← Chapters

နတ်ဆိုးအလောင်းက ရွေ့လျားနေပြီ

Vol. 63 Ch. 452.4

နတ်ဆိုးအလောင်းက ရွေ့လျားနေပြီ

Vol. 63 Ch. 452.4

သူတို့နှစ်ယောက်လုံး စကားလုံးဝ မပြောကြဘဲ တစ်ဖက်လူများ၏ အသက်စွမ်းအင်များကို ထိန်းချုပ်ကာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော အေးခဲမှုကိုသာ ခုခံ​နေရသည်။ သူတို့၏ စိတ်ဝိညာဉ်များသည် တဖြည်းဖြည်း အေးခဲလာပြီး တိတ်ဆိတ်သွားကာ နောက်ဆုံးတော့ ယင်အလောင်းလောင် အဖြစ်သို့ ပြောင်းလဲသွားကြသည်။

လုရွှမ်သည် မိန်းကလေး သုံးယောက်နှင့်အတူ ကုန်းပတ်ပေါ်သို့ ပြေးတက်သွားကာ ပါးစပ်မှ ခရမ်းရောင် မီးတောက်များကို ဖြန်းခနဲ ဖြန်းခနဲ လွှတ်ထုတ်လိုက်သည်။ ထို့အတူ အလွန်နူးညံ့ပြီး နွေးထွေးမှု အပြည့်ရှိသော အဖြူရောင် အလင်းတန်းလေး တစ်ခုကိုပါ ပတ်ဖြန်းလိုက်သည်။

သူ့ပတ်ဝန်းကျင်က အေးစက်တဲ့ လေထုက မြန်မြန်ဆန်ဆန် လမ်းကြောင်း ပြောင်းသွားစဥ် သူတို့လည်း အမြန် လမ်းကို လျှောက်သွားလိုက်သည်။

"သွားကြရအောင်!"

မိန်းကလေး သုံးဦးသည် ရပ်တန့်ရန် မဝံ့မရဲဖြစ်ကာ ​နောက်ကလိုက်ရန် အသက်ဝဝ ရှုသွင်းလိုက်သည်။

ရုတ်တရက် အားကြီးသော စွမ်းအားတစ်ခု အနောက်မှ ပြေးထွက်လာခဲ့သည်။ လုရွှမ် နောက်ပြန်လှည့်ကြည့်ရာ အလောင်းကောင်များကြားမှ ပြေးထွက်လာသော တတိယအကြီးအကဲကို တွေ့လိုက်ရသည်။

ဤအခိုက်အတန့်တွင် တတိယအကြီးအကဲရဲ့ မျက်နှာသည် အပြာရောင် ပြောင်းလဲနေကာ သူ့ခန္ဓာကိုယ်ထဲသို့ အအေးဓာတ်များ ဝင်ရောက်ထားသည့် လက္ခဏာတစ်ခုကို ပြသနေ၏။

ဒီလူယုတ်မာရဲ့ လှည့်စားမှုကို ခံလိုက်ရလို့ ဒေါသတွေ အပြည့်နဲ့ ပြေးထွက်လာခဲ့တာ ဖြစ်သည်။သူက ညီအကိုနှစ်ယောက်ကို ကြံစည်ခဲ့သော်လည်း ထိုလူနှစ်ယောက်သည် ရက်စက်ကြမ်းကြုတ်စွာ သေရမည်ဟု မထင်ထားတာတောင် သူတို့ခန္ဓာကိုယ်ထဲသို့ အအေးဓာတ်များ ဝင်ရောက်လာတာကို မငြင်းဆန်တော့ဘဲ ကြောက်မက်ဖွယ်ရာ အေးစက်သော လေကိုပင် ပြင်းပြင်းထန်ထန် စုပ်ယူလိုက်​ကြ​သေးသည်။

သူတို့ရဲ့ အလောင်းများကတဆင့် အအေးဓာတ်က သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်။

သူ့ခန္ဓာကိုယ်က ဒီလောက် အေးစက်နေတဲ့ ခံစားချက်မျိုးကို တစ်ခါမှ မခံစားဖူးဘူး။ အသက်ရှုထုတ်တာကို မပြောဘဲ သူ့ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေတဲ့ စွမ်းအားတွေကတင် အလွန်အမင်း အေးစက်နေသလို ခံစားနေရသည်။

