← Chapters

ညှိနှိုင်းခြင်း

Vol. 63 Ch. 453.4

ညှိနှိုင်းခြင်း

Vol. 63 Ch. 453.4

လုရွှမ်သည်လည်း သူ့ကိုယ်တွင်းအင်္ဂါများ ပြင်းပြင်းထန်ထန် လိမ်နေသကဲ့သို့ ခံစားလိုက်ရသည်။ ဟောက်သံ ပြင်းထန်လာသည်နှင့်အမျှ နာကျင်ကိုက်ခဲသော ခံစားမှုသည်လည်း လျင်မြန်စွာ တိုးလာ၏။

"အင့်"

နာကျင်မှုကို ထိန်းထားရင်း လုရွှမ် နဂါးတစ်ကောင်လို ညည်းလိုက်သည်။

စိမ်း​ပြာနဂါး၏ နှလုံးစွမ်းအက်များ ဖောင်းကားလာပြီး စိမ်းပြာရောင် နဂါးစွမ်းအင်များက စမ်းချောင်းများကဲ့သို့ သူ့နှလုံးသားမှ လွင့်ထွက်သွားသည်။ သူ့နောက်မှ နဂါးအရိုးများသည်လည်း စစ်ဗုံကို တီးနေသကဲ့သို့ တုန်ခါနေလေသည်။

သူ့ခန္ဓာကိုယ်တွင်းရှိ နဂါး၏ အရွတ်များသည် တင်းမာနေပြီး ကျယ်လောင်စွာ အော်ဟစ်နေရင်း ကြွက်သားများ တုန်လှုပ်သွားကာ ရင်ဘတ်အတွင်းပိုင်းမှ ပြင်းထန်သော ခံစားချက်ကို ထိန်းညှိပေး​နေသည်။

စိမ်းပြာနဂါးရဲ့ ကျယ်လောင်သော ဟောက်သံကြောင့် နာကျင်ခြင်း မရှိတော့ဘဲ သူ့ရင်ဘတ်သည် ကြီးကျယ်ခမ်းနားသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ လုရွှမ် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး အရှိန်နဲ့ လှမ်းထွက်လာစဥ် စိမ်းပြာနဂါးကြီးရဲ့ အရိပ်အယောင်က သူ့အနောက်မှာ ဟောက်သံတစ်ခုနှင့် ထွက်ပေါ်လာသည်။ အသံက အလွန်ကျယ်လောင်ရာ နားမကြားသူပင် ကမ္ဘာကြီးကို တုန်လှုပ်သွားစေတာကြောင်း ခံစားမိနိုင်သည်။

အစောတုန်းက ပြေးထွက်လာတဲ့ စွမ်းအင်များကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်သည်။

မိန်းကလေး သုံးဦး၏ ခန္ဓာကိုယ်များသည် မတည်မငြိမ်ဖြစ်ကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ လုရွှမ် သူတို့အား အမြန်ထောက်ကူက တည်ငြိမ်စေခဲ့သည်။ သူတို့မျက်နှာတွေက ဖြူဖျော့​နေပြီး သိပ်အဆင်မပြေသလိုပါပဲ။

နတ်သမီးကျင်းဟုန်သည် အခြားအမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်အတွင်း အသက်စွမ်းအင် တချို့ကို ပြန်လည်ဖြည့်တင်းရန် အတွက် သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို လျင်မြန်စွာ အသုံးပြုခဲ့သည်။ အမျိုးသမီး သုံးဦးသည် အနည်းငယ် တည်ငြိမ်လာသောအခါ တစ္ဆေသင်္ဘောကို ထိတ်လန့်သော အမူအရာဖြင့် ကြည့်နေလိုက်၏။

"သူက ငါတို့ကို မသွားစေချင်ဘူး"

လုရွှမ်က ဆိုလိုက်သည်။

ရုတ်တရက် သူ့အသံက ကျယ်လောင်လွန်းပြီး

"အဘိုးကြီး ခင်ဗျားက တွန့်တိုလွန်းတယ်.... ကျုပ်က ခင်ဗျားကို အခွင့်ကောင်းယူခဲ့ပေမယ့် ခင်ဗျားကို သွေးနဲ့ အစားအသောက်တွေ အများကြီး ယူလာပေးခဲ့တယ် မဟုတ်လား? ဘာလို့ လောဘကြီးနေသေးတာလဲ?"

