← Chapters

ပိတ်မိနေပြီ

Vol. 62 Ch. 447.4

ပိတ်မိနေပြီ

Vol. 62 Ch. 447.4

ဤအချိန်သည် ရှေ့သို့ အပြေးအလွှား သွားပြီး သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ဖမ်းယူရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ယင်ထျန်းသည် လမ်းမှ ထွက်သွားလိုပြီး လုရွှမ်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရန် မဝံ့ရဲတော့ကြောင်း တွေ့ရှိခဲ့ရသည်။ သူက လူသား မဟုတ်တဲ့ နတ်ဆိုးဆိုတာ ထင်ရှား​နေပါပြီ။

လုရွှမ်က သက်ပြင်း ချလိုက်သည်။ ဒီဓားသွားလှုပ်ရှားမှုက အနည်းငယ် အလျင်စလိုပေမယ့် သူ့ရဲ့ တိုးတက်လာတဲ့ ဓားသွားလှုပ်ရှားမှုပဲ ဖြစ်ပါသည်။ ဓားတစ်ချောင်းသည် စွမ်းအင်၏ ထက်ဝက်နီးပါးကို သုံးစွဲသည်။ တခြားအချိန်များတွင် ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ ၎င်းဓားထက် သန်မာလိမ့်မည် မဟုတ်ပေ။

သို့သော် သူသည် ကောင်းကင်ဘုံသခင်၏ ပေါ့ပေါ့တန်တန် လှုပ်ရှားမှုဖြင့် ပိတ်ဆို့ခြင်းကို ခံနေရဆဲ ဖြစ်သည်။

လုရွှမ် မသိခဲ့တာက ဒီလှုပ်ရှားမှုဟာ ကောင်းကင်ဘုံ သခင်သုံးပါးရဲ့ မျက်လုံးထဲမှာ ရှိနေတာပါပဲ။

ဒီအရည်အချင်းက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်လေ။

မထွက်ခွာမီတွင် ဂိုဏ်းချုပ်လေး ယင်ထျန်းသည် လုရွှမ်ကို လွှတ်လိုက်မည်ဟု ကောင်းကင်ဘုံသခင်သုံးပါးက ထင်မြင်ခဲ့သော်လည်း ဂိုဏ်းချုပ်လေးက လုရွှမ်ကို ပြင်းပြင်းထန်ထန် သတ်ပစ်ချင်​​​နေခဲ့သည်။

ပုရွက်ဆိတ်မျှသာ ရှိတဲ် သူတော်စင်နယ်ပယ်က ဘူတစ်ယောက်သာ ဖြစ်သည်။ သူ့ကိုသတ်ဖို့ ကြိုးစားရခြင်းက အင်းဆက်တစ်ကောင်ကို ညှစ်သတ်လိုက်ရသလိုပင်။ သူတို့က မဟာသူတော်စင် လောက်ကိုတောင် မျက်စိထဲ မထည့်တဲ့လူတွေ ဖြစ်တာကြောင့် လုရွှမ်လို သူတော်စင်ကို စကားထဲပင် ထည့်မပြောချေ။

ယခုမူ ထိုလူသုံးယောက်ရဲ့ မျက်လုံးထဲက အမူအရာများ ပြောင်းလဲသွားပေပြီ။ အခုသူတို့ စော်ကား ခံလိုက်ရသောကြောင့် လုရွှမ်ကို အသက်ရှင်ခွင့် မပြုတော့ပေ။ မြေကြီးစွန်းတိုင်အောင် လိုက်သတ်ပစ်ရမည်။

ဒီလိုမှမဟုတ်ရင် နောက်တစ်ခုက သူ ကြီးပြင်းလာတာနဲ့အမျှ ထျန်းယိဂိုဏ်းအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်သွားလိမ့်မည်။

