← Chapters

ကြောက်စရာကောင်းတဲ့ မီးအဆိပ်

Vol. 63 Ch. 458.4

ကြောက်စရာကောင်းတဲ့ မီးအဆိပ်

Vol. 63 Ch. 458.4

"အားဟားဟား..."

သူတွေးနေတုန်း ရူးသွပ်သွားတဲ့ ပုံစံနဲ့ လူတစ်ယောက် ပြေးလာရင်း သူ့အဝတ်အစားတွေကို အဆက်မပြတ် စုတ်ဖြဲပစ်လိုက်ရာ သူ့အဝတ်အစား အနည်းငယ်မှာ ချက်ချင်း ပြုတ်ထွက်သွားလေ၏။

သူက ကိုယ်လုံးတီးနဲ့ ဖြစ်သွားကာ တောက်ပနေတဲ့ မျက်လုံးတွေနဲ့ အဖွဲ့ထဲက အမျိုးသမီးငါးယောက်ဆီ ဟစ်အော်ပြီး ပြေးထွက်သွားတော့သည်။

ဝိညာဥ်စွမ်းအင်တွေ တဟုန်ထိုး တက်လာစဥ် ထိုသူသည် မဟာသူတော်စင် တတိယအဆင့် ဖြစ်ကြောင်း သိလိုက်ရသည်။ မဟာသူတော်စင် တတိယအဆင့်သို့ ရောက်ရှိသွားတဲ့အခါ ယခု ပြင်းထန်သော အရှိန်အဟုန်၏ သက်ရောက်မှုအောက်တွင် သူသည် ပို၍ပင် အားကောင်းလာ၏။ လမ်းတစ်လျှောက်ရှိ လူများသည် ထိုသူလာမယ့် လမ်းမှထွက်သွားကာ ဘယ်သူမှ တားဆီးခြင်း မပြုကြပေ။

လမ်းတစ်လျှောက်တွင် အဲဒီလို လူများစွာကို လူတိုင်း တွေ့ခဲ့ဖူးသည်။ ထိုသူတို့သည် ခွန်အားမရှိတာမျိုး စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်တာမျိုးတို့ကြောင့် မီးအဆိပ်သည် သူတို့ခန္ဓာကိုယ်ထဲကို လွှမ်းမိုးဝင်ရောက်ကာ စိတ်နှလုံးကိုပါ မီးထတောက်စေကာ နတ်ဆိုး အတားအဆီးထဲသို့ ကျသွားစေခြင်းပဲ ဖြစ်လေ၏။

နတ်ဆိုးတွေရဲ့ အတားအဆီး နယ်မြေထဲတွင် သူတို့သည် စိတ်နှလုံးသားထဲတွင် ဖိနှိပ်ချုပ်ချယ်ထားခဲ့သော ဆန္ဒများကို အလိုလို လွတ်မြောက်စေမှာပဲ ဖြစ်သည်။ ဤနေရာ၌ အနှိုးဆွဆုံးအရာမှာ ကာမဂုဏ်ဆန္ဒ ဖြစ်သောကြောင့် အခြေခံအားဖြင့် ခွန်အား မလုံလောက်သော အမျိုးသမီးများ ဤနေရာသို့ မဝင်ရဲကြပေ။

ကျင့်ကြံသူ အမျိုးသမီး နည်းပါးလေ ကျင့်ကြံသူအမျိုးသား များလာလေဖြစ်ကာ အန္တရာယ်ကလည်း များလေလေပင်။ ဆန့်ကျင်ဘက် အနေဖြင့် ဒေါသကြီး ယုတ်မာသော အမျိုးသမီးများပင် ဤနေရာသို့ ဝင်ရန် ပို၍ ကြောက်ရလေလေပဲ ဖြစ်သည်။

ထို့ကြောင့် ဒီနေရာကို လာကြတဲ့ ကျင့်ကြံသူတွေ အားလုံး သိထားရမယ့် အချက်တစ်ချက် ရှိလေသည်။ ထိုအရာမှာ မိန်းကလေးများ အလျင်စလို မဝင်ဖို့ပါပဲ။ မဟုတ်ရင် ခရီးက ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ပေ။

