← Chapters

သခင်ချန်းယွမ်း

Vol. 62 Ch. 444.4

သခင်ချန်းယွမ်း

Vol. 62 Ch. 444.4

"အကြီးအကဲကို နှုတ်ဆက်ပါတယ်"

"မခံယူဝံ့ပါဘူး မခံယူဝံ့ပါဘူး... နတ်သမီးယွင်ယင် ထပါ!"

"သခင်ချန်းယွမ်"

အားလုံးက ယွင်ယင်ကို တညီတညွတ်တည်း ကြည့်နေကြသည်။ လူကြီးကတော့ တခစ်ခစ်ရယ်ကာ သဘောကျ​နေသည်။

"နတ်သမီးယွင်ယင်က ငါ့ကို မှတ်မိနေသေးမယ်လို့ မမျှော်လင့်ထားဘူး... နှစ်ပေါင်း နှစ်ရာကျော်တောင် ကြာခဲ့ပြီ တခြားသူတွေ ငါ့ကို မေ့သွားခဲ့ပြီလို့ ထင်ခဲ့တာ ကြာပြီပေါ့"

ယွင်ယင်သည် သခင်ချန်းယွမ်ရဲ့ ခန္ဓာကိုယ်စွမ်းအင်ကို ခံစားသိနိုင်ရန် ရှေ့သို့ တိုးလာပြီးနောက် မျက်လုံးများ အရောင်ပြောင်းသွားလေ၏။

"သခင်ချန်းယွမ်ရဲ့ အသက်စွမ်းအင် ပျောက်နေတယ်... ဧကန္တ... "

“ဟုတ်တယ် လွန်ခဲ့တဲ့ အနှစ် ရှစ်ဆယ်ကျော်က စပျစ်နွယ်ပင်တွေကြောင့် ဒဏ်ရာရခဲ့တာ.. အဲဒီတုန်းက နှစ်တစ်ရာကျော် တံခါးပိတ် ကျင့်ကြံပြီးတော့ နတ်မီးနယ်ပယ်ကို တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တာ... ဖျက်စီးခြင်းနွယ်ပင်တွေနဲ့ ကြုံခဲ့ရတော့ အစွမ်းကုန် ကြိုးစားခဲ့လို့သာ နောက်ဆုံးတော့ လွတ်မြောက်နိုင်ခဲ့တယ်လေ... နောက်တော့ ဒီနေ့လိုပုံစံ ဖြစ်လာခဲ့တာပဲ"

ယွင်ယင် သက်ပြင်းချလိုက်ပြီး တခြား ကောင်းကင်ဘုံသခင်များမှာ ပိုလို့တောင် မောဟိုက်သွားလေ၏။ ကောင်းကင်ဘုံသခင် အနေဖြင့် ထိုနယ်ပယ်ကို ချီတက်ခဲ့ဖို့ ဘယ်လောက်တောင် ခက်ခဲတယ် ဆိုတာကို သူတို့ အသိဆုံးပါပဲ။

လူကြီးမင်းချန်းယွမ်သည် တစ်ချိန်က အလွန်ကျော်ကြားခဲ့ပြီး နတ်မီးနယ်ပယ်သို့ တက်လှမ်းရန် အလားအလာ အရှိဆုံး ပါရမီရှင်ဖြစ်မည်ဟု ခန့်မှန်းခဲ့​ကြသည်။ သို့သော် အတော်ကြာတဲ့ အထိ သတင်းမရှိသဖြင့် ထိုးဖောက်မှု မအောင်မြင်ခဲ့ဘူးဟု လူအများက ထင်မှတ်ခဲ့ကြသော်လည်း မမျှော်လင့်ဘဲ အောင်မြင်ခဲ့တာတောင် ဖျက်စီးခြင်းနွယ်ပင် များနှင့် ရင်ဆိုင်ခဲ့ရ​လေသည်။

"အကြီးအကဲ ကျွန်တော်တို့ကို လုပ်ခိုင်းစရာ တစ်ခုခုများ ရှိလို့လား?"

