← Chapters

အနာဂတ်ကို လှမ်းကြည့်ခြင်း

Vol. 63 Ch. 460.4

အနာဂတ်ကို လှမ်းကြည့်ခြင်း

Vol. 63 Ch. 460.4

"ဘာဖြစ်နေတာလဲ?"

လုရွှမ် ပြန်ဆင်းလာပြီး မေးလိုက်သည်။ ထိုအခါ အောင်ရှင်းက

"ရှင် လုံးဝ မလှုပ်ဘူး.... ဆယ်မီတာလောက် ပျံသန်းပြီး လေထဲမှာပဲ ပျံဝဲနေတာ"

"ဒီနေရာရဲ့ လေထုက ခေါက်နေတာပဲ!!"

လုရွှမ်နဲ့ အောင့်ယွဲ့က တညီတညွတ်တည်း အော်လိုက်ကြသည်။

လုရွှမ် ရုတ်တရက် သဘောပေါက်သွားသည်။ အခင်းအကျင်း တစ်ခုခုကို မခံစားနိုင်ခဲ့​တာ အံ့ဩစရာ မရှိပါဘူး။ ဒီနေရာရဲ့ ထူးဆန်းတဲ့ လေထုက ခေါက်နေတာကြောင့် အခင်းအကျင်းကို ရှင်းရှင်းလင်းလင်း မမြင်ရသလို သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားသည်လည်း အဝေးကြီးကို မတွေ့နိုင်ပေ။ စိတ်ဝိညာဉ် စွမ်းအားက အကွာအဝေးကို အမှန်တကယ် ထောက်လှမ်း၍ မရသော်လည်း အနီးနားတွင် အခင်းအကျင်း တစ်ခု ဖွဲ့စည်းထားသောကြောင့် လေထုက ခေါက်နေတာ သိသာလှသည်။

"ဒါဆို ငါတို့ အခု ဘယ်​ရောက်​နေတာလဲ?"

လုရွှမ်က အောင့်ယွဲ့ ရင်ခွင်ထဲမှ မြေခွေးလေးကို ငုံ့ကြည့်လိုက်ပြီး

"ငါတို့ ဒီမြေခွေးလေးကို မေးရင်ကောင်းမယ်"

မြေခွေးလေးက နိုးလာပြီး မကျေမနပ်နဲ့ ခဏဟောင်လေသည်။ ကံမကောင်းစွာနဲ့ပဲ မြေခွေးလေး ပြောတာကို ဘယ်သူမှ နားမလည်နိုင်ကြပေ။

"မြေခွေးလေး ဘာပြော​နေမှန်း မသိပေမယ့် တိရစ္ဆာန်တချို့တော့ လုပ်တတ်​လောက်တယ်"

နတ်သမီးကျင်းဟုန်က ပတ်ဝန်းကျင်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။ ဝူဝူဆိုတဲ့ တိရိစ္ဆာန်ငယ်လေးတွေရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရတော့ လူတိုင်း လှည့်ကြည့်လိုက်ရာ အားလုံးက အံ့အားသင့်သွားကြသည်။

လုရွှမ်ပင်လျှင် ထိတ်လန့်သွားသည်။ ဒီနေရာရဲ့ လေထုက ခေါက်​နေမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ တိရိစ္ဆာန်များကို အစောတုန်းက မတွေ့ခဲ့ရသော်လည်း ယခုတော့ တိရစ္ဆာန်ငယ်လေးများစွာ စုဝေးနေကြတာကို ထူးဆန်းစွာ တွေ့လိုက်ရသည်။

ထင်ရှားသည်မှာ ဒီနေရာမှာ အန္တရာယ်​ကြီး တစ်ခုရှိနေတာ ဒါမှမဟုတ်ရင် အခွင့်အလမ်းကောင်း တစ်ခု ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ်ပါက ဒီလောက်များတဲ့ တိရစ္ဆာန်ငယ်လေးတွေ ဒီလိုနေရာမျိုးမှာ ပေါ်လာမည် မဟုတ်ပေ။