လုရွှမ် တကယ် ပြေးထွက်သွားတာကို မြင်လိုက်ရမှတော့ သူက ဘယ်လိုလုပ် ဒီမှာ ပုန်းအောင်းနေနိုင်ပါ့မလဲ။

လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ ဒီကောင်က တကယ်ကို အံ့သြစရာကောင်းတာပဲ။ တကယ်ပဲ သူ့ကိုတောင် ရိုက်ထုတ်နိုင်ခဲ့တယ်။

ယခုအချိန်တွင် လုရွှမ်သည် တတိယ အကြီးအကဲကို ယင်အလောင်း​​ကောင်များ လျင်မြန်စွာ လိုက်ဖမ်း​နေတာကို မြင်ရပြီး ထိုအထဲက ခေါင်းဆောင်နှစ်ဦးမှာ ယခင်က ကောင်းကင်ဘုံသခင် နှစ်ဦးပဲ ဖြစ်​လေသည်။

ကောင်းကင်ဘုံသခင် နှစ်ပါး၏ မျက်လုံးများတွင် ရန်လို​နေသော အကြည့်ကို မြင်လိုက်ရသောအခါ လုရွှမ် ရုတ်တရက် နားလည်သွားခဲ့၏။ ဒီလူကြီး မြန်မြန်ဆန်ဆန် လွတ်မြောက်နိုင်ခဲ့တာ အံ့သြစရာ မရှိပါဘူး။ ညီအကိုနှစ်ယောက်ကို နင်းကျောက်အဖြစ် အသုံးပြုခဲ့တာပဲ။ ရက်စက်လိုက်တာကတော့ ကြောက်စရာ ကောင်းလောက်အောင်ပါပဲ။

ဖီးနစ်နတ်မီးသည် ရုတ်တရက် လွင့်ထွက်လာပြီး အနောက်ဘက်သို့ ဆက်လက် ရိုက်ခတ်သွားကာ တတိယ အကြီးအကဲ၏ ထိုးထွက်လာမှုကို ပိတ်ဆို့ထားလိုက်သည်။

သူ့ကို သတ်ပစ်ဖို့ မလိုပါဘူး။ သူ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ ပိတ်ဆို့ထားသရွေ့ ယင်အလောင်းကောင်တွေက ဒီလူကြီးကို ဖယ်ထုတ်ဖို့ သဘာဝအတိုင်း ရောက်လာလိမ့်မယ်လေ။

"ဖီးနစ် နတ်မီး?"

တတိယအကြီးအကဲက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

လက်လှမ်းမမှီခဲ့သော မီးတောက်လေးများက သူ့ရှေ့မှာ စွန်းထင်းနေသည်။ လုရွှမ်နဲ့ ပတ်သက်ပြီး အထူး နာမည်ကြီးသော မြို့သခင်စံအိမ်ရဲ့ စစ်ဆေးမှု အခန်းတွေထဲက စစ်ဆေးမှုများစွာကို သူတွေ့တာကြောင့် အချိန်အတော်ကြာ စူးစမ်းလေ့လာခဲ့သည်။

စိတ်ဝိညာဉ် မီး​တောက်သည် ထူးဆန်းသော မီးစာရင်းတွင် တတိယအဆင့်ရှိပြီး အလွန်အစွမ်းထက်သော်လည်း ၎င်း၏အဆင့်မှာ နိမ့်လွန်းပြီး ၎င်းသည် ကောင်းကင်ဘုံသခင် အတွက် ခြိမ်းခြောက်မှု မရှိတာကြောင့် သူလည်း သဘာဝကျကျ အလေးအနက် မထားခဲ့ပေ။

လုရွှမ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း ယင်အလောင်းကောင် လက်ထဲက ထွက်ပြေးဖို့ နှောင့်နှေးသွားမည်ကို စိုးရိမ်သဖြင့် သူ့နည်းသူ့ဟန်ဖြင့် တိုက်ရိုက်ခုခံခဲ့သည်။ သို့သော် မီးတောက်က သူ့လက်နှစ်ဖက်ကို ပတ်ပြီး လောင်ကျွမ်းသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။

သူတော်စင် စွမ်းအားရဲ့ ပြင်းထန်သော ဖိအားတစ်ခုက မီးတောက်များကို မငြိမ်းသတ်နိုင်ကြောင်း ထိုအခါမှသာ သူသဘောပေါက်သွားခဲ့သည်။

ယခင်က လေလံပွဲတစ်ခုမှာ လုရွှမ်ဟာ လေလံပစ္စည်းတစ်ခုကို ဝယ်ယူခဲ့ပြီး ရက်အနည်းငယ်အတွင်း ရုပ်ကြွင်းကို ဖြိုခွဲကာ ဖီးနစ်နတ်မီးကို အမှန်တကယ် ရရှိသွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားနိုင်ခဲ့ကြတာတော့ အမှန်ပင်။

အရမ်းမိုက်တယ် ဆိုပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူလုံးဝမယုံနိုင်ဘူး!

