← Chapters

ကမ္ဘာ့ရတနာ

Vol. 62 Ch. 445.4

ကမ္ဘာ့ရတနာ

Vol. 62 Ch. 445.4

"အောင့်ယွဲ့ ခံစားမိလား?"

လုရွှမ်က မေးလိုက်ပါသည်။ အကြောင်းတစ်ခုခုကြောင့် ကောင်းကင်အရိပ် ဂိုဏ်းက ထွက်လာကတည်းက သူတို့နောက်ကို တစ်ယောက်ယောက် လိုက်နေသလိုမျိုး နားမလည်နိုင်တဲ့ အကျပ်အတည်း တစ်ခုကို ခံစားခဲ့ရပေမယ့် အတိအကျ မသိနိုင်ဘူး ဖြစ်နေသည်။

သူတို့ကို တစ်လမ်းလုံး လိုက်ဖမ်း​​နေတဲ့ သူတို့လူတွေ သတိမထားမိ နိုင်လောက်အောင် ဖုံးကွယ်ထားတာ ဆိုတော့ တော်ရုံနဲ့ အကြပ်အတည်း မဟုတ်တာကြောင့် သူတို့ကို မငြိမ်မသက် ဖြစ်သွားစေနိုင်သည်။

နောက်က လိုက်နေတဲ့လူက ကောင်းကင်ဘုံသခင် ဟုတ်​နေရင် သူတို့အတွက် အန္တရာယ်ရှိတယ်လို့ ခံစားရစေနိုင်ပါ၏။

သူ့အတွေး လွန်နေတာလည်း ဖြစ်နိုင်သည်။ သို့သော်လည်း နားမလည်နိုင်သော ခံစားချက်အတွက် လုရွှမ် ဘယ်တုန်းကမှ သူ့ကိုယ်သူ အတွေးလွန်နေတယ်လို့ မတွေးခဲ့မိပေ။

ကျင့်ကြံမှုမှာ ဘယ်တော့မှ သတိပေါ့ရတယ် ဆိုတာ မရှိဘူးလေ။

အောင့်ယွဲ့ကလည်း ခေါင်းညိတ်သည်။

"ငါလျှောက်ထင်နေတာ မဟုတ်ဘူး ငါတို့နောက်ကို လိုက်နေတဲ့လူတွေ ရှိနေတယ်"

"သူတို့က ငါတို့ရဲ့ ရည်ရွယ်ချက်ကို သိထားပုံရတယ် နောက်ကွယ်ကနေ စောင့်​ကြည့်နေတာဖြစ်မယ် သူတို့ကို ခဏလောက် လျစ်လျူရှုထားပြီး သစ်သားဒြပ်စင် နတ်ပုတီးစေ့ကိုပဲ အရင်ရှာလိုက်ရအောင်"

သူ သတိမမူမိဘဲ ဆက်​နေနေပေမယ့် သူ့စိတ်က ဘယ်သူလဲ ဆိုတာကို တွေးနေတော့ ပိုသတိရှိလာသည်။

ကောင်းကင်အရိပ် ဂိုဏ်းမှ တစ်စုံတစ်ယောက်လည်း ဖြစ်နိုင်သည်။ ယွင်ယင်၏ အမြင်တွင်တော့ သူတို့သည် အန္တရာယ်ကို ရှောင်ရှားဖို့ ခက်ခဲတဲ့ အနေအထားမှာ ရှိနေပုံရ၏။

ဒါပေမဲ့ နောက်ကွယ်က လူတွေက ကောင်းကင်အရိပ် ဂိုဏ်းက လူတွေနဲ့ ဆက်နွယ်နေတယ် ဆိုတာ သိသာရင်တော့ သူတို့ ဘယ်ရောက်နေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်လောက်သည်။

သူ အောင်ရှင်းနဲ့ နတ်သမီးကျင်းဟုန်ကိုတော့ ထိုအကြောင်း မပြောပြခဲ့ပေ။ ဒါပေမဲ့ ကောင်းကင်ဘုံသခင်က တကယ်ပဲ ပိတ်ဆို့ထားမယ်ဆိုရင် ဘယ်လိုလုပ် လွတ်မြောက်ပါ့​​မလဲ။

