဲ့ လုရွှမ်ဟာ ဖျက်စီးခြင်းနွယ်ပင်တွေပေါ် ဂရုတစိုက်နဲ့ ပျံသန်းသွားခဲ့သည်။ စပျစ်နွယ်ပင်များပေါ်တွင် မှုန်ကုပ်ကုပ် ပျံဝဲနေသော သေမင်း၏ အရိပ်အယောင်ကို တွေ့လိုက်ရတော့ သူတို့နှစ်ဦး အံ့ဩသွားကြသည်။
သူတို့အပေါ်က ကောင်းကင်ကို ကြည့်လိုက်ရင်တော့ တိမ်ကင်းစင်နေပြီး ပတ်ဝန်းကျင်က လုံးဝ အထီးကျန်နေသယောင် ရှိသည်။
ဒီလို ကြီးမားတဲ့ စိမ်းလန်းသော အပင်များကြားထဲတွင် အမျိုးမျိုးသော သတ္တဝါများနှင့် ငှက်များစွာ ရှိသင့်သော်လည်း ယခုမှာမူ လုံးဝဗလာဖြစ်နေပြီး ကြောက်မက်ဖွယ် ကောင်းသော သေမင်း၏ အငွေ့အသက်တွေဖြင့် လွှမ်းမိုးနေသည်။
ဤနေရာတွင် ရှိသည့် တစ်ခုတည်းသော အသံမှာ လေထဲတွင် လွင့်မျောနေသော လူသေကောင်များ၏ အသံသာ ဖြစ်ပေ၏။
"ယင်လေး... မင်းနောက်ဆုံးတော့ ကိုယ့်ဆီ ရောက်လာပြီပေါ့ ကိုယ်မင်းကို စောင့်နေတာ ကြာလှပြီ"
ယွင်ယင်ရဲ့ စိတ်ထဲကို ရုတ်တရက် အသံတစ်ခုက ရိုက်ခတ်လာခဲ့သည်။ သူမခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်နှာသည်လည်း သိသိသာသာ ပြောင်းလဲသွားကာ အောက်ဖက်ရှိ ဖျက်စီးခြင်းနွယ်ပင်များကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။
လုရွှမ်သည် ယွင်ယင်၏ လှုပ်ရှားမှုများကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်။ ဖျက်စီးခြင်းနွယ်ပင်များက သူ့ကို ကောင်းကင်ဘုံသခင် ဖြစ်ခဲ့တုန်းကထက် ပိုကြောက်စရာကောင်းတဲ့ ခံစားချက်ကို ပေးစွမ်းနေ၏။
ဤရှေးဟောင်း လျှပ်စီးကမ္ဘာတွင် ဘယ်နေရာကိုသွားသွား ကောင်းကင်ဘုံသခင် နယ်ပယ်တွေကို တွေ့နိုင်သည်။ သို့သော် ယွင်ယင်လို ထူးဆန်းသော မီးတောက်ရဲ့ ဝါးမျိုမှုအောက် ပြုတ်ကျသွားပါက ထွက်ပြေးရန် အခွင့်အလမ်း ၅၀% သာ ရှိမည်ကို လုရွှမ် ကောင်းကောင်းသိသည်။
"အဒေါ်ယွင် ဘာဖြစ်နေတာလဲ?"
ယွင်ယင် လုရွှမ်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် အသိပြန်ဝင်လာကာ
"ငါ အစ်ကိုရှောက်ရဲ့ အသံကို ကြားလိုက်တယ်... သူက ငါ့ကို စောင့်နေတာကြာပြီလို့ ပြောတယ်"
"အားလုံးက အတုအယောင်တွေချည်းပဲ... အဲဒါက ဖျက်စီးခြင်းနွယ်ပင်တွေရဲ့ လှည့်စားမှု!"
ယွင်ယင် ခေါင်းညိတ်ပြလာသော်လည်း သူ့မျက်လုံးများထဲက တုံ့ဆိုင်းနေသည့် အရိပ်အယောင်ကြောင့် ယွင်ယင် စိတ်ထဲတွင် ရှုပ်ထွေးနေကြောင်း လုရွှမ်ကို သိစေခဲ့သည်။