← Chapters

ရက်စက်တယ်

Vol. 63 Ch. 451.4

ရက်စက်တယ်

Vol. 63 Ch. 451.4

အခန်းထဲသို့ ဝင်သွားသော လူသုံးဦးသည် မသိစိတ်မှာ တုန်လှုပ်သွားပြီး လုရွှမ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ဘာလဲ မသိပေမယ့် အေးစက်တဲ့ ခံစားချက်က အရင်က ယင်အ​လောင်း​ကောင်​​ထက် ပိုဆိုးနေသလိုပင်။

ထင်ရှားသည်မှာ တစ်နေရာရာတွင် လွန်ကဲသော အန္တရာယ်ရှိ၍ ထိုအရာနှင့် မနီးစပ်သွား​စေရန် စိတ်ထဲကလည်း အလိုလို ပြော​နေကြသည်။

လူသုံးယောက်သည် လျင်မြန်စွာ ထွက်ခွာလာကြသည်။ ရုတ်တရက်ပင် တတိယအကြီးအကဲက ရပ်လိုက်ပြီး လုရွှမ်ရှိတဲ့ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်။

“တတိယအစ်ကို.... ဘာဖြစ်လို့လဲ”

အကြီးအကဲ၈က မေးလိုက်သည်။

"ဟိုမှာ ထူးဆန်းတာ တစ်ခုရှိတယ်"

"ထူးဆန်းတာ?"

"ဟုတ်တယ် အဲဒါက ထူးဆန်းတယ် ဒါပေမဲ့ အသက်စွမ်းအင်ရဲ့ အရိပ်အမြွက်ကိုလည်း ပြနေတယ်.... ငါတို့ ထွက်သွားချင်ရင် အဲဒါက ငါတို့ရဲ့လမ်းပဲ ဖြစ်နိုင်တယ်"

တတိယအကြီးအကဲက မဆိုင်းမတွ အသံဖြင့် ပြောလိုက်သည်။

အကယ်၍ သေခြင်း အတွေ့အကြုံတွေကနေ မွေးမြူထားသော ဝိညာဉ်ရေးရာ အသိတရားကြောင့်နဲ့ သူသည် ဆန်းကြယ်သော ဂန္ထဝင်ကိုးပါးကျင့်စဥ်ကို အဆင့်၆ သို့ ရောက်ရှိခဲ့ပြီး နက္ခတ်တာရာ ဂဏန်းဗေဒကို ရှင်းလင်းစွာ လေ့လာခြင်းထားလို့သာ မဟုတ်ပါက ဝင်ရောက်ခဲ့ပြီးတာနဲ့ ထိုအရာမျိုးနှင့် ဝေးဝေးနေရန် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပဲ ဖြစ်သည်။

ပမာဏနည်းသော်လည်း အင်အားနည်းသော်လည်း အခြား ယင်ချီများထက် များစွာသာလွန်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားရသည်။ အဆုံးမရှိ အလားအလာရှိသော အသစ်ကနေ အညှောက်ပေါက်လာတဲ့ ပျိုးပင်နှင့်တူ၏။ ကြီးထွား မလာသေးသော်လည်း ယင်းက သူတို့ကို အခွင့်ကောင်းယူရန်နှင့် ထွက်လမ်းရှာရန် အခွင့်အလမ်းကို ပေးနိုင်သည်။

"ဒါပေမဲ့ တတိယအစ်ကို သေချာရဲ့လား?... တစ်နေရာရာမှာ အန္တရာယ် အများကြီး ရှိနေတယ်လို့ ခံစားနေရတယ်... ကျွန်တော် ဝိညာဉ်စွမ်းအားနဲ့ စစ်ကြည့်တော့ ကျွန်​တော့်ဝိညာဉ်တောင် အေးခဲလုနီးပါး ဖြစ်သွားတယ်"