ဒါပေမဲ့ ဒီအချိန်မှာတော့ သူ မယုံနိုင်လောက်အောင် ဖြစ်နေလည်း အသုံးမဝင်တော့ပါဘူး။

လက်ရှိ ဖီးနစ်နတ်မီးရဲ့ အဆင့်က နည်းနည်းနိမ့်နေသေးပြီး သူ့အတွက် ခြိမ်းခြောက်မှု များများစားစား မပေးနိုင်သေးချေ။ ခက်တာက အခု အအေးဓာတ်က သူ့ခန္ဓာကိုယ်ထဲကို ဝင်လာပြီး သူ့ရဲ့ လေးနက်တဲ့ စွမ်းအင်တွေကို လည်ပတ်ဖို့ ခက်ခဲနေတော့ ဒီထူးဆန်းတဲ့ မီးကို ငြိမ်းသတ်ဖို့ အရမ်းခက်နေသည်။ အေးစက်နေတဲ့ အချိန်မှာတော့ ဒီမီးတောက်ဟာ ညကောင်းကင်မှာ တောက်ပတဲ့ အလင်းရောင် တစ်ခုလိုပင်။ ယင်အလောင်းကောင်များ အားလုံးကို ဆွဲဆောင်သွားကာ အလောင်းကောင်များက အချင်းချင်း တိုးဝေ့ကာ ပြေးသွားကြသည်။

အအေးဓာတ်နှင့် ပြည့်နှက်နေသော ယင်အလောင်းကောင်များ၏ အနောက်မှ ပြင်းပြင်းထန်ထန် စုပ်ယူမှုတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကို ဝင်ရောက်လာကာ နောက်ထပ် အေးစက်သွားစေသည်။

လုရွှမ်သည် ဖီးနစ်နတ်မီး ဘောလုံးများကို အနောက်ဘက်သို့ ဆက်လက် ပစ်လွှတ်နေသဖြင့် တတိယအကြီးအကဲ၏ ရှက်ကိုးရှက်ကန်း မျက်နှာကို သူ့မျက်လုံးများဖြင့် သေချာ မြင်နေရလေသည်။

တတိယအကြီးအကဲလည်း မခုခံရဲပေ။ ခုခံသောအခါတွင် သူ့အရှိန်က ချက်ချင်းကျဆင်းသွားသည်။

လေးနက်သော စွမ်းအင်များ လည်ပတ်မှုမှာ တဖြည်းဖြည်း နှေးကွေးလာသည်။ တခဏတာမျှဖြင့် သူ့ခန္ဓာကိုယ်ထဲက မီးစွမ်းအင်ကို မငြိမ်သက်နိုင်ကြောင်း ခံစားလိုက်ရကယ အတွင်းမှ အအေးဓာတ်ကလည်း ဖြာထွက်လာပြီး သူ့စိတ်ဝိညာဉ်ပင် အေးခဲသွားသည်။

ခန္ဓာကိုယ်က အခြေအနေ မဟန်တော့ချေ။ အပြင်မှာ အေးပြီး အတွင်းထဲမှာ ပူနေတော့ ဘယ်လောက်တောင် နာကျင်ရတယ် ဆိုတာ မပြောတတ်တော့ပေ။

တတိယ အကြီးအကဲ အနောက်က ယင်အလောင်းကောင် နှစ်ကောင်က သူ့ခြေထောက်ကို ဖမ်းဆွဲလာခဲ့သည်။ သူတို့ကတော့ အကြီးအကဲ၇နဲ့ ၈ ​ဖြစ်ကာ အခုတော့ နှစ်ယောက်သားက အသွင်ပြောင်း ယင်အလောင်းကောင်တွေ ဖြစ်သွားပြီ။ သူတို့နှစ်ဦးသည် သူတို့၏ဘဝတစ်လျှောက်တွင် အတွေးဆိုးများကို ထိန်းသိမ်းထားပုံရပြီး သူတို့၏အမုန်းတရားများသည် သိသိသာသာ အေးခဲသွားကာ တတိယအကြီးအကဲရဲ့ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။

"အား.... ဒါက ဘာကြီးလဲ!! ဘာလို့ ဒီလောက်ထိတောင် ကြောက်စရာကောင်း​နေတာလဲ?"