မီးအဆိပ်ဖြင့် ထိုးထွင်းခံရသော ကျင့်ကြံသူတွေ အကြောက်ဆုံး အရာမှာ ရူးသွပ်သွားခြင်း မဟုတ်ဘဲ ညစ်ညမ်းသွားပြီးနောက် ခန္ဓာကိုယ်တွင် သယ်ဆောင်လာရသော မီးအဆိပ်ကို မသုတ်သင်နိုင်ခြင်းပဲ ဖြစ်လေသည်။

ကျင့်ကြံသူတစ်ယောက်ကို မီးအဆိပ်တွေ ကျရောက်တိုင်း အန္တရာယ်က အလွန်တိုးလာပြီး အလွန်လည်း ကြောက်စရာကောင်းသည်။

ထို့ကြောင့် ကမ္ဘာ့မီးနယ်မြေထဲ ဝင်ရောက်သောအခါ ပထမအမိန့်မှာ မီးအဆိပ်ဖြင့် ကျူးကျော်လာသူအား စကားလုံး တစ်လုံးတည်းဖြင့် သတ်ပစ်ရန်သာ ဖြစ်သည်။

ရှေ့တွင် ပျံသန်းနေသော ပိုင်ထျန်းရှန်သည် အေးစက်စွာ အော်ဟစ်ကာ သူ့ဓားကို ခုတ်ထစ်လိုက်ပြီး မီးအဆိပ်နဲ့ ပြေးလာနေသော နှစ်ပိုင်းခွဲ၍ တိုက်ရိုက် သတ်ပစ်လိုက်သည်။

ထိုလူ၏ ခန္ဓာကိုယ်မှ အနီရောင် မီးတောက်များ ဖြာထွက်လာပြီး လေထဲတွင် လှုပ်ခတ်သွား၏။ ထို့နောက် သူတို့ဆီသို့ ပြေးသွားလေသည်။

“ဟေး ဟေး ငါလာပြီကွ!”

စာသင်သားက ရုတ်တရက် အော်ခေါ်ကာ စက္ကူယပ်တောင်ကို ဖွင့်ကာ ပြင်းပြင်းထန်ထန် ဝေ့ယမ်းလိုက်တော့ လေပြင်းတစ်ချက် တိုက်ခတ်လာကာ မီးတောက်များဆီ ပြန့်ကျဲသွားရာ မီးအဆိပ် အငွေ့အသက်များက လေထဲတွင်ပင် အငွေ့ပျံ့သွားသည်။

ထိုကျင့်ကြံသူ သေဆုံးသွားရခြင်းက ချီတက်ပွဲ တစ်ခုလုံးတွင် အနှောင့်​အယှက် အနည်းငယ်မျှသာ ရှိပေသည်။

လမ်းတစ်လျှောက်တွင် ကျင့်ကြံသူများ တဖြည်းဖြည်း နည်းပါးလာသည်။ တချို့လူတွေက နောက်ပြန် ပြေးလာရင်း ပိုင်ထျန်းရှန်ကို မြင်တဲ့အခါ အဆက်မပြတ် နှုတ်ဆက်သွားကြသည်။ သိသာထင်ရှားသည်မှာ ဤဒေသတွင် ပိုင်ထျန်းရှန်ဟာ နာမည်ကောင်းရှိပြီး အလွန်ကျော်ကြားသူပဲ ဖြစ်လိမ့်မည်။

လုရွှမ်နှင့် အမျိုးသမီး သုံးဦးတို့သည် နိမ့်ကျသော ကိုယ်ရေးအကျဉ်းကို ထိန်းထားသကဲ့သို့ နောက်မှလိုက်ကာ လမ်းတစ်လျှောက်တွင် ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်နေကြသည်။

ဟိုအရင်တုန်းကတော့ တောအုပ်တချို့မှာ အနီရောင် တောက်နေတဲ့ သစ်ပင်တွေ ရှိသည်။ အဝေးက ကြည့်လိုက်လျှင် မီးတောက်တွေလိုပဲ ထင်ရ၏။ တဖြည်းဖြည်းနဲ့ မီးတောက်သစ်ပင်တွေ ပျောက်ကွယ်သွားပြီး ကျောက်တုံးတွေအဖြစ် ပြောင်းလဲလာသည်။

