← Chapters

ဖျက်ဆီးခြင်းစတင်ပြီ

Vol. 63 Ch. 462

ဖျက်ဆီးခြင်းစတင်ပြီ

Vol. 63 Ch. 462

နောက်ဆုံးတော့ ပိုင်ထျန်းရှန် သတ်မှတ်ထားတဲ့ နေရာကို ရောက်သွားသည်။ အဲဒီနေရာက အေးချမ်းပြီး ကျောက်ဆောင်တွေကို ကောင်းကောင်း ထိန်းသိမ်းထားတာ တွေ့ရသည်။

ပိုင်ထျန်းရှန်ကတော့ ကျောက်ဆောင် တစ်ခုပေါ်တွင် ရပ်နေပြီး သူနှင့်အတူ ပါလာသောလူများသည် ပိုင်ထျန်းရှန်ရဲ့ အမိန့်ကို နာခံနေဟန်ဖြင့် အနီးနားရှိ ကျောက်တုံးအရွယ်အစား မျိုးစုံပေါ်တွင် ရပ်နေကြသည်။

လုရွှမ် ရောက်လာတာကို မြင်တော့ ပိုင်ထျန်းရှန်က ရှုံ့ချမှုအပြည့်ဖြင့် ဟစ်အော်လိုက်သည်။

"နတ်သမီးနှစ်ယောက် ဘယ်မှာလဲ?"

"သေပြီ!"

"မဖြစ်နိုင်ဘူး... ရေဒြပ်စင် နတ်ပုတီးစေ့နဲ သစ်သားဒြပ်စင် နတ်ပုတီးစေ့တို့က သူတို့ရဲ့သခင်တွေကို အသိအမှတ်ပြုထားတဲ့ အခြေအနေမှာ ရှိနေတုန်းပဲလို့ ငါရှင်းရှင်းလင်းလင်း ခံစားမိပြီးသား... လုရွှမ် မင်းလည်း ဉာဏ်ကောင်းတဲ့လူပဲ... အခုက ဒေါသထွက်ရမယ့် အချိန်မဟုတ်ဘူး ဆိုတာ မင်းသိထားရမယ်.... မင်းရဲ့အသက်ကို ကယ်တင်ချင်တယ် ဆိုရင် သူတို့ကို ငါ့လက်ထဲ လွှဲပေးလိုက်ပါ"

ပိုင်ထျန်းရှန်ရဲ့ စကားများ ထွက်လာတာနဲ့ တစ်ပြိုင်နက်တည်း တခြားသူများ၏ ရောင်ဝါသံများကပါ ထွက်ပေါ်လာသည်။ သဘောမတူပါက အချင်းချင်း သတ်ပစ်ကြမည်မှာ ထင်ရှားပါသည်။

"အစတုန်းကတော့ လူတိုင်းကို သီးခြားလမ်းလျှောက်ဖို့ အချိန်နည်းနည်း ပေးလိုက်တာက အခွင့်အလမ်းတွေ ရနိုင်မယ်လို့ ထင်ခဲ့လို့ပါ... ဒါပေမဲ့ ဒီနေရာက မျှော်လင့်ထားတာထက် စောပြီး ပေါက်ကွဲလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"

ပိုင်ထျန်းရှန် လုရွှမ်ကို ငုံ့ကြည့်လိုက်ပြီး

"အစက ငါတွက်ထားတာ မီးဒြပ်စင် နတ်ပုတီးစေ့ ပေါက်ကွဲတာလားဆိုပြီး.... ငါသေချာ ပြန်စဥ်းစားကြည့်တော့ မင်းရဲ့ အရိပ်ကို မြင်လိုက်ရတယ်.... ပြောရမယ်ဆိုရင် ကမ္ဘာ့မီးနယ်မြေ ပေါက်ကွဲတာက မင်းအပြစ်ပဲ... သခင်လေးလုရွှမ်..."