လူလေးယောက်ဖြစ်တဲ့ လုရွှမ် နဲ့ တခြားသူတွေကတော့ ဒီမှာ မနေချင်ကြ​တော့ပါဘူး။ တတိယ အကြီးအကဲ သေတဲ့အထိ မျက်စိမှိတ်ဖို့ ငြင်းဆန်နေရင်တောင် သူတို့နဲ့ ဘာမှမဆိုင်ချေ။

အမှန်မှာ ယင်စွမ်းအင်ကိုးစင်း ဘယ်လောက် အစွမ်းထက်တယ် ဆိုတာကို အကဲစမ်းချင်တဲ့ တတိယအကြီးအကဲရဲ့ အပြစ်လည်း ပါ​လေ​သည်။ လုရွှမ် ခံနိုင်ရည်ရှိရခြင်း အကြောင်းရင်းမှာ ပထမအချက် သူသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးနှင့် အစွမ်းထက်ဆုံးဖြစ်သော ယွမ်ယန်ကျင့်စဥ်ကို လေ့ကျင့်ခဲ့ပြီး၊ ဒုတိယအချက်မှာ သူသည် သူ၏စိတ်နှလုံးထဲက ဆန္ဒမီးက ကြီးမားလှလို့ပင်။ ဆိုရိုးစကားအတိုင်း လူသည် သန်မာနိုင်သည်။ ​​ပြင်းထန်တဲ့ အလိုဆန္ဒ မရှိသူသည် စိတ်နှလုံးထဲ အရှုပ်အထွေးတွေ ရှိနေပါက အောင်မြင်ဖို့ မဖြစ်နိုင်ပေ။

ယင်စွမ်းအင်ကိုးစင်းသည် ကမ္ဘာ့ အအေးဓာတ်တွေအနက် ပထမနေရာ ရထားရခြင်း အကြောင်းရင်းမှာ ၎င်းသည် အနှစ်တစ်သောင်း အနက်ရောင် ရေခဲများနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်သောကြောင့် ဖြစ်သည်။ အေးစက်နေသော ပြင်ပအရာများ သာမက စိတ်ဝိညာဉ်ကိုပါ အေးခဲသွားစေသော ထူးခြား ဆန်းကြယ်သည့် အရာတစ်ခု ဖြစ်​ပေသည်။

၎င်းက အတွင်းနတ်ဆိုးများ ကဲ့သို့ပင် တူညီ၏။ ရှင်းရှင်းဆိုရသော် အတွင်းနတ်ဆိုးများထက် ပို၍ကြောက်စရာ ကောင်းသည်။ သို့သော် အတွင်းနတ်ဆိုးများသည်ပင် မရဏကမ္ဘာမှ မွေးဖွားလာကြတဲ့ စွမ်းအင်မျိုး ဖြစ်လေသည်။

တတိယအကြီးအကဲရဲ့ နှလုံးက အားနည်းလာကာ ယင်စွမ်းအင်ကိုးစင်းက သူ့နှလုံးသားကို ပွင့်လာသည်အထိ စတင် လုပ်ဆောင်နေခဲ့သည်။ သူ့နှလုံးသားထဲက အမှောင်ထုနှင့် အကြောက်တရားများက ထိုစွမ်းအင်များကို အလိုအလျောက် မျိုချကာ ပိုမိုအားကောင်းလာရင်း ၎င်း၏စွမ်းအားသည် သဘာဝအတိုင်း တိုးမြင့်လာခဲ့သည်။