ယင်ထျန်းကို ကယ်တင်ခဲ့တဲ့ တတိယအကြီးအကဲက လူငယ်ဂိုဏ်းချုပ် ယင်ထျန်းကို ခါးခါးသီးသီး စိုက်ကြည့်နေပါ၏။ သူအရင်က ဆီးနံ့ကို သိသိသာသာ အနံ့ခံနိုင်ခဲ့သည်။ အပြင်ဘက်က ပြင်းထန်တဲ့ ​လေထုအောက်မှာ ဒီကလေးက ပြည်ဖုလေး ဖြစ်နေတာ သိသာနေပြီ။

လုရွှမ် ကျယ်လောင်စွာ အော်လိုက်ပြီး ကျင်းဟုန် နဲ့ တခြားသူတွေအတွက် အချိန်ပိုရအောင် ကြိုးစားရင်း သူ့မီးခိုးဓားနဲ့ ထပ်ခုတ်ချလိုက်လေသည်။

အဲဒီနောက်မှာတော့ နတ်သမီးကျင်းဟုန်ရဲ့ အသံက ထွက်လာခဲ့၏။

"သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို သိမ်းလိုက်တော့!"

သူမသည်လည်း ယခုအချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသည်။ သူမ သစ်သားဒြပ်စင် နတ်ပုတီးစေ့ အတွက် အနည်းငယ်မျှသော မျှော်လင့်ချက်​လေး မရှိခဲ့ဘူးဟု ဆိုပါက လုံးဝမှားလိမ့်မည်။ သို့သော် သူမသည် ဤလူအားလုံးထဲတွင် အညံ့ဆုံးဖြစ်ကြောင်း သိသောကြောင့် အနည်းဆုံး သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ရရှိရန်တော့ သူမ မတွေးခဲ့ဖူးပေ။

သူမရဲ့အမြင်အရတော့ လုရွှမ်နဲ့ တခြားသူတွေဟာ သူမရဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး တခြားသူတွေရလည်း အလားတူ သူတို့အတွက် ထပ်တူထပ်မျှ ပျော်ရွှင်မိမှာပဲ ဖြစ်လေသည်။

သူမကိုယ်သူက ကောင်းကင်က မုန့်လုံးလေး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။ သစ်သားဒြပ်စင် နတ်ပုတီးစေ့က သူမကို အမှန်တစ်ကယ်ရွေးချယ်ခဲ့ပြီး သူမကို သူ့ရဲ့သခင်အဖြစ် ခန့်အပ်ခဲ့လေသည်။

"ကောင်းပြီ သွားကြစို့!"

လုရွှမ် အလွန်ပျော်ရွှင်စွာ အော်လိုက်သည်။ သူ့လက်ဖဝါးကို လှိမ့်လိုက်သည်နှင့် စွမ်းအားတစ်ခု ထွက်လာသည်။ သုံးယောက်သား မခုခံဘဲ လုရွှမ်ရဲ့ စွမ်းအားဆွဲခေါ်ရာနောက်ကို လိုက်ကာ ပင်လယ်ဆီသို့ အတူတကွ ပျံသန်းသွားကြသည်။

ကောင်းကင်ဘုံသခင်က ဓားအလင်းရောင်နှင့် အရိပ်ကို ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရတော့ လုရွှမ် ဆက်မဆက်တော့ဘဲ တစ်ခါတည်း လှည့်ပြေးတော့၏။

"သွားကြစို့!"