ပင်လယ်ထဲကို ဝင်ရင်တော့ ရေဒြပ်စင် နတ်ပုတီးစေ့ရဲ့ ကောင်းချီးများဖြင့် အန္တရာယ်များစွာ လျော့ပါးသွားမည် ဖြစ်သည်။ ထို့အပြင် နဂါးမျိုးနွယ်မှ အာရုံခံမိသွားရန် လွယ်ကူပြီး အောင်ရှင်း ကျွိဟိုင်မြို့သို့ ပြန်လည် ရောက်ရှိသည်နှင့် တစ်ဖန် ပြန်ထွက်လာရန် အလွန်ခက်ခဲမည် ဖြစ်သည်။

နှစ်ဖက်စလုံးမှ တိုက်ခိုက်ခံရဖွယ် ရှိတာကြောင့် ပို၍အန္တရာယ် များ​လေသည်။

ဒီအတိုင်းဆို သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ရှာတွေ့နိုင်ပါ့မလား။

အမှန်မှာ ၎င်းသည် အနန္တတန်ခိုး ရှိသည့် ကမ္ဘာ့ရတနာအဆင့်ရှိ ရတနာ​ ဖြစ်သည်။ ကမ္ဘာ့ရတနာနှစ်ပါး၏ ပေါင်းစပ်စွမ်းအားသည် တစ်ခုနှင့်တစ်ခု မနှိုင်းယှဉ်နိုင်လောက်အောင် ထင်ရှားပြီး တိုက်ပွဲရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည်။

သေချာတာကတော့ စိတ်အားထက်သန်စွာနဲ့ နှစ်ဖက်စလုံးဆီက အရိုက်ခံရဖို့က ရွေးချယ်စရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီတော့ ဘယ်လိုတန်ပြန် တိုက်ခိုက်နိုင်မလဲ ဆိုတာ စဥ်းစားထားရတော့မည်။

ကောင်းကင်အရိပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ထံ စာပို့ပြီး လူတွေကို ကယ်ဆယ်ဖို့ ခေါ်ဆောင်ရမလား ဒါမှမဟုတ် သူတို့ကို ခြုံခိုတိုက်ခိုက်တဲ့ သူတွေကို သတ်ပစ်ဖို့ အတွင်းရော အပြင်မှာပါ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုရမလား။ ဒါက ခက်ခဲလွန်းတယ်။ ကောင်းကင်အရိပ်ဂိုဏ်း သူလျှိုက ရှိနေပြီလား အဲဒါက ဘယ်သူလဲဆိုတာ မသိရသေးချေ။

တ​​ခြားအားကိုးစရာ မရှိသောကြောင့် ကိုယ့်ကိုယ်တိုင်သာ အားကိုးစရာ ဖြစ်လာတော့မည်။

'ဟီးဟီး ကောင်လေး ငါ့အတွက် သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ယူပေးရင် ငါ မင်းကို ကူညီပေးနိုင်တယ်'

ရွှေကျီးကန်းရဲ့ အသံက သူ့စိတ်ထဲက ထွက်လာပြီး အနည်းငယ် အားနည်းနေသေးတယ်လို့လည်း ခံစားရသည်။

'အဲဒါ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့နော်?"

'ဟုတ်တယ်လေ သစ်သားဒြပ်စင် နတ်ပုတီးစေ့က အသက်ရဲ့ ကြွယ်ဝတဲ့ စွမ်းအားကို ကိုယ်စားပြုတယ် ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကျီးဖိုးဖိုးရဲ့ ငါ့အရင်ပုံစံကို ပြန်ယူပေးနိုင်မှာပဲ"

လုရွှမ် နှလုံးခုန်သံကြောင့် စကားလုံးတွေကလည်း မြန်သွားသည်။

"ဒါဆို မင်း ငါတို့ကို လွတ်မြောက်အောင် ကူညီပေးနိုင်တယ်ပေါ့?"