မိန်းကလေး သုံးယောက်က လုရွှမ်ကို ဒေါသတကြီး ပြုံးကာ ကြည့်လိုက်သည်။

"အဆင်ပြေပါတယ် သူ မကြားနိုင်ပါဘူး"

စကားမဆုံးခင်မှာ ဆွဲဆောင်မှုရှိတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။ အသံက ကျယ်ပြောပြီး ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေ၏။

"ကောင်လေး... မင်းသွားချင်ရင် သွားလို့ရပေမယ့် အဲဒီကောင်မလေးကို ထားခဲ့ရမယ်!"

လေထုထဲတွင် မြူခိုးများက လျင်မြန်စွာ ပြောင်းလဲသွားပြီးနောက် မိန်းကလေး၏ အသွင်အပြင် ပေါ်လာသည်။ ၎င်းမှာ နတ်သမီး ကျင်းဟုန်ပဲ ဖြစ်​လေသည်။

နတ်သမီး ကျင်းဟုန်ရဲ့ မျက်နှာသည် ဖြူဖျော့သွား၏။ မပေါ်လွင်သော ဤလျှို့ဝှက်ဆန်းကြယ်သော လူသည် သူမကို ဘာကြောင့်များ လိုချင်နေရတာလဲ။

လုရွှမ်ကလည်း အော်ဟစ်လိုက်ပြီး

"အဘိုးကြီး...ခင်ဗျား သူ့ကို သိမ်းထားချင်ရင် အခုမေ့လိုက်ပါ.... ခင်ဗျားက သူ့ခန္ဓာကိုယ်ထဲက သစ်သားဒြပ်စင် နတ်ပုတီး​စေ့ကို လိုချင်နေတာ မဟုတ်ဘူးလား? မဖြစ်နိုင်ဘူး ကျုပ်တို့လည်း သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို လိုအပ်တယ်"

နောက်ထပ် ဟောက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ၎င်းက ဆက်ပြောလာသည်။

“သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို မပေးဘူးဆိုရင် မင်းတို့အားလုံး ထွက်သွားဖို့ မစဉ်းစားနဲ့တော့”

"လူကြီး.... ခင်ဗျား ဘယ်လောက် မာနကြီးတယ်ဆိုတာ မပြောတော့ပါဘူး... ယုံချင်ယုံ မယုံချင်နေ ခင်ဗျားရဲ့ တစ္ဆေသင်္ဘောကြီးကို မီးရှို့ဖျက်စီးလိုက်လို့ ရတယ်... ကျုပ်ရဲ့ခွန်အားကို ခင်ဗျားလည်း မြင်ပြီးပြီပဲ..."

"ကောင်လေး မင်းမှာ အလားအလာတွေ ရှိနေတာတော့ အမှန်ပဲ...ယင်းယန်ကို မင်းရဲ့ခန္ဓာကိုယ်ထဲမှာ တစ်ပြိုင်တည်း စုရုံးအောင် လုပ်နိုင်တာက အံ့သြစရာကောင်းတယ်... ဒါပေမဲ့ မင်းငါ့ရဲ့ တစ္ဆေသင်္ဘောကို ဒီနည်းနဲ့ ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား? မင်းရဲ့စွမ်းဆောင်နိုင်ရည်တွေကို လွန်လွန်ကဲကဲတွေ တွက်ဆနေတာပဲ"

လုရွှမ် ရယ်မောပြီး ခရမ်းရောင် ကောင်းကင်မီးကို ပစ်ဖို့ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး

"ဒါဆို ဒီကောင်ကရော?"