အလင်းဓားသည် ပြန့်ကျဲသွားကာ သဲ၊ ကျောက်စရစ်နှင့် အမှုန်များသည် ဓား၏ဆန္ဒအရ ဓားပျံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လုရွှမ် နောက်ကွယ်မှ လူများဆီသို့ ပန်းမိုးရွာများနေသည့်နှယ် ပစ်လွှတ်လိုက်သည်။

စီးဆင်းလာသော ပင်လယ်ရေသည် မြူမှုန်အဖြစ်သို့ ပြောင်းလဲသွား၏။ မြူခိုးများက အငွေ့ပျံကာ ပတ်ဝန်းကျင် တစ်ခုလုံးကို မြူခိုးများဖြင့် ထူထပ်စွာ ဖုံးလွှမ်းသွားခဲ့သည်။

လုရွှမ်ရဲ့ နဂါးနှလုံးသားက တစ်ချက်ခုန်သွားကာ သူ့ပါးစပ်ကို ဖွင့်ဟလိုက်ပြီးသည်နှင့် စိမ်းပြာနဂါး တစ်ကောင်က "ဝူးကနဲ" ထွက်ပေါ်လာလေသည်။

စိမ်းပြာနဂါးကြီး ဟိန်းဟောက်ပြီးနောက် လုရွှမ်ရဲ့ ခြေဖဝါးပေါ်ရှိ လေသည် တောက်ပလာကာ လှည့်ထွက်ပြေးသွားခဲ့သည်။

မြူခိုးတွေကြားမှာ လူတိုင်းက တုန်လှုပ်ခြောက်ခြားသွား၏။ ကောင်းကင်ဘုံသခင် သုံးယောက်ဟာ အစပိုင်းမှာ အလေးအနက် မထားခဲ့ကြပေမယ့် ရုတ်တရက် နဂါးဟောက်သံက သူတို့သုံးယောက်ကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။ လုရွှမ်ရဲ့ လှည့်စားမှုဖြစ်ကြောင်း သူတို့ သေသေချာချာ သိသော်လည်း ယခင်ဓားသွား လှုပ်ရှားမှုကြောင့် ဤလူအနည်းငယ်မှာ တုန်လှုပ်သွားခဲ့ပြီးလေပြီ။

သူတို့သုံးယောက်မှာ တူညီတဲ့ အတွေးအမြင်တွေရှိကြပြီး ချက်ချင်း အလျင်စလို မထွက်ခွာခဲ့ကြပေ။ အဲဒီအစား ပတ်ဝန်းကျင်က မြူခိုးတွေကို ဖြိုခွဲဖို့ သူတို့ရဲ့ သူတော်စင် စွမ်းအားကို အသုံးပြုလိုက်တော့ လုရွှမ်နဲ့ တခြားသူတွေ သူတို့ရှေ့မှာ ရှိနေတာကို တွေ့လိုက်ရသည်။

"သူတို့ ပင်လယ်ထဲကို ရောက်သွားကြ​ပြီ!!"

ယင်ထျန်း မုန်းတီးမှုအပြည့်နဲ့ အော်လိုက်တယ်။

ကောင်းကင်ဘုံသခင် သုံးပါးသည်လည်း ၎င်းကိုမြင်ပြီး တညီတညွတ်တည်း အော်လိုက်ကြသည်။

"လိုက်!"

တတိယအကြီးအကဲ ဦးဆောင်သော လူအုပ်သည်လည်း လေထုအလယ်မှ ပြေးထွက်လာ၏။

"လှေပေါ်တက် သူတို့ကို လိုက်ကြရအောင်!!"

ပင်လယ်ရေထဲမှာ အောင့်ယွဲ့မှာ နောက်ပြန်ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။

"လုရွှမ် သူတို့က လေထဲမှာ ပျံနေ​ကြတယ် ​​ဒါပေမဲ့ ငါတို့က ပင်လယ်ရေထဲမှာ လှော်နေကြတာ... မကြာခင် သူတို့ အမီလိုက်လာကြလိမ့်မယ်"

လုရွှမ်သည် သူ၏ ခြေလက်များကို ဖြန့်ကာ မောဟိုက်နေဆဲ ဖြစ်သော်လည်း သူက ပြုံးပြီး ပြောလိုက်သေးသည်။

"စိတ်မပူပါနဲ့ ဒီပင်လယ်ဧရိယာက အရမ်းထူးဆန်းတယ် ကောင်းကင်မှာ ပျံနေတာက ဟဲဟဲ ပင်လယ်ထဲမှာ လှေလှော်တာလောက် မမြန်ဘူး"