ရွှေကျီးကန်းရဲ့ အသံက ရုတ်တရက် ကျယ်လောင်စွာ ထွက်လာပြီး

“မင်း ငတုံးစကားတွေ ပြောနေပြန်ပြီ! အဲဒီသုံးယောက်က ကောင်းကင်...” ဟူသော စကားက လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားသည်။

လုရွှမ်လည်း ပြုံးပြီး ပြောလိုက်သည်။

"အဲဒါက ကောင်းကင်ဘုံသခင် သုံးယောက်ပေါ့... ကျေးဇူးတင်ပါတယ် ကျီးဖိုးဖိုး"

ရွှေကျီးကန်းက သူတို့ကို လွတ်မြောက်အောင် ကူညီပေးနိုင်မယ်လို့ သူ့တွင် မျှော်လင့်ချက် မရှိပေ။ ဆိုလိုတာက ကျီးဖိုးဖိုးဟာ သူတို့နောက်ကွယ်မှာ ချုံခိုတိုက်ခိုက်ချင်နေတဲ့ လူဘယ်နှစ်ယောက် ရှိလဲဆိုတာကို သိဖို့ ကူညီ​ပေးနိုင်မယ်လို့ မျှော်လင့်ထားခဲ့၏။

မမျှော်လင့်ဘဲ သခင်ကျီးကန်းကြီးက သူကိုယ်တိုင် ဖော်ထုတ်မိသွားခဲ့သည်။

"လူယုတ်မာလေး.. မင်းငါ့ကို ဒေါသအသေ ထွက်စေချင်နေတာလား? ငါမင်းကို သတ်ပစ်မယ်!!"

"ကောင်းပါပြီ ကျီးဖိုးဖိုး... မင်းဘာလို့ စိတ်ဆိုးနေ​သေးတာလဲ? မင်း တခြားအချက်အလက်တွေ ပေးနိုင်ရင် ငါတို့ကို လွတ်မြောက်အောင် ကူညီပေးနိုင်ရင် ဒီသဲလွန်စလေး ပေါက်ကြားမှုကို မင်း ဂရုစိုက်​နေဦးမှာလား? သစ်သားဒြပ်စင် နတ်ပုတီးစေ့ ရဖို့ထက် ဘာကများ အရေးကြီးနေသေးလို့လဲ?"

"ဒါ့အပြင် ငါ သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ရခဲ့ရင် မင်းကို ငါငှားပေးမှာပဲ မဟုတ်ဘူးလား? မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်ထူထောင်ဖို့ဆိုတာ သိပ်ရိုးရှင်းတဲ့ ကိစ္စတော့ မဟုတ်ဘူးလေ မင်းနဲ့ငါ နှစ်တွေ အကြာကြီးသိလာတာ ငါ အလွဲသုံးစား လုပ်ခဲ့တာမျိုး ရှိခဲ့လို့လား?"

ရွှေကျီးကန်းက တစ်ဖက်က ကျိန်ဆဲနေတာကို ရပ်လိုက်ပြီး ရယ်လိုက်သည်။

'မှန်ပါတယ်​လေ... မင်းက နည်းနည်းတော့ ကောက်ကျစ်ပေမယ့် အသိတရားတော့ ရှိပါသေးတယ်'

"ငါ့ကိုသတ်ဖို့ ကောင်းကင်ဘုံသခင် သုံးယောက်တောင် မထင်မှတ်ပဲ ရောက်လာတယ်... သူတို့ငါ့ကို တော်တော်လေး အထင်ကြီးနေတာပဲ ကျီးဖိုးဖိုး တခြားသတင်း ရှိသေးလား?"

