← Chapters

ဝင်ရောက်စီးနင်းခြင်း

Vol. 62 Ch. 442.4

ဝင်ရောက်စီးနင်းခြင်း

Vol. 62 Ch. 442.4

လုရွှမ် အမြင်အရတော့ တုံ့ဆိုင်းနေသော လူများသည် အပြင်လူများ ပိုမိုပြောလေ ပိုခေါင်းမာလေ ဖြစ်​ကြ​လေသည်။

ဟန်ရှောက် ထွက်ခွာသွားတာနဲ့ ပတ်သက်၍ ယွင်ယင်၏ နှလုံးသားထဲတွင် အမြဲလိုလို အတွေးတစ်ခုရှိနေမည်ဟု လုရွှမ်ထင်သည်။ ဆိုလိုသည်မှာ ထို​အစ်ကိုရှောက် အသက်ရှင်နေသေးတဲ့ အတွေးလည်း ဖြစ်နိုင်သည်။ ဒီအတွေးက အရမ်းအားနည်းနေလို့ သူကိုယ်တိုင်တောင် သတိမထားမိခဲ့တာ ဖြစ်နိုင်၏။

ဒါပေမဲ့လည်း ကြီးထွားဖို့ သင့်တော်တဲ့ မြေဆီလွှာကို ပေးလိုက်တာနဲ့ ဒီမျှော်လင့်ချက်နဲ့ ဒွိဟတွေဟာ အမြစ်တွယ်၊ အညှောက်ပေါက်၊ ကြီးထွားလာပြီး နှလုံးသား တစ်ခုလုံး ပြည့်သွားလိမ့်မည်။

ထိုကဲ့သို့ မျှော်လင့်ချက် ကယောင်ကတမ်းများ အတွက် ဤနေရာတွင်ရှိသော ဖျက်စီးခြင်းနွယ်ပင်များက အသင့်တော်ဆုံး မြေဖြစ်သည်။ လုရွှမ်သည် လွတ်မြောက်ချင်ပြီး တည်ငြိမ်း အေးချမ်းတဲ့ စိတ်ကို ထိန်းထားနိုင်တယ် ဆိုတာ သူ့ကိုယ်တိုင် အခုလို သေရေးရှင်ရေး အ​ဖြစ်မျိုးကို အတိအကျ မြင်ခဲ့ရသောကြောင့် ဖြစ်သည်။

လုရွှမ် ဤဖျက်စီးခြင်း နွယ်ပင်များ၏ အစွမ်းသတ္တိကို အကဲဖြတ်နေသော်လည်း သူလုံးဝ သေချာ မသိနိုင်တော့တာကြောင့် ခိုကိုးရာမဲ့ ဖြစ်သွားခဲ့သည်။ ယုတ္တိဗေဒအရ ပြောရရင် ဒီလိုကြောက်စရာ ကောင်းတဲ့ အပင်ဟာ နတ်ဆိုးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေမယ့် ၎င်းထုတ်လွှတ်တဲ့ ရောင်ဝါဟာ ဝိုးတဝါးနဲ့ သူ့ရဲ့စွမ်းအင် အတိမ်အနက်ကို မဆုံးဖြတ်နိုင်ချေ။

လုရွှမ်သည် သူ၏ လက်ဖဝါးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ​လေထုထဲတွင် ပြင်းထန်စွာ တောက်လောင်နေသော ဝိညာဉ်မီးလုံးကြီး ထွက်ပေါ်လာသည်။

ယွင်ယင် လုရွှမ်ကို တစ်ချက် ကြည့်လိုက်ပြီး ကောင်းကင်ယန်မီးကို သူမ ခန္ဓာကိုယ်ပေါ်တွင်လည်း ဖြန့်ကျက်လိုက်သည်။ ထိုအခိုက် ပတ်ဝန်းကျင် လေထုက ဖြတ်တောက် ခံလိုက်ရသလို ခဏအကြာတွင် သူမနှလုံးသားက တည်ငြိမ်လာပြီး မျက်နှာမှာလည်း မသေချာမရေရာသလို ဖြစ်လာသည်။

