တာဝန်
Vol. 63 Ch. 455.4
ယခုအချိန်တွင် လုရွှမ်သည် ယင်စွမ်းအင်ကိုးစင်းကို ထိန်းချုပ်ရာတွင် ပိုမို ကျွမ်းကျင်လာပြီပဲ ဖြစ်သည်။ ယွမ်ယန်ကျင့်စဥ်နဲ့ ယင်စွမ်းအင်ကိုးစင်းကို အလိုအလျောက် ပြောင်းလဲနိုင်ခြင်း မရှိသော်လည်း ခန္ဓာကိုယ်အတွက် လိုအပ်ချက်များမှာ အလွန်မြင့်မားလာသည်။
သို့သော် သူ့အရှိန်အဝါက ဒီလူတွေရဲ့ စိတ်တွေကို တုန်လှုပ်သွားစေ နိုင်လောက်တဲ့ အထိတော့ သဘာဝကျပါ၏။
မိန်းကလေး သုံးယောက်ကို စူးစူးရဲရဲ စိုက်ကြည့်လာသူတိုင်း ရုတ်တရက် ထိတ်လန့်သွားကာ မျက်လုံးများ အမြန်ပြန်ခွာလိုက်ကာ မျက်နှာပေါ်မှ ချွေးအေးများကို ကမန်းကတမ်း သုတ်လိုက်ကြလေသည်။
၎င်းတို့ရဲ့ ခန္ဓာကိုယ်က ပူနေသေးပေမယ့် ခဏကြာတော့ စိတ်တွေ ငြိမ်သွားခဲ့သည်။
လုရွှမ် မနာလို ဖြစ်နေတာ မဟုတ်ဘဲ ဒီနေရာရဲ အပူလှိုင်းတွေကို ခံစားနေရတာကြောင့်ပဲ ဖြစ်လေသည်။ ထိုအပူကို နာမ်စွမ်းအင်အဖြစ် ပေါင်းစပ်ထားပြီး ခန္ဓာကိုယ်ထဲသို့ ရှူသွင်းလိုက်ပြီးနောက် ဤနေရာတွင်ရှိ လူတို့၏ ကိုယ်လုံးကိုယ်ပေါက်မှာ မသိလိုက်ဘဲ ပြောင်းလဲသွားခဲ့သည်။
လူဆယ်ဦးတွင် ခုနစ်ဦးသည် အစီအရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသ မီးစွမ်းအင်ဆိုင်ရာ အင်္ဂါရပ်များ ရှိသော်လည်း ထိုအစီအရင်များသည် တောက်ကျင့်စဥ် အခြေခံဥပဒေသမှ မွေးဖွားလာခြင်း မဟုတ်ဘဲ စဉ်ဆက်မပြတ် လေ့ကျင့်မှုမှ အတင်းအကျပ် ပြောင်းပြန်လှန်ထားခြင်းပဲ ဖြစ်သည်။
လူတချို့၏ ဒြပ်စင်များသည် ရေ သို့မဟုတ် မြေကြီးဒြပ်စင် ရှိလျှင်ပင် မီးနှင့်ရောစပ်ပါက သူတို့ရဲ့ အရည်အချင်းများက အလွန်ညံ့ဖျင်း သွားလိမ့်မည်ဟု တွေးထင်နိုင်သည်။ အကယ်၍ မီးဒြပ်စင် ရှိထားသူ ဖြစ်ပါက ထိုကျင့်ကြံသူဟာ သဘာဝအတိုင်း လျင်မြန်စွာ တိုးတက်လာမည် ဖြစ်ကာ သစ်သားဒြပ်စင် ဖြစ်လျှင်တော့ သနားစရာ ဖြစ်သွားလိမ့်မည်။
လုရွှမ် ခံစားရတာကတော့ ဒီမြေကြီးမီးတွေရဲ့ လွှမ်းမိုးမှုအောက်မှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ ဒီလူတွေဟာ အလွန်တောက်လောင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေ၏။ နတ်သမီးအောင့်ယွဲ့ဟာ ဒီကလူတွေက တိုက်ခိုက်ရတာကို စိတ်ဝင်စားကြတယ်လို့ ပြောခဲ့သည်။ ဒီလို အပူနဲ့ အဆိပ်တွေရဲ့ လှုံ့ဆော်မှုအောက်မှာ ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်အားလုံးကို တိုက်ခိုက်ဖို့ ချန်ထားခဲ့ရမှာပဲ မဟုတ်ဘူးလား။
