← Chapters

ယင်ထျန်း သေဆုံးသွားပြီ

Vol. 62 Ch. 448.4

ယင်ထျန်း သေဆုံးသွားပြီ

Vol. 62 Ch. 448.4

"အကြီးအကဲ?"

"တိတ်တိတ်နေစမ်း!"

တတိယ အကြီးအကဲက အော်ပြောလိုက်သည်။ တစ္ဆေသင်္ဘောရဲ့ ဒဏ္ဍာရီသည် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ယနေ့အထိ အချိန်အတော်ကြာ ပျံ့နှံ့နေခဲ့သည်။ တခြားသူများက ဒါကို ဒဏ္ဍာရီအဖြစ် မှတ်ယူထားကြသလို ၎င်းမှာ လုံးဝမှန်ကန်ကြောင်း သိရှိသွားသော်လည်း လွတ်မြောက်ရန် အလားအလာ သိပ်မရှိတော့ပေ။

ကောင်းကင်ဘုံသခင် တစ်ယောက် ပင်လယ်ထဲ ပြုတ်ကျသွားရင်တောင် သေသွားမှာ သေချာလေသည်။

တတိယအကြီးအကဲမှာ ပူလောင်သော မျက်လုံးများဖြင့် သူ့ရှေ့က သင်္ဘောကို စိုက်ကြည့်ရင်း အလွန်ဒေါသထွက်ပြီး ကြမ်းတမ်းလာရာ တခြား ကောင်းကင်ဘုံသခင် နှစ်ပါးလည်း စကားမပြောရဲကြပေ။

“သူတို့နောက်ကို လိုက်ကြရအောင်... သူတို့ကစားနေတဲ့ လှည့်ကွက်တွေကို ငါကြည့်ချင်သေးတယ် ... ဟမ့် သူတို့သေရင် ငါတို့အားလုံးလည်း အတူတူ သေရလိမ့်မယ်”

တတိယ အကြီးအကဲက အံကြိတ်ကာ လက်ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။

“သူတို့နောက်ကို လိုက်ကြစို့!"

လုရွှမ် သူ့နောက်က လှေကိုပြန်ကြည့်ကာ ဂုဏ်ယူသခို ခံစားလိုက်ရသည်။ တစ္ဆေသင်္ဘောရဲ့ ဧရိယာထဲသို့ ဝင်ပြီးကတည်းက အပြင်ထွက်ရန်ပင် မစဉ်းစားနိုင်တော့ပေ။

ရေစီးကြောင်းနဲ့ လွင့်မျောသွားသလို ခရီးသွားရင်း မကြာခင်မှာ မြင်ဖူးခဲ့တဲ့ ဧရာမသင်္ဘောကြီးဟာ သူတို့ရှေ့မှာ ပေါ်လာပြန်၏။ အဲဒါက လူတွေကို ကြောက်ရွံ့သော စကား​တွေ ပြောစေခဲ့တဲ့ တစ္ဆေသင်္ဘောပါပဲ။

အောင့်ယွဲ့နဲ့ အောင်ရှင်းတို့ အတွက်က တစ္ဆေသင်္ဘောကို ပထမဆုံးအကြိမ် တွေ့လိုက်ရတာကြောင့် သင်္ဘောကြီးရဲ့ ကြီးမားမှုကြောင့် အံ့အားသင့်သွားကြသည်။

သင်္ဘောကြီးဟာ ပင်လယ်ထဲမှာ ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေတဲ့ ရေခဲတောင်ကြီး တစ်ခုလိုပင်။ ကွာခြားချက်ကတော့ ရေခဲတောင်ဟာ လုံးဝဖြူစင်သည်။ တစ္ဆေသင်္ဘောကတော့ အနက်ရောင် ဖြစ်ပြီး ၎င်းပတ်ဝန်းကျင်ရှိ အရာအားလုံးကို မျိုချနေသော တွင်းနက်တစ်ခုကဲ့သို့ မည်းနက်နေသည်။

လုရွှမ်သည် ဤနေရာကို တစ်ကြိမ်ရောက်ဖူးသော်လည်း သတိလက်လွတ် မ​နေဝံ့ခဲ့ပေ။

"လူတိုင်း လက်​တွေကို ဆုပ်ကိုင်ထားကြ!"

