← Chapters

စုစည်းခြင်း

Vol. 63 Ch. 457.4

စုစည်းခြင်း

Vol. 63 Ch. 457.4

ဖုံးကွယ်ထားစရာ ဘာတစ်ခုမှ မရှိတာကြောင့် သူတို့ကို ဖော်ထုတ် တွေ့ရှိခဲ့တာကိုလည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ လက်ခံလိုက်သည်။

ချီးမွှမ်းမှုတွေ ပေါ်လာပြီး လူတွေက သူတို့ကို မြှောက်ပင့် ချီးမွှမ်းစကား ပြောတာတွေ၊ တပည့်ဖြစ်ခွင့် တောင်းတာ၊ ပွေ့ဖက်ဖို့ ခွင့်တောင်းတာ စသဖြင့် လူအုပ်ကြီးက များပြာလာခဲ့သည်။

လုရွှမ် ချောင်းဆိုးလိုက်တဲ့အခါ လူစုလူဝေး အရှိန်က လျော့သွားကာ တစ်ယောက်ပြီး တစ်ယောက် ပြန်ဆုတ်သွားကြသည်။

ကောလဟာလတွေအရ လုရွှမ်ဟာ ရက်စက်တဲ့ လူတစ်ယောက်ပါပဲ။ သူ့အဆင့်အတန်း ဘယ်လောက်ပဲ နိမ့်ကျနေပါစေ မဟာသူ​တော်စင်တောင်မှ သူ့အတွက် ပြိုင်ဘက် မဟုတ်ချေ။

ပိုင်ထျန်းရှန်က အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် သူ့စိတ်ထဲတွင် တိတ်တဆိတ် ညည်းညူရင်းလိုက်သည်။ ဒီလို သခင်က ဒီမှာ ဘာလုပ်နေတာလဲ။ ဘာပဲလုပ်ချင်လုပ် ပွင့်ပွင့်လင်းလင်း လုပ်လို့ရတာပဲ မဟုတ်လား။ ဘာလို့ သူ့ကိစ္စတွေမှာ ပါဝင်ဖို့ လိုလို့လဲ။

လုရွှမ်လက်ထဲမှာ ထူးဆန်းတဲ့မီးတောက် ရှိနေတယ်ဆိုတာ ကြားခဲ့ဖူးသည်။ ဒီအချိန်မှာလည်း ထူးဆန်းတဲ့မီးကြောင့် သူဒီကို ရောက်နေတာလား?

သူစိတ်မချမ်းသာပေမယ့် လုရွှမ်ကို နှုတ်ဆက်ဖို့ ခြေလှမ်းစနေတုန်းပါပဲ။

"ညီအစ်ကိုလုရွှမ်.... မင်းက ဒီလူတွေ ကြားထဲမှာ အတော်ဆုံးပါပဲ...ကျော်ကြားတဲ့ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပိုကောင်းပါတယ်! ငါ မင်းကို လေးစားပါတယ် လေးစားပါတယ်"

ပိုင်ထျန်းရှန်က ပြောပြီး သူ့စိတ်ထဲကနေတော့ လုရွှမ် ဘယ်လောက်ပဲ အရည်အချင်း ရှိ​နေပါစေ သူက သူတော်စင်နယ်ပယ်သာ ဖြစ်လေသည်။ မိမိမှာ မဟာသူတော်စင် ဖြစ်၏။ လုရွှမ်ဆိုတဲ့လူက ဒီလောက်များတဲ့ နယ်ပယ်​တွေကို ဖြတ်ကျော်နိုင်ပြီး သူ့ရန်သူ ဖြစ်လာနိုင်မယ် ဆိုတာကို သူတကယ်ပင် မယုံပါ။

လုရွှမ် ပိုင်ထျန်းရှန်ပေးတဲ့ အပြုံးကို ခံစားလိုက်ရပြီး ပေါ့ပေါ့ပါးပါး ခေါင်းညိတ်​ပြလိုက်သည်။ ဒါက ပြုံးနေတဲ့ ကျားတစ်ကောင်ဖြစ်ပြီး ရက်စက် ကြမ်းကြုတ်တဲ့ လူလည်းဖြစ်သည်။ အဲ့တော့ ဘာဖြစ်လဲ။ အဲလိုလူတွေနဲ့ ဆက်ဆံတဲ့အခါ သတိထားပြီး ဆက်ဆံလိုက်ရုံပဲပေါ့။