သူက အာကာသတစ်ခုလုံးကို သူ့လက်ချောင်းတွေကို ခြေရာခံပြီး လက်ဟန်ခြေဟန်နဲ့ ပြပြီး

"ဒါကို ဖောက်ထွင်း ဝင်ရောက်လာတဲ့ ဒီလူတွေအားလုံးရဲ့ သေဆုံးမှုက မင်းအပြစ်ပဲ လုရွှမ်"

ရုတ်တရက် ကျယ်လောင်တဲ့ အသံက ထွက်ပေါ်လာသည်။

"မင်း စိတ်မနှံ့ဘူးလား?"

အရင်က လမ်းခရီးမှာ တွေ့ခဲ့တဲ့ လူတွေကို ကျောက်စိမ်းပြားထဲ ထည့်ထားဖို့ မစဉ်းစားခဲ့ဖူးပေ။ သို့သော် ဘာပဲဖြစ်ဖြစ် တချို့သားရဲတွေကိုတောင် ကယ်တင်ပြီးပြီမို့ ကျင့်ကြံသူ တချို့ကို ကယ်တင်တာလောက်က ဘာမှ မပြောပလောက်ဘူးလေ။

အံ့အားသင့်စရာ ကောင်းတာက သူတို့ ကျောက်စိမ်းပြားထဲမှာ ဆိုရင် ခဏတာ အိပ်စက်သွားတာနဲ့ ညီမျှပြီး ဘာမှသတိမ ထားမိကြဘူး မဟုတ်လား?

သူ ရှေ့သို့ မလှမ်းမီတွင် ရူးသွပ်သော ကျင့်ကြံသူတို့က ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြကုန်၏။

ဒါတင်မကသေးဘဲ ကျောက်းစိမ်းပြားထဲကို ဝင်ဖို့က ကျင့်ကြံသူတွေရဲ့ သဘောတူညီချက်က လိုနေသေးသည်။ အဲဒီလူတွေဘက်က အခြေအနေ အတိုင်းဆို ဘယ်လိုလုပ် ကျောက်စိမ်းပြားထဲ ဝင်ခွင့်​ပြုရတော့မလဲ။

အခုပိုင်ထျန်းရှန်က ရှိသမျှ လူတွေအားလုံးရဲ့ သေဆုံးမှုကို သူ့အပေါ် အပြစ်ပုံချနေပြီ။ ဒါက စိတ်မနှံ့တာ မဟုတ်လို့ဘာလဲ။

ထို့ပြင် သေခြင်းတရားက ကံကြမ္မာနှင့် စည်းစိမ်ဥစ္စာ ဂုဏ်တို့တွေအပေါ်မှာ အဆုံးအဖြတ် ပေးတတ်တာပဲလေ။ ကျင့်ကြံသူတွေ ကျင့်စဉ်တွေကို ကျင့်ပြီး ကောင်းကင်ဘုံကို ယှဉ်နေကတည်းက သေခြင်းတရားဆိုတာ ခါးမှာ ရှိနေစမြဲပဲ။

တခြားသူများရဲ့ သေဆုံးခြင်းအတွက် ကိုယ့်ကိုယ်ပေါ်မှာ ဝန်ထုပ်ဝန်ပိုး ထားနေရင် သိုင်းပညာလေ့ကျင့်ခြင်း သို့မဟုတ် ကိုယ့်စိတ်ကို ပြုစုပျိုးထောင်ခြင်း အတွက် အနှောင့်အယှက် ဖြစ်သွားမှာပဲ မဟုတ်လား။

ပိုင်ထျန်းရှန်ရဲ့ မျက်နှာက အေးခဲသွားသည်။ လုရွှမ်ရဲ့ အမူအရာမှာ မပြောင်းလဲသွားဘဲ ရှိနေမယ်လို့ သူ မမျှော်လင့်ထားသလို သူ့ကို သုံးနှစ်အရွယ် ကလေးတစ်ယောက်လို ရှုတ်ချမှုအပြည့်ဖြင့်ပါ ကြည့်နေ​​သေးသည်။

"ဟမ့်... လုရွှမ် ဒါက အကြောင်းတရားနဲ့ အကျိုးတရားပါပဲ။ မင်း နားမလည်ပါဘူး... ဒီနေ့ မင်းလုပ်ခဲ့သမျှအတွက် မင်း သေချာပေါက် တန်ရာတန်ကြေး ပြန်ပေးရလိမ့်မယ်"