လုရွှမ်က ဆိုလိုက်သည်။ ကျားဖြူလေးနဲ့ လှေလေးကို ကျောက်စိမ်းပြားထဲ ထည့်ထားလိုက်သည်။

"မတွန်းထုတ်ကြနဲ့"

လုရွှမ် တိုးတိုးလေး ပြောပြီး သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်မီးကို တိတ်တဆိတ် ပျံ့လွင့်သွားစေကာ မိန်းကလေး သုံးယောက်ရဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ လှည့်ပတ်ပြီး နေရာယူစေလိုက်သည်။

ကျန်းယန် နောက်ဆုံးအကြိမ်တုန်းက ရုတ်တရက် ပျောက်သွားတာကြောင့် သူအမှားများကို သင်ယူခဲ့တာကြောင့် သူတို့လူသုံးဦးထဲမှ တစ်ဦး ရုတ်တရက် ပျောက်သွားမှာကို ကြောက်ရွံ့​နေခဲ့သည်။

ဒါပေမဲ့ သူတို့နောက်က ထျန်းယိဂိုဏ်းရဲ့ လှေပေါ်မှာတော့ လူတချို့ဟာ ထိတ်လန့်တကြား ဖြစ်နေကြပါပြီ။

"အကြီးအကဲတို့ ဘာတွေပြောနေတာလဲ? အကြီးအကဲတို့ သုံးယောက်က ကျွန်​တော်တို့ကို ဒီကို ဦးဆောင်လာတာ မဟုတ်ဘူးလား? ဘယ်က ဂိုဏ်းချုပ်လေးလဲ?"

အကြီးအကဲ သုံးယောက်က လူခုနစ်ယောက်ကို ဆက်တိုက် မေးသော်လည်း လူငယ်ဂိုဏ်းခေါင်းဆောင် ယင်ထျန်းကို ဘယ်သူမှ အထင်ကြီးခြင်းမရှိသလို ယင်ထျန်းကိုပင် မှတ်မိခြင်း မရှိပေ။

"တတိယအစ်ကို... ဂိုဏ်းချုပ်လေး သူ...."

ထိုသူက နောက်ထပ်စကားများ ထပ်မပြောဘဲ ထွက်ပြေးဖို့ လန့်ဖျပ်တဲ့ အမူအရာနဲ့ လုပ်လိုက်သည်။ တတိယအကြီးအကဲက ခေါင်းခါလိုက်သည်။

"အဲဒါက အဓိပ္ပာယ်မရှိဘူး... ယင်ထျန်းမှာ အဖုအထစ်တွေ ရှိပေမယ့် သူ့ဦးနှောက်က သိပ်မတုံး​သေးဘူး.... သူ ဒီကနေ ထွက်ပြေးရင်တော့ သေမင်းကို ရှာနေတာပဲ ဒါ့ထက် သူအဲဒါကို ငါတို့သုံးယောက်ရဲ့ နှာခေါင်းအောက်မှာ ဘယ်တော့မှ မလုပ်ရဲဘူး"

“ဒါဆို ဖြစ်နိုင်တာက....”

တခြားလူတစ်ယောက်ကလည်း ခပ်လှမ်းလှမ်းမှ တစ္ဆေသင်္ဘောကို ​ကြည့်ရင်း ဆိုလိုက်သည်။

"အကြီးအကဲတို့... အဲဒီလှေပေါ်ကို ကြည့်လိုက် တစ်ယောက်ယောက်ကို တွေ့လိုက်သလိုပဲ"

မဟာသူတော်စင် တစ်ယောက်က အော်ကာ တစ္ဆေသင်္ဘောရဲ့ ကုန်းပတ်ကို ညွှန်ပြလာသည်။ အဲဒီမှာ လူတစ်ယောက်က တစ်ခုခု ပြောနေသလိုမျိုး အရူးအမူး လက်ဝှေ့ယမ်းနေပေမယ့် သူ့အသံကို လုံးဝမကြားရချေ။