ကောင်းကင်ဘုံသခင် သုံးယောက်ကို သတ်လိုက်သော်လည်း လုရွှမ်သည် နယ်ပယ်နှင့် ပတ်သက်သော အဆင့်က မြင့်လာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ နယ်ပယ်အဆင့်နှင့် စွမ်းအင် အဆင့်ကြားတွင် ကြီးမားသော ဆက်စပ်မှု ရှိသော်လည်း ၎င်းက အကြွင်းမဲ့တော့ မဟုတ်ပေ။

ခွန်အားအဆင့် တူညီသည့် လူများပင် တိုက်ပွဲတွင် ဘယ်သူ အသက်ရှင်သူပြီး ဘယ်သူ သေမယ်ဆိုတာဟာ နီးကပ်စွာ ဆက်စပ်နေသော်လည်း အကြွင်းမဲ့ မဟုတ်သေးပါ။ အရေးကြီးတဲ့ အခိုက်အတန့်မှာ ဉာဏ်နဲ့ အရည်အချင်းအပေါ် မူတည်နေပါသေးသည်။

အလင်း မျက်နှာပြင်ကြီးပေါ်တွင် လုပ်ဆောင်စရာ တာဝန်များကို ထုတ်ပေးနိုင်ပြီး ဒုတိယအဆင့်တွင် ရှိနေသည့် ဤလူသည် အနည်းဆုံးတော့ ထိုလမ်းကို မကြာခဏ ခရီးသွားလေ့ရှိပြီး ကမ္ဘာ့မီးနယ်မြေနှင့် အတော်လေးညရင်းနှီးကြောင်း ပြသ​နေပါပြီ။ ဒီလူက သူ့အပေါ် မကြံစည်ချင်သေးရင်တော့ သူ့ကို လမ်းပြအဖြစ် ချန်ထားခဲ့ရမည်။

လူဘယ်နှစ်ယောက်က နှလုံးသားထဲမှာ တိတ်တိတ်လေး သက်ပြင်းတွေချပြီး နှစ်ယောက်သား ရန်ဖြစ်နိုင်ရင် ကောင်းမှာပဲလို့ တွေးနေလဲ မသိချေ။

ထင်ရှားကျော်ကြားသော လုရွှမ်သည် ဘယ်လောက် အစွမ်းအစရှိတယ် ဆိုတာကို သိချင်ကြသလို အထူးပင် သိမြင်လိုကြလေသည်။ သူတို့ ယခင်က မြင်ဖူးသော မြင်ကွင်းသည် အံ့မခန်းပင်ဖြစ်သော်လည်း လုံး၀ ကျေနပ်စရာ မဟုတ်ပေ။

ဒါပေမဲ့ ဘယ်သူကမှ ထုတ်မပြောရဲဘဲ သူတို့ဘာသာ စိတ်ထဲမှာပဲ ထည့်ထားရလေသည်။

ပိုင်ထျန်းရှန်သည် လုရွှမ်ရဲ့ လျစ်လျူရှုမှုကို ခံစားမိသော်လည်း ၎င်းကို အလေးအနက် မထားခဲ့ပေ။ သူက ပြုံးပြီး ခန်းမထဲရှိ လူတိုင်းအား ကြည့်လိုက်သည်။

"ဟုတ်ပြီ... ငါတို့မှာ အဖော်ငါးယောက် ခေါ်ယူထားတာကို အားလုံး အမြင်ပါပဲ... နောက်ထပ် ၁၅ယောက် လိုပါသေးတယ်"

"ငါ့ကိုလည်း ထည့်ရေပါ!"

"ငါ့ကိုရောပဲ!"