အတွင်းမှ အပြင်သို့ တိုက်ခိုက်ခြင်းသည် အဝေးမှ တိုက်ခိုက်ခြင်းထက် ပိုမိုပြင်းထန်ပြီး ထိခိုက်မှုမှာလည်း ပိုမိုပြင်းထန်သည်။ တစ္ဆေသင်္ဘောက ဘယ်လို နေရာမျိုးလဲ။ အစကတည်းက အင်မတန် ဆိုးရွားလွန်းတဲ့ နေရာတစ်ခုပင်။ ယင်ချီက ခန္ဓာကိုယ်ထဲ ဝင်ရောင်လာသည်နှင့် ယင်စွမ်းအင်ကိုးစင်းက အတွင်းရော အပြင်ရော နှလုံးသားကိုပါ တိုက်ခိုက်လာစေနိုင်သည်။ ဆိုလိုသည်မှာ တတိယအကြီးအကဲသည် ကောင်းကင်ဘုံသခင် စွမ်းအားကို ပိုင်ဆိုင်ထားတာကြောင့် အနည်းငယ် ခံနိုင်ရည် ရှိနေခဲ့တာပဲ ဖြစ်သည်။

သာမာန်သူတော်စင် တစ်ဦးသာဆိုလျှင် ယင်စွမ်းအင်ကိုးစင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါတွင် သူသည် သူ့စွမ်းရည်ကို အသုံးချနိုင်တော့မည် မဟုတ်ပေ။

အကြီးအကဲ ၇နှင့် ၇တို့သည် ယုတ်ညံ့သော အူသံများကြားတွင် တတိယ အကြီးအကဲကို တစ္ဆေသင်္ဘောထဲကို ပြန်ဆွဲထုတ်သွားခဲ့လေသည်။

သူ့နောက်ကွယ်က အကျပ်အတည်းက ပျောက်ကွယ်သွားတယ်လို့ ခံစားလိုက်ရပြီး တတိယ အကြီးအကဲ နောက်ဆုံးမှာတော့ သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရမှ လုရွှမ်လည်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"အဆင်ပြေကြလား?"

လုရွှမ် လှည့်မေးလိုက်သည်။

ယွမ်ယန်စွမ်းအင် နောက်ထပ် စီးကြောင်းက လက်မောင်းကို ဖြတ်သွားကာ မိန်းကလေး သုံးဦးသည် သူမတို့၏ မျက်နှာပေါ်တွင် နီရဲနေသော အရိပ်အယောင်များဖြင့် ထပ်ခါတလဲလဲ ခေါင်းညိတ်ကြသည်။

ယခုအချိန်အထိ သူတို့အားလုံး မယုံနိုင်ခဲ့ကြပေ။ လုရွှမ်သည် တစ္ဆေသင်္ဘောပေါ်တွင် ကောင်းကင်ဘုံသခင် သုံးယောက်ကို ချောင်ပိတ် သတ်ပစ်ခဲ့ပြီး မဟာသူတော်စင် ခုနစ်ယောက် ရှစ်ယောက်ကိုလည်း သတ်ခဲ့သည်။

ဒီစကားတွေကို ပြောပြရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။

ဒါပေမဲ့ သူတို့ကတော့ ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့ရလေသည်။

"ကောင်းပြီ!"

လုရွှမ် တစ်ခုခုပြောဖို့ ပြင်လိုက်ပေမယ့် သူ့မျက်ခုံးတွေက တွန့်ချိုးသွားခဲ့သည်။ လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ အခန်းရဲ့ အောက်ခြေမှာ နစ်မြုပ်နေတဲ့ ကြောက်စရာကောင်း သတ္တဝါကြီး ထွက်လာတော့မှာတော့ မဟုတ်ဘူးမလား။

အဓိပ္ပာယ် မရှိတာတော့ မဟုတ်ပေ။ စုဆောင်းထားသော ယင်အလောင်းကောင် အရေအတွက် တိုးလာပြီး သူ့ရဲ့ ခွန်အားတွေ ပြန်လည် ရရှိသွားတာကြောင့်များ ဖြစ်နိုင်သလား။

အကျပ်အတည်းတွေ ကြုံလာတဲ့အခါ လုရွှမ်ဟာ အမြဲတမ်း အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးသားပင်။

ရုတ်တရတ် ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ အသံက ခံ့ညားလှသော်လည်း လူတို့ရဲ့ နှလုံးသားကို ပျက်စီးစေသည့် ယုတ်မာမှုအပြည့်ရှိသည်။ ဒါ့အပြင် အော်ဂလီဆန်သော အနံ့ကြောင့် မိန်းကလေး သုံး​ယောက်စလုံး တစ်ပြိုင်နက်တည်း အော့အန်ကြလေ၏။

All Chapters