← Chapters

နည်းပြကြီး

Vol. 62 Ch. 443.4

နည်းပြကြီး

Vol. 62 Ch. 443.4

သို့သော် နောက်ထပ် ဖျက်စီးခြင်းနွယ်ပင်များ ပြေးထွက်လာကာ ယန်စွမ်းအင် ကောင်းကင်မီးအား ပိတ်ဆို့ထားလိုက်ကြသည်။

လောင်ကျိုရဲ့ အသံက အဝေးမှ ထွက်လာ၏။

"စိတ်မထိခိုက်ပါနဲ့... လောင်ကျို အစ်ကိုကြီးနဲ့ အဖော်ပြုပေးဖို့ ဒီမှာနေခဲ့မယ်..."

ပြင်းထန်သော အလင်းတန်းတစ်ခု တောက်ပလာသော်လည်း နောက်အခိုက်အတန့်တွင် အလင်းရောင်သည် တဖြည်းဖြည်း မှိန်သွားကာ ပျောက်ကွယ်သွား​လေသည်။

အဝေးမှနေ၍ လုရွှမ်နှင့် တခြားလူများဟာ မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် နွယ်ပင်များသည် လောင်ကျိုရဲ့ ယွမ်ချီကို စုပ်ယူကာ မိမိကိုယ်ကို ဖောက်ခွဲပစ်မှာကို တားဆီးလိုက်တာ ထင်ရှား​ပေသည်။ ယွင်ယင်လည်း ဆုံးရှုံးမှုများနှင့် နောင်တ အပြည့်ဖြင့် ပြန်ပြေးသွားခဲ့သည်။

"အစ်မ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့... ရှောင်ကျို ဒီကို ထပ်ရောက်လာတဲ့ အချိန်ကတည်းက သူသေဖို့ ဆုံးဖြတ်ချက် ချထားပြီးသား ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

"သိပါတယ် ဒါပေမဲ့..."

သူမ ရှောင်ကျိုလို့ လှမ်းအော်လိုက်သောအခါ လောင်ကျိုသည် သူတို့နောက်သို့ အမြဲ လိုက်နေတတ်သော ကောင်လေး အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားကြောင်း သူမ ခံစားလိုက်ရသည်။ ဒါပေမဲ့ သူဒီလိုပဲ​ သေသွားမယ်လို့ သူမ လက်မခံချင်ရုံသာ။

"အမေ... အမေ အဆင်ပြေရဲ့လား?"

နတ်သမီးကျင်းဟုန် အမြန်ပြေးလာပြီး မေးလိုက်သည်။

ယွင်ယင် ခေါင်းယမ်းကာ လုရွှမ်နှင့် အောင့်ယွဲ့အား ကျေးဇူးတင်စကား ပြောသည့်အနေဖြင့် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ ထို​လူနှစ်ယောက်သယ မြန်မြန်ဆန်ဆန် မတုံ့ပြန်ခဲ့ဘူးဆိုရင် ကျင်းဟုန် အဖမ်းခံရမှာ သေချာပါ၏။

"ငါတို့အားလုံး သတိလက်လွတ် ဖြစ်သွားခဲ့ကြတယ်... ငါတို့အသံတွေ ကြားပြီးတာနဲ့ နွယ်ပင်တွေ ခုန်ထွက်လာမယ်လို့ မမျှော်လင့်ထားဘူး"

လုရွှမ်သည် အောက်ဘက်ရှိ အဝါရောင် အဖြူရောင်သဲများကို ကြည့်လိုက်သည်။ ၎င်းမှာ ပဓာနကျပြီး သူတို့ ကြိုမတွေးထားသော အမှားများသာ ဖြစ်သည်။

အပျက်အစီး နွယ်ပင်များ ဤနေရာ၌ မပြန့်ပွားဘဲ ပြန့်ကျဲနေသည်ကို မြင်လိုက်ရသဖြင့် ဤနေရာသည် လုံခြုံသည်ဟု ထင်မိသော်လည်း ထိုဖျက်စီးခြင်း နွယ်ပင်များ ချမှတ်ထားသော ထောင်ချောက်တစ်ခု ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။

"အရင်ဆုံး ဒီနေရာကနေ ထွက်သွားရအောင်.... ပြီးတော့ ဒီအပျက်အစီးတွေကို သတ်ပြီး အစ်ကိုရှောက်နဲ့ ရှောင်ကျို အတွက် လက်စားချေဖို့ နည်းလမ်းရှာကြမယ်"

ယွင်ယင်ကဆိုတော့ လူတိုင်းကလည်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။ လွန်းပျံယာဉ်ကို ရက်အတော်ကြာကြာ ပျံသန်းပြီးနောက် တစ်နေရာတွင် ရပ်တန့် စခန်းချကာ အစီအစဉ်ကြီး တစ်ခုကို ဆွေးနွေးကြ​တော့သည်။