တတိယအကြီးအကဲ၏ မျက်လုံးများ မှိန်ဖျော့သွားသည်။

သခင်လေးက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားပြီးနောက် တစ္ဆေသင်္ဘောပေါ်တွင် အမှန်တကယ် ပေါ်လာကြောင်းကို တွေ့ရတော့ တခြားလူခုနစ်ဦး၏ မျက်နှာ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

နားမလည်နိုင်သော စွမ်းအားတချို့ ပေါ်လာပြီး ၎င်းတို့ကို ခေါ်ဆောင်သွားမည်ကို စိုးရိမ်သဖြင့် ထိတ်လန့်တကြား လှည့်ပတ် ကြည့်​​နေကြလေ၏။

"ဘာကို ကြောက်​နေတာလဲ? အနည်းဆုံးတော့ ဂိုဏ်းချုပ်လေးက ​​တစ္ဆေသင်္ဘောပေါ်မှာ ဘာဒဏ်ရာမှ မရထားဘူးလေ"

တတိယအကြီးအကဲက အော်ပြောလိုက်သည်။ မဟာသူတော်စင် ခုနစ်ယောက်က စကားမပြောရဲပေမယ့် သူတို့ရဲ့ နှလုံးသားတွေက ပိုပိုပြီး ထိတ်လန့်လာကြသည့။

တစ်ဖက်က မိန်းကလေး သုံးဦးကတော့ သူတို့ရဲ့ ခန္ဓာကိုယ်က ပူနွေးလာတယ်လို့ ခံစားလိုက်ရပြီးနောက် အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရုတ်တရက် အရာအားလုံး ပိုမိုရှင်းလင်းသွားတာကို တွေ့လိုက်ရသည်။

"တက်ကြရအောင်" လုရွှမ်က ဆို၏။

သူတို့လေးယောက်ဟာ တစ္ဆေသင်္ဘောပေါ်ကို ပျံတက်သွားကြခဲ့သည်။ သူတို့ရဲ့ ခြေထောက်တွေက မြေပြင်ကို မထိခင်မှာ လုရွှမ် နောက်ပြန်လှည့်ကာ ဓားကို ဝေ့ယမ်းခုတ်ပစ်လိုက်သည်။

အော်ဟစ်သံနှင့်အတူ ယင်ထျန်း၏ ခန္ဓာကိုယ်မှာ တစ်ဝက်တစ်ပျက် လှီးဖြတ်လိုက်ခံရပြီး သွေးများ စီးကျလျက် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"ဒီလှည့်ကွက်ကို ငါအရင်တစ်ခေါက်ကလည်း ကစားခဲ့ပြီးပြီ... ဒီတစ်ခါ ထပ်လုပ်ဦးမယ်ပေါ့လေ"

လုရွှမ်က ဆိုရင်း စိတ်ဝိညာဉ်မီးကို ပစ်လွှတ်လိုက်ကာ ယင်ထျန်းရဲ့ ခန္ဓာကိုယ်ကို ပြာချပစ်လိုက်သည်။

လက်တစ်ဆုပ်စာ သွေးစဟာ အလွန်အမင်း လွတ်မြောက်ချင်နေဟန် ရုန်းကန်ရင်း ပေါက်ကွဲထွက်လာသည်။ ခရမ်းရောင် တောက်ပ​နေတဲ့ မီးလုံးတစ်လုံး ထိုသွေးလုံးထဲ ပြေးဝင်လာတဲ့အခါ ထိုသွေးက ရှိုက်ကြီးတငင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ခရမ်းရောင် မီးတောက်သည် မသေသွားဘဲ ခဏတာသာ ပျက်ပြယ်သွားပုံရ၍ နောက်တစ်ကြိမ် ပေါ်လာပြီး သွေးနီညိုရောင် ဘောလုံးကို လောင်ကျွမ်းပစ်လိုက်သည်။ ထို့နောက် စူးရှသော အသံနှင့်အတူ သန့်စင်သွားသည်။