အားလုံးက လူလေးယောက်ကို ကြည့်လိုက်ပြန်သည်။ လုရွှမ်ဟာ မဖြစ်မနေ ကြည့်သွားသင့်တဲ့ ရုပ်ရည်မဟုတ်တော့ဘဲ ကြောက်ရွံ့ထိတ်လန့်တဲ့ သခင်တစ်ယောက်လို ဖြစ်နေပါပြီ။ ယခုအခိုက်အတန့်တွင် အအေးဓာတ်ဖြင့် အပူဒဏ်ကို ခံနိုင်ရည်ရှိသော လုရွှမ်သည် သူတို့ရင်တွင်းမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
မိန်းကလေး သုံးယောက်ဟာ ဒီနေရာရဲ့ အကြောင်းကို ကြားဖူးကြပြီး ဒီနေရာက လူတွေဟာ ရန်ဖြစ်ရတာကို ပျော်စရာအဖြစ် ရှာတတ်မှန်း သိပေမယ့် တစ်ခါမှတော့ မကြုံဖူးကြချေ။
နောက်ဆုံးတော့ သူတို့ သုံးယောက်လုံးဟာ ထူးထူးခြားခြား အရည်အချင်းတွေနဲ့ မွေးဖွားလာကြတာ မဟုတ်ပါလား။ နတ်သမီးကျင်းဟုန်ဟာ ကောင်းကင်အရိပ်ဂိုဏ်း၏ အကြီးဆုံး တပည့်မကြီးမှ မွေးဖွားလာသူ ဖြစ်ကာ အောင်ရှင်းကတော့ နဂါးနတ်ဆိုးမျိုးနွယ်မှ မင်းသမီးလေး ဖြစ်ပြီး နတ်သမီးအောင့်ယွဲ့ကတော့ အောင့်မိသားစုရဲ့ မျက်လုံးထဲက ပန်းသီးလေး ဖြစ်သည်။
ရှေးဟောင်းလျှပ်စီးကမ္ဘာ တစ်ခုလုံးမှာ မသိတဲ့သူက ခပ်ရှားရှားရယ်။ ကမ္ဘာ့မီးနယ်မြေမှာ ကျင့်ကြံသူများဟာလည်း အမြဲတမ်း တပ်မက်ပြီး အချိန်တိုင်း သတိထားဖို့ လိုတယ်လို့ ဘယ်သူကများ ပြောထားလို့လဲ။
မိန်းကလေး သုံးယောက်သည် မျက်မှောင်များ ကြုတ်ထားကြကာ မျက်နှာများကိုလည်း ပဝါဖြင့် ယောင်ဝါးဝါး ဖုံးအုပ်ထားကြသည်။ ထို့နောက်မှသာ သူမတို့ပတ်ဝန်းကျင်ရှိ ပူလောင်မုန်းတီးဖွယ် မျက်လုံးများသည် အလွန်ပေါ့ပါးသွားသည်ဟု ခံစားမိကြသည်။
လုရွှမ်သည် လက်ဖဝါးဖြင့် ကျန်နေသော အနှစ်တစ်သောင်း အနက်ရောင်ရေခဲကို ညှစ်ထုတ်ကာ လက်သည်း အရွယ်အစားရှိ ရေခဲနက်သုံးတုံးကို ခွဲထုတ်ရင်း ယင်စွမ်းအင်ကိုးစင်းရဲ့ ဝိသေသ လက္ခဏာများကို အသုံးပြုလိုက်သည်။
ဆွဲသီးသုံးခု အဖြစ် သန့်စင်ကာ မိန်းကလေး သုံးယောက်ကို ပေးလိုက်သည်။
"ဒီမှာ မြေပြင်မီးက အဆိပ်ပြင်းတယ်.. ဒါကို ယူထား"