"ကျင်းဟုန်... မင်းမေးကြည့်! သူတို့ရဲ့ စကားကို မင်း နားလည်နိုင်မလား မပြောတတ်ဘူး"

နတ်သမီးကျင်းဟုန်လည်း ခေါင်းညိတ်ပြလိုက်သည်။ သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ရပြီးနောက် သူမပတ်ဝန်းကျင်ရှိ သဘာဝနှင့် ပတ်သက်သည့် သူမ၏ ခံစားချက်များသည် ပိုမိုနက်ရှိုင်းလာပြီး သဘာဝတရားထဲသို့ ပေါင်းစည်းနိုင်​ပြီဟုပင် တဖြည်းဖြည်း ခံစားလာရသည်။

ဥပမာအားဖြင့် သူမသည် ဤတိရစ္ဆာန်ငယ်များကို သူမ၏ စိတ်ဝိညာဉ် စွမ်းအားဖြင့် အာရုံမခံစားနိုင်သော်လည်း သဘာဝတရားထဲသို့ ပေါင်းစည်းပြီးနောက် သက်ရှိသတ္တဝါတိုင်းရဲ့ တည်ရှိမှုကိုတော့ သူမ ခံစားနိုင်လာသည်။

ထို့အပြင် ဤသတ္တဝါများသည် စူးစမ်းလိုစိတ် ရှိနေကြ၏။ ၎င်းတို့သည် သူမ နားမလည်သော အဓိပ္ပာယ်တချို့ကို ဖော်ပြနေနိုင်သော်လည်း ရန်လိုခြင်း မဟုတ်ကြောင်းကို သူမက ရှင်းရှင်းလင်းလင်း ခံစားနေရပါ၏။

"ဝူးဝူးဝူး" မြေခွေးလေးက ရုတ်တရက် အော်လိုက်သည်။

ရုတ်တရက် သူတို့ဆီကို ဒီရေတွေ ပြေးတက်လာသလိုမျိုး တိရစ္ဆာန်လေးတွေက ပြေးဝင်လာ၏။

"မလှုပ်နဲ့.... သူတို့က ဘာအန္တရာယ်မှ မရှိဘူး"

နတ်သမီးကျင်းဟုန်မှ အားလုံးကို ဝတ်ပေးလိုက်သည်။

လုရွှမ်သည် မိုးနတ်ဘုရားဓားကို ဆွဲထုတ်တော့မယ့် လက်ကို အသာလေး ငြိမ်နေလိုက်သည်။ သူ့အသင်းဖော်ကိုတော့ ယုံကြည်သင့်တယ်လေ။ အောင့်ယွဲ့နဲ့ အောင်ရှင်းတို့သည်လည်း မလှုပ်မယှက်ဘဲ ထိုအကောင်ငယ်များကို သူတို့အပေါ် ခုန်တက်ခွင့် ပြုလိုက်သည်။

တိရစ္ဆာန်လေးတွေက သူတို့အနားကို ပြေးလာပြီး ဝိုင်းဖွဲ့နေကြသည်။ နတ်သမီးကျင်းဟုန် ပြောခဲ့သလိုပဲ တိရစ္ဆာန်လေးတွေက သူတို့ကို အန္တရာယ်မပေးဘဲ သဘောကျ​စေဖို့ ကြိုးစားနေပုံပေါ်ပြီး ဂရုတစိုက်နဲ့ နမ်းရှုတ်နေကြသည်။ ဒါ့အပြင် မြေခွေးလေးကိုပါ ငြူစူတဲ့စိတ်နဲ့ စိုက်ကြည့်နေကြသေး၏။

ဒါက ကြီးမားတဲ့ ပြဿနာပဲ!