လူတိုင်းက အော်ဟစ်လာ၏။ အသက်မွေးဝမ်းကြောင်းရှာရန် ဤနေရာသို့ လာခြင်းက သေရေးရှင်ရေး ကိစ္စကို မလွဲမသွေ ကြုံတွေ့ရမှာလို့ ဆိုလိုတာပါပဲ။ ကြေးက ဈေးမြင့်နေသရွေ့ အသက်ကို ရောင်းစားဖို့က အရေးမကြီးပါဘူး။

နတ်သမီးအောင့်ယွဲ့က ကျန်းလီနဲ့ ကျန်းလိတို့ထံမှ သူတို့ရဲ့ ထွက်ခွာချိန် အကြောင်းမေးပြီး မိမိတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းကို ပြန်အာရုံ စိုက်ထားခဲ့သည်။ ဒီလူတွေရ န်ဖြစ်နေကြတာကို စောင့်ကြည့်ဖို့ စိတ်မ၀င်စားကြပေ။

သုံးရက်အကြာတွင် လုရွှမ်တို့ လူလေးယောက်နှင့် ကျားဖြူလေး တစ်ကောင်သည် ချင်းယာယွမ့်ဆိုင်သို့ ထပ်မံရောက်ရှိလာသည်။ စက္ကူယပ်တောင် စာသင်သား အပါအဝင် လူဆယ့်ငါးဦးသည် ထို​နေရာတွင် စောင့်ဆိုင်းနေပြီး စာသင်သား သူ့ကို ရန်စလိုက်သောအခါတွင် အပျော်ဆုံး ရယ်မောနေသူများလည်း အနည်းငယ် ပါဝင်ပေ၏။

အနည်းငယ် ရေတွက်ပြီးနောက် ဤလူများသည် စုစုပေါင်း လူကိုးဦးအထိ ပေါင်းထည့်ခဲ့ကြောင်း တွေ့လိုက်ရသည်။

သူတို့မှာ သာမန် ခွန်အားရှိပြီး လူတွေကတော့ သူတို့ယခင် စုဆောင်းထားတဲ့ လူတွေထက် ပိုအစွမ်းထက်ကြသည်။

လုရွှမ်က ဒါကို စိတ်ထဲမှာ စွဲမှတ်ထားပြီး ထုတ်မပြဘူး။ ဤတပ်သား အသစ်များကို အမြောက်အစာအဖြစ် အသုံးပြုသည် ဖြစ်စေ၊ လုပ်ကြံချင်သည်ဖြစ်စေ တကယ့်အန္တရာယ်နှင့် ရင်ဆိုင်ရလျှင် ဘယ်အရာကမှ ရှောင်လွှဲလို့ မရနိုင်ချေ။

အကယ်၍ သူတို့တကယ် အန္တရာယ် ကြုံလာခဲ့ရင်တော့ ထိုသူဟာ အဲဒီအမျိုးသမီး နှစ်ယောက်ကိုတောင် မဆိုင်းမတွ ချက်ချင်း လက်လွှတ်လိုက်လိမ့်မယ်လို့ လုရွှမ်စိတ်ထဲ ယုံကြည်နေမိသည်။

ထပ်ခိုးပေါ်ကနေ ပိုင်ထျန်းရှန်တို့ သုံးယောက် ဆင်းလာကြ၏။

"ကောင်းပြီ... အားလုံး ရောက်ပြီဆိုတော့ ထွက်ခွာကြစို့"

လူအုပ်စုသည် ထွက်ခွာပြီး နေရာပြောင်း အခင်းအကျင်းဆီသို့ ပျံသန်းသွားကြသည်။

နေရာပြောင်း အခင်းအကျင်း အခန်းထဲက ထွက်သွားတဲ့အခါ ပြင်ပက ပူလောင်တဲ့ အပူဒဏ်ကို နှစ်ကြိမ်တိုင်တိုင် ခံစားမိတာကြောင့် လုရွှမ်လည်း ဤနေရာတွင် မီးအဆိပ်ရှိနေသည်ဟု ဝါးတားတား ခံစားမိသွားသည်။ ထိုမီးအဆိပ်က သူတို့ခန္ဓာကိုယ်ထဲကို ခက်ခက်ခဲခဲ စိမ့်ဝင်နေတဲ့ အင်းဆက်ငယ်လေးလိုပင်။

မိန်းကလေး သုံးယောက်သည် နှစ်ပေါင်း တစ်သောင်းကျော် လျှို့ဝှက်ဆန်းကြယ်သော ရေခဲများဖြင့် ပြုလုပ်ထားသည့် ဆွဲသီးများကို ဝတ်ထားတာမို့ သဘာဝအတိုင်း မကြောက်ကြပေ။ ယခုလို လောင်မြိုက်နေသည့် ပတ်ဝန်းကျင်တွင်ပင် ၎င်းတို့၏ ခန္ဓာကိုယ်သည် အေးမြမှုများ ထွက်ပေါ်လာဆဲ ဖြစ်သည်။