မြေပြင်သည် တဖြည်းဖြည်း စီးဆင်းနေသော မီးချော်ရည်များ အဖြစ်သို့ ပြောင်းလဲသွားတာကြောင့် ချော်ရည်တွေ ကြားထဲက ကျန်​နေသော ကျောက်တုံးများသည်လည်း အနီရောင် အလင်းဖြင့် ထွန်းတောက်လာ​ကြသည်။

ထိုကျောက်များသည် မြေကြီးမီးဖြင့် အလိုအလျောက် သန့်စင်ထားသော ရွှေစင်ဖြစ်သော်လည်း အရည်အသွေး နိမ့်လို့ ဘယ်သူမှ အသုံးမပြုပေ။

လက်ရှိနေရာက သူတို့သွားမယ့် နေရာရဲ့ အပြင်ဘက်တွင် ရှိ​​နေပါသေးသည်။ ဒါတောင် ချော်ရည်တွေထဲက ပူဖောင်းတွေ ပေါက်ကွဲ​နေပြီး ပေါက်ကွဲလာနေတဲ့ မီးအဆိပ်က အနည်းငယ် ခြိမ်းခြောက်လာနေ၏။

ဤနေရာတွင် ကျင့်ကြံသူ အရေအတွက် ပိုနည်းပါးလာကာ ခွန်အားဆိုလျှင် မဟာသူတော်စင် အဆင့်၅ အထိ မြှင့်တင်ထားသည်။

မြင့်မားသော တောင်ကြီးတစ်ခု သူတို့ရှေ့တွင် ရှိနေ၏။ ရုတ်တရက် မီးတောက်များ ဖုံးလွှမ်းသွားပြီး အရှိန်ပြင်းပြင်း တောက်လောင်သွားခဲ့ရာ အရောင်မဲ့နေသော တောင်တန်းအဖြစ် လုံးဝ ပြောင်းလဲသွားတော့သည်။ သူတို့သာ ထပ်နီးကပ်သွားပါက လုရွှမ် သူ့မျက်လုံး အမြင်များပင် လှည့်စားခံရပေလိမ့်မည်ဟု သိလိုက်၏။

"ကျင့်ကြံသူတို့ ကမ္ဘာ့မီးနယ်မြေရဲ့ အူတိုင်ကနေ ကြိုဆိုပါတယ်"

ပိုင်ထျန်းရှန်က တောင်တန်းတွေကို ကြည့်ရင်း သူ့ရဲ့ချစ်လှစွာသော ကလေးလေးကို မြင်နေရသလို လျှာနဲ့ နှုတ်ခမ်းကို လျက်ရင်း အော်ဟစ်လိုက်သည်။

တောင်သည် မြင့်သော်လည်း အတိုင်းအတာ အရ ပိုကျယ်ပြီး အရှည်ကြီး ဆန့်ထုတ်ထားသော ခြံစည်းရိုးပုံနှင့် ပိုတူသည်။

တောင်တန်းနှင့် နီးကပ်စွာ ပျံသန်းလာရင်း ပူပြင်းသော အပူဒဏ်သည် သူတို့ မျက်နှာတွေကို လာရောက် ရိုက်ခတ်လာ၏။ ချော်ရည်များ အထက်တွင် ပျံသန်းရခြင်းနှင့် နှိုင်းယှဉ်ပါက ဤနေရာတွင်ရှိ အပူချိန်ဟာ အနည်းဆုံး နှစ်ဆ ပိုပူ​လေသည်။

တောင်အောက်ကို လှမ်းကြည့်လိုက်တော့ လုရွှမ်ဟာ နောက်ဆုံးမှာ မြေပြင်ပေါ်အထိ ထိလုနီးပါး ရှိတဲ့ ချောက်နက်တစ်ခုကို တွေ့လိုက်ရသည်။ ချောက်ထဲတွင် ချော်ရည်များဖြင့် ပြည့်နေရာ အပြင်ဘက်ရှိ ချော်ရည်များဟာ ထိုချောက်ထဲမှ စီးဆင်းသွားတာပဲလို့ ခန့်မှန်းရ​လေသည်။