“ထူးဆန်းတဲ့မီးနဲ့ မလောင်ဘူး ဆိုရင်တော့ လုံးဝအကျိုးသက်ရောက်မှာ မဟုတ်ဘူး” ဟု ဒုတိယအကြီးအကဲက ပြောသည်။

"ဒါပေမဲ့ ဘယ်သူကမှ ဒီလောက် ပြင်းထန်တဲ့ ထူးဆန်းတဲ့ မီး​တောက် မရှိဘူးလေ... အဲဒီအလောင်းတွေကို လူတိုင်း မြင်ခဲ့ကြမှာပါ"

"ဟုတ်တယ် အစကတော့ တစ်ခုခု အတွက်လို့ထင်ခဲ့တာ ဒါပေမဲ့ အကာအကွယ် အစီအမံတွေတောင် သူက လုပ်သွားသေးတယ်"

"နတ်မိုးခြိမ်းသံကို သုံးရင်ရော?"

"ကောင်းကင်ဘုံသခင်တွေ အများကြီးကို ဘယ်နားသွားပြီးစုမလဲ?"

အချိန်အတော်ကြာ ဆွေးနွေးပြီးတဲ့အထိ တိတိကျကျ ကောက်ချက် မချနိုင်ခဲ့သေးချေ။ ဖျက်စီးခြင်းနွယ်ပင်များသည် လက်ရှိသူတို့ မလုပ်နိုင်တဲ့ အတိုင်းအတာအထိ ရောက်ရှိနေပြီ ဖြစ်သည်။ ဖျက်စီးခြင်းနွယ်တွေက ပြိုင်ဘက်ကင်းနေပြီး တခြားသူများကို စည်းရုံရန်ုလည်း ပြင်းထန်သော မေတ္တာရပ်ခံမှု လိုအပ်သည်။

နတ်သမီးအောင့်ယွဲ့က သူမအဖေကို တောင်းပန်နိုင်ပေမယ့် အောင့်မိသားစုကို ဆင့်ခေါ်ဖို့တောင် မစတင်နိုင်တော့ပေ။ ဘယ်သူကမှ ပင်ပန်းပေမယ့် အကျိုးမရှိတဲ့ အရာကို လုပ်ချင်စိတ် မရှိကြချေ။

ထို့အပြင် ယနေ့ ဖြစ်ပျက်ခဲ့သော ဖျက်စီးခြင်းနွယ်ပင်ရဲ့ အစွမ်းအစတွေကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပြီးပြီ။ ချုပ်တည်းမှု မရှိပေ။ ကောင်းကင်ဘုံသခင်ပင်လျှင် တန်ခိုးမရှိဘဲ သေမင်းကို သွားရင်ဆိုင်သလို ဖြစ်နေပေလိမ့်မည်။

ညတာသည် ရှည်လျားပြီး တခြားသူများ အနားယူသွားကြပြီ။ လုရွှမ် သစ်ပင်ပင်စည်ပေါ်တွင် တစ်ယောက်တည်း ရပ်နေပြီး အဝေးကို လှမ်းကြည့်လိုက်ရာ နတ်သမီးအောင့်ယွဲ့ အနောက်မှ တိတ်တဆိတ် ထွက်လာသည်။

"မဟုတ်လည်း အဖေ့ကို အကူအညီ တောင်းကြည့်ရင်ရော"

လုရွှမ် သူမစကားကို ဝင်နှောင့်ယှက်လိုက်ပြီး ခါးသီးသော အပြုံးဖြင့် ပြန်ပြောလိုက်ပါ၏။

"အသုံးမဝင်ဘူး... အဲဒီနွယ်ပင်ကြီးကို သတ်ချင်ရင် လူတွေ အများကြီး သေသွားမှာ သေချာတယ်... ပြီးတော့ သူ့ကို အသေသတ်နိုင်မယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ? ဖျက်စီးခြင်းနွယ်ပင်က အသက်ရှင်ရမယ့် ရာခိုင်နှုန်း နည်းနည်းလေး ကျန်သေးရင်တောင် ပြန်ထပြီး ပြန်မွေးဖွားနိုင်တယ်.... လူတွေများလေလေ ပိုရှုပ်လေပဲ...."