အရူးတစ်ယောက်နဲ့ စကားပြောရတာ ပျင်းလွန်းလို့ လုရွှမ် တခြားသူတွေဘက်ကို လှည့်ကာ မေးလိုက်သည်။

"ဒီနေရာက မကြာခင် ပျက်သုဉ်းတော့မယ် ဆိုတာ ဒီအရူး မင်းတို့ကို ပြောပြပြီးသားလို့ ငါယုံတယ်... ဒီဘေးဒုက္ခကို ရှောင်ဖို့ နည်းလမ်းရှိသေးလား?"

ညီအစ်မနှစ်ယောက် ဖြစ်တဲ့ ကျန်းလီနှင့် ကျန်းလိတို့က တပြိုင်နက်တည်း လှောင်ပြောင်လာကြသည်။

"လုရွှမ်....နင်က မသိလိုက်ဘဲ သေရတော့မှာလေ... သစ်သားနဲ့ ရေဒြပ်စင် နတ်ပုတီးစေ့တွေကို လွှဲပေးလိုက်ရင် မင်းအသက်ကို ငါတို့ ကယ်နိုင်လိမ့်မယ် မဟုတ်ရင်တော့ နင်ဒီမှာပဲ သေရလိမ့်မယ်.... ဒီနေရာလေး ပျက်သုန်းသွားတဲ့အထိ စောင့်နေမှာတော့ မဟုတ်ဘူးမလား"

ကောင်းပြီ။ ဒီလူတွေက ဒီမှာ ရှင်သန်ဖို့ တကယ်ကို နည်းလမ်းတွေ ရှိတယ် ဆိုတာ သေချာနေပြီ။ မဟုတ်ရင် သူတို့က သူ့ကို ဒီမှာ အတင်းအကြပ် ဖိအားပေးဖို့ လုပ်ရဲမှာ မဟုတ်ဘူးလေ။

သူရောက်တာနဲ့ အသက်ရှင်ဖို့ သူတို့ကို အားကိုးရမယ်ဆိုတာ သိတာကြောင့် သူတို့ကို စိတ်ချစေဖို့တဲ့ အတွက် ပုတီးစေ့နှစ်လုံးကိုပါ လိုချင်နေတာပဲ ဖြစ်လေသည်။

ဒါပေမဲ့ ဘယ်လို နည်းလမ်းမျိုးကို အသုံးပြုနိုင်မှာလဲ။

သစ်သားနဲ့ ရေဒြပ်စင် နတ်ပုတီးစေ့တွေကို အမျိုးသမီး နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ်ထားပြီးသား ဖြစ်သွားပြီ။ နတ်ပုတီးစေ့တွေကို လက်လွှတ်​စေ​ချင်ရင်တော့ အမျိုးသမီး နှစ်ယောက်ကို သတ်ပစ်မှသာ ရလိမ့်မည်။

လုရွှမ်က ခေါင်းခါလိုက်ပြီး

"မဖြစ်နိုင်ဘူး!"

ထိုအခါ ပိုင်ထျန်းရှန်က လှောင်ပြောင်ရင်း

"ဟမ့်.... မင်း မြစ်ဝါကို ရောက်တဲ့အထိ အရှုံးမပေး တောင်နံရံကို မထိမချင်း နောက်ပြန် လှည့်မကြည့်ဘူးပေါ့လေ... မင်း ဘယ်လို ရှင်သန်နေလဲဆိုတာ ငါခဏလောက် ကြည့်ချင်​သေးတယ်"

လုရွှမ် ထွက်မသွားဘဲ ဘေးမှာ ရပ်လိုက်ရင်း ပိုင်ထျန်းရှန် သူ့အပေါ် ဘယ်လောက်ထိ တည်ငြိမ်နေမလဲ ဆိုတာကို သိချင်နေခဲ့သည်။