အကြီးအကဲ၈ အော်ပြောလိုက်သည်နှင့် သူ့ပါးစပ်မှ အဖြူရောင် အငွေ့များ ထွက်လာသည်။ သူအစောက တစ်ဖက်ကအရာကို သိဖို့ သူ့ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့သည်။ လုရွှမ်လည်း ယင်စွမ်းအင်ကိုးစင်းရဲ့ ယင်ချီများကို တိုက်ရိုက် ဆင့်ခေါ်ပြီး အကြီးအကဲ၈ကိုလည်း ဆဲဆိုလိုက်သည်။ ဒီလူကိုနောက်မှ ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားရအောင် လုပ်မည်ဟု ကျုံးဝါးထားလိုက်၏။

“ငါလည်း သိပ်မ​သေချာဘူး”

တတိယအကြီးအကဲ၏ အသံထဲတွင် တုံ့ဆိုင်းနေသော အရိပ်အမြွက် ပါလာသည်။ ဝိညာဉ်ရေးအာရုံနှင့် ဗီဇကြားတွင် ကွဲလွဲမှုများ ရှိတတ်သည်လေ။ ဒါ့အပြင် ဒါက သူ့ရဲ့ပထမဆုံးအကြိမ် တစ္ဆေသင်္ဘောပေါ် ရောက်ဖူးတာကြောင့် စိတ်ထဲတွင်လည်း ရှုပ်ထွေးနေသည်။

လုရွှမ်မှာ သူ့စိတ်ထဲတွင် ထိတ်လန့်သွား၏။ တတိယအကြီးအကဲ ပြောတာကို သူ ကြားလိုက်ရသည်။

ဒီအ​ကြီးအကဲသုံးက ဒီနေရာကို တကယ်ခံစားနိုင်မယ်လို့ သူတကယ် မမျှော်လင့်ထားဘူး။ အသက်စွမ်းအင် ဆိုတာက သူပဲ ဖြစ်ပြီးတော့ သူကပဲ ၎င်းတို့ကို ခေါ်ထုတ်သွားနိုင်တာလေ။

"ငါတို့ အဲဒါကို စမ်းကြည့်သင့်တယ်လို့ ထင်တယ်... ညီလေး၇နဲ့ ညီလေး၈ အဲဒီကိုသွားပြီး ငါတို့ အသက်ရှင်မလား သေမလား ဆုံးဖြတ်ရအောင်"

တတိယအကြီးအကဲက အော်လိုက်သည်။ အကြီးအကဲ၈က ထိုကဲ့သို့ သဘောထား မရှိသော်လည်း အကြီးအကဲ၇ကတော့ ခေါင်းညိတ်လိုက်ကာ

“အစ်ကိုသုံး... ကျွန်တော် အစ်ကို့စကားကို နားထောင်ပါ့မယ်”

သူတို့ သုံးယောက် ဤဘက်သို့ လျှောက်လာနေကြပြီမို့ မိန်းကလေး သုံးဦးလည်း အလွန်ထိတ်လန့်သွားကာ သူတို့ရဲ့ အသက်ရှူသံကို မတော်တဆ ​တွေ့သွားမည်ကို စိုးရိမ်သဖြင့် အသက်ရှုကြပ်သွားကြသည်။

လုရွှမ် သူ့စိတ်ထဲမှာ လှောင်ရယ်လိုက်သည်။ ယင်စွမ်းအင်ကိုးစင်းက လွယ်လွယ်နဲ့ ဆက်ဆံနိုင်မယ် ဆိုရင် သူအရမ်း ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့ ယွမ်ယန်ကျင့်စဥ် ကျွမ်းကျင်မှုနဲ့တော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

လုရွှမ်၏ အတွေး ထိန်းချုပ်မှုအောက်တွင် ယင်စွမ်းအင်ကိုးစင်း၏ စွမ်းအားများက သူ့လက်ဖဝါးမှ ထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ အေးစက်သော လေလှိုင်းများ ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်ရှိ မူလအမှောင်ထုကို ပို၍ပင် သိပ်သည်းသွားစေ၏။

လူသုံးယောက်ရဲ့ လက်ထဲမှ အလင်းရောင်သည် ဖိသိပ်နေသဖြင့် ပတ်ဝန်းကျင်ကို မမြင်ရသလောက်ပင်။