လုရွှမ် ငြိမ်သက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ငါ့ကိုကူပြီး ထွက်လမ်းကို ကြည့်ပေးစမ်းပါ"

သူထို​သို့ပြောနေစဉ်တွင် မျက်လုံးများကို မှိတ်ထားပြီး ရွှမ်မင့်ဂန္တဝင်ကိုးပါးရဲ့ စွမ်းအင်ကို အင်အားအပြည့်ဖြင့် လှည့်ပတ်လိုက်သည်။ ထျန်းယိဂိုဏ်းရဲ့ တတိယအကြီးအကဲထံမှ ရရှိထားသော လျှို့ဝှက်ဆန်းကြယ်သော ကျမ်းကိုးကျမ်းသည် မပြည့်စုံသေးသော်လည်း ၎င်းတို့သည် အလွန် ထူးခြားနေဆဲပင်။ လုရွှမ် ထိုသိုင်းကိမ်းကို ပိုလေ့ကျင့်လေ ပို၍ ဆန်းကြယ်လာလေပင်။

ကောင်းကင်ကို မော့ကြည့်လိုက်သလိုပဲ မျက်လုံးထဲကို အလင်းတစ်ချက်က ဖြတ်ပြေးသွားသည်။ လုရွှမ် သူ့မျက်လုံးတွေကို မဖွင့်ထားဘူး ဆိုတာ ရှင်းရှင်းလင်းလင်း သိထားပေမယ့် ရှေ့ဆက် သွားရမယ့်လမ်းကို မြင်နေရသလို ခံစားနေရသည်။

ကံမကောင်းစွာပဲ အနာဂတ်က မရှင်းမလင်း ဖြစ်နေပြီး သူတို့လေးယောက်ခမျာ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ မြူတွေကြား ဝေဝါးနေ၏။ လုရွှမ်လည်း ဒါက သူ့ရဲ့ ရွှမ်မင့်ဂန္တဝင်ကိုးပါး အပေါ် ကျွမ်းကျင်မှုက အားနည်းခြင်းကြောင့်ဖြစ်မှန်း သိသည်။ အမှန်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျမ်းကိုးကျမ်း ကိုယ်တိုင်ကိုပ အလွန်အဆင့်မြင့်သော ကျင့်ကြံရေးနည်းလမ်း မဟုတ်တဲ့အပြင် ပြီးပြည့်စုံသော သိုင်းကျမ်းလည်း မဟုတ်ပေ။

ရုတ်တရတ် အလင်းတန်းတစ်ခုက သူ့​နှလုံးသားထဲမှာ တောက်ပလာ၏။ ယွမ်ယန်ကျင့်စဥ်ဟာ ကမ္ဘာပေါ်က ဘယ်လေ့ကျင့်ရေး နည်းလမ်းကိုမဆို အတုယူနိုင်ကြောင်း ရွှေကျီးကန်း ပြောခဲ့တာကို သွားသတိရမိသည်။

ယွမ်ယန်စွမ်းအင်ဆွေ စတင်လှုပ်ရှားလာပြီး နက်နဲသိမ်မွေ့သော ရွှမ်မင့်ဂန္တဝင်ကိုးပါး အဖြစ် ဖြည်းညှင်းစွာ ကူးပြောင်းလာသည်။ ဒါက လုံးဝအပူတပြင်း ကြိုးစားမှုတစ်ခုသာ ဖြစ်ပြီး မမျှော်လင့်ဘဲ ရွှမ်မင့်ဂန္တဝင်ကိုးပါးက အမှန်တကယ် ဖောင်းပွလာခဲ့သည်။

အမြင်အာရုံ နယ်ပယ်ထဲတွင် မီးခိုးရောင် အငွေ့များ ဖုံးလွှမ်းနေသည့် အခြေအနေထဲ ရောက်နေသည်။ လေထုရဲ့ မူမမှန်မှုကြောင့် အနည်းငယ်ပို၍ အသက်ရှူရ ခက်​လေသည်။ အမှောင်ထဲတွင် လျှပ်စီးကြောင်းတစ်ခုက ကောင်းကင်ကို ထိုးဖောက် ဝင်ရောက်ကာ လုရွှမ်အား အနာဂတ်ရဲ့ လျှို့ဝှက်ချက်ကို အနည်းငယ် မြင်နိုင်စေသည်။

တဟုန်းဟုန်း တောက်လောင်နေသော မီးသည် အာကာသ တစ်ခုလုံးကို လောင်ကျွမ်း​နေပြီး သတ္တဝါအားလုံး၊ လူသားများ၊ သားရဲများနှင့် နတ်ဆိုးများ အားလုံး မီးတောက်ထဲတွင် သေဆုံးသွားကြသည်။