"ဆက်စစ်ဆေးကြရအောင်"

ယွင်ယင်က ပြောလိုက်သည်။

သူတို့နှစ်ဦးသည် လေထဲတွင် ဘေးချင်းယှဉ်လျက် လွင့်မျောနေသော အလောင်းများကို အဆက်မပြတ် စစ်ဆေး ကြည့်ရှုလျက် ရှိသည်။ ဒါပေမဲ့ ခဏလောက် ကြည့်ပြီး နောက်မှာတော့ နှစ်ယောက်စလုံး ခါးသက်သက် ပြုံးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ချေ။

အလောင်းတစ်ခုစီရဲ့ အောက်မှာ နွယ်တွေ ဖုံးအုပ်ထားပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ တခြားအလောင်းတွေလည်း ရှိနေသည်။ ဝိညာဉ်စွမ်းအား ထိုးဖောက် ဝင်ရောက်လိုက်သော်လည်း မမြင်နိုင်သော စွမ်းအားတစ်ခုက ပိတ်ဆို့ထား​ပြန်သည်။

တစ်နည်းဆိုရသော် လူနှစ်ဦး၏ အစီအစဉ်သည် လုံးဝ ပျက်သုဉ်းသွားခဲ့ပြီး အကျိုးသက်ရောက်မှု မရှိသလောက် ဖြစ်လာ၏။ နှစ်ယောက်သား ပြေးလာပြီး လူတိုင်းကို ရှင်းပြသော်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

“သူတို့ဘာတွေ လုပ်နေတာလဲ ငါတို့သွားကြည့်ကြမလား?”

တတိယအကြီးအကဲက ရုတ်တရက် ပြောလာခဲ့စဥ် တခြားသူတွေလည်း နားလည်ကြောင်း အချက်ပြသည့်ဟန် ခေါင်းညိတ်လိုက်ကြသည်။

“အရင်က ဆွေမျိုးတွေရဲ့ နာမည်ကို ခေါ်ပြီးတော့ ယဇ်ပူဇော်တာတွေတော့ တွေ့ဖူးတယ်.... သိပ်မကြာခင်မှာပဲ အပျက်အစီးတွေက လမ်းရှင်းသွားပြီး အလောင်းကို ပြန်လွှတ်ပေးကြတယ်လို့ ပြောကြတယ်”

ဒါက စမ်းကြည့်လို့တောင် ရလောက်လေသည်။ မလာခင်က သွေးအမြောက်အမြား ပြင်ထားတာကြောင့် သိပ်တော့ ကြောက်စရာ မလိုချေ။

အမွှေးတိုင်စားပွဲကို အမြန် ပြင်ဆင်ပြီး သောအခါ ယွင်ယင်နဲ့ လုရွှမ်ရဲ့ရှေ့ကို ဟန်ရှောက်ရဲ့ နာမည်ကို ခေါ်ပြီး ရှေ့သို့ ပြန်ထွက်လာခဲ့သည်။

နွယ်ပင်တစ်ပင်က အမှန်တကယ် ပေါက်ထွက်သွားခဲ့သည်။ ကြိုးဆွဲချထားသည့် ခန္ဓာကိုယ်တစ်ခု ရှိသော်လည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

အလောင်း အနီးအနားသို့ ရောက်သောအခါ လုရွှမ် ရုတ်တရက် သူ့နှလုံးသားထဲက ရင်တုန်ခြင်းကို ခံစားလိုက်ရရာ တွေးတောမနေဘဲ စိတ်ဝိညာဉ်မီးလုံးကို ပေါက်ခွဲပစ်လိုက်သည်။ နွယ်ပင်ကို ထိလိုက်တာနဲ့ ပေါက်ကွဲသံနဲ့အတူ ပန်းပွင့်တွေလို တစတစ ပြန့်ကျဲသွားလေ၏။

ယွင်ယင်လည်း နွယ်ပင်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ကာ ယန်စွမ်းအင် ကောင်းကင်မီးကို သူမ ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ဖြန့်ကျက်ခဲ့သည်။