အောင်ရှင်း ပင်လယ်ထဲတွင် နေထိုင်ခဲ့သူမို့ ပင်လယ်ရေ ပြောင်းလဲမှုအတွက် အထိခိုက်မခံဆုံး ဖြစ်သည်။ သူမသည် ရေပြင်ဆီသို့ စူးစူးစိုက်စိုက် ကြည့်ကာ လေကို ရှူရှိုက်ရင်း အော်ပြောလိုက်သည်။

“ဒီပင်လယ်ပြင်က အရမ်းထူးဆန်းတယ်”

အောင့်ယွဲ့ကလည်း ခေါင်းညိတ်ပြသည်။ ဘယ်လိုများ ထူးဆန်းနေပါလိမ့်။ သူမသည် နောက်ကွယ်မှ လိုက်လာသူများကို အာရုံစိုက်နေပြီး ထိုလူများသည် ယခုအချိန်တွင်တော့ သူတို့နဲ့ ပို၍ဝေးကွာသွားလေပြီ။

"ကျင်းဟုန် မကြည့်တော့နဲ့... သူ့တို့ကို ပြန်ကြည့်​​နေရင် မင်းမျက်လုံးတွေထဲ မကောင်းတာတွေ ဝင်လာလိမ့်မယ်"

လုရွှမ် ပြုံးပြီး ပြောလိုက်သည်။

နတ်သမီးကျင်းဟုန် ရှက်သွားလေ၏။ မူလက သူမသည် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကို လိုချင်ခဲ့ရုံသာ ရှိသော်လည်း နောက်ဆုံးတွင် သစ်သားဒြပ်စင် နတ်ပုတီးစေ့က သူမလက်ထဲကို အမှန်တကယ် ရောက်ရှိလာခဲ့သည်။

သူမသည် သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို သိမ်းလိုက်ပြီးနောက် သူမပတ်ဝန်းကျင်ရှိ ပင်လယ်လေထုကို သတိပြုသွားမိတာကြောင့် မေးလိုက်သည်။

"ကျွန်မတို့ တစ္ဆေသင်္ဘောဆီကို ထပ်သွားဦးမှာလား?"

"တစ္ဆေသင်္ဘော?"

အောင့်ယွဲ့နဲ့ အောင်ရှင်းတို့က တစ်ချိန်တည်းတွင် အော်ပြောလိုက်သည်။

ရှေးဟောင်းလျှပ်စီး ကမ္ဘာ တစ်ခုလုံးတွင် တစ္ဆေသင်္ဘောရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကြောင်းကို အားလုံးကြားဖူးကြတာ သေချာပါ၏။ ထိုနေရာသည် ကြောက်စရာ အကောင်းဆုံးနေရာ ဖြစ်သည်။ လူ​​ပေါင်းများစွာက ၎င်းကိုစူးစမ်းရန် သွားခဲ့ကြသော်လည်း သူတို့ ဘယ်တော့မှ ပြန်မလာတော့ပေ။

"စိတ်မပူပါနဲ့ အစ်ကိုလုရွှမ်မှာ လွတ်လွတ်လပ်လပ် သွားလို့ရတဲ့ နည်းလမ်းရှိတယ်"

ကျင်းဟုန်က ဆို၏။

ကောင်းကင်ယံ၌ ကောင်းကင်ဘုံသခင် သုံးပါးသည် အောက်ဘက်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် အောက်ကို စိုက်ကြည့်လိုက်သည်။ အမီလိုက်ဖို့က လွယ်သင့်ပေမယ့် ဖမ်းခါနီးချိန်မှာတော့ လှေဟာ သူတို့မသိခင်ကတည်းက ရှေ့ကို ရောက်နှင့်နေပြီ ဆိုတာကို ထူးဆန်းစွာ တွေ့လိုက်ရသည်။