လုရွှမ်မှ ဝင်မေးလိုက်သည်။

သခင်ချန်းယွမ်က ပြောစရာ စကားလုံးများမရှိဘဲ သူတို့ရှေ့တည့်တည့်ကို ရောက်လာစရာ အကြောင်းမရှိတာ ထင်ရှားလေသည်။ သူ့တွင် တောင်းဆိုစရာတစ်ခု ရှိနေသည်။ ထို့ကြောင့် သူသည် စကားဝိုင်းထဲတွင် လှည့်ပတ်ပြီး ထောက်ပြနေခြင်းတို့ လုပ်နေခြင်း ဖြစ်လေ၏။

သခင်ချန်းယွမ်ရဲ့ မျက်နှာက အနည်းငယ် နီလာကာ သူ့စိတ်ထဲမှာ တစ်ခုခုတော့ ရှိနေတာ သေချာပေသည်။

"မင်းတို့အခု ထွက်သွားတော့မယ်မလား? မင်းတို့ငါ့ကို မွေးရပ်မြေကို ပြန်ခေါ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ် ဒါမှမဟုတ် အနည်းဆုံး ငါ့မွေးရပ်မြေမှာ ငါ့အရိုးတွေကို မြှုပ်ထား​ပေးဖို့ မျှော်လင့်တယ်... အဟဲ အခုငါက နေရာပြောင်း အစီအရင်ထဲမှာ ထိုင်ဖို့ မတတ်နိုင်တော့ဘူးလေ"

အားလုံးက ပိုလို့တောင် စိတ်ပျက်သွားကြလေ၏။

"ဟုတ်ပါပြီး... မင်းတို့ငါ့ကို အများကြီး ကူညီခဲ့ပြီးပြီးပဲ ငါ့မှာ ပြောစရာရှိပါတယ်.... လွန်ခဲ့တဲ့အနှစ်ရှစ်ဆယ် အတွင်းမှာ အဲဒီဖျက်စီးခြင်း နွယ်ပင်တွေကို ဘယ်လို ဖျောက်ဖျက်ရမလဲ ဆိုတာကို အချိန်တိုအတွင်း မစဉ်းစားမိခဲ့ပေမယ့် နောက်ဆုံးတော့ ငါတစ်ခုခုကို ရှာတွေ့ခဲ့တယ်"

သံဖိနပ်ကို ဖောက်ထွင်းပြီးရင်တောင် သဲလွန်စကို ဘယ်မှာမှ ရှာမတွေ့တော့ဘူးလို့ ထင်နေတဲ့ လူတစ်စုက ဝမ်းသာအားရ ဖြစ်သွားသည်။ သူတို့ဒီလို ရှာတွေ့မယ်လို့ မမျှော်လင့်ထားကြချေ။

"ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် ဖျက်စီးခြင်းနွယ်ပင်က ငါတို့ရဲ့ကမ္ဘာပေါ်က မဟုတ်လောက်ဘူး... ဒါ့အပြင် ဝမ့်ကျစ်ကမ္ဘာမှာပါ ကြောက်စရာ အကောင်းဆုံး သတ္တဝါတွေထဲက တစ်ကောင် ဖြစ်ရမယ်... ဒါပေမဲ့ သူ့ကိုထိန်းထားဖို့က မဖြစ်နိုင်ဘူးလေ ဒီလို အန္တရာယ်ပေးနိုင်တဲ့ ဖျက်စီးခြင်း နွယ်ပင်တွေကို ပျက်စီးစေနိုင်တဲ့ အရာကတော့ သေချာပေါက် တစ်ခုတော့ ရှိတယ်... မင်းတို့ ရ​​အောင် လုပ်နိုင်မလားဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်"

သခင်ချန်းယွမ်ရဲ့ စကားလုံးများက အနည်းငယ် ဝိုးတဝါး ဖြစ်နေပြီး လူများစွာရဲ့ မျက်နှာပေါ်တွင်လည်း ရှုပ်ယှက်ခတ်နေသော အကြည့်များ ရှိနေသည်။

"အဲဒါက ဘာလဲ?"