ခရမ်းရောင် မီးတောက် ပျောက်ကွယ်သွားပြီးနောက် လုရွှမ်ရဲ့ လက်ထဲသို့ ပြန်​ရောက်လာခဲ့သည်။

အောင့်ယွဲ့သည် ယခင်က လုရွှမ် ခရမ်းရောင် မီးတောက်များကို အသုံးပြုခဲ့ဖူးတာ မြင်ဖူးသော်လည်း စွမ်းအားအရ ဆိုလျှင် ၎င်းသည် ယခုမီးတောက်နဲ့ လုံးဝကွဲပြားသွားပြီ။

"ဟုတ်တယ် ဒါရုပ်ကြွင်းထဲက ဖီးနစ်နတ်မီးပဲ... အဲဒီအချိန်က လူတွေအများကြီး ရှိနေတာ ငါ တခြားလူတွေကိုလည်း မယုံလို့ မပြောခဲ့တာ"

ကောင်မလေးတွေ အားလုံး ခေါင်းညိတ်လိုက်ကြပြီး နတ်သမီးကျင်းဟုန်ပင် ဤအမှန်တရားကို နားလည်​ပေး​လေသည်။

"မင်းတို့အားလုံး မြင်လိုက်ရတယ်မလား အဲဒါယင်ထျန်းပဲ... သူတို့က ထျန်းယိဂိုဏ်းက လူတွေပဲ ကျင်းဟုန် မင်းတို့ ကောင်းကင်အရိပ် ဂိုဏ်းထဲက တစ်ယောက်ယောက်က ထျန်းယိဂိုဏ်းက လူတွေနဲ့ ပူးပေါင်း​နေတာလို့ ငါ သံသယဝင်ထား​တယ်"

အောင်ရှင်းကလည်း

"ဟုတ်တယ် ငါတို့ရဲ့နေရာတွေကို အရမ်းလျှို့ဝှက်ထားတာကို ကောင်းကင်အရိပ် ဂိုဏ်းထဲက လူတွေ မဟုတ်ရင် ဒီအကြောင်းကို ဘယ်သူမှ သိမှာမဟုတ်ဘူး"

နတ်သမီးကျင်းဟုန်လည်း အနည်းငယ် ဝမ်းနည်းဟန်ဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။

"ကောင်းပြီ ဒီအကြောင်းအရာကို မပြောနဲ့တော့ ဒီလူတွေကို ဘယ်လို သတ်ရမယ် ဆိုတဲ့အကြောင်း ပြောကြရအောင်... ငါတို့က သူတို့ စိတ်ဆန္ဒအရ အနိုင်ကျင့်နိုင်တဲ့သူလို့ တကယ် ထင်နေ​​ကြတာလား?"

အောင့်ယွဲ့က နတ်သမီးကျင်းဟုန်ရဲ့ လက်တစ်ဖက်ကို လှမ်းတွဲပြီး အော်လိုက်သည်။ ကျင်းဟုန်ရဲ့ စရိုက်ကို အောင့်ယွဲ့ သိပြီးပါပြီ။ သူမဟာ အပြစ်ကင်းတဲ့ နှလုံးသားရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး ဒီလို ပူးပေါင်း ကြံစည်မှုတွေနဲ့ တွက်ချက်မှုတွေမှာ သူမကို နောက်ထပ် မပါဝင်စေချင်တော့ချေ။

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"

အောင်ရှင်း မေးလိုက်သည်။

လုရွှမ်လည်း ပြုံးလိုက်ပြီး

"ငါတို့ အခု အလျင်လိုနေစရာ မလိုပါဘူး... ကျင်းဟုန် သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို သေသေချာချာ အသုံးပြုနိုင်တဲ့အထိ စောင့်လိုက်ကြရအောင်... သူတို့ဘက်က ကောင်းကင်ဘုံသခင် သုံးယောက်ဆိုတော့ ခွန်အားက အသေးအဖွဲတော့ မဟုတ်ဘူး... အားလုံးကို ထိန်းထားချင်ရင် ငါတို့ လိုအပ်တာက ငါတို့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ပဲ.."