ယင်စွမ်းအင်ကိုးစင်းရဲ့ ပမာဏကို တိုးမြှင့်ရန်အတွက် လုရွှမ်သည် နှစ်တစ်သောင်း သက်တမ်းရှိ ရေခဲများစွာကို ယင်စွမ်းအင်ကိုးစင်း အတွင်းသို့ ပေါင်းစပ်ထားခဲ့သည်။ သို့သော် လေအေးနဲ့ ကြုံတဲ့အခါ လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲက ထုတ်လွှတ်တဲ့ အအေးဓာတ်က အအေးဆုံး ဖြစ်နေသည်။

သူတို့ သုံးယောက် ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူတို့ ခန္ဓာကိုယ် တောင့်တင်းသွားသလို ခံစားလိုက်ရသည်။ စိတ်ဝိညာဉ် စွမ်းအားကို အဆက်မပြတ် ဖိသိပ်ထားပြီး ခန္ဓာကိုယ်ထဲတွင် လုံးလုံး ​ပြန်ကျုံ့ဝင်သွား​စေသည်။ သို့မဟုတ်ပါက ဝိညာဉ်စွမ်းအားက တိုက်ရိုက် အေးခဲသွားလိမ့်မည်။

လုရွှမ် လူသုံးယောက်ရဲ့ အရှိန်ကို ကြည့်ကာ အကွာအဝေးကို တွက်ချက်​နေသည်။ သူတို့ သုံးယောက် ဒီကို တကယ် အလျင်စလို လာလိုက်ရင်တော့ သူတို့ကို လုရွှမ် နည်းနည်းလေးမှ နာကျင်အောင် လုပ်နိုင်မှာ မဟုတ်ချေ။

နီးလာပြီ။ ပိုနီးလာပြီ။

နှစ်ဘက်ကြား အကွာအဝေးသည် သုံးမီတာနီးပါးသာ ရှိသော်လည်း အမှောင်ထဲတွင် လုရွှမ်မှလွဲ၍ တစ်ဖက်လူက မြင်ကွင်းကို ဘယ်သူမှ မမြင်နိုင်ပေ။

ယင်စွမ်းအင်ကိုးစင်းသည် သေးငယ်သော အလင်းရင်းမြစ် တစ်ခုကဲ့သို့ လုရွှမ်၏ လက်ထဲတွင် စုစည်းထားသည်။ ကွာခြားချက်မှာ ၎င်းသည် အရောင်ကင်းစင်ပြီး ကြွယ်ဝသော ယင်ချီ ကိုးခုကို ပေါင်းစပ်ထားတာကြောင့်ပဲ ဖြစ်လေသည်။

ကောင်းကင်ဘုံသခင် တိုက်ရိုက် ထိရင်တောင် မခံနိုင်လောက်ချေ။

"ဂျလောက်!"

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

လုရွှမ်ရဲ့ နှလုံးခုန်သံနဲ့အတူ သူနှင့်ဆန့်ကျင်ဘက်က လူသုံးယောက်လည်း ရုတ်တရက် တစ္ဆေတစ်ကောင် မြင်လိုက်ရသလိုမျိုး ရုတ်တရက် ပြန်ခုန်သွားကြသည်။ သူတို့ရဲ့ လှုပ်ရှားမှုများ မြန်လွန်းပြီး တုံ့ပြန်မှုများသည် အလွန် ထိလွယ်ရှလွယ်သဖြင့် ကောင်းကင်ဘုံသခင် နယ်ပယ်က အကြီးအကဲ အများအပြားကိုပင် ရှက်သွား​စေနိုင်သည်။

လုရွှမ် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ဒါက သူ့အပြစ် ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ယင်စွမ်းအင်ကိုးစင်းက သူ့အသွင်အပြင်ကို ဖမ်းစားထားပေမယ့် ယင်အလောင်း တော်တော်များများကိုလည်း စွဲဆောင်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူတို့ပတ်ဝန်းကျင်သည် အလောင်းကောင်များ တစ်ခုပြီးတစ်ခု ယိုယွင်းပျက်စီးနေသော အရိပ်အယောင်များဖြင့် ပြည့်နှက်လာသည်။