နွယ်ပင်ပေါ်က လူသေအလောင်းက ရုတ်တရက် စကားပြောလာခဲ့သည်။

"ယွင်ယင်... မတွေ့ရတာကြာပြီနော်"

၎င်းရဲ့ပုံပန်းသဏ္ဌာန်က ဟန်ရှောက်ရဲ့ အသံမဟုတ်သော်လည်း အသံကတော့ ဟန်ရှောက်ရဲ့ အသံဖြစ်လေရာ ယွင်ယင် နှလုံးတစ်ချက် ခုန်သွားပြီး မထိန်းနိုင်ဘဲ အော်လိုက်၏။

"အစ်ကိုရှောက် ရှင်လား?"

အလောင်းက တခစ်ခစ် ရယ်လိုက်သည်။ အလောင်း ဆိုပေမယ့် ပြုံးနိုင်ပါသေး၏။

"ငါဆိုရင် ဘာဖြစ်လဲ? ငါမဟုတ်တော့ရော ဘာဖြစ်လဲ? ဧကန္တ ငါဆိုရင် မင်းဝင်လာပြီး ငါနဲ့အတူ အဖော်ပြုပေးချင်လို့လား? ဟမ့်... ငါတို့အားလုံး ဒီနွယ်ပင်တွေထဲကို ဝင်ခဲ့ဖူးတယ်... မင်းလွတ်သွားသလို လောင်ကျိုလည်း လွတ်သွားတယ်... ငါတစ်ယောက်တည်းပဲ မင်းတို့ကို ကယ်ဖို့အတွက် ဒီနေ့အထိ ရှင်လျက်နဲ့ သေနေရတာ"

"ဟမ့် မင်းမှာ ထူးဆန်းတဲ့ မီးရှိတာပဲ.... မင်းတို့ နှစ်ယောက်စလုံးကို လုံလောက်အောင် ထိန်းထားနိုင်ပေမယ့် မင်းတစ်ကိုယ်ကောင်း ဆန်လွန်းတယ်.... မင်းရဲ့အသက်ကို ကာကွယ်ဖို့အတွက် မင်းငါ့ကို အကာအကွယ်လို သုံးသွားတယ်"

လုရွှမ် ရုတ်​တရက်​ ​အော်​လိုက်​ပြီး ​နောက်​ထပ်​ စိတ်​ဝိညာဥ် မီး​တောက်​​လေးတစ်​လုံး ပစ်​လွှတ်​လိုက်​သည်​။ လူ​သေ​ကောင်​သည်​ ရုတ်​တရက်​​ရှောင်​သွားပြီး လုရွှမ်ကို လှည့်ကြည့်​လိုက်​သည်​။

"မင်းကဘယ်သူလဲ? ငါမင်းကို မမြင်ဖူးတာတော့ သေချာတယ်... ဒါပေမဲ့ မင်းရဲ့ အသက်ရှုသံကိုတော့ ငါ ခံစားရတယ်... အမ် မင်းကို အာရုံခံနိုင်တာ ငါ့မိခင်ခန္ဓာကိုယ်ပဲ ဖြစ်မယ်။ မင်းကို ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာကျော်က လာခဲ့တဲ့ လူတစ်ယောက်နဲ့ တော်တော် ဆင်တယ်... မဟုတ်မှ မင်းကသူ့ရဲ့ မျိုးဆက်လား?"

လုရွှမ် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ ဒီအပင်တွေကြားထဲက အသီးအနှံတွေ အချင်းချင်း ဆက်သွယ်နိုင်သလို သူ့အငွေ့အသက်ကိုလည်း ခံစားရနိုင်သည်။

ဒါက ဘယ်လို နတ်ဆိုးမျိုးပါလိမ့်။

"မင်းတို့က ဟန်ရှောက်ရဲ့ အလောင်းကို ပြန်ရချင်တယ်ပေါ့... ဒါဆို ငါ့ကို သတ်ပစ်လိုက်ပါ...ယွင်ယင် သူ အသက်ရှင်နေသေးတယ် ငါနဲ့ ပေါင်းစပ်ပြီး ငါ့ကျွန် ဖြစ်သွားခဲ့တယ်လို့ ပြောရမလား?"