ထိုအရာက ​လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီးနောက် မြင်ကွင်းနယ်ပယ်သည် မီးခိုးရောင်အခြေအနေသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားခဲ့သည်။ လုရွှမ် ရုတ်တရက် ခေါင်းထဲက နာကျင်မှုကို ခံစားလိုက်ရပြီး ပါးစပ်ကို ဖွင့်ဟ၍ သွေးတစ်လုတ် ထွေးထုတ်လိုက်သည်။

"လုရွှမ် ဘာဖြစ်တာလဲ?"

မိန်းက​လေးတွေက မြန်မြန်ပဲ မေးမြန်းလာသည်။

ယခုလို အကျပ်အတည်းမျိုးတွင် လုရွှမ်က သူတို့ရဲ ကျောရိုးဖြစ်သည်။ လုရွှမ် တစ်ခုခု အမှားအယွင်း ဖြစ်သွားပါက သူတို့ ဘာလုပ်ရမှန်းကို မသိဘဲ ဖြစ်သွားမည်။

လုရွှမ်ကတော့ ရုတ်တရက် ဤတိရိစ္ဆာန်လေးများ ပြောချင်တာကို သူ နားမလည်နိုင်ရတဲ့ အကြောင်းရင်းကို သဘောပေါက်သွားခဲ့သည်။

လက်ရှိနေရာသည် မီးတောက်တွေရဲ့ နေရာအဖြစ်သို့ ပြောင်းလဲတော့မှာပဲ ဖြစ်လေ၏။

ဤတိရစ္ဆာန်လေးများသည် အန္တရာယ်ကို ကြိုတင် သိရှိထားသော်လည်း လွတ်မြောက်ရာလမ်းကို မည်သို့မည်ပုံ လုပ်ရမှန်း မသိကြသောကြောင့် အသက်အန္တရာယ်မှ လွတ်မြောက်ရန် မျှော်လင့်လျက် သူတို့ထံသို့ ပြေးလာကြခြင်းပဲ ဖြစ်တော့သည်။

လုရွှမ်က ထိုမကောင်လေးတွေကို ခေါင်းညိတ်ပြပြီး ရွှေကျီးကန်းနဲ့ ဆက်သွယ်ကာ ကျောက်စိမ်းပြားထဲ ထည့်သိမ်းလိုက်သည်။

သူ့ပတ်ဝန်းကျင်မှာ စုဝေးနေတဲ့ တိရစ္ဆာန်လေးတွေက ကျောက်စိမ်း​ပြားကြီးထဲကို တစ်ကောင်ပြီး တစ်ကောင် ပျံသန်းသွားကြရာ မိန်းကလေး သုံးယောက်သည် လုရွှမ်ရဲ့ လုပ်ရပ်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ဒီလောက် များပြားတဲ့ သားရဲလေးတွေကို ထည့်ထားဖို့က သိုလှောင်အိတ် လုပ်နိုင်တဲ့အရာ မဟုတ်တာတော့ သေချာပေသည်။

သို့သော် ထိုကဲ့သို့သော မှော်လက်နက်မျိုးကို တစ်ခါမှ မမြင်ဖူးပေ။ အဲဒါကဘာလဲ စဉ်းစားဖို့ နေနေသာသာ သိပင်မသိကြပေ။

"နောက်ထပ် တိရိစ္ဆာန်လေးတွေ လာပြန်ပြီ!"