လော့ကျုံး သာမက ယင်အလောင်းကောင် ဖြစ်သွားတဲ့လူလည်း လုရွှမ် အနည်းငယ် သတိထားမိသလောက်ဆို သူ့ပတ်ဝန်းကျင်မှာ ယင်အ​လောင်းကောင်ပေါင်း တစ်ရာကျော် ထူထပ်စွာ ပြည့်ကျပ်နေပါပြီ။

အာရုံခံစားနိုင်သည့်အထဲ ၎င်းတို့၏ ကျင့်ကြံမှု အဆင့်သည် ကောင်းကင်ဘုံသခင်မှ သူတော်စင်နယ်ပယ် အထိဖြစ်သည်။ အခု သူတို့ကို ဝန်းရံထားရုံသာမက ကောင်းကင်ဘုံသခင် သုံးပါးကိုလည်း ဝိုင်းရံထားကြသည်။

"မင်းတို့ထဲက တစ်ယောက်မှ မလှုပ်နဲ့... ငါဒါတွေကို ဂရုစိုက်လိုက်မယ်"

လုရွှမ်က မိန်းကလေး သုံးဦးထံ ဦးစွာ လှည့်ပြောလိုက်သည်။ သူသည် သူ့လက်ဖဝါးနှင့် အင်အားသုံးကာ ယွမ်ယန်ကျင့်စဥ် စွမ်းအားလှိုင်းများကို မိန်းကလေးသုံးယောက်ရဲ့ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွား​စေသည်။

ယခင်က စိတ်ဝိညာဉ်မီး​တောက်နှင့် နှိုင်းယှဉ်ပါက ယွမ်ယန်ကျင့်စဥ်၏ စွမ်းအင်သည် ယောက်ျားဆန်ပြီး ပျော့ပျောင်းခြင်း မရှိပေ။ မိန်းကလေး သုံးဦး၏ ခန္ဓာကိုယ်အတွင်း၌ အသက်ရှုသံများ လှုပ်ခါသွားကာ အထူးသက်တောင့်သက်သာ ဖြစ်သွားသလို ခံစားခဲ့ရသည်။

ထို့အပြင် ကျင့်စဥ်အဆင့် ကွာခြားမှုကြောင့် မိန်းကလေး သုံးယောက်ရဲ့ ကျင့်ကြံမှု စွမ်းရည် သုံးခုသည် ယွမ်ယန်စွမ်းအင်ဆီသို့ ရောက်ရှိလာပြီး ယွမ်ယန်စွမ်းအင်၏ အရိပ်အမြွက်ကို တဖြည်းဖြည်း ရရှိလာခဲ့သည်။ လုရွှမ်လည်း အခုလေးတင်မှ သဘောပေါက်ခဲ့ရတဲ့ အရာတစ်ခုပဲ ဖြစ်ကာ အမျိုးသမီး သုံးယောက်ကလည်း ဒါကို တဖြည်းဖြည်း သဘောပေါက်သွားပြီး သူတို့ရဲ့ အနာဂတ် တိုးတက်မှုအတွက် ကြီးမားတဲ့ အကူအညီတွေ ပေးစွမ်းနိုင်ကြောင်း နားလည်လာကြ၏။

"သွား!"

လုရွှမ်ရဲ့ နှလုံးခုန်သံကြောင့် ယင်စွမ်းအင်ကိုးစင်းရဲ့ စွမ်းအင်ဘောလုံးသည် တစ်ဖက်က သုံးယောက်ဆီသို့ ပြေးဝင် ပေါက်ကွဲသွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်အတွင်းရှိ ယွမ်ယန်ကျင့်စဥ်သည် စွမ်းအားအပြည့်ဖြင့် လည်ပတ်နေပြီး ကောင်းကင်မီးတောက်ကလည်း ပြင်းထန်စွာ လောင်ကျွမ်းသွားခဲ့သည်။