အပြင်မှာတောင် အရမ်းပူနေပြီ။ အတွင်းထဲမှာ ဆိုရင်တော့ ဘယ်လောက်ထိတောင် ကြောက်စရာ ကောင်းနေမယ် ဆိုတာ စိတ်ကူးကြည့်နိုင်သည်။

ပိုင်ထျန်းရှန်သည် ချောက်ထဲသို့ ပထမဆုံး အပြေးအလွှား ဝင်ရောက်သွားသူ ဖြစ်ပြီး သူ့နောက်တွင် သူ့ဇနီက ညီမနှင့်အတူ လိုက်သွားသည်။ လုရွှမ်တို့ကတော့ နောက်ဆုံးမှဖြစ်ကာ သူက မိန်းကလေးများကို သတိထားရန် အချက်ပြပြီးနောက် အတူတူ နောက်သို့ လိုက်သွားကြသည်။

ချောက်ကြီးက အလွန် ကျဉ်းမြောင်းသည်။ လျှို့ဝှက်ဆန်းကြယ်သော နှစ်သောင်းချီရေခဲရဲ့ အကာအကွယ်ကြောင့် လူလေးဦး၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ရေခဲဒိုင်းလွှာတစ်ခု အလိုအလျောက် ပေါ်လာခဲ့သည်။ လေးယောက်သား အံ့သြမှုမရှိဘဲ ပြေးဝင်သွားကြသည်။

ချောက်နက်ထဲ ပျံဝဲသွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ လုရွှမ် အနည်းငယ် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ဒီမှာရှိတဲ့ အရာအားလုံးက တကယ့်ကို အံ့မခန်း ဖြစ်နေ၏။

အပြင်ဘက်က တောင်တန်းတွေကို အတွင်းနဲ့ အပြင် ကမ္ဘာနှစ်ခြမ်း ခွဲထားသလို လုံးဝ ကွာခြားကြသည်။

အစကတော့ အတွင်းပိုင်းမှာ ချော်ရည်ပူတွေ လူးလိမ့်နေမယ်လို့ ထင်ခဲ့ပေမယ့် ၎င်းမှာ ကျောက်ထွတ်တွေ၊ စိမ်းလန်းစိုပြေတဲ့ သစ်တောတွေ၊ ငှက်တွေနဲ့ တိရိစ္ဆာန်တွေ ပျံဝဲနေတဲ့ ကမ္ဘာကြီး ဖြစ်နေကာ အပြင်ဘက်နဲ့ လုံးဝမတူဘူးဆိုတာ သိလိုက်ရ၏။

အံ့မခန်း ဖြစ်ရဆုံးအချက်မှာ မြေပြင်မှ မီးတောက်ချောင်းများ ရံဖန်ရံခါ ထွက်ပေါ်လာပြီး ကောင်းကင်သို့ လျှံတက်သွားခြင်းအဲ ဖြစ်သည်။ လုရွှမ် ၎င်းကို ခဏလောက် စောင့်ကြည့်ခဲ့သော်လည်း ဘယ်အခင်းအကျင်း ပုံစံကိုမှ မမြင်နိုင်ခဲ့ပေ။

မီးတောက်များသည် အလွန်အန္တရာယ်များကြောင်း သိသာ​လေ၏။ တချို့သော လူသတ်သမားများသည် ချော်ရည်ပူနိမ့်သော ရေကန်ပေါ်ကို ကူးခတ် ပျံတက်ကြပြီး မီးတောက်များ ပေါက်ကွဲပြီးသည်နှင့် ချက်ချင်းပင် ရှောင်ရှားကြရသည်။

အလွန်လျင်မြန်သော ရွှေတောင်ပံ ငှက်လေးတစ်​ကောင်ကို မြင်လိုက်ရသော်လည်း မတော်တဆ ကျောက်တုံးကြီး တစ်ခုက အပြာရောင် မီးတောက်နဲ့အတူ ပြေးထွက်လာပြီး ရွှေတောင်ပံငှက်ကို ပြာခဲတစ်လုံးအဖြစ် တိုက်ရိုက်လောင်ကျွမ်း သွားစေခဲ့သည်။