သူတို့မျက်လုံးထဲက ပရမ်းပတာ အခြေအနေအောက်တွင် ပတ်ဝန်းကျင် တောင်တန်းများသည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပိတ်ထားပြီး ထွက်ပေါက်များကိုလည်း ပိတ်ဆို့ထားသည်။

ပိုင်ထျန်းရှန် စိုးရိမ်နေသော်လည်း လုရွှမ်ကတော့ စိတ်ပိုင်းဆိုင်ရာအရ အနည်းငယ် နှစ်သိမ့်မှုကို ခံစားခဲ့ရသည်။ အနည်းဆုံးတော့ ထိုတိရစ္ဆာန်များက သူ့ကို တွေ့ရှိခဲ့ကာ အကြီးကျယ်ဆုံးသော အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့သည်။

ဗုန်း!

ရုတ်တရက် မြေပြင်က လှုပ်ခါပြီး တောင်တွေလည်း တုန်ခါသွားသည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်က မလှုပ်ဘဲ လေထုကသာ ယိမ်းထိုးသွားသည်။ သူ့ခြေဖဝါးအောက်က ကျောက်တုံးတွေဟာ တကယ့်အရာဝတ္ထုတွေ မဟုတ်တော့ဘဲ ရုတ်တရက် အားလုံး လွတ်သွားသလို ခံစားလိုက်ရကာ လူတွေက လွင့်ပျံပြီး လေထဲတွင် ရပ်နေ၏။

ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတွေ ပွင့်လာနေပြီး အပြာရောင် မီးတောက်တွေက ကောင်းကင်ကို ထိုးတက်လာ​နေတာကို တွေ့လိုက်ရသည်။

မီးတောက်များသည် အလွန်တုန်လှုပ် ခြောက်ခြားစရာကောင်းပြီး ပြာလဲ့နေသော ကောင်းကင်ကြီး အောက်က လေထုကို ရိုက်ခတ်သွားသည်။ ထို့နောက် ငြိမ်သက်စွာ ပျံ့လွင့်သွားကာ မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။

တဝုန်းဝုန်း အသံများက မြည်ဟီးလျက် နေရာတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွား​စေသည်။ ဤနေရာသည် တစ်စုံတစ်ယောက်၏ လက်ဖြင့် ပြင်းထန်စွာ လှည့်ပတ်နေသကဲ့သို့ပင်။

လုရွှမ်လည်း ကမ္ဘာကြီး လည်ပတ်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူကချက်ချင်း သူ့ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ခဲ့သည်။ လုရွှမ် ဖီးနစ်နတ်မီး နှင့် စိတ်ဝိညာဉ်မီးကို သူ့ခန္ဓာကိုယ်ထဲမှ မထွက်လာစေချင်ပေ။ စိမ်း​ပြာရောင် မီး​တောက်က သူ့ခြေဖဝါးအောက်မှ လင်းထိန်သွားကာ လေထဲသို့ ပြေးတက်လာပြီး ပျံဝဲနေလိုက်သည်။

မြေပြင်မှ မီးတောက်က ကျယ်လောင်လာပုံမှ ဒီရေတွေ တဟုန်ထိုး စီးဆင်းလာသလိုပင်။

ပူပြင်းတဲ့ ခံစားမှုတစ်ခုက အရှိန်ပြင်းပြင်း ထွက်ပေါ်လာသည်။ အရေပြားကို ထိတွေ့လိုက်တာနဲ့ မီးတောက်လောင်နေတဲ့ အသံတစ်ခုပါ ထွက်ပေါ်လာ၏။ လုရွှမ် သူ့ခန္ဓာကိုယ်ထဲရှိ မီးတောက်နှစ်ခုကို အမြန် အလုပ်​ပေးပြီး ယွမ်ယန်စွမ်းအင်ကိုပါ ခွန်အားအပြည့်ဖြင့် လည်ပတ်ကာ အနှစ်တစ်သောင်းရှိသော အနက်ရောင်ရေခဲကို ထုတ်ယူပြီး ယင်စွမ်းအင်ကိုးစင်းကိုလည်း ခန္ဓာကိုယ်အနှံ့ ဖြန့်ခင်းထားလိုက်သည်။