သူပြောသည့်အတိုင်း ဖီးနစ်နတ်မီးဘောလုံးသည် သူ၏ ဘယ်ဘက်လက်တွင် ပေါ်လာပြီး ညာလက်၌ စိတ်ဝိညာဉ် မီးတောက်က ပေါ်လာ​လေသည်။

ယခင်ဟောက်သံက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလာခဲ့သည်။

"မလုံလောက်ဘူး!"

"ဒါက လုံလောက်သည်ဖြစ်စေ မလုံလောက်သည် ဖြစ်စေ... ငါ့စကားပဲ မင်းစကား မဟုတ်ဘူး"

လုရွှမ် နောက်ဆုံးပြောစရာ ရှိတာကို ပြောပြီးနောက် တုန်လှုပ်ချောက်ချားတဲ့ ဓားသွား ရောင်ဝါက သူ့နောက်ကျောမှာ စူးစူးစိုက်စိုက်နဲ့ ထွက်ပေါ်လာသည်။ သူ့ပုံစံက တိုက်ခိုက်ဖို့ မတွန့်ဆုတ်ဘဲ အချိန်မရွေ့ လုပ်ကြံတော့မယ့် အတိုင်းပဲ။

ကောင်မလေးတွေ အားလုံး အံ့သြသွားကြသည်။ လုရွှမ် ဘာကြောင့် ရုတ်တရက် ဒီလောက်တောင် ရက်စက်သွားမှန်း မသိကြချေ။

"မင်း ငါ့ကို ခြိမ်းခြောက်ချင်နေတာလား?"

"ဟမ့် ခင်ဗျားလည်း ကျုပ်ကို ခြိမ်းခြောက်နေတာပဲ မဟုတ်ဘူးလား? အဘိုးကြီး ခင်ဗျားဘယ်သူလဲ ဆိုတာ ကျုပ် ဂရုမစိုက်ဘူး.... ခင်ဗျား ကျုပ်ကို တိုက်ခိုက်ဖို့ ယုံကြည်မှုရှိလား? မဟုတ်ရင် ကျုပ် နောက်တစ်​ခေါက် ပြန်လာတဲ့အခါ ခင်ဗျားကို ပြာဖြစ်အောင် နှိပ်စက်ပစ်မှာ သေချာတယ်... ဒါက ခြိမ်းခြောက်တာ မဟုတ်ဘူး အမှန်တရားပဲ... ခင်ဗျားကိုကျုပ် ပြောချင်နေတဲ့ အချက်ပဲ"

တိတ်ဆိတ်မှုကြားထဲက မြူခိုးများက ရုတ်တရက် လမ်းပွင့်လာခဲ့သည်။

“ကောင်လေး နောက်တစ်ကြိမ် ငါနဲ့ ထပ်မတွေ့စေနဲ့”

၎င်းက ကြွေးကြော်ကာ အသံတိတ်သွား၏။

"ကောင်းပါပြီ အကြီးအကဲ... ရိုးရိုးသားသား ပြောရရင် ကျုပ်လည်း ခင်ဗျားကို အရှက်မခွဲချင်ပါဘူး။ နောင်မှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေး ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်... ဒါနဲ့ ကောင်းကင်ဘုံသခင် သုံးယောက်ရဲ့ သိုလှောင်လက်စွပ်ကို ယူချင်ပါတယ်"

လက်စွပ်သုံးကွင်းကို မြူခိုးတွေ အလယ်ကနေ ဖောက်ထွက်လာခဲ့သည်။ လုရွှမ်လည်း အမိအရ ဖမ်းပြီး ပြုံးပြုံးကြီးဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

အေးစက်စက် နှာချေသံက သင်္ဘောထဲမှ ဆက်ထွက်လာ၏။

"ကောင်လေး ငါ မင်းကို မှတ်ထားလိုက်ပြီ"

လုရွှမ်ကတော့ ပြုံးပြပြီး သူ့လက်ကို နှုတ်ဆက်လိုက်ဟန်ဖြင့် ဝေ့ယမ်းပြလိုက်သည်။

"သွားရအောင်!"