"ပင်လယ်ရေအောက်မှာ ထူးဆန်းတာ တစ်ခုခု ရှိတယ်... ဒီကလေးက ဒီနေရာကို လှေလှော်လာဖို့ ရွေးချယ်ခဲ့တာ မဆန်းပါဘူး ဆင်းကြရအောင်"

တတိယအကြီးအကဲက အော်လိုက်သည်။

ကျန်လူနှစ်ယောက်က သဘာဝကျကျ တွန့်ဆုတ်မနေချေ။ သူတို့နောက်ကွယ်က မဟာသူတော်စင်တွေကတော့ သူတို့သုံးယောက်ရှေ့မှာ စကားပြောဖို့ အရည်အချင်း​တောင် မရှိကြပါဘူး။

ယင်ထျန်း အတွက်မူ မူလက ဤခရီးစဉ်၏ အဓိက အာရုံစိုက်ခြင်း ခံခဲ့ရသော်လည်း သူ့ရဲ့ ယခင်လုပ်ဆောင်မှုမှာ ရှက်စရာ ကောင်းလွန်းလှသည်။ ကောင်းကင်ဘုံသခင် သုံးပါးကလည်း ဒါက သူတို့မျက်စိနဲ့ မြင်သွားရတာကြောင့် သူ့ခမျာ ဒေါသနှင့် ရှက်စိတ်များ ရှိသော်လည်း အခြားရွေးချယ်စရာ မရှိပေ။

သူသည် ဂိုဏ်းချုပ်လေး ဖြစ်တာ မှန်သော်လည်း သူသည် ဂိုဏ်းချုပ် မဟုတ်သေးချေ။ ဂိုဏ်းချုပ်က တစ်ဦးတည်းသာရှိပြီး သူအလိုရှိသလောက် အားလုံး တတ်နိုင်သည်။

"သွားပြီ!"

ရေထဲကျသွားပြီး ကောင်းကင်ဘုံသခင် သုံးပါး၏ အမူအရာများသည် တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကာ သူတို့ရဲ့ စိတ်ဝိညာဉ် အသိအာရုံများ စိတ်အားထက်သန်စွာ လှုပ်ရှားသွားသည်။ ချက်ချင်းပဲ သူတို့ပတ်ဝန်းကျင်မှာ အေးစက်နေတဲ့ အအေးဓာတ်ကို ခံစားလိုက်ရပြီး ထိုအအေးဓာတ်တွေက သူတို့ရဲ့ စိတ်တွေထဲကို ဖြည်းညှင်းစွာ တိုးဝင်လာခဲ့သည်။

အအေးဓာတ်က ခွန်အားက မလုံလောက်သေးပေမယ့် တဖြည်းဖြည်း အားကောင်းလာနေ၏။

ထိုစွမ်းအားသည် ယုတ်မာသော စွမ်းအင်များ ပြည့်နှက်နေပြီး ဝိညာဉ်ကို ထိတွေ့မိသည်နှင့် တပြိုင်နက် အေးခဲမှုက မခံစားနိုင်လောက်အောင် အစွမ်းထက်လှသည်။

"တစ္ဆေသင်္ဘော?"

လူသုံးယောက် ရုတ်တရက် တညီတညွတ်တည်း အော်လိုက်ကြသည်။

လှေငယ်လေးထဲမှာတော့ မဟာသူတော်စင် ရှစ်ယောက်ရဲ့ မျက်နှာတွေက ချက်ချင်း ဖျော့တော့သွားလေပြီ။ ကောင်းကင်ဘုံ သခင်ကိုတောင် ထိတ်လန့်စေတဲ့ အရာတစ်ခုဖြစ်တဲ့ တစ္ဆေသင်္ဘောရဲ့ ရေပိုင်နက်ထဲကို အမှန်တကယ် ကျသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

All Chapters