လုရွှမ်သည် ဤအချိန်တွင် နေလုံး​လေးကဲ့သို့ အဝေးမှ အလင်းရောင်ကို ထုတ်လွှတ်ထားသည်။ သူက မိန်းကလေး သုံးယောက်ကို ဆွဲထုတ်လိုက်ရာ ၎င်းတို့၏ ခန္ဓာကိုယ်သည် လေထဲသို့ ပျံတက်သွားကာ ခြေထောက်အောက်မှ လေများ တဖျပ်ဖျပ်ခတ်လျက် အခန်းတွင်းမှ လျစ်ကနဲ ပြေးထွက်လာကြသည်။

ကောင်းကင်ဘုံသခင် လူသုံးဦးသည် တောက်ပသော အလင်းရောင်ကို ခံစားလိုက်ရပြီး ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။ ရုတ်တရက် လုရွှမ် မိန်းကလေး သုံးယောက်နှင့်အတူ ထွက်သွားတာကို မြင်လိုက်ရသဖြင့် အမြန်လိုက်ချင်သည်။

တတိယအကြီးအကဲက အလွန် လျင်မြန်စွာ တွေးခေါ်တတ်သူ ဖြစ်သည်။ လုရွှမ်က သူ့ရှေ့တွင် မှန်ကန်စွာ လုပ်နေသည်ကို သူမြင်သော်လည်း တုံ့ပြန်ခြင်း မပြုနိုင်သေးပေ။ အသက်ရှင်ကျန်ရစ်ရန် အခွင့်အလမ်းဟုခေါ်သည်မှာ လုရွှမ်နောက်သို့ လိုက်ကာ ထွက်လမ်းကို ရှာဖွေခြင်းပဲ ဖြစ်သည်။

သူသည် အမြန် အမီလိုက်ချင်ပေမယ့် အလွန်အေးစက်သော အငွေ့အသက် တစ်ခုက တရစပ် တိုက်ခိုက်လာခဲ့သည်။ ရောင်ဝါက ပြင်းထန်လွန်းပြီး အေးလွန်းသဖြင့် ရုတ်တရက် သူ့နံ​ဘေးက လေထဲ တစ်ဝိုက်တွင် အေးစက်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ လုရွှမ်ရဲ့ အရိပ် အခန်းတွင်းမှ ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်သည်လည်း တစ်ဖန် အမှောင်ထဲသို့ ထိုးကျသွားပြန်သည်။

တစ်စုံတစ်ခုကို ဝါးစားနေတဲ့ အသံတွေ၊ ဆွေးမြေ့နေတဲ့ အနံ့တွေက နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် သူတို့သုံးယောက်ဟာ ယင်အလောင်းကောင်ရဲ့ စက်ဝိုင်းထဲမှာ ပိတ်မိနေတယ်ဆိုတာ သိပြလေ၏။

တတိယအကြီးအကဲသည် ထိုကလေး လုရွှမ် လှည့်စားသွားကြောင်း သဘောပေါက်ကာ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

ဒါပေမယ့် ဒီအချိန်မှာ သူ ထွက်သွားချင်ရင်တောင် တခြားနည်းလမ်းကောင်း မရှိတော့ပေ။

ဤအခိုက်အတန့်တွင် သူသည် တခြားသူများကို ဂရုမစိုက်နိုင်တော့ပေ။ တတိယအကြီးအကဲက အကြီးအကဲ၈ကို ဘယ်လက်နှင့် အကြီးအကဲ၉ကို ညာလက်ဖြင့် ဖမ်းကိုင်ကာ သူတို့နှစ်ဦး၏ အသက်စွမ်းအင်ကို ချုပ်နှောင်ပစ်လိုက်ပြီး လက်နက်အဖြစ် သဘောထားကာ လွှင့်ပစ်လိုက်သည်။ သူတို့ ပတ်ပတ်လည်မှ အင်အားက တကယ်ပဲ အခန်းထဲမှ ထွက်လာလေ၏။

အကြီးအကဲ နှစ်ယောက်မှာ သူတို့ လေးစားရတဲ့ အစ်ကိုက အရေးကြီးသော အခိုက်အတန့်တွင် သူတို့အား လုပ်ကြံလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ၎င်းတို့ကို လက်နီ​ကြီးဖြင့် ဖမ်းကာ ယင်အလောင်းကောင်များ၏ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံ​စေခဲ့သည်။ အအေးဓာတ်က သူတို့ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

All Chapters