သူသည် မိန်းကလေး သုံးယောက်ကို အမြန်ခေါ်ဆောင်သွားကာ မကြာမီ မြူခိုးများမှ ထွက်လာနိုင်ခဲ့သည်။ နောက်ဆုံးတွင် ပင်လယ်ပြင်မှ ခွဲထွက်ပြီး လနှင့် ကြယ်များ အပြင်ဘက်တွင် ပြန့်ကျဲနေသော နေရာသို့ ပြန်ရောက်လာခဲ့၏။ ယခင်က ဆိုးရွားသော ရောင်ဝါ အားလုံးကိုလည်း အာရုံ မခံစားနိုင်တော့ပေ။

ကောင်မလေး သုံးယောက်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ဝမ်းသာအားရ ရယ်မောနေကြသည်။

လုရွှမ် သက်ပြင်းတစ်ချက် ချကာ သူမတို့ သုံးယောက်ကို ကြောက်ရွံ့စိတ်ရှုပ်နေသော မျက်နှာဖြင့် ကြည့်လိုက်ပြီး

"ငါအစောတုန်းက သူ့ကို လှည့်စားခဲ့တာ.... ဖြစ်နိုင်ရင် ငါတို့ တိုက်ခိုက်ရမှာ သေချာတယ်...ငါသိသလို သူလည်း နားလည်တယ်"

"လုရွှမ် နင့်မှာ တစ်ဖက်လူကို ထိပ်တိုက်ရင်ဆိုင်ဖို့ နည်းလမ်းရှိလား?"

အောင့်ယွဲ့မှ မေးလိုက်သည်။

သူမ အစောတုန်းက ရောင်ဝါကို အလွန်ရှင်းလင်းစွာ ခံစားခဲ့ရပါသည်။ သူမ လှေပေါ်တက်သောအခါ သူ့အဖေထက်တောင်မှ ကြောက်စရာကောင်းတဲ့ အတွင်းခန်းထဲက အလွန်ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါတစ်ခု ရှိနေတာကို ခံစားခဲ့ရသည်။ ၎င်းသည် နတ်မီးနယ်ပယ် အမြင့်ဆုံးအဆင့်တွင် ဖြစ်နိုင်သလို နတ်မီးနယ်ပယ်ကို ကျော်လွန်ထားတာလည်း ဖြစ်နိုင်၏။

"စိတ်မပူပါနဲ့ ငါသူ့ကို မရိုက်နိုင်ပေမယ့် သူငါ့ကိုသတ်ဖို့ဆိုတာလည်း လုံးဝ မဖြစ်နိုင်ဘူး.... အနည်းဆုံးတော့ ငါတို့က လုံးဝကို ရန်မဖြစ်အောင် နေနေရတာပဲ"

ထိုစကားဖြင့် လုရွှမ် ကျားဖြူလေးကို လွှတ်ပေးလိုက်သည်။

အောင့်ယွဲ့ ဆက်မမေးတော့ပေ။ ဒါက လုရွှမ်ရဲ့ လျှို့ဝှက်ချက်ဆိုတာ သိသာပါ၏။ ဤမျှသေးငယ်ပြီး ဆင်းရဲသော အရပ်တွင် မွေးဖွားလာသော်လည်း ယနေ့အထိ အောင်မြင်နိုင်သည်ဟူသော အချက်မှာ ထိုလျှို့ဝှက်ချက်နဲ့ များစွာသက်ဆိုင်နေရလိမ့်မည်။

"အဲဒီလူသုံးယောက်ရဲ့ သိုလှောင်ကွင်းတွေလား?"