"ဟေ့ သခင်ကျီးသာ မင်းကို အရင်တစ်ခေါက်က ကယ်တင်ဖို့ မလုပ်ခဲ့ရင် အခု ငါဒီအခြေအနေမျိုး ရောက်သွားမှာလား? လူသုံးယောက်ကို ရှာရတာ တကယ် စွမ်းအင်တွေ အများကြီးကုန်တယ်ဟ! မင်းစောင့်နေ.... ​​အမ် ကောင်းကင်ဘုံသခင် သုံးယောက်၊ မဟာသူတော်စင် ရှစ်ယောက်.... ဟေး အသိအကျွမ်း ကောင်​လေးတစ်ယောက်လည်း ပါသေးတယ်"

ထို့နောက် ရွှေကျီးကန်း မြင်လိုက်ရသော မြင်ကွင်းက လုရွှမ်စိတ်ထဲသို့ ပျံ့နှံ့လာခဲ့သည်။

"ထျန်းယိဂိုဏ်းရဲ့ လူငယ်ဂိုဏ်းချုပ် ယင်ထျန်းပါလား? ငါ သူ့ကို ဘယ်တုန်းက စော်ကားမိခဲ့တာလဲ?"

လုရွှမ် အံ့အားသင့်သွားသည့် အရိပ်အမြွက်ကို ခံစားလိုက်ရပြီး ရုတ်တရက် သဘောပေါက်သွားသည်။

ထိုကလေးသည် လူကြီးမင်းဟော်ရှန်းရဲ့ သတ်မှတ်ထားသော စစ်ဆေးရေးဂိတ်မှ ပထမဆုံးထွက်ခွာ လာသော်လည်း ဟော်ရှန်းက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ထောက်ပြပြီး မိမိအား မီးမောင်းထိုးကာ လုံးဝ ဥပမာယူသင့်ကြောင်း ပြောခဲ့တာကို ကြားသိခဲ့ရသည်။

၎င်းက မနာလိုစိတ်ကြောင့် သူ့​ကို လုပ်ကြံချင်နေတာပဲ။ သူ့အမြင်က စစ်ဆေးမှုက နိမ့်လွန်းပြီး အပြင်လောကရဲ့ ပါရမီကို မမြင်နိုင်ပေမယ့် ထိုအရာဟာ ယာယီဂုဏ်ကျက်သရေ တစ်ခုတော့ ဟုတ်နေသေးသည်။

လုရွှမ် မထီမဲ့မြင်ပြုကာ ခေါင်းခါလိုက်သည်။ ယခုအချိန်တွင် ကောင်းကင်ဘုံရှင်သခင် သုံးပါးနှင့် မဟာသူတော်စင် ရှစ်ပါးတို့ဆီက ကြီးစွာသော ခြိမ်းခြောက်မှုကို ခံနေရ​ပြီ ဖြစ်သည်။

လုရွှမ်ရဲ့ နားရွက်များ ရုတ်တရက် တုန်ခါသွားကာ ပင်လယ်ရေ၏ အသံကို ကြားလိုက်သောအခါတွင် သူသည် သတိ​ကြီးကြီးဖြင့် ပြုံးလိုက်သည်။

ပင်လယ်​ပြာမြို့ကြီးက ပျက်စီးနေပြီမို့ ကျင့်ကြံသူတွေ ဒီနေရာမှာ မနေရဲတော့တာ သဘာဝပါပဲ။ အောင်ရှင်း နှင့် သူ့အဖွဲ့က အရှိန်အဟုန်ဖြင့် ရှေ့ကို တက်လာခဲ့သည်။ အောင်ရှင်းသည် ရေဒြပ်စင် နတ်ပုတီးစေ့ကို အသက်သွင်းရန် အတွက် ထူးဆန်းသော ပြောင်းလဲမှုများကို ရှာတွေ့ခဲ့သည်။

"ကျီးဖိုးဖိုး... ဒီရှာဖွေရေးမှာ ကူညီနိုင်မယ့် နည်းလမ်းရှိလား"

ရွှေကျီးကန်းက ခေါင်းညိတ်လိုက်ပြီး "ရှိတယ်!"

"မင်းငါ့ကိုဘာလို့ မပြော​ပြ​သေးတာလဲ?"

"မင်းလည်း မမေးဘူးလေ!"