စုဆောင်းခံထားရသော ကျင့်ကြံသူများမှာ သူတို့ကို ကြည့်၍ အလွန်ပင် မနာလို ဖြစ်နေကြသည်။

"ဒီနေရာပြီးရင် ကမ္ဘာ့မီးနယ်မြေရဲ့ တကယ့်အပြင်ဘက် ဧရိယာကို ရောက်ပြီ... ကျင့်ကြံသူတွေ စူးစမ်းလေ့လာတတ်တဲ့ ဧရိယာတစ်ခုလည်း ဖြစ်တယ်.... ဒီနေရာကနေ ငါတို့ ကိုယ်တိုင် ပျံသန်းရမှာ.... ဒါကတော့ ငါ့မိသားစုနဲ့ ငါ့ အရင်က စူးစမ်းလေ့လာခဲ့တဲ့ မြေပုံပါ... ဒါကို ရှာကြည့်လို့ရတယ်"

ပိုင်ထျန်းရှန်က မြေပုံကို ထုတ်ပြီး လူတိုင်းကို ပေးလိုက်သည်။ လုရွှမ် ကြည့်လိုက်တော့ မြေပုံက အရမ်းကြမ်းပြီး ​​နေရာ တော်တော်များများ ဖြတ်သွားခဲ့သည်။ သို့သော် အသေးစိတ်များ ကဲ့သို့သော အရေးကြီးသော အရာများစွာကိုတော့ သူစိတ်ထဲမှာပဲ ဝှက်ထားပုံရသည်။

ထို့အပြင် ဒီလူဟာ အသက်ကယ် ပစ္စည်းများကို တခြားသူများအား အချည်းနှီး လွှဲပြောင်းပေးမည့်လူ မဟုတ်ပေ။ ဘယ်သူကမှ ဘာမှ မပြောဘဲ လမ်းကြောင်းတစ်ခုကို ဖော်ထုတ်ပြီး မြေပုံက ညွှန်ပြတဲ့ လမ်းကြောင်းအတိုင်း ရွေ့လျားလာခဲ့သည်။

ယခုတစ်ကြိမ် ပစ်မှတ်သည် ထူးဆန်းသော မီးတစ်မျိုး ဖြစ်သည်။ ကမ္ဘာ့မီးနယ်မြေရဲ့ ထူးဆန်းမီးတောက်သည် ယန်စွမ်းအင် ကောင်းကင်မီး၏ နောက်ဆုံးအဆင့် မရောက်မီ ထူးဆန်းသော မီး​တောက်များစာရင်းတွင် အဆင့် ၁၉ ရှိ​လေသည်။

ကောင်းကင်သည် မြေကြီးကို ဖုံးလွှမ်းထားသလို ကောင်းကင်သည် မြေကြီး၏ ရှေ့တွင်လည်း ရှိနေသည်ဟု အကြောင်းပြချက်ဖြင့် ရပ်တည်နေသော်လည်း ကမ္ဘာ့မီးနယ်မြေက မီးတောက်က ထူးခြားသော စွမ်းအားရှိသည့် ကောင်းကင်မီး၏ ရှေ့တွင် အဆင့်သတ်မှတ် ခံထားရသည်။

ပစ်မှတ်သည် ကမ္ဘာ့မီးတောက် ဖြစ်ကြောင်း ကြေငြာပြီးနောက် လူနှစ်ဦး ဆုတ်ခွာသွားသော်လည်း ပိုင်ထျန်းရှန်က အလွန်လျင်မြန်စွာ ဆက်ပြောလိုက်တော့ မကြာမီ လူနှစ်ဦး ထပ်ဝင်လာကာ ၎င်းတို့နှစ်ဦးစလုံးသည် မဟာသူတော်စင် အဆင့် (သို့မဟုတ်) ထိုအထက်ရှိသော ကျင့်ကြံသူများပဲ ဖြစ်ကြသည်။