နတ်သမီးကျင်းဟုန်က ရုတ်တရက် အော်လိုက်သညိ။

တိရိစ္ဆာန်လေးတွေက ကျောက်စိမ်း​ပြားထဲကို ဝင်သွားတဲ့အခါ ရွှေရောင်အမွှေးနဲ့ ငှက်တစ်ကောင်က ပျံတက်လာသည်။ သူ့ခန္ဓာကိုယ်သည် စွမ်းအားများ ပြည့်ဝလာကာ မဟာသူတော်စင် အဆင့်၇ ကျင့်ကြံမှု အဆင့်ရှိကာ လုရွှမ်ကို ကြည့်ရန် လေထဲတွင် ပျံဝဲနေလေသည်။

အနောက်ဘက်တွင်တော့ လူသတ်သားရဲကြီးများသည် ပြေးလာကာ သူ့နောက်တွင် သားရဲငယ် အုပ်စုကြီးကိုပါ ခေါ်ဆောင်လာခဲ့သည်။ မြောက်ဘက်တွင် အနီရောင် ကင်းမြီးကောက်အုပ်စု ပေါ်လာ၏။

အရပ်ရပ်မှ အမျိုးမျိုးသော သတ္တဝါများ ပေါ်လာပြီး အားလုံးက သူတို့ မျက်လုံးများထဲတွင် အသက်ရှင်လိုသော ဆန္ဒဖြင့် လုရွှမ်ကို ကြည့်နေကြသည်။

ယခုအချိန်တွင် လုရွှမ်သည် ၎င်းတို့အား နာမည်ခေါ်ရန် မလိုအပ်သော်လည်း ဤနေရာတွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာမည်ကို အမျိုးသမီး သုံးဦးစလုံးလည်း သိထားသောကြောင့် အဆိုပါ သတ္တဝါများ အတူတကွ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း နားလည်ကြသည်။

ကမ္ဘာ့မီးနယ်မြေတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ဤသတ္တဝါများအတွက် ဒီနေရာက သူတို့အိမ် ဖြစ်သည်။ သဘာဝတရားအရ ဤနေရာက ပြောင်းလဲမှုများအတွက် သူတို့ဟာ အထိခိုက် မခံဆုံးဖြစ်သောကြောင့် အန္တရာယ်ကို သိရှိပြီးနောက် လွတ်မြောက်ရာ နည်းလမ်းကို ရှာဖွေကြတော့သည်။

လုရွှမ်က သူတို့ ဘယ်လိုရှာတွေ့ပြီး လုရွှမ်က သူတို့ကို ကယ်တင်ဖို့ ဘယ်လို နည်းလမ်း ရှိတယ်ဆိုတာကို ကောက်ချက်ချတာနဲ့အမျှ ပြေးဝင်လာကြလေတော့သည်။

မီးမျောက်အုပ်စုပါ ရုတ်တရက် ပေါ်လာပြီး အော်ဟစ်ကာ လုရွှမ်ထံသို့ ရောက်ရှိလာခဲ့သည်။ ခေါင်းဆောင်သည် သူ့ခန္ဓာကိုယ်အနှံ့ အဖြူရောင် အမွေးတွေ ဖုံးအုပ်ထားသော မျောက်ဝံကြီးဖြစ်ကာ မက်မွန်သီးကြီး တစ်လုံးကို လေးစားစွာ ပေးအပ်လာခဲ့သည်။

မက်မွန်သီးသည် နီရဲလွန်းသဖြင့် သွေးထဲသို့ စိမ့်ဝင်ထားသလို သို့မဟုတ် အမှန်တကယ် မီးတောက်များ ကခုန်နေသလို မက်မွန်သီးမှ ပြင်းထန်သော ရနံ့တစ်ခု ထွက်ပေါ်လာ​နေသည်။ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ တဖျပ်ဖျပ် ခတ်လာပြီးနောက်တွင် လုရွှမ် သူ၏ ကာလရှည်ကြာ ဖိနှိပ်ထားသော ကျင့်ကြံမှုအဆင့်က ဖြတ်ကျော်တော့မယ်လို့ ခံစားလာရသည်။

ဒါက မျောက်ဝံအို​ကြီးထံမှ လက်ဆောင်တစ်ခု ဖြစ်ကြောင်း သူနားလည် သဘောပေါက်တာကြောင့် ပြုံးပြကာ မက်မွန်သီးကို သိမ်း၍ မျောက်များကိုလည်း ကျောက်စိမ်းပြား အတွင်းထဲသို့ ဝင်ရောက်ရန် ခွင့်​ပြုပေးလိုက်သည်။

All Chapters