လျှို့ဝှက်ဆန်းကြယ်သော လူနှင့် လုရွှမ့၏ နောက်ဆက်တွဲ စကားပြောဆိုမှုကို ပြန်စဥ်းစားပြီးနောက် သူမတို့ ခဏတာ ရယ်မောနေခဲ့သည်။ မထင်မှတ်ဘဲ ထိုလူသည် လုရွှမ်ရဲ့ တောင်းဆိုမှုကို အမှန်တကယ် ဖြည့်ဆည်းပေးခဲ့သည်။

လုရွှမ် လက်စွပ်သုံးကွင်းကို စစ်ဆေးပြီးနောက် ကျောက်စိမ်းတံဆိပ်ပြာသ တစ်ခုကို ထုတ်ကာ သူ့လက်ထဲတွင် ပေါ့ပေါ့ဆဆ ကိုင်ကြည့်နေလိုက်သည်။

အောင့်ယွဲ့၊ အောင်ရှင်း နှင့် ကျင်ဟုန်တို့က တစ်ပြိုင်နက်တည်း အံ့သြစွာ ဟစ်ဆိုလာကြသည်။

"ကိုယ်ခံပညာ ကျောက်စိမ်းပြား?"

"ဟုတ်တယ်... ထျန်းယိဂိုဏ်းရဲ့ သိုင်းပညာတွေနဲ့ ပတ်သတ်ပြီး ပြဿနာတချို့ ရှိတယ်... သူတို့က ကံကောင်းခြင်းတွေကို ရှာကြံပြီး မကောင်းမှု​တွေကို ရှောင်ရာမှာ အရမ်းထိုးထွင်း သိမြင်တတ်တာမလို့ ဒါကို စစ်ဆေးကြည့်ရင် တစ်ခုခုတော့ နားလည်လောကိတယ်"

"သူတို့သုံးယောက်လုံးက ထျန်းယိဂိုဏ်းရဲ့ အကြီးအကဲတွေပဲ.. အဲဒီထဲမှာ တတိယအကြီးအကဲက ထူးထူးခြားခြား အဆင့်အတန်း ရှိတယ်ဆိုတာ သိသာတယ်... သူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ပစ္စည်းကောင်းတွေ ရှိရမယ်လို့ ထင်နေတာ... အမှန်ပဲကိုး"

"ဟေး.... လက်နက် သန့်စင်ရေး နည်းလမ်း၊ အခင်းအကျင်း ဖွဲ့စည်းမှု နည်းလမ်း၊ သားရဲ ထိန်းနည်း၊ အဂ္ဂိရတ်ပညာတွေ ဟာဟား... ဒီနေ့ကတော့ တကယ်ကောင်းတဲ့ ကောက်ရိတ်သိမ်း နေ့တစ်နေ့ပဲ"

လုရွှမ်က ပြုံးပြီး ဒီအရာတွေကို ကြည့်ပြီးမှ ဘယ်လောက် အဖိုးတန်လဲ နားလည်သွားပါတော့သည်။

ဤအရာများပေါ်တွင် လုရွှမ်သည် ဝမ့်ကျစ်ကမ္ဘာရဲ့ အမှတ်အသား ဖြစ်သော အရာတစ်ခုကို သေချာ မြင်လိုက်ရတာကြောင့် လေလံပွဲတွင် ရောင်းချသည့် ရှားပါးပစ္စည်း တစ်ခုမှန်း သိလိုက်သည်။

ထိုအချိန်တုန်းက လုရွှမ် ထိုအရာများကို မြင်ခဲ့ရသော်လည်း ကံမကောင်းစွာပဲ စျေးနှုန်းကြီးလွန်းလှ၏။ သူသည် ငွေအမြောက်အမြား ကုန်ကျရသည့် ဖီးနစ်အမွေးရုပ်ကြွင်းကို ဝယ်ယူထားပြီးဖြစ်ကာ တခြားလူတွေထံမှ ပိုက်ဆံပြန်ချေးရန် ရှက်ရွံ့​နေခဲ့သည်။ မမျှော်လင့်ဘဲ ထိုအရာများက သူ့လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာခဲ့၏။

All Chapters