နတ်သမီး ကျင်းဟုန်နှင့် အောင်ရှင်းတို့က ဝမ်းသာအားရ ယူလိုက်ကြပြီး လက်ထဲ ဆုပ်ကိုင်လိုက်သောအခါတွင် သူတို့ ပတ်ဝန်းကျင် တစ်ခုလုံးက အပူများ တခဏချင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ အပူတွေအစား အေးမြမှုက အစားထိုးလာခဲ့၏။
နတ်သမီးအောင့်ယွဲ့ရဲ့ မျက်နှာကတော့ အနည်းငယ် နီလာကာ သူမသည် ဆွဲကြိုးကို ပေါ့ပေါ့ပါးပါးယူကာ သူမလည်ပင်းတွင် ဂရုတစိုက် ဆွဲထားလိုက်သည်။
"ဘာမှမဖြစ်ထားရင် မီးဒြပ်စင် နတ်ပုတီးစေ့က ကမ္ဘာ့မီးနယ်မြေရဲ့ အလယ်မှာ ရှိနေလောက်တယ်... ဒါပေမဲ့ ကမ္ဘာ့မီးနယ်မြေက အရမ်းကျယ်တယ်.... အဲဒီထဲကို နက်နက်နဲနဲ ဝင်ချင်ရင်တော့ ငါတို့ လမ်းပြလိုတယ်"
နတ်သမီးအောင့်ယွဲ့က သူမဟာ နိုင်ငံအနှံ့ ခရီးထွက်ပြီး နေရာတော်တော်များများမှာ အတွေ့အကြုံ ရှိခဲ့တယ်လို့ ဆို၏။ ကောင်းမွန်တဲ့ လမ်းညွှန်တစ်ခု ရှိခြင်းက အားထုတ်မှုများစွာကို သက်သာစေနိုင်တယ် ဆိုတာ သူမသိပါသည်။
ထို့နောက် လုရွှမ်က ဆိုလိုက်သည်။
"သွားကြရအောင်.... အနီးနားမှာရှိတဲ့ တာဝန်ခန်းမကို သွားကြမယ်.... အခုအချိန်က ကမ္ဘာ့မီးနယ်မြေရဲ့ ငြိမ်သက်နေတဲ့ ကာလပဲ... အသက် မွေးဝမ်းကြောင်းပြုဖို့ ဒီကိုလာတဲ့လူတွေ အများကြီးရှိရမယ်.... လမ်းပြ ဒါမှမဟုတ် လမ်းညွှန်ချက်တစ်ခု ရဖို့က ရှာရမခက်လောက်ဘူး"
ဤမြို့ငယ်လေးကို ရွက်နီမြို့ဟု ခေါ်၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ပေါက်နေသော အပင်များ အားလုံး၏ အရွက်များမှာ အနီရောင် ဖြစ်နေတာကြောင့်ပဲ ဖြစ်သည်။ အမြင့်တစ်နေရာမှ ကြည့်လျှင် လေတိုက်တိုင်း ယိမ်းသွားတဲ့ အနီရောင် အရွက်တွေဟာ မီးတောက်တွေ ဝေ့ယမ်းနေသလိုပင်။
လမ်းမကျယ်ကြီးပေါ်မှာ လမ်းလျှောက်ရင်း တဖြည်းဖြည်း လူတွေ စည်ကားလာသည်။ အများစုမှာ ခရီးသွားများနှင့် ကြေးစားသမားများ ဖြစ်ကြကာ အလုပ်များကို စောင့်မျှော်နေတာ သို့မဟုတ် အလုပ်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်နေပုံ ရသည်။