နွယ်ပင်ပေါ်က လူသေက ရယ်​မောပြီး နွယ်ပင်တွေပါ ဆုတ်ခွာသွားခဲ့သည်။ ယွင်ယင်ရဲ့ ခြေထောက်တွေ အားနည်းလာပြီး သူမ မယုံနိုင်စွာ သဲပြင်ပေါ်တွင် လဲကျသွားသည်။

"လုရွှမ် အစ်ကိုရှောက် တကယ် အသက်ရှင်နေသေးမယ်လို့ ထင်လား"

"အဒေါ်ယွင်... ကျွန်တော် အကြီးအကဲဟန်ရှောက်နဲ့ တစ်ခါမှ မဆုံဖူးပေမယ့် သူတစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ဝေဒနာတွေကို ခံစားနေရတယ်လို့ ခံစားမိတယ် ... အဒေါ့်ကို ထိခိုက်စေဖို့ထက် သူတစ်ယောက်တည်း ထွက်သွားပြီး တိတ်တဆိတ် သေရတာကို ပိုကြိုက်နေသလိုပဲ... သူအဒေါ့်ကို ဂရုစိုက်တုန်းပဲ သူ့သမီးနဲ့ သူ့ညီအစ်ကိုတွေကိုရောပဲ"

"ဒီလိုလူက တခြားလူတွေအတွက် သူရဲကောင်း၊ ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ အစ်ကိုကောင်းတစ်ယောက် ဆိုတာ ကျွန်တော် သေချာပေါက် ခံစားသိနိုင်တယ်... သူက သေရမှာကို မကြောက်ဘူး ဒုက္ခကိုလည်း မကြောက်ဘူး နှလုံးသားထဲမှာ ဖြောင့်မတ်တယ် တရားမျှတမှုနဲ့ ကိုင်တွယ် ဖြေရှင်းတတ်တယ်... ဒီလိုသူရဲကောင်းက ယာယီ အမြတ်အစွန်းအတွက် ဒူးထောက်ပြီး တခြားသူရဲ့ ကျွန်ဖြစ်ဖို့ ကြိုးစားနေပါ့မလား?

ယွင်ယင်ရဲ့ မျက်ရည်များ ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာပြီးနောက် သူမသည် ၎င်းတို့ကို သုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ယခင်က အားနည်းချက်များ ပျောက်ကွယ်သွားကာ နေရောင်အောက်တွင်ပင် သူမ ခန္ဓာကိုယ်သည် မတ်မတ်ရပ်လျက် သန်မာလာခဲ့သည်။

"ဟုတ်တယ်.... သူက သူရဲကောင်းပဲ လက်မြှောက်တာထက် သေရတာကို ပိုကြိုက်တဲ့လူ... လုရွှမ် မင်းရဲ့ ရှင်းပြချက်အတွက် ကျေးဇူးတင်ပါတယ် သူငါ့ကို ပြောဖူးတယ်... သူ့နှလုံးသားထဲမှာ ငါရှိနေသရွေ့ ​​ဘယ်နေရာမှာ သေသွားပါစေ သူ့နှလုံးသားက ဘယ်တော့မှ သေသွားမှာ မဟုတ်ဘူး"

"ငါ့ကို အတင်းအကြပ် ပြောနေစရာ မလိုပါဘူး.... ဒီနေရာက အစ်ကိုရှောက် သူ့အရိုးတွေကို သင်္ဂြိုဟ်ဖို့ ရွေးချယ်ခဲ့တာ သူ့ကို ဒီမှာပဲ သင်္ဂြိုဟ်ရမယ် ဆိုရင် ဒီဖျက်စီးခြင်း နွယ်ပင်တွေကို အစ်ကိုရှောက်နဲ့အတူ သင်္ဂြိုဟ်ပစ်မယ်!"