ရွှေကျီးကန်းက မောက်မာတဲ့ အရိပ်အမြွက်နဲ့ အရှက်မဲ့စွာ အော်လိုက်သည်။

"ကောင်းပြီ ပြောပြလို့ရမလား"

'ရတယ်'

လုရွှမ် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ရွှေကျီးကန်းက စကားတစ်ခွန်းမှ မပြောလာခဲ့ပေ။

"ကောင်းပြီ မင်းငါ့ကိုပြောလို့ရမလား"

"ရတယ်!"

"ဒါဆို အခုပြောပြလို့ရပြီလား?"

လုရွှမ် သူ့ဒေါသကို ထိန်းလိုက်သည်။

"မင်းငါ့ကို စောစောက ပြောလေ!! မင်းက ကျီးဖိုးဖိုးရဲ့ အချိန်ကို ဖြုန်းတီးနေတာပဲ"

ရွှေကျီးကန်းက စိတ်မရှည်ဟန်ဖြင့် အော်လိုက်သည်။ နည်းလမ်းမရှိပေ။ ထိုလူတွေက တံစက်မြိတ်အောက်မှာ ခေါင်းငုံ့ထားလို့ အခုလောလောဆယ် လုရွှမ် သူ့ဒေါသကို သည်းခံထားဖို့ကလွဲလို့ ရွေးစရာ မရှိတော့ဘူး။

"သစ်သားဒြပ်စင် နတ်ပုတီးစေ့က ကမ္ဘာ့ရတနာတစ်ခု ဒါမှမဟုတ်ရင် အနည်းဆုံး ကမ္ဘာ့ဘဏ္ဍာတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းပဲ... ကမ္ဘာ့ဘဏ္ဍာ အားလုံးမှာ တူညီတဲ့ အရာတစ်ခုပဲ ဖြစ်ဖြစ်ရှိတတ်တယ် အဲဒါက သူတို့အားလုံးက လောကရတနာ ဖြစ်နေတာပဲ... ဆိုလိုတာကတော့ လောကရတနာ ဆိုတာ နတ်ဘုရားတစ်ဆူလိုမျိုးပေါ့ လောကီရတနာက မင်းလက်ထဲကို မရောက်ချင်ဘူး ဆိုရင် မင်းဘယ်လောက်ပဲ ကြိုးစားကြိုးစား မရနိုင်တဲ့အရာပဲ"

လုရွှမ် မထိန်းနိုင်ဘဲ အံ့အားသင့်သွားသည်။ ဒီအကြောင်းကို သူတကယ် မတွေးခဲ့မိပါဘူး။ ဒါက တကယ် ဖြစ်နိုင်ပါ့မလား။ နောက်ဆုံးအကြိမ် ရေဒြပ်စင် နတ်ပုတီးစေ့ဟာ ကောင်းကင်ဘုံသခင် တစ်ယောက်ဆီကနေ ဒီကိုရောက်လာခဲ့တာပင်။ သူဘာမှ မရခဲ့ဘူး။ အနည်းဆုံးတော့ နောက်ဆုံးအကြိမ် အခွင့်အရေးက ဒီတစ်ကြိမ်ထက် အများကြီး ပိုကြီးနေတယ်လို့ ထင်ခဲ့သည်။

အခုထိ ဘာမှ မထူးခြားသေးတာက သစ်သားဒြပ်စင် နတ်ပုတီးစေ့က အသိအမှတ် မပြုရတဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်သည်။

သူတို့ဒီကိုလာတဲ့အခါ တကယ် အခွင့်အရေးရော ရှိပါဦးမလား?

ရွှေကျီးကန်းက ရယ်မောလိုက်ပြီး

"ကောင်လေး... အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး။ ဒါက ရှေးဟောင်း ကမ္ဘာတွေရဲ့ ကမ္ဘာ့​ရတနာတစ်ခုပဲလေ... ပျမ်းမျှ အရည်အချင်းနဲ့ လိုအပ်ချက်တွေက သဘာဝကျကျ မမြင့်မားပါဘူး.... မင်းရဲ့ အရည်အချင်း ငါ့ရဲ့ အကူအညီနဲ့သာဆို အသိအမှတ် ပြုခံရဖို့က မခက်ပါဘူး"

All Chapters