ဤနည်းဖြင့် ရေတွက်ကြည့်ရာ အုပ်စုတွင် စုစုပေါင်း လူ ၁၇ ယောက် ရှိ​လေသည်။ ဆန့်ကျင်ဘက် အနေဖြင့် လုရွှမ်တို့ လူလေးယောက်နှင့် ကျားဖြူတစ်ကောင်သည် စာရွက်ပေါ်တွင် အနိမ့်ဆုံးအဆင့် ရှိသည်။ အမြင့်ဆုံး နယ်ပယ်ရှိသည့် နတ်သမီးကျင်းဟုန်ပင်လျှင် မဟာသူတော်စင် အဆင့်၅ကို မရောက်နိုင်ပေ။ ဤသည်မှာ မကြာသေးမီကပင် သူမ ဖြတ်ကျော်ခဲ့သော နယ်ပယ်တစ်ခု ဖြစ်သည်။

လုရွှမ်က အနိမ့်ဆုံး ဖြစ်ပြီး တတိယအဆင့် သူတော်စင်တစ်ဦး ဖြစ်သော်လည်း သူ့ကို ဘယ်သူမှ လျှော့မတွက်ဝံ့ပေ။ နတ်သမီးအောင့်ယွဲ့ရဲ့ အင်အားသည် အဆင့်၆ သူတော်စင် ဖြစ်ပြီး ထိုလူများက သူမအားလည်း လျှော့မတွက်ဝံ့ပေ။

လမ်းတစ်လျှောက်မှာ ကျင့်ကြံသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို တွေ့ရသည်။ အများစုသည် လူသတ်နေကြပြီး သဘောထား ကွဲလွဲမှုများကလည်း ကြီးမားသော တိုက်ပွဲကို ဖြစ်​ပေါ်လာ​စေသည်။ ဒါက သေရေးရှင်ရေး တိုက်ပွဲဖြစ်တာကြောင့် မြင်ရသူများကို ထိတ်လန့်သွား​စေသည်။

လုရွှမ်လည်း ဒါက မီးအဆိပ်ရဲ့ အနက်ရှိုင်းဆုံး စွမ်းအားဖြစ်ကြောင်း ခန့်မှန်းမိသည်။ ထိုလူများ၏ မီးအဆိပ်သည် သူတို့ နှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားပြီး သူတို့၏ ခန္ဓာကိုယ်တွင်းရှိ လေးနက်သော စွမ်းအင်များကိုပင် ပြင်းထန်စွာ တဟုန်ထိုး ထိုးဖောက်သွားစေကြောင်း ထင်ရှားပါ၏။

ဒီလိုအခြေအနေမျိုးမှာ ကျင့်ကြံသူ တစ်ယောက် အနေနဲ့ စိတ်ကို တည်ငြိမ်အောင်ထားဖို့က တကယ့်ကို ခက်ခဲပါသည်။ နယ်ပယ်အဆင့်သာ မလုံလောက်ပါက အဆုံးသတ်သည် သေဆုံးခြင်းသာ ဖြစ်သွားနိုင်သည်။

ဒီနေရာဟာ ကမ္ဘာ့မီးနယ်မြေရဲ့ နက်နဲရာကို ရောက်တော့မှာမို့ ရောက်တဲ့အခါ အထဲမှာ မီးအဆိပ်က ဘယ်လောက်တောင် အစွမ်းထက်တယ် ဆိုတာ စိတ်ကူးကြည့်နိုင်ပါ၏။

လုရွှမ် ပိုင်ထျန်းရှန်ကို ငုံ့ကြည့်လိုက်သည်။ သူ ဘယ်လိုနည်းလမ်းမျိုးနဲ့ မီးအဆိပ်ကို ခံနိုင်ရည်ရှိနေလဲ မသိပေ။

သူတို့အုပ်စုကတော့ အနှစ်တစ်သောင်း သက်တမ်းရှိ အနက်ရောင် ရေခဲပုံများဖြင့် ကာကွယ်ထားလို့ အမြဲလိုလို အေးမြပြီး သက်တောင့်သက်သာ ရှိလှသည်။ တခြားသူတွေကလည်း သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို ပြသခဲ့ကြသည်။ လုရွှမ် နဲ့ တခြားသူတွေလောက် မကြောက်တတ်ပေမယ့် သူတို့အားလုံးဟာ ပြင်ဆင်ထားပြီးသားဖြစ်ကာ သူတို့ရဲ့ အရည်အချင်းအရ သရုပ်ဆောင်​​နေတယ်လို့လည်း မှတ်ယူနိုင်ပါ၏။

All Chapters