ဒါကတော့ ကမ္ဘာ့မီးနယ်မြေက မြို့ကြီးများ၏ ဝိသေသလက္ခဏာ ဖြစ်ပေသည်။ ကမ္ဘာ့မီးနယ်မြေမှာတော့ ကြမ်းကြမ်းတမ်းတမ်း ထွက်ခွာခြင်းက အကောင်းဆုံးပဲ ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက လျင်မြန်စွာ ပြေးလာပြီး အလျင်စလို ထွက်ခွာသွားကြသည်။ ပျော်ရွှင်ရန် အချိန်ဖြုန်းတီးရန် နေရာ မဟုတ်တာတော့ အသေအချာပါပဲ။
ထို့ကြောင့် ကမ္ဘာ့မီးနယ်မြေ အနီးရှိ မြို့များ၏ နောက်ထပ် ထူးခြားချက်မှာ သာမန်လူ မရှိခြင်းပဲ ဖြစ်သည်။ အနိမ့်ဆုံး ကျင့်ကြံမှု အခြေခံရှိသူများသည် အခြေခံအားဖြင့် သူတော်စင်တစ်ပိုင်းများ ဖြစ်သောကြောင့် ကျင့်ကြံမှု ဘယ်လောက်ပဲ ဆိုးရွားနေပါစေ လေထဲတွင်ရှိသော မီးအဆိပ်ကို အလွယ်တကူ မခုခံနိုင်ပေ။
လူလေးယောက် တစ်ဖွဲ့သည် လူပြည့်ကျပ်နေပြီးဖြစ်သော တာဝန်ခန်းမသို့ ရောက်ရှိလာသည်။
တာဝန်ခန်းမမှ အရာ အားလုံးသည် ကြီးမားသော ကုန်သည်ကြီးများ အဖွဲ့ (သို့မဟုတ်) သြဇာကြီးသော ဂိုဏ်းခွဲများမှ ချမှတ်ထားသော အလုပ်များ ဖြစ်ကာ တချို့ဆေးပင်များ ထူးခြားဆန်းပြားသော သားရဲများကို ဖမ်းပေးရခြင်းတို့ ကဲ့သို့သော တာဝန်များ ဖြစ်သည်။
တာဝန်တွေက အမြဲတမ်း ရိုးရှင်းနေတာတော့ မဟုတ်ပေ။ တချို့သော အလုပ်များကို လူများစွာပေါင်း၍ လုပ်ကြရသည်။ ဒါကြောင့် လူထုခေါင်းဆောင် အဖွဲ့တွေလို အဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပေ၏။
လမ်းမပေါ်တွင် လမ်းလျှောက်လာရင်း ကျင့်ကြံသူ များစွာသည် ဆိုင်းဘုတ်များပြကာ မီးသားရဲများကို လိုက်လံရှာဖွေမည့် အဖွဲ့ထဲ ပါဝင်ရန် ကျင့်ကြံသူတချို့ကို ခေါ်ယူနေတာ တွေ့လိုက်ရသည်။
သူတို့သည် ကမ္ဘာ့မီးနယ်မြေရဲ့ အတွင်းပိုင်းသို့ ဝင်ရောက်လိုကြသူများ ဖြစ်လေသည်။ ထိုတာဝန်က အရမ်း ခက်တာကြောင့် သာမန်အသင်းငယ်များပင် ၎င်းတို့အား သဘာဝကျကျ ရှုံ့ချသွားကြ၏။
တာဝန်ခန်းမတွင် အန္တရာယ် အတိုင်းအတာအလိုက် အမျိုးမျိုးသော တာဝန်များကို ပြသထားသည့် အလင်းတန်း မျက်နှာပြင်ကြီး တစ်ခုရှိသည်။
ဒုတိယနေရာက တာဝန်ကို မြင်သောအခါ လုရွှမ်ရဲ့ မျက်လုံးများ တောက်ပလာသည်။
"အင်အားကြီးတဲ့ အဖွဲ့၀င်များကို စုဆောင်းပြီး ကမ္ဘာ့မီးနယ်မြေရဲ့ အနက်ပိုင်းသို့ သွားပါမည်။ လူဦးရေ အကန့်အသတ် မရှိပါ လူဆယ်ဂဏန်းလောက် ခေါ်ယူသွားမည်။"