အောင့်ယွဲ့လည်း ဒါကိုသိပေမယ့် လုရွှမ်ရဲ့ မျက်မှောင်ကြုတ်ထားတဲ့ မျက်နှာကို မြင်တော့ သူမ မကူညီဘဲ မနေနိုင်တော့ချေ။

"သူ့မှာ ကြီးမားတဲ့ ချို့ယွင်းချက်တစ်ခု ရှိကိုရှိရမယ်..... ဒါပေမဲ့ ငါတို့ မတွေ့ခဲ့တာ နှမြောစရာပဲ"

လုရွှမ်က ဆို၏။ နတ်သမီးအောင့်ယွဲ့က ညင်သာစွာ အသံပြုရင်း ဘေးနားတွင် ထိုင်ကာ လုရွှမ်ကို တိတ်တဆိတ် ကြည့်​နေလိုက်သည်။

အချိန်က တစ်လကြာသွား​​ပြီ။ ဒီလအတွင်းမှာ သူတို့ဟာ ဖျက်စီးခြင်းနွယ်ပင်ဆီကို ခဏခဏ ပြေးသွားပေမယ့် ရလဒ်​ကောင်း မရှိသလောက် ဖြစ်လာကာ အပျက်အစီးတွေကြောင့် လှောင်ရယ်ခံရသည်။

ယွင်ယင် အငယ်တန်း တပည့်များကို ကြည့်ကာ သူတို့မျက်နှာပေါ်က စိတ်ပျက်ခြင်းများကို မြင်လိုက်ရပြန်သည်။ တစ်ယောက်ကို တစ်ယောက် အားပေးဖို့ ကြိုးစားနေကြပေမယ့် ဒီဖျက်စီးခြင်း နွယ်ပင်တွေကို သတ်ဖို့ နည်းလမ်း မရှိဘူးဆိုတာကို သူတို့ နှလုံးသားထဲမှာ နားလည်ပြီးသား ဖြစ်လေသည်။

"ငါတို့အရင် ပြန်သွားပြီး သတင်းဖြန့်ရင်ရော? တခြားသူတွေမှာလည်း နည်းလမ်းရှိရမယ် ငါတို့ ဖြည်းဖြည်းချင်း ကြိုးစားနိုင်တာပဲ"

အဖြစ်မှန်ကို ရင်ဆိုင်ရင်း ယွင်ယင်သည် ထိုကဲ့သို့ ဆုံးဖြတ်ချက် ချရန်လိုပြီ ဖြစ်ကြောင်း သိလိုက်သည်။

ဂိုဏ်းတွင်းရှိ အရာများကို ကိုင်တွယ် ဖြေရှင်းရဦးမည်ဖြစ်ပြီး ဤနေရာတွင် မနေသင့်တော့ပေ။ မထွက်ခွာတဲ့ စိတ်ဆန္ဒက နှလုံးသားထဲမှာ အများကြီး ရှိနေပေမယ့် လက်ရှိကိစ္သကို ခေတ္တစွန့်လွှတ်ပြီး ထွက်သွားဖို့ ရွေးချယ်လိုက်ရပါတော့သည်။

ဘယ်သူမှ မကန့်ကွက်ကြဘဲ အုပ်စုဖွဲ့ကာ မြို့ငယ်လေးသို့ ပြန်လာခဲ့ကြသည်။

မြို့ငယ်လေးထဲက လူများသည် သူတို့ ဖျက်စီးခြင်းနွယ်ပင်တွေ ရှိရာဘက်က ပြန်လာတာကို မြင်တော့ တစ်ယောက်ပြီး တစ်ယောက် ခွဲထွက်သွားကြသည်။ ထိုလူများ အားလုံးက သတိထားကာ ကြည့်နေကြပြီး တစ်ဖက်အဖွဲ့ကို ဒေါသထွက်သွားစေမှာ စိုးရိမ်သဖြင့် အဝေးသို့ အမြန် ပုန်းရှောင်သွား ကြသည်။

လုရွှမ် အချည်းနှီး မျက်လုံးများဖြင့် လှည့်ပတ်ကြည့်သော်လည်း သူ့စိတ်ထဲတွင် သည်းမခံနိုင်သေးပေ။ သူသည် သူ​တော်စင် ဝိညာဉ်ကျောက်များကို ဝေငှကာ စုဆောင်းထားသော ဝိညာဉ်ကျောက်တုံး အားလုံးကိုလည်း ထုတ်ယူလိုက်သည်။

ဤအရာများသည် သူ့အတွက် အသုံးမဝင်တော့သော်လည်း ဤနေရာက ကျင့်ကြံသူများ အတွက်ကတော့ ကြီးမားသော စည်းစိမ်ဥစ္စာများ ဖြစ်နေသေးသည်။

"ဟားဟား.... ငါနေတဲ့ တိမ်ပင်လယ် နယ်မြေက ဒီထက်တောင် ပိုဆိုး​သေးတယ်... ဝိညာဉ်စွမ်းအင်က ပါးလွှာပြီး သူတော်ဝိညာဉ် အရည်ကြည်တောင်မှ မထုတ်နိုင်ဘူး"

အောင့်ယွဲ့နှင့် ကောင်မလေးများကို ရှင်းပြပြီးနောက် လုရွှမ် လှည့်ထွက်သွားသည်။

"ဒီလူကြီးမင်းကို အရမ်း ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မင်းနဲ့ စကားတစ်ခွန်းလောက် ပြောလို့ရမလား"