လူသုံးယောက်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ကျင်းဟုန်လည်း ခေါင်းညိတ်လိုက်ကာ အောင်ရှင်းဆီက အကြံဉာဏ် တောင်းလိုက်သည်။

လုရွှမ်နဲ့ အောင့်ယွဲ့တို့သည် လှေငယ်​ပေါ်တွင် ရပ်ကာ ဖြည်းဖြည်းချင်း ရောက်လာကြသော ထျန်းယိဂိုဏ်းမှ လူများကို ကြည့်နေကြသည်။ လုရွှမ်ရဲ့ နှလုံးခုန်သံက တုန်လှုပ်သွားပြီး လက်ကို ယမ်းကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

"ရောက်လာတာ ဘယ်သူတွေလဲ? ငါလုရွှမ်က အမည်မသိ လူတွေကို ငါ့ဓားနဲ့ သတ်မှာ မဟုတ်ဘူး"

အောင့်ယွဲ့ မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ သူတို့နှစ်ယောက်ရဲ့ လျစ်လျူရှုမှုသည် လှေပေါ်ရှိလူတိုင်းကို ဒေါသထွက်သွားစေခဲ့သည်။ ကောင်းကင်ဘုံသခင် တစ်ယောက်က ရန်ဖြစ်ခွင့်တောင်းရုံမှလွဲ၍ မတတ်နိုင်တော့ပေ။

"တတိယအစ်ကို အဲဒီခွေးနှစ်ကောင်ကို ကျွန်တော် သွားသတ်ပါရစေ"

ထိုအခါ တတိယအကြီးအကဲက

"အဲဒါ နတ်သမီးအောင့်ယွဲ့ပဲ သူက ရှေးဟောင်းလျှပ်စီး ကမ္ဘာမှာ အကြီးဆုံးမိသားစုရဲ့ မျက်လုံးထဲက ပန်းသီးတစ်လုံး... မင်းက သူ့ကို သွားသတ်လိုက်မယ်ပေါ့ ကောင်းပြီလေ... မင်း အောင့်မိသားစုရဲ့ ဒေါသကို ရင်ဆိုင်နိုင်မှာလား၊း? ဒါမှမဟုတ် ငါတို့ ထျန်းယိဂိုဏ်းကို အောင့်မိသားစုရဲ့ ဒေါသကို သွားရင်ဆိုင်ခိုင်းမလို့လား?"

"ဒါ့အပြင် နတ်သမီးအောင့်ယွဲ့ ဒဏ်ရာရသွားပြီး သူမအသက်ကို ကယ်ဖို့ နည်းလမ်း မရှိဘူးလို့ ပြောလာရင် မင်းဘာလုပ်မှာလဲ? မင်း သူမကို သတ်နိုင်မလား မသတ်နိုင်ဘူးလား ဆိုတာကို သံသယဝင်နေရတုန်းပဲ စိတ်မြန်လွန်းတယ် စိတ်မြန်တာကလွဲရင် တခြား ဘာလုပ်နိုင်သေးလဲ!!"

တတိယအကြီးအကဲက ပြစ်တင်ရှုတ်ချတာကို ခံရပြီးနောက် ထိုကောင်းကင်ဘုံသခင်လည်း တိတ်သွားတော့သည်။

"ညီလေး၈ တတိယအစ်ကို ပြောတာ မှန်တယ်.... တခြား ဘာမှမဖြစ်ရင် ငါတို့လုရွှမ်နဲ့ သူ့အဖွဲ့ကိုပဲ လုပ်ကြံရင် သိပြီ... ကောင်းကင်အရိပ်ဂိုဏ်းက လူတွေလည်း ဒါကို သိမှာပါ!"

အကြီးအကဲ၈ရဲ့ အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

All Chapters