အောင်ရှင်းက ပြတ်ပြတ်သားသားနဲ့ တိုက်ရိုက်ပဲ မေးလိုက်သည်။ သခင်ချန်းယွမ်က မေးခွန်းကို မဖြေဘဲ ပြုံးရုံသာပြုံးပြီး ဘာမှ မပြောခဲ့ပေ။ ထိုအခိုက်တွင် လုရွှမ်က ရုတ်တရက် ဝင်ပြောလာခဲ့သည်။

"လူ​ကြီးမင်းရဲ့ ထင်မြင်ချက် အတိုင်းဆို ဖြစ်နိုင်တာ တစ်ခုပဲရှိတယ်... လူကြီးမင်း ပြောနေတာက ကမ္ဘာ့ရတနာတစ်ခုပဲ... ရှေးဟောင်း လျှပ်စီးကမ္ဘာမှာ ရတနာသုံးမျိုးရှိတယ်... မန်ဟွမ်နတ်ဘုရားမျှော်စင်၊ ပရမ်းပတာမိုးကြိုး ခေါင်းလောင်းနဲ့ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့တွေ"

"နတ်ဘုရားမျှော်စင်နဲ့ မိုးကြိုးခေါင်းလောင်း နှစ်ခုစလုံးက ဖျက်စီးခြင်း နွယ်ပင်တွေ အပေါ်ကို ထင်ရှားတဲ့ သက်ရောက်မှု မရှိဘူး... နတ်ပုတီးစေ့ငါးလုံးမှ ရွှေက သစ်သားကို ချုပ်နှောင်ထားနိုင်တယ်.... အကြီးအကဲက ဖျက်စီးခြင်းနွယ်ပင်တွေကို သတ်ဖို့ ရွှေဒြပ်စင်နတ်ပုတီးစေ့ကို သုံးချင်တာလား??"

သခင်ချန်းယွမ်က ပြုံးပြီး ကျယ်လောင်စွာ ချီးမွမ်းလိုက်သည်။

"ကောင်လေး မင်းက တကယ်ကို ထူးကဲပြီး ထက်မြက်တာပဲ... အရာခပ်သိမ်းက အပြန်အလှန် မှီခိုနေကြတာပဲလေ... လောကကြီးကို တွန်းလှန်နိုင်တဲ့ သတ္တဝါ မရှိပါဘူး။ အဲဒါကြီးကို ငါတို့ အနိုင်ယူဖို့ နည်းလမ်း ရှာမတွေ့သေးရုံပဲ"

လုရွှမ် ခေါင်းညိတ်လိုက်ပြီး အဘိုးအို ပြောတာက အဓိပ္ပာယ်ရှိတယ်လို့ ခံစားရလေသည်။

"ရွှေက ရေထွက်တယ်၊ ရေက ထင်းကို ထုတ်ပေးတယ်၊ သစ်သားက မီးထုတ်ပေးတယ်၊ မီးက မြေကြီးကို ထုတ်ပေးတယ်၊ မြေက ရွှေကို ထုတ်ပေးတယ်.... အခု ကျွန်မမှာ ရေဒြပ်စင် နတ်ပုတီးစေ့ ရှိပြီဆိုတော့ သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ရှာရမှာပေါ့ ပြီးတော့ မီးဒြပ်စင် နတ်ပုတီးစေ့... မြေဒြပ်စင် နတ်ပုတီးစေ့ နောက်ဆုံးမှ ရွှေဒြပ်စင်နတ်ပုတီးစေ့ ရှာတွေ့နိုင်မှာ ဟဲဟဲ အဲဒါဆို ဒြပ်စင်ငါးခုစလုံးကို စုစည်းနိုင်ပြီ မဟုတ်ဘူးလား?"

အောင်ရှင်းက ရယ်စရာ လေသံဖြင့် ပြောလိုက်သည်။

တခြားလူတွေ အားလုံးကလည်း နတ်ပုတီးစေ့တွေ အချင်းချင်း ချိတ်ဆက်ထားတဲ့ အကြောင်း သိတာကြောင့် အောင်ရှင်း ပြောတာမှန်ကြောင်း သိကြသည်။

သို့သော် ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ အားလုံးကို စုဆောင်းဖို့က ဘယ်လိုလုပ် လွယ်ကူပါ့မလဲ။ ဤနှစ်များ တစ်လျှောက် ပါရမီရှင်များစွာသည် ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ကို စုဆောင်းလိုကြသော်လည်း ဘယ်သူမှ မပြုလုပ်နိုင်ခဲ့တဲ့အပြင် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ရဲ့ တည်နေရာကိုပင် မသိကြပေ။

အောင်ရှင်းနဲ့သာ မဆုံဖြစ်ခဲ့ရင် ရေဒြပ်စင် နတ်ပုတီးစေ့ရဲ့ တည်နေရာကိုတောင် သိမှာမဟုတ်ဘူးလေ။

"သမီးလေး မင်းလက်ထဲမှာ ရေဒြပ်စင် နတ်ပုတီးစေ့ ရှိတယ်ပေါ့... ဒါ အံ့သြစရာပဲ!"