သူ့ခန္ဓာကိုယ်က ကမ္ဘာ့မီးတောက်ကို ထိတွေ့မိလိုက်တာနဲ့ လုရွှမ် ထိုမီးတောက်ရဲ့ အဆင့်က မနည်းဘူးဆိုတာ သေချာသိလိုက်သည်။ ထိပ်တန်းအဆင့်ကို မရောက်သေးပေမယ့် အနည်းဆုံး အဆင့်ခြောက်အဆင့်မှာ ရှိနေလေပြီ။

ပြင်းထန်သော အပူရှိန်ကြောင့် လုရွှမ် သူ့ဝိညာဉ် အရည်ပျော်သွားသလိုပင် ခံစားလိုက်ရသည်။ ဖီးနစ်နတ်မီးနဲ့ စိတ်ဝိညာဥ်မီးတောက်ပင် ကမ္ဘာ့မီးတောက်ကို မယှဉ်နိုင်ပေ။

လုရွှမ် ကူးစက်လာတဲ့ အပူရဲ့ အစိတ်အပိုင်းကိုလည်း ခွဲထုတ်နိုင်ခဲ့သည်။ အဲဒါက လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲကို အတားအဆီးမရှိဘဲ ဝင်ရောက် တောက်လောင်နေတဲ့ မီးအဆိပ် တစ်ခုပဲ ဖြစ်လေ၏။

ဤအခိုက်အတန့်တွင် လုရွှမ်သည် သူဂရုမစိုက်ဘဲ မိန်းက​​လေးများကို ကျောက်စိမ်း​ပြား နေရာထဲသို့ ထည့်ထားခဲ့ခြင်းကြောင့် အလွန်ဝမ်းသာနေမိသည်။ သို့မဟုတ်ပါဘဲ သူတို့ ကမ္ဘာ့မီး​တောက်နှင့် ထိတွေ့မိပါက အတွင်းမှ အရိုးအထိ မီးအဆိပ်များ လောင်ကျွမ်း သွားပေလိမ့်မည်။

ယင်စွမ်းအင်ကိုးစင်းက ခန္ဓာကိုယ်ထဲတွင် ရူးသွပ်စွာ လည်ပတ်နေသော်လည်း အရည်အသွေး မပြည့်မီဘဲ ခွန်အား နည်းလွန်းသလို လုရွှမ်၎င်းကို ဘယ်လို အသုံးပြုရမယ် ဆိုတာကို လုံးဝမသိသောကြောင့် ယင်ချီကိုသာ အပြင်းအထန် အသုံးချနိုင်ခဲ့သည်။

လက်ရှိ အခိုက်အတန့်တွင် ယင်စွမ်းအင်ကိုးစင်း သန့်စင်ထားသော နှစ်သောင်းချီရေခဲကို သူ ဂရုမစိုက်နိုင်ဘဲ မီးအဆိပ်ကို အစွမ်းကုန် နှိမ်နင်းလိုက်သည်။

ဒီအချိန်မှာ လုရွှမ်ရဲ့ မျက်လုံးတွေကို တစ်ယောက်ယောက်သာ မြင်နိုင်ခဲ့ရင် လုရွှမ်ရဲ့ မျက်လုံးတွေဟာ နီရဲနေပြီး သူ့မျက်လုံးထဲက မီးတောက်တွေတောင် ထွက်လာတာကို သေချာပေါက် တွေ့နိုင်မှာပဲ ဖြစ်ပေ၏။

လုရွှမ်လည်း သူ့ကိုယ်သူ ပေါက်ကွဲတော့မယ်လို့ ခံစားနေရသည်။

"ကောင်လေး... မင်း ဒီအချိန်မှာ ယွမ်ယန်ကျင့်စဥ်ကို ခွန်အားအပြည့်နဲ့ မသုံးဘဲ လုပ်နေတာ သေမင်းကို ရှာချင်နေတာလား?"

ရွှေကျီးကန်းရဲ့ အသံက ကျောက်စိမ်းပြားထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

All Chapters