ထိုရွှေတောင်ပံငှက်သည် မဟာသူတော်စင် အဆင့်၅ ဖြစ်သည်။

လူသား ကျင့်ကြံသူ မဟာသူတော်စင် အဆင့်၇ပင်လျှင် ရွှေတောင်ပံငှက်ကို ဆန့်ကျင်သူနိုင်များ မဟုတ်ကြပေ။ သို့သော် အပြာရောင်မီးတောက်ရဲ့ ရှေ့မှာတော့ ခုခံနိုင်မှုလုံးဝ မရှိပေ။

အပြာရောင်မီးလျှံသည် ထူးဆန်းသော မီး​တောက်ဖြစ်ပြီး ၎င်းရဲ့စွမ်းအားကို ကြည့်လျှင် မီးတောက်က အနည်းဆုံး အဆင့်၄အထိ ဆင့်ကဲပြောင်းလဲသွား​ပြီလို့ ခန့်မှန်းမိသည်။ ပိုင်ထျန်းရှန်သာ ထိုငှက်ကို သိမ်းယူချင်တယ် ဆိုရင်တော့ ကစားစရာ ဖြစ်နေလိမ့်မည်။

"ဒီမှာ ကြောက်စရာ အကောင်းဆုံး အရာက အရက်စက်ဆုံး သားရဲတွေ မဟုတ်ပေမယ့် ဒီတစ်ကြိမ်မှာလည်း အန္တရာယ်ရှိတဲ့ ပစ်မှတ်က ခဲယဉ်းတဲ့ ထူးဆန်းမီးတောက် ဆိုတာကို လူတိုင်း သိကြမှာပါ.... အခုလူတိုင်း ကိုယ့်လမ်းကို ခွဲခွာသွားနိုင်ပါပြီ ငါလည်း ကောင်းကင် ပစ္စည်းတွေကို ရှာဖွေတော့မယ်... ပြီးမှ မီးလျှံကို လာသိမ်းတော့မယ် အားလုံးလည်း သတိထားကြပါ... အားလုံးပြီးရင်တော့ ငါလူတိုင်းကို ပြန်ဆက်သွယ်လိုက်ပါ့မယ်"

တခြားသူတွေလည်း ဒီကိုဝင်ကြလာပြီမို့ အရောက်နည်းရင်တော့ အနည်းဆုံးတော့ အဲဒီအကြောင်းကို ကြားသိနေခဲ့ပြီးပါပြီ။ သဘောတူပြီးနောက် အားလုံး လူစုခွဲလိုက်ကြသည်။ လုရွှမ်လည်း မိန်းကလေး သုံးယောက်ကို ဦးဆောင်ကာ ထွက်ခွာရန် လမ်းကြောင်းကို ရွေးချယ်လိုက်သည်။ ဤနေရာတွင်ရှိ ဝိညာဉ်စွမ်းအင်သည် မီးအဆိပ်ဖြင့် ပြည့်နေသော်လည်း မီးတောက် လောင်ကျွမ်းမှုကြောင့် မထင်မှတ်ဘဲ သန့်စင်ပြီး အရည်အသွေး အလွန်မြင့်မား​လေသည်။

နှစ်သောင်းချီ အနက်ရောင် ရေခဲများ၏ အကာအကွယ်ကြောင့် သူတို့သည် ဤနေရာက ဝိညာဉ်စွမ်းအင်ကို အငမ်းမရ စုပ်ယူနိုင်၏။ သူတို့အတွက် ဒီနေရာက လှပတဲ့ ပန်းခြံတစ်ခုလို ဆိုနိုင်ပါသည်။

ထိုကဲ့သို့ ပြင်းထန်သော ရောင်ဝါအောက်တွင် ကောင်းကင်နှင့် မြေကြီးဆိုင်ရာ ရတနာတစ်မျိုးမျိုး ထွက်ပေါ်လာမည်မှာ မလွဲမသွေပင် ဖြစ်သည်။

၎င်းတို့အနက်မှ ဤနေရာ၌ အထူးသီးသန့် ဖြစ်သော ဟော်ရွှမ်ကျစ် ဟူသော ရတနာတစ်ခု ရှိ​လေသည်။

All Chapters