သခင်ချန်းယွမ်က ပြောလိုက်ပေမဲ့ သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြဘဲ သူတို့အားလုံး ခဏတာ တိတ်ဆိတ်သွားကြလေသည်။ ထို့နောက် လုရွှမ်က ဆိုလိုက်သည်။

"အဒေါ်ယွင် စိတ်မပူပါနဲ့.... သစ်သားဒြပ်စင် နတ်ပုတီးစေ့တွေရဲ့ နေရာကို ကျွန်​တော်တို့ သိပြီးပြီ.....ဒါကြောင့် တခြား ဒြပ်ငါးပါး နတ်ပုတီးစေ့တွေကို ထပ်ရှာဖို့ပဲ လိုတယ် အဲဒီအခါမှာ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့တွေ စုစည်းလာလိမ့်မယ်.... ဒီဖျက်စီးခြင်း နွယ်ပင်တွေကို ပျက်စီးဖို့က ပိုလွယ်သွားလိမ့်မယ်"

"နောက်ထပ်က မန်ဟွမ်နတ်ဘုရား မျှော်စင် ပေါ်လာတော့မယ်လို့ ကောလဟာလတွေ မရှိထားဘူးလား? အဒေါ်ယွင်တို့တွေရော သွားကြည့်ကြမယ်မလား? ဒီနေရာကနေ ဖျက်စီးခြင်းနွယ်တွေရဲ့ အပျက်အစီးတွေ အကြောင်း သတင်းဖြန့်ကြမယ် ဒါဆို အနာဂတ်မှာ သူတို့ကို အမြစ်ပြတ်ချေမှုန်းဖို့ တစ်ခုခု လုပ်ဆောင်ဖို့ ပြင်ဆင်ထားနိုင်မှာပါ"

လုရွှမ် စကားများရဲ့ ၉၀% က သူ့ကို နှစ်သိမ့်ရန် ရည်ရွယ်ကြောင်း ယွင်ယင် သိထားသော်လည်း ၎င်းသည် အမှန်တရားတစ်ခုလည်း ဖြစ်​လေသည်။ သူမ ခေါင်းညိတ်လိုက်သည်။ သူမသည် ဂိုဏ်း၏ အရေးကို လက်မလွှတ်နိုင်တော့သလို နောက်ထပ် အရာများကလည်း သူမကို စောင့်မျှော်နေပါ၏။ ဂိုဏ်းချုပ် ဖြစ်တဲ့ သူမကိုယ်သူမကြောင့် ဂိုဏ်းကို ဒုက္ခမပေးနိုင်ပေ။

"ကောင်းပြီ ဒါဆို ရန်မြို့ကို အရင်ပြန်ရအောင်... ပြီးရင် ဂိုဏ်းကို ပြန်ပြီးတော့ တခြား ဒြပ်စင်ငါးခုရှိတဲ့ နတ်ပုတီး​စေ့တွေကို ရှာကြတာပေါ့"

......

အပြန်ခရီးက သိပ်ပြီး ထူးမခြားနားပါပဲ။ ရန်မြို့ကို တောက်လျှောက် ခရီးထွက်လာခဲ့ပြီးနောက် ဂိုဏ်းဆီကိုပဲ တိုက်ရိုက် ပြန်လာခဲ့ကြသည်။

လုရွှမ်၊ အောင့်ယွဲ့၊ အောင်ရှင်း၊ ကျင်းဟုန်နှင့် ကျားဖြူလေးတို့ အဖွဲ့သည် ပင်လယ်ပြာမြို့ဆီသို့ တစ်ဖန် ပြန်လာခဲ့ကြသည်။ သူတို့ ထိုနေရာက ထွက်ပြေးလာခဲ့သော်လည်း နောက်တစ်ကြိမ် ပြန်လာရဦးမယ်လို့ မမျှော်လင့်ခဲ့ကြပေ။