လုရွှမ်သည် သူ့ရှေ့ရှိ သူတောင်းစားအိုကို အံ့အားသင့်စွာ ကြည့်နေမိသည်။ တခြားသူတောင်းစားများနှင့် မတူဘဲ သူသည် အလွန်သန့်ရှင်းသည်။ သူတော်စင်တစ်ပိုင်းကို ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း သူ့မျက်လုံးများသည် ဘဝရဲ့ သေရေးရှင်ရေး အခြေအနေများကို အကြိမ်ကြိမ် တွေ့ကြုံဖူးသော အရိပ်အငွေ့များ ပြည့်နှက်နေပါ၏။ ပထမတစ်ချက်တွင် လုရွှမ်သည် ဤလူက အလွန်အသက်ကြီးနေပြီဟု ခံစားမိသည်။

ဒီလူက ထူးထူးခြားခြား ဟုတ်ခဲ့ရင်တော့ လုရွှမ် သူ့ကို အနည်းဆုံး အကြီးအကဲလို့ ခေါ်မိလိမ့်မညိ။

"ဒီကလူကြီးမှာ ပြောစရာ ရှိလို့လား?"

အဘိုးအိုက လုရွှမ်ရဲ့ လေးစားမှုကို ခံစားရင်း ရယ်မောကာ တစ်ဖန် ဝမ်းနည်းစွာ ပြုံးလိုက်ပြန်သည်။

"သူတို့က ငါ့ကို နည်းပြ​ကြီးလို့ ခေါ်ကြတယ်... အဖြစ်မရှိတဲ့ နည်းပြပါ... သခင်လေးလည်း အဲ့လိုခေါ်လို့ ရပေမယ့် လူကြီးလို့တော့ အခေါ်မခံရဲပါဘူး"

"ကြောက်စရာကောင်းတဲ့ နွယ်​တောထဲကို သွားနေတာလား?"

လုရွှမ်ရဲ့ မျက်လုံးများ တောက်ပလာပြီး

"အမှန်ပဲ... ကျွန်တော်တို့ရဲ့ အကြီးအကဲ နှစ်ယောက် ဖျက်စီးခြင်း နွယ်ပင်တွေကြားမှာ သေဆုံးသွားတယ်... အဲဒီဖျက်စီးခြင်း နွယ်ပင်တွေကို လုံးလုံး ဖြတ်ပစ်ချင်နေတာ.... ဒီက လူကြီးက ဘာများပြောစရာ ရှိလဲမသိဘူး"

လူအိုကြီး၏ မျက်ခုံးများ ကျဉ်းမြောင်းလာပြီး ခန္ဓာကိုယ် ဖြောင့်စင်းကာ တောင်တန်းများကဲ့သို့ မြင့်မားသော ရောင်ဝါကို ထုတ်ဖော်ပြသခဲ့သည်။

ဟိုအရင်က သူတောင်းစားအို​​​ကြီးကို ဘယ်သူကမှ အလေးအနက် မထားခဲ့ကြပေမယ့် အခုအချိန်မှာတော့ သူတောင်းစားဟာ ပုံပြင်တစ်ပုဒ်လို ဖြစ်နေတယ် ဆိုတာ မြင်ရရင်တောင် ယုံဖို့ ခက်လိမ့်မည်။

လူများစွာသည် လုရွှမ်ရဲ့ အတွေးများ​နေပုံကို ကြည့်ပြီး စိတ်ခံစားမှု အနည်းငယ် ပိုလာခဲ့သည်။ လုရွှမ်ရဲ့ ကြင်နာမှုအနည်းငယ်က အခွင့်အလမ်းတစ်ခု ဖြစ်လာစေခဲ့တာလား။

"ဖျက်စီးခြင်းနွယ်ပင် ဟုတ်တယ်.... သူဖြတ်သွားတဲ့ နေရာတိုင်း အပျက်အစီးတွေ ရှိတတ်တယ်...ဒါကို အကြံဉာဏ်အနေနဲ့ မယူပါနဲ့ ငါက ကောင်းကင်ဘုံသခင် ဖြစ်တုန်းကလည်း ဖျက်စီးခြင်းနွယ်ပင်တွေကို သတ်ပစ်ချင်ခဲ့တာ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ငါ့ကိုအဲဒါက အဆုံးသတ်ပစ်လိုက်တယ်လေ"

လူတိုင်း ထိတ်လန့်တုန်လှုပ် သွား​ကြသည်။

ဒီအဘိုးအိုက တကယ်ပဲ တစ်ချိန်က လွတ်မြောက်သွားခဲ့တဲ့ ကောင်းကင်ဘုံရှင် သခင်တစ်ပါးလား?

All Chapters