ထိုစာတန်းဟာ အလင်း မျက်နှာပြင်ပေါ်မှာ ချိတ်ဆွဲထားဆဲ ဖြစ်သည်။ လူ၂၀ တောင် မပြည့်သေးတာကြောင့် အများကြီး မခေါ်ရသေးမှန်း သိသာ၏။ လုရွှမ် တခြားတာဝန်များကို လျင်မြန်စွာ ကြည့်လိုက်သော်လည်း အဓိပ္ပါယ် မရှိပေ။
သို့နှင့် မိန်းကလေး သုံးယောက်ကို ခေါ်၍ တာဝန်အဖွဲ့ သဘောတူထားတဲ့ နေရာသို့ ထွက်လာခဲ့၏။ သဘောတူထားသည့် နေရာက စားသောက်ဆိုင် တစ်ဆိုင်မှာ ဖြစ်ကာ ပူပြင်းသည့် အရှိန်အောက်ဝယ် ချင်းယာယွမ့် ဆိုတဲ့ စားသောက်ဆိုင်ငယ်လေးကတော့ အလွန် ထူးခြားလေသည်။
စားသောက်ဆိုင်ရှေ့သို့ ရောက်ရှိလာသော် မဟာသူတော်စင် နှစ်ယောက်က တံခါးရှေ့မှာ ရပ်နေတာ တွေ့လိုက်ရသည်။
လူလေးယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်လုံးများသည် တပ်မက်ဖွယ် အကြည့်များ ထွက်ပေါ်လာ၏။ အမှန်တကယ်တော့ မျက်လုံးများက အမျိုးသမီး သုံးဦးအပေါ်မှာပင်။ သူတို့နှစ်ယောက်က သိုင်းလောကထဲက လူဟောင်းတွေဖြစ်လို့ ကြည့်လိုက်တာနဲ့ မိန်းမလှလေးတွေမှန်း သိကြသည်။
လုရွှမ်ကို ပြန်ကြည့်လိုက်တော့ သူက သူတော်စင်တစ်ယောက်သာ ဖြစ်နေသည်။
"မင်းတို့ အဖွဲ့ဝင်ဖို့ လာတဲ့လူတွေမလား? ရတယ် အပေါ်ထပ်ကို တက်ချင်ရင်တော့ မင်းတို့ငါ့ကိုအရင် ဖြတ်ရမယ်"
သူစကားမဆုံးခင် လုရွှမ်ဆီက စူးစူးရဲရဲ စိုက်ကြည့်ခံလိုက်ရသည်။ ရုတ်တရက် နှလုံးခုန်သံ လှိုင်းလုံးတွေက သူတို့နှလုံးသားကို ပြည့်လျှံလာပြီး စိတ်တွေပါ အထိတ်တလန့် ဖြစ်သွားကြသည်။ မကြာလိုက် ခြေထောက်တွေ အားနည်းလာပြီး ခန္ဓာကိုယ် တုန်လှုပ်လာတော့သည်။
လုရွှမ် အရင်ဝင်လာပြီး နောက်ကနေ မိန်းကလေး သုံးယောက်လည်း ဝင်လာခဲ့သည်။ ဒီလူနှစ်ယောက် အတွက် သူတို့မှာ ကောင်းတဲ့ အထင်အမြင်မျိုး မရှိပါဘူး။ အစောက သူမတို့ကို ကြည့်တဲ့ သူတို့မျက်လုံးတွေက တကယ်ကို ရွံရှာစရာကောင်းလွန်းသည်။
ခန်းမထဲကို ဝင်လာတော့ အအေးဓာတ်က ရုတ်တရက် သူတို့ကိုယ်ပေါ်ကို ဖုံးလွှမ်းသွားပြီး အပြင်က အပူတွေကို တားဆီးလိုက်သည်။
ခန်းမထဲမှာ လူတွေအများကြီး ရှိနေပြီဖြစ်ပြီး တံခါးအပြင်ဘက်ကနေ လူတွေကလည်း အဆက်မပြတ် ဝင်ရောက် လာနေကြသည်။
"ဘယ်လိုလုပ် လူတွေအများကြီး ရှိနေတာလဲ? သူတို့က ပိုက်ဆံအတွက် တကယ်ပဲ အသက်အန္တရာယ်ကို စွန့်စားနေတာလား?"