လူလေးယောက်နဲ့ ကျားဖြူတစ်ကောင်က သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ သတင်းတစ်ခု ထွက်လာခဲ့တော့သည်။

သူတို့နောက်က လူတစ်စုက သတင်းရတာနဲ့ ဝမ်းသာသွားကြ၏။ သူတို့ ကောင်းကင်အရိပ်ဂိုဏ်းက ကောင်းကင်ဘုံသခင်တွေကို သွားမထိတာက အကောင်းဆုံး ဖြစ်လိမ့်မည်။ ယခုအခါတွင် မဟာသူတော်စင် အဆင့်တွင်သာ အစွမ်းသတ္တိရှိသော လူငယ်ဆရာငါးဦးကို ကိုင်တွယ်ဖို့ကတော့ ပို၍လွယ်ကူ လာပေလိမ့်မည်။

"ဟာဟား ကောင်းကင်က ငါ့ကို ကူညီတာပဲ... လုရွှမ် မင်းတော့ သေပြီပဲ... နတ်သမီးအောင့်ယွဲ့ မင်းက ငါ့အပိုင်ပဲ။ အဲဒီကောင်မလေး ကျင်းဟုန်လည်း အရမ်းလှတယ်...အောင်ရှင်းလည်း မဆိုးဘူး... ဟမ့် သူတို့အားလုံးက ငါ့အပိုင်ပဲ ဖြစ်လာစေရမယ်"

ပင်လယ်​ပြာမြို့ကို တစ်ဖန်ပြန်လည် ရောက်ရှိလာသော်လည်း ယခင်ကကဲ့သို့ မဟုတ်တော့ပေ။

တစ်ချိန်က ဤမြို့သည် လူနေအိမ်များ တန်းစီပြီး သွားလာ လည်ပတ်မှုများဖြင့် စည်ကားခဲ့သော်လည်း ယခုအခါ ပြိုကျပျက်စီးသွားခဲ့ပြီ။ အလောင်းများ ပျောက်ကွယ်သွားပြီး သွေးများ မှေးမှိန်သွားသော်လည်း ဤပုံသဏ္ဌာန်ကို ကြည့်လိုက်လျှင် သူတို့သည် ကြုံတွေ့ခဲ့ရသော တိုက်ပွဲတစ်ခုကို လုံးလုံး တွေးကြည့်နိုင်သည်။

လူအနည်းငယ်က ၎င်းသည် နဂါးလိပ်နှင့် နဂါးတို့ကြားက တိုက်ပွဲဖြစ်နိုင်ကြောင်း မသိခဲ့သော်လည်း ပင်လယ်ပြာမြို့သည် ကံဆိုးပြီး ယုတ္တိမရှိသော ဘေးဥပဒ်ကို ခံစားခဲ့ရသည်။

"သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို အရင်ရှာရအောင် ပြီးရင် မြန်မြန်ထွက်သွားမယ် ဒီမှာက စိတ်ပျက်စရာ ကောင်းလွန်းတယ်"

လုရွှမ်က ဆိုလိုက်သည်။

လုရွှမ် စိတ်ညစ်သွားတာကို တခြားသူတွေလည်း သဘာဝအတိုင်း သိကြပါ​၏။ အောင်ရှင်းလည်း သူမပတ်ဝန်းကျင်ရှိ အပျက်အစီးများကို ကြည့်ရင်း အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

အဝေးတစ်နေရာမှာတော့ ယင်ထျန်းရဲ့ ဦးဆောင်မှုအောက်မှာ လူတစ်စု ပုန်းနေကြ၏။

"ဂိုဏ်းချုပ်လေး ကျွန်တော်တို့ လှုပ်ရှားလိုက်ရတော့မလား?"

"ခဏနေဦး... ပင်လယ်ပြာမြို့မှာ ဒဏ္ဍာရီတစ်ခု ရှိတယ်.... အဲဒါက သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ဒီမှာ ဝှက်ထားတာတဲ့ သူတို့ကလည်း သစ်သားဒြပ်စင် နတ်ပုတီးစေ့ကြောင့် ဒီကိုလာခဲ့တာ သိသာတယ်... ငါတို့ နောက်ကွယ်မှာ အသာလေး ပုန်းနေကြမယ်"

All Chapters