လုရွှမ်ကလည်း ခေါင်းညိတ်လိုက်ပြီး

"ဒါပဲဖြစ်သင့်တယ်"

သူတို့နှစ်ယောက် သဲပြင်ပေါ်ကနေ ပြန်ပြေးပြီး သူတို့ရဲ့ စိတ်ကူးတွေကို လူတိုင်းကို ပြောပြပြီး အားလုံးရဲ့ သဘောတူညီချက်ကို ရရှိခဲ့လေသည်။

"ဆရာတူအစ်ကို အတွက် လက်စားချေဖို့ ဒီကြောက်စရာ ကောင်းတဲ့ နွယ်ပင်ကို သတ်ပစ်လိုက်ရအောင်"

ရုတ်တရက် နားမလည်နိုင်သော လူသတ်ချင်သည့် အသွင်တစ်ခု ရောက်ရှိလာသည်။ ၎င်းမှာ ဖျက်စီးခြင်း နွယ်ပင်များပင်။ လုရွှမ် တွေးတောမနေဘဲ အောင့်ယွဲ့နဲ့ အောင်ရှင်းတို့ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး

"ပြေး!"

အောင့်ယွဲ့က အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူမ၏ လက်စွမ်းအင်များကို ချဲ့ထွင်ကာ နတ်သမီးကျင်းဟုန်နဲ့ ကျားဖြူဖြူလေးကို ဖမ်းကိုင်ကာ လုရွှမ်နဲ့အတူ ပျံသန်းလာခဲ့သည်။

ယွင်ယင်နှင့် တခြားသူများ အားလုံးသည် ကောင်းကင်ဘုံရှင်သခင်များ ဖြစ်ကြတာကြောင့် သူတို့ရဲ့ တုံ့ပြန်မှုက နှေးကွေးခြင်း မရှိပေ။ သူတို့သည် လေထဲသို့ လျင်မြန်စွာ ပျံတက်သွားကြသည်။ လောင်ကျိုသာလျှင် အနိမ့်ဆုံး အဆင့်ရှိသူ ဖြစ်လေ၏။ သူ့ခြေဖဝါးများ နှေးကွေးသွားသောအခါတွင် နွယ်ပင်သည် မြေပြင်မှ ရုတ်တရက် ပေါက်ထွက်လာကာ သူ့ခြေချင်းဝတ်ကို ခပ်တင်းတင်း ရစ်ပတ်ထားလိုက်သည်။

လောင်ကျိုသည် ဒဏ်ရာ အပြင်းအထန်ရကာ သူ၏ယွမ်ချီမှာ အလွန်ပျက်စီး သွားသော်လည်း သူသည် ကောင်းကင်ဘုံသခင် ဖြစ်နေဆဲပင်။ သို့သော် ဖျက်စီးခြင်းနွယ်ပင်တွေကြား နစ်မြုပ်သွားပြီးနောက် ဘယ်လောက် ပင်ပင်ပန်းပန်း ရုန်းကန်နေပါသေ မလွတ်မြောက်နိုင်ဘဲ နွယ်ပင်များ ထူထပ်သော သစ်တောဆီသို့ ဆွဲခေါ်သွားတာ ခံလိုက်ရသည်။

“ငါ့ကို တစ်ယောက်တည်း ထားခဲ့ပြီး မြန်မြန်ထွက်သွားတော့!”

လောင်ကျို အသံကုန်ဟစ်ကာ အော်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က တောက်ပနေပြီး မိမိကိုယ်ကို ဖျက်ဆီး ဖောက်ခွဲပစ်ဖို့ ပြင်ဆင်နေတာ ထင်ရှား​လေသည်။

"ရှောင်ကျို မလုပ်နဲ့!!"

ယွင်ယင် အရှေ့ကို လျင်မြန်စွာ ပြေးထွက်လာကာ ယန်စွမ်းအင် ကောင်းကင် မီးဘောလုံးများကိုပါ လွှတ်ထုတ်လိုက်၏။

All Chapters